← Chapters

သတ်ခြင်း

Vol. 9 Ch. 816

သတ်ခြင်း

Vol. 9 Ch. 816

ချန်းဖန်အား မေးလိုက်သူမှာ စီနီယာဟူပင် ဖြစ်သည်။

သူသည် တိမ်သင်္ကေတများ ရေးချယ် ထားသည့် အဇူရာ ဝတ်စုံကို ဝတ်ဆင် ထားသည်။ သူ၏ ခန္ဓာကိုယ် ပတ်လည်တွင်မူ အစွမ်းထက်သော အဇူရာ ချီအလင်း တစ်ခု တောက်ပနေ၏။

ချင်းယန်ဂိုဏ်းသည် ချီသန့်စင်ခြင်းဖြင့် ကျော်ကြားပြီး သူတို့၏ မူလ အဇူရာချီသည် မည်သည့် နည်းစနစ်ကို မဆို ချိုးဖျက်နိုင်သည်။ သို့ဖြစ်ရာ စီနီယာဟူ ချန်းဖန် အပေါ် အထင်သေးသည်က သဘာဝသာလျှင် ဖြစ်လေသည်။

"သခင် ...  သူက ချင်းယန်ဂိုဏ်းရဲ့ ဟူခွန်းဟောက်ပါ ...  သူက ဝိညာဉ် ပင်လယ် ထိပ်ဆုံး အဆင့်မှာ ရှိနေပြီးတော့ မူလချီခန္ဓာကို ရရှိ ထားပြီးပါပြီ ...  နောက်ပြီး သူက ချင်းယန်ဂိုဏ်း လူငယ် မျိုးဆက် တစ်ခုလုံးမှာ ရွှမ်ချင်ကျိပြီးရင် အစွမ်း အထက်ဆုံးပဲ"

အဘိုးကြီးတင်းက ချန်းဖန်အား စိတ်ချင်း ဆက်သွယ်ပြီး ပြောပြလိုက်၏။

ချင်းယန်ဂိုဏ်းသည် တန်ခိုးရှင် ကျင့်ကြံခြင်း ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပြီး ရွှေအမြုတေ အဆင့် တစ်ယောက်ကို ပိုင်ဆိုင်ထားရာ သာမန် မိသားစုများထက် ပိုမို အစွမ်းထက်သည်။ ထို့အပြင် ချင်းယန်ဂိုဏ်းသည် ကျူရန်မြို့နှင့် နီးကပ်ရာ ကျူးရန်မြို့ရှိ လူတိုင်းမှာ သူတို့အား ကြောက်ရွံ့ကြသည်။

"ချီသန့်စင်ခြင်း အဆင့် ကလေး တစ်ယောက်က ငါ့ကို မေးခွန်းထုတ်ဖို့ အဆင့် မမှီဘူး ...  မင်းဆရာက စီနီယာ တစ်ယောက်ကို စကားပြောတဲ့အခါ ဘယ်လို လေးစားမှု ပြရမယ်လို့ မသင်ထားဘူးလား"

ချန်းဖန်က ဝိုင်ခွက်ကို ချရင်း အေးစက်စွာ ဆိုလိုက်၏။

"ဟမ့် ... "

ဟူခွန်းဟောက်က ဂရု မစိုက်ဟန် နှာခေါင်းရှုံ့ လိုက်၏။

ပုံမှန်အရဆိုလျှင် သူသည် ချန်းဖန်ထက် ကျင့်ကြံခြင်း အဆင့်နိမ့်ရာ တွေ့ဆုံသည်နှင့် လေးစားမှုကို ပြသရမည် ဖြစ်သည်။ သို့သော်လည်း သူသည် ချင်းယန်ဂိုဏ်း၏ ဒုတိယ ဆက်ခံသူ ဖြစ်ရာ ကျူးဝမ် ကျင့်ကြံသူ တစ်ယောက် မဆိုထားနှင့် မူလ အဆင့် မိသားစု ခေါင်းဆောင်များပင် သူ့အား ဦးညွှတ်ရမည် ဖြစ်သည်။

"သိပ်မကြာခင်က ရှေးဟောင်း ကျူးဝမ်မြို့ကို မြောက်ပင်လယ်ရဲ့ မွန်းစတား တစ်ကောင် ဝင်ပြီး မွှေသွားတယ်လို့ ကြားတယ် ...  မြို့တစ်ဝက် ဖျက်ဆီးခံရတဲ့ အပြင် မျိုးနွယ် အကြီးအကဲတွေ အပါအဝင် လူထောင်ချီ သေသွားတယ်တဲ့ ...  ဘယ်လောက်တောင် အားနည်းလိုက်တဲ့ မျိုးနွယ်လဲ ...  ပင်လယ် မွန်းစတားလေး တစ်ကောင်ကိုတောင် မတားနိုင်ဘူး"

ဟူးခွန်းဟောက်က ချန်းဖန်အား စကားဖြင့် ထိုးနှက် လိုက်သည်။

"သနားစရာပဲ ...  သူတို့တွေ လုပ်နိုင်တာ ဘာမှ မရှိခဲ့ဘူး ...  မူလ အဆင့် အကာအကွယ် မရှိပဲနဲ့ သာမန် လူတွေက ဘယ်လိုလုပ်ပြီး မွန်းစတားကို တားနိုင်မှာလဲ ...  သူတို့ရဲ့ မူလ အဆင့်က ဘယ်မှာသွားပြီး ပုန်းနေတယ် မသိဘူး"

ကျန်းလင်ဖုန်းက စိတ်မကောင်းဟန် ခေါင်းကို ခါရင်း ဆိုလိုက်၏။

"ညီလေးကျန်း ...  ငါ့အထင်တော့ ကျူးဝမ် မျိုးနွယ်ရဲ့ မူလ အဆင့်က ကျူးရန်မြို့ကို လာပြီး ရတနာလေး ဘာလေးများ ရမလားလို့ အလစ်ချောင်းနေတာ ဖြစ်ရမယ် ...  သူက သူ့ အကန့်အသတ်ကို မသိတာပဲကွ"

ဟူးခွန်းဟောက်က လှောင်ပြောင် စကားကြောင့် အခြားလူများမှာ ချန်းဖန်အား ကြည့်ရင်း ရယ်မော လိုက်ကြသည်။

သို့သော်လည်း ချန်းဖန်က ထိုအရာကို ဂရုမစိုက်ချေ။ သူသည် ကျူးဝမ်မျိုးနွယ်များ အတွက်သာ စိတ်ပူ နေမိ၏။ ထိုလူများမှာ ကမ္ဘာဂြိုဟ်မှ ရောက်လာသည့် ကျင့်ကြံသူများ ဖြစ်ရာ သူနှင့် ဆွေမျိုးတော်စပ်သည်ဟု ဆိုနိုင်သည်။

"စီနီယာချန်းက ရွှေရောင်ကျီးကန်းရဲ့ ဆေးကိုယ်စားလှယ်ပါ ခင်ဗျာ ...  သူက ဆိုင်ခွဲကို စစ်ဆေးဖို့ အတွက် ကျူးရန်မြို့ကို ရောက်လာတာပါ"

အဘိုးကြီးတင်းက ဝင်ရောက်ကာ ပြောလိုက်သည်။

"ရွှေရောင်ကျီးကန်းရဲ့ ဆေး ကိုယ်စားလှယ် ... "

ရုတ်တရက် ရယ်မောသံများမှာ တိတ်ဆိတ် သွားသည်။ မူဟုန်တိနှင့် ယွင်ရီအာတို့မှာလည်း အနည်းငယ် ဆွံ့အ နေမိကြ၏။

"ညီလေးကျန်း ပြောတော့ သူက တစ်ကိုယ်တည်း သမားဆို ...  ဘယ်လိုလုပ်ပြီး ရွှေရောင် ကျီးကန်းရဲ့ ဆေးကိုယ်စားလှယ် ဖြစ်သွားရတာလဲ ... "

ဟူခွန်းဟောက်၏ မျက်နှာမှာလည်း ဖြူရော် သွားခဲ့သည်။

သူ့အနေဖြင့် ကျူးဝမ်မျိုးနွယ် တစ်ယောက်ကို ဂရုစိုက်စရာ မလိုသော်လည်း ရွှေရောင်ကျီးကန်း၏ ဆေးကိုယ်စားလှယ် အတွက်မူ ခြားနား၏။ ရွှေရောင်ကျီးကန်းကား ဝမ်ရှင်းတန်ခိုးရှင် ရွှေရောင်ကျီးကန်း တည်ထောင်ထားခဲ့သော စီးပွားရေး လုပ်ငန်း တစ်ခု ဖြစ်သည်။ ချင်းယန်ဂိုဏ်း အနေဖြင့် ရွှေရောင်ကျီးကန်းအား ကြောက်လိမ့်မည် မဟုတ်သည့်တိုင် ရန်လည်း မစဝံ့ချေ။

ဟူခွန်းဟောက်နှင့် ကျန်းလင်ဖုန်းတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ထွက်ခွာရန် ပြင်လိုက်၏။

"မင်းတော့ ထွက်သွားတော့ မလို့လား ...  ငါက မင်းတို့ကို ခွင့်ပြုသေးလို့လား"

ချန်းဖန်က မေးလိုက်၏။ ထိုဘဝင်မြင့်နေသော ခွေးကောင်ကို ဤအတိုင်း လွှတ်ပေး လိုက်ပါက သူ၏ နာမည်မှာ "စိတ်တိုကြီးချန်း" မဟုတ်တော့ချေ။

"မင်းက ဘာလုပ်ချင်လို့လဲ ... "

ဟူခွန်းဟောက်က ရပ်ရင်း ချန်းဖန်အား ပြန်လည် မေးခွန်းထုတ် လိုက်သည်။

"ဒူးထောက်ပြီး မင်းပြောခဲ့တဲ့ စကားတွေ အတွက် တောင်းပန် ... "

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ပြောလိုက်သည်။

"မင်း ... "

ဟူခွန်းဟောက်၏ မျက်နှာက ဒေါသဖြင့် နီရဲ လာ၏။

သူကား ချင်းယန်ဂိုဏ်း၏ ဒုတိယ ဆက်ခံသူ ဖြစ်ကာ ဂိုဏ်းခေါင်းဆောင်၏ တိုက်ရိုက် တပည့်လည်း ဖြစ်သည်။ သူကဲ့သို့ လူတစ်ယောက်က အဘယ်ကြောင့် နိမ့်ကျသော ကျူးဝမ် မျိုးနွယ် တစ်ယောက်၏ အရှေ့၌ ဒူးထောက်ရမည်နည်း။

"ဘုန်း ... "

ဟူခွန်းဟောက်က လက်အား ဝှေ့ယမ်း လိုက်ရာ အဇူရာ နဂါးတစ်ကောင် ထွက်ပေါ် လာ၏။ ထိုနဂါးက လေထုအား တိုက်စားကာ ချန်းဖန်အား ဝါးမျိုသည်။

"ဟမ့် ... "

ချန်းဖန်က ဘာမှ မပြောဝောာ့ပဲ လက်တစ်ဖက်ကိုသာ ဆန့်ထုတ်လိုက်သည်။

"ဘုန်း ... "

ရုတ်တရက် စွမ်းအင် ဖိအား တစ်ခု ထွက်ပေါ်လာကာ ဟူခွန်းဟောက်အား ဒူးထောက်ရန် ဖိအားပေး၏။ ဟူခွန်းဟောက်က သူ၏ အမတေချီကို ခြေထောက်တွင် စုစည်းကာ ထိုဖိအားကို တောင့်ခံလိုက်သည်။

သို့သော်လည်း သူ့ကဲ့သို့ သာမန် ဝိညာဉ်ပင်လယ် အဆင့်လေးက ချန်းဖန်၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ တောင့်ခံ နိုင်မည်နည်း။

"ဘုန်း ... "

ဟူခွန်းဟောက်၏ ခြေထောက်များက ကျိုးကြေကာ မြေပေါ်သို့ ဒူးထောက် ပြုတ်ကျ သွား၏။

"အား ... "

ဟူခွန်းဟောက်က နာကျင်စွာ အော်ဟစ် လိုက်သည်။ သူကား အရှက်ရမှုနှင့် ဒေါသ တို့ကြောင့် အရူးတစ်ပိုင်း အလား ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

"ငါ့ကို လွှတ်ပေးစမ်း ...  မဟုတ်ရင် ငါတို့ ချင်းယန်ဂိုဏ်းက မင်းတို့ ကျူးဝမ် မျိုးနွယ် အကုန်လုံးကို သတ်ပစ်မယ်ကွ"

"မင်းက မီးနဲ့မှ လာပြီး ကစားချင် နေတာပဲ ... "

ချန်းဖန်က အေးစက်စွာ ဆိုရင်း သူ၏ ဖိအားကို ပိုမို တိုးမြှင့် လိုက်သည်။

"ခရက် ... "

ထိုဖိအား၏ အောက်၌ ဟူခွန်းအောက်၏ နှုတ်ခမ်းများမှာ အက်ကွဲ၍ သူ၏ အသံအိုးမှာလည်း ပျက်စီးသွားသည်။ သူကား နောက်ထပ် အသံထွက် နိုင်တော့မည် မဟုတ်ချေ။

"ရပ်စမ်း ...  ဘယ်သူက ငါ့စံအိမ်မှာ လာပြီး တိုက်ခိုက်ရဲ တာလဲ ... "

ရုတ်တရက် ဒေါသထွက်နေသော အသံနှင့် အတူ စင်မြင့် ပေါ်မှ ပုံရိပ်တစ်ခု ခုန်ဆင်း လာသည်။ သူကား ကျန်းလင်ဖုန်း၏ ဖခင် တစ်ဖြစ်လည်း ကျူးရန်မြို့တော် သခင် ကျန်းတုန်းရှုပင် ဖြစ်သည်။

"အဖေ ...  သူက ရွှေရောင်ကျီးကန်းရဲ့ ဆေး ကိုယ်စားလှယ်ပါ ...  သူက စီနီယာဟူကို သူ့ကို ဒူးမထောက်လို့ ဆိုပြီး တိုက်ခိုက်ခဲ့တာ"

ကျန်းလင်ဖုန်းက ကပျာကယာ ပြောလိုက်သည်။

"ရွှေရောင်ကျီးကန်းရဲ့ ဆေး ကိုယ်စားလှယ် လား ... "

ကျန်းတုန်းရှုမှာ မျက်မှောင်ကြုတ် သွားသည်။ သူက ချန်းဖန်ကို စူးစိုက် ကြည့်ရင်း မေးခွန်းထုတ် လိုက်၏။

"သင်က ကိစ္စ အသေးလေးကို အကြီးချဲ့ ချင်နေတာပဲ ...  ဝမ်ရှင်း တန်ခိုးရှင် ရွှေရောင်ကျီးကန်းက သင့်ကို ခုလို ချင်းယန်ဂိုဏ်းကို စော်ကားဖို့ ခွင့်ပြု ထားတာလား "

ကျန်းတုန်းရှု၏ အမူအရာက အေးဆေး တည်ငြိမ်နေ၏။ သူကား ဟူးကောင်း ကောင်းကင် နယ်မြေမှ တပည့် တစ်ယောက် ဖြစ်သည့် အပြင် မူလ ထိပ်ဆုံး အဆင့် တစ်ယောက်လည်း  ဖြစ်ရာ ချန်းဖန်အား ကိုင်တွယ်နိုင်ရန် အပြည့်အဝ ယုံကြည်ချက် ရှိသည်။

"သူ့ကို လွှတ်ပေးလိုက်စမ်း ...  ငါ သင့်ကို ပထမဆုံးနဲ့ နောက်ဆုံး အနေနဲ့ အပြစ်မပေးပဲ ခွင့်လွှတ်ပေးမယ်"

ကျန်းတုန်းရှုက ချန်းဖန်အား အမိန့်ပေး လိုက်၏။

"ဟုတ်တယ် ...  ကျုးဝမ် ခွေးကောင် ငါ့ကို လွှတ်ပေးစမ်း"

ဟူခွန်းဟောက်က နတ်ဘုရား စိတ်အာရုံကို အသံအဖြစ် ပြောင်းလဲ၍ အော်ဟစ် လိုက်သည်။

"ဟမ့် ... "

ချန်းဖန်က နှာခေါင်း တစ်ချက် ရှုံ့လိုက်၏။

"ဘုန်း ... "

ရုတ်တရက် ဟူခွန်းဟောက်မှာ သွေးမြူ အဖြစ် ပြောင်းလဲကာ ပေါက်ကွဲ၏။ ထိုပေါက်ကွဲမှု၌ သူ၏ နတ်ဘုရား စိတ်အာရုံနှင့် မူလ ချီခန္ဓာမှာ အတူတကွ ပျက်သုဉ်းသည်။

"အဲဒါက ...  သူ ဟူခွန်းဟောက်ကို သတ်ပစ် လိုက်တာလား ... "

လူတိုင်းမှာ အေးခဲ သွား၏။ စင်မြင့်ထက်ရှိ လင်းဝူဟွာနှင့် ကူလင်ကျိတို့ပင် ဆွံ့အ သွားခဲ့သည်။

"သင် ငါ့ရှေ့မှာ လူတစ်ယောက်ကို သတ်ရဲ တယ်ပေါ့ ... "

ကျန်းတုန်းရှုမှာ အလွန်တရာ ဒေါသထွက် သွား၏။

"ဘုန်း ... "

ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှ မူလ ထိပ်ဆုံး အဆင့် စွမ်းအားမှာ ဖိအားအဖြစ်ဖြင့် ချန်းဖန် အပေါ်သို့ ကျသည်။ ပတ်ဝန်းကျင်၌ ရှိသော လူများမှာ ထိုအရှိန်အဝါ၏ အစွန်အဖျား ရိုက်ခတ်မှုတွင်ပင် နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ကြရ၏။

"အဲဒီတော့ ဘာဖြစ်လဲ ...  ငါ မင်းဆီက ခွင့်ပြုချက် တောင်းရဦးမှာလား ... "

သို့သော်လည်း ချန်းဖန်က ဂရု မစိုက်စွာပင် အင်္ကျီလက်ကို ခါယမ်းရင်း ဆိုလိုက်သည်။

သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော ကြောက်မက်ဖွယ် ဖိအားမှာ လေပြည်ကဲ့သို့ ပျက်ပြယ်သွား၏။

"အရမ်း ကောင်းတယ် ... "

ကျန်းတုန်းရှု၏ မျက်နှာက ဖြူရော် သွားသည်။

"သင်က ယုံကြည်ချက် ရှိနေတယ် ဆိုတော့လည်း ငါ ချင်းယန် ဂိုဏ်းချုပ်ကိုပဲ အကြောင်းကြား လိုက်တော့မယ် ...  သူတို့ ရောက်လာတဲ့ အချိန်ကျ မင်း ဆက်ပြီး မောက်မာနိုင်ဦးမလား ကြည့်ရသေး တာပေါ့ ... "

ထို့နောက် သူက အင်္ကျီလက်ကို ခါကာ နှာခေါင်းရှုံ့၍ ထွက်ခွာ သွားတော့၏။

***

All Chapters