← Chapters

ချန်းဖန်၏ စွမ်းအား

Vol. 9 Ch. 819

ချန်းဖန်၏ စွမ်းအား

Vol. 9 Ch. 819

"အမြုတေ ဖွဲ့စည်းခြင်း အဆင့်ကျင့်ကြံသူ ...  သူက ဝမ်ရှင်း တန်ခိုးရှင်လေးပဲ"

များစွာသော လူများသည် ချန်းဖန်ကို ကြောက်ရွံ့စွာ ကြည့်နေကြ၏။

အမြုတေ ဖွဲ့စည်းခြင်း အဆင့်မှာ ရွှေအမြုတေအဆင့် မရောက်ခင် နောက်ဆုံး အဆင့် ဖြစ်သည်။ အမြုတေ ဖွဲ့စည်းခြင်း အဆင့်များသည် ရွှေအမြုတေ အဆင့်၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားရာ သာမန် မူလအဆင့် ကျင့်ကြံသူများကို လွှမ်းမိုးနိုင်၏။ သို့ဖြစ်ရာ အမြုတေ ဖွဲ့စည်းခြင်း အဆင့်များကို "ဝမ်ရှင်း တန်ခိုးရှင်လေးများ" ဟု နာမ်စားသုံး၍ပင် ခေါ်ဆို ကြသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ ...  ကူလင်ကျိ လင်းဝူဟွာတို့လို ပါရမီရှင်တွေတောင် အမြုတေ ဖွဲ့စည်းခြင်း အဆင့်ကို မရောက်သေးဘူးလေ ...  ဘယ်လို လုပ်ပြီး နာမည် မရှိတဲ့ လူငယ် တစ်ယောက်က ဒီလောက် မြင့်မားတဲ့ ကျင့်ကြံခြင်း အဆင့် ရှိနေတာလဲ ...  သူက ရွှေအမြုတေ အဆင့် လူအိုကြီး တစ်ယောက်ရဲ့ လျှို့ဝှက် တပည့်များ ဖြစ်နေတာလား"

နတ်မိမယ် ယွီလုံက ကြောက်လန့်မှုဖြင့် တုန်ရီ နေခဲ့၏။

"ဒီလူငယ်လေးက ကျူးဝမ်မျိုးနွယ် မဟုတ်ဘူးလား ...  သူက ဘယ်လို ဖြစ်ပြီး ဝမ်ရှင်း တန်ခိုးရှင်လေး ဖြစ်နေရတာလဲ"

ဂိုဏ်းအစေခံ စန်းက နားမလည်စွာ ရေရွတ် လိုက်သည်။

သူကား မူလအဆင့် ဖြစ်သော်လည်း ကျန်းတုန်းရှုနှင့် အတူ တံခါး အတွင်းသို့ ဝင်ရောက် လိုက်ပါသွားခြင်း မရှိချေ။ ကျန်းလင်ဖုန်း၏ နံဘေးတွက်သာ လိုက်ပါကာ စောင့်ရှောက် နေခဲ့ခြင်း ဖြစ်သည်။

"ငါ ရွှမ်ချင်းကျိကို သတ်လိုက်ပြီ ...  မင်းတို့ သူ့အတွက် လက်စားချေဦး မလား"

ချန်းဖန်က နတ်မိမယ် ယွီလုံနှင့် ဖန်းကျန်းယု တို့ကို ကြည့်ရင်း မေးလိုက်၏။

"မ ...  မလုပ်ရဲပါဘူး ဝမ်ရှင်း တန်ခိုးရှင်လေး ...  ငါ ရွှမ်ချင်းကျိကို မသိပါဘူး"

ဖန်ကျန်းယုက တုန်တုန်ရီရီဖြင့် ပြန်ဖြေ လိုက်သည်။

"ကျွန်မလည်း ဘာမှ မမြင်လိုက်ဘူး ... "

နတ်မိမယ် ယွီလုံကလည်း ဆို၏။ သူမသည် ချန်းဖန်ထံတွင် အညံ့မခံလိုသော်လည်း ဆန့်ကျင်ရဲသည့် သတ္တိ မရှိခဲ့ချေ။

"ကောင်းပြီလေ ... "

ထို့နောက် ချန်းဖန်က မူဟုန်တိတို့ အုပ်စုဘက်သို့ လှည့်လိုက်၏။

"စီနီယာချန်းက ...  အရမ်း အစွမ်းထက်တာပဲ"

ယွင်ရီအာက ချန်းဖန်အား လေးစားစွာ ကြည့်ရင်း ဆိုလိုက်သည်။

ချန်းဖန်က ဘာမှ ပြန်မပြောပဲ ဆွဲငင်အား တစ်ခု ဖော်ထုတ်ကာ ကျန်းလင်ဖုန်းအား ဖမ်းဆီး လိုက်၏။ ထိုခွေးကောင်လေးကား အသက်ကယ်ခဲ့သော မျက်နှာကိုပင် မထောက်ပဲ သူ့အား အကြိမ်ကြိမ် စော်ကားခဲ့သည်။  ထိုအရာက သူ ခွင့်လွှတ်နိုင်သော အတိုင်းအတာထက် ကျော်လွန် နေခဲ့ပြီ ဖြစ်သည်။

"စီ ...  စီနီယာချန်း ...  ကျွန်တော့်ကို မသတ်ပါနဲ့ တောင်းပန်ပါတယ် ...  ကျွန်တော်က စီနီယာချန်းကို အမြဲတမ်း လေးစားခဲ့သူပါ"

ကျန်းလင်ဖုန်းက တုန်တုန်ရီရီဖြင့် တောင်းပန် လိုက်သည်။

"မိတ်ဆွေလေး ...  မြို့တော်သခင်ရဲ့ မျက်နှာကို ထောက်ပြီး သခင်လေးကို ခွင့်လွှတ်ပေး လိုက်ပါ ...  ကျူးရန်မြို့က မိတ်ဆွေလေးရဲ့ ကျေးဇူးကို မမေ့ပါဘူး"

ဂိုဏ်းအစေခံ စန်းကလည်း ဝင်ရောက်ကာ ပြောလိုက်၏။

"ဟမ့် ... "

သို့သော်လည်း  ချန်းဖန်က ဂရု မစိုက်ပဲ လက်ကိုသာ အားအနည်းငယ် စိုက်လိုက်၏။

"ဘုန်း ... "

ကျန်းလင်ဖုန်းက ခန္ဓာကိုယ်က အစစ်အမှန် အမတေနှင့် အတူ သွေးမြူ အဖြစ် ပြောင်းလဲကာ ပေါက်ကွဲသွားသည်။ သူကား ချန်းဖန်၏ လက်၌ ပုရွက်ဆိတ် တစ်ကောင် အလား ခွန်အားမဲ့ လှ၏။

"အဲဒါက ... "

လူတိုင်းမှာ ထိတ်လန့် သွားကြ၏။ ချန်းဖန် ကျန်းလင်ဖုန်းကို သတ်ပစ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ် မထားကြချေ။

"မင်း ...  မင်း ငါ့သခင်လေးကို သတ်လိုက်တယ် ... "

ဂိုဏ်းအစေခံစန်းက ချန်းဖန်ကို လက်ညှိုး ထိုးကာ ဒေါသတကြီး အော်ဟစ် လိုက်၏။

"နောက်တစ်ခွန်း ထပ်ပြောရင် မင်းကိုပါ ငါ သတ်မယ် ... "

ချန်းဖန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

"  ...  "

ဂိုဏ်းအစေခံစန်းမှာ ချွေးစေးများ ပြန်လာကာ ပါးစပ်ကိုပင် ယောင်ယမ်း၍ ပိတ်လိုက်မိ၏။ ချန်းဖန်ကား ရွှေအမြုတေ အဆင့်သို့ ရောက်တော့မည့် ကျင့်ကြံသူ ဖြစ်သည်။ သူ မဆိုထားနှင့် သူ၏ သခင်ဖြစ်သည့် မြို့တော်သခင် ကျန်းတုန်းရှုပင် ချန်းဖန်အား ယှဉ်နိုင်မည် မဟုတ်ချေ။

ထို့နောက် ချန်းဖန်က မူဟုန်တိအား ခေါင်းညိတ်ပြကာ ရွှေရောင် အလင်းတန်း အသွင်သို့ ပြောင်း၍ တံခါး အတွင်း ဝင်ရောက် သွားတော့၏။ သူ ထွက်ခွာသွားပြီးနောက် လူတိုင်းမှာ ကြောက်လန့်၍ ကျန်ရစ် ခဲ့ကြသည်။

"သူက လင်းဝူဟွာနဲ့ ကူလင်ကျိတို့ ထက်တောင် ပိုပြီး အစွမ်းထက်မယ် ထင်တယ် ... "

တစ်စုံတစ်ယောက်က တီးတိုး ရေရွတ် လိုက်သည်။

"သူ ဘယ်က လာတာလဲ ...  ငါ သူ့နာမည်ကို တစ်ခါမှ မကြားဖူးဘူး ...  ရွှမ်ချင်းကျိရဲ့ ချင်းယန် ခန္ဓာတောင် သူ့ရဲ့ တိုက်ခိုက်မှု တစ်ခုကို မခံနိုင်ခဲ့ဘူး"

အဖြူရောင် ဝတ်စုံဝတ် လူငယ် တစ်ယောက်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

"အကို လင်းခိုင် ...  သူ့မှာ အနက်ရောင် ဆံပင်နဲ့ အနက်ရောင် မျက်လုံးတွေ ရှိတာ မတွေ့ဖူးလား ...  သူက ကျူးဝမ်လူမျိုး တစ်ယောက်ပဲ"

အခြား တစ်ယောက်က သက်ပြင်းချရင်း ဆိုလိုက်၏။

"ဘယ်လို ...  ကျူးဝမ် လူမျိုး ... "

လူတိုင်းမှာ ဆွံ့အ သွားကြသည်။ နတ်မိမယ် ယွီလုံပင် မျက်လုံးများ ဝိုင်းစက် သွားခဲ့သည်။

"သူက တကယ်ပဲ ကျူးဝမ် လူမျိုးလား ...  ဒါပေမဲ့ သခင်ကြီးပေ့ဟန်က သူတို့ကို တန်ခိုးရှင် ကျင့်ကြံသူ မဖြစ်အောင် ကျိန်စာ တိုက်ထားတာ မဟုတ်ဘူးလား ... "

"သခင်ကြီးပေ့ဟန် သူ့တို့ကို ကျိန်စာ တိုက်တာ တကယ် ဟုတ် မဟုတ် ဆိုတာ ဘယ်သူမှ မသိကြဘူး ...  ဒါပေမဲ့ ကျူးဝမ်မျိုးနွယ်တွေက အားနည်းကြတယ် ...  သူတို့ အထဲမှာ တန်ခိုးရှင် ကျင့်ကြံခြင်း လမ်းကြောင်းကို ခြေချ နိုင်တဲ့သူ သိပ်မရှိကြဘူး ...  ကျင့်ကြံနိုင်တဲ့ သူတွေထဲမှာမှ တစ်ယောက် နှစ်ယောက်ကပဲ အလွန်ဆုံး မူလ အဆင့်ကိုပဲ တက်လှမ်း နိုင်ကြတာ ...   ခုန ဝမ်ရှင်း တန်ခိုးရှင်လေးက ကျင့်ကြံခြင်းမှာ ပြင်ပ အကူအညီ တစ်ခုခု ရထားတာ ထင်တယ်"

ဖန်ကျန်းယုက ခေါင်းအား ခါယမ်း လိုက်သည်။

အခြားလူများကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း သက်ပြင်းချ လိုက်သည်။

ကျူးဝမ်မျိုးနွယ် တစ်ယောက်၏ အရှေ့၌ ခွန်အားမဲ့ရခြင်း ...  ထိုအရာက အလွန် အရှက်ရဖွယ် ကိစ္စ တစ်ခု ဖြသည် မဟုတ်ပါလား။

***

တစ်ချိန်တည်း၌ ချန်းဖန်သည် တံခါး၏ တစ်ဖက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုနေရာကား အပြင် ကမ္ဘာနှင့် လုံးဝ ကွာခြား နေ၏။

"ဟူး ...  ဟူး ... "

အလွန်အမင်း အေးစက်သော လေများသည် ဟိုမှသည်သို့ ဝှေ့ယမ်းကာ တိုက်ခတ် နေသည်။ အကယ်၍ မူလ အဆင့်အောက် လူများသာ ဤနေရာသို့ ဝင်လာပါက ချက်ချင်းပင် အေးခဲ သွားပေလိမ့်မည် ဖြစ်သည်။

"ဟူး ...  လား ...  လား ... "

ချန်းဖန်က သူ၏ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက် လိုက်၏။ ထိုကောင်းကင် နယ်မြေကား ဧရိယာ မိုင်တစ်ရာခန့်သာ ကျယ်ဝန်းသည်။

ဝမ်ရှင်း တန်ခိုးရှင် ကျူးဟန်သည် သာမန် ရွှေအမြုတေ အဆင့်များထက် ပို၍ အစွမ်းထက်သူ ဖြစ်ရမည်။ ထို့ကြောင့်သာ နေရာ ကူးပြောင်းရေး အစီအရင် တစ်ခုဖြင့် ဆက်သွယ်ကာ ဤနေရာကို သူ၏ ကိုယ်ပိုင် ကောင်းကင် နယ်မြေ အဖြစ် ပြောင်းလဲ ပစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ချန်းဖန်သည် ထိုနေရာ၌ များစွာသော အစီအရင်များကိုလည်း တွေ့ရ၏။ ထိုအစီအရင်များမှာ ကောင်းကင် နယ်မြေ တစ်ခုလုံးနှင့် ချိတ်ဆက် ထားရာ အလွန်အမင်း အစွမ်းထက်သည်။ မဆင်မခြင် ဝင်မိပါက ရွှေအမြုတေ အဆင့်များပင် ဒုက္ခ ရောက်သွားနိုင်သည်။

"ဘုန်း ... "

ချန်းဖန်က ရွှေရောင် အလင်း အသွင်သို့ ပြောင်းလဲ၍ ထိုကောင်းကင်နယ်မြေ၏ ဗဟို နေရာသို့ ဦးတည် ပျံသန်း လိုက်၏။ ထိုနေရာ၌ ရှေးဟောင်း မြေအောင် ပုလဲ၏ အရှိန်အဝါများ ထွက်ပေါ်နေရာ သူသာ နောက်ကျပါက လက်ဗလာဖြင့် ပြန်ရလိမ့်မည် ဖြစ်သည်။

"သူက ဘယ်သူလဲ ...  အစီအရင်တွေကို မကြောက်တာလား ... "

မြေပြင်၌ ရှိသော မူလ အဆင့်များမှာ ကောင်းကင်ရှိ ရွှေရောင် အလင်းကို ကြည့်ရင်း အံ့ဩ သွားကြသည်။

သူတို့သည် များပြားသော အစီအရင်များကို ရှောင်တိမ်း နေရရာ ပျံသန်းခြင်း မပြုနိုင်ချေ။ အကယ်၍ တစ်ချက်လေး သတိလွတ်ခဲ့လျှင်ပင် ဝမ်ရှင်း တန်ခိုးရှင် ကျူးဟန် ချန်ရစ်သော အစီအရင်များက သူတို့အား ဝါးမျို သွားပေလိမ့်မည် ဖြစ်သည်။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

သို့သော်လည်း ချန်းဖန်က ဂရုစိုက်ခြင်း မရှိချေ။  သူက အစီအရင်များကို တိုက်ရိုက် ထိုးခွဲကာ ပျံသန်းနေ၏။

"ဘယ်လို လူမျိုးက ကိုယ့်ရဲ့ လုံခြုံရေးကို ဂရုမစိုက်ပဲ ဝမ်ရှင်း တန်ခိုးရှင် ကျူးဟန်ရဲ့ ကောင်းကင် နယ်မြေမှာ ပျံသန်း ရဲတာလဲ ...  သူက သေချင်နေတာလား ... "

လင်းဝူဟွာက တွေးလိုက်မိ၏။

"ဘုန်း ... "

သို့သော်လည်း သူမက အနက်ရောင်လှိုင်း အသွင်သို့ ပြောင်းကာ ကောင်းကင်သို့ ပျံတက် လိုက်သည်။ သူမသည် အစီအရင်များကို ကြောက်သည့်တိုင် ရှေးဟောင်း မြေအောက် ပုလဲကို လက်မလွှတ်နိုင်ချေ။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

ကူလင်ကျိ အပါအဝင် အခြားလူများမှာလည်း နှောင့်နှေး မနေတော့ချေ။ သူတို့သည်လည်း ကောင်းကင်သို့ ပျံတက် လာကြ၏။ မည်သူမျှ ရှေးဟောင်း မြေအောက် ပုလဲ အတွက် လက်လျှော့မည် မဟုတ်ချေ။

"မြန်မြန် ...  မြန်မြန် ... "

လင်းဝူဟွာက လျှို့ဝှက် ရတနာ တစ်ခုကို အသုံးပြု၍ အစီအရင်များကို ထိုးခွဲကာ အရှိန်ကို တိုးမြှင့် လိုက်သည်။

"ဝှစ် ... "

မကြာခင်မှာပင် ကြီးမားသော နန်းတော် တစ်ခုက သူမ၏ အရှေ့၌ ပေါ်လာခဲ့၏။

"ဟူး ...  ဟူး ... "

ထိုနန်းတော်သည် ပေတစ်ရာခန့် မြင့်မားကာ အတွင်းပိုင်းမှ လေအေးများ စိမ့်ထွက် နေသည်။ နန်းတော်၏ အရှေ့ဘက်တွက်မူ အနက်ရောင် ဆံပင်နှင့် လူငယ် တစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ရင်း သေချာစွာ အကဲခတ် နေခဲ့၏။

သူတို့ကား ကောင်းကင်နယ်မြေ၏ ဗဟိုနေရာသို့ ရောက်လာခဲ့ပြီ ဖြစ်လေသည်။

***

All Chapters