← Chapters

အတင်းအကျပ်ဝင်ရောက်ခြင်း

Vol. 019 Ch. 1869

အတင်းအကျပ်ဝင်ရောက်ခြင်း

Vol. 019 Ch. 1869

တုံ့ယွမ်အိမ်တော်သည် တုံ့ယွမ်မြို့၏ ဗဟိုတွင် တည်ရှိသည်။ ၎င်းသည် တုံ့ယွမ်မြို့၏ သန့်စင်မြင့်မြတ်နယ်မြေ ဖြစ်လေသည်။ မရေတွက်နိုင်သော လူများက ဤနေရာသို့ ဝင်ရောက်ကာ ကျင့်ကြံလိုကြသည်။

အနည်းငယ် ထူးခြားသော နေရာများမှလွဲ၍ ကောင်းကင်ဒေသမှ ကုန်းမြေများအားလုံးက တုံ့ယွမ်အိမ်တော်နှင့် တူညီသော တည်နေရာရှိကြသည်။ လွန်ခဲ့သော နှစ်ရာပေါင်း အနည်းငယ်အကြာက မဟာအင်ပါယာသည် စေလွှတ်၍ တုံ့ယွမ်အိမ်တော်အား တည်ထောင်စေသည်။ ထိုအိမ်တော်အတွင်းရှိ ကျင့်ကြံရေးနည်းလမ်းများမှာ အင်ပါယာအဆောင်မှ ကူးယူလာခြင်းဖြစ်ရာ အလွန် တန်ဖိုးရှိပေသည်။ ယင်းတို့သည် ပြင်ပလောက၌ တန်ခိုးရှင်အများစု ကျင့်ကြံလေ့ရှိကြသော ကျင့်စဥ်များထက် ပို၍ အစွမ်းထက်ပေသည်။

တန်ခိုးရှင်များအတွက် တုံ့ယွမ်အိမ်တော်သို့ ဝင်ရောက်ခြင်းမှာ ကျင့်ကြံခြင်းခရီးတွင် ခရီး အတော်ရောက်သွားခြင်းဟု သတ်မှတ်နိုင်ပေသည်။

တုံ့ယွမ်အိမ်တော်အပြင်ဘက်တွင် ဖြတ်သွားဖြတ်လာလူများ အများအပြား ရှိနေသည်။ သို့သော် တစ်ခါတစ်ရံမှသာ အထဲဝင်သွားသည့် တစ်စုံတစ်ယောက်အား မြင်ရတတ်သည်။

ယခု ရီဖူရှင်းသည် တုံ့ယွမ်အိမ်တော် အပြင်ဘက်၌ မတ်တပ်ရပ်နေခဲ့သည်။

ဤမြေနေရာက အလွန်မြင့်မားပေသည်။ ရီဖူရှင်း၏ ရှေ့တွင် မိုးထိမြင့်သော လှေကားတစ်ခု ရှိနေသည်။ လှေကားကို မော့ကြည့်လိုက်သည့်အခါ မြင့်မားသည့် တည်ဆောက်ပုံကို မြင်နိုင်ပေသည်။ မဟာလမ်းစဥ် နတ်ရောင်ဝါများက အဆောက်အဦးတဝိုက်ကို ဝန်းရံထား၏။ တုံ့ယွမ်အိမ်တော်သည် တုံ့ယွမ်မြို့တွင် အမြင့်မားဆုံး ဖြစ်သည်။

တုံ့ယွမ်အိမ်တော်အနီးတွင် စုပေါင်းတည်ရှိနေသည့် ခမ်းနားကြီးကျယ်သော အဆောင်များလည်း ရှိနေသည်။ ထိုနေရာတွင် တန်ခိုးရှင် အမြောက်အမြား ရှိနေ၏။

တုံ့ယွမ်အိမ်တော်သခင်သည် အိမ်တော်၏ ထိပ်ဆုံးတွင် ကျင့်ကြံပြီး တပည့်များ လက်ခံသည်။ အမှန်တွင် သူတို့သည် ဂိုဏ်းကလန်များနှင့် တူညီပေသည်။ သူတို့သည်လည်း ကျင့်ကြံခြင်းအတွက် အကောင်းဆုံး အရင်းအမြစ်များကို ထိန်းချုပ်ထားကြသည်။ ထို့ကြောင့် မည်သူက တုံ့ယွမ်အိမ်တော်သခင်၏ တပည့်ဖြစ်လာပြီး သူ့လက်အောက်၌ မကျင့်ကြံချင်ဘဲ ရှိမည်နည်း။.

ထိုသို့သော အခြေအ​နေမျိုးတွင် တုံ့ယွမ်အိမ်တော်သို့ ဝင်ရောက်နိုင်သည့် တန်ခိုးရှင်များမှာ ​အမြင့်မားဆုံး ပါရမီရှင်များ ဖြစ်ကြ၏။

တုံ့ယွမ်အိမ်တော်သခင်ဟူသည့် ရာထူးက အတော် မြင့်မားပေသည်။ သူက တုံ့ယွမ်မြို့၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်၏။

လှေကား၏ ဘယ်ညာတစ်ဖက်တစ်ချက်တွင် လူနှစ်ယောက် စောင့်ကြပ်နေသည်။ ရီဖူရှင်းက လှေကားကို တက်ရန် ဦးတည်နေသည်ကို မြင်သောအခါ သူတို့က ရှေ့တိုးသွားပြီး သူ့လမ်းကို ပိတ်ဆို့လိုက်သည်။

ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်၏။ သူက အစောင့်များကို ကြည့်ကာ ပြောလိုက်သည်။ "ကျုပ်က တုံ့ယွမ်အိမ်တော် ရုပ်တုအကဲဖြတ်ခံဖို့ ရောက်လာတာပါ။"

"နာမည်၊ လာတဲ့အရပ်၊ ကျင့်ကြံခြင်းအဆင့်။" သူ့ရှေ့မှလူရ ပြောလိုက်သည်။

"ယဲ့လျှို့နျန်၊ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူ၊ ရန်ဟောင်အဆင့် တတိယဆင့်နတ်ဝင်ရိုး။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ယဲ့လျှို့နျန်က သူ၏ နာမည်လိမ် ဖြစ်လေသည်။

သူ၏ အ​ဖြေကို ကြားသောအခါ တစ်ဖက်လူက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဘေးသို့ဖယ်ကာ သွားခွင့်ပြုလိုက်သည်။ ဤသည်မှာ တုံ့ယွမ်အိမ်တော်တွင် ကျင့်ကြံရန် နောက်ထပ် နည်းလမ်းတစ်ခု ဖြစ်ပြီး တုံ့ယွမ်အိမ်တော် ရုပ်တုအကဲဖြတ်ခံယူခြင်းဟု ခေါ်သည်။ တုံ့ယွမ်အိမ်တော်နှင့် တူညီသော နေရာတိုင်းတွင် ယခင်တည်ထောင်သူများက အရည်အချင်းရှိသော တန်ခိုးရှင်များကို အကဲဖြတ်ရန် ရုပ်တုတစ်ခု ချန်ရစ်ခဲ့သည်။ အကဲဖြတ်ခြင်းကို ကျော်လွှားနိုင်သည့် မည်သူမဆို တုံ့ယွမ်အိမ်တော်တွင် ကျင့်ကြံရန် အရည်အချင်းပြည့်မီပေသည်။

သို့သော်လည်း ဤအကဲဖြတ်ခြင်းက စိန်ခေါ်မှုပင် ဖြစ်သည်။ ကျော်ဖြတ်နိုင်သော သူများအားလုံးက မကောင်းဆိုးဝါးသဖွယ် အားကောင်းလှသူများ ဖြစ်သည်။ အနည်းငယ်သော လူများသာ ထိုသို့ လုပ်ဆောင်ရန် တတ်နိုင်ကြသည်။ ရုပ်တုအကဲဖြတ်ခြင်းကို အဆင့်နှင့် အမှတ်များဖြင့် ပိုင်းခြားထားသည်။

အစောင့်များကို ကျော်ဖြတ်သွားစဥ် အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ "တုံ့ယွမ်အိမ်တော်က မင်းရဲ့ အကဲဖြတ်မှုကို လက်ခံမှာ မဟုတ်ဘူး။"

ရီဖူရှင်းက အံ့သြသွားခဲ့သည်။ သူက ခေါင်းကို မော့ကာ လှေကားထိပ်မှ ပြောလိုက်သည့်လူအား ကြည့်လိုက်သည်။ သူသည် ထိုလူ့ကို မှတ်မိခြင်း မရှိပါချေ။

"နားလည်ပါပြီ။" အစောင့်များက ခေါင်းညိတ်လိုက်ပြီး ရီဖူရှင်း၏ လမ်းကို ပိတ်ဆို့လိုက်ကာ သွားခွင့် မပြုတော့ပေ။

"ဘာလို့လဲ။" ရီဖူရှင်းက သူခေါင်းကို မော့ကာ ထိုသူ့ကို ကြည့်လိုက်သည်။ သူ၏ အသံက အလွန် တည်ငြိမ်နေ၏။

"တုံ့ယွမ်အိမ်တော် ရုပ်တုအကဲဖြတ်ခြင်းကို လူအနည်းငယ်ပဲ ကျော်​ဖြတ်နိုင်တယ်။ နေ့တိုင်းနေ့တိုင်း လူတွေအများကြီး လာစမ်းသပ်ကြတယ်။ သူတို့ထဲက အများစုက အချိန်အလကား လာဖြုန်းနေတာပဲ။ ဒါကြောင့် ငါတို့ ရွေးချယ်မှုပြုပြီးတော့မှ အကဲဖြတ်တာမှာ ပါဝင်ခွင့်ပြုတယ်။ မင်းတို့နှစ်ယောက်က မအောင်နိုင်ဘူး။"

ရီဖူရှင်း၏ မျက်နှာတွင် ထူးဆန်းသော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ မအောင်နိုင်ဘူးလား။

တစ်ဖက်လူက ရွေးချယ်မှုကို မည်သို့ ပြုလုပ်လိုက်သနည်း။

ရီဖူရှင်းက ရန်ဟောင်အဆင့်တွင် ရှိပြီး ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာခြင်း ဖြစ်သည်။ သူက အကဲဖြတ်ရန် အခွင့်အရေး တစ်ခုသာ လိုချင်သည်။ သူက အမှန်တကယ် အောင်မြင်နိုင်ခြင်း မရှိသည်လား။

သိသာစွာပင် တစ်ဖက်လူက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်သည်။ သူတို့က ရီဖူရှင်းကို ဂရုမစိုက်ဟန်နှင့် ကြည့်လိုက်သည်။ သူတို့၏ မျက်လုံးများထဲ၌ အထင်သေးမှုများပင် ရှိနေခဲ့၏။ ရီဖူရှင်း တုံ့ယွမ်အိမ်တော်သို့ ဝင်ရောက်လိုပါက သူတို့၏ သဘောတူညီမှုကို လိုအပ်ပေသည်။

ရီဖူရှင်းက မည်သည့်စကားမှ မဆိုခဲ့ပေ။ မတိုင်ခင်က တစ်စုံတစ်ယောက်၏ စိတ်စွမ်းအားက တုံ့ယွမ်အိမ်တော်မှ ထွက်ပေါ်လာခဲ့သည်။ ထိုသည်က စစ်ဆေးရန်အတွက်လား။ သူက ယခုမှသာ တုံ့ယွမ်အိမ်တော်သို့ ရောက်လာခြင်း​ဖြစ်သည်။ တစ်စုံတစ်ယောက်က သူတို့၏ စိတ်စွမ်းအားနှင့် သူ့အား စစ်ဆေးသည်မှာ ပုံမှန်ပင် ​ဖြစ်၏။ သူက အများကြီး မတွေးခဲ့ပေ။

ထိုအခိုက်တွင် သူ၏ စိတ်စွမ်းအားများက တုံ့ယွမ်အိမ်တော်ဆီသို့ ထွက်သွားခဲ့သည်။ ခဏချင်းအတွင်းတွင် ကျယ်ပြောလှသည့် တုံ့ယွမ်အိမ်တော်တစ်ခုလုံးက သူ၏ စိတ်စွမ်းအားများနှင့် ဖုံးလွှမ်းခြင်း ခံလိုက်ရသည်။

လေ့ကျင့်ရေးမြေပြင်တစ်ခုတွင် လူတစ်စုသည် လက်ဖက်ရည်သောက်ရင်း ကျင့်ကြံရေးအကြောင်း ဆွေးနွေးနေသည်။ ထိုအဖွဲ့မှလူများတွင် ထူးခြားပြောင်မြောက်လှသည့် အရှိန်အဝါများ ရှိကြပေသည်။ သူတို့ကြားထဲတွင် ထိုင်နေသော ထူးချွန်ပြောင်မြောက်သော အရှိန်အဝါတို့နှင့် လူငယ်လေးတစ်ယောက်မှာ မကြာသေးခင်က တောင်ဘက်တောင်ကုန်း၌ ရီဖူရှင်းနှင့် ဆုံတွေ့ခဲ့သောသူ ဖြစ်လေသည်။

သိသာစွာပင် တစ်ဘက်လူက သူ့မတိုင်ခင် ပြေးလာခြင်းဖြစ်သည်။

ထိုအချိန်၌ ရီဖူရှင်းက မည်သည်တို့ ဖြစ်ပျက်နေသည်ကို နားလည်သွားသည်။

ထိုစားသောက်​နေသော လူစုမှာ တစ်စုံတစ်ယောက်၏ စိတ်စွမ်းအားက သူတို့အား စူးစမ်းလေ့လာနေသည်ကို သတိပြုမိလိုက်သည်။ သူတို့က မျက်ခုံးကိုပင့်လိုက်ကာ သူတို့၏ အကြည့်များက အေးစက်နေသည်။ ဝတ်ရုံရှည်ဝတ်ထားသည့် အမျိုးသမီးတစ်ယောက်က အေးစက်စွာ ဆူပူလိုက်၏။ "ရဲတင်းလိုက်တာ။"

သူမက ထိုစကားကို ထုတ်ပြောလိုက်သည့်အခိုက်တွင် သူမက စိတ်စွမ်းအားများ ထွက်ပေါ်လာရာ ဘက်သို့ ကြည့်လိုက်သည်။ အဝေးတွင် ရှိနေသော ရီဖူရှင်းကို သူမ မြင်လိုက်ပြီး သူတို့၏ မျက်လုံးများ ဆုံစည်းသွားသည်။

အခြားသူများ၏ စွမ်းအားများကလည်း ရီဖူရှင်းပေါ်သို့ သက်ဆင်းလာသည်။

သူတို့သည် ရီဖူရှင်းနှင့် သူ့ဘေးမှ ရှားရှင်းယွန်တို့၏ အရှိန်အဝါက အတော်လေး ထူးခြားသည်ကို သတိပြုမိလိုက်သည်။ သို့သော်လည်း သူတို့ကို စိတ်စွမ်းအားဖြင့် ချောင်းကြည့်ခြင်းကတော့​ဖြင့် ရဲတင်းလွန်းပြီး ရိုင်းပြသော အပြုအမူမျိုး ဖြစ်လေသည်။

"တုံ့ယွမ်အိမ်တော်အရေးကို ဘယ်သူ ကိုင်တွယ်တာလဲ။" ရီဖူရှင်းက ကျယ်လောင်စွာ မေးလိုက်သည်။ ယခင် တောင်ဘက်တောင်ကုန်း၌ ရီဖူရှင်းနှင့် ထိပ်တိုက်တွေ့ခဲ့သော တန်ခိုးရှင်၏ မျက်နှာထက်တွင် အေးစက်သော အကြည့်တို့ ရှိနေသည်။ သူ့ဘေးမှ လူငယ်က ဖြေးညှင်းစွာ ထရင်း ပြောလိုက်သည်။ "​သွားကြည့်ရအောင်။"

သူတို့ထဲမှ အချို့က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူတို့သည် တုံ့ယွမ်အိမ်တော်မှ လမ်းလျှောက်ထွက်လာခဲ့ကြ၏။ ချက်ချင်းပင် သူတို့သည် လှေကားထိပ်သို့ ရောက်လာကြ၏။ သူတို့က အောက်ဘက်တွင် ရပ်နေသော ရီဖူရှင်းကို ကြည့်လိုက်သည်။

"သူက တုံ့ယွမ်အိမ်တော်သခင်ရဲ့သား လျှိုတုံ့ကောပဲ။" ယင်ချင်းက ရီဖူရှင်းထံသို့ စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ ထိုအမည်ကို ကြားသည့်အခါ ရီဖူရှင်းသည် အိမ်တော်သခင်က သူ၏ မျိုးဆက်များကိုလည်း အိမ်တော်ကို အုပ်ချုပ်ရသောသူများ ဖြစ်လာစေချင်ကြောင်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် သူက နာမည်များကိုပင် ဤနေရာကို အစွဲပြုကာ မှည့်ခေါ်ထားလေသည်။

လျှိုတုံ့ကောဘေးမှ လူတစ်စုသည် ထူးခြားပြောင်မြောက်သော အရှိန်အဝါများ ရှိကြ၏။ သူတို့၏ အဆင့်အတန်းက အမှန်ပင် ထူးခြားပေမည်။ ရီဖူရှင်းအား ဆူပူလိုက်သည့် အမျိုးသမီးက တော်ဝင်အမျိုးသမီးကဲ့သို့ ဝတ်ဆင်ထားသည်။ သူမသည် ဧကရီတစ်ပါး၏ ဂုဏ်ယူဖွယ်အရှိန်အဝါတို့ လွှမ်းခြုံထားပြီး လှပသည်ဟု မှတ်ယူထားနိုင်သည်။ သူမသည် ရီဖူရှင်းကို မကြိုဆိုသည့် အကြည့်တစ်ချက်ပေးလိုက်သည်။ သူမက ရီဖူရှင်း၏ တိုက်ခိုက်မှုကို မကျေနပ်သည်မှာ ထင်ရှားပေသည်။

"မင်းက ငါ့ကို တွေ့ချင်တာလား။" လျှိုတုံ့ကောက ရီဖူရှင်းကို ကြည့်ကာ မေးလိုက်သည်။ သူက ရီဖူရှင်းကို ငုံ့ကြည့်လိုက်ပြီး သူ့အသံက ထူးမခြားနားပင် ဖြစ်သည်။

သူသည် ဤလူက တောင်ဘက်တောင်ကုန်း သူတော်စင်ကို သိသည်ဟု ဆိုခဲ့ကြောင်း ကြားဖူးပေသည်။

ရီဖူရှင်းသည်လည်း တစ်ဖက်လူကို အကဲခတ်ရန်ကြိုးစားနေသည်။ သူ ယင်ချင်းထံမှ ကြားခဲ့သော တုံ့ယွမ်မြို့အကြောင်းများနှင့် လက်ရှိ အခြေအနေတို့က မတူညီနေပေ။ ထိုသည်က ဆန့်ကျင်ဘက်ဖြစ်နေသည်ဟုပင် ဆိုနိုင်ပေသည်။ ထို့ကြောင့် သူက အတည်ပြုရန် လိုပေသည်။ ယင်ချင်းက သူ့ကို ကူညီခဲ့သော်လည်း တုံ့ယွမ်အိမ်တော်သခင်ကို ယင်ချင်း၏ ပြောပြချက်တစ်ခုတည်းကို အတည်ယူ၍ သတ်မပစ်နိုင်ပေ။

သူက ယင်ချင်းအား ကတိပေးခဲ့သည်။ သူမ ပြောသည်များသာ အမှန်ဖြစ်လျှင် သူက တုံ့ယွမ်အိမ်တော်သခင်အား သတ်ရပေလိမ့်မည်။

သို့သော်လည်း ယခုအဖြစ်ကို ကြည့်လျှင် လျှိုတုံ့ကောက အလွန် မောက်မာသော သူတစ်ယောက် ဖြစ်လေသည်။

"ကျုပ်က ကျင့်ကြံဖို့ တုံ့ယွမ်အိမ်တော်ကို ဝင်ချင်တယ်။ အဲဒါကြောင့် တုံ့ယွမ်အိမ်တော်ရဲ့ ရုပ်တုအကဲဖြတ်ခြင်းကို ခံယူဖို့ ဆန္ဒရှိတယ်။" ရီဖူရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ငြင်းတယ်။" လျှိုတုံ့ကောက ထိုနေရာ၌ ရပ်နေရင်းကပင် ပြန်ဖြေလိုက်သည်။

"ဘာလို့လဲ။" ရီဖူရှင်းက ဆက်မေးလိုက်သည်။ သူက ဒေါသမထွက်ခဲ့ပေ။

"ငြင်းတာက ငြင်းတာပဲ။ အကြောင်းပြချက် ပေးစရာမလိုဘူး။" လျှိုတုံ့ကောက ပြောလိုက်သည်။ တုံ့ယွမ်အိမ်တော်တွင် သူတို့၏ စကားကသာ ဥပဒေ ဖြစ်သည်။

တုံ့ယွမ်အိမ်တော်ကို မဟာအင်ပါယာ ပို့လိုက်သော လူများက တည်ထောင်ခဲ့သော်လည်း ကောင်းကင်ဒေသရှိ ကုန်းမြေများတွင် ဤသို့သော အိမ်တော်မျိုး တည်ထောင်ရန် နှစ်ရာချီကြာမြင့်ခဲ့သည်။ သူတို့သည် ဤနေရာများကို စီမံခန့်ခွဲရန် အချိန်မရှိပေ။ ထို့​ကြောင့် ဤနေရာများကို သက်ဆိုင်ရာကုန်းမြေများမှ အားအကောင်းဆုံး တန်ခိုးရှင်များက ထိန်းချုပ်ခဲ့သည်။

ဤကုန်းမြေကို ကောင်းကင်ဒေသ၏ ထိပ်တန်းကုန်းမြေဟု မဆုံးဖြတ်နိုင်ပေ။ ၎င်းက အမည်နာမ မရှိသလို အဆင့်သတ်မှတ်ချက် ဝင်ရန် ခက်ခဲလှပေသည်။ မဟာအင်ပါယာသည် ဤနေရာသို့ လာရောက်ရန် အပင်ပန်းခံလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဤနေရာ၌ တုံ့ယွမ်အိမ်တော်သခင်သည်သာ အ​ကြွင်းမဲ့အာဏာရှိပေသည်။

အောက်ဘက်မှ လူများက သည်ဘက်သို့ ကြည့်နေကြသည်။ သူတို့အားလုံးက အခြေအနေများအား သတိပြုမိပေသည်။ သူတို့အားလုံးက ရီဖူရှင်းကို ကြည့်လိုက်သည်။ တုံ့ယွမ်အိမ်တော်သို့ ဝင်ချင်သည့် မည်သူမဆို ရုပ်တုအကဲဖြတ်ခြင်းကို ခံယူရပြီး အကဲဖြတ်ခြင်း မအောင်မြင်ပါက ငြင်းပယ်ခံရပေလိမ့်မည်။

ပုံမှန်အားဖြင့် ရန်ဟောင်အဆင့် ရောက်နေသော တစ်စုံတစ်ယောက်ကို တုံ့ယွမ်အိမ်တော်မှ မငြင်းပယ်ဘဲ အကဲဖြတ်မှုခံယူနိုင်ရန် အခွင့်အရေးပေးလေ့ရှိသည်။

ရန်ဟောင်များပင် အကဲဖြတ်မှုကို ခံယူရန် အရည်အချင်းမမီပါက တုံ့ယွမ်အိမ်တော်သခင်ကို လူမည်မျှများများ ဆန့်ကျင်နေမည်ကို မသိနိုင်ပေ။

သို့သော်လည်း ယခုတစ်ကြိမ်တွင် တုံ့ယွမ်အိမ်တော်သခင်၏ သားဖြစ်သူ လျှိုတုံ့ကောက ဤလူကို ကိုယ်တိုင်တားဆီးနေခဲ့သည်။

သည်လူနှင့် ပတ်သတ်၍ ထူးခြားသည့်အရာ ရှိနေသည်လား။

"ဘယ်သူက တုံ့ယွမ်အိမ်တော်ကို တည်ထောင်ခဲ့လဲ။ ဒီနေရာမှာ ဘယ်သူက စည်းမျဥ်းတွေ ချမှတ်ခဲ့လဲ။" ရီဖူရှင်းက ဆက်မေးလိုက်သည်။ အနားတွင် စုဝေးလာသည့် လူများက သူ ပြောသည်ကို ကြားလိုက်ကြသည်။ ရန်ဟောင်များသည် အလွန် မာနကြီးသော လူများဖြစ်သည်။ ထို့ပြင် ယခုထွက်ပေါ်လာသော သည်လူက အလွန် ငယ်ရွယ်ပေသည်။ သူက လျှိုတုံ့ကော၏ တားဆီးမှုကို ခံလိုက်ရသည့်အတွက် စိတ်မကျေမနပ် ခံစားနေရပေမည်။

လူတိုင်းသည် တုံ့ယွမ်အိမ်တော်ကို မည်သူ တည်ထောင်ထားသည်အား သိရှိကြသည်။

ရီဖူရှင်းက လျှိုတုံ့ကောကို မေးလိုက်သည့် မေးခွန်းက မဟာအင်ပါယာအား ရည်ညွှန်းခြင်း ဖြစ်ကြောင်း သိကြပေသည်ယေ

ထိုသို့ ပြောလိုက်သည်နှင့် အသုံးဝင်ပါမည်နည်း။

"မင်း ပြောလို့ဝပြီလား။" လျှိုတုံ့ကောက မေးလိုက်သည်။ "ပြောလို့ပြီးပြီဆိုရင် ထွက်သွားပါတော့။ မင်းကို တုံ့ယွမ်အိမ်တော်ထဲ ဝင်ဖို့ ခွင့်မပြုဘူး။"

"မဟာအင်ပါယာက တုံ့ယွမ်အိမ်တော်ကို တည်ထောင်ခဲ့တယ်။ ပြီးတော့ မဟာအင်ပါယာအစား ဒီအိမ်တော်ကို စောင့်ရှောက်ဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးခဲ့တယ်။ လက်ရှိမှာ မဟာအင်ပါယာရဲ့ အစေခံတွေကတောင် အိမ်တော်သခင်ဆိုပြီး ဘဝင်မြင့်တတ်နေကြပြီလား။" ရီဖူရှင်းက ပြောလိုက်သည်။ "မင်းတောင် အဲဒီလှေကားထိပ်မှာ ရပ်နိုင်ရင် ငါက ဘာလို့ မရရမှာလဲ။"

ထိုသို့ ပြောပြီးနောက် ရီဖူရှင်းက ရှေ့သို့ ခြေလှမ်းကာ လှေကားပေါ်သို့ လျှောက်သွားခဲ့သည်။

အနီးဝန်းကျင်ရှိ လူအုပ်ကြီးဆီမှ ထူးဆန်းသော အမူအရာများ ထွက်ပေါ်လာခဲ့သည်။ သူက အတင်းအကျပ်ဝင်ရောက်ရန် စီစဥ်နေသည်လား။.

လျှိုတုံ့ကောနှင့် အခြားလူများက ရီဖူရှင်းကို ​ငုံ့ကြည့်လိုက်ကြသည်။ ထူးဆန်းသော အကြည့်များက သူတို့၏ မျက်လုံးများထဲတွင် ဖြစ်ပေါ်လာသည်။ သူက တုံ့ယွမ်အိမ်တော်ကို အတင်းအကျပ်ဖောက်ဝင်ရန် ကြိုးစားနေသည်လား။

လျှိုတုံ့ကောဘေးမှ လူများသည် ကို့ရို့ကားယား အမူအရာများ ထုတ်ဖော်ပြသလာသည်။ သူတို့အားလုံးသည် ကုန်းမြေတွင် ရှိသော ထိပ်သီးအင်အားစုများမှ တန်ခိုးရှင်များ ​ဖြစ်ကြပြီး တုံ့ယွမ်အိမ်တော်သို့ ရောက်နေကြသည်။ သူတို့သည် တစ်ယောက်ယောက်က တုံ့ယွမ်အိမ်တော်သို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေမည်ဟု ထင်မထားမိခဲ့ကြပေ။

"ငါတို့က နင် မလုပ်နိုင်ဘူးလို့ ပြောရင် နင် ကျိန်းသေ မလုပ်နိုင်ဘူး။" အမျိုးသမီးရန်ဟောင်၏ အရှိန်အဝါက သူမ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ ထိုအရှိန်အဝါက အလွန် လွှမ်းမိုးနိုင်သည်။

"ဒီကိစ္စနဲ့ပတ်သတ်ပြီး ဂရုစိုက်နေစရာမလိုဘူး။" လျှိုတုံ့ကောက သူမကို နူးညံ့စွာ ပြောလိုက်သည်။ "သွားစို့"

လျှိုတုံ့ကောက ပြောပြီးသည်နှင့် သူက ပြန်လှည့်ကာ တုံ့ယွမ်အိမ်တော်သို့ ဦးတည်ရင်း သူက ပြောလိုက်၏။ "ပြဿနာရှာပြီး အိမ်တော်ထဲကို အတင်းအကျပ် ဝင်ရောက်တဲ့ ဘယ်သူမဆို သူတို့အပြုအမူရဲ့ အကျိုးဆက်ကို ခံရလိမ့်မယ်။"

သူက ပြန်လှည့်မကြည့်သော်လည်း သူ၏ အသံထဲတွင် လူသတ်လိုစိတ်​ငွေ့ငွေ့ ပါဝင်နေသည်။ သူပြောသည်ကို မည်သူကမှ သံသယမဖြစ်ပေ။

ရီဖူရှင်းက တောင်ဘက်တောင်ကုန်း သူတော်စင်နှင့် အမှန်တကယ် ပတ်သတ်နေပါက လျှိုတုံ့ကောသည် ရီဖူရှင်းနှင့် ရင်ဆိုင်ရန် ဆင်ခြေရှာရပေလိမ့်မည်။ ရီဖူရှင်းက အိမ်တော်သို့ အတင်းအကျပ် ထိုးဖောက်ဝင်ရောက်ပါက ဤအခွင့်အရေးကို အသုံးပြု၍ နေရာတွင်ပင် သတ်ပစ်နိုင်ပေသည်။

ရီဖူရှင်းက ရန်ဟောင်ဖြစ်နေလျှင်ပင် မည်သည့်အရေးနည်း။

ရန်ဟောင်အဆင့်နိမ့်တန်ခိုးရှင်တစ်ဦးက တုံ့ယွမ်အိမ်တော်၏ အင်အားစုကို ဆန့်ကျင်ရပ်တည်နိုင်ပါမည်လား။.

မျက်နှာဖုံးအောက်မှ ယင်ချင်း၏ မျက်လုံးများသည် သတ်​ဖြတ်လိုစိတ်များနှင့် တောက်လောင်နေသည်။ သူမက ရီဖူရှင်းကို ကြည့်လိုက်သည်။ အကယ်၍ ဤသို့သာ ဆက်ဖြစ်နေလျှင် ရီဖူရှင်းက လျှိုတုံ့ကော မည်သို့သောလူမျိုး ဖြစ်သည်ဟု မြင်လိမ့်မည်နည်း။

ရီဖူရှင်းက သူ့ခေါင်းကို မော့ကာ လှေကားထိပ်သို့ ကြည့်လိုက်သည်။ တန်ခိုးရှင်များက တစ်ချိန်တည်းတွင် ရှေ့သို့ လှမ်းလာကြသည်။ သူတို့ကြားတွင် တောင်ဘက်တောင်ကုန်း၌ သူ မောင်းထုတ်ခဲ့သော သူများလည်း ပါဝင်သည်။ သူက ရီဖူရှင်းကို အေးစက်သော အကြည့်တို့နှင့် ကြည့်ကာ ပြောလိုက်သည်။ "တုံ့ယွမ်အိမ်တော်ကို ဟိုးနှစ်ပေါင်းများစွာကတည်းက မဟာအင်ပါယာ တည်ထောင်ထားခဲ့တယ်။ မင်းလိုလူမျိုးက ဒီနေရာကို ညစ်ပတ်စေလို့မရဘူး။ မင်းအဲဒီလို အမှားကို ကျူးလွန်ပြီး ရှေ့တက်လာရင် တုံ့ယွမ်အိမ်တော်ကို အတင်းအကျပ် ကျူးကျော်ဖို့ ကြိုးစားတယ်လို့ သတ်မှတ်ရလိမ့်မယ်။"

***

All Chapters