← Chapters

ထျန်းဟောင်ဂြိုဟ်သို့ ရောက်ရှိခြင်း

Vol. 9 Ch. 808

ထျန်းဟောင်ဂြိုဟ်သို့ ရောက်ရှိခြင်း

Vol. 9 Ch. 808

ကမ္ဘာမြေပေါ်ရှိ ဝိညာဉ်ချီသည် ချန်းဖန် အတွက် "ချောင်" ရွှေအမြုတေ ဖွဲ့စည်းရန် မဆိုထားနှင့် အဆင့်မြင့် ရွှေအမြုတေ တစ်ခု ဖွဲ့စည်းရန်ပင် မလုံလောက်ချေ။

သို့သော်လည်း ထျန်းဟောင်ဂြိုဟ်မှာမူ အစစ်အမှန် ကျင့်ကြံခြင်း ဂြိုဟ်တစ်ခု ဖြစ်ရာ ရွှေအမြုတေ ဖွဲ့စည်းရန် အတွက် သင့်လျော်သော နေရာတစ်ခု ဖြစ်သည်။

"ဟူး ...  ဟူး ... "

ရောင်စုံအလင်း တစ်ခုသည် အလွန် လျင်မြန်သော အရှိန်ဖြင့် စကြဝဠာအား ဖြတ်သန်းနေ၏။ သိပ်မကြာခင်မှာပင် ထိုအလင်းတန်းမှာ ဂြိုဟ်သိမ် ဂြိုဟ်မွှား တစ်ခု ပေါ်သို့ ကျဆင်း သွားသည်။

"ဝှစ် ... "

မူလ တောင်ပိုင်းဂိတ် ဟု ခေါ်သော ဂြိုဟ်၏ ကောင်းကင်၌  အနက်ရောင် ဝတ်ဆင်ထားသော လူငယ် တစ်ယောက် ပေါ်လာခဲ့သည်။ ထိုလူငယ်ကား ကောင်းကင် လမ်းကြောင်းမှ ထွက်လာသည့် ချန်းဖန်ပင် ဖြစ်လေသည်။

"ကြည့်ရတာ ဒီဂြိုဟ်ပေါ်မှာ စကြဝဠာ သားရဲတွေ မရှိတော့ဘူး ထင်တယ် ... "

ချန်းဖန်က ခပ်တိုးတိုး ရေရွတ်ရင်း ဂြိုဟ်၏ ဆန့်ကျင်ဘက်ခြမ်းရှိ နေရာ ကူးပြောင်းရေး အစီအရင်ထံ ပျံသန်းလာခဲ့၏။

"ဝှစ် ... "

ထို့နောက် သူက ထိုအစီအရင် အတွင်သို့ ဝင်ရောက်၍ ဝိညာဉ် ကျောက်တုံးများ သုံး၍ အသက်သွင်း လိုက်ပြန်သည်။

"ဟူး ...  ဟူး ... "

ထိုလမ်းခရီးကား ချောမွေ့လှပြီး မည်သည့် အနှောင့်အယှက်မှ မတွေ့ရချေ။ ထိုနေရာ ကူးပြောင်းရေး အစီအရင်ကား သာမန် လူသား တစ်ယောက်ပင် ခရီးနှင်နိုင်အောင် အထူး ပြုလုပ်ကာ တည်ဆောက်ထားပုံ ရသည်။

"ဝှစ် ... "

မကြာခင်မှာပင် ချန်းဖန်သည် တတိယ ဂြိုဟ်၏ ကောင်းကင်၌ ပြန်လည် ပေါ်လာခဲ့၏။

ထိုဂြိုဟ်တွင်လည်း "မူလ တောင်ပိုင်းဂိတ် ဂြိုဟ်" ကဲ့သို့ များစွာသော လူသား ကျင့်ကြံသူ အလောင်းများနှင့် စကြဝဠာ သားရဲ အရိုစုများကို ချန်းဖန် တွေ့ရသည်။

"စစ်ပွဲက ဒီနေရာတွေ အထိပါ ဖြစ်ခဲ့တာလား ... "

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်၏။

"ဝှစ် ... "

မကြာခင်မှာပင် ဂြိုဟ်ပေါ်ရှိ နေရာ ကူးပြောင်းရေး အစီအရင်မှာ ရောင်စုံ အလင်းများ လင်းလက်လာကာ ချန်းဖန် ပျောက်ကွယ် သွားပြန်သည်။

"ဟူး ...  ဟူး ... "

ဤသို့ဖြင့် ချန်းဖန်သည် များစွာသော ပုံစုံတူ၊ မြင်ကွင်းတူ ဂြိုဟ်များစွာကို တစ်ခုပြီး တစ်ခု ကျော်ဖြတ် လာခဲ့၏။

သူသည် ပျက်စီးနေသော ဂြိုဟ်တစ်ခု၌ မီတာ တစ်သောင်းခန့် ကြီးမားသော အခြေတည် ဝိညာဉ် အဆင့် စကြဝဠာ သားရဲ ခန္ဓာကြီးကိုပင် တွေ့ခဲ့ရသည်။ တွေ့ရှိရ သမျှ အထောက်အထားများ အရဆိုလျှင် လူသား ကျင့်ကြံသူများနှင့် စကြဝဠာ သားရဲတို့၏ တိုက်ပွဲမှာ အလွန် ပြင်းထန်ခဲ့ပြီး အခြေတည် ဝိညာဉ် အဆင့် ကျင့်ကြံသူများပင် ရုန်းကန်ခဲ့ရပုံ ပေါ်၏။

"ဟူ ...  ဟူး ... "

များစွာသော ဂြိုဟ်များကို တစ်ခုပြီး တစ်ခု ဖြတ်ကျော်လာပြီးနောက် ချန်းဖန်၏ ဝိညာဉ် ကျောက်တုံးများမှာလည်း တဖြည်းဖြည်း လျော့နည်း လာနေပြီ ဖြစ်သည်။ ချန်းဖန်သည် ကောင်းကင် လမ်းကြောင်းဟု ခေါ်ဆိုသော ခရီးကား ယခုလောက် ရှည်လျားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။

"ဝိညာဉ် ကျောက်တုံးတွေ အားလုံး မကုန်ခင် ထျန်းဟောင်ဂြိုဟ်ကို ရောက်ဖို့ မျှော်လင့်ရတော့မှာပဲ ...  မဟုတ်ရင် ဒီလမ်းမှာပဲ ဆယ်စုနှစ်တွေ ကြာအောင် ပိတ်မိ နေလိမ့်မယ်"

ချန်းဖန်သည် ဖြူရော်စွာ ပြုံးလိုက်မိသည်။

"ဝှစ် ... "

အချိန်များစွာ ကြာပြီးနောက် သူသည် တစ်ဆယ့် ခုနစ်ခုမြောက် ဂြိုဟ်၏ ကောင်းကင်၌ ပေါ်လာ ခဲ့သည်။ သို့သော်လည်း ထိုဂြိုဟ်၏ နေရာ ကူးပြောင်းရေး အစီအရင်မှာ ပုံမှန်အတိုင်း မဟုတ်ပဲ တစ်စုံတစ်ခု၏ ဟန့်တားမှုကို ခံထားရဟန် ပိတ်ဆို့ နေခဲ့၏။

"ဟူး ... "

ချန်းဖန်က နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက် လိုက်ရာ ဓားချီ မုန်တိုင်း တစ်ခုအား တွေ့ရသည်။ ထိုမုန်တိုင်းက ဒိုင်းတစ်ခု အသွင်သဏ္ဌာန်ဖြင့် ကောင်းကင် လမ်းကြောင်းကို ပိတ်ဆို့ထား၏။

"ဒီလို ဓားချီ အတားအဆီးမျိုး ထားနိုင်တာ အခြေတည် ဝိညာဉ် အဆင့်တွေပဲ ရှိတယ် ...  ကြည့်ရတာ ကောင်းကင် ညီမျှခြင်းများလား"

အတန်ကြာ လေ့လာပြီးနောက် ချန်းဖန်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။

"ဟုတ်တယ် ...  ဒီစွမ်းအားက ယွင်ထျန်း နန်းတော် ရတနာ ဝိညာဉ်ထဲမှာ ရှိတဲ့ စွမ်းအားနဲ့ ဆင်တူတယ်"

ချန်းဖန်က ဘေးပတ်လည်အား ဖြန့်ကြက်၍ ကြည့်ရာ မရေမတွက်နိုင်သော လူသား ကျင့်ကြံသူများ၏ အလောင်းများကို တွေ့ရသည်။ ကြည့်ရသည်က ထိုနေရာ၌ အကြီးမားဆုံး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကောင်းကင် ညီမျှခြင်းတို့မှာ ဓားချီ မုန်တိုင်းဖြင့် ပိတ်ဆို့ လွတ်မြောက်သွားခြင်း ဖြစ်နိုင်သည်။

"လူသား မျိုးနွယ်ရဲ့ ဘိုးဘေးတွေက ဒီနေရာမှာ သေသွားတာလား ... "

ချန်းဖန်က စိတ်မကောင်းစွာပင် အလောင်းများကို ကောက်ယူကာ သင်္ဂြိုဟ် ပေးလိုက်၏။ ထို့နောက် သူက ဓားအားဖြည့် ကျောက်မျက် အတွင်းမှ ဝိုင်များကို ထုတ်ယူ၍ မြေပုံများ အထက်သို့ လောင်းချကာ ဆုတောင်းပေး လိုက်သည်။

"ဘိုးဘေး အားလုံး ငြိမ်းချမ်းစွာနဲ့ အနားယူကြပါ ...  ဒါပေမဲ့ ကျုပ်ကတော့ မငြိမ်းချမ်းနိုင်သေးဘူး ...  ခင်ဗျားတို့ ခေါင်းဆောင် ကောင်းကင် ညီမျှခြင်းက စကြဝဠာ သားရဲတွေကိုတင် မဟုတ်ဘူး ...  ကျုပ်ရဲ့ လမ်းကြောင်းကိုပါ ပိတ်ဆို့ သွားခဲ့တာ"

နောက်ရက်များ အတွင်း၌ ချန်းဖန်က ထိုအမည်မဲ့ ဂြိုဟ်ပေါ်တွင် နေထိုင်ရင်း ဓားချီ မုန်တိုင်းအား ဖျက်ဆီးရန် ကြိုးစား နေခဲ့သည်။ ထိုဓားချီ မုန်တိုင်းမှာ တစ်ချိန်က အလွန် အစွမ်းထက်ခဲ့ဟန် ရသော်လည်း နှစ်ထောင်ပေါင်း များစွာ ကြာမြင့်ပြီးနောက် ယိုယွင်းနေခဲ့ပြီ ဖြစ်သည်။

"ဘုန်း ... "

ဤသို့ဖြင့် မကြာခင်မှာပင် ချန်းဖန်သည် ဓားချီ မုန်တိုင်း အတွင်းအား ဖြတ်သန်း၍ တစ်ကိုယ်စာ အပေါက်တစ်ခု ဖန်တီး နိုင်ခဲ့သည်။

"ရပြီ ... "

ချန်းဖန်က ထိုအပေါက်မှ တစ်ဆင့် နေရာ ကူးပြောင်းရေး အစီအရင် အတွင်းသို့ ဝင်ကာ အသက်သွင်း လိုက်သည်။

"ဟူး ...  ဟူး ... "

ရောင်စုံအလင်းများနှင့် အတူ ချန်းဖန်၏ ခန္ဓာကိုယ်မှာ ထိုဂြိုဟ်ပေါ်မှ ပျောက်ကွယ် သွားပြန်၏။

ထိုခရီးမှာမူ ခါတိုင်းကဲ့သို့ လွယ်ကူမှု မရှိချေ။

လမ်းတစ်လျှောက်လုံး၌ များစွာသော စကြဝဠာ ထွက်ပေါက်များ၊ မုန်တိုင်းများကို တွေ့ရ၏။ အကယ်၍ ချန်းဖန်သာ တစ်ချက်လေး  သတိလွတ်ခဲ့ပါက အသက်ပင် ပါသွားလိမ့်မည် ဖြစ်သည်။

"ဝှစ် ... "

ခန္ဓာကိုယ် အနှံ့ ဒဏ်ရာများ ပြည့်နှက်ကာ အဇူရာ သွေးများ စီးကျနေသည့် ခွန်ပန် သားရဲ တစ်ကောင်သည် ဂြိုဟ်တစ်ခု၏ ကောင်းကင်၌ ရုတ်တရက် ပေါ်လာခဲ့၏။

"အသက်ရှင်နေတာ တော်သေးတယ် ... "

ခွန်ပန် သားရဲက သက်ပြင်းတစ်ချက် ချကာ အနက်ရောင်ဝတ် ချန်းဖန်၏ အသွင်သို့ ပြောင်းလဲ လိုက်သည်။ ထို့နောက် သူက ထိုဂြိုဟ်ပေါ်၌ နေရာ တစ်ခုကို ရှာဖွေကာ ဒဏ်ရာများကို စတင် ကုသလိုက်သည်။

"ဟူး ...  ဟူး ... "

ချန်းဖန်သည် တင်ပျဉ်ချိတ်ကာ ထိုင်ရင်း ဂြိုဟ်များ၊ နေကြယ်များ၏ စွမ်းအားကို စုပ်ယူ နေခဲ့၏။

သူ၏ ခန္ဓာမှာ စကြဝဠာ၏ အစွမ်း အထက်ဆုံး အဇူရာ သက်ရှည် ခန္ဓာဖြစ်ရာ ဒဏ်ရာ ကုသနိုင်စွမ်းမှာလည်း အလွန် မြင့်မား လှသည်။ သို့ဖြစ်ရာ တစ်လ အတွင်းမှာပင် ချန်းဖန်၏ ဒဏ်ရာများမှာ အလုံးစုံ ပြန်လည် ကောင်းမွန်လာခဲ့သည်။

"ဟူး ... "

ထို့နောက် သူက နတ်ဘုရား စိတ်အာရုံအား ဖြန့်ကြက်ကာ ဂြိုဟ်အား အသေးစိတ် စစ်ဆေး ကြည့်လိုက်၏။ သို့သော်လည်း ထိုဂြိုဟ် တစ်ခုလုံး၌ မည်သည့် သက်ရှိကိုမျှ မတွေ့ ရသလို တိုက်ပွဲ ဖြစ်ခဲ့သည့် အငွေ့အသက်ပင် မတွေ့ရချေ။

"ကောင်းကင် ညီမျှခြင်း ထားခဲ့တဲ့ ဓားချီ မုန်တိုင်းကြောင့် စကြဝဠာ သားရဲတွေက ဒီဂြိုဟ်ကို မရောက်ခဲ့ဖူး ထင်တယ်"

ချန်းဖန်က ခပ်တိုးတိုး ရေရွတ် လိုက်၏။

"ဟူး ...  ဟူး ... "

ထိုဂြိုဟ်မှ စတင်၍ ကောင်းကင် လမ်းကြောင်း တစ်လျှောက်ရှိ နေရာ ကူးပြောင်းရေး အစီအရင်များမှာ အလုံစုံ ချောမွေ့နေခဲ့၏။ ချန်းဖန်သည် လမ်းတစ်လျှောက်လုံး၌ မည်သည့် အတားအဆီးကိုမျှ မတွေ့ရတော့ချေ။

"ဟူး ...  ဟူး ... "

တစ်ချိန်တည်း၌ ချန်းဖန်၏ ဝိညာဉ် ကျောက်တုံးများမှာလည်း နည်းသထက် နည်းလာ နေခဲ့ပြီ ဖြစ်သည်။ ချန်းဖန်မှာ တဖြည်းဖြည်းနှင့် စိတ်ဓာတ်များပင် ကျလာခဲ့၏။

"ဝှစ် ... "

ဝိညာဉ် ကျောက်တုံးများ ကုန်ဆုံးခါနီး၌ ချန်းဖန်သည် နှစ်ဆယ့်လေးခုမြောက် ဂြိုဟ်သို့ ရောက်ရှိ လာခဲ့သည်။

"မရောက်သေးဘူးလားကွာ ... "

ချန်းဖန်မှာ စိတ်ပျက် လက်ပျက်ဖြင့် ရေရွတ် လိုက်မိ၏။ သို့သော်လည်း အပေါ်သို့ မော့ကြည့်သော အခါတွင်မူ အံ့ဩဘနန်း မြင်ကွင်းတစ်ခုက သူ့အား ဆီးကြို နေခဲ့သည်။

"အဲဒါက ... "

ချန်းဖန်၏ မျက်လုံးများမှာ တလက်လက် တောက်ပ သွား၏။

ထိုအရာကား အလွန်တရာ ကြီးမားသော ဂြိုဟ်ကြီး တစ်ခု ဖြစ်သည်။ ထိုဂြိုဟ်ကြီး၏ အရွယ်အစားမှာ ကမ္ဘာထက်ပင် အဆ တစ်သောင်းခန့် ပိုမို ကြီးမား၏။

"ဟူး ...  ဟူး ... "

ချန်းဖန်သည် မိုင်သိန်းသန်းချီ ကွာဝေးသည့် ဂြိုဟ်မှပင် ထိုဂြိုဟ်ကြီးထံမှ စိမ့်ထွက်နေသော ဝိညာဉ်ချီများ အငွေ့အသက်များကို ခံစား၍ ရနေခဲ့သည်။

"ထျန်းဟောင်ဂြိုဟ် ...  နောက်ဆုံးတော့ ငါ ရောက်ပြီကွ"

ချန်းဖန်က ဝမ်းသာ အားရ အော်ဟစ် ကြုံးဝါး လိုက်၏။

"ဟားဟား ...  ထျန်းဟောင်ဂြိုဟ်က ငါ ထင်ထားတာထက် အများကြီး ပိုကြီးတယ်"

ထိုအရာကား အစစ်အမှန် ကျင့်ကြံခြင်း ဂြိုဟ်တစ်ခု ဖြစ်သည်။ ထိုဂြိုဟ်ပေါ်၌ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်များစွာ ရှိမည်မှာ သေချာပေသည်။

မည်သို့ပင်ဆိုစေ ထိုဂြိုဟ်ကား ကမ္ဘာကဲ့သို့ သူ ထင်ရာစိုင်းနိုင်သည့် နေရာ တစ်ခု မဟုတ်သည်ကတော့ အသေအချာပင် ဖြစ်သည်။

"ဒီဂြိုဟ်ကို ကောင်းကင် လမ်းကြောင်း အတိုင်း ရောက်လာခဲ့တဲ့ ကမ္ဘာရဲ့ ကျင့်ကြံသူတွေ အဆင်မှ ပြေရဲ့လား ... "

ချန်းဖန်မှာ အနည်းငယ် စိုးရိမ် သွားမိ၏။

"ဘာပဲဖြစ်ဖြစ် ...  မကြာခင် ငါ သိရတော့မှာပါ"

ထို့နောက် သူက လက်ကျန် ဝိညာဉ် ကျောက်တုံး အားလုံးကို ထုတ်ယူကာ နေရာ ကူးပြောင်းရေး အစီအရင်ကို အသက်သွင်း လိုက်သည်။

"ဝှစ် ... "

တောက်ပသော အလင်းများနှင့် အတူ ချန်းဖန်၏ ခန္ဓာမှာ မူလ နေရာမှ ပျောက်ကွယ် သွားပြန်၏။ သူကား မကြာခင်မှာပင် ထျန်းဟောင်ဂြိုဟ်သို့ ရောက်ရှိချေတော့မည် ဖြစ်လေသည်။

***

All Chapters