← Chapters

မင်းချစ်သူကို တင်တောင်းဖို့ ကူညီပေးမယ်

Vol. 18 Ch. 241

မင်းချစ်သူကို တင်တောင်းဖို့ ကူညီပေးမယ်

Vol. 18 Ch. 241

“တကယ်လား ဘယ်လိုကြီးလဲ”

ဝမ်ချုံးက သာမန်ထက် ထူးကဲသောလူဆိုတာ အရင်တစ်ခေါက်က လေလံပွဲမှာတွေ့လိုက်ရသည်။ သူထင်ထားသည်ထင် ကမ္ဘာကြီးက ရှုပ်ထွေးပေသည်

“အဲ့ကောင်ကြည့်ရတာ ပိန်ပိန်ပါးပါးပါပဲ။ ဒါပေမဲ့ သူ ငါ့ကို ဆွဲကိုင်လိုက်တဲ့အချိန်မှာ ငါ့ကိုယ်ထဲကို အားတွေစီးဝင်သွားတဲ့ပုံပဲ။ ငါက ဘယ်လောက်ပဲ အားကုန်ရုန်းကန်နေပါစေ သူ့လက်ကမလွတ်ဘူး”

“ငါက အရပ်ခြောက်ပေရှိပြီး ပေါင်၁၅၀ ရှိတယ်။ သူက ငါးပေခုနှစ်လက်မလောက်နဲ့ ပေါင် ၁၀၀လောက် ပဲရှိမယ်။ အဲ့တာကို ငါ့ကိုအသာလေး မ နိုင်တယ်။ ဒါမျိုးက သာမန်လူဆို ဘယ်လိုလုပ်ပြီး မ နိုင်မှာလဲ”

ဝမ်ချုံးက သိုင်းသမားတစ်ဦးနှင့် ကြုံလိုက်ရပြီဆိုတာ ဖန့်ကြွယ်ယွီသိလိုက်ရသည်။ သူ့ကိုယ်ထဲစီးဝင် သောအားဆိုတာ အတွင်းအားဖြစ်ရမည်။ သူ့ကို သက်သက်ညှာညှာလုပ်သွားပုံရသည်။ မဟုတ်ပါက သူက ဒီ့ထက်ပိုပြီး ဒဏ်ရာရနိုင်မည်။

“ငါ့အိမ်ကို ဒီည မင်းကောင်မလေးနဲ့ အတူတူလာခဲ့။ ညစာအတူတူစားရင်း အဲ့အကြောင်းတွေကို သေချာဆွေးနွေး ကြတာပေါ့”

ဝမ်ချုံးက သူ့အတွက် မိတ်ဆွေကောင်းတစ်ဦးဖြစ်သည်။ ဝမ်ချုံး ဒုက္ခကြုံတွေ့ချိန်တွင် သူက ကူညီပေးသင့်သည်။

ငါးနာရီခွဲတိတိတွင် ဝမ်ချုံးက သူ့ကောင်မလေးနှင့် အတူတူ ရောက်လာသည်။ သူ့ကောင်မလေးက အရင်တုန်းက တွဲခဲ့သော မိန်းကလေးများနှင့် မတူဘဲ ဖြူစင်အေးချမ်းသည့်ပုံပေါ်သည်။

“မင်းတို့ရောက်လာတာမြန်သားပဲ။ ထိုင်ကြပါဦး”

“အန်တီကျူ ..စားဖိုမှူးကို ဟင်းပွဲတွေပြင်ခိုင်းလိုက်တော့”

“ဟင်..ညီလေးဖန့် ရှင်းယွီရော”

“သူက သီချင်းအသစ်ထုတ်ဖို့ လုံးပမ်းနေတာ။ အခု စတူဒီယိုထဲမှာ အသံသွင်းနေတယ်”

“ဒီကောင်မလေးနှယ့်..ကိုယ့်ရည်းစားက ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်နေတာတောင် အလုပ်ကိုကြိုးကြိုးစားစား လုပ်နေသေးတယ်”

“လူပဲကွာ..ကိုယ့်အိမ်မက်တွေကို အကောင်အထည်ဖော်ရမှာပေါ့”

“ကဲ..ထားပါတော့ ငါ့ကိုမိတ်ဆက်မပေးတော့ဘူးလား”

“ဟုတ်ပါရဲ့ မေ့နေလိုက်တာ”

“ဒါက ငါ့ကောင်မလေး စမ်းမုန့်ဟန်။ မုန့်ဟန်..ဒါက ကိုယ့်သူငယ်ချင်း ဖန့်ကြွယ်ယွီ။ သူ့ကို မင်းသိမှာပါ။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်လေ”

“မင်္ဂလာပါ တွေ့ရတာဝမ်းသာပါတယ်ဗျာ”

“ဟုတ်ကဲ့ရှင့် တွေ့ရတာဝမ်းသာပါတယ်”

ဖန့်ကြွယ်ယွီနှင့် စမ်းမုန့်ဟန်က တရင်းတနှီးလက်ဆွဲနှုတ်ဆက်သည်။

“မစ္စမုန့်..ကျွန်တော်မမှားဘူးဆို မင်းက အလယ်အလတ်သိုင်းပညာအဆင့်ကို ရောက်နေပြီမဟုတ်လား”

စမ်းမုန့်ဟန်၏ အတွင်းအားကို အာရုံခံကြည့်ပြီး သူမက သိုင်းလောကသားမိသားစုထဲမှ ဖြစ်ရမည်ဟု ကောက်ချက်ချမိသည်။

စမ်းမုန့်က ချက်ချင်းအံ့အားသင့်သွားရသည်။သို့သော်သူမ၏ အံ့အားသင့်မှုကို အလျင်အမြန်ဖုံးကွယ်လိုက်သည်။

“ထိန်းသိမ်းစောင့်ရှောက်ခ”သည် သိုင်းလောက အသိုင်းအဝိုင်းကြားတွင် တရားဝင်ရေးဆွဲထားခြင်း

မရှိသောစည်းမျဉ်း တစ်ခုဖြစ်သည်။ ဖန့်ကြွယ်ယွီလို သူဌေးတစ်ဦးက သူတို့အသိုင်းအဝိုင်းနှင့် မစိမ်းလောက်ပေ။

“မစ္စတာဖန့်က ကျွန်မရဲ့ သိုင်းပညာအဆင့်ကို ဘာကြောင့်များ ပြောနိုင်ရတာလဲ”

သူတို့မိသားစုတွင် သိုင်းပါရမီရှင် သုံးဦးရှိသဖြင့် ချင်းယွင်တို့မိသားစုထက် ပိုပြီးအဆင့်မြင့်သည်ဟု ဆိုနိုင်သည်

“ဒီလိုပါပဲဗျာ ဟဲဟဲ”

သူက ဝမ်ချုံး၏ လက်မောင်းကို ဆွဲယူပြီး သူ့အတွင်းအားဖြင့် ကုသပေးသောအခါ ဖောင်းနေသော သူ့မျက်နှာက ချက်ချင်းပင် သက်သာလာသည်။

ဝမ်ချုံးက သူ့မျက်နှာမှာ စပ်ဖျဉ်းဖျဉ်းခံစားလာရသဖြင့် ဖုန်းကိုထုတ်ပြီးကြည့်သောအခါ သူ့မျက်နှာက သာမန်အတိုင်းဖြစ်သွားရုံသာမက သူ့မျက်နှာပေါ်က ဝက်ခြံများလည်း ပျောက်သွားရသည်။

“မိုက်လိုက်တာ” ဝမ်ချုံးက ပျော်လွန်းသဖြင့် ထခုန်မတတ်ဖြစ်သွားသည်။

“မုန့်ဟန်..သူက အချမ်းသာဆုံးလူပဲ ဖြစ်တာမဟုတ်ဘူးနော်။ သူ့သက်တော်စောင့်ကလည်း အရမ်းမိုက်တယ်။ သူက ထူးခြားတဲ့စွမ်းအင်တွေ ထုတ်နိုင်တာကို ငါ့မျက်စိနဲ့မြင်ခဲ့ရတယ်”

“ထူးခြားစွမ်းအင်အသုံးပြုသူ”

စမ်းမုန့်ဟန်က ချက်ချင်းတွေးမိသည်။ တရုတ်မှာ သိုင်းလောကသားများကို သိုင်းလောက ဖက်ဒရေးရှင်းက အုပ်ချုပ်တယ်။ ထူးခြားစွမ်းအင်အသုံးပြုသူတွေကို အစိုးရက အုပ်ချုပ်တယ်။ ထူးခြားစွမ်းအင်အသုံးပြုသူကို သက်တော်စောင့်အနေနဲ့ ခန့်အပ်ထားသဖြင့် ဖန့်ကြွယ်ယွီမှာ ထူးခြားသော နောက်ခံရှိရမည်။

“ငါ မှန်းကြည့်မယ်နော်။ မစ္စစမ်းအဖေက ဝမ်ချုံးနဲ့ သဘောမတူတာက သူက သိုင်းလောကသားမဟုတ် နေလို့လား”

“ဟမ် ရှင်ဘယ်လိုခန့်မှန်းနိုင်တာလဲ”

ဝမ်ချုံးနှင့် စမ်းမုန့်ဟန်ကြားမှာ လျှို့ဝှက်ချက်ဟူ၍ မရှိပေ။ ဖန့်ကြွယ်ယွီဆီလာတုန်းက ဖြစ်ကြောင်းကုန်စင်ကို စမ်းမုန့်ဟန်အားရှင်းပြသည်။

သိုင်းလောကမိသားစုတွင် အရေးကြီးဆုံးမှာ အဆက်အသွယ်ကောင်းများရှိခြင်း နှင့် ပိုင်ဆိုင်မှုပေါကြွယ်ဝခြင်း တို့ဖြစ်သည်။စမ်းမုန့်ဟန်၏ ဖခင်က သူ့အား သိုင်းလောကမှ လူနှင့်သာ လက်ထပ်စေလိုသည်။ ထိုမှသာ စမ်းမိသားစုက သိုင်းလောကမိသားစုအချင်းချင်း ပေါင်းစည်းနိုင်ပြီး စမ်းမိသားစုက ပိုပြီး အားကောင်းလာမည်။

ထို့ကြောင့် သူမနှင့် ဝမ်ချုံး ချစ်မြတ်နိုးကြတာကို စမ်းမိသားစုက သဘောမတူခြင်းဖြစ်သည်။

ဝမ်ချုံးမိသားစုကချမ်းသာသော်လည်း စမ်းမိသားစုက ဝမ်မိသားစုထက် ပိုပြီးချမ်းသာသည်။

“သိပြီ မင်းမိသားစုက လိုချင်တဲ့သမက်လောင်းက ဘယ်လိုလဲဆိုတာ ငါရိမ်မိပြီ”

“ဟူး..ငါ့အဖေကလေ သိုင်းပါရမီရှင်တစ်ဦး ဒါမှမဟုတ် အဆင့်-၈ထက်မြင့်တဲ့ သမားတော်တစ်ဦးရှိတဲ့ မိသားစုထဲက လူနဲ့ လက်ထပ်စေချင်တာ။ ငါက ဘယ်သူနဲ့ လက်ထပ်ချင်လဲဆိုတာ သူတို့စိတ်မဝင်စားဘူး”

“မင်းမိသားစုက မင်းကို ပစ္စည်းတစ်ခုလို သဘောထားနေတာပေါ့”

စမ်းမုန့်ဟန်က ချက်ချင်းမျက်နှာပျက်သွားသည်။

“ညီလေးဖန့်….”

ဝမ်ချုံးက မျက်နှာရိပ်မျက်နှာကဲပြသည်။

ဖန့်ကြွယ်ယွီပြောတာမမှားပေ။စမ်းမုန့်ဟန်မှာ ထူးချွန်ထက်မြက်ပြီး စမ်းမိသားစု၏ အရိုက်အရာကို ဆက်ခံမည့် အကိုနှစ်ဦးရှိသည်။ စမ်းမုန့်ဟန်ကလည်း ထူးချွန်အောင်ကြိုးစားခဲ့သော်လည်း သူမ၏ ကြိုးစားမှုက အရာမထင်ပေ။ သူမကို စမ်းမိသားစုက စမ်းမိသားစု အကျိုးစီးပွါးအတွက် လက်ထပ်ရန် အသုံးပြုသည့် ပစ္စည်းတစ်ခုသဖွယ် မှတ်ယူခဲ့ကြသည်။

“သိုင်းပါရမီရှင်သုံးဦး..ဒါပဲလား”

“ဒါပဲလား ဆိုတာက…”

စမ်းမုန့်ဟန်က သောက်လက်စရေတောင် ပြန်အန်ထွက်ကုန်သည်။

သိုင်းလောကမိသားစုတွင် သိုင်းပါရမီရှင်တစ်ဦးရဖို့ကို မလွယ်ကူပေ။

စမ်းမိသားစုသည် သိုင်းလောကမိသားစုတွင် နံပါတ်သုံးနေရာမှာရှိသည်။

“ဝမ်ချုံး ငါ့ကိုအဖေလို့ခေါ်လိုက်။ သူ့ကို တင်တောင်းဖို့ ငါအကုန်စီစဉ်ပေးမယ်။ သူ့မိဘတွေက သူနဲ့မင်းကို သဘောတူစေရမယ်လို့ ငါအာမခံတယ်”

“ဟမ် တကယ်ကြီး ငါ့ကို အရူးမလုပ်နဲ့နော်”

ဖန့်ကြွယ်ယွီက သူ့ကိုအမှန်တကယ်ကူညီမည်ဆိုတာ စိတ်ထဲကသိနေသည်။

“ရှင်ရူးနေလား။ ငါ့မိသားစုက သာမန်မဟုတ်ဘူးနော်။ ငါ့မိသားစုက ကြောက်ဖို့ကောင်းတယ်။ ရှင့်ဘာသာ ဘယ်လောက်ပဲချမ်းသာနေပါစေ သူတို့အတွက် ဘာမှမဟုတ်ဘူး။ရှင်လည်း ထိန်းသိမ်းစောင့်ရှောက်ခတောင်းတဲ့အဖွဲ့နဲ့ကြုံဖူးတယ် မဟုတ်လား”

“ဪ ဟိုဆက်ကြေးလိုလို လာကောက်တဲ့အဖွဲ့ကို ပြောချင်တာလား”

စမ်းမုန့်ဟန်က စိတ်တိုသွားသည်။ သူမတို့၏ သိုင်းလောကအဖွဲ့ကို မည်သူကမှ ဒီလိုမပြောရဲပေ။

“အဲ့ကောင်တွေက ကူးချန်ဂိုဏ်းကလို့ပြောတာပဲ။ သူတို့ကို ရိုက်နှက်ဆုံးမပြီး ပြန်လွှတ်ပေးလိုက်တယ်။ သူတို့က ပိုက်ဆံတပြားမှမရတဲ့အပြင် ငါ့ကိုတောင်ပေးဖို့ ဒေါ်လာတစ်သန်းကျန်သေးတယ်။ ငါအချိန်ရရင် သူတို့ကို ပြသနာသွားရှာရမယ်”

All Chapters