← Chapters

ဝှက်ထားရမယ်

Vol. 1 Ch. 4

ဝှက်ထားရမယ်

Vol. 1 Ch. 4

"ဒါ-ဒါက-" အတွင်းမှာ နေရာလွတ်တစ်ခုဖြစ်နေပြီး ပစ္စည်းတွေပါ ရှိနေပါလား။

လင်းရှောင်ယွဲ့ ပြုံးလိုက်ပြီး "ဒါက အဖေမသွားခင် သမီးကို အမေ့အတွက် ပေးခိုင်းလိုက်တာ။ ဒါက နေရာလွတ်လက်စွပ်လို့ခေါ်တဲ့ မှော်လက်နက်တစ်ခုပဲ။ စိတ်နဲ့ထိန်းချုပ်ပြီး အတွင်းထဲက ပစ္စည်းတွေကို ထုတ်ယူလို့ရတယ်။ ဒီထဲက ပစ္စည်းတွေက အဖေ သမီးတို့အတွက် ပြင်ဆင်ပေးခဲ့တာတွေပဲ။"

အံ့ဩနေသော လျိုရှီကိုကြည့်ရင်း လင်းရှောင်ယွဲ့က စိတ်ရှည်စွာဖြင့် "အတွင်းထဲက ပစ္စည်းတွေကို ထုတ်ကြည့်ပါလား။" ဟု ပြောလိုက်သည်။

နေရာလွတ်လက်စွပ်များသည် ကမ္ဘာပျက်ကပ်တွင် သိပ်ရှားပါးလှသည်တော့ မဟုတ်ပေ။ ကမ္ဘာပျက်ကပ်စတင်ပြီးနောက် ကျောက်စိမ်းများသည် တစ်ခုပြီးတစ်ခု နေရာလွတ်ကျောက်စိမ်းများ ဖြစ်လာခဲ့ကြသည်။ ကမ္ဘာပျက်ကပ်၏ တတိယနှစ်တွင် နေရာလွတ်ကျောက်စိမ်းပိုင်ဆိုင်သော စွမ်းအားရှင်များ အတော်များများ ရှိနေပြီဖြစ်သည်။

လျိုရှီ၏ မျက်လုံးများတွင် တုံ့ဆိုင်းမှုအရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် လင်းရှောင်ယွဲ့ပြောသည့်အတိုင်း လုပ်ဆောင်လိုက်သည်။

ထို့နောက် သူမ၏လက်ထဲတွင် ဆားတစ်ထုပ် ပေါ်လာသည်။

လျိုရှီ တုန်လှုပ်သွားပြီး လက်ထဲမှ ပစ္စည်းကို စမ်းကြည့်လိုက်သောအခါ တကယ်ရှိနေမှန်း သိလိုက်ရသဖြင့် မျက်နှာတွင် အံ့ဩဝမ်းသာမှုများ ပြည့်နှက်သွားသည်။

"တခြားပစ္စည်းတွေကိုလည်း ထုတ်ကြည့်လိုက်ပါလား၊ တစ်မျိုးစီက တစ်ခုစီ ထုတ်ကြည့်။" လင်းရှောင်ယွဲ့က ထပ်ပြောလိုက်သည်။

"အင်း။" လျိုရှီ ပြန်ဖြေလိုက်သည်။

ထို့နောက် ကုတင်ပေါ်မှထကာ ပစ္စည်းအားလုံးကို ထုတ်ယူပြီး လင်းရှောင်ယွဲ့၏ ကုတင်ရှေ့တွင် ချထားလိုက်သည်။

"ဒီပစ္စည်းတွေက—" လျိုရှီ နားမလည်နိုင်ဖြစ်နေသည်။

ဒီထဲက ပစ္စည်းတချို့ကို သူမသိသော်လည်း တချို့ပစ္စည်းများမှာ ထုပ်ပိုးထားသောကြောင့် ဘာပစ္စည်းများဖြစ်သည်ကို သူမ မသိပေ။

"ဒါတွေအားလုံး စားလို့ရတာတွေချည်းပဲ။" လင်းရှောင်ယွဲ့က ပြောလိုက်သည်။

ထို့နောက် ပစ္စည်းတစ်ခုချင်းစီသည် ဘာဖြစ်ကြောင်းနှင့် ဘယ်လိုအသုံးပြုရမည်ကို လျိုရှီအား ရှင်းပြလိုက်သည်။

လျိုရှီကို ဓားတစ်ချောင်းယူခိုင်းပြီး ထုပ်ပိုးထားသော အိတ်များကို ဖွင့်ပြလိုက်သည်။

အတွင်းမှ ဆန်ဖြူနှင့် ဂျုံမှုန့်ဖြူများကို မြင်လိုက်ရသောအခါ လျိုရှီ၏ မျက်လုံးထဲမှ အံ့ဩဝမ်းသာမှုကို ဖုံးကွယ်မထားနိုင်တော့ပေ။

"ဒီပစ္စည်းတွေက သမီးတို့ မိသားစုသုံးယောက် နှစ်လကျော်လောက် စားလို့လောက်တယ်။ ကျစ်အာက ငယ်သေးတော့ ကြီးထွားဖို့ လိုတယ်။ သမီးရဲ့ ခန္ဓာကိုယ်ကလည်း အခုမှ နေကောင်းခါစဆိုတော့ ကောင်းကောင်းစားချင်တယ်။ အမေ၊ ခြွေတာမနေနဲ့နော်။"

လင်းရှောင်ယွဲ့က "သမီးနေကောင်းသွားရင် အိမ်ကအခြေအနေကို တိုးတက်ကောင်းမွန်အောင်လုပ်ပြီး ပိုက်ဆံရှာဖို့ နည်းလမ်းရှာပေးမယ်။ အမေနဲ့ ရှောင်ကျစ်ကို ကောင်းကောင်းမွန်မွန် နေထိုင်နိုင်အောင် လုပ်ပေးမယ်။" ဟု ဆက်ပြောလိုက်သည်။

သူမ ခုနက ကုတင်ပေါ်က ဆင်းဖို့ကြိုးစားကြည့်တော့ ခေါင်းကိုလှုပ်လိုက်တာနဲ့ မူးဝေသွားသည်ကို တွေ့လိုက်ရသည်။ နဖူးကို စမ်းကြည့်တော့ ကိုယ်ပူနေသေးသည်ကို တွေ့ရသည်။

သို့သော် သူမသည် နေရာလွတ်လက်စွပ်ထဲမှ ရောင်ရမ်းကျဆေးနှင့် အဖျားပျောက်ဆေးများကို သောက်ထားပြီးဖြစ်သောကြောင့် မကြာခင် နေကောင်းသွားမည်ဖြစ်သည်။

"အမေ ခြွေတာနိုင်ပါတယ်။ သမီးက အဖျားပျောက်အောင် ဂရုစိုက်နေ၊ ပိုက်ဆံရှာတဲ့ကိစ္စကို အမေ့ကိုအပ်ထားလိုက်..." လျိုရှီသည် မျက်ရည်များကို တစ်ဖန်သုတ်လိုက်ပြန်သည်။

သမီးလေးက ငရဲတံခါးဝကနေ ပြန်လာခါစမှာတောင် မိသားစုအတွက် စိတ်ပူနေရသည်။

အဒေါ်ဝမ်ပြောတာမှန်တယ်၊ သူမသာမရှိရင်.... ကလေးနှစ်ယောက်က သူမကိုပဲ အားကိုးနေရမှာ၊ သူမ ရပ်တည်နိုင်ရမယ်။

ကံကောင်းစွာဖြင့် အိမ်ထောင်ဦးစီးက သေသွားပြီးနောက်မှာတောင် သူတို့သားအမိသုံးယောက်ကို စိတ်ပူနေသေးပြီး သမီးလေးကို ဒီလောက်ပစ္စည်းတွေ ယူလာပေးခဲ့တယ်။

ဒါပေမယ့် အရမ်းဖြုန်းတီးလွန်းတယ်၊ အားလုံးက ဒီလောက်ကောင်းတဲ့ ဆန်တွေချည်းပဲ။ ဒါတွေကို ဆန်ကြမ်းနဲ့သာ လဲလှယ်လိုက်ရင် ဘယ်လောက်များများ ရမလဲ။

လျိုရှီသည် ကလေးနှစ်ယောက်အတွက် အစာချက်ပြုတ်ရန် ပြင်ဆင်နေစဉ် လင်းရှောင်ယွဲ့က တားလိုက်သည်။

လျိုရှီ နားမလည်နိုင်ဖြစ်သွားသည်။

"အမေ၊ ပစ္စည်းတွေကို သုံးပြီးရင် သေချာပြန်သိမ်းထားပါ။ သမီးတို့အိမ်မှာ စားစရာရှိတာကို ဘယ်သူ့ကိုမှ သိခွင့်မပေးနိုင်ဘူး။ ပြီးတော့ ဒီလက်စွပ်ကိုလည်း သေချာဝှက်ထားရမယ်။" လင်းရှောင်ယွဲ့က လျိုရှီ ဝတ်ထားသော နေရာလွတ်လက်စွပ်ကို ကြည့်ရင်း ပြောလိုက်သည်။

လျိုရှီ တစ်ချက်ကြောင်သွားသည်။

သူတို့သားအမိသုံးယောက်ကို သတ်ချင်နေသော လင်းမိသားစုဝင်များကို ချက်ချင်းသတိရသွားပြီး မျက်နှာတွင် ထိတ်လန့်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ လက်ထဲမှ နေရာလွတ်လက်စွပ်ကို အလျင်အမြန်ချွတ်လိုက်ပြီး လက်စွပ်ကို ဝှက်ထားရန် နေရာရှာဖွေလိုက်သည်။

လင်းရှောင်ယွဲ့က ထိုမြင်ကွင်းကိုကြည့်ပြီး ရယ်ချင်သွားသည်။

"အမေ၊ ဝှက်မနေပါနဲ့။ ကြိုးတစ်ချောင်းနဲ့သီပြီး လည်ပင်းမှာဆွဲထားလိုက်၊ ပြီးတော့ အင်္ကျီထဲထည့်ထားလိုက်ရင် ဘယ်သူမှ မမြင်ရတော့ဘူး။" သူမ ပြုံးလျက်ပြောလိုက်သည်။

လျိုရှီသည် အပ်ချုပ်ပညာကောင်းသည်။ အရင်က လင်းမိသားစုတွင် နေထိုင်စဉ်က လယ်ထဲမဆင်းဘဲ အပ်ချုပ်အလုပ်ဖြင့်သာ မိသားစုကို ထောက်ပံ့ခဲ့သည်။

သို့သော် အပ်ချုပ်အလုပ်တစ်ခုတည်းဖြင့် လစဉ်ရရှိသောငွေသည် သန်မာသော အလုပ်သမားတစ်ဦး၏ ဝင်ငွေထက် မနည်းသော်လည်း၊ အဘွားလင်းက သူမကို လယ်ထဲမဆင်းသည့်အတွက် မနှစ်မြို့ခဲ့ပေ။ ဒုတိယအဒေါ်နှင့် ယောင်းမတို့၏ ဖိအားပေးမှုအောက်တွင် သူမမိခင်ကို အစွမ်းကုန် အနိုင်ကျင့်ခဲ့ကြသည်။

***

All Chapters