မင်းတို့ တစ်ပြားမှ ရမှာမဟုတ်ဘူး
Vol. 18 Ch. 239
နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်သော နိုင်ငံအဆင့် ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲသည် ရှုံးထွက်အဆင့်မှ ဖိုင်နယ်အဆင့်ထိ သုံးရင်သာကြာသည်။
ယန်ကျင်းနှင်းပေကျင်း တက္ကသိုလ်အပါအဝင် ကျောင်း(၁၃)ကျောင်းက ဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်သည်။
ကျောင်းအားလုံး၏ ဖန့်ကြွယ်ယွီ၏ နည်းပညာအစွမ်းကို ထိတ်လန့်နေကြသည်။
သူတို့သည် ဖန့်ကြွယ်ယွီယှဉ်ပြိုင်ခဲ့သော ပွဲစဉ်များကို သူ့အားနည်းချက်ကို တွေ့လိုတွေ့ငြား ထပ်တလဲလဲပြန် ကြည့်သည်။ သို့သော် သူ့လှုပ်ရှားမှုက အလွန်မြန်ဆန်ပြီး ခပ်မြန်မြန်ပွဲပြီးသွားတာမို့ သူတို့အနေနဲ့ မည်သည့်အားနည်းချက်မှ ရှာမရပေ။
ယန်ကျင်းနှင့်ပေကျင်းတက္ကသိုလ်၏ ပြိုင်ပွဲဝင်များက ဗီဒီယိုကို လုရီရန်နှင့် စုမြောင်တို့ဆီပို့ပြီး အားကိုးတကြီး
အပူကပ်ကြသည်။သို့သော် နည်းပြနှစ်ဦးကလည်း ဖန့်ကြွယ်ယွီ၏ ကစားပုံကို မည်သည့်မှတ်ချက်မှ မပေးနိုင်ပေ။
ဖန့်ကြွယ်ယွီ၏ အရည်အချင်းနှင့်ဆို နိုင်ငံတကာပညာရှင်တစ်ဦးအနေအထားရောက်နေသည်။ လုရီရန် နှင့် စုမြောင်တို့တောင် သူ့ကိုမယှဉ်နိုင်ပေ။ ထို့ကြောင်း ကျောင်း (၁၃)ကျောင်းက တော်သော်လည်း ကျန်းနန် တက္ကသိုလ်ကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ပေ။ ဖန့်ကြွယ်ယွီသုံးမည့် ကီးဘုတ်၊ မောက်စ်နှင့် ဝါယာကြိုးများကို ဆွဲဖြုတ်ထားမှသာရတော့မည်။
“ဟူးး ဒုတိယနဲ့ တတိယနေရာပဲ ယူကြတာပေါ့ကွာ”
လုရီရန်က သက်ပြင်းရှည်ကြီး ချလိုက်သည်။
“နောက်ပိုင်းတွေမှာ တရုတ်နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးစွမ်းရည်ပြိုင်ပွဲတွေမှာ ကျန်းနန်တက္ကသိုလ်ကပဲ ပထမရတော့မဲ့ပုံပဲ”
ထိုအချိန်မှာ တခြား အသင်းသားများက အမှတ်များများရကာ အဆင့်ကောင်းဖို့အရေး ကြိုးစားနေကြချိန်တွင် ဖန့်ကြွယ်ယွီတို့အဖွဲ့က ဟိုတယ်မှာဇိမ်ကျနေကြသည်။
“ထားလိုက်ပါ သူတို့စိတ်ကြိုက်နေပါစေ”
သူတို့က ဘာမှလေ့ကျင့်မှုမလုပ်ဘဲ အသာလေးအနိုင်ရနိုင်သည်။
နောက်ဆုံးတော့ ပြိုင်ပွဲနောက်ဆုံးနေ့ကို ရောက်ရှိလာသည်။
ပွဲခင်းတစ်ခုလုံး ပရိတ်သက်များနှင့် အပြည့်ဖြစ်နေသည်။ အရင်တုန်းကဆို ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲကို စိတ်ဝင်စားသူနည်းပါးပြီး ပွဲခင်းတစ်ဝက်တောင် လူမပြည့်ကြပေ။ အခုလိုအနေအထားဆိုတာ ကြုံတောင့်ကြုံခဲဖြစ်သည်။
အကြောင်းရင်းမှာ ပြိုင်ပွဲဗီဒီယိုကို အွန်လိုင်းပေါ်တင်လိုက်ချိန်တွင် ဖန့်ကြွယ်ယွီကို အားပေးသည့် ပရိတ်သက်များက သူ့ကိုအားပေးရန် စုဝေးရောက်လာကြခြင်းဖြစ်သည်။
“ဖန့် မင်းရဲ့အောင်မြင်မှုက ကြောက်ခမန်းလိလိပါလား”
လုချောင်တို့က ပွဲခင်းထဲဝင်လိုက်သည်နှင့် တစ်ခဲနက် အားပေးသံများကိုကြားလိုက်ရချိန်တွင် အထူးအဆန်းဖြစ်မိသည်။ သူတို့က ဒီလိုပုံစံမျိုးကိုတစ်ခါမှ မမြင်ဖူးပေ။
“ဟား မဟုတ်ပါဘူးကွာ။ မင်းတို့ဘယ်လိုထင်ကြလဲ။ နောက်နှစ်ကျ ပရော်ဖက်ရှင်နယ်ကစားသမားလိုင်း ဒါမှမဟုတ် NBA ပြိုင်ပွဲပဲ ဝင်လိုက်ရမလား။ ဒါမှမဟုတ် တစ်ကိုယ်တော်ဖျော်ဖြေပွဲ လုပ်လိုက်ရမလား”
“မင်းက အကုန်လုံးလုပ်တတ်လို့လား”
လုချောင်တို့က ဖန့်ကြွယ်ယွီပေါက်ကရ ပြောနေသည်ဟု ထင်နေသည်။သူက ကွန်ပျူတာပိုင်း ကျွမ်းကျင်ရုံဖြင့် ဘက်စုံတော်ပါ့မလားဟု တွေးနေမိသည်။
“ဘာလို့မလုပ်နိုင်ရမှာလဲ။ ငါ့ရဲ့ ဘတ်စကတ်ဘောဆော့တတ်တဲ့အစွမ်းကို မသိကြလို့ပါ။ ငါက NBA လိဂ်မှာ အသာလေးကစားနိုင်တယ်”
သူ့စကားကိုကြားသော အဖွဲ့သားများက အူလှိုက်သည်းလှိုက်ရယ်မောကြသည်။
“ငါ အတည်ပြောနေတာကွ”
“ဟုတ်ပြီလေ ငါတို့ကျောင်းက ဘတ်စကတ်ဘောပြိုင်ပွဲက မေလမှာ ရှိတယ်။ မင်းကို ကွန်ပျူတာသိပ္ပံမေဂျာ
ကိုယ်စားပြု ကစားသမားစာရင်းထဲထည့်ပေးမယ်။အဲ့ကျမှ မင်းအစွမ်းတွေကို သေချာထုတ်ပြလေ”
“ကျေးဇူးပါဗျာ..ဟုတ်ကဲ့ အားပေးတာ ကျေးဇူးတင်ပါတယ်”
ဖန့်ကြွယ်ယွီက အားပေးနေသော ပရိတ်သက်များကို ပြန်လည်နှုတ်ဆက်သည်။
“ဥက္ကဌဖန့် မနေ့ကဆော့သွားတာ အရမ်းမိုက်တာပဲ”
“ဥက္ကဌဖန့် ကံစမ်းမဲဖောက်ပေးဦးမလား”
“အရင်ရက်တွေက ဆော့သွားတာလဲ အရမ်းမိုက်တယ်။ လေယာဉ်လက်မှတ်တွေ ဘယ်တော့မဲဖောက်ပေးမလဲလို့ ငါ့သူငယ်ချင်းက မေးခိုင်းလိုက်တယ်”
ဖန့်ကြွယ်ယွီကို တခဲနက်အားပေးနေကြသော ပရိတ်သတ်များကို မြင်ရသော လုချောင်တို့က အံ့အားသင့် နေကြသည်။
“သူက သူ့ကိုယ်သူ နာမည်ကြီးတစ်ဦးလို့ ထင်နေပုံပဲ”
“မသိတဲ့ လူတွေဆို သူ့ကို စူပါစတားလို့ ထင်ကြမှာ”
ဖန့်ကြွယ်ယွီက ပရိတ်သတ်များကို တရင်းတနှီးနှုတ်ဆက်နေချိန်တွင် တရုတ်တက္ကသိုလ်များတွင် ချန်ပီယံဖြစ်နေကျဖြစ်ပြီး မနှစ်ကချန်ပီယံတစ်ဖြစ်လဲ ယန်ကျင်းတက္ကသိုလ်မှကျောင်းသားများ၏ ဗီဒီယိုက ပေါ်လာသည်။ ဒီနှစ်မှာတော့ ဖန့်ကြွယ်ယွီပေါ်လာသဖြင့် သူတို့အတွက် ချန်ပီယံဆုက မသေချာတော့သဖြင့် ယန်ကျင်းတက္ကသိုလ်အသင်းသားများက မျက်နှာမကောင်းကြပေ။
“မပျော်ကြဘူးလား။ မင်းတို့ကို အားပေးတဲ့ပရိတ်သတ်တွေလည်းခေါ်လာခဲ့ပေါ့”
ဖန့်ကြွယ်ယွီက သူ့ကိုမချေမငံဆက်ဆံပုံများအား မြင်ဖူးနေကျဖြစ်တာမို့ စိတ်ထဲဒေါသမထွက်တော့ပေ။
“ဒါနဲ့ စကားမစပ် မင်းတို့က ဒုတိယနဲ့ တတိယနေရာ ရမယ်လို့ ထင်နေကြတာလား”
“သူတို့တော့ သွားပြီ”
ဖန့်ကြွယ်ယွီ၏ ပုံစံကိုကြည့်ပြီး အခြေအနေကို သိလိုက်ရသည်။ သူ့ကို စိတ်ဆိုးအောင်ပြုလုပ်သူများ၏ ဇာတ်သိမ်းက မလှဘူးဆိုတာ လုချောင်တို့ အသိပင်ဖြစ်သည်။
“မင်းဘာသဘောပြောချင်တာလဲ”
“ဪ ငါပြောချင်တာက ဒီနှစ်ဖိုင်နယ်ပွဲမှာ မင်းတို့တစ်မှတ်မှရဖို့ မစဉ်းစားနဲ့လို့ ပြောချင်တာ”
“ဟူး..မင်း စိတ်ဓာတ်ကလည်းကွာ”
ပြိုင်ပွဲဝင်အသင်းများက စင်မြင့်ထက်မှာ နေရာအသီးသီးယူကြသည်။ လုချောင်တို့သုံးဦးက ယခင်အတိုင်းပင် အေးအေေးဆေးဆေးနေနေကြသည်။ သူတို့ကကွန်ပျူတာကို တစ်ချက်လေးတောင်မထိပေ။
သူတို့ကျောင်း၏ လုပ်နေကျပုံစံကို သိသော ဒိုင်လူကြီးက ပွဲကို စတင်ခိုင်းလိုက်သည်။
“ပြိုင်ပွဲစတင်ပြီ”
ဖန့်ကြွယ်ယွီ၏ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် ပျော်ရွှင်မြူးတူးစွာ ကခုန်နေသည့်အလား ဖြစ်နေသည်။
“သူဘာဖြစ်နေပြန်ပြီလဲ”
“ဘာလဲဟ ဒီနေ့ပြိုင်ပွဲက ပိုပြီးမြန်နေသလိုပဲ။ ဥက္ကဌက စိတ်ဆိုးနေတာလား”
“ဟား ဟုတ်လောက်မယ်”
“ကျန်းနန်တက္ကသိုလ်နဲ့ ပေကျင်းတက္ကသိုလ်ကို မေ့ထားကြ။ တခြားကျောင်းတွေကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်ကြမယ်”
“ခေါင်းဆောင် မရဘူး။ တခြားကျောင်းက စည်းတွေကို ဖျက်လို့မရနေဘူး။ ဘာဖြစ်တာပါလိမ့်”
“ဘာ မဖြစ်နိုင်တာကွာ”
“ခေါင်းဆောင် တဖက်အသင်းတွေကက ခံစစ်ပိုင်းကို အဆင့်မြှင့်လိုက်တာလား”
“ဟဲဟဲ မင်းတို့တစ်မှတ်မှ မရစေရဘူးလို့ ငါပြောတာ ခုယုံပြီမဟုတ်လား”
“ဟာ ငါသိပြီ သူက တခြားကျောင်းတွေရဲ့ ခံစစ်ပိုင်းတွေကို ငါတို့ဖျက်မရအောင် လိုက်လုပ်ထားတာ။ သူက ယန်ကျင်းတက္ကသိုလ်အမှတ်မရအောင် တမင်လုပ်နေတာ”
“ဘယ်လိုမှ လုပ်လို့မရဘူး”
“ခေါင်းဆောင် ငါကြိုးစားကြည့်ပြီးပြီ။ ဟာကွက်တစ်ခုတောင် မတွေ့ဘူး”
“ငါတို့တိုက်ခိုက်ခံနေရပြီ။ ဟိုဘက်ကလူက ငါတို့ကို အသာစီးရနေပြီ”
“သွားပြီ ငါအထုတ်ခံလိုက်ရပြီ”
စက္ကန့်အနည်းငယ်ကြာပြီးနောက် ယန်ကျင်းတက္ကသိုလ်သည် တစ်မှတ်တောင်မရဘဲ အဆုံးသတ်ခဲ့ရသည်။
ယန်ကျင်းတက္ကသိုလ်မှ ပြိုင်ပွဲဝင်များက မျက်ရည်ကျလုကျခင်ဖြစ်နေကြသည်။
“ငါ့နည်းလမ်းတွေက အရမ်းရက်စက်သွားရင် ဆောရီးပါ ဟဲဟဲ”
“ကဲ ပွဲကိုလှလှလေး အဆုံးသတ်ကြစို့”
ပြိုင်ပွဲဝင်အသင်းများ၏ မီးလုံးများအားလုံးမှောင်မဲသွားချိန်တွင် ကျန်းနန်တက္ကသိုလ်၏
မီးလုံးများကသာ တောက်ပစွာထွန်းလင်းပြီး ကျန်ရစ်ခဲ့သည်။
“ဒီနှစ် နိုင်ငံတော်အဆင့်ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲရဲ့ ချန်ပီယံကတော့ ကျန်းနန်တက္ကသိုလ်ဖြစ် ပါတယ်ခင်ဗျာ..သူတို့က နောက်နှစ်စင်ကာပူမှာကျင်းပပြုလုပ်မဲ့ နိုင်ငံတကာပြိုင်ပွဲမှာ တရုတ်နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုက်မှာဖြစ်ပါတယ်”