လက်ဖက်ပင်ရွှေ့စိုက်လို့ရမရ?
Vol. 67 Ch. 999
ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_
ချင်လင်ကဖုန်းချပြီး ကွန်ပျူတာဆီသွားကာ အလုပ်စသည်။
ခဏအကြာ မိတ္တူစက်မှစာရွက်များ၊ဓာတ်ပုံများစွာကျလာသည်။
အချက်အလက်များကို မြန်မာမှပို့လိုက်ခြင်းပင်။ ကူးစက်ရောဂါနေရာမှအချက်အလက်များဖြစ်ပြီး ဓာတ်ပုံများလည်းပါသည်။ တစ်ခုက နန်ယွင်မှသယ်လာသောရောဂါရှိဆင်များ၏ဖြစ်ရပ်အကြောင်းပင်။
လီဖေးကမြန်မြန်ဆန်ဆန်ဖြေရှင်းပေးမည်ဟု ချင်လင်မထင်မိ။
အချက်အလက်က ဒီရောက်လာပြီ။ အချိန်တန်ရင် မွေးမြူရေးခြံကိုမိတ္တူတစ်စုံပို့မည်။ နောက်ကျ အချက်အလက်ပါအတိုင်း ရန်သုံ့ကိုအကျဉ်းချုပ်မိတ်ဆက်ရေးပြီးကြော်ငြာခိုင်းမည်။
ချင်လင်ကပြုံးပြုံးနှင့် အချက်အလက်များကိုအံဆွဲထဲထည့်လိုက်သည်။
လောလောဆယ် ဒီကိစ္စကိုခဏဘေးဖယ်ထားမည်။ ထို့နောက် သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုအာရုံစိုက်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်အား နွေဦးသတ္တုတွင်းသွားပြီးတူးခိုင်းပြန်သည်။
ဖြစ်ချင်တော့ နွေဦးသတ္တုတွင်းမှာကံမကောင်း။
နေ့ဝက်လောက်ကြာသည်အထိ အထူးမြေကြီးနဲ့ကမ္ဘာ့စမ်းရေကလွဲပြီး ဘာမှမည်မည်ရရမတွေ့။
မဟုတ်သေးဘူး။
(လက်ရှိအဆင့်နှင့်ဝင်မရပါ!)
အလွှာ ၆၀ ရောက်သောအခါ စနစ်ကအသိပေးသည်။
နွေဦးသတ္တုတွင်းကိုထပ်ပြီးကန့်သတ်ထားတဲ့သဘော။
ချင်လင်က ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်စေသည်။ ရေကန်သတ္တုတွင်းကိုဆက်တူးမည်အပြုတွင် ဟွမ်ရှင်းကအထူးဒီဇိုင်းထုတ်ထားသောသေတ္တာတစ်လုံးကိုင်ပြီး စိတ်လှုပ်ရှားနေသောမျက်နှာနှင့်ရောက်လာသည်။
"ဘာတွေ ဒီလောက်ဝမ်းသာနေတာလဲ?''
ချင်လင်က ဟွမ်ရှင်းကိုလက်ဖက်ရည်စားပွဲဆီခေါ်ရင်းမေးသည်။
"ချင်လင်... ရေမွှေးကိုအဆီထုတ်ပြီးသီးသန့်ခွဲတာ အောင်မြင်သွားပြီ... ဒီဟာပဲ''
ဟွမ်ရှင်းက စိတ်လှုပ်ရှားသံနှင့်ရှင်းပြသည်။
သူကပြောရင်းဆိုရင်း အထူးသေတ္တာကိုဖွင့်ပြီး အထဲမှသလင်းကျောက်လိုကြည်လင်နေသောရေမွှေးပုလင်းကိုထုတ်ပြသည်။
"အောင်မြင်သွားပြီလား?''
ချင်လင်က တအံ့တဩမေးသည်။
အရင်တစ်ခါ သူဂိမ်းထဲမှရခဲ့သောရေမွှေးမှာ ယောက်ျားမိန်းမအတွက်အထူးအာနိသင်ရှိ၍ အကန့်အသတ်နှင့်သာရောင်းခဲ့သည်။
ဝမ်ရန်တို့ကိုယ်စားလှယ်များကိုပေးပြီး အထူးထုတ်ကုန်အဖြစ်ရောင်းစေရာ အလွန်အောင်မြင်သော်လည်း စျေးကွက်ကအကန့်အသတ်ရှိနေသည်။
ယောက်ျားမိန်းမအထူးအာနိသင်ကိုဖယ်နိုင်ရင် တမျိုးဖြစ်သွားမည်။ ပေါ်ပေါ်တင်တင်ကြော်ငြာရောင်းချနိုင်သည်။
အခု ဟွမ်ရှင်းက ရေမွှေးကိုသီးသန့်ခွဲနိုင်ပြီ။
"မင်းစမ်းကြည့်ပြီးပြီလား?''
ချင်လင်က သတိတရမေးသည်။
"အင်း... လူအယောက် ၁၀၀ လောက်စမ်းကြည့်ပြီးပြီ... ပြဿနာမရှိဘူး''
ဟွမ်ရှင်းကခေါင်းညိမ့်သည်။
"ကောင်းတယ်!''
ချင်လင်စိတ်သက်သာရာရသွားသည်။
"ချင်လင်... ဒီရေမွှေးစမ်းသပ်ချက်ထွက်တော့မယ်''
ဟွမ်ရှင်းကပြောသည်_
"အဲဒီကျရင် မင်းရဲ့ချင်းလင်စံအိမ်က ကူကြော်ငြာပေးပါဦး''
“အင်း!”
ချင်လင် မငြင်း။
ဘာပဲဖြစ်ဖြစ် ရေမွှေးကုမ္ပဏီမှာ သူရှယ်ယာကြီးယူထားသည်။
အရင်က ရေမွှေးမှာ လိင်အထူးအာနိသင်ရှိနေ၍ မကြော်ငြာနိုင်။ အခု ပေါ်တင်ရောင်းနိုင်ပြီဖြစ်၍ ချင်းလင်စံအိမ်တရားအကောင့်ကကြော်ငြာပေးနိုင်သည်။
ဘာပဲဖြစ်ဖြစ် သူ့ပစ္စည်းတွေက ဆိုးဆိုးဝါးဝါးမဖြစ်နိုင်။
တခြားကုမ္ပဏီကထုတ်ကုန်တွေအတွက် ပိုက်ဆံဘယ်လောက်ပေးပေး သူဂရုမစိုက်။ အဲဒီကြော်ငြာခလောက်ကို သူမက်စရာမလိုပေ။ ပြဿနာတစ်ခုခုရှိနေရင် ဖယ်မရတဲ့အမဲစက်ဖြစ်သွားမည်။
စကားကောင်းပြောသူကိုမရွေးသောကြောင့် ပျက်စီးသောဆယ်လီများစွာရှိနေသည်။ ပိုက်ဆံမက်ပြီး ကြော်ငြာကောင်း၏မကောင်း၏ကို မဆုံးဖြတ်နိုင်ကြပေ။
အပြင်လူတွေက ဒါတွေမသိကြ။
"ဒါနဲ့ ချင်လင်... မင်းကိုပြောစရာရှိတယ်''
ရုတ်တရက် ဟွမ်ရှင်းကမေးသည်_
"ဝမ်ရန်ကို မင်းဘယ်လိုထင်လဲ? ရေမွှေးအသစ်ထွက်ပြီဆိုတော့ ငါတို့ကုမ္ပဏီက ပုံမှန်အဆက်အသွယ်ကနေ ကိုယ်စားလှယ်ရှာနေတာ''
"အရင်ရေမွှေးတုန်းက ဝမ်ရန်ရောင်းအားအကောင်းဆုံးပဲ... တခြားကိုယ်စားလှယ်အားလုံးပေါင်းထက်တောင်သာသေးတယ်... အဲဒါကြောင့် ရေမွှေးအသစ်အတွက် သူ့ကိုကိုယ်စားလှယ်ဆက်လုပ်စေချင်တာ... ဒါပေမဲ့ ဒီတစ်ခါကပုံမှန်ရေမွှေးဖြစ်နေတယ်''
"ဟွမ်ရှင်း... မင်း မိန်းမကိစ္စအားလုံးအတွက် ဝမ်ရန်ကိုသာကိုယ်စားလှယ်ထားလိုက်... အဲဒီအပိုင်းမှာ သူကဘယ်တော့မှစိတ်မပျက်ရဘူး''
ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။
အမျိုးသမီးထုတ်ကုန်တွေရောင်းဖို့ ဝမ်ရန်ကိုသံသယဖြစ်နေတာလား? အမျိုးသမီးထုအကြောင်းတွေးရင် အဲဒီအပိုင်းမှာမြန်လွန်းလို့သံသယဖြစ်ရမှာ။
"ဒီလိုဆို စိတ်ချသွားပြီ''
ဟွမ်ရှင်းခေါင်းညိမ့်လိုက်သည်။ ထို့နောက် လက်ဖက်ရည်နောက်တစ်အိုးသောက်ပြီး ပြန်သွား၏။
ချင်လင်လည်း ဟွမ်ရှင်းထားခဲ့သောရေမွှေးပုလင်းကိုဂိမ်းထဲယူပြီး အရည်အသွေးကြည့်လိုက်သည်:
(အထူးပြုပြင်ထားသောရေမွှေး: အရည်အသွေး ၁)
(အထူးသီးသန့်ထုတ်ထားသောရေမွှေးဖြစ်သည်:
အနံ့ +၁၊ အမျိုးသားဆွဲဆောင်ခြင်း +၁၊ ပျော်ရွှင်စေခြင်း +၁)
ချင်လင်ကမှတ်ချက်ကိုဖတ်လိုက်သည်။ အမျိုးသားကိုဆွဲဆောင်ပြီး ပျော်ရွှင်စေသောအာနိသင်ရှိသေးသော်လည်း ဆန္ဒဖြစ်ပေါ်စေခြင်းအာနိသင်ကပျောက်သွားပြီ။
နောက်ပြီး ပုံမှန်ရေမွှေးအာနိသင်မှာလည်း အမျိုးသားဆွဲဆောင်ခြင်းပါသည်။
အမျိုးသမီးတစ်ဦး ရေမွှေးသုံးရတဲ့ရည်ရွယ်ချက်က သူ့ကိုယ်သူကျေနပ်အောင်အပြင် ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်ဖို့ပဲမလား?
ဘာပဲဖြစ်ဖြစ် အမျိုးသမီးအတော်များများရေမွှေးဝယ်တာ ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်ဖို့သာ။ သူတို့ကောင်လေးကြိုက်သောအထူးရေမွှေးများတောင်ဝယ်ကြသည်။
ဒီအမြင်က တချို့အမျိုးသမီးများအတွက်ကန့်လန့်ဖြစ်နိုင်သော်လည်း လက်မခံပါက ဒီရေမွှေးဝယ်မသုံးရုံသာ။ ဘယ်သူမှအတင်းအကြပ်မတိုက်တွန်း။
ဟွမ်ရှင်းကအပန်းဖြေစံအိမ်မှထွက်လာပြီး ကုမ္ပဏီပြန်ရောက်သောအခါ ချက်ချင်းဝမ်ရန်ကိုဆက်သွယ်သည်။
ထုတ်ကုန်အသစ်ထွက်ရင်၊ အထူးသဖြင့် ရေမွှေးနှစ်ခုကိုထူးခြားတဲ့အဆက်အသွယ်ကနေရောင်းရင် စိတ်ချရတဲ့ကိုယ်စားလှယ်ဖြစ်ဖို့အရေးကြီးသည်။
ဝမ်ရန်ကပြဿနာမရှိကြောင်း ချင်လင်ပြောမှတော့ သူယုံသည်။ ထို့ကြောင့် သူ့ကိုချက်ချင်းဆက်သွယ်ဖို့ဆုံးဖြတ်လိုက်သည်။
မင်စီရင်စု_
အဆောက်အဦးတစ်ခုတွင် ဝမ်ရန်ကရုံးခန်းအသစ်ရှာနေရင်း သူ့ဘေးမှဖေးဖေးအား_
"ဘယ်လိုလဲ? ပြန်ပြင်ထားတာ အဆင်ပြေတယ်မလား?''
"အစ်ကိုရန်... ဒီလိုပြင်ဆင်တာက အရင်ထက်ပိုကောင်းတယ်''
ဖေးဖေးကခေါင်းညိမ့်သည်။
"OK... အခုကစပြီး ဒီရေမွှေးရုံးခွဲရဲ့တာဝန်ခံက မင်းဖြစ်သွားပြီ''
ဝမ်ရန်ကပြုံးပြီး ဖေးဖေးကိုရုံးခန်းထဲဆွဲခေါ်လာသည်။
မူလချင်းလင်လက်ဖက်ရည်ကိုယ်စားလှယ်ကို ဒီထဲမရွှေ့ဘဲ ရေမွှေးလုပ်ငန်းသက်သက်ခွဲကာ ရုံးခန်းဖွင့်သည်။
မတတ်နိုင်။ ဘာပဲဖြစ်ဖြစ် အစ်မလင်းလင်းနဲ့ဖေးဖေးကိုအတူတူထားမရ။ ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့ချင်းလင်ဆေးဖက်ဝင်ဝိုင်ရှိရင်တောင်မှပေါ့။
အစ်မလင်းလင်းနဲ့ဖေးဖေး ရန်မဖြစ်ရင်ကောင်းမည်။ သူတို့ရန်ဖြစ်ရင် အစ်မလင်းလင်းက သူ့ရုံးခန်းထဲစိတ်ထွက်ပေါက်လာရှာမည်။ ဖေးဖေးကစိတ်ဆင်းရဲကာ ခဏနေရင် သူ့ဆီသေချာပေါက်ရောက်လာမည်။
အထူးသဖြင့် အိမ်ကတစ်ယောက်မွေးပြီးပြီဆိုတော့ အလှူပေးရဦးမည်။ သူတို့သာတစ်နေ့တည်းဆုံရင် သူအသက်ပါနိုင်တယ်မလား?
အဓိကက တစ်နေ့တည်း တစ်ကြိမ်မကဖြစ်မည့်ပုံရှိနေသည်။
သူဘယ်လိုလုပ်ခံနိုင်ပါ့မလဲ? သူ့ကျန်းမာရေးအတွက် သူ့မှာရွေးချယ်စရာမရှိ။
ရုံးခန်းတံခါးလော့ချပြီး ဝမ်ရန်ကဖေးဖေးကိုထိုင်ခိုင်းမည်အပြုတွင် ဖုန်းမြည်လာသည်။
ဟွမ်ရှင်းဖုန်းဖြစ်နေသောကြောင့် ဖေးဖေးမျက်စောင်းထိုးနေသည့်ကြားက သူမကိုအမြန်ထခိုင်းလိုက်၏။
ယောက်ျားတွေမှားတတ်တဲ့အမှားမျိုး သူကျူးလွန်သော်လည်း အရေးကြီးတာမကြီးတာ သူခွဲတတ်သေးသည်။ သူက ဟွမ်ရှင်းဖုန်းကိုအမြန်ကိုင်လိုက်သည်။
…
ချင်လင်က ဟွမ်ရှင်းရေမွှေးပုလင်းမှတ်ချက်ကိုဖတ်ပြီး ဂိမ်းထဲမှပြန်ထွက်လာသည်။ သူ့ဂိမ်းဇာတ်ကောင်အား နေ့စဉ်တာဝန်များအပြီးသတ်ခိုင်းသည်။
သူဒီနေ့ အတော်ကံကောင်းနေသည်။ နတ်ဘုရားမတောင်ပေါ်သွားရာ သစ်မွှေးနှင့်နံ့သာနီအသစ်ပေါ်နေသည်ကိုတွေ့ရသည်။
အခု သူဒီသစ်နှစ်မျိုးသိပ်မလိုသေး။
ဒါပေမဲ့ ဒီသစ်မျိုးပေါ်မှတော့ ခုတ်ပြီးသိမ်းထားရုံသာ။ ရှေ့လျှောက် သုံးစရာမရှိလို့ အခေါင်းသုံးလေးလုံးရိုက်ထားရင်တောင် အသုံးဝင်လောက်တယ်မလား?
အခေါင်းကို ရွှေနန်မူသစ်နှင့်လုပ်သည်ဟု ရှေးလူကြီးတွေပြောဖူးသည်။
သစ်မွှေး၊နံ့သာနီနဲ့လုပ်တော့ရော ဘာထူးလဲ?
ချင်လင်က နတ်ဘုရားမတောင်ပေါ်အသစ်ထွက်သောသစ်အားလုံးခုတ်ပြီးနောက် သူ့ဂိမ်းဇာတ်ကောင်အား တောင်တန်းထွက်ကုန်နေရာသွားစေသည်။
ဒီတစ်ခါ သူနည်းနည်းကံကောင်းနေသည်။
တောင်တန်းထွက်ကုန်များလည်းအသစ်ထွက်ပြီး သဘာဝအူလုံလက်ဖက်ခြောက်များဖြစ်နေသည်။
(ဂုဏ်ယူပါတယ်... သဘာဝအူလုံလက်ဖက်ခြောက်ကတ်တီ ၃၀ ရပါတယ်!)
ချင်လင်က ဂိမ်းဇာတ်ကောင်အား သဘာဝလက်ဖက်ခြောက်များခူးစေပြီးနောက် နောက်လက်ဖက်ပင်တစ်ပင်ဆီသွားစေသည်။ လက်ဖက်ခူးမည်အပြုတွင် ရုတ်တရက် သူတစ်ခုတွေးမိသည်။
နောက်ခဏတွင် သူကအတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။
ချင်လင်က သူ့ထက်နည်းနည်းရှည်သောလက်ဖက်ပင်ကိုကြည့်ရင်း သူ့မျက်လုံးများတလက်လက်တောက်လာသည်။
အရင်ကဂိမ်းထဲဝင်ပြီး ဘယ်မှမသွားနိုင်သောကြောင့် သိပ်မတွေးမိ။ အခု နတ်ဘုရားမတောင်ပေါ်တက်ပြီး လက်ဖက်ခြောက်ခူးနိုင်ပြီဖြစ်၍ ရုတ်တရက်အကြံရလာသည်။
ကြက်ဥဆိုတစ်ခါပဲစားရမယ်။ အကောင်ဖောက်လိုက်ရင် အများကြီးစားရမယ်။
အခု နတ်ဘုရားမတောင်ပေါ်တက်နိုင်ပြီ။ လက်ဖက်အပင်လိုက်ကြီးက သူ့ရှေ့မှာ။ ခူးမနေဘဲ အပင်လိုက်ရွှေ့စိုက်မှာပေါ့။
အပင်ရွှေ့စိုက်လို့အောင်မြင်ရင် အနည်းဆုံးတော့ လက်တွေ့လောကမှာ လက်ဖက်ညွန့်ထွက်နေတုန်း ခူးစားလို့ရတယ်မလား?
……