လှည့်ကွက်
Vol. 18 Ch. 248
“ဘာ နောက်တစ်ယောက်ရှိသေးတာလား”
စမ်းဝေက အလွန်ထူးကဲသော အင်အားတချို့ကို ရုတ်တရက် ခံစားမိသည်။ ယခုအချိန်မှာ သူတို့မိသားစုဝင်များက လွဲပြီး အပြင်လူဟူ၍ ဖန့်ကြွယ်ယွီနှင့် ဝမ်ချုံးသာရှိနေသည်။ သူ အာရုံခံမိသော ထိုလူ၏ အစွမ်းသည် သူ့ထက်သာလွန်နေပြီး သိုင်းပါရမီရှင်တစ်ဦးနီးပါးဖြစ်သည်။
တလက်လက်တောက်ပနေသော အလင်းတန်းနှင့် အတူ ဖန့်ကြွယ်ယွီ၏ ဘေးတွင် အသက် ၃၀၊ ၄၀ အရွယ်ရှိသော အမျိုးသားတစ်ဦးက မတ်တပ်ရပ်နေသည်။ ထိုလူ၏ ဘေးနားမှာ အဆင့်မြင့်ပိုးသားဖြင့် ထုတ်ပိုးထားသော သေတ္တာများလည်းရှိနေသည်။
ထိုလူက သေတ္တာများကို လက်ဖြင့်ကိုင်ထားခြင်း မဟုတ်ဘဲ သေတ္တာများက လေထဲမှာလွင့်ပျံနေသည်။
“စမ်းမိသားစုခေါင်းဆောင် စမ်းဝေ လူကြီးမင်းကို ဂါဝရပြုပါတယ်”
သို့သော် ထိုလူက သူ့ကိုတစ်ချက်လေးပင် ပြန်မကြည့်ဘဲ ဖန့်ကြွယ်ယွီ၏ ဘေးကိုသာ တစိုက်မတ်မတ် လျှောက်လှမ်းလာသည်။
“သခင်လေး ယူခိုင်းတဲ့ပစ္စည်းတွေအကုန်ယူလာပါပြီ”
“သခင်လေး ဟုတ်လား”
ထိုလူက ဖန့်ကြွယ်ယွီ၏ တပည့်ဖြစ်နေတာလား။သူကကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ရုံနှင့် ဒီလိုအာဏာမျိုးရှိ နိုင်ပါ့မလား။
သိုင်းပါရမီရှင်အဆင့်မှာရှိသော လူမျိုးကို တပည့်အနေဖြင့် ထားချင်ပါက ထိုသူ၏ အစွမ်းသည် အနည်းဆုံးတော့ ဆန်းကြယ်နတ်ဘုရားဘုံမှာတည်ရှိရမည် မဟုတ်ပါလော။
“ကူးရီ..စမ်းမိသားစုက ခေါင်းဆောင်တွေကို ငါတို့ပြင်လာခဲ့တဲ့ မင်္ဂလာခန်းဝင်ပစ္စည်းတွေကို ပြလိုက်ပါ။ ဒါမှ သူတို့တွေ ငါတို့ကို ပမာမခန့်မလုပ်ရဲမှာ”
“ဟုတ်ကဲ့ သခင်လေး”
ကူးရီက လက်ကိုမြှောက်လိုက်သည်နှင့် ထိုသေတ္တာများက စမ်းဝေ၏ အရှေ့ကိုကျသွားသည်။ သူက လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ပိုးဖဲကတ္တီပါများက အလိုအလျောက်ပြေလျော့သွားကာ သေတ္တာအဖုံးများပွင့်လာသည်။
ချက်ချင်းဆိုသလို သင်းပျံ့မွှေးကြိုင်သော ဆေးရနံ့များက အိမ်တစ်အိမ်လုံးကို ပျံ့နှံ့သွားသည်။ သေတ္တာတစ်ခုချင်းစီမှာ ကြွေပုလင်းများနှင့် စာအုပ်ဆယ်အုပ်လည်းရှိနေသည်။
စမ်းမိသားစု၏ ခေါင်းဆောင် စမ်းဝေကအမြင်စူးရှသည်။ထိုအထဲမှာရှိနေသော အရာများက ဆေးလုံးများဆိုတာ သိနေသည်။
“အဆင့်-၂ဆေးလုံး တစ်ထောင်၊ ချီစွမ်းအင်အားဖြည့်ဆေးလုံး၊ အဆင့်-၄ ဆေးလုံး ၁၀၀၊ အဆင့်-၅ ဆေးလုံး ၅၀၊ ပြောင်းလဲခြင်းဆေးလုံး၊ အဆင့်-၈ ဆေးလုံး ၁၀လုံးနဲ့ ပါရမီရှင် ဆေးလုံးတွေပါ။ ဒါတွေက ငါတို့ဘက်က သေသေချာချာစိတ်နှစ်ပြီးပြင်လာကြတာပါ”
“အဆင့်-၈ ဆေးလုံးးး”
စမ်းဝေတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။ ရှေးယခင် သမားတော်ကြီးများ ကွယ်လွန်ပြီး နောက် အဆင့်-၅အထက်မှာရှိသော ဆေးလုံးကို မထုတ်နိုင်တာသည်မှာ နှစ်ပေါင်းတစ်ရာရှိနှင့်ပြီဖြစ်သည်။
စမ်းဝေက အဆင့်-၈ ဆေးဆိုတာ ဖြစ်နိုင်ပါ့မလားဆိုတာ သံသယဝင်မိသည်။
“စမ်းမိသားစုခေါင်းဆောင်..ဒါတွေက ဆေးအာနိသင်တွေပါ။တစ်ချက်လေ့လာကြည့်ပါ။”
ဖန့်ကြွယ်ယွီက အနီရောင်မှတ်စုကို ပေးလိုက်သည်။
“မင်း ဘယ်လိုမျိုး ဒီဆေးတွေအကုန်လုံးကို ဖော်စပ်နိုင်ခဲ့တာလဲ”
“ငါက ဘာလို့ပြောပြရမှာလဲ”
“ဟွာကျင်းဆေးနဲ့ဆို အခြေခံအဆင့်ကနေ အလယ်အလတ်သိုင်းသမားအဆင့်ကိုရောက်ဖို့ တစ်နာရီအတွင်းဖြစ်နိုင်တယ်။ အခြေခံအဆင့်မှာရှိနေတဲ့ သိုင်းသမားရဲ့ စွမ်းအင်ကို အချိန်တိုအတွင်း သုံးဆအထိ တိုးမြှင့်လာစေတယ်”
“ဂန်ပြောင်းလဲခြင်းဆေးလုံးကတော့ အလယ်အလတ်ကနေ အဆင့်မြင့်သိုင်းပညာရှင်အဖြစ် သုံးနာရီအတွင်း ကူးပြောင်းစေနိုင်တယ်။ အလယ်အလတ်အဆင့်သိုင်းသမားရဲ့ အစွမ်းကို သုံးဆမြင့်လာစေတယ်။”
“ပါရမီရှင်ဆေးလုံးကတော့ အဆင့်မြင့်အဆင့်ကနေ သိုင်းပါရမီရှင်အဆင့်ထိရောက်အောင် ၈၀% အခွင့်အရေးပေးစွမ်းနိုင်တယ်။အဆင့်မြင့်သိုင်းပညာရှင်ရဲ့ ခွန်အားကို သုံးဆင့်မြင့်လာစေတယ်”
ဆေးလုံးများ၏ အာနိသင်ကိုဖတ်ပြပြီးနောက် စမ်းဝေက ထိုစာရွက်ကိုကိုင်ပြီး ငူငူကြီးရပ်နေသည်။
ထိုဆေးလုံးများက သူတို့စမ်းမိသားစု၏အနေအထားကို ထိပ်ပိုင်းအဆင့်ထိရောက်အောင် ပြုလုပ်ပေးနိုင်သည်။
စမ်းမိသားစုတစ်ခုလုံးမှာ စမ်းဝေအပါအဝင် အဆင့်မြင့်သိုင်းသမား (၂၀) ဦးရှိသည်။ ပါရမီရှင်ဆေးလုံး (၁၀)လုံးကြောင့် သူတို့မိသားစုတွင် သိုင်းပါရမီရှင် (၁၀)ဦးပေါ်ထွက်လာနိုင်သည်။
“ဒါနဲ့ ကြုံတုန်းပြောရဦးမယ်။စမ်းမိသားစုရဲ့ ဘိုးဘေးတချို့က အဆင့်မြင့်နတ်ဘုရားအဆင့်ကို တက်လှမ်းခါနီးဖြစ်နေတာဆို ဟုတ်လား။ ဒါဆို အဲ့အတွက်လည်း အဆင်ပြေဖို့ ကူညီပေးပါ့မယ်”
အဆင့်မြင့်နတ်ဘုရားဘုံသည် လျှို့ဝှက်စွမ်းအားရှင်များအကြားတွင် အလယ်အလတ်အဆင့်တစ်ခုသာဖြစ်သည်။ သူ့ကို ဘိုးဘေးများချန်ထားခဲ့သော ဆေးများက သူတို့၏ စွမ်းအင်ကိုမြှင့်တင်ပေးနိုင်သည်။
မျက်လှည့်ပြလိုက်သလိုပင် ဖန့်ကြွယ်ယွီ၏ လက်ထဲမှာ ရွှေရောင်ဆေးလုံးတစ်လုံးပေါ်လာပြီး စမ်းဝေကို ပစ်ပေးသည်။
“ခေါင်းဆောင်စမ်း..ဒါက အဆင့်ကိုးရှားပါးဆေးလုံးပါ။ ဒီဆေးနဲ့သာဆို သိပ်မကြာခင်အတွင်းမှာ သိုင်းပါရမီရှင်အဆင့်မှာရှိတဲ့လူတွေက အဆင့်မြင့်နတ်ဘုရားဘုံလို့ခေါ်ကြတဲ့အဆင့်ကိုရောက်သွားပါလိမ့်မယ်”
“ဘယ်လို”
ထိုဆေးလုံးကိုအင်မော်တယ်ဆေးလုံးဟု ခေါ်ကြသေးသည်။ ထိုဆေးကို အဆင့်မြင့်နတ်ဘုရားဘုံကို ရောက်သောလူကသာ ထုတ်နိုင်သည်။ ထိုသတင်းသာပေါက်ကြားပါက ဆေးလုံးကိုရယူချင်စိတ်ဖြင့် သွေးချောင်းစီးရပေဦးမည်။
“ဒီဆေးကို ဘယ်သူ့ကိုမှ မပေးဘဲ ငါ့အိတ်ထဲငါ ထည့်မယ်လို့ မင်းမထင်ဘူးလား”
“ခင်ဗျား မလုပ်ရဲပါဘူး။ လုပ်ဖို့အစွမ်းအစလည်း ခင်ဗျားဆီမှာမရှိဘူးလေ”
“ဒီဆေးတွေကိုဘယ်ကရလဲဆိုတာ မေးလို့ရမလား”
“ဪ ဒါလား ငါ့ဆရာတွေဆီက ရတာပါ”
ဖန့်ကြွယ်ယွီက ခပ်တည်တည်နှင့်ပင် လျှောက်ပြောသည်။
“မကြာသေးခင်က ငါ့ဆရာနဲ့အိပ်မက်ထဲမှာဆုံတယ်။ ဝမ်ချုံးကငါ့အိမ်ကို လာလည်တဲ့အချိန်နဲ့တိုက်ဆိုင်နေတော့ သူ့အရည်အချင်းကိုကြည့်ပြီး ငါ့ဆရာက သူ့ကိုတပည့်အနေနဲ့လက်ခံလိုက်တယ်။ ဒီနေ့မှာတော့ ငါက ဆရာ့ကိုယ်စား ငါ့ဂျူနီယာညီလေးအတွက် မိန်းမလာတောင်းပေးပါတာ”
“ဪ ပြီးတော့လေ အဆင့်-၇ နဲ့အထက် စာအုပ်ဆယ်အုပ်ပါသေးတယ်။ ဓားသိုင်း၊ လက်ဝှေ့သိုင်း၊ မီးတောင်လက်ဝါးသိုင်း..စသဖြင့် သိုင်း ၁၀မျိုးအကြောင်းပေါ့”
“ဒီကောင်က ပိပိရိရိလိမ်တတ်တာပဲ”ဝမ်ချုံးက ရယ်ချင်စိတ်များကို မနည်းမျိုသိပ်ထားရသည်။
“ဒီကောင်လေးက တော်တော်လေး တော်တဲ့ပုံပဲ”
စမ်းဝေက သူ့ကို သေသေချာချာလေး အကဲခတ်နေသည်။ အပြင်ပန်းကြည့်လျှင်သူက သာမန်လူဟု ထင်ရသော်လည်း ဒီအသက်အရွယ်လေးနှင့် ထူးထူးချွန်ချွန်ဖြစ်နေသည်မှာ တကယ်ကို ချီးကျူးထိုက်ပေသည်
စမ်းဝေက ဖန့်ကြွယ်ယွီ၏ ဆရာဆိုသူအပေါ်မှာ သံသယတော့မဝင်ပေ။ ထူးချွန်ထက်မြက်သော ကလေး၏ နောက်ကွယ်မှ ပံ့ပိုးကူညီသော ဆရာမှာ အစွမ်းအစမရှိဘဲနှင့် ဒီလောက်အနေအထားထိ မရောက်နိုင်ပေ။
“ငါ့ဆရာပြောတာတော့ ဝမ်ချုံးရဲ့ အစွမ်းအစနဲ့သာဆို တစ်နှစ် နှစ်နှစ်အတွင်း ပါရမီရှင်အဆင့်၊ သုံးနှစ်နေရင် အဆင့်မြင့်နတ်ဘုရားအဆင့်၊ နောက်ငါးနှစ်နေရင် နတ်ဘုရားအသွင်ကူးပြောင်းခြင်းအဆင့်၊ နတ်ဘုရားပြောင်းလဲခြင်းအဆင့်ကိုတော့ နှစ်နှစ်ဆယ်အတွင်း အသာလေးရောက်နိုင်တယ်”
“ဪဒါနဲ့ ကျွန်တော်က တစ်နှစ်လောက်တောင် မလေ့ကျင့်ရဘဲနဲ့ ဒီလိုအနေအထားရောက်တာလို့ ပြောတာကို မယုံကြဘူးထင်တယ်။ ဝမ်ချုံးကလည်း ငါ့လောက်နီးနီးမတော်ပေမဲ့ သူကလည်းလူတော်တစ်ဦးပါ”
သူက အဆင့်မြင့်နတ်ဘုရားအကယ်ဒမီကို တက်သည့်အပြင် ဆေးများပါ သောက်တာမို့ သိုင်းပါရှင်အဆင့်ရောက်ဖို့ မခဲယဉ်းပေ။
“ဒါဆို မင်းပြောပြောနေတဲ့ မင်းဆရာကရော ဘယ်အဆင့်ထိရောက်ပြီလဲဆိုတာ မေးလို့ရမလား”
“အင်း ငါလည်း အတိအကျတော့မသိဘူး။ ဒါပေမဲ့ ငါ့သက်တော်စောင့်ကူးရီတောင်မှ နတ်ဘုရားအသွင်ကူးပြောင်းခြင်းအဆင့်လေ။ ကူးရီ သူ့ကို မင်းရဲ့အစွမ်းအစတွေထုတ်ပြလိုက်ဦး”
“ဟုတ်ကဲ့ သခင်လေး”
ကူးရီ၏ အစွမ်းအစကိုကြည့်ပြီး စမ်းဝေက အံ့အားသင့်ရသည်။
သူ့သက်တော်စောင့်တောင်မှ ဒီလောက်အစွမ်းထက်နေလျှင် သူ့ဆရာကတော့ မှန်းမမတတ်နိုင်တော့ပေ။
ထို့နောက် သူက ဝမ်ချုံးက ဝါးမြိုမတတ်အကြည့်များဖြင့် သေချာအကဲခတ်နေသည်။
သူတို့စမ်းမိသားစုထက် ဝမ်ချုံးက ပိုမိုပြီးအစွမ်းအစရှိသည်။
“ဟုတ်တယ်။ သမီးကို သူနဲ့လက်ထပ်ပေးရမယ်။ ဒီလိုအခွင့်အရေးမျိုးဆိုတာ နှစ်ခါရတာမဟုတ်ဘူး။အခွင့်အရေးရတုန်း အပိုင်ဖမ်းထားမှပဲ”
“မင်းအဖေကို ဖန့်ကြွယ်ယွီက သေချာနားချလိုက်နိုင်တာပဲ”
သူနှင့် စမ်းမုန့်ဟန်ကြားမှာ မည်သည့်အခက်အခဲမျှ ဝင်ရောက်မတားဆီးနိုင်တော့ပေ။