← Chapters

အံ့ဖွယ်ချိုပဲ့နှင့်ဆန်းကြယ်အရည်အသွေး!

Vol. 67 Ch. 1003

အံ့ဖွယ်ချိုပဲ့နှင့်ဆန်းကြယ်အရည်အသွေး!

Vol. 67 Ch. 1003

မာလဲ့ဝမ်ကရှေ့ဖုံးခါးစည်းအသစ်ဝတ်ပြီး ချန်တပေပေးသောအိတ်ကိုလွယ်လိုက်သည်။

လောင်မာပုံစံကြောင့် ချင်လင်ငိုရမှန်းမသိ၊ရယ်ရမှန်းမသိ။ သူလည်းအိတ်တစ်လုံးယူပြီး ခါးမှာချည်လိုက်သည်။

ထိုအိတ်က လက်ဖက်ထည့်နေကျအိတ်ပင်။

လက်ဖက်ခူးစဉ် အိတ်ထဲလက်ဖက်ရွက်ထည့်နိုင်ပြီး အိတ်ပြည့်လျှင်ပြောင်းနိုင်သည်။

အချိန်ကုန်၊လူပန်းသက်သာသည်။

လက်ဖက်ပင်သုံးပင်ကအလွန်မြင့်ပြီး ထိပ်ပိုင်းကအရွက်များကုန်အောင် အချိန်အတော်ယူရသည်။ လှေကားတောင်ထောင်တက်ရသည်။

သူ့မှာသာစွမ်းအားမရှိရင် ဒီလက်ဖက်ပင်သုံးပင်အရွက်များကုန်အောင် အများကြီးအားစိုက်ထုတ်ရမည်။

ဇိမ်ရှိရှိနေသောလူချမ်းသာတစ်​ယောက်အဖို့ ခက်ခဲသောအလုပ်ပင်။

သို့သော် လောင်မာကလက်ဖက်ရွက်ဆက်တိုက်ခူးနေသောကြောင့် ချင်လင်အံ့ဩမိသည်။ ပျော်တောင်ပျော်နေပုံရသည်။

လက်ဖက်ခူးနေရင်း ချင်လင်ကိုလက်ဖက်အကြောင်းတောင်ပြောသေး၏။

ထင်တဲ့အတိုင်း ယောက်ျားတစ်ယောက်ရဲ့ဝါသနာကအကြီးမားဆုံးတွန်းအားပဲ။

နောက်ဆုံး အချိန်တစ်ခုကြာသည့်အခါ လက်ဖက်အားလုံးခူးပြီးသွားသည်။ စုစုပေါင်း ကတ်တီ ၇၀ ရသည်။

"ချင်လင်''

မာလဲ့ဝမ်က လောလောနှင့်_

"လက်ဖက်ခူးပြီးပြီးချင်း လက်ဖက်ခြောက်လှော်ရင် အာနိသင်အကောင်းဆုံးနော်... ကြာရင် လက်ဖက်နံ့ပျောက်သွားလိမ့်မယ်''

ချင်လင်က စစနောက်နောက်နှင့်_

"လောင်မာ... ခင်ဗျားက ကျွန်တော့်ကိုအလုပ်တွန်းလုပ်အောင် ဆင်ခြေကောင်းတွေ့ထားတာပဲ''

"ချင်လင်... ငါကအဲလိုလူမျိုးမဟုတ်ပါဘူး''

မာလဲ့ဝမ်ကချက်ချင်းပင်_

"လက်ဖက်ခြောက်ပိုမွှေးအောင်ပြောတာပါ''

ထို့နောက် လောပြန်သည်_

"စားဖိုဆောင်သွားရအောင်! ငါလက်ဖက်ကူဆေးပေးမယ်!''

ချင်လင်က မတတ်သာပုံနှင့်ပြုံးလိုက်သည်။

အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့လူကို မိတ်ဆွေတော်ထားမှတော့ ဘာတတ်နိုင်မလဲ?

သူ့အဖို့ ပစ္စည်းပြန်ဖြည့်ပြီး လက်ဖက်ခြောက်လှော်ဖို့မခက်။ လက်ဖက်ကတ်တီ ၇၀ ကိုမြန်မြန်ဆန်ဆန်လှော်ပြီး ၁၀ ကတ်တီသာ လက်ဖက်နှပ်ဖို့ချန်သည်။

မာလဲ့ဝမ်ကို လက်ဖက်လေးငါးကတ်တီပိုပေးဖို့ကပ်တွက်မနေ။ အခု သူ့မှာလက်ဖက်ကမရှား။ အပြင်ထုတ်မလှော်ရသေးတဲ့လက်ဖက်တွေ ဂိမ်းသိုလှောင်ခန်းထဲမှာအများကြီးရှိသေးသည်။

သို့သော် မာလဲ့ဝမ်ကအများကြီးမတောင်းပေ။ လက်ဖက်ခြောက်လှော်ပြီးနောက် တစ်ကတ်တီသာတောင်းပြီး ပျော်ရွှင်နေသောကလေးတစ်ယောက်လို သူ့မိန်းမဆီပြန်သွားသည်။

လက်ဖက်ခြောက်ရပြီးနောက် သူ့မိန်းမကအရေးကြီးသေး​ကြောင်းသိသာသည်။

ချင်လင်လည်း လှော်ထားသောလက်ဖက်ခြောက်များနှင့် ရုံးခန်းထဲပြန်လာသည်။ ရုံးခန်းတံခါးလော့ချပြီးနောက် ဂိမ်းထဲဝင်ကာ အရည်အသွေးကြည့်လိုက်သည်။ အရည်အသွေးမပြောင်း၍ သူစိတ်သက်သာရာရသွားသည်။

ဒီလိုဆိုရင် စမ်းသပ်ဖို့အခွင့်အရေးရှာပြီး ပျိုးထောင်ကြည့်ရမည်။

သူကထိုင်ချပြီး သူ့စိတ်ထဲမှဂိမ်းကိုပြန်ကြည့်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်အား ရေကန်သတ္တုတွင်းသွားတူးစေသည်။

နွေဦးသတ္တုတွင်းက ဘာမှမရသော်လည်း ရေကန်သတ္တုတွင်းမှာ အံ့ဩစရာတွေ့မည်ထင်သည်။

(ဂုဏ်ယူပါတယ်... ရွှေသတ္တုတစ်စရပါတယ်!)

…

(ဂုဏ်ယူပါတယ်... ငွေသတ္တုတစ်စရပါတယ်!)

…

(ဂုဏ်ယူပါတယ်... အထူးသမုဒ္ဒရာကြည့်ကျောက်တစ်လုံးရပါတယ်!)

ချင်လင်က ဂိမ်းဇာတ်ကောင်ကိုတူးခိုင်းရာ အသိပေးစာများ သူ့စိတ်ထဲဆက်တိုက်ပေါ်လာသည်။ စောစောက တန်ဖိုးအရှိဆုံးမှ ရွှေ၊ ငွေ၊ ကြေးနီ၊ စိန်များသာပေါ်သည်။

သုံးလွှာတူးပြီးနောက် ထူးခြားတာတစ်ခုထွက်လာသည်။ ထူးထူးဆန်းဆန်းကျောက်တုံးပုံနှင့် အထူးသမုဒ္ဒရာကြည့်ကျောက်ဖြစ်သည်။

ချင်လင် ဒါမျိုးတူးရတာ ဒါပထမဆုံးပင်။

ဒါပေမဲ့ ဒီအတိုင်းကျောက်တုံးပုံကြီး၊ ပင်လယ်ထဲမှာထားတော့ရော? ရောင်းရင်လည်း သိပ်ရမယ့်ပုံမပေါ်။

သူ့ဂိမ်းဇာတ်ကောင်ကိုဆက်တူးခိုင်းသည်။ ခြောက်လွှာတူးပြီးနောက် ထူးခြားတာတစ်ခုတွေ့ပြန်သည်။ အထူးချိုအပဲ့တစ်ခုပင်။

ချိုအပဲ့က 2D ပုံနှင့်တောင် နည်းနည်းကြည့်ရဆိုးနေသည်။ ကြည့်ရတာ ဟိုးရှေးရှေးကပုံဖြစ်မည်။

ဘယ်တိရစ္ဆာန်ချိုမှန်းမသိသော်လည်း တူးထုတ်ပြီးနောက် ပုံကသေးသေးလေးသာ။ ချိုကို ကမ္ဘာ့စမ်းရေတုန်းကလို ရွှေရောင်အလင်းများဝိုင်းထားသည်။

ဒီချိုအပဲ့က ကမ္ဘာ့စမ်းရေထက်မညံ့ဘူးဆိုတဲ့သဘောပေါ့။ အနည်းဆုံးတော့ တန်ဖိုးချင်းတူနိုင်သည်။

ထို့ကြောင့် ချင်လင်ကဆက်မတူးဘဲ သူ့ဂိမ်းဇာတ်ကောင်ကိုစိုက်ပျိုးရေးခြံပြန်စေပြီး ဂိမ်းထဲဝင်ကာမှတ်ချက်ဖတ်လိုက်သည်။

အထူးသမုဒ္ဒရာကြည့်ကျောက်မှတ်ချက်ဖတ်ပြီး သူအံ့ဩသွားသည်:

(အထူးသမုဒ္ဒရာကြည့်ကျောက်: အရည်အသွေး ၂)

(အထူးသမုဒ္ဒရာအရည်အသွေးနှင့် အထူးသမုဒ္ဒရာကြည့်ကျောက်ဖြစ်သည်:

ငါးများဖျတ်ဖျတ်လတ်လတ်စုဝေးခြင်း +၂၊ အဆင်းလှခြင်း +၂!)

အထူးသမုဒ္ဒရာကြည့်ကျောက်က မကြီး။ ချင်လင်က အမှိုက်ဟုသာထင်ခဲ့သော်လည်း အရည်အသွေး ၂ ရှိပြီး ဒီလိုအသုံးဝင်မည်ဟုမထင်မိပေ။

နောက်ကျ ငါးပြတိုက်ပို့လိုက်ရင် အသုံးတည့်နိုင်သည်။

ဘာပဲဖြစ်ဖြစ် ငါးတွေစုတာနဲ့တင် အရမ်းလှနေပြီ။ ဖျတ်ဖျတ်လတ်လတ်သာကူးနေရင် အရမ်းလှမည်။

ချင်လင်က ချိုအပဲ့ကိုကြည့်လိုက်သည်။ ချိုအပဲ့က ဂိမ်းထဲကပုံနှင့်နည်းနည်းကွာနေသည်။ ပိုချွန်၊ပိုကြမ်းသည်။ ချွန်ထက်သောအပိုင်းတွင်အပေါက်တစ်ပေါက်ရှိပြီး ပတ်ပတ်လည်ကိုတန်ဆာဆင်ထားသည်။

ချိုအပဲ့၏အာနိသင်များကိုကြည့်ပြီးနောက် သူလုံးဝအံ့ဩသွားသည်:

(အံ့ဖွယ်ချိုပဲ့: ဆန်းကြယ်!)

(သမုဒ္ဒရာနက်ထဲမှ အံ့ဖွယ်သမုဒ္ဒရာဘုရင်၏ချိုပဲ့ဖြစ်သည်။ သတ္တုတွင်းထဲကြာရှည်နစ်မြှုပ်ပြီး အထူးအစွမ်းရှိလာသည်။ ချိုပဲ့ကိုမှုတ်လိုက်လျှင် သင့်စိတ်ထဲမှရည်ရွယ်ချက်ကို တိရစ္ဆာန်များသိအောင်ပြောနိုင်ပြီး အမိန့်ပေးနိုင်သည်!)

ဒီလိုမှတ်ချက်မျိုး ပထမဆုံးတွေ့ဖူးခြင်းပင်။

အရင်က ထူးထူးဆန်းဆန်းပစ္စည်းမျိုးမပေါ်ဖူး၍မဟုတ်သော်လည်း ပစ္စည်းများ၏မှတ်ချက်တွင် + အရည်အသွေးများပါသည်။

အခု ဒီချိုပဲ့က + အရည်အသွေးလည်းမရှိ။

ဒီတော့ ဒီချိုကိုမှုတ်လိုက်ရင် တိရစ္ဆာန်တွေကတစ်ခုခုလုပ်နိုင်တဲ့သဘောလား?

All Chapters