ဘယ်သူမှဒါမျိုးမလုပ်နိုင်! သူဌေးကအဆန်း!
Vol. 67 Ch. 1005
ချင်လင်က အံ့ဖွယ်ချိုပဲ့ကိုမှုတ်ပြီး အလှအပဘဲအားလုံး သူ့ဆီစုရန်အမိန့်ပေးလိုက်သည်။
တချိန်တည်းလိုလို အလှအပဘဲများက ချိုပဲ့သံကိုကြားပြီး ရေသောက်နေသည်ဖြစ်စေ၊ တောင်ပံခတ်နေသည်ဖြစ်စေ၊ အချင်းချင်းပွတ်သပ်ကစားနေသည်ဖြစ်စေ၊ အားလုံးအကုန်ရပ်ပြီး ချင်လင်ဆီတပြိုင်တည်းပြေးလာကြသည်။
ရေပေါ်တံတားရှုခင်းဘဲခြံတွင် သုံးလေးကြိမ်အကောင်ဖောက်ပြီးဖြစ်၍ အရည်အသွေး ၁ ဘဲများက သုံးလေးရာခန့်ရှိသည်။
ငန်းလောက်အရွယ်အစားရှိသောဘဲရာချီအုပ်လိုက်က လူတစ်ယောက်တည်းဆီပျံသွားတာ အလွန်ခမ်းနားသောမြင်ကွင်းပင်။
ဘာပဲဖြစ်ဖြစ် ကြက်အကောင်တစ်ရာ လူတစ်ယောက်ဆီပျံသွားရင်တောင် ကြည့်ကောင်းသေးသည်။ ထိုမြင်ကွင်းကြောင့် လူအတော်များများစိတ်လှုပ်ရှားပြီး သက်ပြင်းချကြမည်။
ပတ်ပတ်လည်ရှိခရီးသည်များ အံ့ဩသွား၏။ ဘဲဖြူအုပ်လိုက်ကိုအာရုံစိုက်မိကြပြီး သူတို့ဖုန်းထုတ်ကာ ဓာတ်ပုံများရိုက်ကြသည်။
ထို့နောက် ဘဲဖြူအုပ်က ချင်လင်ရှေ့ရပ်ပြီး သူ့ကိုဝိုင်းအော်ကြ၍ အားလုံးအံ့ဩသွားသည်။
အထူးသဖြင့် အရည်အသွေး ၂ ဘဲကြီးများက ချင်လင်ရှေ့ရပ်ပြီး သူ့ကိုကြည့်နေကြသည်။
အစ်ကိုကြီးများက လက်အောက်ငယ်သားများခြံရံပြီး ချင်လင်ကိုပတ်လည်ဝိုင်းကာ 'ဘာလုပ်ချင်လဲ?'မေးနေကြသလိုပင်။
ထိုအခိုက်_
ခရီးသည်များကလည်း ချင်လင်ကိုမှတ်မိသွားကြသည်။
"ရှောင်ချင်ထင်တယ်?!"
"ဟုတ်မယ်!''
"စောစောကဘဲတွေစုဖို့ သူမှုတ်တာလား?''
"အဲလောက်မထူးဆန်းသင့်ဘူးလေ? သူက မြင်းထိန်းမလား? ဒါက ဘဲ''
"သူကသုတေသနမှာရော... ချင်းလင်ဆန်ပျိုးထောင်ခဲ့တာ!''
"အဲဒါတင်မကဘူး... ခရီးသွားမေဂျာကတဲ့... နောက်ဆုံး သုတေသနသွားမလုပ်ဘူးလား?''
“……”
ချင်လင်ကိုတွေ့ပြီး အုတ်အော်သောင်းတင်းဖြစ်ကုန်သည်။
ဘာပဲဖြစ်ဖြစ် ရှောင်ချင်ကနာမည်ကြီးနေပြီ။
ချင်လင်က ခရီးသည်များကိုဂရုမစိုက်။ ဘာပဲဖြစ်ဖြစ် ဒီနေရာကိုဘယ်သူမှမဝင်နိုင်။
အံ့ဖွယ်ချိုပဲ့ကို သူပိုပြီးအံ့ဩလာသည်။ ဘယ်လိုဉာဏ်ရည်ရှိတဲ့တိရစ္ဆာန်မျိုးဖြစ်ဖြစ် အမိန့်ပေးနိုင်ပုံရသည်။ နောက်ပြီး အမိန့်ပေးနိုင်သောတိရစ္ဆာန်အရေအတွက် အကန့်အသတ်ရှိပုံမရ။
ရာဂဏန်းရပြီဆိုတော့ ထောင်ဂဏန်းရမလား? သောင်းဂဏန်းရော?
မော်ဒန်ခေတ်မှာ ဒီပစ္စည်းသုံးဖို့အကန့်အသတ်ရှိနေတာ နှမြောစရာ။
ရှေးခေတ်ကဆိုရင် ဒီပစ္စည်းနဲ့တောထဲသွားပြီး သားရိုင်းတိရစ္ဆာန်တွေစု၊ ကိုယ်သတ်ချင်တဲ့သူကိုသတ်ပစ်နိုင်သည်။
အထူးသဖြင့် မြက်ခင်းပြင်တိုက်ပွဲတွေဖြစ်စဉ်က ဒီပစ္စည်းရှိရင် တစ်ယောက်တည်းနဲ့ တစ်မျိုးလုံးသုတ်သင်ပစ်နိုင်သည်။
"ဟင်း... ခေတ်မှားပြီးပေါ်လာတာပဲ''
အံ့ဖွယ်ချိုပဲ့က အချိန်မှားနေပြီဟုချင်လင်ထင်သည်။ ထို့နောက် အလှအပဘဲများကိုကြည့်ပြီး အံ့ဖွယ်ချိုပဲ့မှုတ်လိုက်ပြန်သည်။
အသံထွက်သည်နှင့် အလှအပဘဲများကိုတန်းစီကာမလှုပ်ဖို့ သူ့စိတ်ထဲမှအမိန့်ပေးလိုက်သည်။
တခဏချင်း ဖရိုဖရဲဖြစ်နေသောအလှအပဘဲအုပ်က လှုပ်ရှားလာသည်။ ထို့နောက် အတန်းလိုက်ရပ်ပြီးမလှုပ်ကြ။
"တကယ်အချိန်မှားနေတာ!''
ဘဲအုပ်က ဒါမျိုးတောင်လုပ်တတ်နေ၍ ချင်လင်သက်ပြင်းချလိုက်သည်။
သို့ရာတွင် ထိုမြင်ကွင်းကြောင့် ခရီးသည်အားလုံးကြောင်သွားသည်။
ဘဲသုံးလေးရာက ဒီလိုတန်းစီတယ်! အစီအစဉ်ကျကျတောင်ရပ်နေသေး!
အလယ်တန်းကျောင်းသားသုံးလေးရာဆိုရင်တောင် ဒီလောက်အချိန်တိုအတွင်း သပ်သပ်ရပ်ရပ်စီနိုင်ပါ့မလား?
အအံ့ဩဆုံးက ရန်သုံ့ပင်။
ဘာဖြစ်နေမှန်းမသိသောအကြည့်နှင့် သူ့သူဌေးကိုကြည့်နေသည်။
ဘဲခြံထဲကဘဲတွေ ဘယ်တုန်းကဒီလိုလုပ်တတ်သွားတာလဲ?
ရန်သုံ့ကအမြန်ပြေးပြီး မေးသည်_
"သူဌေး... ဘယ်လိုဖြစ်တာလဲ? ချိုပဲ့နဲ့ဆိုင်တာလား? ကျွန်တော်မှုတ်ကြည့်လို့ရလား?''
သူ့အမေးကြောင့် ချင်လင်ကရန်သုံ့အား အံ့ဖွယ်ချိုပဲ့ပေးပြီး_
"ကြည့်ရအောင်!''
ရန်သုံ့ကစိတ်လှုပ်ရှားနေပုံနှင့် အံ့ဖွယ်ချိုပဲ့ကိုယူလိုက်သည်။ သူမှုတ်ဖို့ကြိုးစားသော်လည်း ခဏအကြာ သူ့မျက်နှာနီရဲလာသည်။
အားကုန်မှုတ်သော်လည်း အံ့ဖွယ်ချိုပဲ့ကလုံးဝအသံထွက်မလာ။ သူက ကျွဲချိုတောင်မှုတ်နိုင်တဲ့သူ။ သူ့အဆုတ်တွေကအားကောင်းပြီးသား။
ဒီချိုက ဘာလဲဟ?
ခဏအကြာ_
ရန်သုံ့ကခြေကုန်လက်ပမ်းကျပြီး အံ့ဖွယ်ချိုပဲ့ကို ချင်လင်ဆီပြန်ပေးလိုက်သည်။ သူ့လည်ချောင်းနာလွန်း၍ ဘာမှမပြောနိုင်တော့။
"သူဌေး... ဒါဘာလဲ? ဘာလို့အရမ်းမှုတ်ရခက်တာလဲ?''
အကြာကြီးနေမှ ရန်သုံ့ကသက်ပြင်းချသည်။
"ကျွဲချိုလေ... မသိဘူးလား?''
ချင်လင်ကလျှောက်ပြောလိုက်သည်။
"သိတာပေါ့... မသေချာလို့... ဘာပဲဖြစ်ဖြစ် ကျွန်တော့်အဘိုးက နွားမွေးတဲ့သူပါ!''
ရန်သုံ့ကအမြန်ပြောပြသည်။
ထို့နောက် သူ့အိတ်ကပ်ထဲမှအနီရောင်ကတ်ကိုထုတ်ကာ ချင်လင်ကိုပေးရင်း_
"သူဌေး... ကြည့်ပါဦး... ကျွန်တော်ဒီရက်တွေခွင့်ယူမလို့... အင်း.. ကွေ့ကျူလည်း ခွင့်ယူချင်တာ''
အနီရောင်ဖိတ်စာကြောင့် ချင်လင်နည်းနည်းအံ့ဩသွားပြီး ရန်သုံ့ကိုစသလိုကြည့်ကာ_
"ရတာပေါ့!''
မင်္ဂလာဆောင်ဖိတ်စာပင်။
ရန်သုံ့လက်ထပ်မည့်သူက ကျန်းကွေ့ကျူ!
ဒီနှစ်ယောက်အကြောင်း သူမှတ်မိသေးသည်။ တစ်ယောက်က မိဘမရှိ။ အဘိုး၊ဦးလေးနှင့်အတူနေသည်။ သူ့အဘိုးနှင့်ဦးလေးက အိမ်ကိုဖျက်ပြီး သူမင်္ဂလာဆောင်ရင်တောင်းရမ်းဖို့ အိမ်နှစ်လုံးပေးသည်။ သူတို့တောင်းဆိုချက်က ရုံချန်းမှာအလုပ်လုပ်ပြီး ရုံချန်းသူကိုယူရမည်တဲ့။
ကျန်းကွေ့ကျူကလည်း တစ်ဦးတည်းသောသမီး။ သဲမြို့တော်မှာအလုပ်လုပ်ခဲ့သည်။ ရှေ့လျှောက် သူမမိဘများကိုဂရုစိုက်နိုင်ရန် ဒေသခံအလုပ်နှင့်ဒေသခံကောင်လေးတစ်ယောက်ရှာရန်ပြန်လာခြင်းပင်။
ရန်သုံ့က ကျန်းကွေ့ကျူကိုမြင်မြင်ချင်းမျက်စိကျပြီးလိုက်ခဲ့သည်ကို သူမှတ်မိသေးသည်။ မင်္ဂလာဆောင်တဲ့အဆင့်အထိ တိုးတိုးတိတ်တိတ်ရောက်သွားမည်ဟု သူမထင်မိပေ။
"ညနေ ၅ နာရီ ၂၀ က ကျွန်တော်တို့လက်မှတ်ထိုးပြီးပြီ''
ရန်သုံ့ကရှင်းပြသည်_
"ဒီတစ်ခါ အဘိုးက မင်္ဂလာပွဲအရင်လုပ်ဖို့တောင်းဆိုလို့''
"အလုပ်ကိစ္စတွေသေချာလွှဲထားခဲ့ပါ''
ချင်လင်လည်း သဘောမတူစရာအကြောင်းမရှိသောကြောင့် ရန်သုံ့ကိုမှာလိုက်သည်။