စိတ်လှုပ်ရှားစရာသတင်း! နည်းနည်းထူးခြားတဲ့ဆင်! ၂
Vol. 67 Ch. 993
ထိုနှစ်ကောင်မှာ အရင်ဆင်ပျော်အုပ်ထဲမှဖြစ်သည်။ ဂိမ်းထဲအကြာကြီးထားပြီး မရောင်းခြင်းမှာ သူတို့ကပိုထူးခြားပြီးအရည်အသွေးပိုကောင်းသောကြောင့်ပင်။
ချင်လင်ကရှေ့တိုး၍ ဆင်ပျော်တစ်ကောင်ကိုထိပြီး မှတ်ချက်ကြည့်လိုက်သည်:
(ဆင်ပျော်: အရည်အသွေး ၂)
(သတ္တုမြို့တော်၊နတ်ဘုရားမတောင်ပေါ်တွင်တွေ့သောအထူးဆင်မျိုးဖြစ်သည်:
သိမ်မွေ့ခြင်း +၂၊ လူယဉ်ပါးခြင်း +၂၊ ဟာသဉာဏ်ရှိခြင်း +၂၊ ဉာဏ်ကောင်းခြင်း +၂၊ ဆက်သွယ်ရေး +၂၊ ပျော်စရာကြုံခြင်း +၂!)
အရည်အသွေး ၂ ရှိသောမျိုးပြောင်းဆင်ပျော်နှစ်ကောင်ဖြစ်၍ သူဆက်ထားခြင်းပင်။
ဒီတစ်ခါ သူကံကောင်းသည်ဟုဆိုရမည်။
အရင် ဖရဲသီးစိုက်တုန်းက မြေကွက်တစ်ကွက်မှ အရည်အသွေး ၂ တစ်လုံးတောင်မထွက်။
ချင်လင်ကအတွေးနှင့် ဆင်ပျော်များကိုဂိမ်းအပြင်ထုတ်လာသည်။ ထို့နောက် နောက်ထပ်အတွေးနှင့် ဂိမ်းထဲဝင်ပြန်သည်။ ဒီလိုနှင့် ဆင်ပျော် ၇ ကောင်ကို လက်တွေ့ဘဝထဲယူလာသည်။
ရုတ်တရက် ပတ်ဝန်းကျင်ပြောင်းသွားသောကြောင့် ဆင်ပျော်များ နည်းနည်းဇဝေဇဝါဖြစ်သွားသည်။ သို့သော် ဉာဏ်ကောင်းသောအကောင်များဖြစ်၍ ချင်လင်နောက်လိုက်လာသည်။ သူတို့နှာမောင်းများဆန့်ထုတ်ပြီး ချင်လင်စိတ်ကျေနပ်အောင်လုပ်ကြ၏။
ချင်လင်ကလော့ချထားသောတံခါးကိုဖွင့်ပြီး ဂိုဒေါင်အပြင်လျှောက်လာသည်။ ဆင်ပျော် ၇ ကောင်က သူ့နောက်လိုက်လာ၏။
သို့သော် ပတ်ပြေးမနေ။ ချင်လင်နှင့်ထက်ကြပ်မကွာလိုက်သည်။ ဂိမ်း၏ထူးခြားချက်အရ ချင်လင်ကို သူတို့ဆရာအဖြစ်သတ်မှတ်ထားသည်။
အရည်အသွေး ၂ ဆင်ပျော်နှစ်ကောင်က ချင်လင်ဘေးမှလိုက်လာသည်။
တစ်ကောင်ကငုတ်တုတ်ထိုင်ချပြီး ချင်လင်ကိုအသံပေးသည်။ နောက်တစ်ကောင်က သူ့နှာမောင်းနှင့်ချင်လင်ခါးကိုပတ်၍ ငုတ်တုတ်ထိုင်နေသောဆင်ပေါ်မတင်လိုက်သည်။
နောက်ဆုံး ငုတ်တုတ်ထိုင်နေသောဆင်က ချင်လင်ကိုသူ့ကျောပေါ်တင်ပြီး ပျော်မြူးနေပုံနှင့်ထလာသည်။
ဉာဏ်ကောင်းခြင်း +၂ က နည်းနည်းထူးခြားသည်။
ချင်လင်လည်းပြုံးပြီး သူ့အောက်ကဆင်ပျော်ကိုလက်နှင့်ထိကာ_
"ပြီးရင် မင်းတို့ကို အိမ်အသစ်ထဲခေါ်သွားမယ်''
ချင်လင်စကားကြောင့် သူ့အောက်ကဆင်ပျော်က ပြန်တုံ့ပြသလို ခေါင်းမော့ပြီးအသံပေးသည်။
ထို့နောက် တခြားဆင်များကလည်း တပြိုင်တည်းထအော်ကြသည်။
လူနှင့်ဆက်သွယ်နိုင်စွမ်းကောင်းကြသည်။
တစ်နည်းပြောရရင် အင်တာနက်မှာပြောကြသလို လူဝင်စားဆိုတာ ဒါဖြစ်မည်!
တစ်နာရီခန့်အကြာ ကျောက်လီယွမ်၏အဖွဲ့ရောက်လာသည်။ ဆင်ပျော်များကို ချင်းလင်မွေးမြူရေးခြံထဲပို့မည်။ သူ့ထုံးစံအတိုင်း ကျောက်လီယွမ်ကိုခေါ်ထား၏။ သူရောက်လာသောအခါ လီဖေးကိုလည်းအသိပေးသည်။
ကျောက်လီယွမ်ကရောက်လာပြီး ဆင်ပျော်များကိုမြင်လျှင် ဘာလုပ်ရမလဲသူသိသည်။ သူကကားပေါ်မှဆင်းပြီး သူ့လူများကိုညွှန်ကြားသည်။
ဆင်ပေါက်တွေက နည်းနည်းထူးဆန်းကြောင်း သူချက်ချင်းသတိထားမိသည်။ အကုန်လုံးက ချစ်စရာအူကြောင်ကြောင်ရုပ်ပေါက်နေသည်။ ဘာကြောင့်မှန်းမသိသော်လည်း သူတို့ကိုကြည့်ပြီး ပျော်ရွှင်လာသည်။
အင်တာနက်ပေါ်တွင် အူကြောင်ကြောင်နှင့်ချစ်စရာအိမ်မွေးတိရစ္ဆာန်လေးများ၏အမူအရာကို ပိုင်ရှင်ကရိုက်တင်ထားသောဗီဒီယိုများစွာရှိသည်။ ထိုဗီဒီယိုထဲမှတိရစ္ဆာန်လေးများကြောင့် လူတွေအရည်ပျော်နိုင်သည်။
သို့ရာတွင် ထိုအိမ်မွေးတိရစ္ဆာန်များ၏အူကြောင်ကြောင်အမူအရာကို တချိန်လုံးထိန်းထားဖို့မဖြစ်နိုင်။ အမှတ်မထင်ဗီဒီယိုရိုက်မိခြင်းသာဖြစ်သော်လည်း သူမြင်နေရသောဆင်ပေါက်များက တချိန်လုံးအူကြောင်ကြောင်ဖြစ်နေသည်။
တကယ်အံ့ဩဖို့ကောင်းသည်။
ကျောက်လီယွမ်၏ဝန်ထမ်းများက ကားပေါ်တက်ရန်လျှောများဆင်နေသည်။
သူတို့က ကရိန်းမယူလာ။ ဆင်ပေါက်လေးများတင်ရန်ဆင်ခြေလျှောလုပ်ပြီး တွဲပေါ်ဆွဲတင်မည်။
ဆင်ခြေလျှောလုပ်ပြီးနောက် ကျောက်လီယွမ်၏ဝန်ထမ်းနှစ်ဦးက ဆင်ပျော်တစ်ကောင်ဆီလျှောက်သွားသည်။ သူတို့ကကြိုးနှင့်ဆွဲပြီးကားပေါ်တင်မည်အပြုတွင် အံ့ဩစရာဖြစ်သွားသည်။
ဆင်ပေါက်က သူ့နားရွက်ကြီးနှစ်ဖက်ကိုပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ကားဆီလျှောက်သွားသည်။ ဘေးလမ်းအတိုင်း ကားပေါ်တက်သွား၏။ သူ့ကိုကြိုးနှင့်ချည်မည်လုပ်သော လူနှစ်ယောက်ကိုတောင် 'ဘာလို့လိုက်မလာတာလဲ? ဘာငေးနေတာလဲ?' ဆိုသောသဘောနှင့် သုံးလေးကြိမ်အော်လိုက်သေးသည်။
ကျောက်လီယွမ်၏လက်အောက်ငယ်သားနှစ်ယောက်မှာ ငေးနေခြင်းမဟုတ်၊ ကြောင်နေခြင်းပင်။ လက်ရှိသူတို့ခံစားချက်ကို ဘယ်လိုပြောပြရမှန်းမသိ။
ဘာတွေဖြစ်နေတာလဲ?
မကြာမီ ဆင်ပေါက်များ၏ထူးခြားချက်ကို အားလုံးသတိပြုမိသွားသည်။
ဘယ်ဆင်ပေါက်ဖြစ်ဖြစ် ကြိုးလေးတင်လိုက်ရုံနှင့် သူတို့ကနားလည်ပုံရပြီး လမ်းအတိုင်းလျှောက်သွားသည်။
သူတို့ဘာမှလုပ်စရာမလို။
"ဥက္ကဌချင်... ဒီဆင်တွေကဉာဏ်ကောင်းလိုက်တာ''
ကျောက်လီယွမ်က အံ့ဩနေသည်။
ပို့ဆောင်ရေးလုပ်ငန်းမှာ သယ်ရအခက်ဆုံးကဘာလဲ? ကရိန်းမရှိရင် ဒီလိုတိရစ္ဆာန်ကြီးတွေက သယ်ရအခက်ဆုံးပင်။
ဒီတိရစ္ဆာန်တွေကားပေါ်တင်ရတာ အားအင်ကုန်သည်။
သယ်ရမည့်နေရာဝေးရင်ဝေးသလို ကရိန်းယူဖို့မဖြစ်နိုင်။ ကရိန်းသယ်ယူစရိတ်တင်များလှပြီ။
အခု ဒီဆင်ပေါက်တွေက သူတို့ဘာမှလုပ်စရာလိုမည်မထင်။ သူတို့ဘာသာလျှောက်ပြီး ကားပေါ်တက်သွားကြသည်။ ဉာဏ်ကောင်းလွန်းသည်ဟုသာဆိုရမည်။
ထို့နောက် ချင်လင်ကိုတွေးမိသည်။
ဥက္ကဌချင်ရဲ့အဆင့်အတန်းနဲ့ ဒီဆင်တွေကိုကိုယ်တိုင်လိုက်ယူတာ၊ ဒီဆင်တွေကထူးခြားပုံရသည်။ ဒီတော့ နည်းနည်းဉာဏ်ကောင်းတာ မထူးဆန်း။
မဟုတ်ရင် ဥက္ကဌချင်ကိုယ်တိုင်လာမှာမဟုတ်။ ဥက္ကဌချင်စိတ်ဝင်စားတာမှန်သမျှ သာမန်ထက်ထူးခြားသည်။
တွဲပေါ်ရောက်သွားသောဆင်များကိုကြည့်ပြီး ကျောက်လီယွမ်က သူ့လူများကိုကြိုးချည်ခိုင်းသည်။ မသယ်ခင် ဆင်များအန္တရာယ်ကင်းအောင်လုပ်ရမည်။ မဟုတ်လို့ ဆင်လန့်ပြီးတွဲပေါ်ပတ်ပြေးရင် အန္တရာယ်အရမ်းများသည်။
ကျောက်လီယွမ်ကိုယ်တိုင် တွဲပေါ်တက်သည်။
သူတက်သောတွဲမှာ အကောင်ကြီးနှစ်ကောင်ထဲမှတစ်ကောင်ပါသောတွဲဖြစ်သည်။
သူကကြိုးတုတ်တုတ်တစ်ချောင်းကို ကားနှင့်မြဲအောင်ချည်သည်။ ထို့နောက် နောက်ကြိုးတစ်စကိုယူမည်အပြုတွင် သူကြောင်သွားသည်။