ကမ္ဘာ၏ ကြောက်လန့်မှု
Vol. 9 Ch. 802
"အဲဒါက ကမ္ဘာကိုတောင် ဖျက်ဆီးနိုင်တဲ့ စွမ်းအားရှိတဲ့ မာယာ စစ်တပ်လေ… အရှင်ချန်းက တစ်ယောက်တည်းနဲ့ အဲဒီ စစ်တပ်ကို တစ်ယောက်တည်းနဲ့ အနိုင်ယူ လိုက်တာလား… သူက ဘယ်လောက်တောင် အစွမ်းထက် နေရတာလဲ"
များစွာသော တန်ခိုးရှင် အဆင့်များမှာ တုန်ရီ နေကြသည်။
ချန်းဖန်ကား အလွန် အစွမ်းထက်လွန်း၏။ သူသည် အစစ်အမှန် နတ်ဘုရားများ ကြီးစိုးသည့် ရှေးဟောင်ခေတ်တွင်ပင် ပြိုင်ဘက်ကင်း နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။
"မဖြစ်နိုင်ဘူး… လုံးဝ မဖြစ်နိုင်ဘူး"
ကိုလင်၏ မျက်နှာက အလွန်တရာ ဖြူရော်နေ၏။
သူသည် စကြဝဠာကိုပင် လွှမ်းမိုးနိုင်ခဲ့သည့် သူတို့၏ စစ်တပ်မှာ ယခုကဲ့သို့ ဖျက်ဆီးခံ ရလိမ့်မည်ဟု လုံးဝ မထင်မှတ် ထားခဲ့ချေ။ သူတို့၏ ခေါင်းဆောင် နတ်ဘုရား သတ်ဖြတ်သူ အက်လင်ပင် ထိုကဲ့သို့ ပြုလုပ်နိုင်မည် မဟုတ်ချေ။
"စစ်သင်္ဘော တစ်စီးရဲ့ အစွမ်းက သာမန် လူတစ်ယောက် မဖျက်စီးနိုင်လောက်တဲ့ အထိ ကြီးမားတယ်လေ… ငါများ အမှတ်မှား နေခဲ့တာလား"
ကိုလင်က တီးတိုး ရေရွတ် လိုက်မိ၏။
"ဟမ်…"
ထို့နောက် သူသည် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ အတောင်ပံကို ခတ်ရင်း လကမ္ဘာဆီသို့ ဆက်လက် ပျံသန်းနေသည့် ခွန်ပန် သားရဲအား တွေ့လိုက်ရသည်။ ထိုမြင်ကွင်းက သူ့အား အပြည့်အဝ ရူးသွပ် သွားစေ၏။
"သူက သခင်ကြီး အက်လင်ဆီကိုပါ သွားတာလား…"
စစ်ပွဲကား မည်သည့် အခါမျှ လွယ်လွယ် မပြီးနိုင်သော အရာ ဖြစ်သည်။ ချန်းဖန်သည် မာယာစစ်တပ် တစ်ခုကို အနိုင်ယူ နိုင်ခဲ့သော်လည်း သူတို့၏ ခေါင်းဆောင် အက်လင်ကို မသတ်မချင်း စစ်နိုင်ပြီဟု မသတ်မှတ် နိုင်ချေ။
"နာမည်ကတော့ ကြီးကြီးကျယ်ကျယ် နတ်ဘုရား သတ်ဖြတ်သူ ဆိုပဲ… မင်း ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ ငါ သိချင်နေပြီ"
ချန်းဖန်က အနည်းငယ် ပြုံးလိုက်သည်။
"ဟူး…"
တစ်ချိန်တည်း၌ ခွန်ပန်သည် အတောင်ကို အားယူကာ ခတ်ရင်း ပျံသန်းနေခဲ့သည်။ ၎င်းအတွက် သုံးသိန်း ရှစ်သောင်းသော ကီလိုမီတာအား ခရီးနှင်ရန်မှာ အတောင်ပံကို ဒါဇင် ဂဏန်းသာ ခတ်ရန် လိုအပ်ခဲ့၏။
"ဟူး… ဟူး…"
နာရီဝင် မကြာခင်မှာပင် ချန်းဖန်သည် လဆီသို့ ရောက်ရှိ လာခဲ့သည်။
"ဘုန်း…"
လဆီမှ စူပါ စစ်သင်္ဘောကြီး တစ်စင်း ပျံတက် လာ၏။
ထိုစစ်သင်္ဘောကြီးမှာ အလွန် ကြီးမားပြီး ဆယ်မိုင်ခန့် အထိပင် ရှည်လျားသည်။ ထိုအရာကား မာယာ မျိုးနွယ်၏ အစွမ်း အထက်ဆုံး စစ်သင်္ဘော "တိုက်တန်" ပင် ဖြစ်သည်။
"လူသား… မင်းက ငါတို့ကို တိုက်ခိုက်တယ်… မင်း သေရမယ်"
တိုက်တန် သင်္ဘောအား မောင်းနှင်နေသော နတ်ဘုရား သတ်ဖြတ်သူ အက်လင်က ဝိညာဉ် စွမ်းအားကို ဖြန့်ကြက်ရင်း ပြောလိုက်သည်။
"ဟမ့်…"
ကီလိုမီတာ တစ်ရာ အကွာအဝေး၌ ရှိနေသော စစ်သင်္ဘောကြီးကို ကြည့်ရင်း ချန်းဖန်၏ မျက်လုံးများမှာ အေးစက်သွားသည်။ တစ်ချိန်တည်း၌ သူ၏ နတ်ဘုရား စစ်ဝိညာဉ်က စစ်သင်္ဘောအတွင်း ထိုးဖောက်ကာ နတ်ဘုရား သတ်ဖြတ်သူ အင်လင်အား စစ်ဆေး၏။
ဝိညာဉ် အမြုတေ…
နတ်ဘုရား သတ်ဖြတ်သူ အက်လင်ကား ဝိညာဉ် အမြုတေကို ဖွဲ့စည်းပြီးမြောက်သည့် ရွှေအမြုတေ အဆင့် တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။
ဝိညာဉ် ကျင့်ကြံခြင်း လမ်းစဉ်ဖြင့် ရွှေအမြုတေ အဆင့်သို့ ဝင်ရောက်ခြင်းမှာ သာမန် ကျင့်ကြံခြင်း လမ်းစဉ်ထက် ပိုမိုခက်ခဲ၏။
သို့သော်လည်း နှိုင်းယှဉ်ရလျှင် သူတို့သည် အဆင့်တူ များထက် ပိုမို၍ အစွမ်းထက် ကြသည်။ ဥပမာ အက်လင် ဆိုလျှင် မာယာ စစ်တပ်ကြီး တစ်ခုလုံးကိုပင် ၎င်း၏ ဝိညာဉ် စွမ်းအားဖြင့် ထိန်းချုပ် နိုင်၏။
"ဘုန်း…"
အသေအကြေ တိုက်ခိုက်ကြမည့် ရန်သူ နှစ်ယောက်ကား စကားဆက်ပြော၍ အချိန်ဖြုန်း မနေတော့ချေ။ ချန်းဖန်သည် မိုင်ဒါဇင်ချီ ရှည်လျားသော ဓားအလင်း အသွင်သို့ ပြောင်းလဲကာ တိုက်တန်ထံသို့ တိုးဝင်သွား၏။
"ဘုန်း… ဘုန်း…"
ဓားအလင်း၏ တိုးဝင်မှုတွင် တိုက်တန်၏ စွမ်းအင် အကာအကွယ်များစွာမှာ ပေါက်ကွဲသွားသည်။
ခွန်ပန်သည် ဟင်းလင်းပြင် သားရဲဖြစ်ရာ တောင်များကို ဖျက်ဆီး၍ သမုဒ္ဒရာများကိုပင် ခန်းခြောက်စေနိုင်၏။ အခြား တစ်ဖက်၌ တိုက်တန်မှာ ဟင်းလင်းပြင် စူပါ စစ်သင်္ဘော တစ်စင်း ဖြစ်သည်။ ထိုအင်အား နှစ်ခု၏ တိုက်ခိုက်မှုက ဂြိုဟ်နှစ်ခု ဝင်တိုက်နေသည့် အလားပင် ထင်ရ၏။
"ဘုန်း… ဘုန်း… ဘုန်း…"
မရေမတွက်နိုင်သော စွမ်းအင်လှိုင်းများသည် လပေါ်၌ ဖြစ်ပေါ်နေ၏။ ထိုလှိုင်းများ၏ ဖြတ်သန်းမှု၌ လ၏ မျက်နှာပြင်ရှိ တောင်တန်းများမှာ ထက်ပိုင်း ပြတ်ရသည်။
"ဖိုင်းယား…"
တိုက်တန်၏ အဓိက အမြောက်မှာ စတင်ကာ ပစ်ခတ်လိုက်၏။
"ဘုန်း…"
ကောင်းကင်သည် အဆုံးမဲ့ အလင်းဖြင့် တောက်ပကာ အပြာရောင် လျှပ်စီးတန်းက ချန်းဖန်ထံ တိုးဝင်သွားသည်။
"ဟမ်…"
ထိုတိုင်ခိုက်မှုက ချန်းဖန်ကိုပင် အနည်းငယ် ကြောင်သွားစေသည်။
မာယာမျိုးနွယ်၏ အဆင့် အမြင့်ဆုံး နည်းပညာကား အမှန်တကယ်ပင် အစွမ်းထက် လွန်းသည်။ ရွှေအမြုတေ အဆင့် တစ်ယောက်ပင် ထိုတိုက်ခိုက်မှုကို တားဆီးနိုင်မည် မဟုတ်ချေ။
"ဝှစ်…"
သို့သော်လည်း ခွန်ပန်သည် တောင်ပံကို ဖြန့်ကျက်ရင်း ဟင်းလင်းပြင်အား ဖောက်ထွက် ပျံသန်းနေရာ ထိုတိုက်ခိုက်အား ရှောင်တိမ်း နိုင်နေဆဲ ဖြစ်သည်။
"သေစမ်းကွာ…"
အက်လင်က သုံးခုအား တစ်ပြိုက်နက် ပစ်လွှတ် လိုက်သည်။
"ဘုန်း… ဘုန်း… ဘုန်း…"
ထို လျှပ်စီး အလင်းတန်း သုံးခုသည် အရပ်မျက်နှာ သုံးခု ခွဲထွက်၍ ချန်းဖန်အား ဖောက်ခွဲလိုက်ကြ၏။ သို့တိုင်အောင် ခွန်ပန်ကား မြင်ကွင်းမှ လုံးဝ ပျောက်ကွယ် သွားပြန်သည်။
"ဘုန်း…"
ထို့နောက် ခွန်ပန်က တိုက်တန်၏ အနီးတွင် ပြန်ပေါ်လာကာ လက်သည်းများကို မြှောက်၍ ခုတ်၍ ခုတ်ထစ်လိုက်၏။
"ဘုန်း… ဘုန်း…"
တိုက်တန်၏ အကာအကွယ် အလင်းလွှာ နှစ်ဆယ်မှာ ချက်ချင်းပင် ပေါက်ကွဲ ပျက်စီးသည်။
"မဟာ ပျက်စီးခြင်း…"
ချန်းဖန်က ထိုနတ်ဘုရား စွမ်းအားကို နောက်တစ်ကြိမ် အသုံးပြု လိုက်သည်။ အနက်နှင့် အဖြူရောင် စွမ်းအားများသည် သူ၏ ဘယ်ဘက် အတောင်ပံတွင် ဖြစ်ပေါ် လာကာ ခုတ်ထစ် လိုက်ပြန်သည်။
"ဘုန်း… ဘုန်း…"
အကာအကွယ် အလင်း ဒါဇင်ချီမှာ ပေါက်ကွဲ သွားပြန်၏။ ထိုတိုက်ခိုက်မှုမှာ အလွန် အစွမ်းထက် ရကား တိုက်တန် စစ်သင်္ဘောပင် ခုခံနိုင်စွမ်း မရှိခဲ့ချေ။
"ခရက်…"
တိုက်တန်၏ ခန္ဓာထုထည်၌ ဓားဖြင့် လှီးဖြတ်ခြင်း ခံရသည့် အလား အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာ၏။
"အား…"
အက်လင်ကား ရူးသွပ်မတတ် ဒေါသထွက် နေခဲ့ပြီ ဖြစ်သည်။
၎င်း၏ ခန္ဓာကိုယ်သည် စွမ်းအင် အမြုတေအလား တောက်ပသော အလင်းများကို ထုတ်လွှတ်နေ၏။ ထိုအလင်းများ၏ ထောက်ပံ့မှုတွင် တိုက်တိုက်မှာ ပြန်လည် အသက်ဝင် လာသည်။
"ဘုန်း…"
ထို့နောက် တိုက်တန်၏ အနက်ရောင် သတ္တုများမှာ စတင် ရွေ့လျားလာကာ ကုဗတုံး သဏ္ဌာန် စစ်သင်္ဘောမှ မီတာ တစ်သောင်း မြင့်မားသော သတ္တု ဘီလူးကြီး အသွင် ပြောင်းလဲ၏။
"ဒါက မာယာတွေရဲ့ အဆင့် အမြင့်ဆုံး နည်းပညာဖြစ်တဲ့ အစစ်အမှန် တိုက်တန်ပဲ… ငါတို့က ဒီနည်းပညာကို အစစ်အမှန် နတ်ဘုရားတွေ ဝမ်ရှင်း တန်ခိုးရှင်တွေကို သတ်ဖို့ တီထွင် ထားခဲ့တာ…"
ကိုလင်က တည်ငြိမ်စွာပင် ပြောလိုက်သည်။ သူ၏ မျက်လုံးများက ယုံကြည်မှု အပြည့်ဖြင့် တောက်ပနေခဲ့၏။
"ချန်းပေ့ရွှမ်း… ငါတို့ တပ်ဖွဲ့တွေ ထပ်ရောက်လာတဲ့ အခါကျရင် မင်းနဲ့ ကမ္ဘာက ဘယ်လို အပိုင်းအစ ပြောင်းလဲသွားမလဲ ဆိုတာ စောင့်ကြည့်လိုက်ဦး…"
"ဟမ့်… လေကြီး မနေနဲ့တော့"
ချန်းဖန်က နှာခေါင်းရှုံ့ လိုက်၏။
"ကျင့်ကြံခြင်း လောကမှာ မင်းတို့လို နည်းပညာမြင့် မျိုးနွယ်တွေ ဂိုဏ်းတွေ ရှိတာ ငါသိပြီးသားပဲ… အဲဒီ အထဲမှာ ကောင်းကင် ယန္တရားဂိုဏ်း တစ်ခုကပဲ အာကာသ အဆင့် ကျင့်ကြံသူနဲ့ ယှဉ်တိုက်နိုင်တဲ့ ယန္တရားကို ဖန်တီးနိုင်ကြတယ်… ဒါပေမဲ့ မင်းရဲ့ အဆင့်နဲ့က အဲ့လို ယန္တရားမျိုးကို မဖန်တီး နိုင်သလို မထိန်းချုပ် နိုင်ပါဘူးကွာ"
စကားဆုံးသည်နှင့် ချန်းဖန်က နောက်တစ်ကြိမ် တိုက်ခိုက် လိုက်သည်။ အက်လင်ကလည်း တိုက်တန်ကို ထိန်းချုပ်ကာ လက်သီးဖြင့် ထိုးလိုက်၏။
"ဘုန်း…"
ချန်းဖန်၏ လက်သည်းများသည် နတ်ဘုရား ဓားများ အလား ထက်ရှနေ၏။ ၎င်းကား မည်သည့် စွမ်းအင် အကာအကွယ်ကို မဆို လွယ်ကူစွာ ဖျက်ဆီးနိုင်သည်။
"ကလန့်… ကလန့်…"
၎င်းသည် တိုက်တန်၏ သတ္တု မျက်နှာပြင်ပေါ်၌ ထင်ရှားသော အမှတ်များကို ချန်ရစ်၏။
"ဘုန်း… ဘုန်း…"
အခြားတစ်ဖက်၌ တိုက်တန်မှာလည်း နောက်သို့ ဆုတ်ခြင်း မရှိချေ။ ၎င်းသည် ဆယ်မိုင်ခန့် ရှည်လျားသော လျှပ်စစ် ကြာပွတ်အား ကိုင်ဆောင်ရင်း ချန်းဖန်အား ရိုက်နှက်၏။ ထိုရိုက်ချက်များ အောက်၌ ချန်းဖန်၏ ခွန်ပန် ခန္ဓာပင်လျှင် နာကျင်မှုကို ခံစားရသည်။
"သွား…"
အဆုံး၌ ချန်းဖန်က အာခေါင်ကို ခြစ်ကာ အော်ဟစ်လိုက်သည်။
"ဘုန်း…"
သူ၏ ခန္ဓာကိုယ်ရှိ အဇူရာ အလင်းသည် ပိုမို တောက်ပလာကာ ဝါးမျိုခြင်း နတ်ဘုရား စွမ်းအားမှာလည်း အကန့်အသတ် တိုင်အောင် မြင့်တက်သွား၏။
"ဘုန်း…"
ထို့နောက် သူ၏ အနောက်တွင် အဖြူနှင့် အနက်ရောင် အလင်းနှစ်ခု ဖြစ်ပေါ် လာသည်။ ထိုနှစ်ခုက အတူတကွ ပေါင်းစပ်ရာ ကြီးမားသော လက်ကြီးတစ်ခု ဖြစ်ပေါ် လာ၏။
"သွား…"
ချန်းဖန်က ထိုလက်ကြီးကို ဆန့်ထုတ်ရင်း တိုက်တန်၏ ကိုယ်ထည်ကို ဆွဲဖဲ့ကာ အက်လင်အား ဖမ်းဆီးလိုက်သည်။
"ဘုန်း…"
ထိန်းချုပ်သူ မဲ့သည်နှင့် တိုက်တန်မှာ အသက်မဲ့ကာ လပေါ်သို့ ပြုတ်ကျ၏။ ထိုယန္တရားကြီး၏ ကျဆင်းမှုတွင် လကမ္ဘာပင် တုန်ရီ သွားသည်။
ချန်းဖန်သည် လက်တစ်ဖက်ဖြင့် ကိုင်ကာ အခြား တစ်ဖက်ဖြင့် တိုက်တန်အား ယူဆောင်လိုက်၏။ ထို့နောက် သူက အတောင်ကို ဖြန့်ကြက်ကာ လ၏ ကောင်းကင်သို့ ပျံတက်သည်။
"အဲဒါက…"
ဂြိုဟ်တုနှင့် တယ်လီစကုပ်မှ ကြည့်နေသော လူများအား လုံးဝ ဆွံ့အ သွားကြသည်။ ထိုအရာက သူတို့ တစ်သက်လုံး ဘယ်တော့မှ မမေ့တော့မည့် မြင်ကွင်း ဖြစ်ပေလိမ့်မည်။
***