သူတို့ရဲ့ လက်ဆောင်ပစ္စည်းတွေက ဒီလောက်လည်း အကောင်းကြီးမဟုတ်ပါဘူး…
Vol. 18 Ch. 247
မိနစ်နှစ်ဆယ်ကြာသောအခါ ကူးမို၏ လက်မောင်းက ပကတိအတိုင်းပြန်လည်ကောင်းမွန်လာသည်။ တကယ်တော့ ဖန့်ကြွယ်ယွီက သူ့လက်မောင်းကို သာမန်ပဲကုသပေးလိုက်ရုံဖြစ်သည်။သို့သော် သူ့ကိုယ်ထဲ စွမ်းအင်များစီးဝင်သွားသလို ခံစားလာရသည်။ကြွက်သားများနှင့် အရိုးအဆစ်များက ပြန်လည်ကောင်းမွန်လာသလို ထင်ရသည်။
အနောက်နိုင်ငံမှာ ထိုကဲ့သို့ ကုသပေးနိုင်သော သမားတော်တစ်ဦးရှိသည်ဟု ကြားဖူးသည်။ဦးနှောက်နှင့် နှလုံးသားကို ထိခိုက်သောဒဏ်ရာမဟုတ်ပါက မည်သည့်ဒဏ်ရာကိုမဆို ကုသနိုင်စွမ်းရှိသည်ဟု ဆိုကြသည်။
ဖန့်ကြွယ်ယွီမှာ ထိုကဲ့သို့ အစွမ်းမျိုးပိုင်ဆိုင်နေပုံရသည်။ ဒီကမ္ဘာမှာ သူ့လိုပါရမီရှင်မျိုးရှိသေးလားဟု တွေးမိသည်။ ဖန့်ကြွယ်ယွီက စကြာဝဠာအရင်းမြစ်စွမ်းအင်ကို လိုအပ်သလို အသုံးပြုနိုင်နေသည်။
“ဟုတ်ပြီ အဲ့တာဆို အဆင်ပြေပြီနော်။ နောက်ထပ် သိုင်းလောကသားတွေ ငါ့ကိုပြသနာထပ်မရှာစေနဲ့။ မဟုတ်ရင် အကုန်လုံးကိုမျိုးဖြုတ်ပစ်မယ်”
ဖန့်ကြွယ်ယွီက ယနေ့မှာ ဒေါ်လာ ဘီလီယံ ၂၀ကျော်ဝင်ငွေရှိတာမို့ သူ၏ပုံမှန်တစ်နေ့ဝင်ငွေထက် ပိုများသည်ဟု ဆိုနိုင်သည်။
ကူးချန်ဂိုဏ်းသားများကလည်းအထုပ်များကို ယူပြီး အသည်းအသန်ပြန်ပြေးကုန်ကြသည်။ သူတို့က စမ်းမိသားစု၏ ခေါင်းဆောင်မွေးနေ့ကိုတက်ရောက်ရန်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မည်သည့်ပြသနာပဲဖြစ်ဖြစ် စမ်းမိသားစုက ဖိတ်ကြားထားသည့်ပွဲကို မဖြစ်မနေတက်ရမည်။
“အကိုဝမ်..ဒါခင်ဗျားဝေစု”
ဖန့်ကြွယ်ယွီက ချက်လက်မှတ်ဆယ်ရွက်ကို ပေးသည်။
“ဒါက မင်းမင်္ဂလာဆောင်အတွက် လက်ဖွဲ့ငွေနော်။ နောက်မှ ထပ်မတောင်းနဲ့တော့”
“ဟုတ်ပါပြီ။ ငါတို့သူဌေးဖန့်က အရမ်းရက်ရောတာပဲ။ ဒါဆိုလည်း မငြင်းတော့ဘူးနော်။ ယူလိုက်ပြီ”
ဝမ်ချုံး၏ ပိုင်ဆိုင်မှုစုစုပေါင်းက ဒေါ်လာ ၂၀ဘီလီယံပင်မပြည့်ပေ။ လက်ဖွဲ့ငွေအဖြစ် ဒေါ်လာ၁၀ဘီလီယံရခြင်း ကြောင့် သူ့ပိုင်ဆိုင်မှုက ၅၀%တိုးတက်လာခြင်းဖြစ်သည်။ သူ၏ အစွမ်းအစနှင့်ဆို ဒီပိုက်ဆံများက ပွါးများလာပေလိမ့်မည်။
သူတို့နှစ်ဦးလည်း စမ်းမိသားစုအိမ်တော်သို့ ခပ်သွက်သွက်လှမ်းလာခဲ့သည်။
သူတို့က နောက်ကျသွားသဖြင့် စမ်းမိသားစု၏ အိမ်တံခါးဝကို လေးနာရီထိုးခါနီးမှရောက်လာသည်။ ဒီကနေ့ပွဲကိုတက်ရောက်လာသောဧည့်သည်သည် ထောင်နှင့်ချီပြီးရှိတာမို့ စမ်းမိသားစု၏
ဩဇာတိက္ကမ ကြီးမားပုံကို သိနိုင်သည်။
“မမလေးပြန်ရောက်လာပြီလား။ ဆရာက မမလေးကို တစ်နေ့လုံးရှာနေတာ။ ရှာမတွေ့လို့ ဒေါသပုံထနေပြီ။ မြန်မြန်သွားတွေ့လိုက်ဦး”
“ဟုတ်ပြီ ခုပဲသွားတွေ့လိုက်မယ်”
“ဒီတစ်ခါတော့ မင်းအဖေ ငါ့ကို မရိုက်ထုတ်နိုင်ပါဘူး”
ဖန့်ကြွယ်ယွီနှင့် ခင်မင်ခဲ့ရခြင်းက သူ့ဘဝအတွက် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ဆိုတာ သိလာရသည်။
စမ်းမိသားစု၏ အဆောက်အအုံများက အထပ်မြင့်မိုးမျှော်တိုက်များ ဖြစ်သည်။ သူတို့က သိုင်းလောကမိသားစုဖြစ်သော်လည်း ခေတ်မီပြီး ပိုင်မိသားစုလို ရှေးဟောင်းအိမ်ရာများ မရှိပေ။
စမ်းမုန့်ဟန်တို့မိသားစုက အလယ်တည့်တည့်ဗီလာမှာနေထိုင်သည်။
“အမတင်း အဖေရော ဘယ်မှာလဲ”
ဗီလာ၏ ပထမအထပ် ဧည့်ခန်းထဲတွင် သန့်ရှင်းရေးလုပ်နေသည့်လူကလွဲပြီး မည်သူမှ မရှိပေ။
“မမလေး..ဆရာတို့က အပေါ်ထပ်မှာပါ။ကျွန်မကြားတာတော့ ဆရာ့မွေးနေ့ကိုအကြောင်းပြုပြီး မမလေးကို တင်တောင်းဖို့ စွန်းမိသားစုရောက်နေကြတယ်။ မမလေးကို ရှာမတွေ့လို့ ဆရာက ဒေါသထွက်နေတာ။ဆရာ့ကို မြန်မြန်ရှာပြီး တောင်းပန်လိုက်ပါ”
“အင်းပါ သွားလိုက်မယ်”
စမ်းမုန့်ဟန်က မျက်နှာမကောင်းနေပေ။
သိုင်းလောကတွင် နာမည်ကြီးမိသားစုသုံးခုရှိသည်။ သုံးခုအနက် စမ်းမိသားစုက သိုင်းပါရမီရှင် သုံးဦးရှိသဖြင့် တတိယနေရာဖြစ်သည်။ ဒုတိယနေရာကို စီချွမ်ပြည်နယ်က ဟွမ်မိသားစုက အပိုင်သိမ်းထားသည်။ ပထမနေရာတွင် မြောက်ဘက်က စွန်းမိသားစုက ရယူထားသည်။ စွန်းမိသားစုတွင် သိုင်းပါရမီရှင် ရှစ်ဦးရှိရုံသာမက နတ်ဘုရားဘုံကိုတက်လှမ်းနိုင်သော အကြီးအကဲတစ်ဦးရှိသည်ဟု ဆိုကြသည်။
စမ်းမုန့်ဟန်၏ ဖခင်ဖြစ်သူ စမ်းဝေက စမ်းမိသားစုနှင့် စွန်းမိသားစုကို ပေါင်းစည်းချင်နေစိတ် အပြည့်ရှိသည်။ ထိုမှသာ သူတို့စမ်းမိသားစု၏ အရှိန်အဝါပိုကြီးလာပေမည်။
ယခုအခါ စွန်းမိသားစုက တင်တောင်းလာသဖြင့် စမ်းဝေ၏ ဆန္ဒများ ပြီးမြောက်သွားရသည်။
“သမီးဘယ်တွေသွားနေတာလဲ။ ဒီမှာတစ်နေကုန်ရှာလိုက်ရတာ”
ထိုအချိန်မှာ စမ်းဝေက သားဖြစ်သူ စမ်းယန်လင်း နှင့် စမ်းယန်ဖေတို့ကို ခြံရံပြီး
အောက်ထပ်ကိုဆင်းလာသည်။
သူ့အကိုနှစ်ဦးက သူ့အဖေစမ်းဝေ ဒေါသအလွန်ထွက်နေကြောင်း မျက်နှာရိပ် မျက်နှာကဲပြသည်။
စမ်းဝေက တံခါးနားမှာရပ်နေသော ဖန့်ကြွယ်ယွီနှင့် ဝမ်ချုံးကို လှမ်းကြည့်သည်။ ဖန့်ကြွယ်ယွီကို သူတွေ့ဖူးနေသယောင်ခံစားမိသည်။ ဝမ်ချုံးကိုတော့ စမ်းဝေက လူကိုယ်တိုင်မမြင်ဖူးပေ။သို့သော်အင်တာနက်မှာ ဝမ်ချုံးဟု ရိုက်ထည့်လိုက်သည်နှင့် ပုံပေါင်းများစွာကျလာသည်
“သမီးက သူ့ကို အိမ်ကိုခေါ်လာရဲတယ်ပေါ့”
စမ်းဝေက ဒေါသစိတ်ကိုထိန်းပြီးမေးသည်။
စွန်းမိသားစုသာ ဒီအကြောင်းကို သိပါက မင်္ဂလာပွဲပျက်ပေလိမ့်မည်။
“ကောင်းပြီလေ..မင်းက ပမာမခန့်လုပ်မှတော့ မှတ်လောက်သားလောက်အောင်ပညာပေးရတော့မှာပေါ့”
ဟုဆိုကာ စမ်းဝေက ဝမ်ချုံးထံ တဟုန်ထိုးပြေးဝင်လာသည်။
“ငါ့နောက်မှာနေ” ဖန့်ကြွယ်ယွီက ဝမ်ချုံးကို သူ့အနောက်ကို ခေါ်လိုက်သည်။
စမ်းဝေသည် အသက်ငါးဆယ်အရွယ်ရှိပြီး စမ်းမိသားစုခေါင်းဆောင်ဖြစ်သည်။ သူသည် သိုင်းပါရမီရှင် စစ်စစ်မဖြစ်သေးပေ။
“ဝုန်း”
သူတို့နှစ်ဦးက အပြန်အလှန်တိုက်ခိုက်ကြသည်။ ဖန့်ကြွယ်ယွီက နေရာမှ တစ်ဖဝါးမှမရွေ့သော်လည်း စမ်းဝေက အနောက်ကို သုံးလှမ်းလောက်ဆုတ်သွားသည်။
“သူက ဘယ်သူလဲ”
စမ်းဝေ၏ စိတ်ထဲ ဒွိဟဖြစ်နေသည်။
ဒီကောင်လေးက ဘယ်လိုအစွမ်းတွေနှင့် သူ့လက်သီးကို ခုခံကာကွယ်နိုင်သနည်း။
“ကျွန်တော်ဘယ်သူလဲဆိုတာက အရေးမကြီးပါဘူး။ ဒါပေမဲ့ တစ်ခုခု အလောတကြီးမလုပ်ခင် ကျွန်တော်တို့ လာရတဲ့ အကြောင်းကိုမေးသင့်တယ်မဟုတ်လား။ ခင်ဗျားအိမ်လာတဲ့ဧည့်သည်ကို ဒီပုံစံနဲ့ကြိုလိုက်တာလား”
“ကျွန်တော်က ဝမ်ချုံးမိတ်ဆွေပါ။ ဒီနေ့တင်တောင်းပွဲအတွက် သူနဲ့အတူ အဖော်လိုက်လာပေးတာ”
“တင်တောင်းမယ်ဟုတ်လား။ ဒီကောင်မှာ ဘာအစွမ်းအစတွေရှိနေလို့ တင်တောင်းမှာလဲ။ ပိုက်ဆံရှိတာတစ်ခုတည်းနဲ့ တင်တောင်းလို့ရမယ်ထင်လား။သူ့အဖေ ဝမ်လင်းရဲ့ တစ်နှစ်ဝင်ငွေက ငါတို့မိသားစုဝင်ငွေရဲ့ ဆယ်ပုံပုံတစ်ပုံတောင် မရှိဘူး။ ဒါနဲ့များ ငါ့သမီးကိုဘယ်လိုလုပ် လက်ထပ်ချင်တာလဲ”
“မင်းတို့ပြန်လိုက်တော့။ ဒီနေ့မှာ ပြသနာမဖြစ်ချင်ဘူးကွာ။စွန်းမိသားစုက ခုနလေးတင် တင်တောင်းပြီးပြီ။ သူတို့ရဲ့ ခန်းဝင်ပစ္စည်းတွေကို လက်ခံမလို့ စဉ်းစားနေပြီ”
“စဉ်းစားတယ်ဆိုတော့ သဘောမတူရသေးဘူးဟုတ်။စမ်းမိသားစုက ငါတို့ရဲ့ ခန်းဝင်ပစ္စည်းတွေကို ဘာလို့မကြည့်တာလဲ အကယ်၍ ပစ္စည်းတွေမြင်ပြီးရင် ခင်ဗျားစိတ်ပြောင်းချင်ပြောင်းမှာပေါ့ ဘယ်ပြောနိုင်မလဲ”
“ဟမ်” သူပြောတာနားထောင်ပြီး တစ်ခုခုထူးဆန်းတယ်ဆိုတာ စမ်းဝေသတိထားမိသည်။
“မင်းပုံစံကြည့်ရတာ သိုင်းလောကအကြောင်းသိတဲ့ပုံပဲ။စွန်းမိသားစုက အဆင့်တစ် ဆေးလုံး ၁၀၀၀၊ အဆင့်-၂ဆေးလုံး ၁၀၀၊ အဆင့်-၃ဆေးလုံး ၁၀လုံး၊ အဆင့်မြင့်သိုင်းငါးကျမ်း၊ ပြီးတော့ လက်ဖွဲ့ပစ္စည်းအဖြစ် ဒေါ်လာ ၁၀ဘီလီယံပေးတယ်။ မင်းတို့ပစ္စည်းက အဲ့လောက်ကောင်းလို့လား”
“အင်း ကျွန်တော်တို့ပစ္စည်းက အများကြီးသာတာပေါ့။စွန်းမိသားစုက ဒီလောက်ပဲတင်တောင်းတာလား။ ကူးရီ..ခန်းဝင်ပစ္စည်းတွေယူခဲ့”