← Chapters

ဆင်ရဲ့ EQ က လူထက်မြင့်? ၂

Vol. 67 Ch. 996

ဆင်ရဲ့ EQ က လူထက်မြင့်? ၂

Vol. 67 Ch. 996

သူမကချက်ချင်း ဆင်ပေါက်များကိုဗီဒီယိုရိုက်ရန် မီဒီယာဌာနကိုဖုန်းဆက်လိုက်သည်။

သို့ရာတွင် ဆင်ပေါက်များကဉာဏ်ကောင်းပြီး လိုက်လျောညီထွေနေတတ်သောကြောင့် သူမနှင့်ကင်မရာသမားများ အံ့ဩရသည်။

အထူးသဖြင့် ဓာတ်ပုံအလွန်စားကြသည်။ တစ်ကောင်ပြီးတစ်ကောင် အူကြောင်ကြောင်နှင့်ချစ်စရာကောင်းသောပုံက လူတွေကိုသဘောကျကြည်နူးစေသည်။

မွေးမြူရေးခြံထဲရောက်လာသောဆင်များက အတော်ထူးခြားပုံရသည်။

ဒါပျော်ရွှင်ခြင်းအရည်အသွေးကြောင့်မှန်း သူမမသိ။

သူတို့ဘာမှမလုပ်ဘဲ ကြည့်နေရုံနှင့်လည်း ပျော်ရနိုင်သည်။

ဒါ ရှုမျှော်ခင်းဆင်တစ်ကောင်အဖို့ ဘုရားပေးသောဆုပင်။

ညပိုင်းတွင် လင်းလန်ဇီက မာတီမီဒီယာဌာနမှလူများအား ဆင်ကြော်ငြာဗီဒိယိုအပြီးသတ်ပြီး လိုင်းပေါ်တင်ခိုင်းသည်။

ဖုန်းသုံးပြီးဗီဒီယိုအတိုကြည့်သူက ညပိုင်းပိုများသည်။

ပရိသတ်အတော်များများက ကြော်ငြာဗီဒီယိုကိုမြင်ကြသည်။

သို့သော် ပရိသတ်အများစုက ကြော်ငြာကိုသိပ်အလေးမထား။ ဘာပဲဖြစ်ဖြစ် ပြည်တွင်းဆင်စျေးကွက်ကမကြီးသော်လည်း TV၊ ရုပ်ရှင်များတွင် မြင်တွေ့နေရသည်။

ထို့ကြောင့် ချင်းလင်မွေးမြူရေးခြံတွင် ဆင်များက တခြားတိရစ္ဆာန်များနှင့်ယှဉ်လျှင်၊ အထူးသဖြင့် အားကစားဝက်များနှင့်ယှဉ်လျှင် ရိုးလွန်းနေသည်။

ချန်ရွှယ်(အခန်း ၃၅)လ​ည်း မြင်သွားသည်။

သူမက ချင်းလင်စံအိမ်အကြောင်း အတော်လေးသိပြီး နွေရာသီအချိန်ပိုင်းတောင်ဝင်လုပ်ဖူးသည်။ ချင်းလင်စံအိမ်တွင် ထူးထူးခြားခြားအရာများစွာရှိကြောင်း သူမသိသည်။

အခု မွေးမြူရေးခြံထဲဆင်များရောက်လာသောအခါ ဘရိုကိတ်အထည်ပေါ်ပန်းရိုက်လိုက်သလိုပင်။ ဗီဒီယိုထဲတွင် ဆင်များကကြောင်တောင်တောင်နှင့်ချစ်စရာကောင်းသော်လည်း ဗီဒီယိုရိုက်ချိန်နှင့်ရှုထောင့်ကောင်းခြင်းကြောင့်ဟု အားလုံးကနားလည်ထားကြသည်။

သို့ရာတွင် သူမက သူမဘေးမှစိတ်ပျက်လက်ပျက်ဖြစ်နေသောသူငယ်ချင်းအားဖုန်းပေးရင်း_

"ရာရာ... ကြည့်.. ငါတို့ရောက်လာတာနဲ့အကိုက်ပဲ... ချင်းလင်မွေးမြူရေးခြံမှာ ဆင်တွေရောက်နေပြီ!''

သူမသူငယ်ချင်းစိတ်ပါလာအောင် ဆွဲဆောင်လိုက်သည်။

သူငယ်ချင်းကိုရုံချန်းခေါ်လာရခြင်းမှာ သူမစီနီယာနှင့်အဆင်မပြေ​ဖြစ်ခဲ့သောကြောင့်ပင်။

စီနီယာက ငါးရံ့နှစ်ကောင်ဖမ်းချင်နေသည်။

ထို့ကြောင့် သူမစိတ်ပြေလက်ပျောက်ဖြစ်အောင် ချင်းလင်စံအိမ်ခေါ်လာပြီး ချင်းလင်စံအိမ်ရှုခင်းများကိုလိုက်ပြချင်သည်။

သို့သော် ဆင်ကို သူမသူငယ်ချင်းကစိတ်မဝင်စား။

ချန်ရွှယ်မှာမတတ်သာ၍ သက်ပြင်းသာချလိုက်သည်။

နောက်တစ်နေ့တွင် ချန်ရွှယ်နှင့်သူငယ်ချင်းက အစောကြီးနိုးလာပြီး ချင်းလင်မွေးမြူရေးခြံသွားကြသည်။

ချင်းလင်စံအိမ်အကြောင်းသိသောကြောင့် နောက်ကျရင် လက်မှတ်ဝယ်ဖို့အကြာကြီးတန်းစီရမည်မှန်းသိသည်။

ချင်းလင်မွေးမြူရေးခြံလာရင် ခြံထဲဝင်လိုက်သည်နှင့် ကျယ်ပြောသောမြင်ခင်းပြင်ကြီးကြောင့် စိတ်သက်သာရာရပြီးပျော်စေလိမ့်မည်။

စိတ်မကြည်သူများအဖို့ သူတို့ဝမ်းနည်းမှုကိုဖြေဖျောက်ပေးနိုင်သည်။

အမှန်ပင်။ မွေးမြူရေးခြံထဲဝင်ပြီး သူငယ်ချင်းစိတ်အခြေအနေကောင်းလာသည်ကိုသတိထားမိသည်။ အထူးသဖြင့် အားကစားဝက်များကိုမြင်ပြီးသဘောကျနေသည်။

"ရာရာ... ဒီချင်းလင်မွေးမြူရေးခြံက မလှဘူးလား?''

ချန်ရွှယ်က သူငယ်ချင်းကိုစကားပြောပေးဖို့လည်းမမေ့။

"အင်း!''

ရာရာက အမှတ်တမဲ့ခေါင်းညိမ့်ပြသည်။

အကြာကြီးလျှောက်သွားပြီးနောက် နှစ်ယောက်သား အသစ်ရောက်လာသောဆင်များဆီရောက်လာသည်။

ထိုနေရာတွင် ခရီးသည်တွေလည်းအများကြီးရှိနေသည်။

သို့သော် အားကစားဝက်နှင့်ယှဉ်လျှင် လူနည်းသေး၏။

ချန်ရွှယ်ကဆင်ပေါက်လေးများကိုမြင်ပြီး တစ်ခုခုထူးခြားနေကြောင်းသတိထားမိသည်။

ဘာလို့ဒီဆင်တွေက ကြောင်တောင်တောင်နဲ့ချစ်စရာကောင်းတဲ့ရုပ်ဖြစ်နေတာလဲ? ကြည့်လိုက်တာနဲ့ မရယ်ချင်ဘူးလား?

ကြည့်ရတာ ကြော်ငြာဗီဒီယိုကအမိအရရိုက်ထားတာမဟုတ်ဘဲ ဆင်တွေကိုက ဒီရုပ်ပေါက်နေတာ​ဖြစ်မည်။

"လင်းဟုန်... ဒီဆင်တွေက ချစ်စရာကောင်းလိုက်တာ''

"ချူချူ... မင်းလည်း အဲလိုထင်တယ်မလား? သဘောကျလိုက်တာ''

ဘေးတွင်_

စုံတွဲတစ်တွဲက ဆင်ပေါက်များကိုတအံ့တဩကြည့်နေသည်။

ထိုအမျိုးသားနှင့်အမျိုးသမီးက ရှုမျှော်ခင်းနေရာကိုအတူတူလာခြင်းဖြစ်သော်လည်း ပူးကပ်မနေဘဲ ခပ်ခွာခွာနေသောကြောင့် သိပ်ရင်းနှီးပုံမပေါ်ချေ။

သူတို့ကိုကြည့်ပြီး ချန်ရွှယ်သဘောပေါက်လိုက်သည်။

အမျိုးသားက အမျိုးသမီးကိုလိုက်နေတာဖြစ်မည်။ အမျိုးသမီးက အမျိုးသားအပေါ်အမြင်မဆိုးသော်လည်း ဝန်မခံသေး။

ဘယ်လိုလုပ်သိလဲလား?

သူမအရင်က အလိုက်ခံရဖူးသလို ရည်းစားထားဖူးတာလည်း တစ်ကြိမ်မကပေ။

ဒီစုံတွဲကတော့ ပထမဆုံးအကြိမ်ဖြစ်မည်။

အမျိုးသားကပိုရှက်နေ၏။ ဆင်ကိုကြည့်နေသလိုလိုနှင့် မျက်လုံးထောင့်ကအမျိုးသမီးကိုခိုးကြည့်နေသည်။ တခါတခါ စကားလှည့်ပြော၏_

"ဒီဆင်ကြည့်ရတာ တခြားဆင်တွေထက်အကြီးမြန်ပုံပဲ... ပိုထွားတယ်''

ပိုကြီးသောဆင်ကအကြည့်ခံရင်း စိတ်မရှည်ပုံနှင့် ရုတ်တရက် အမျိုးသားနှင့်အမျိုးသမီးဆီပြေးသွားသည်။

ဆင်ကြည့်သောနေရာတွင်ကာရံထားခြင်းမရှိသောကြောင့် အမျိုးသားနှင့်အမျိုးသမီးကလန့်သွားသည်။

ဆင်ကရုတ်တရက် သူ့နှာမောင်းရှည်ကြီးနှင့်အမျိုးသမီးကိုတွန်းလိုက်သည်။ အမျိုးသမီးလန့်သွား၏။ သူမမလှုပ်ရှားနိုင်သေးခင် အမျိုးသားရင်ခွင်ထဲရောက်သွားလေသည်။

သူတို့နှစ်ဦးလှုပ်ရှားနိုင်သည့်အချိန်တွင်မူ ဆင်ကအမြီးတရမ်းရမ်းနှင့် လှည့်ထွက်သွားလေပြီ။

အမျိုးသားနှင့်အမျိုးသမီးက မျက်နှာများရဲနေကြ၏။

ထိုမြင်ကွင်းကြောင့် ချန်ရွှယ်အံ့ဩသွားသည်။ အဲဒီနှစ်ယောက်က ဆင်တောင်မျက်နှာမလွှဲနိုင်အောင် ရှက်ကိုးရှက်ကန်းဖြစ်နေကြတာလား?

အမျိုးသားက အမျိုးသမီးကိုဖက်ပစ်လိုက်သည်။ သူလည်း ငတုံးမဟုတ်။ ဒီအခြေအနေကြောင့် အရဲစွန့်ပြီး_

"ချူချူ... တကယ်တော့ မင်းကိုအရမ်းသဘောကျတယ်''

သူ့စကားကြောင့် အမျိုးသမီးကပိုရှက်သွားသော်လည်း မေးလိုက်သေးသည်_

"ကျွန်မအပေါ်ကောင်းပါ့မယ်လို့ကတိပေးနိုင်မလား?''

ချန်ရွှယ်ကဘေးမှကြည့်ရင်း အံ့ဩနေသည်။ တကယ် ဆင်အိုကြီးလိုပဲ။

အထူးသဖြင့် ဟိုအမျိုးသမီး၊ ငတုံးလား? ယောက်ျားကတိက ယုံရလို့လား?

အခုမှချစ်ဖူးတဲ့အမျိုးသမီးပဲ။

"ဝူး ဝူး ဝူး!''

ချန်ရွှယ်အတွေးများနေစဉ် ဘေးကတစ်ယောက်ထငိုသည်။ သူမသူငယ်ချင်းပင်။

ချက်ချင်း သူမအဖြစ်ကိုတွေးမိသည်။ ဒါ ခွေးစာနင်သလိုပဲမလား? သူမက လူလိမ်ခံရတာလေ။

All Chapters