ဆင်ရဲ့ EQ က လူထက်မြင့်?
Vol. 67 Ch. 995
လုဖေးကချက်ချင်း 'ဒီဆင်တွေသူ့ကိုလုပ်ကြံနေပြီ'ဟုတွေးလိုက်သည်။
ဒါ အဓိပ္ပါယ်မရှိ။
"ဥက္ကဌချင်... ဒီဆင်တွေကြည့်ရတာ နည်းနည်းထူးခြားပုံပါပဲ''
လုဖေးကအောင့်သက်သက်နှင့်ပြောလိုက်သည်။
"အင်း... သူတို့ကို ဆင်ဝင်းထဲခေါ်သွားလိုက်ပါ''
ချင်လင်က သူ့ကိုအပြစ်မတင်။ ဘာပဲဖြစ်ဖြစ် ဆင်ပျော်အကြောင်း သူသိသည်။
လုဖေးက မတုံ့ဆိုင်းရဲ။ ချက်ချင်း ဆင်ထိန်းအလုပ်သင်နှစ်ယောက်ကိုခေါ်ပြီး ဆင်ပေါက်များကိုလမ်းကြောင်းသည်။
သူဌေးနဲ့တွေ့တွေ့ချင်း အရှက်ကွဲထားပြီ။ လူညံ့လို့အထင်မခံရအောင် သူကောင်းကောင်းလုပ်ရမည်။
ဆင်လမ်းကြောင်းခြင်းကလည်း အရည်အချင်းတစ်ခုပင်။
သူ့အရည်အချင်းထုတ်ပြမည်အပြုတွင် ဆင်များကထူးထူးခြားခြားဉာဏ်ကောင်းနေ၍ သူအံ့ဩမိသည်။ သူဆွဲစရာမလို။ သူရှေ့ကလျှောက်သည်နှင့် ဆင်များကနောက်ကလိုက်သည်။
အတွေ့အကြုံလုံးဝမရှိသောဆင်ထိန်းအလုပ်သင်နှစ်ယောက်တောင် အလွယ်တကူဆင်ကျောင်းနိုင်သည်။
ဒီဆင်တွေအကြောင်းတွေးလေလေ မူမမှန်သလိုထင်မိလေလေပင်။
ဆင်ဝင်းကို အထူးဆောက်ထားခြင်းမဟုတ်။ မွေးမြူရေးခြံဆောက်စဉ်က တိရစ္ဆာန်များထပ်ဖြည့်နိုင်အောင် အပိုခြံဝင်းများစွာထည့်ဆောက်ထား၍ တိရစ္ဆာန်ခြံဝင်းအဖြစ်အသုံးချနိုင်သည်။
ဆင်ဝင်းကိုပြင်ဆင်မွမ်းမံထားသည်။
ချင်လင်က ဆင်ဝင်းကိုထူးထူးခြားခြားပြင်ဆင်ခိုင်းထားခြင်းမရှိ။
ဘာပဲဖြစ်ဖြစ် သူတို့ကသိမ်မွေ့ပြီး လူယဉ်သည်။ ခရီးသည်တွေလွန်လွန်ကျူးကျူးမလုပ်ဘဲ ဆင်ပျော်ကအန္တရာယ်ပေးဖို့မဖြစ်နိုင်။
ဒီလိုလူတွေရှိလာရင်လည်း လုံခြုံရေးအစောင့်များကချက်ချင်းထိန်းသိမ်းပြီး ခေါင်းဆောင်ဟုန်လက်ထဲအပ်လိမ့်မည်။
ဆင်ပေါက် ၇ ကောင်ကိုဆင်ဝင်းထဲထည့်ပြီးနောက် လုဖေးကစောစောကအရှက်ပြေအောင် အလုပ်သင်ဆင်ထိန်းနှစ်ယောက်အား_
"ဆင်တွေက နေရာသစ်ရောက်ရင် အစားပျက်တတ်တယ်... အဲဒါ ပတ်ဝန်းကျင်အသစ်ကြောင့် မအီမသာဖြစ်တာ''
လုဖေးကြောင်သွားပြန်သည်။
သူစကားပြောနေစဉ် ဆင်ပေါက် ၇ ကောင်က ခွေးသွားစိတ်မြက်တစ်ဆုပ်ကိုနှာမောင်းနှင့်ယူပြီး ပါးစပ်ထဲထည့်ကာ အားရပါးရစားတော့သည်။
အလုပ်သင်ဆင်ထိန်းနှစ်ယောက်က သူတို့ဆရာကိုတအံ့တဩကြည့်လိုက်ကြသည်။
ကြည့်ရတာ …
သူတို့နှစ်ယောက်အကြည့်ကို လုဖေးကသတိထားမိပြီး ပိုရှက်သွားသည်။
မျက်နှာပျက်ပြန်ပြီ။
အလုပ်သင်နှစ်ယောက်ရှေ့မှာမျက်နှာပျက်တာကိစ္စမရှိသော်လည်း သူဌေးရှေ့မှာ နှစ်ကြိမ်ဆက်တိုက်ပျက်ရတာတော့ နည်းနည်းလက်မခံချင်စရာ။
သူအလုပ်လျှောက်တော့ ချင်းလင်မွေးမြူရေးခြံက လစာအမြင့်ကြီးပေးတာ။ သူ့ကိုလူလိမ်လို့များထင်သွားပြီလား?
လုဖေးက ဆင်ပေါက်များကို မျက်စောင်းနှင့်ကြည့်လိုက်သည်။
ဆင်ကျီစားတာ ခံနေရသလိုပဲ။
လုဖေးမျက်စောင်းကို ဆင်ပျော်နှစ်ကောင်ကသတိထားမိပုံရသည်။
ဒီလိုအကြည့်မျိုးကို သူတို့ကသိတတ်သည်။ တစ်ကောင်က သူ့နှာမောင်းနှင့်ခွေးသွားစိတ်မြက်တထွေးကြီးယူကာ လုဖေးကိုမျှဝေချင်သလိုပုံစံနှင့်ပေးလိုက်သည်။
“??”
လုဖေးမတုံ့ပြန်နိုင်သေးခင် နောက်တစ်ကောင်က ခွေးသွားစိတ်မြက်တစ်အုံမြောက်ကာပေးပြန်သည်။
ဘာသဘောလဲ?
ဆင်နှစ်ကောင်က သူ့ကိုမြက်ကျွေးနေတာလား?
လုဖေးကြောင်နေစဉ် အရည်အသွေး ၂ ဆင်ပျော်တစ်ကောင်က သူ့နောက်ရောက်လာသည်။ သူ့နှာမောင်းရှည်ကြီးနှင့် လုဖေး၏ကောက်ရိုးဦးထုပ်ကိုဆွဲယူလိုက်၏။ ထို့နောက် မြန်မြန်ဆန်ဆန်ပင် ဘာမှမဖြစ်သလိုနှင့် သူ့ခေါင်းကိုနှိမ့်ပြီး နားရွက်ရှည်ကြီးများကြား ဦးထုပ်ကိုဖွက်ထားလိုက်သည်။
အပြင်ကကြည့်ရင် နားရွက်ကြားမှကောက်ရိုးဦးထုပ်ကိုမြင်ဖို့မဖြစ်နိုင်။
ချင်လင်တို့က သေချာမြင်ရသော်လည်း လုဖေးကမမြင်ရ။
သူ့ဦးထုပ်ပျောက်သွား၍ ချာခနဲလှည့်လိုက်ရာ ခေါင်းနှိမ့်ထားသောဆင်ပေါက်က ဘာမှမသိသလိုလုပ်နေသည်။ တခြားဘယ်သူမှလည်းမရှိ။
သူ့ကောက်ရိုးဦးထုပ်ဘယ်ရောက်သွားမှန်းမသိ၍ သူကြောင်သွားသည်။
ဘယ်လိုဖြစ်တာလဲ?
သူစိတ်ရှုပ်လာပြီ။
ထိုအချိန်တွင် ဆင်ပေါက်ကလုဖေးကိုကြည့်ပြီး နားရွက်ကြားထဲဖွက်ထားသောကောက်ရိုးဦးထုပ်ကို သူ့ရှေ့ချပေးလိုက်သည်။
သူ့ပါးစပ်ကိုဟပြီး ဝမ်းသာပုံတောင်ပြသည်။ သူသရုပ်ဆောင်တာဘယ်လိုလဲမေးနေသလိုလို လုဖေးကိုအသံပေးလိုက်သေးသည်။
“အံ့ရော?”
လုဖေးကြောင်သွားသည်။
ဆင်ပေါက်က မျက်လှည့်ပြနေတာလား?
ရန်သုံ့နှင့်ဆင်ထိန်းအလုပ်သင်များက သဘောကျပြီးရယ်ကြသည်။ စောစောက ပြဇာတ်ကြည့်လိုက်ရသည်။ ဆင်ကဒီလိုလုပ်လိမ့်မည်ဟု လုံးဝမထင်မိ။
လုဖေးပိုရှက်သွားသည်။ ဒီဆင်တွေက သူသိတဲ့ဆင်တွေမဟုတ်။
ဆင်ဆိုတာ ဒီလိုမဖြစ်သင့်။
ပြဿနာတော့ရှိနေပြီ။
ရှက်နေသောလုဖေးကိုကြည့်ပြီး ချင်လင်က_
"ဆရာလု... ဒီဆင်တွေက သာမန်ဆင်တွေနဲ့မတူဘူး... အဲဒါကြောင့် သာမန်ဆင်တွေလိုထိန်းလို့မရဘူး... ခင်ဗျား သူတို့အကြောင်းလေ့လာရင်း သိလာပါလိမ့်မယ်... ရှေ့လျှောက် ခင်ဗျားလက်ထဲအပ်လိုက်ပြီ''
သူဌေးကလမ်းဖွင့်ပေးမှန်းသိ၍ လုဖေးကချက်ချင်းအာမခံလိုက်သည်_
"မပူပါနဲ့ ဥက္ကဌချင် စိတ်မပျက်စေရပါဘူး''
တချိန်တည်းမှာ သူစိတ်လှုပ်ရှားမိသည်။ ဥက္ကဌချင်စကားကြောင့်သာမဟုတ်ရင် ဒီတစ်ခါ သူလုံးလုံးအရှက်ကွဲပြီ။
ဥက္ကဌချင်က သူဌေးကောင်းပဲ။
ချင်လင်လည်း ဆင်ပျော်များကိုလုဖေးလက်အပ်ပြီး လင်းလန်ဇီကိုလှမ်းခေါ်လိုက်သည်။
ချင်းလင်မွေးမြူရေးခြံထဲ ဆင်ပျော်များရောက်ပြီဖြစ်၍ စံအိမ်ကကြော်ငြာပေးရမည်။
လင်းလန်ဇီကမွေးမြူရေးခြံရောက်လာပြီး ဆင်များကိုတွေ့သောအခါ သူမဘာလုပ်ရမလဲသိသည်။
ချင်းလင်စံအိမ်နဲ့ချင်းလင်မွေးမြူရေးခြံမှာပရောဂျက်အသစ်ရှိရင် သူတို့ကကောင်းကောင်းကြော်ငြာပေးရမည်။