ကင်ဆာအမြစ်ပြတ်မလား?
Vol. 67 Ch. 1000
ချင်လင်ကတွေးကြည့်ပြီး လက်ဖက်ပင်မှလက်ဖက်သုံးလေးရွက်ခူးလိုက်သည်။ ထို့နောက် ခေါင်းငုံ့ပြီး မှတ်ချက်ဖတ်လိုက်၏:
(ရှားပါး - သဘာဝအူလုံလက်ဖက်ခြောက်: အရည်အသွေး ၂)
(သဘာဝအတိုင်းပေါက်သော ထျယ်ကွမ်ရင်အမျိုးအစားဖြစ်သည်။ လက်ဖက်ရွက်များထဲတွင်အကောင်းဆုံးဖြစ်ပြီး ရှားပါးသည်။ လက်ဖက်ခြောက်လှော်ပြီး လက်ဖက်ရည်နှပ်နိုင်သည်။ အာနိသင်များစွာရှိသည်:
လက်ဖက်နံ့ +၂၊ လျှာပေါ်စွဲခြင်း +၂၊ ခံတွင်းရှင်းစေခြင်း +၂၊ အစာကြေစေခြင်း +၂၊ စိတ်ကြည်လင်လန်းဆန်းစေခြင်း +၂၊ ကင်ဆာကာကွယ်ခြင်း +၂!)
ဒီအတိုင်းခူးသောလက်ဖက်ရွက်များက ဂိမ်းဇာတ်ကောင်ခူးထားသလိုအာနိသင်ရှိနေသည်။
အထူးသဖြင့် ကင်ဆာကာကွယ်သောအာနိသင်ကအရေးကြီးသည်။
ဒီလက်ဖက်ပင်ကိုရွှေ့စိုက်ရင် ချင်းလင်ဓာတ်ခွဲခန်းဝန်ထမ်းတွေစမ်းကြည့်ပြီး အာနိသင်တွေ့နိုင်သည်။
ဒီလိုဆိုရင် လက်ဖက်ပင်ကိုပျိုးထောင်ကြည့်နိုင်ပြီ။
ပျိုးထောင်လို့ရရင် အရည်အသွေး ၁ ဖြစ်ဖြစ်၊ သာမန်ပဲဖြစ်ဖြစ်၊ ကင်ဆာကာကွယ်တဲ့အာနိသင်က ဘယ်လောက်ကောင်းလိုက်မလဲ?
ကင်ဆာအမျိုးအစားခွဲခြားထားခြင်းမရှိ။ ကင်ဆာအားလုံးအတွက်အာနိသင်ရှိသည်။
ဒါ ကင်ဆာရဲ့ခြိမ်းခြောက်မှုကနေ ကိုယ့်နိုင်ငံလွတ်မြောက်နိုင်တဲ့သဘောမလား?
နိုင်ငံအတော်များများက လက်ဖက်ကိုနာမည်ဖျက်ပြီး ကော်ဖီကိုအမွမ်းတင်နေကြသည်။ အချိန်တန်မှ တစ်ကမ္ဘာလုံးက လက်ဖက်ရည်သောက်လာကြလိမ့်မည်။ အဲဒီကျရင် သူတို့ကလက်ဖက်ခြောက်ဘုရင်!
မဟုတ်သေး။ အဲဒီကျရင် နိုင်ငံခြားသားတွေကိုဒီအတိုင်းသောက်ခွင့်မပေး။
သူတွေးတဲ့အတိုင်းဆို အလှူကြီးပေးသလိုဖြစ်နေမည်။
ချင်လင်ကအတွေးနှင့် ဂိမ်းထဲမှထွက်လာသည်။ အပန်းဖြေစံအိမ်မှတူးဖော်ရေးကိရိယာများယူပြီး ဂိုဒေါင်ဘက်မောင်းလာ၏။
ဂိုဒေါင်ကိုအတွင်းဘက်မှသော့ခတ်ပြီးလျှင် ချင်လင်ကဂိမ်းထဲဝင်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်နေရာဝင်ပြီး လက်ဖက်ပင်ဆီလျှောက်သွား၏။ ထို့နောက် ကိရိယာများနှင့် လက်ဖက်ပင်ကိုသေချာတူးယူသည်။
လက်ဖက်ပင်အမြစ်မထိအောင် ဂရုတစိုက်တူးသည်။
လက်ဖက်ပင်ကသူ့ထက်အရပ်ရှည်ပြီး ထိပ်ပိုင်းမှာအုံ့ဆိုင်းသည်။ လက်ဖက်ပင်ကိုအထိအခိုက်မရှိအောင် အတော်အားထုတ်ရသည်။
လက်ဖက်ပင်အမြစ်အကုန်ပါစရာမလိုသော်လည်း လက်ဖက်ပင်ရေသောက်မြစ်ကိုထိလို့မရ။
ထို့ကြောင့် မတူးခင်ကတည်းက ရေသောက်မြစ်ကိုအရင်ရှာရသည်။
နောက်ပြီး သူအတော်အားစိုက်ထုတ်ရသည်။ သာမန်လူဆိုမလုပ်နိုင်။ သူကစွမ်းအားပင်အသီးနှစ်လုံးစားထား၍သာတော်တော့သည်။
နောက်ဆုံး ချင်လင်က လက်ဖက်ပင်အောက်ခြေမှမြေကြီးအားလုံး တူးထုတ်လိုက်သည်။
လက်ဖက်ပင်တစ်ပင်လုံးနှင့်အမြစ်ပါသောမြေကြီးက အလွန်ကျယ်ပြန့်ပြီးလေးလံသည်။ ပုံမှန်အတိုင်းဆို ကရိန်းမပါဘဲလက်ဖက်ပင်ကိုဆွဲထုတ်ဖို့မဖြစ်နိုင်။
သူကတော့ လက်ဖက်ပင်ကိုလက်ဝါးနှင့်ထိပြီး အတွေးနှင့်ဂိမ်းအပြင်ထုတ်လိုက်ရာ ဂိုဒေါင်ထဲပေါ်လာသည်။
ချင်လင်ကလက်ဖက်ပင်ကိုကြည့်ပြီး မပြုံးဘဲမနေနိုင်တော့။
ပထမအဆင့်တော့ပြီးပြီ။
သူ့စိတ်ထဲမှဖန်သားပြင်ကိုပြန်ကြည့်ပြီး ဂိမ်းဇာတ်ကောင်အား နောက်လက်ဖက်ဆီသွားစေကာ ဆက်တူးသည်။
ဒီတစ်ခါ တောင်တန်းထွက်ကုန်များမှလက်ဖက်ပင်တစ်ပင်ကို ဂိမ်းဇာတ်ကောင်ကခူးပြီး ကျန်သုံးပင်ကိုသာ ချင်လင်တူးသည်။
ချင်လင်လက်ဖက်ပင်သုံးပင်ကိုတူးပြီးနောက် အထူးမြေကြီးသုံးအိတ်ထုတ်လိုက်သည်။
သူတူးနေစဉ် လက်ဖက်ပင်အမြစ်များအထိအခိုက်ရှိ၍ အထူးမြေကြီးသုံးပြီးရွှေ့စိုက်မည်။ ဒါမှလက်ဖက်ပင်သုံးပင်ရှင်နိုင်မည်။
ထို့နောက် ချင်လင်ကဖုန်းထုတ်ပြီး ကျောက်လီယွမ်ကိုဆက်လိုက်ပြန်သည်။
ကျောက်လီယွမ်က ချင်လင်၏ညွှန်ကြားချက်ကိုမရိုမသေမလုပ်ရဲသောကြောင့် ကရိန်းတစ်ခု၊ ထရပ်ကားသုံးစီးနှင့် မကြာမီရောက်ချလာသည်။
"ဥက္ကဌချင်... လက်ဖက်ပင်ကဒီလောက်ရှည်လား?''
ကျောက်လီယွမ်က လက်ဖက်ပင်သုံးပင်ကိုကြည့်ပြီး မမေးဘဲမနေနိုင်တော့။
ရုံချန်းမှာလက်ဖက်ပင်မရှား။ ဘာပဲဖြစ်ဖြစ် လက်ဖက်က ရုံချန်းရဲ့အဓိကလုပ်ငန်းတစ်ခုဖြစ်သည်။ လက်ဖက်ခြောက်ကနေ အလုပ်ဖြစ်နေတဲ့လူတွေ ဘယ်လောက်များလိုက်လဲ?
ရုံချန်းလက်ဖက်လုပ်ငန်းက အသင့်စားသောက်ကုန်ဟုသာဆိုရမည်။ များသောအားဖြင့် လက်ဖက်မြို့တော်ကိုအားထားရသည်။ ပုံမှန်အတိုင်းဆို ငယ်ငယ်လှလှမိန်းကလေးများက လက်ဖက်ရည်ရောင်း၊ လက်ဖက်နှပ်ပြီး စကားပြောကြသည်။
ယနေ့ခေတ်တွင် အပြင်ထွက်ချင်သောယောက်ျားများက နေရာသုံးနေရာသွားပြီး အပန်းဖြေကြ၏:
ခြေထောက်ဆေးစိမ်၊ ဘား၊ လက်ဖက်ရည်ဆိုင်!
ထိုသုံးနေရာမှာ ငယ်ငယ်ရွယ်ရွယ်မိန်းကလေးများရှိကြသည်။
အသင့်စားသောက်ကုန်လက်ဖက်လုပ်ငန်းဖြစ်သောကြောင့် ဘယ်သူမှကောင်းကောင်းမလုပ်ကြ။ လက်ဖက်ပင်မြင့်မြင့်မရှိသလို နာမည်ကြီးလက်ဖက်ပင်ကောင်းကောင်းမရှိပေ။
"အပန်းဖြေစံအိမ်ကို လက်ဖက်ပင်သုံးပင်ပို့ပေးပါဦး... ပြီးရင် ကရိန်းနဲ့စိုက်ပေးပါ''
ချင်လင်က ကျောက်လီယွမ်ကိုညွှန်ကြားသည်။
"ကောင်းပါပြီ ဥက္ကဌချင်''
ကျောက်လီယွမ်က ချက်ချင်းဖြေသည်။
လက်ဖက်ပင်သုံးပင်ကို အပန်းဖြေစံအိမ်ပို့ပြီးနောက် သူကထရပ်ကားကိုအပန်းဖြေစံအိမ်ထဲပြန်မောင်းလာသည်။ ဒါကိုလည်း အာရုံစိုက်ခံရသည်။
တော်ဝင်ပညာရှင်လီက သစ်မွှေးပွဲကြည့်စင်ထဲတွင်လက်ဖက်ရည်နှပ်ရင်း ချင်လင်ကားထဲမှထွက်လာသည်ကိုမြင်ပြီး အံ့ဩသံနှင့်မေးသည်_
"သူဌေးချင်... ဒီလက်ဖက်ပင်ကို ဘယ်ကရလာတာလဲ?''
"တောင်ပေါ်ကပါ... ကျွန်တော်ဝယ်ချင်နေတာကြာပြီ... ဟိုဘက်ကမရောင်းလို့''
ချင်လင်ကရယ်ရယ်မောမောနှင့်ပုံပြောလိုက်သည်_
"ဒီတစ်ခါ သူ့ဘက်ကအရင်ဆက်သွယ်လာတာ... သူ့မိသားစုဝင်မင်္ဂလာဆောင်မှာမလို့တဲ့... အိမ်နဲ့ကားဝယ်ချင်တယ်တဲ့... ပိုက်ဆံပိုတောင်းတယ်... ဒါပေမဲ့ တန်ပါတယ်... ဘာပဲဖြစ်ဖြစ် လက်ဖက်ကောင်းကရှားတာပဲ''
တော်ဝင်ပညာရှင်လီက ထောက်ခံသည်_
"အမှန်ပဲ... ဒီလိုလက်ဖက်ရည်မျိုးကို ဥက္ကဌချင်ပဲခဏခဏသောက်နိုင်တာ... သာမန်လက်ဖက်ဆို မင်းမျက်စိကျမှာမဟုတ်ဘူး... ဒီလက်ဖက်က ထူးခြားတယ်''
"တော်ဝင်ပညာရှင်လီ သိတယ်လား?''
ချင်လင်ကတအံ့တဩမေးသည်။
"မင်းဆိုတဲ့သူဌေးချင်ဝယ်လာလို့လေ''
တော်ဝင်ပညာရှင်လီက အလေးအနက်ပြန်ဖြေသည်_
"သာမန်လက်ဖက်ပင်ဆို မင်းဆိုတဲ့သူဌေးချင်က မျက်စိမကျဘူးမလား?''
ချင်လင်မှာ ရယ်ရမှန်းမသိ၊ငိုရမှန်းမသိသော်လည်း သူဘာတွေးနေလဲမသိတော့။
တစ်ခါက သတင်းတစ်ခုရှိဖူးသည်။ သူဌေးကြီးမာ စတော့တစ်ခုဝယ်ရင် နောက်နေ့ အဲဒီစတော့က စျေးထိုးတက်တတ်သည်တဲ့။