ခေါင်းခံမယ့်သူရှိတယ်?
Vol. 67 Ch. 998
ချင်းလင်မွေးမြူရေးခြံမှဆင်များကထူးခြားကြောင်း ခရီးသည်များမှတဆင့်မြန်မြန်ဆန်ဆန်ပြန့်သွားပြီး တစ်ယောက်ပြီးတစ်ယောက် ဆင်လာကြည့်ကြသည်။
ဆင်ပျော်က လူယဉ်သောအရည်အသွေးရှိသောကြောင့် လူအုပ်ကိုလုံးဝမကြောက်။ ပျော်ရွှင်ခြင်းအရည်အသွေးနှင့် သူတို့အပြုအမူများက လူတိုင်းကိုပျော်ရွှင်စေသည်။
အထူးသဖြင့် ဝမ်းနည်းနေသူများကိုမြက်နှုတ်ကျွေးတတ်သည်။ သူတို့၏ချစ်စရာ၊ကြောင်တောင်တောင်နှင့်ပျော်ရွှင်ခြင်းအရည်အသွေးကြောင့် လူတွေပျော်အောင်လုပ်နိုင်သည်။
ဆင်တွေကဉာဏ်ကောင်းမှန်း တစ်ယောက်ပြီးတစ်ယောက်သိလာကြသည်။ မိန်းကလေးတွေက နှစ်သိမ့်ပေးဖို့တောင်းဆိုရင်၊လှလားမေးရင် အမှန်ပင်တုံ့ပြန်ကြသည်။
မိန်းကလေးတွေကလည်း မလှရင်တစ်ခါအော်၊ လှရင်နှစ်ခါအော်ဟုပြောသည်။ ဆင်က နှစ်ခါအော်ရမှန်းသိသည်။
မွေးမြူရေးခြံတွင် ဆင်များကိုဖက်ခိုင်းသောမိန်းကလေးများလည်းရှိသည်။ ဆင်များက သူတို့နှာမောင်းရှည်ကြီးများနှင့်ပတ်ပြီး ခေါင်းနှင့်အသာအယာပွတ်သပ်ပေးကြသည်။
အံ့ဖွယ်ဟုသာဆိုရမည်။
ဆင်ပျော်ထူးဆန်းသည့်အကြောင်း အင်တာနက်ပေါ်မှာအမြန်ပြန့်သွားသည်။ နောက်ပြီး ဆင်ပျော်၏အပြုအမူက နာမည်ကြီးဖို့အလားအလာအရှိဆုံးပင်။
နောက်ရက်များတွင် ချင်းလင်စံအိမ်နာမည်အရှိန်နှင့် ဆင်ပျော်ကအမြန်ဆုံးပေါက်သွားသည်။
ဝမ်းနည်းသူကိုနှစ်သိမ့်ပုံများ၊ အမေးအဖြေလုပ်ပုံများ၊ ဖက်ခိုင်းသောဗီဒီယိုများမှာ Like အများကြီးရသည်။
တွေ့ရအများဆုံးဗီဒီယိုမှာ ဆင်ပျော်ကသူ့နှာမောင်းနှင့်မြက်နှုတ်ပြီး လူကိုကျွေးခြင်းပင်။
နေ့တိုင်းလိုလို မြက်ကျွေးခံရသောလူများက ဗီဒီယိုရိုက်တင်ကြသောကြောင့် ရယ်ရသည်။
မင်မြို့တော်_
ဒီအတောအတွင်း ဥက္ကဌချင်နှင့်ရင်းနှီးလာသောကြောင့် လီဖေးဝမ်းသာနေသည်။
အနည်းဆုံးတော့ ဥက္ကဌချင်ဆီကဆီးနှင်းအမဲသားနဲ့ချင်းလင်ဆန်တွေရတာ တစ်ကြိမ်မကတော့။
နောက်ပြီး ဥက္ကဌချင်က ဟင်းသီးဟင်းရွက်အသစ်ထပ်ဖြည့်ပေးဖို့လည်းကတိပေးထားသောကြောင့် သူတို့ကျင်းလင်နယ်မှာ အချိန်တစ်ခုအထိ ကုန်ပစ္စည်းမပြတ်အောင်ထိန်းထားနိုင်သည်။
အထူးသဖြင့် ဥက္ကဌချင်က ချင်းလင်ဆန်ကိုစိုက်ပျိုးအောင်မြင်ထားသည်။ ရှေ့လျှောက် ရှန်းရွှေလက်ဆောင်ဆန်ရဖို့မခက်တော့။
"ယောက်ျား... ဒါ ရှင် ဥက္ကဌချင်အတွက်သယ်လာတဲ့ဆင်တွေလား?''
လင်းဟိုင်လျန်ကတအံ့တဩနှင့်ရောက်လာပြီး ဖုန်းထိုးပေးသည်။
လီဖေးကဇဝေဇဝါနှင့်ဖုန်းယူပြီး အင်တာနက်ပေါ်မှဆင်ပျော်အကြောင်းသတင်းဖတ်လိုက်သည်။
ဆင်ပျော်အကြောင်းဖတ်ပြီး သူအံ့ဩသွားသည်။
ဒီဆင်လေးတွေက ဉာဏ်ကောင်းလိုက်တာ။
ဒါ သူဥက္ကဌချင်အတွက်သယ်လာတဲ့အကောင်တွေပဲ။ ဟိုနှစ်ကောင်ကပိုကြီးနေတယ်။ ၇ ကောင်ထဲမှာ ကြီးတဲ့နှစ်ကောင်ပါလို့လား?
တကယ်တော့ သူမမှတ်မိ။
သူဌေးချင်စိတ်ကျေနပ်အောင်အာရုံစိုက်နေ၍ ဒါကိုသတိမထားမိပေ။
သူတွေးတောနေစဉ် ဖုန်းမြည်လာသည်။ ဥက္ကဌချင်နံပါတ်ကိုမြင်ပြီး ဖုန်းအမြန်ကိုင်လိုက်သည်_
"ဥက္ကဌချင်... ဘာညွှန်ကြားစရာရှိလဲ?''
ချင်လင်အသံထွက်လာသည်_
"ဆီးနှင်းအမဲသားနဲ့ချင်းလင်ဆန်ရောက်ပြီ... ခင်ဗျားအချိန်ရရင် လာယူပါ''
လီဖေးကသတင်းကြားပြီး လောလောနှင့်_
"ဥက္ကဌချင်ညွှန်ကြားစရာရှိရင် အချိန်မရွေးပါ''
အသားနှင့်ဆန်ကိုပြောခြင်းမဟုတ်။ ထိုစကားများက မစဉ်းစားဘဲထွက်ကျလာခြင်းပင်။ ထူထူထဲထဲပေါင်ကြီးကို တချိန်လုံးဖက်ဖို့အသင့်ပြင်ထားရမည်။
မဟုတ်လို့ ခြေထောက်ကလွတ်ထွက်သွားရင် ကိုယ့်ရှေ့မှာခြေထောက်ကတရမ်းရမ်း၊ အနံ့လည်းရချင်ရနိုင်ပေမဲ့ ဆုပ်ကိုင်ချိန်မရရင် အခွင့်အရေးဆုံးရှုံးမည်။
လီဖေးကဖုန်းချပြီး လင်းဟိုင်လျန်အား_
"အချစ်... ဥက္ကဌချင်ဆက်တာ... သူ့ဆီမှာ ဆီးနှင်းအမဲသားနဲ့ချင်းလင်ဆန်ရောက်ပြီတဲ့''
"ဒါဆို မြန်မြန်သွားယူလေ... အချိန်ဆွဲမနေနဲ့''
လင်းဟိုင်လျန်က လောလိုက်သည်။
ဒီပေါင်ကြီးကိုတင်းတင်းဆုပ်ထားဖို့အရေးကြီးမှန်း သူမသိသည်။
ဥက္ကဌချင်ညွှန်ကြားစရာရှိရင် သူတို့တတ်နိုင်သမျှအမြန်ဆုံးလုပ်ပေးမည်။ ဥက္ကဌချင်ကပစ္စည်းလာယူပါဆိုရင်တော့ အချိန်မဆိုင်းဘဲအပြေးသွားမှာပေါ့။
လီဖေးခေါင်းညိမ့်လိုက်သည်။
သူကချက်ချင်း ချင်းလင်စံအိမ်ဆီထွက်လာသည်။
ရုံချန်း_
ချင်လင်ကဖုန်းချပြီး ထရပ်ကားလေးကိုဂိုဒေါင်အပြင်မောင်းလာသည်။
ကားပေါ်တွင် ဆီးနှင်းအမဲသားနှင့်ချင်းလင်ဆန် ကီလီုဂရမ်သုံးလေးရာပါသည်။
လီဖေးက သူ့အတွက်အလုပ်လုပ်ပေးထားတာ။ သူ့စကားသူပြန်ရုတ်သိမ်းလို့မဖြစ်။ ထို့အပြင် ဆင်ပျော်များရောက်ပြီးနောက်ပိုင်း သူတစ်ခုတွေးမိသေးသည်။
ရှေ့လျှောက် ဆင်ပျော်ကဆက်ကြီးမည်မဟုတ်သောကြောင့် သူ့အရွယ်အစားက သာမန်ဆင်နှင့်ကွာနေမည်။ သူနည်းနည်းပါးပါးပြင်ဆင်ထားရမည်။
ချင်းလင်က အမဲသားနှင့်ဆန်ကို စံအိမ်ပြန်ပို့ပြီး လုံခြုံရေးအစောင့်ကိုသိုလှောင်ခန်းထဲအရင်ပို့ခိုင်းသည်။ ထို့နောက် သူ့ရုံးခန်းထဲပြန်လာသည်။
တံခါးလော့ချပြီးနောက် ဂိမ်းထဲဝင်ကာ နတ်ဘုရားမတောင်သွားပြီးရှာဖွေစူးစမ်းသည်။
နှစ်နာရီကြာပြီးနောက် ရုံးခန်းထဲပြန်ပေါ်လာသည်။ သူ့အဝတ်အစားများတွင် ရွှံ့များပေကျံနေ၏။
တောင်ဂတုံးနှင့်တောရိုင်းထဲ မဖြစ်မနေသွားစူးစမ်းရသည်။
သူ့ရုံးခန်းထဲမှအင်္ကျီတစ်စုံထုတ်ကာ ဂိမ်းထဲပြန်ဝင်ပြီး စိုက်ပျိုးရေးခြံအိမ်ထဲတွင်ရေအဝချိုးပစ်သည်။
ဒီလိုအခြေအနေမျိုးအတွက်လိုရမယ်ရ သူ့ရုံးခန်းထဲမှာအဝတ်အစားအများကြီးဆောင်ထားသည်။
ရေချိုးပြီး စိုက်ပျိုးရေးခြံထဲမှထွက်လာသောအခါ လီဖေးဖုန်းဆက်လာသည်။ သူဖုန်းကိုင်ပြီးနောက် လီဖေးကအပန်းဖြေစံအိမ်ရောက်ချလာ၏။
သူ့အရှိန်က လုံးဝမြန်သည်။
ခဏအကြာ လီဖေးနှင့်သူ့ရုံးခန်းထဲမှာတွေ့သည်။
"သူဌေးလီ ထိုင်ပါဦး... လက်ဖက်ရည်အရင်သောက်ရအောင်''
ချင်လင်က လီဖေးကိုလက်ဖက်ရည်စားပွဲဖိတ်ပြီး အရည်အသွေး ၂ သဘာဝအူလုံလက်ဖက်ခြောက်တစ်အိုးနှပ်သည်။
"ဥက္ကဌချင်.. ဒီလက်ဖက်ရည်ကို မငြီးငွေ့ဘူးနော်... အဲဒါထက် ဥက္ကဌချင်လောက်ကောင်းတဲ့လက်ဖက်ရည်မျိုး ဘယ်မှာမှတွေ့မှာမဟုတ်ဘူး''
လီဖေးက စိတ်ရင်းအတိုင်းပြောသည်။
"သူဌေးလီ... ဆင်အကြောင်းသတင်းဖတ်ပြီးပြီလား?''
ချင်လင်ကပြုံးပြုံးနှင့်မေးသည်။
သူ့အမေးကြောင့် လီဖေးကချက်ချင်းခေါင်းညိမ့်ပြီး_
"အင်း... ဆင်တွေကအရမ်းဉာဏ်ကောင်းတာပဲ''
"သူဌေးလီ... ခင်ဗျားဝယ်ပေးတဲ့ဆင်တွေက သာမန်ဆင်တွေနဲ့မတူဘူးလား?''
ချင်လင်ကမေးပြန်သည်_
"ကျွန်တော်တို့လူတွေနဲ့စမ်းသပ်ကြည့်တော့ ဆင်တွေကနည်းနည်းထူးခြားနေတယ်''
“???”
သူ့စကားနားထောင်ရင်း လီဖေးခဏကြောင်သွားသည်။ ပြီးမှ လောလောနှင့်_
"ဥက္ကဌချင်... ဒီဆင်တစ်သုတ်မှာ ပြဿနာရှိလို့လား? ကျွန်တော်ပြန်မေးပေးမယ်''
လီဖေးနည်းနည်းစိတ်ပူသွားသည်။
အခု ချင်းလင်မွေးမြူရေးခြံဆင်တွေက အရမ်းနာမည်ကြီးနေသော်လည်း တစ်ခုခုဖြစ်ရင် သူတာဝန်ယူပေးရမည်။
အဓိကက ဥက္ကဌချင်မှာ ချင်းလင်ဓာတ်ခွဲခန်းရှိသည်။ သူပြဿနာတစ်ခုခုများ တွေ့ထားလို့လား?
ဒါ ဥက္ကဌချင်ရဲ့ကိစ္စကို သူပထမဆုံးကူညီပေးခြင်းဖြစ်သည်။ ပြဿနာတက်အောင်လုပ်လို့မဖြစ်။
လီဖေးကအချိန်တိုအတွင်း အတွေးများသွားပြီး သူ့အတွေးမှန်သည်ဟုထင်သည်။
ထို့ကြောင့် ချင်လင်ဆီမှအသားနှင့်ဆန်ယူပြီးနောက် မင်မြို့တော်အမြန်ဆုံးပြန်သွား၏။
ဇိမ်ခံပစ္စည်းဆိုင်ပြန်ရောက်ရောက်ချင်း အသားနှင့်ဆန်ကိုသယ်ဖို့မှာခဲ့ပြီး သူ့ရုံးခန်းထဲအပြေးဝင်လာသည်။
"ယောက်ျား... ဘာဖြစ်လို့လဲ?''
လင်းဟိုင်လျန်က ဇဝေဇဝါနှင့်မေးသည်_
"ကြည့်ရတာ ပြာနေသလိုပဲ?''
လီဖေးကသက်ပြင်းချပြီး_
"ငါ ဥက္ကဌချင်အတွက်သယ်ပေးတဲ့ဆင်တွေမှာပြဿနာတစ်ခုခုရှိနေပြီ... ငါ နန်ယွင်ကိုမေးကြည့်ရမယ်... ငါတို့သိလာတာပဲကြာပြီ... ငါ့ကိုမလှည့်စားလောက်ပါဘူးနော်?''
"အင်းလေ''
လင်းဟိုင်လျန်ကခေါင်းညိမ့်ပြီး_
"ဥက္ကဌချင်ကိစ္စ ပေါ့လို့မဖြစ်ဘူး... မြန်မြန်မေး''
လီဖေးကခေါင်းညိမ့်ပြီး ချက်ချင်းဖုန်းထုတ်ကာ နန်ယွင်စီရင်စုမှသူ့အဆက်အသွယ်ကိုဖုန်းဆက်သည်။
အရင်တစ်ခါ သူ့အဆက်အသွယ်မှတဆင့် နားရွက်ကြီးကြီးဆင်တွေကို မြန်မာကယူခဲ့သည်။
ဖုန်းဝင်ဝင်ချင်း လီဖေးကအတွန့်တက်လိုက်သည်_
"ဥက္ကဌဟွမ်... ခင်ဗျား ဒီတစ်ခါတော့လုပ်ချလိုက်ပြီ''
လိုင်းတစ်ဖက်မှဥက္ကဌဟွမ်က နည်းနည်းကြောင်သွားပြီး_
"သူဌေးလီ... ဘာဖြစ်လို့လဲ?''
လီဖေးကတန်းပြောသည်_
"ဥက္ကဌဟွမ်... ခင်ဗျားကူသွင်းပေးတဲ့ဆင်တွေမှာ ပြဿနာရှိလား? ကျွန်တော်က သူဌေးကြီးတစ်ယောက်အတွက်လုပ်ပေးတာ... သူစိတ်ကွက်လို့မဖြစ်ဘူး... သူကပြောတယ်... ဆင်တွေမှာပြဿနာရှိတယ်တဲ့''
ဥက္ကဌဟွမ် အံ့ဩသွားပြီး_
"မဖြစ်နိုင်ဘူး... ငါ့ဝမ်းကွဲကိုခိုင်းထားတာ... သူကငါအယုံကြည်ရဆုံးလူပဲ... ငါ့ကိုမလိမ်လောက်ပါဘူး''
လီဖေးကချက်ချင်းပင်_
"အဲဒီဆင်တွေကို ချင်းလင်ကုမ္ပဏီသူဌေးအတွက်ဝယ်ပေးတာ... သူတို့မှာစမ်းသပ်ဖို့ ချင်းလင်ဓာတ်ခွဲခန်းရှိတယ်... ဥက္ကဌဟွမ်... ဒီလိုကုမ္ပဏီကြီးက ဆင်လေးလေးငါးကောင်နဲ့ မဟုတ်တရုတ်တွေပြောမယ်ထင်လား?''
"ချင်းလင်ကုမ္ပဏီ?''
ဥက္ကဌဟွမ်ခဏကြောင်သွားပြီးမှ အလောတကြီးနှင့်_
"ငါ့ဝမ်းကွဲကိုသွားရှာဦးမယ်... ဒီကောင် ငါ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်တယ်... သူဌေးလီ.. သတင်းစောင့်နေပါ''
လီဖေးကဖုန်းချပြီး နည်းနည်းအပြစ်ရှိသလိုခံစားရသည်။
ဒီဥက္ကဌဟွမ်က သိပ်ယုံကြည်မှုရှိပုံမပေါ်။ သူတကယ် အလိမ်ခံရတာလား?
အကြာကြီးစောင့်ပြီး နောက်ဆုံး ဥက္ကဌဟွမ်က လီဖေးကိုဖုန်းဆက်လာသည်။ သူက ချက်ချင်းဖုန်းကိုင်လိုက်၏။
ဥက္ကဌဟွမ်: ''သူဌေးလီ... အားနာလိုက်တာ... အဲဒါ ငါ့ဝမ်းကွဲရဲ့အမှားပါ... သူကဒီဆင်တစ်သုတ်ကို ကူးစက်ရောဂါတွေကြားထဲကဆွဲလာတာ... အဲဒီကောင်တွေက ကူးစက်ခံထားရတာပဲ... ငါအတင်းပြောခိုင်းမှ... ငါ့ငွေတွေမက်တဲ့ကောင်... စိတ်ပျက်လိုက်တာ''
"ဥက္ကဌဟွမ်... ခင်ဗျားကြောင့် ကျွန်တော်သေတော့မှာပဲ''
လီဖေးက စိတ်ပျက်ပျက်နှင့်ဖုန်းချလိုက်သည်။ တချိန်တည်းမှာ ချင်းလင်ဓာတ်ခွဲခန်း၏အင်အားကိုပိုအထင်ကြီးမိသည်။
သူတို့လက်ထဲရောက်တာနဲ့ ဆင်တွေရဲ့ပြဿနာကိုတန်းသိတာပဲ။
ဒါပေမဲ့ သူကဒုက္ခရောက်ပြီ။ သူ ဥက္ကဌချင်ကိုကူညီပေးတဲ့ကိစ္စက တကယ်ပြဿနာရှိနေသည်။
သို့သော် သူကခေါင်းရှောင်တတ်သူမဟုတ်။
သူကတွေးတောရင်း ချက်ချင်း ရွှေနှင့်မြဇိမ်ခံပစ္စည်းများကိုထုပ်ပိုးသည်။ ရုံချန်းကိုသွားတောင်းပန်ရမည်။
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်က ကျောက်မိုချင်းကိုအဖော်ပြုပြီး အပန်းဖြေစံအိမ်ပန်းခင်းထဲလမ်းလျှောက်နေသည်။ ကျောက်မိုချင်းကိုယ်ဝန်ရင့်လာပြီးနောက်ပိုင်း နေ့တိုင်းလမ်းလျှောက်ဖို့တိုက်တွန်းသည်။
လမ်းလျှောက်ခြင်းက ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးအတွက် တကယ်အကျိုးရှိသည်။
ယောက်ျားတစ်ယောက်အနေနှင့် သူကအချိန်ပေးပြီးအဖော်ပြုပေးသည်။
သို့ရာတွင် လီဖေးကဒီလောက်အလောတကြီးရောက်လာမည်ဟု သူမထင်မိ။ ကျောက်မိုချင်းနှင့်လမ်းလျှောက်ပြီးနောက် ရုံးခန်းထဲတွင် လီဖေးကိုဧည့်ခံရပြန်သည်။
လီဖေးကထိုင်ထိုင်ချင်း တောင်းပန်သည်_
"ဥက္ကဌချင် တကယ်အားနာလိုက်တာ... ဒီဆင်ပေါက်တစ်သုတ်ကိုကောင်းကောင်းမလုပ်ပေးနိုင်ခဲ့ဘူး... ကျွန်တော် နန်ယွင်ကိုလှမ်းမေးပြီးပြီ... သူ့ဝမ်းကွဲကငွေမက်ပြီး မသန့်ရှင်းတဲ့နေရာကနေ ဆင်ပေါက်တွေဆွဲလာတာတဲ့... တော်သေးလို့ ခင်ဗျားစစ်ဆေးပြီးတွေ့တာ... ဒီလိုဖြစ်မယ်မထင်မိဘူး... တကယ်အားနာပါတယ်''
သူ့စကားကြောင့် ချင်လင်နည်းနည်းအံ့ဩသွားသည်။ ဒီအတွက်ခေါင်းခံမယ့်သူရှိသတဲ့လား?
အဲဒါထက် တစ်ယောက်ယောက်ကကြိုပြီးခေါင်းခံသွားပြီ။
ဒီတော့ သူဘာစိုးရိမ်စရာရှိလဲ? ဘာမှဖုံးကွယ်ထားစရာမလိုတော့။
ချင်လင်ကတွေးတောရင်း စိတ်ချမ်းသာသွားပြီး လီဖေးအား_
"သူဌေးလီ မပူပါနဲ့... ဆင်တွေကကူးစက်ခံရပြီး မျိုးပြောင်းသွားတာဖြစ်မယ်... ကောင်းလား မကောင်းလားတော့ မသိဘူး... ကျွန်တော်တို့ထပ်လေ့လာရဦးမယ်... အဲဒါကြောင့် ဆင်တွေဘယ်လိုကူးစက်ခံရတဲ့အကြောင်း ဟိုဘက်ကိုမေးပေးပါဦး... အသေးစိတ်သိလေ ကောင်းလေပါပဲ''
ချင်လင်အပြစ်မတင်မှ လီဖေးကသက်ပြင်းချပြီး_
"မပူပါနဲ့ ဥက္ကဌချင်... ကျွန်တော်ပြန်ပြောလိုက်ပါမယ်''