The Sword Comes
Vol. 18 Ch. 244
“ငါတို့ ကူးချန်ဂိုဏ်းလာတဲ့လမ်းကို ဘယ်ကောင်လာပိတ်တာလဲကွ”
ကူးချန်ဂိုဏ်း၏ ခေါင်းဆောင်၊ အကြီးအကဲများနှင့် ဂိုဏ်းသားများ အယောက်တစ်ရာကျော်ပါလာသည်။
သူတို့အားလုံးက ဓားကို ထုတ်လိုက်ပြီး ဖန့်ကြွယ်ယွီ၏ လမ်းကို ပိတ်လိုက်သည်။
“ဟေး ကူးတုံ နားမကြားချင်ယောင်ဆောင်မနေနဲ့။ ငါပြောတာ မင်းကြားတယ်မဟုတ်လား။ဟိုးရက်တုန်းက ငါ့အိမ်မှာ မင်းတို့အဖွဲ့လာဖျက်စီးခဲ့တဲ့အရာတွေအတွက် ငါလျော်ကြေးတောင်းထားတဲ့ ကိစ္စ ဒီနေ့အပြတ်ရှင်းမယ်”
ဖန့်ကြွယ်ယွီက ဖုန်းထဲက ဂဏန်းပေါင်းစက်ကိုဖွင့်လိုက်သည် ဂဏန်းများကို တွက်ချက်နေသည်။
“ငါ့ကိုအိပ်ရေးပျက်အောင်လုပ်လို့ ဒေါ်လာလေးသိန်းတောင်းတယ် မများဘူးမဟုတ်လား”
“အဲ့အကျိုးဆက်က ခုထိငါနေလို့မကောင်းဘူး။ အဲ့အတွက် ငါ့အလုပ်တွေပျက်တယ်။တစ်နေ့ကို သန်း ၁၀၀ နီးပါး ဝင်တယ်။ သုံးရက်ဆိုတော့ သန်းသုံးရာပဲထားလိုက်ပါတော့။ ကျန်တဲ့ အစွန်းထွက်တွေ ငါလျှော့ပေးမယ်။ အခုပေး”
ဖန့်ကြွယ်ယွီက သူ့စာရင်းကို ကူးချန်ဂိုဏ်းအားလှမ်းပြသည်။
“ဟား..ငါတို့ဂိုဏ်းကို ဒီလိုပြောဆိုဖို့ ဒီမလောက်လေးမလောက်စားကောင်ကို ဘယ်သူကလွှတ်လိုက်တာလဲကွ။ ကူးတုံ မင်းသူ့ကို သိလား”
ဖန့်ကြွယ်ယွီကိုမြင်လိုက်ရသောအခါ ကူးတုံတစ်ယောက်မျက်စိမျက်နှာပျက်သွားသည်။
“အကို ၅၊ သူက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ပါ။ အရင်တစ်ခေါက်တုန်းက သူ့ဆီဆက်ကြေးကောက်ခဲ့တုန်းက ဒဏ်ရရအောင် သူလုပ်ခဲ့တာပါ”
ကူးတုံက ဖန့်ကြွယ်ယွီကို မျက်လုံးချင်တောင် ဆိုင်ပြီးမကြည့်ရဲပေ။
“ဪ သူလား”
အရင်တစ်ခေါက်တုန်းက ကူးတုံ တစ်ယောက်ဒဏ်ရာရပြီးပြန်လာကတည်းက တစ်ဖက်လူက အဆင့်မြင့်သိုင်းကို တတ်ကျွမ်းထားပြီဆိုတာ ကူးချန်ဂိုဏ်းသားများက မှန်းဆမိသည်။
သို့သော် အသက်၂၀အရွယ်လူငယ်လေးမှာ ထိုကဲ့သို့ အစွမ်းအစမျိုးဘယ်လိုကြောင့် ရှိနေလဲဆိုတာ မတွေးတတ်ကြပေ။
ကူးချန်ဂိုဏ်း၏ အကြီးအကဲငါးဦးက သိုင်းပါရမီရှင် အဆင့်မှာရှိကြသူများဖြစ်ကြသည်။
ဖန့်ကြွယ်ယွီမှာ ချီအတွင်းအား သို့ စကြာဝဠာအရင်းမြစ်စွမ်းအင်က ပေါပေါများများ မရှိသော်လည်း သူတို့နှင့် အစွမ်းအစအတူတူပဲဆိုတာ ကူးချန်ဂိုဏ်း၏ အကြီးအကဲ-၅က သတိထားမိသည်။
သူတို့လိုမျိုး သိုင်းပါရမီရှင် ငါးဦးရှိသော ကူးချန်ဂိုဏ်းကို ဖန့်ကြွယ်ယွီက ဘယ်လိုများရန်ရှာနိုင်မည်နည်း။
“မစ္စတာဖန့်ကြွယ်ယွီ..ငါက ကူးနမ် ပါ။ ကူးချန်ဂိုဏ်းရဲ့ အကြီးအကဲတစ်ဦးလည်းဖြစ်ပါတယ်။ အရင်တစ်ခေါက် တုန်းက မင်းဆီ စီမံခန့်ခွဲကြေး လာကောက်တုန်းက ငါတို့ဂိုဏ်းက ရိုင်းပျမိခဲ့ရင် တောင်းပန်ပါတယ်”
“အနည်းဆုံးတော့ မစ္စတာကူးနမ်ကမှ ဘယ်လိုပြောဆိုဆက်ဆံရမလဲဆိုတာ သိသေးတယ်။ သူတို့ကိုယ်သူတို့ ဟုတ်လှပြီထင်ပြီး မောက်မောက်မာမာပြောဆိုတဲ့ သူတွေနဲ့များကွာပါ့”
ထိုသို့ပြောကာ ဖန့်ကြွယ်ယွီက ကူးတုံကိုလှမ်းကြည့်သည်။ ကူးတုံက ချက်ချင်းအကြည့်လွှဲပစ်သည်။
“ကဲ ငါ့အလုပ်ပျက်လို့ လျော်ကြေးတွေမတောင်းနေတော့ပါဘူး။ ငါ့တံခါးကိုဖျက်စီးတာရယ် ငါ့ကို စိတ်အနှောင့် အယှက်ဖြစ်စေတဲ့အတွက်ရယ် အဲ့အတွက် ဒေါ်လာတစ်သန်းပဲပေးပါ။ ဒီလောက်ဆို မင်းတို့ပေးနိုင်တယ်မလား”
ကူးနမ်က ထိုစကားကိုကြားပြီးမျက်နှာပျက်သွားသည်။
ပိုက်ဆံဒေါ်လာတစ်သန်းဆိုသော ပမာဏကမများပေ။ သို့သော် သူတောင်းသလို ပေးလိုက်ပါက ကူးချန်ဂိုဏ်းက ရှုံးနိမ့်ပါ တယ်ဟု ဝန်ခံလိုက်သလိုဖြစ်မည်။ဒါ့အပြင် ဖန့်ကြွယ်ယွီကဆီက ဆက်ကြေးလည်း မရသေးပေ။
ထိုဆက်ကြေးကိုတော့ မဖြစ်မနေရမှဖြစ်မည်။
“မစ္စတာဖန့် လျော်ကြေးကိစ္စက အေးဆေးဆွေးနွေးနိုင်ပါတယ်။ ဒါပေမဲ့ စီမံခန့်ခွဲကြေးကိုတော့ ညှိနှိုင်းဖို့လိုမယ်”
“စီမံခန့်ခွဲကြေးဆိုတာ ကူးချန်ဂိုဏ်းအတွက်ကောက်တာမဟုတ်ပါဘူး။ သိုင်းလောကအဖွဲ့အစည်းတွေလိုက်နာရမဲ့ စည်းကမ်းပါ။ငါတို့ကို အခက်မတွေ့စေချင်ဘူးဆိုရင် စီမံခန့်ခွဲကြေးပေးဖို့ မေတ္တာရပ်ခံပါတယ်”
သိုင်းလောကအစည်းအရုံးက ဆက်ကြေးပမာဏကို သတ်မှတ်ပြီး ကောက်ယူပေးသည့် ဂိုဏ်းက ၅၀% လောက်သာရသည်။
“အခုချိန်ထိ ဆက်ကြေးကောက်ချင်ကြသေးတာပေါ့။ သိုင်းလောကအစည်းအရုံးဆိုတာ ဘယ်မှာလဲ။ ငါကိုယ်တိုင်ရှင်းပစ်မယ်။ငါက မနက်ကနေ ညအထိ နဖူးကချွေး ခြေမကျမတတ်လုပ်ခဲ့ရတာကို သူတို့က အချောင်လိုချင်နေကြတယ်”
“ဟင် မိုက်ရိုင်းလှချည်လား။ ညီလေး-၅ ဒီကောင်က စီမံခန့်ခွဲကြေးပေးဖို့ အစီအစဉ်မရှိဘူး။ ဒီတိုင်း တမင်သက်သက်ရန်စနေတာ။ သိုင်းလောက အစည်းအရုံးဆိုတာ သူစော်ကားချင်တိုင်း စော်ကားလို့ရတဲ့ နေရာမဟုတ်ဘူး”ဟု အကို-၄က ဒေါသတကြီးပြောဆိုသည်။
သိုင်းလောကအစည်းအရုံးမှာအဖွဲ့များစွာပါဝင်သည်။ သိုင်းလောက အစည်းအရုံးကို ကြိမ်းမောင်းပြောဆိုတာက သူတို့ဂိုဏ်းကိုကြိမ်းမောင်းနေတာနှင့် အတူတူပဲဖြစ်သည်။
“ကောင်လေး မင်း ဆက်ကြေးကို အေးအေးဆေးဆေး ပေးရင်ပေး။ မဟုတ်ရင် ဒီက အေးဆေးထွက်သွားလို့ရမယ်မထင်နဲ့”
အကြီးအကဲ-၄က လက်ကိုဝှေ့ရမ်းပြပြီး “တက်ကြ” ဟု အမိန့်ပေးသည်။
ကူးချန်ဂိုဏ်းသားများက သူ့ပတ်ပတ်လည်မှာ ဝိုင်းထားလိုက်ကြသည်။
“ကောင်လေး မင်းက ဘာကောင်မှမဟုတ်ပေမဲ့ မစ္စတာဖန့်လို့ တလေးတစားခေါ်ကြတာ။ ဒီ့ထက်ပိုပြီး မရောင့်တက်လာနဲ့။ မင်းရဲ့ သိုင်းပညာအဆင့်မြင့်နေတာကိုတော့ တကယ်အသိအမှတ်ပြုပါတယ်”
“ဒါဆို စီမံခန့်ခွဲကြေးကို ခင်ဗျားတို့တောင်းတဲ့အတိုင်း အေးဆေးမပေးဘူးဆို ဓားပြတိုက်မယ်ပေါ့။ ကောင်းပြီလေ ဒါဆို ငါကလည်း မင်းတို့ကို လျော်ကြေးပြန်တောင်းရတော့မှာပေါ့”
ဖန့်ကြွယ်ယွီက ရှေ့ကိုတစ်လှမ်းတိုးလာပြီးနောက် ချက်ချင်းဆိုသလို အတွင်းအားများ ကန်ထွက်လာသည်။
“ဒင် ဒင် ဒင်”
မမြင်နိုင်သော အားတစ်ခုက သူတို့ကို သက်ရောက်နေသလို ခံစားရပြီး ကူးချန်ဂိုဏ်းသားများက ဓားကို ကိုင်ထားရင်း ထိန်းချုပ်မရနိုင်အောင် လက်တွေတုန်လာသည်။ တချို့ဆို ဓားတွေလွတ်ကျကုန်သည်အထိဖြစ်သည်။
“ဓားတွေအကုန်ငါ့ဆီရောက်စေ”
ချက်ချင်းဆိုသလို ဓားအချောင်းတစ်ရာက ကူးချန်ဂိုဏ်းသားများဆီက လွတ်ထွက်လာပြီး သူ့ဆီ ပျံလာကြသည်
။မမြင်နိုင်သော ဆန်းကြယ်တန်ခိုးအောက်တွင် ဓားများက သူ့ဘေးပတ်ပတ်လည်တွင် ဝိုင်းရံနေပြီး သူ့အမိန့်ကို စောင့်နေသည့်အလား မိုးပေါ်ကို ထောင်နေကြသည်။
“ဒါက ဓားသိုင်းပေါ့”
အကြီးအကဲများလည်း မျက်လုံးပြူးကုန်ကြသည်။
“ဓားထိန်းချုပ်သိုင်း”
ဖန့်ကြွယ်ယွီသည် အဖော်မဲ့ဓားကိုးချောင်းသိုင်း သင်ယူပြီးနောက် ဓားထိန်းချုပ်သိုင်းကိုဆရာလီရှောင်ယောင် ထံမှ သင်ယူခဲ့သည်။ ဓားထိန်းချုပ်သိုင်းသည် အင်မော်တယ်သိုင်းအဆင့်ထိ ရောက်ခါနီးဖြစ်သည်။
ဓားအချောင်းတစ်ရာကျော်က သူ့ဘေးနားက ညင်သာစွာကခုန်နေသယောင်တူသည်။ တခဏအကြာမှာ သိုင်းပညာအဆင့်မမြင့်သေးသော ကူးချန်ဂိုဏ်းသားများက ဒဏ်ရာအနာတရဖြစ်ပြီး မြေပြင်ပေါ်လူးလှိမ့်နေကြသည်။
“ဓားတစ်သောင်းသိုင်း”
ဖန့်ကြွယ်ယွီက အရှေ့ကို ညွှန်ပြသောအခါ ဓားအချောင်းတစ်ရာက အရှေ့ကို တပြိုင်တည်း တညီတညာ ထွက်လာပုံက အလွန်ပင်ကြောက်စရာကောင်းပေသည်။