Chapters

ဆင်ရဲ့ EQ က လူထက်မြင့်? ၃

Vol. 67 Ch. 997

ဆင်ရဲ့ EQ က လူထက်မြင့်? ၃

Vol. 67 Ch. 997

ထိုရုတ်တရက်ထငိုသံကနည်းနည်းကျယ်သောကြောင့် အမျိုးသားနှင့်အမျိုးသမီးလန့်သွားသည်။ သူတို့ကတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အသာလေးထွက်သွားကြသည်။

"ရာရာ မငိုပါနဲ့''

ချန်ရွှယ်ဘယ်လိုနှစ်သိမ့်ရမည်မသိ။

ထိုအချိန်တွင် ဆင်ပေါက်တစ်ကောင်က ငိုနေသောသူငယ်ချင်းဆီလျှောက်လာသည်။

ရာရာကဆင်ကိုမြင်ပြီး အငိုရပ်သွား၏။ သူမအလွန်ဝမ်းနည်းနေသော်လည်း ဆင်ပေါက်၏ကြောင်တောင်တောင်နှင့်ချစ်စရာအကြည့်ကြောင့် ထူးထူးခြားခြားခံစားရသည်။ ငိုနေလျက်နှင့် ရယ်ချင်ပြန်သည်။

"ရွှစ်!''

ရုတ်တရက် ဆင်ပေါက်ကအော်လိုက်ရာ တခြားဆင်များအပြေးရောက်လာသည်။

ဆင်ပေါက်ကသူ့ခေါင်းကိုနှိမ့်၍ မြက်တထွေးနှုတ်ကာ ရာရာကိုပေးလိုက်သည်။

မြက်က သူမအတွက်။

သူ့ကြောင့် ရာရာငိုဖို့မေ့သွားသည်။

ရာရာမတုံ့ပြန်နိုင်သေးခင် တခြားဆင် ၆ ကောင်ကလည်း မြက်တစ်ဆုပ်စီပေးပြီး ချစ်စရာကြောင်တောင်တောင်အကြည့်နှင့်ကြည့်နေကြသည်။

နောက်ဆုံး ရာရာကရယ်ချလိုက်သည်။

ဘယ်လောက်အဖြစ်ဆိုးဆိုး၊ ဘယ်လောက်ဝမ်းနည်းနေနေ၊ ဆင်ပျော်များကိုသဘောကျပြီး အမှတ်တမဲ့မျက်ရည်များသုတ်ပစ်လိုက်သည်။

ထိုမြင်ကွင်းကြောင့် ချန်ရွှယ်လုံးဝအံ့ဩသွားသည်။

ဒီဆင်တွေက ဉာဏ်မကောင်းလွန်းဘူးလား?

သူများကိုတွဲပေးရမှန်းသိသလို ပျော်အောင်လည်းလုပ်တတ်တာပဲလား?

အထူးသဖြင့် သူမတစ်ညလုံးနှစ်သိမ့်နေရတဲ့သူငယ်ချင်းက ဒီဆင်ပေါက်တွေကြောင့်ရယ်နေပြီ။

ဉာဏ်ကောင်းလိုက်တာ။

ခရီးသည်များက စိတ်ဝင်စားနေကြသည်။

အားလုံးက ရုတ်တရက်မယုံနိုင်သလိုခံစားမိကြသည်။

ဒီဆင်တွေက နည်းနည်းထူးခြားသည်။

ပိုအံ့ဩစရာကောင်းတာဖြစ်သွားသေးသည်။ ပိုကြီးသောဆင်တစ်ကောင်က တစ်ခုခုရှာဖွေတွေ့ရှိသလို ထူးထူးခြားခြားအရှိန်နှင့် စုံတွဲတစ်တွဲဆီပြေးသွားသည်။

ဘေးတွင်ရပ်နေသောစုံတွဲမှာ အမျိုးသမီးဖြစ်သူက နှင်းဆီပန်းစည်းကြီးကိုင်ထားသည်။

အရည်အသွေး ၂ ဆင်ပြေးလာသောအခါ စုံတွဲကခဏကြောင်သွားသည်။ သို့သော် စောစောကမြင်ကွင်းကိုမြင်ထားသောကြောင့် နှစ်ယောက်သားမှာ ဆင်ကိုလုံးဝမကြောက်မိချေ။

အမျိုးသမီးက အရည်အသွေး ၂ ဆင်ကို 'ဟယ်လို!'ဟုတောင် နှုတ်ဆက်လိုက်သေးသည်။

"ရွှစ်!''

အရည်အသွေး ၂ ဆင်ကမြူးတူးပြီး အသံပြန်ပေးသည်။ ထို့နောက် သူမလက်ထဲမှပန်းစည်းကိုတောင်းနေသလို နှာမောင်းနှင့်ထိုးပြသည်။

"ပန်းတောင်းနေတာလား?''

အမျိုးသမီးက ဘေးမှအမျိုးသားကိုတအံ့တဩမေးသည်။ သူမက အရည်အသွေး ၂ ဆင်ကို အမှတ်တမဲ့ပန်းစည်းပေးလိုက်၏။

အရည်အသွေး ၂ ဆင်က တုံ့ဆိုင်းမနေဘဲ ပန်းစည်းယူပြီး ရာရာကိုသွားပေးလိုက်သည်။

ရာရာမှာပျော်လွန်း၍ ပါးစပ်ကိုလက်နှင့်အုပ်ထားသည်။ ရုတ်တရက် ဒီနေ့အရမ်းကံကောင်းသလိုခံစားရသည်။

စိတ်ညစ်နေတဲ့အချိန်မှာ ဆင်အုပ်စုလိုက်နှစ်သိမ့်တာ ဘယ်သူခံရလဲ?

ဆင်က ပန်းတောင်ပေးတယ်?

သူမကမနေနိုင်ဘဲ အရည်အသွေး ၂ ဆင်ခေါင်းကိုဖက်လိုက်သည်။ အရည်အသွေး ၂ ဆင်က မလှုပ်ဘဲ အလိုက်သင့်ငြိမ်နေ၏။

ပန်းပေးသောအမျိုးသမီးလည်း အံ့ဩသွားကာ_

"ယောက်ျား... အဲကောင်ဉာဏ်ကောင်းလိုက်တာ... အလှူလက်ဖက်နဲ့ မျက်နှာလုပ်တတ်သားပဲ''

မအံ့ဩတဲ့ခရီးသည်ရောရှိမလား?

လူဝင်စားတိရစ္ဆာန်ဟုပြောကြသည်။ ဒီဆင်ပေါက်တွေက တကယ့်ဆင်တွေ။ မဟုတ်ရင် ဒီလိုမယုံနိုင်စရာကိုဘယ်လုပ်နိုင်မလဲ?

လူကိုရယ်အောင်လုပ်တာ၊ ပန်းတောင်းတာ၊ သူများကိုပန်းပေးတာ။ လူအများစုမှာ ဒီလို EQ မျိုးမရှိလောက်ပေ။