← Chapters

ထျန်းဟောင်ဂြိုဟ်

Vol. 9 Ch. 806

ထျန်းဟောင်ဂြိုဟ်

Vol. 9 Ch. 806

ခွန်ရှု၏ ဧကရာဇ် ...

ထိုအရာကား အလွန် ကြီးကျယ်သော ဂုဏ်ပုဒ် တစ်ခု ဖြစ်သည်။

များစွာသော လူများသည် ချန်းဖန် ခွန်ရှုနယ်မြေမှ ပြန်လာနိုင်ခဲ့သည့် အကြောင်းရင်းမှာ ထိုနယ်မြေရှိ အရှင်သခင်များနှင့် ပြဿနာ မဖြစ်အောင် ရှောင်တိမ်းနိုင်ခဲ့သောကြောင့် ဟုသာ ထင်မှတ်ခဲ့ကြသည်။ ယခုကဲ့သို့ ခွန်ရှု၏ ဧကရာဇ် ဖြစ်နေမည်ဟု မည်သူမျှ မထင်မှတ်ခဲ့ကြချေ။

"ဝမ်ရှင်းတန်ခိုးရှင်ချန်းက အရမ်း အစွမ်းထက် တာပဲ ... "

များစွာသော သိုင်းပညာရှင်များက လေးစားစွာ ရေရွတ်ကြ၏။ ချန်းပေ့ရွှမ်းသည် ခွန်ရှု၏ ဧကရာဇ် ဖြစ်ရာ ကမ္ဘာပေါ်ရှိ မည်သူက သူ့အား စိန်ခေါ်နိုင်တော့မည်နည်း။

"မြောက်ပိုင်းချုံး နန်းတော်ကနေ ကြိုဆိုပါတယ် ...  အထဲကို ကြွကြပါ ... "

မြောက်ပိုင်းချုံးသည် သူတို့၏ တံခါးကို ဖွင့်ကာ ခွန်ရှု နယ်မြေမှ အရှင်သခင်များကို ကြိုဆိုသည်။

"နင်တို့က ငါ့လူတွေကို တပ်ဖွဲ့လိုက် လာပြီး ခြိမ်းခြောက်တာလား ... "

ချန်းဖန်က လုယန်ရွယ်အား ကြည့်ရင်း စနောက်လိုက်၏။

"ဒါပေါ့ ...  ငါတို့က နင့်ကို ခွန်ရှုရဲ့ ဧကရာဇ် ဆိုတာ တစ်ကမ္ဘာလုံး သိအောင် လုပ်ပေးနေတာလေ"

လုယန်ရွယ်က ပြုံးရင်း ပြောသည်။

"အရှင်ချန်း ...  ကမ္ဘာ ပေါ်မှာ အရှင့်ရဲ့ စကားကို နားမထောင်တဲ့သူ ဘယ်သူရှိလဲ ...  ကျုပ်တို့ ရိုက်ပြီး ဆုံးမ ပေးမယ်"

မီးဝိညာဉ် ဧကရာဇ်ကလည်း ရင်ဘတ်ကို ပုတ်ရင်း တက်ကြွစွာ ဆိုလိုက်၏။

"ဟား ...  ဟား ... "

မီးဝိညာဉ် ဧကရာဇ်၏ စကားကြောင့် ဟွာရန်ဖန်း၊ ရှဲ့ရန်နှင့် အခြားမြေကမ္ဘာ နတ်ဘုရားများက ရယ်မောလိုက် မိကြ၏။

"ဟုတ်ပြီ ...  ငါ မှတ်ထားလိုက်ပါ့မယ်"

ချန်းဖန်က ပြုံးရင်း ခေါင်းညိတ် လိုက်သည်။

"ဆရာ ...  ရောက်လာတာလား ... "

ချမ်ရဲ့ရွှယ်မှာ နှင်းနတ်ဘုရား နန်းတော် သခင်မကို မြင်သည်နှင့် သွားရောက်ကာ နှုတ်ဆက် လိုက်၏။

"အင်း ... "

နန်းတော် သခင်မက ပြုံးရင်း ခေါင်းညိတ် လိုက်သည်။ သူမသည် အချစ်ဆုံး တပည့် ဖြစ်သူနှင့် ပြန်လည် တွေ့ဆုံရသည့်အတွက် ကျေနပ်နေပုံ ရ၏။

သို့သော်လည်း သူတို့ နှစ်ယောက် စလုံးမှာ တစ်ယောက်ကို တစ်ယောက် ပြောစရာ စကားမရှိ ဖြစ်နေခဲ့သည်။

နောက်ဆုံး ခွဲခွာစဉ် အချိန်က သူတို့ နှစ်ယောက် စလုံးမှာ ခွန်ရှုနယ်မြေ၌ ကျော်ကြားသော သူများ ဖြစ်ခဲ့ကြသည်။ သို့သော်လည်း လူသား ကမ္ဘာသို့ ဝင်ပြီးနောက် အခြေအနေများ ဤမျှလောက် အထိ ပြောင်းလဲသွားမည်ဟု မည်သူမျှ မထင်မှတ် ခဲ့ကြချေ။

"ခင်ဗျားလည်း ပါလာတာပဲ ... "

ထိုအချိန်၌ ချန်းဖန်ကမူ လူအုပ် အတွင်းရှိ တစ်စုံတစ်ယောက်ကို ကြည့်ရင်း အံ့အားသင့် နေခဲ့၏။

"ဝမ်ရှင်း တန်ခိုးရှင်ချန်း ...  မတွေ့ရတာ ကြာပြီ"

အဖြူရောင် ဝတ်စုံ ဝတ်ထားသော လူက လက်သီးဆုပ်ရင်း နှုတ်ဆက်လိုက်၏။

"ယွင်ထျန်း နန်းတော်ကနေ ထွက်လာနိုင်တဲ့ အတွက် ဂုဏ်ယူပါတယ်ဗျာ ...  အခုတော့ ခင်ဗျား ကမ္ဘာကြီးကို လှည့်ပတ် ကြည့်နိုင်ပြီပေါ့"

ချန်းဖန်က ပြုံးရင်း ပြန်လည် နှုတ်ဆက်လိုက်သည်။

ထိုလူကား ယွင်ထျန်း နန်းတော်၏ ရတနာ ဝိညာဉ် ဖြစ်သည်။ ချန်းဖန်ထံမှ လွတ်လပ်ခြင်း ကျင့်စဉ်ကို သုံးနှစ်ကျော် လေ့ကျင့်ပြီးနောက် သူကား ကိုယ်ပိုင် အမတေ ဝိညာဉ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။

"ဒါက ယာယီပါပဲဗျာ ...  ကျုပ် အနေနဲ့ လွတ်လွတ်လပ်လပ် သွားလာဖို့ ဆိုရင် နောက်နှစ်တစ်ရာလောက် လေ့ကျင့်ရဦးမယ်"

ရတနာ ဝိညာဉ်က ပြောလိုက်သည်။

"အဲဒီ အချိန်က မကြာခင် ရောက်လာမှာပါ ...  ဒါနဲ့ စကားမစပ် ကျုပ်မှာ ခင်ဗျားကို မေးစရာ အချို့ ရှိသေးတယ်"

ချန်းဖန်က ဆိုလိုက်၏။

"ကောင်းကင် လမ်းကြောင်း အကြောင်းလား"

ရတနာ ဝိညာဉ်၏ အမူအရာက လေးနက် သွား၏။

"ဟုတ်တယ် ... "

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

ခွန်ရှုနယ်မြေမှ နတ်ဘုရားများကို နေရာချထား ပေးပြီးနောက် ချန်းဖန်က ရတနာ ဝိညာဉ်အား မြောက်ပိုင်းချုံး နန်းတော် အတွင်းရှိ လျှို့ဝှက်ခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုအခန်းကား ချန်းဖန် လေ့ကျင့်သည့် သီးသန့် အခန်း ဖြစ်သည်။ ဖန့်ချုံးနှင့် ဝမ်ရှောက်ယွင်တို့ပင် အခွင့်မရှိပဲ ထိုအခန်း အတွင်း ဝင်ခွင့် မရှိချေ။

"အိုး ...  ဒါက မွန်းစတား ကြေးမုံ မလား ...  ရှေးဟောင်းခေတ်က တကယ့်ကို ကျော်ကြားခဲ့တဲ့ ဓမ္မ ရတနာပါပဲ ...  အဲဒါက နဂါးနဲ့ ဘီလူးတွေကို ထိန်းချုပ်တဲ့ နေရာမှာ သုံးနိုင်တယ်လေ"

"ဒီတစ်ခုကတော့ ရွှေရောင်ကလန်ရဲ့ အပိုလို နတ်ဘုရား ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ဝိညာဉ် ရတနာ အပိုလို လှံပဲ ... "

"ဒါက အမှောင်ဝံပုလွေ ကလန်ရဲ့ ဝံပုလွေ နတ်ဘုရား ဓား ... "

လျှို့ဝှက် အတွင်းသို့ ရောက်သည်နှင့် အထဲမှ ပစ္စည်းများကို ကြည့်ရင်း ရတနာ ဝိညာဉ်မှာ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့၏။

"နေဦး ...  ဒါက မာယာ မျိုးနွယ်ရဲ့ အစွမ်း အထက်ဆုံး စစ်သင်္ဘော တိုက်တန်ရဲ့ အမြုတေ မလား"

ရတနာ ဝိညာဉ်မှာ ခန်းမ အလယ်၌ ရှိနေသော ရတနာကို ကြည့်၍ အံ့ဩ သွားခဲ့သည်။ ထိုရတနာသည် အပြာရောင် လျှပ်စီးများဖြင့် ဝန်းရံကာ စိန်ကျောက် အလား တောက်ပစွာ တည်ရှိနေခဲ့၏။

"ဟုတ်တယ်လေ ... "

ချန်းဖန်က တည်ငြိမ်စွာပင် ခေါင်းညိတ် လိုက်သည်။

တိုက်တန် စစ်သင်္ဘောသည် အလွန် ကြီးမားရာ အရှေ့တောင်၌ ထားရှိရန် နေရာ မလုံလောက်ချေ။ ထို့ကြောင့်ပင် ချန်းဖန်သည် ထိုအရာအား လုံခြုံသော နေရာ တစ်ခု၌ ချန်ရစ်ကာ စွမ်းအင် အမြုတေကိုသာ မြောက်ပိုင်းချုံး နန်းတော်သို့ ယူဆောင် လာခဲ့ခြင်း ဖြစ်သည်။

"အရမ်းလှတာပဲ ...  ကျုပ်က တိုက်တန် အကြောင်း ကြားပဲ ကြားဖူးခဲ့တာ ...  အဲဒါကို မျက်မြင်ကိုယ်တွေ့ တွေ့ရမယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး"

ရတနာ ဝိညာဉ်က တိုင်တန်၏ စွမ်းအင် အမြုတေကို သေချာစွာ လှည့်ပတ် ကြည့်နေခဲ့၏။ အတန်ကြာမှ သူက ချန်းဖန် ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ဝမ်ရှင်း တန်ခိုးရှင်က တိုက်တန်ရဲ့ အမြုတေ ကိုတောင် ယူထားနိုင်တယ် ဆိုတော့ ကြည့်ရတာ မာယာ စစ်တပ်က ကမ္ဘာကို ရောက်ခဲ့ပြီးပြီ ထင်တယ် ...  ဘာတွေ ဖြစ်ခဲ့တာလဲ ...  လျှို့ဝှက် နယ်မြေတွေက ပုန်းအောင်းပြီး ရတနာ ပေါ်လာမယ့် အချိန်ကို စောင့်နေကြတာ မဟုတ်လား ...  သူတို့က ဘာလို့ အစောကြီး ထွက်လာကြတာလဲ"

"ကျုပ်လည်း သေချာ မပြောတတ်ဘူး ...  မာယာတွေ ဆီကရတဲ့ အချက်အလက်တွေ အရဆိုရင် သူတို့မှာ ဟောကိန်း တစ်ခုခု ရှိပုံရတယ် ...  ဒါကြောင့်ပဲ သူတို့ စောပြီး ထွက်လာခဲ့ကြတာ"

ချန်းဖန်က  ပြန်ဖြေလိုက်၏။ ထို့နောက် သူက ထိုင်ခုံပေါ်တွင် ထိုင်ရင်း ရတနာ ဝိညာဉ်အား မေးလိုက်သည်။

"ရတနာ ဝိညာဉ် ...  ကျုပ် ခင်ဗျားကို ဒီကို ဖိတ်ခေါ်လိုက်တာ ကောင်းကင် လမ်းကြောင်း အကြောင်း မေးစရာ မေးခွန်း တချို့ ရှိလို့ပါ ...  ခင်ဗျားရဲ့ သခင် ကောင်းကင် ညီမျှခြင်းနှင့် အခြားလူတွေ ကောင်းကင် လမ်းကြောင်းကနေ ထွက်မသွားခင် အဲဒီ အကြောင်းကို အနည်းနဲ့ အများတော့ စုံစမ်းခဲ့တယ် မလား"

ခွန်ရှုနယ်မြေမှ ကောင်းကင် လမ်းကြောင်းနှင့် ပတ်သက်သော မှတ်တမ်းများ မရှိချေ။ နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော ရတနာ ဝိညာဉ် တစ်ယောက်သာလျှင် ထိုအရာ အကြောင်းကို သိရှိနိုင်ပေသည်။

"ကောင်းကင် လမ်းကြောင်းရဲ့ အခြား တစ်ဖက်မှာ ရှိတဲ့ အရာတွေ အကြောင်း ကျုပ်လည်း သိပ်တော့ မသိဘူး ...  ဒါပေမဲ့ ကောင်းကင်လမ်းကြောင်း အဆုံးက ဂြိုဟ်ကိုတော့ ထျန်းဟောင်ဂြိုဟ်လို့ ခေါ်တာတော့ သိတယ် ... "

"ထျန်းဟောင်ဂြိုဟ် ... "

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။

"ဟုတ်တယ် ... "

ရတနာ ဝိညာဉ်က ခေါင်းညိတ် လိုက်၏။

ရတနာ ဝိညာဉ်၏ စကား အရ ဆိုလျှင် ရှေးဦးခေတ်၌ ကမ္ဘာဂြိုဟ်ကို "အရှေ့ဂြိုဟ်" ဟု ခေါ်ဆို ခဲ့ကြသည်။ အရှေ့ဂြိုဟ်သည် ရွှေရောင် ဂြိုဟ်၊ ရေမိစ္ဆာဂြိုဟ်၊ မွန်းစတားဂြိုဟ် စသည်ဖြင့် များစွာသော ဂြိုဟ်များနှင့် ကူးလူး ဆက်ဆံမှု ရှိခဲ့ပြီး ထိုဂြိုဟ်များထဲ၌ အစွမ်း အထက်ဆုံးမှာ "ထျန်းဟောင်ဂြိုဟ်" ဖြစ်သည်။

ထျန်းဟောင်ဂြိဟ်သည် သမိုင်းကြောင်း ရှည်လျားပြီး စကြဝဠာ ခေတ်ဦးကပင် တည်ရှိခဲ့ခြင်း ဖြစ်သည်။ ထျန်းဟောင်ဂြိုဟ်နှင့် ယှဉ်ပါက အရှေ့ဂြိုဟ်နှင့် မာယာဂြိုဟ်တို့မှာ ဘာမှ မဟုတ်တော့ချေ။ အချို့ကဆိုလျှင် ကမ္ဘာပေါ်ရှိ ကျင့်စဉ်များမှာ ထျန်းဟောင်ဂြိုဟ်မှ ဆင်းသက်လာသည်ဟုပင် ပြောကြသည်။

"အတိတ်မှာတုန်းက ကျုပ်တို့ အရှေ့ဂြိုဟ်သားတွေဟာ ထျန်းဟောင်ဂြိုဟ်နဲ့ အဆက်အသွယ် ရှိကြတယ် ...  ဒါကြောင့် မလို့ပဲ သခင်က ကောင်းကင် ညီမျှခြင်းက အဲဒီကို သွားဖို့ ဆုံးဖြတ်ခဲ့တာ ...  သူက ဟိုကို ရောက်တာနဲ့ လူတစ်ယောက် ပြန်လွှတ်လိုက်မယ်လို့ ပြောခဲ့ပေမဲ့ ခုနှစ်ထောင်ချီ ကြာတာတောင် ဘယ်သူမှ ပေါ်မလာခဲ့ဘူး ...  သူ တစ်ခုခု ဖြစ်နေသလား ဆိုတာ ကျုပ်လည်း မသိဘူး ... "

ဝိညာဉ် ရတနာမှာ အနည်းငယ် စိုးရိမ်ပူပန် နေဟန် ရ၏။

"ကြည့်ရတာ ထျန်းဟောင်ဂြိုဟ်က ကြီးကျယ်တဲ့ နာမည်နဲ့ လိုက်ဖက်ပုံပဲ"

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

စကြဝဠာ အတွင်း၌ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် ကျင့်ကြံသူ ရှိသော ကလန်များကိုသာ စကြဝဠာ ကလန် တစ်ခု အဖြစ် သတ်မှတ်ကြသည်။ ထို့အတူပင် ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့် ရှိသော ဂြိုဟ်များကိုသာ အစစ်အမှန် ကျင့်ကြံခြင်း ဂြိုဟ်တစ်ခု အဖြစ် သတ်မှတ်ကြသည်။

"ငါရှာနေတဲ့ ကျင့်ကြံခြင်း ဂြိုဟ်တော့တွေ့ပြီ ...  အဲဒီ ဂြိုဟ်ပေါ်မှာဆို ရွှေအမြုတေ အဆင့်ကို ငါ တက်လှမ်းနိုင်မှာ သေချာတယ်"

ချန်းဖန်က တစ်ချက် ပြုံးလိုက်၏။

***

All Chapters