စိတ်လှုပ်ရှားစရာသတင်း! နည်းနည်းထူးခြားတဲ့ဆင်! ၃
Vol. 67 Ch. 994
သူ့ရှေ့မှဆင်က နှာမောင်းနှင့် နောက်ကြိုးတစ်စကိုပတ်နေသည်။ သူ့ကိုကြောင်တောင်တောင်နှင့်ကြည့်လာပြီး သူ့လက်ထဲတောင်ကြိုးထည့်ပေးသည်။
ကျောက်လီယွမ် ပါးစပ်အဟောင်းသားဖြစ်သွား၏။
သူမြင်နေရတာ ထူးဆန်းလှချည့်ဟုသာပြောရတော့မည်။
သူကဆင်ကိုနေရာချချင်တာ။ ဆင်ကသူ့ကိုကြိုးပြန်ပေးနေတာလား?
ဆင်ကိုကြိုးနှင့်ချည်လိုက်သောအခါ အလိုက်တသင့်နေပေး၍ သူပိုပြီးအံ့ဩရသေးသည်။ လုံးဝမယုံနိုင်စရာ။
ဆင်ပေါက်များကိုချည်တုပ်ပြီးနောက် ပို့ဆောင်ရေးကအဖွဲ့စထွက်ပြီး ဆင်ပေါက်များကိုရုံချန်းသယ်သွားသည်။
ဆင်ပျော်များလည်း ညနေပိုင်းတွင် ချင်းလင်မွေးမြူရေးခြံရောက်လာသည်။
ရန်သုံ့က မွေးမြူရေးခြံတွင်ဝန်ထမ်းတချို့နှင့်အသင့်စောင့်နေသည်။
ဝန်ထမ်းအများစုက မွေးမြူရေးမှဖြစ်ပြီး သယ်ယူပို့ဆောင်ရေး၊ မွေးမြူရေးခြံသန့်ရှင်းရေး၊ အော်ဒါထိန်းသိမ်းခြင်းစသည့်အလုပ်များလုပ်ရသည်။
လုပ်စရာများလွန်း၍ သီးသန့်ခွဲထားရန်မလွယ်သောကြောင့် တောက်တိုမယ်ရများဖြစ်နေသည်။
တောက်တိုမယ်ရကလည်း လစာမြင့်သည်။ ရွက်ဖျင်တဲနေရာမှာဝန်ဆောင်မှုပေးသူထက်တောင် ပိုမြင့်သေးသည်။
ရန်သုံ့က လူသုံးယောက်နှင့်အတူကြိုနေသည်။
နှစ်ယောက်ကိုသူသိသည်။ မွေးမြူရေးခြံဝန်ထမ်းဟောင်းများဖြစ်မည်။ သူတို့ကို အရင်ကမြင်ဖူးသည်။
နောက်တစ်ယောက်ကို သူမမြင်ဖူး။ အသက် ၄၀ ခန့်ရှိပြီး ပန်းပွင့်ရှပ်အင်္ကျီနှင့်ကောက်ရိုးဦးထုပ်ဆောင်းထားသည်။
ပင်လယ်ဓားပြဘုရင် Luffy လား?
လူတစ်ယောက်က အသက်ဘယ်လောက်ကြီးကြီး တစ်ခါတရံ ကလေးဆန်တတ်သည်။
သက်လတ်ပိုင်း Luffy လူကြီးကလည်း ချင်လင်ကိုမြင်လျှင်အံ့ဩပြီး ရန်သုံ့ကိုမေးသည်_
"မန်နေဂျာရန်... အဲဒါ ချင်းလင်ဓာတ်ခွဲခန်းက ဂျူနီယာပါမောက္ခချင်မလား?''
"သူဌေးလည်းဟုတ်တယ်!''
ရန်သုံ့ကထိုသို့ပြောပြီး ချင်လင်ဆီလျှောက်သွားကာ_
"ဥက္ကဌချင်!''
ချင်လင်ဘယ်သူမှန်းသိပြီး Luffy ပါးစပ်အဟောင်းသားဖြစ်သွားသော်လည်း သတိလက်လွတ်နှင့်သာ ရန်သုံ့နောက်လိုက်သွားသည်။
"ဥက္ကဌချင်... သူကလုဖေးပါ... ကျွန်တော်တို့ခေါ်ထားတဲ့ဆင်ထိန်း''
ရန်သုံ့လည်းချက်ချင်းမိတ်ဆက်ပေးသည်။
"ကြိုဆိုပါတယ်... ရှေ့လျှောက် ဒီဆင်တွေကို ခင်ဗျားလက်ထဲအပ်လိုက်ပြီ...''
ချင်လင်က အံ့ဩနေပုံရသော Luffy ဝတ်စုံနှင့်လုဖေးကိုကြည့်လိုက်သည်။
"မပူပါနဲ့ ဥက္ကဌချင်... ကျွန်တော့်မှာဆင်မွေးတဲ့အတွေ့အကြုံအများကြီးရှိပါတယ်''
လုဖေးကအမြန်အာမခံလိုက်သော်လည်း သူ့စိတ်ကိုငြိမ်အောင်ထားဖို့ခက်နေသည်။
အင်တာနက်ပေါ်မှာနာမည်ကြီးနေတဲ့ဂျူနီယာပါမောက္ခချင်က ချင်းလင်ကုမ္ပဏီသူဌေးတဲ့လား? ဒါ အပြင်လူတွေ လုံးဝမသိနိုင်တဲ့အခြေအနေပဲ။
ကျောက်လီယွမ်က သူ့လူများနှင့် ဆင်ပေါက်များကိုချပြီးဖြစ်သည်။ ဒီတစ်ခါလည်း ဆင်ပေါက်များက အလိုက်တသင့်နေပေးသည်။
ဆင်ပေါက်များကို ချင်းလင်မွေးမြူရေးခြံဝန်ထမ်းများလက်အပ်ပြီးနောက် ချင်လင်ကိုနှုတ်ဆက်ကာ သူ့လူများနှင့်ပြန်သွားသည်။
ဆင်ပေါက်များကဆင်းလာပြီး မွေးမြူရေးခြံကိုခေါင်းထောင်ကြည့်ကြသည်။ အဆုံးမရှိသောခွေးသွားစိတ်မြက်ခင်းပြင်က သူတို့ကိုဆွဲဆောင်နေသည်။
သူတို့နေရမည့်နေရာအသစ်မှန်းသိပြီး ကျေနပ်နေပုံရသည်။ ခေါင်းများထောင်ထောင်ထောင်ထောင်နှင့် မြူးတူးပြီးအော်ကြ၏။
ထိုရုတ်တရက်အပြုအမူကြောင့် ရန်သုံ့တို့လန့်သွားသည်။
လုဖေးက သူကျွမ်းကျင်ရာကိုသက်သေပြချင်သည့်အလား_
"စိတ်မပူပါနဲ့... ဆင်တွေက တခြားတိရစ္ဆာန်တွေလိုပါပဲ... ပတ်ဝန်းကျင်စိမ်းနေသေးလို့ ဒီလိုဖြစ်တာ... သူတို့စိတ်လှုပ်ရှားနေတာကို နှစ်သိမ့်ပေးရတယ်... မဟုတ်ရင် စားကျက်ထဲလွှတ်ဖို့ခက်တယ်''
သူက ယုံကြည်ချက်အပြည့်နှင့်ပြောလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူဆင်ထိန်းလာတာ အံတိုနေပြီ။ ဒီလောက်မှမဆုံးဖြတ်တတ်ရင် သူဆင်မွေးလာသမျှ အလကားဖြစ်သွားမည်။
သို့သော် သူစကားပြောပြီးရုံရှိသေး၊ ဆင်ပျော်တစ်ကောင်က ထူးထူးဆန်းဆန်းခြေလှမ်းများနှင့် စားကျက်ထဲသူ့ဘာသာပြေးသွား၏။
“????”
လုဖေးကြောင်သွားသည်။