Chapters

ကင်ဆာအမြစ်ပြတ်မလား? ၃

Vol. 67 Ch. 1002

ကင်ဆာအမြစ်ပြတ်မလား? ၃

Vol. 67 Ch. 1002

အနောက်တိုင်းကကုမ္ပဏီတွေ ထောင်လွှားနေတာ။ ပိုက်ဆံနဲ့ပတ်သက်ရင် မသမာတာတွေများချက်!

ဒီအချိန်မှာ တရုတ်ကိုဦးနှောက်မပါဘဲထောက်ခံမယ့်သူတွေမရှိ။

ဒီလိုအခြေအနေမျိုးမှာ တရုတ်ကိုအားမပေးသင့်ဘူးလား?

နည်းနည်းတော့ထူးဆန်းသည်။

ရှန်လီက ဒီကိစ္စကိုအထူးအလေးအနက်ထားသည်။ ညတွင်းချင်း အကြုံပြုချက်ရေးပြီး ချင်လင်ဆီပို့လိုက်သည်။

ချင်လင်လည်း ညဉ့်နက်ကြီးဖတ်သည်။

အစီအစဉ်ကိုအသေးစိတ်ကျကျရေးထားသော​ကြောင့် ဒီကိစ္စကိုရှန်လီလက်ထဲအပ်လိုက်သည်။

နောက်တစ်နေ့_

ချင်လင်အိပ်ရာနိုးပြီး မျက်နှာသစ်သန့်စင်ကာ အပြင်ထွက်လာ၏။ သူထင်မထားသောလူတစ်ယောက်နှင့်ဆုံသည်။

မာလဲ့ဝမ်ကလွဲပြီး ဘယ်သူများဖြစ်ဦးမလဲ?

သူက ချူရှင်းလက်ထဲမှကလေးနှင့်ဆော့နေသည်။

ချင်လင်ကိုမြင်သောအခါ ပြုံးပြုံးနှင့်နှုတ်ဆက်သည်_

"ချင်လင်... အိပ်ရာထလာပြီပေါ့''

"လောင်မာ... ဘယ်တုန်းကရောက်နေတာလဲ?''

ချင်လင်က အံ့ဩတကြီးမေးသည်။

"မနေ့ညက ဖောက်သည်နဲ့တွေ့ပြီး ဒီကိုအပြေးလာတာပဲ''

မာလဲ့ဝမ်ကပြုံးပြီးရှင်းပြသည်။

"လောင်မာ... မိန်းမဒီလောက်ချစ်တဲ့သူကို ကျွန်တော်တော့ပထမဆုံးမြင်ဖူးတာပဲ''

ချင်လင်မပြောဘဲမနေနိုင်တော့_

"တွေ့ဖို့ကို ညလုံးပေါက်လာခဲ့တယ်ပေါ့''

ချူရှင်းက မနာလိုသံနှင့်_

"သူဌေးချင်... သူက ကျွန်မကြောင့်လာတာမဟုတ်ဘူး... ရှင့်လက်ဖက်ပင်သုံးပင်​ကြောင့်... ကျွန်မက လက်ဖက်ပင်လောက်တောင်မကောင်းဘူး''

ချူရှင်းစကားကြောင့် မာလဲ့ဝမ်ကအမြန်နှစ်သိမ့်လိုက်သည်_

"အချစ်... ဘာလို့အဲလိုဖြစ်ရမှာလဲ? မနေ့ညက ကိုယ်သက်သေမပြဘူးလား? ကိုယ်မကြိုးစားဘူးလား?''

"ရှင်သေချင်လို့လား!''

ယောက်ျားဖြစ်သူကြောင့် ချူရှင်းမျက်နှာရဲသွားသည်။ သူမကမျက်စောင်းထိုးပြီး ကလေးနှင့်ဧည့်ခန်းဘက်ထွက်သွား၏။

မာလဲ့ဝမ်နှုတ်ခမ်းတွန့်သွားပြီး ပြုံးပြုံးနှင့်ချင်လင်ဆီရောက်လာကာ_

"ချင်လင်... မင်းရဲ့လက်ဖက်ပင်သုံးပင်ကိုသွားကြည့်ရအောင်... ချူရှင်းဗီဒီယိုရိုက်ပို့တော့ သာမန်အပင်မဟုတ်ဘူးဆိုတာ ငါသိသားပဲ''

"ဒီမနက်သွားကြည့်လာတော့ မှန်နေတယ်... အဲဒီသုံးပင်က မင်းရုံးခန်းထဲမှာသောက်တဲ့ထျယ်ကွမ်းရင်မျိုးမလား?''

ချင်လင်က မာလဲ့ဝမ်ကိုတအံ့တဩကြည့်လိုက်သည်။ လောင်မာလာတာ လက်ဖက်ပင်ကြောင့်လို့ သူမယုံနိုင်_

"လောင်မာ... ခင်ဗျားမိန်းမက လက်ဖက်ပင်ထက်တော့ ပိုအရေးကြီးပါသေးတယ်''

ဒါပေမဲ့ လောင်မာသိတယ်ဆိုတော့ အနည်းဆုံးသူ့မှာ ခွဲခြားနိုင်စွမ်းရှိသည်။

"အင်း... မင်းပြောတာမှန်တယ်!''

မာလဲ့ဝမ်ကခေါင်းညိမ့်ပြီး ချင်လင်ကိုလက်ဖက်ပင်သုံးပင်ဆီဆွဲခေါ်သွားသည်_

"လက်ဖက်ပင်ဆီသွားရအောင်... ချင်လင်.. မင်းကတကယ်အံ့ဩစရာပဲ... ဒီလက်ဖက်ပင်သုံးပင်ကိုဘယ်ကရခဲ့တာလဲ?''

ချင်လင်: “ကျွတ် ကျွတ်”

လူချမ်းသာတစ်ယောက်က လက်ဖက်ပင်သုံးပင်ကြောင့်ညတွင်းချင်းလာတာ နည်းနည်းအရူးဆန်နေသော်လည်း လူတိုင်းကတစ်မျိုးစီရူးကြသည်။ ချန်ရှန်းဖေ သစ်ကြိုက်သလို၊ လီရှင်း ဝိုင်ကြိုက်သလိုပင်။

တစ်ခုခုကောင်းပြီထင်ရင် စိတ်ဝင်စားမှုက မိန်းမထက်မလျော့။

လက်ဖက်ပင်သုံးပင်ရှေ့ရောက်သောအခါ မာလဲ့ဝမ်ကအားရပါးရကြည့်ပြီး_

"ချင်လင်... ဒီလက်ဖက်ရွက်တွေကိုကြည့်... အလတ်ဆတ်ဆုံး အညွန့်ဆုံးအချိန်ပဲ... အချိန်တစ်ခုကြာရင် ရင့်သွားမယ်... အခုမခူးရင် နှမြောစရာကောင်းတယ်''

"အင်း... ပြီးရင် ခူးခိုင်းလိုက်မယ်''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

လက်ဖက်ပင်တူးပြီးရင် ဂိမ်းစနစ်ပျောက်သွားသောကြောင့် လက်ဖက်ပင်များရွှေ့စိုက်စဉ်က လက်ဖက်ရွက်များမခူးခဲ့။

တချို့တလေကြွေကျကုန်သော်လည်း အရွက်အများကြီးကျန်သေးသည်။ အခုခူးပြီး လှော်နိုင်သည်။

"ဘာလို့ သူများခိုင်းနေမလဲ? ငါလုပ်တတ်တယ်! ချင်လင်.. ငါကလက်ဖက်ရည်သောက်ပဲသောက်တတ်တယ်မထင်နဲ့... စျေးကြီးတဲ့ပုအာလက်ဖက်ပင်ကို ကိုယ်တိုင်တက်ခူးဖူးတယ်!''

မာလဲ့ဝမ်ကပြောသည်။

"ဒါပေမဲ့ ငါလက်ဖက်ခူးပေးတော့ လုပ်အားခအနေနဲ့ လက်ဖက်နည်းနည်းပေးသင့်တယ်မလား?''

နောက်ဆုံးစကားကို ချင်လင်ကသဘောပေါက်ပြီး မာလဲ့ဝမ်ကိုပြုံးပြုံးနှင့်ကြည့်လိုက်သည်။

လောင်မာကြိတ်ကြံစည်နေတာ ဒါကိုး။

မာလဲ့ဝမ်ကသူ့အကြံပေါ်သွား၍ အမြန်ပြောလိုက်သည်_

"မင်းအဲလိုမထင်ဘူးလား ချင်လင်? ငါအလကားမလုပ်ပေးနိုင်ဘူးနော်!''

“ကောင်းပါပြီ!”

ချင်လင်ရယ်လိုက်သည်။

“ဟုတ်ပြီ!”

တစ်ဖက်ကမာလဲ့ဝမ်မှာ အားအင်အပြည့်ဖြစ်သွားလေသည်။