အိမ်ပြန် မိသားစုအမွေဆက်ခံ! ၃
Vol. 67 Ch. 991
သူသတ်မှတ်ထားတဲ့အချိန်အတွင်း အဖြေမရှာနိုင်ရင် ကမ္ဘာ့နံပါတ်တစ်ရွက်လွှင့်ဆောက်ဖို့မဖြစ်နိုင်တော့။ အဲဒီကျရင် အိမ်ပြန်ပြီး မိသားစုအမွေဆက်ခံမည်။
အိမ်ပြန်ပြီးမိသားစုလုပ်ငန်းကိုမလုပ်ချင်။
သူက အိပ်မက်တွေနောက်လိုက်နေတဲ့လူတစ်ယောက်!
ချူယဲ့က သူ့ဝန်ထမ်းတစ်ဦးမှန်း ချင်လင်မသိ။ စားသောက်ပြီးနောက် လျိုယီတို့နှင့်ခဏစကားပြောပြီး အပန်းဖြေစံအိမ်ပြန်လာသည်။
လျိုယီဆီ ချင်းလင်ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းပို့ခိုင်းမည်။
အခုသူ့မှာ ချင်းလင်ဆေးဖက်ဝင်ကမရှား။ လျိုယီကတောင်းဆိုမှတော့ တစ်ပုလင်းရောင်းပေးနိုင်သည်။
နောက်တစ်နေ့_
Lasda နှင့်ဆရာလင်းက အပန်းဖြေစံအိမ်ရုံးခန်းထဲလူတစ်ယောက်ခေါ်လာသည်။ လူငယ်က စားဖိုမှူးဝတ်စုံဝတ်ထားသည်။ သူက ချင်လင်နှင့်တွေ့သောအခါ စိတ်လှုပ်ရှားပုံပေါက်နေ၏။
Lasda က အိမ်ပြန်တော့မည်ဖြစ်၍ ချင်းလင်စံအိမ်စားဖိုမှူးခေါင်းကိုရွေးချယ်ရမည်။ ဆရာလင်းအသက်အရွယ်နှင့် အပန်းဖြေစံအိမ်မှာအဆင်ပြေသောကြောင့် ပြန်မပို့နိုင်။
ထိုလူငယ်က Lasda ထောက်ခံချက်ပေးထားသောစားဖိုမှူးခေါင်းအသစ်ဖြစ်သည်။ သူ့နာမည်က ကျိုးရှင်းဖြစ်ပြီး စားသောက်ဆိုင်မှာသင်ပေးထားသူများတွင် အတော်ဆုံးစားဖိုမှူးတစ်ယောက်ဖြစ်သည်။
ဆရာလင်းက စားဖိုဆောင်တာဝန်ခံဖြစ်ပြီး ကျိုးရှင်းကိုစားသောက်ဆိုင်စားဖိုမှူးခေါင်းအဖြစ်ထားရန်သဘောတူသည်။
ကျိုးရှင်းက စိတ်လှုပ်ရှားနေသည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်စားဖိုမှူးခေါင်းအဖြစ်ရာထူးတန်းတက်သွားရင် လစာနဲ့ဆုကြေးကတင် တချို့စားသောက်ဆိုင်ပိုင်ရှင်များထက်မြင့်သည်။
နောက်ပြီး စားဖိုမှူးခေါင်းဖြစ်ရင် မစ္စတာ Lasda နဲ့ဆရာလင်းတို့လို အရည်အသွေးမြင့်ပါဝင်ပစ္စည်းများကိုင်ရတော့မည်။ စားဖိုမှူးတစ်ယောက်အနေနဲ့ ဒီလိုပါဝင်ပစ္စည်းတွေကိုစိတ်မဝင်စားဘဲနေမလား?
အထူးသဖြင့် ချင်းလင်စံအိမ်မှာစားဖိုမှူးခေါင်းဖြစ်ရင် လူတွေကအထင်ကြီးပြီးရင်ကြီးကြမည်။
ဘဝင်မြင့်တယ်မဆိုနဲ့။ ဒီလိုအခွင့်အရေးမျိုးရရင် မယူတဲ့သူရှိမလား?
ချင်လင်လည်း ကျိုးရှင်း၏ကိုယ်ရေးအချက်အလက်ကိုကြည့်လိုက်သည်။ အစက ကျိုးရှင်းကို ဆရာလင်း၏လက်ထောက်အဖြစ်ခေါ်ထားခြင်းဖြစ်သည်။
လက်ထောက်စားဖိုမှူးလက်ရာက အမှန်မရှိ။ စားသောက်ဆိုင်ငယ်လေးတွင် လက်ထောက်စားဖိုမှူးက အလုပ်သင်အဆင့်သာရှိပြီး ကြယ်ငါးပွင့်ဟိုတယ်တွင် လက်ထောက်စားဖိုမှူးဆိုပါက အပြင်မှာအလွယ်တကူစားဖိုမှူးဖြစ်နိုင်သည်။
နောက်ပိုင်း Lasda ရောက်လာပြီး ကျိုးရှင်းကသူ့ဆီမှသင်ယူခဲ့သည်။ နဂိုလက်ရာအခံနှင့်ကြိုးစားချင်စိတ်ရှိသောကြောင့် အလုပ်သင်များထက်သင်ရပိုလွယ်သည်။
ကျိုးရှင်းက အနောက်တိုင်းရော တရုတ်အစားအစာပါကောင်းသည်။ အနည်းဆုံးတော့ အပြင်ကစားဖိုမှူးများထက်ပိုကောင်းသည်။ စံအိမ်ကပါဝင်ပစ္စည်းကောင်းကောင်းသုံးလိုက်ရင် စားဖိုမှူးခေါင်းဖြစ်နိုင်သည်။
"ဟင်းပွဲနည်းနည်းပြင်ခဲ့ပါ!''
ချင်လင်ကကိုယ်ရေးအချက်အလက်ဖတ်ပြီး ကျိုးရှင်းကိုညွှန်ကြားလိုက်သည်။
"ကောင်းပါပြီ ဥက္ကဌချင်"
သူဌေးရဲ့သဘောကို ကျိုးရှင်းနားလည်သည်။ ဒါနောက်ဆုံးစမ်းသပ်ချက်ပင်။ သူကချက်ချင်း စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ကာ ဆရာလင်းနောက်လိုက်လာသည်။ တစ်ခါတလေ ဟင်းချက်ရာတွင် စိတ်တည်ငြိမ်မှ အပူချိန်ကောင်းကောင်းထိန်းနိုင်သည်။
မကြာမီ ကျိုးရှင်း၏ဟင်းပွဲများကို ချင်လင်ကအရသာခံသည်။ ပါဝင်ပစ္စည်းချင်းတူသော်လည်း ကျိုးရှင်းက Lasda ကိုမယှဉ်နိုင်။ သို့သော် ဆရာလင်းထက်နည်းနည်းပိုကောင်းသေးသည်။
ဒီအချက်မှ Lasda လက်ရာဘယ်လောက်ကောင်းမှန်းသိနိုင်သည်။ အချိန်တိုအတွင်း သူ့တပည့်က ဒီလောက်ထက်လာသည်။ သူအိမ်ပြန်ပြီးမိသားစုအမွေဆက်ခံသွားတာ နှမြောစရာ။
နောက်ဆုံး ချင်လင်က ဆရာလင်းနှင့် Lasda ၏ထောက်ခံချက်ကိုသဘောတူပြီး ကျိုးရှင်းကိုစားသောက်ဆိုင်စားဖိုမှူးခေါင်းအဖြစ်ထားလိုက်သည်။
သူတို့သုံးယောက်ထွက်သွားပြီးနောက် ချင်လင်ကသူ့စိတ်ထဲမှဂိမ်းကိုကြည့်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်အား သတ္တုတွင်းတူးစေမည်အပြုတွင် လီဖေးဖုန်းဆက်လာသည်။
သူကဘာကြောင့်လဲခန့်မှန်းကြည့်ပြီး ဖုန်းကိုင်လိုက်၏။ လီဖေးအသံထွက်လာသည်_
"ဥက္ကဌချင်... ခင်ဗျားဝယ်ချင်တဲ့နားရွက်ကြီးကြီးနဲ့ဆင်ပေါက်က ပြည်တွင်းရောက်နေပြီ... မကြာခင် မင်မြို့တော်ကိုတင်ပေးလိုက်လိမ့်မယ်... ကျွန်တော်ကကြိုအသိပေးတာ''
ထိုသတင်းကြောင့် ချင်လင်မျက်လုံးကျယ်သွားသည်။ သူစောင့်နေတဲ့ဆင်ပေါက်တွေရောက်ပြီ။ နောက်ဆုံးတော့ ဆင်ပျော်ကိုအပြင်ထုတ်နိုင်တော့မည်။
သူ့စိတ်ထဲမှဂိမ်းကိုပြန်ကြည့်ပြီး သူ့ဂိမ်းဇာတ်ကောင်ကိုလည်း မွေးမြူရေးခြံသွားစေလိုက်သည်။ မွေးမြူရေးခြံထဲတွင် ဆင်ပျော်တချို့က ကိုယ်ဝန်ကြီးနှင့်ဖြစ်နေပြီ။
ကိုယ်ဝန်ဆောင်ဆင်သက်တမ်းက ၁၀ နှစ်မှအနှစ် ၂၀ ဖြစ်ပြီး ဂိမ်းနှင့်လက်တွေ့ဘဝကြားအချိန်အချိုးအစားအတိုင်းဖြစ်သည်။
ဆင်တွေကို မင်မြို့တော်ပို့ချိန်ဆို ဆင်ပျော်ကမွေးလောက်ပြီ။ သူ NPC မွေးမြူရေးခြံသွားပြီး ဆင်ပေါက်ဝယ်စရာမလိုတော့ဘူးမလား?
သူအံ့ဩမိသည်က ဆင်ပျော်အရွယ်အစားပင်။
ဂိမ်းထဲကဆင်ပျော်တွေရဲ့အရွယ်အစားက ကြီးမလာ။ ကိုယ်ဝန်ဆောင်ထားတဲ့ဆင်အားလုံးကို ပုံမှန်ဆင်နဲ့ယှဉ်ရင် နည်းနည်းသေးပြီးချစ်စရာကောင်းနေသည်။