← Chapters

ထျန်းဟောင်ဂြိုဟ်

Vol. 9 Ch. 809

ထျန်းဟောင်ဂြိုဟ်

Vol. 9 Ch. 809

ထျန်းဟောင်ဂြိုဟ်၏ အစိတ်အပိုင်းများစွာသည် သားရဲများ ကျက်စားသော တောင်တန်းများဖြင့် ပြည့်နှက် နေ၏။ အပျက်အစီး တောင်တန်း တစ်ခု၏ အတွင်းပိုင်း တစ်နေရာ တောင်ကြား တစ်ခုရှိသည်။ ထိုတောင်ကြား၌ အလယ်ဗဟိုတွင်မူ ရှေးဟောင်း သင်္ကေတများဖြင့် ပြည့်နှက်နေသော ကျောက်တိုင် ငါးတိုင် ရှိသည်။

"ကလန့် ... "

ထိုနေ့၌ ကျောက်တိုင် ငါးတိုင်သည် ရောင်စုံ အလင်းများ လင်းလက် လာကာ လူငယ် တစ်ယောက် ထွက်ပေါ် လာ၏။ ထိုလူငယ်သည် အနက်ရောင် မျက်လုံးများကို ပိုင်ဆိုင်ထားပြီး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက မျက်လုံးများကို ပိတ်ရင်း လေအား တစ်ဝကြီး ရှူသွင်း လိုက်သည်။

"ဘုန်း ... "

သူ၏ လေရှူရှိုက်မှုမှာ တစ်မိနစ်မျှ အထိ ကြာရှည်ရာ တောင်ကြားအတွင်းရှိ လေထုပင်လျှင် မတည်မငြိမ် ဖြစ်သွားခဲ့၏။

"ဝိညာဉ်ချီတွေက အရမ်း ထူထပ်တာပဲ ...  ခွန်ရှု နယ်မြေထက်တောင် ဆယ်ဆလောက် ပိုပြီး ထူထပ်တယ် ...  ငါ နောက်ဆုံးတော့ ထျန်းဟောင်ဂြိုဟ်ကို ရောက်ပြီပဲ"

ချန်းဖန်က သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။

သူ၏ မျက်လုံးများက ရေကို တွေ့ရသော ငါးတစ်ကောင် အလား တလက်လက် တောက်ပနေခဲ့သည်။

ကမ္ဘာဂြိုဟ်ပေါ်ရှိ ဝိညာဉ်ချီမှာ အလွန် ရှားပါးလွန်း လှသည်။ ထို့ကြောင့်ပင် သူ၏ ကျင့်ကြံခြင်းမှာလည်း များစွာ နောက်ကျခဲ့ရသည်။ ယခု သူသည် အစစ်အမှန် ကျင့်ကြံခြင်း ဂြိုဟ် တစ်ခု ဖြစ်သော ထျန်းဟောင်ဂြိုဟ်ပေါ်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူ၏ စွမ်းအားမှာလည်း များစွာ ခုန်ပေါက်၍ တိုးတက် လာချေတော့မည် ဖြစ်သည်။

"ငါသာ ဒီထျန်းဟောင်ဂြိုဟ်ပေါ်မှာ ပြန်ပြီး မွေးဖွားခဲ့မယ် ဆိုရင် သုံးနှစ်တည်းနဲ့ ရွှေအမြုတေ အဆင့်ကို ရောက်နိုင်တယ် ... "

ချန်းဖန်က သက်ပြင်းတစ်ချက် ချရင်း ပတ်ဝန်းကျင်အား စတင်ကာ စူးစမ်း လိုက်သည်။

"ထူးဆန်းတယ် ...  ဒီနေရာမှာ အစောင့် တစ်ယောက်မှ ရှိမနေပါလား ... "

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။

ကောင်းကင်ညီမျှခြင်းနှင့် ရှေးဟောင်း ကျင့်ကြံသူများသည် ထျန်းဟောင်ဂြိုဟ်သို့ ကောင်းကင် လမ်းကြောင်းမှ တစ်ဆင့် ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူတို့တွင်သာ ကမ္ဘာသို့ ပြန်ရန် အစီအစဉ် ရှိပါက ဤနေရာ၌ အစောင့်အရှောက် တချို့ ထားခဲ့သင့်သည်။

"ဘာတွေ ဖြစ်ခဲ့တာလဲ ... "

ချန်းဖန်က နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက် လိုက်သည်။

အမြုတေ ဖွဲ့စည်းခြင်း အဆင့်သို့ ဝင်ရောက် ပြီးနောက် သူ၏ နတ်ဘုရား စိတ်အာရုံမှာ အချင်းဝက် မိုင်ငါးရာ ပတ်လည် အထိ ဖြန့်ကြက်နိုင်ခဲ့ပြီ ဖြစ်သည်။

"ဟူး ...  ဟူး ... "

များစွာသော ပုံရိပ်များမှာ ချန်းဖန်၏ ဦးနှောက် အတွင်း တဖျတ်ဖျတ် ဝင်လာခဲ့၏။ ထိုအထဲ၌ အလွန် ကြီးမားသော ဝိညာဉ် သစ်ပင်များ၊ အစွမ်းထက် သားရဲများ၊ တောင်တန်းများ ပါဝင်သည်။ သို့သော်လည်း ချန်းဖန်က ထိုအရာများကို လျစ်လျူကာ ဆက်လက်၍ ရှာဖွေ၏။

"ဟမ် ...  အရှေ့အရပ် မိုင်သုံးရာ အကွာမှာ တိုက်ပွဲ တစ်ခု ဖြစ်နေတာပဲ"

ထို့နောက် ချန်းဖန်၏ ခန္ဓာကိုယ်မှာ ရွှေရောင် အလင်း အသွင် ပြောင်းလဲကာ အရှေ့ အရပ်သို့ ပျံသန်း သွား၏။

"ဟူး ...  ဟူး ... "

သူကား အသံ၏ ဆယ်ဆသော အမြန်နှုန်းဖြင့် ရွေ့လျားနေခြင်း ဖြစ်ရာ မိုင်သုံးရာ ခရီးမှာ စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့သည်။ ထိုနေရာတွင်မူ လူငယ်ရှစ်ယောက်နှင့် ဝံပုလွေ တစ်အုပ် တိုက်ခိုက်နေခဲ့၏။

"အာ ...  ဝူး ... "

ဝံပုလွေများမှာ သုံးမီတာမှ လေးမီတာ အထိ ရှည်လျားကာ ငွေဖြူရောင် ရှိ၏။ ၎င်းတို့သည် ပါးစပ်မှ ရေခဲဓားများကို မှုတ်ထုတ်ကာ လေနှင့် နှင်းများကို ထိန်းချုပ် နေကြသည်။

ထိုဝံပုလွေ တစ်ကောင်ချင်းစီမှာ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့် (ကမ္ဘာ အခေါ်အဝေါ် အထွတ်အထိပ် အဆင့်) ၌ ရှိနေပြီး စုစုပေါင်း တစ်ရာခန့် ရှိသည်။

အခြား တစ်ဖက်တွင်မူ လူငယ် ရှစ်ယောက် အနက် ခြောက်ယောက်မှာ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်များ ဖြစ်ပြီး ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက် နှစ်ယောက်သာ ဝိညာဉ်ပင်လယ် အဆင့် ဖြစ်သည်။ သူတို့ နှစ်ယောက်၏ တိုက်ခိုက်မှု တစ်ခုချင်းစီ၌ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့် ဝံပုလွေ တစ်ကောင် သေဆုံးနေခဲ့၏။

"တန်ခိုးရှင် ကျင့်ကြံသူတွေ ... "

ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်း သွားသည်။

ထိုလူငယ်လေးများမှာ ခွန်ရှုနယ်မြေ ဂိုဏ်းကြီး ခုနစ်ဂိုဏ်း၏ အဓိက တပည့်များနှင့်ပင် နှိုင်းယှဉ်နိုင်သော ပါရမီကို ပိုင်ဆိုင် ထားကြသူများ ဖြစ်သည်။

သို့သော်လည်း ယခုတွင်မူ ဝံပုလွေ အုပ်စု၏ အလယ်၌ သူတို့၏ အခြေအနေက အတော်လေး ဆိုးရွားနေသည်။ ဤအတိုင်းသာ ဆက်သွားပါက မကြာခင် ဝိညာဉ် ပင်လယ် အဆင့် နှစ်ယောက်မှ လွဲ၍ အားလုံး သေဆုံး သွားပေလိမ့်မည်။

"ငါဝင်ပါရတော့မှာပေါ့ ... "

ချန်းဖန်က မျက်ခုံး တစ်ချက်ပင့်ရင်း ထိုတိုက်ပွဲဆီသို့ ဦးတည်လိုက်၏။

သူသည် အခြားလူများကို ကူညီခြင်းအား အမှန်တကယ်ပင် မနှစ်သက်ချေ။ သို့သော်လည်း ယခုက ထျန်းဟောင်ဂြိုဟ် ပေါ်သို့ ရောက်ရှိနေခြင်း ဖြစ်ရာ သူ့အနေဖြင့် တစ်စုံတစ်ယောက်ထံမှ အချက်အလက်များ ရရှိရန် လိုအပ်သည်။

"ဘုန်း ... "

သားမွေး အင်္ကျီရှည်ကို ဝတ်ဆင်ထားသည့် အသက် ဆယ့်ခုနစ်နှစ်အရွယ် ကောင်မလေးက မီးတောက် တစ်ခုကို ပစ်လွှတ်ကာ ဝံပုလွေ နှစ်ကောင်ကို နောက်သို့ ဆုတ်စေလိုက်၏။

"အမဟုန်တိ ...  ငါ့မှာ အဆောင် သုံးခုပဲ ကျန်တော့တယ် ...  အကြီးအကဲတွေက ဘယ်တော့မှ ရောက်လာမှာလဲ"

မိန်းကလေးက စိတ်ဓာတ်ကျနေသော လေသံဖြင့် မေးလိုက်သည်။

"ဟုတ်တယ် ...  ငါတို့မှာ ခွန်အား တစ်ဝက်လောက်တောင် မကျန်ဝောာ့ဘူး ...  ဒီအတိုင်း ဆက်သွားမယ် ဆိုရင် ငါ့တို့ ကြာကြာ ခုခံနိုင်တော့မှာ မဟုတ်ဘူး"

အခြား လူငယ်များမှာလည်း စတင်ကာ တုန်လှုပ် လာကြသည်။

"ငါ အကြောင်းကြား ပြီးပြီ ...  ဒါပေမဲ့ ကျူးရန်မြို့က ဒီနေရာနဲ့ မိုင်တစ်ထောင်လောက် ဝေးတယ် ဆိုတော့ အကြီးအကဲတွေက တစ်နာရီလောက် ကြာမှ ရောက်မယ် ထင်တယ်"

ခေါင်းဆောင် ဖြစ်ဟန် တူသော အရပ် ရှည်ရှည် မိန်းကလေးက ဝံပုလွေ တစ်ကောင်ကို ရိုက်ထုတ်ရင်း ပြန်လည် ဖြေလိုက်၏။

"ဘယ်လို ... "

လူငယ်များ၏ မျက်နှာများမှာ ပို၍ ဖြူရော် လာကြသည်။ ဤအတိုင်း ဆက်လက် တိုက်ခိုက်နေရပါက သူတို့၏ စွမ်းအင်များမှာ တစ်နာရီ မဆိုထားနှင့် ဆယ်မိစနစ် အတွင်း ကုန်သွား ပေလိမ့်မည် ဖြစ်သည်။

"အမဟုန်တိ ...  အစ်မနဲ့ အစ်ကို လင်းရှို့တို့ သွားသင့်တယ် ...   ကျွန်မတို့ကို ထားခဲ့လိုက်တော့ ...  မဟုတ်ရင် အကုန်လုံး သေသွားလိမ့်မယ်"

သားမွေး အင်္ကျီဝတ် မိန်းကလေးက ဆိုလိုက်၏။

အခြားသော လူများမှာမူ တိတ်ဆိတ် နေကြသည်။ သူတို့ကား မူဟုန်တိဟု ခေါ်သော မိန်းကလေး ထွက်သွားမည်ကို လိုလားကြပုံ မရချေ။

လင်းရှို့ဟု ခေါ်သော သိုင်းဝတ်စုံဝတ် လူငယ်ကလည်း မူဟုန်တိအား "ဘယ်လိုလဲ" ဟူသော အမေး ပုံစံဖြင့် ကြည့်သည်။

"ငါ ... "

မူဟုန်တိမှာ အနည်းငယ် ဝေခွဲမရ ဖြစ်နေ ခဲ့သည်။ သူမနှင့် လင်းရှို့တို့မှာ ဝိညာဉ် ပင်လယ် (တန်ခိုးရှင်) အဆင့် ကျင့်ကြံသူများ ဖြစ်ရာ တိုက်ပွဲမှ ပျံသန်း ထွက်ပြေး၍ ရသည်။ သို့သော်လည်း သူမသည် အခြားလူများကို မထားခဲ့ချင်ပေ။

"ဆက်ပြီး တိုက်ခိုက်တာပေါ့ ...  ဘယ်လိုမှ မတတ်သာတဲ့ အဆုံး ငါ ရှောင်ယွင်ကို ခေါ်ပြီး ထွက်ပြေးမယ်"

မူဟုန်တိက သက်ပြင်း တစ်ချက် ချလိုက်သည်။

ထိုအချိန်မှာပင် ရှောင်ယွင်ဟု ခေါ်သော မိန်းကလေးက တစ်နေရာသို့ လက်ညှိုးထိုးကာ အော်ဟစ် လိုက်၏။

"ဟိုကိုကြည့် ... "

လူတိုင်းက ထိုအရပ်သို့ ကြည့်လိုက်ကြရာ အဝေးမှ ရွှေရောင် အလင်း တစ်ခု ပျံသန်း လာသည်အား တွေ့မြင်လိုက်ရသည်။

"ဟူ ...  ဟူး ... "

တိုက်ပွဲမြေပြင် အထက်သို့ ရောက်သည်နှင့် ရွှေရောင် အလင်းက အနက်ရောင်ဝတ် လူငယ် တစ်ဦး၏ အသွင်သို့ ပြောင်းလဲ သွား၏။ လူငယ်က သူ၏ လက်ကိုမြှောက်ကာ ရှေ့သို့ ညွှန်လိုက်သည်။

"ကလန့် ... "

ရုတ်ခြည်းပင် ကောင်းကင်၌ ရာချီသော ဓားများ ဖြစ်ပေါ်လာကာ ဝံပုလွေများထံ ကျဆင်း၏။

"ဘုန်း ...  ဘုန်း ... "

ဓားများ၏ ပိုင်းဖြတ်မှုတွင် တစ်ရာသော ဝံပုလွေ အားလုံးမှာ အပိုင်းပိုင်း ပြတ်ကာ သေဆုံး ကုန်တော့သည်။ ဝိညာဉ်ပင်လယ် အဆင့် ဝံပုလွေ ဘုရင်ပင် လွတ်မြောက်ခြင်း မရှိချေ။

"မူလအဆင့် ... "

လူငယ်များ၏ မျက်လုံး၌ လေးစားသော အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။ မူလ အဆင့်မှ လွဲ၍ မည်သူမျှ ထိုသို့သော စွမ်းအားကို ထုတ်ဖော်နိုင်မည် မဟုတ်ချေ။

မူဟုန်တိက ရှေ့သို့ တစ်လှမ်းတိုးကာ ချန်းဖန်အား ဦးညွှတ် နှုတ်ဆက် လိုက်၏။

"နှုတ်ဆက်ပါတယ် စီနီယာ ...  ကျွန်မက ကျူးရန်မြို့ မူမိသားစုက မူဟုန်တိပါ ...  ကျွန်မတို့ကို ကယ်တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"

အခြားလူငယ်များကလည်း ရှေ့သို့ တိုးကာ နှုတ်ဆက် လိုက်ကြသည်။

"အင်း ... "

ချန်းဖန်က မြေပြင်ပေါ်သို့ ဆင်းသက်ရင်း ခေါင်းညိတ် ပြလိုက်၏။

"ငါ့နာမည်က ချန်းပေ့ရွှမ်းလို့ ခေါ်တယ် ...  ဒါက ဘယ်နေရာလဲ ...  ဒီအနားမှာ လူသားတွေ ရှိလား"

"အဲဒါက ... "

ချန်းဖန်၏ မေးခွန်းများက လူငယ်များအား ဆွံ့အ သွားစေသည်။

"စီနီယာ ...  ဒီနေရာက ပေ့ဟန်နယ် ကျူးရန်မြို့ အနားက စူးဟန် တောင်တန်း အတွင်းပိုင်း တစ်နေရာပါ ...  ဒီနေရာနဲ့ ကျူးရန်မြို့က မိုင်တစ်ထောင်လောက် ဝေးပါတယ် ...  တကယ်လို့ စီနီယာ အားရင် ကျွန်မတို့နဲ့ ကျူးရန်မြို့ကို လိုက်လည်လို့ ရပါတယ်"

မူဟုန်တိက ပြောလိုက်သည်။

"အင်း ... "

ချန်းဖန်က ခေါင်းညိတ် လိုက်၏။

ထို့နောက် သူတို့သည် အထုပ်အပိုးများ ပြင်ဆင်ကာ အပြန်ခရီးကို စတင် လိုက်ကြသည်။ သူတို့၏ ပြောစကားများမှ တစ်ဆင့် ချန်းဖန်သည် ဤဒေသ အကြောင်း သိရှိလာခဲ့၏။

ပေ့ဟန်နယ်သည် ဧရိယာ မိုင်ပေါင်း သန်းချီ ကျယ်ဝန်းသည်။ မူလ အဆင့် အရှင်သခင် တစ်ယောက်ပင် ပေ့ဟန်နယ်ကို ဖြတ်သန်းရန် တစ်လခန့် အချိန်ယူ ရပေလိမ့်မည် ဖြစ်သည်။

ပေ့ဟန်နယ်တွင် များစွာသော မျိုးနွယ်များ၊ ဂိုဏ်းများ၊ ကျင့်ကြံခြင်း မိသားစုများ မှီတင်း နေထိုင်ကြပြီး  သခင်ကြီး ပေ့ဟန်သည် ထိုနယ်ကို အုပ်ချုပ်သည်။ သူသည် နှစ်ထောင်ပေါင်း များစွာ အသက်ရှင်ခဲ့ပြီး မည်သူမျှ သူ့အား စိန်မခေါ်ရဲချေ။

လူငယ် အုပ်စုမှာမူ ကျူးရန်မြို့၊ ကျင့်ကြံခြင်း မိသားစုများမှ မျိုးဆက်သစ်များ ဖြစ်သည်။ သူတို့သည် အပျော် ခရီးထွက်ရင်း မထင်မှတ်ပဲ ဝံပုလွေများနှင့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်၏။

မူဟုန်တိ အပြင် အုပ်စုထဲမှ လူငယ် တစ်ယောက် မှာလည်း မြင့်မားသော အဆင့်အတန်း တစ်ခု ရှိသည်။ သူ၏ အမည်သည် ကျန်းလင်ဖုန်း ဖြစ်ပြီး ကျူးရန် မြို့တော် သခင်၏ သားဖြစ်သည်။ ကျူးရန် မြို့တော် သခင်သည် မူလ ထိပ်ဆုံး အဆင့်တွင် ရှိနေကာ အသက် သုံးရာခန့် နေထိုင်ခဲ့ပြီး ဖြစ်သည်။

"စီနီယာချန်းက ဘယ်ဂိုဏ်းကမှ မဟုတ်ဘူး ဆိုတော့ ကျွန်တော်တို့ မြို့တော်သခင် စံအိမ်မှာ အလုပ်လုပ်ပါလား ...  ကျွန်တော့် အဖေက သခင်ကြီး ပေ့ဟန် ကိုယ်တိုင် ခန့်ထားတဲ့ မြို့တော်သခင်လေ ... "

ကျန်းလင်ဖုန်းက ချန်းဖန်အား ပြောလိုက်သည်။

မူဟုန်တိ အပါအဝင် အခြားသော လူငယ်များကလည်း ချန်းဖန်အား သူတို့ မိသားစုများထံ ဝင်ရောက်ရန် ကမ်းလှမ်း ကြ၏။

ချန်းဖန်က အားလုံးကို ငြင်းပယ်ရန် ဟန်ပြင် လိုက်စဉ်မှာပင် သွားမွေး အင်္ကျီဝတ်ဆင် ထားသော ယွင်ရဲ့အာ အမည်ရှိ မိန်းကလေးက ရုတ်တရက် မေးလိုက်၏။

"စီနီယာ ...  စီနီယာက ကျုံးဝမ် လူမျိုးလား"

လူတိုင်းက တိတ်ဆိတ် သွားပြီး ချန်းဖန်အား ကြည့်လိုက်ကြသည်။

ချန်းဖန်မှာလည်း အနည်းငယ် ဆွံ့အ နေခဲ့၏။ ကျုံးဝမ် ဆိုသည်က ကမ္ဘာ၏ ရှေးဟောင်း အရှေ့တိုင်း ကျင့်ကြံသူများကို ခေါ်ဆိုသော အမည် ဖြစ်သည်။

"သူတို့က ဘယ်လိုလုပ်ပြီး ကျုံးဝမ် လူမျိုးကို သိနေတာလဲ ...  ကမ္ဘာကနေ ရောက်လာတဲ့ ရှေးဟောင်း ကျင့်ကြံသူတွေ ကြောင့်လား"

ချန်းဖန်က တွေးရင်း ခေါင်း တစ်ချက် ညိတ်လိုက်သည်။

"ဟုတ်တယ် ...  ဘာဖြစ်လို့လဲ"

ချန်းဖန် အဖြေကို ကြားသည်နှင့် ရုတ်ခြည်းပင် လူငယ်များ၏ အကြည့်များမှာ ပြောင်းလဲ သွားသည်။ ကျန်းလင်ဖုန်း၏ အမူအရာက အေးစက်သွားကာ မူဟုန်တိမှာလည်း စိတ်ပျက်သွားဟန် ရ၏။

***

All Chapters