← Chapters

ပုံဖော်ခြင်း

Vol. 019 Ch. 1871

ပုံဖော်ခြင်း

Vol. 019 Ch. 1871

အရှင်ဒွန်ဟောင်သည် ထူးချွန်ထက်မြက်သော လူအများကို သင်ကြားပို့ချပေးရန် ကောင်းကင်ဒေသတွင် အိမ်တော်များကို တည်ထောင်ခဲ့သည်။

ယခု တုံ့ယွင်အိမ်တော်ရှိ တန်ခိုးရှင်များက ရီဖူရှင်း၏ ခြေလှမ်းတို့အား တားဆီးနေသည်။ သို့သော်လည်း ရီဖူရှင်းက ရှေ့ဆက်တိုးနေပြီး သူ၏ စွမ်းအားများက သူ့ထက် အဆင့်မြင့်သော ရန်ဟောင်ကိုပင် သတ်ပစ်နိုင်စွမ်းရှိသည်။ သူက တုံ့ယွမ်အိမ်တော်သို့ ဝင်ရောက်ရန် အရည်အချင်းမပြည့်မီပါက လူမည်မျှများများ ထိပ်ဆုံးတွင် ရပ်တည်နိုင်မည်နည်း။

မောက်မာလှပေသည်။

သို့သော်လည်း ရီဖူရှင်းက မောက်မာရန် အရည်အချင်း အပြည့်ရှိ၏။ တုံ့ယွမ်အိမ်တော်တွင် သူနှင့် အဆင့်တူထဲ၌ သူ့အား ရပ်တန့်နိုင်မည့်သူ မည်သူမှ မရှိပေ။ ထို့ကြောင့် သူတို့က သူ၏ ခွန်အားကို အသိအမှတ်ပြုပေသည်။ ထိုအပေါ်ရှိလူများမှာ သူ့ကို ရပ်တန့်ရန် အရည်အချင်းမမီပေ။

ဤသည်က ကျိုးကြောင်းဆီလျော်သော်လည်း တုံ့ယွမ်အိမ်တော်က အင်အားစုများကို တုံ့ယွမ်အိမ်တော်သခင်က ထိန်းချုပ်ထားသည်။ ရီဖူရှင်းသည် အတင်းထိုးဖောက်ဝင်လာရုံမျှမက တုံ့ယွမ်အိမ်တော်မှ ရန်ဟောင်တစ်ပါးကိုပင် သတ်ဖြတ်ခဲ့သေးသည်။

ဤပြဿနာက အလွယ်တကူ အဆုံးသတ်မည် မဟုတ်ပေ။

လှေကားအောက်ခြေမှ တန်ခိုးရှင်များသည် စုဝေးနေကြပြီး ဆံပင်အဖြူနှင့် ပုံရိပ်ကို ကြည့်နေကြသည်။ ထိုသူက အလွန် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ သူ့နောက်တွင် အင်အားစုတစ်ခုခုများ ကျောထောက်နောက်ခံ ရှိနေသလား။

တုံ့ယွမ်အိမ်တော်၏ အာဏာကို ခိုးယူရန်ကြိုးစားနေသော ထိပ်သီးအင်အားစုများက သူတို့အား သတိပေးသည့်အနေ​ဖြင့် ထိုလူငယ်အား စေလွှတ်လိုက်ခြင်းပေလား။.

မဟုတ်လျှင် ရီဖူရှင်း၌ ထူးချွန်ထက်မြက်သော အရည်အချင်းရှိလျှင်ပင် သူက တတိယဆင့် နတ်ဝင်ရိုးကိုသာ ပိုင်ဆိုင်ထားသေးသည်။ တုံ့ယွမ်အိမ်တော်ကသာ သူနှင့် အမှန်တကယ် ရင်ဆိုင်ချင်လျှင် သူက သူတို့အား မည်သို့ ဆန့်ကျင်နိုင်ပါမည်နည်း။

ထင်ထားသည့်အတိုင်းပင် ရီဖူရှင်းက ရန်ဟောင်တစ်ပါးကို သတ်လိုက်သည်နှင့် ပို၍များပြားသော ရန်ဟောင်များ တုံ့ယွမ်အိမ်တော်အတွင်းမှ ထွက်ပေါ်လာလေသည်။

တုံ့ယွမ်အိမ်တော်၏ အရှေ့ ကောင်းကင်ထက်တွင် ပုံရိပ်များက လေထဲ လွင့်မျောနေသည်။ သူတို့၏ အေးစက်သော အကြည့်များက ရီဖူရှင်းပေါ် ကျရောက်နေ၏။

ရီဖူရှင်း၏ အထက်ကောင်းကင်တွင် မဟာလမ်းစဥ် မုန်တိုင်းတစ်ခု စုစည်းလာသည်။ တန်ခိုးရှင် တစ်ယောက်က ခက်ထန်သည့်အသံနှင့် ပြောလိုက်သည်။ "သန့်စင်မြင့်မြတ်နယ်မြေရဲ့ ရှေ့မှာ တစ်စုံတစ်ယောက်ကို သတ်ပစ်တာ။ မင်းမှာ ဘယ်လို လေးစားမှုမှ မရှိဘူးလား။"

ရီဖူရှင်းက အဝေးမှလူများကို တစ်ချက်ကြည့်လိုက်သည်။ ထိုသူက ဆဋ္ဌမဆင့် အလယ်အလတ်အဆင့် ရန်ဟောင်တစ်ပါး ဖြစ်လေသည်။ သူတို့၏ မျက်လုံးများက ဆုံစည်းမိသွားသည်။ ရီဖူရှင်းက အကြည့်ကို မလွှဲလိုက်ပေ။ သူက တစ်ဖက်လူကို တူညီသော အေးစက်မှုမျိုးနှင့် ပြန်ကြည့်နေလိုက်သည်။ သူက ပြန်ဖြေလိုက်၏။ "တကယ်လို့ ကျုပ်သာ ဓားမောက်ကို မဖမ်းမိလိုက်ရင် မတူညီတဲ့ အဖြစ်အပျက် ဖြစ်သွားမှာပဲ မဟုတ်ဘူးလား။ တုံ့ယွမ်အိမ်တော်က ကျုပ်ရဲ့ လမ်းကို တားဆီးနေတာ ကျုပ်ဘက်က မသတ်လိုက်သင့်ဘူးလား။"

ရီဖူရှင်းက ပြောလိုက်ပြီး တုံ့ယွမ်အိမ်တော်သို့ တစ်လှမ်းပြီးတစ်လှမ်း တိုးသွားကာ တုံ့ယွမ်အိမ်တော်မှ ရုပ်တုအား ကြည့်နေခဲ့သည်။

"မဟာအင်ပါယာက လောကကို အသိပညာတွေ ဖြန့်ဝေပေးချင်တာကြောင့် တုံ့ယွမ်အိမ်တော်ကို တည်ထောင်ခဲ့တယ်။ အိမ်တော်ကို တည်ထောင်တဲ့ ပုဂ္ဂိုလ်ကလည်း ဒီရုပ်တုကို ချန်ရစ်ခဲ့တယ်။ အဲဒီစီနီယာရဲ့ အသိစိတ်စွမ်းအားက ဒီရုပ်တုထဲမှာ ကျိန်းသေကျန်ရှိနေလိမ့်မယ်။ သူသာ သူတည်ထောင်ခဲ့တဲ့ အိမ်တော်က တခြားလူတွေရဲ့ ကိုယ်ကျိုးအတွက် အသုံးချရာနေရာဖြစ်နေပြီး သူတို့ရဲ့ ကိုယ်ပိုင်လေ့ကျင့်ရေး နေရာတစ်ခု ဖြစ်နေတာကိုသာ သိခဲ့ရင် သူ ဘယ်လို ခံစားရမလဲ ကျုပ် သိချင်မိတယ်။"

ရီဖူရှင်းက ကြေညာလိုက်သည်။ "ခင်ဗျားတို့အားလုံးက ဒီသန့်စင်မြင့်မြတ်နယ်မြေကို စွန်းထင်းစေတာပဲ။"

သူ၏ အသံက လေဟာနယ်ကို ဖြတ်ကာ ပဲ့တင်ထပ်လာသည်။ ထိုအသံ၌ မဟာလမ်းစဥ်စွမ်းအားတို့ ပါဝင်နေသည်။ ထို့ကြောင့် အသံသည် လေဟာနယ်ကို ဖြတ်ကာ မိုင်ပေါင်း ရာချီထောင်ချီ ပျံ့နှံ့သွားပြီး မရေတွက်နိုင်သည့် လူများ၏ နားထဲသို့ ကျရောက်သွားသည်။ ထိုအသံကို ကြားလိုက်ရသည့် ခရီးသွားသူများက သူတို့၏ ခြေလှမ်းကို ရပ်တန့်လိုက်ကြသည်။

တုံ့ယွမ်အိမ်တော်သခင်က သန့်စင်မြင့်မြတ်နယ်မြေကို စွန်းထင်းစေတာလား။

ယနေ့တွင် လျှိုတုံ့ကောက ရီဖူရှင်းကို တားဆီးပြီး တုံ့ယွမ်အိမ်တော်သို့ ဝင်ခွင့်ပြုရန် ငြင်းဆန်ခဲ့သည်။ သူ မည်သည့်အခါကမှ တွေးမထားဖူးသည်မှာ ရီဖူရှင်းက အလွန် အစွမ်းထက်၍ ရန်ဟောင်တစ်ပါးကိုပင် သတ်ဖြတ်သွားမည်ကို ဖြစ်လေသည်​။ ထိုသို့သော အခြေအနေသည် တုံ့ယွမ်အိမ်တော် လက်ရှိ အင်အားစုကို ထိခိုက်နစ်နာစေသည်။ လူအများကလည်း သူတို့ကို မေးခွန်းထုတ်ကြမည် ဖြစ်သည်။

လူအများက ရီဖူရှင်းကို စိတ်ရင်းနှင့် အားပေးကြသည်။ လွန်ခဲ့သည့် နှစ်များတွင် တုံ့ယွမ်အိမ်တော်သည် တုံ့ယွမ်အိမ်တော်သခင်တို့ မိသားစုများ၏ ထိန်းချုပ်မှုအောက်သို့ အပြီးတိုင်ကျရောက်သွားခဲ့သည်။ သူတို့ ဝင်ခွင့်ပြုချင်သည့် မည်သူမဆို တုံ့ယွမ်အိမ်တော်သို့ ဝင်ခွင့်ရပြီး ငြင်းပယ်ခံရသူများက အခွင့်အရေးမရှိခဲ့ပေ။

လူအများသည် ဤလျှို့ဝှက်သော စည်းမျဥ်းကို လက်ခံလာကြပြီး အကဲဖြတ်မှုအောင်မြင်ပြီး တုံ့ယွမ်အိမ်တော်သို့ ဝင်ရောက်နိုင်ရန် အပြင်းအထန်ကြိုးစားကြရပေသည်။ သို့သော်လည်း များပြားလှသည့် ပါရမီရှင်များမှာ သူတို့၏ အဖွဲ့အစည်းတွင် ပါဝင်မှသာ အိမ်တော်သို့ ဝင်ရောက်ခွင့်ရပေသည်။ အကဲဖြတ်ပွဲ ကျင်းပသည့် အချိန်တိုင်း တုံ့ယွမ်အိမ်တော်သို့ ဝင်ရောက်၍ ကျင့်ကြံနိုင်ရန်မှာ သူတို့ထဲမှတစ်ယောက် ဖြစ်လာရန်သာ ဖြစ်သည်။

ဤအခြေအနေကြောင့် လူအများက တိတ်တိတ်ကလေး အငြိုးအတေးထားနေကြသော်လည်း တုံ့ယွမ်အိမ်တော်သခင်က ဤကုန်းမြေတွင် ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ တူညီသော အဆင့်ရှိသည့် အင်အားစုအနည်းငယ်မှလွဲလျှင် မည်သူက သူတို့အား မေးခွန်းထုတ်နိုင်ပါမည်နည်း။

ထိုအချိန်တွင် တုံ့ယွမ်အိမ်တော်ထဲမှ ပုံရိပ်အချို့ လမ်းလျှောက်ထွက်လာကြသည်။ အလယ်ရှိ လူမှာ ချွန်မြသော မျက်ခုံးများနှင့် တောက်ပသော မျက်လုံးတို့ ရှိသည်။ သူ၏ အကြည့်များက ထက်ရှသော ဓားတစ်လက်ကဲ့သို့ ဖြစ်ကာ အလွန်အာဏာကြီး၍ အစွမ်းထက်သော ခံစားချက်ကို ပေးစွမ်းသည်။ တန်ခိုးရှင်များက သူထွက်ပေါ်လာသည်ကို မြင်သည့်အခါ သူ့အတွက် လမ်းဖယ်ပေးလိုက်ကြပြီး ဦးညွှတ်၍ နှုတ်ဆက်လိုက်ကြသည်။ "အိမ်တော်သခင်"

ထိုထွက်ပေါ်လာသည့် ပုံရိပ်က တုံ့ယွမ်အိမ်တော်သခင် ဖြစ်လေသည်။ သူ့ဘေးတွင် လိုက်ပါလာသည့် လူအနည်းငယ်က အစွမ်းထက်သော အရှိန်အဝါများ ရှိကြသည်။ သူတို့က အရှိန်အဝါတို့ကို ထုတ်လွှတ်မထားသော်လည်း သူတို့၏ ခန္ဓာကိုယ်မှ လာသော ဖိအားကို ခပ်ရေးရေး ခံစားမိကြသည်။ သူတို့ထဲမှ တစ်ယောက်က အပြုံးတစ်ပွင့်နှင့် ရီဖူရှင်းကို ကြည့်ကာ မေးလိုက်သည်။ "ဒီဂျူနီယာလေးက အကြောင်းပြချက်မရှိဘဲ လုပ်လောက်မှာ မဟုတ်ဘူး ထင်တာပဲ။ သူ့ရဲ့ စွမ်းရည်က အားမနည်းဘူး။ သူ့ထက် ကျင့်ကြံဆင့်မြင့်တဲ့ ရန်ဟောင်တစ်ပါးကိုတောင် သတ်ပစ်နိုင်တယ်။ သူက မောက်မာတဲ့ အပြုအမူနဲ့ ထွက်ပေါ်လာတယ်ဆိုပေမယ့် သူ့မှာ အကြောင်းပြချက်တစ်ခုခုတော့ ရှိရမယ်။ အိမ်တော်သခင် သူနဲ့ ရန်​ငြိုးတစ်ခုခုများ ရှိနေလား။"

သူပြောပြီးသည်နှင့် လူအများက အံ့အားသင့်သွားကြသည်။ တုံ့ယွမ်အိမ်တော်အတွင်းမှ ထွက်လာသော ထိုလူက အမှန်တကယ်ပင် ရီဖူရှင်းအတွက် ကူပြောပေးနေသည်။ ထိုသည်က အိမ်တော်သခင်အား ဆန့်ကျင်သလို ဖြစ်နေမည်မှာ သံသယဖြစ်ရန်ပင် မလိုချေ။

သို့ပေမယ့် ထိုသူက အနည်းငယ်မျှပင် ဂရုမစိုက်ပေ။

တစ်စုံတစ်ယောက်က သူ့အား မှတ်မိသွားကာ ခပ်တိုးတိုး ပြောလိုက်သည်။ "သူက အင်ပါယာဟယ်လျန်ပဲ။ ကုန်းမြေ အနောက်ဘက်နယ်မြေရဲ့ တော်ဝင်မိသားစုအရှင်လေ။"

"လွန်ခဲ့တဲ့ ရက်တွေတုန်းက တုံ့ယွမ်မြို့ကို ထိပ်သီးအင်အားစု အနည်းငယ် ရောက်နေတယ်လို့ ကောလာဟလကြားခဲ့တယ်။ ကြည့်ရတာ အဲဒီကောလာဟလက မှန်နေပုံပဲ" လူအုပ်ထဲမှ လူအချို့က ပြောလိုက်သည်။ ထို့နောက် သူတို့က အခြားတစ်ယောက်ကို ကြည့်လိုက်သည်။ တုံ့ယွမ်အိမ်တော်သခင် ဘေး၌ ရပ်နေသူများမှာ ကုန်းမြေ၏ အသန်မာဆုံးပုဂ္ဂိုလ်များ ဖြစ်ကြသည်။

လူအများက အင်ပါယာဟယ်လျန် ပြောသည်ကို ကြားသည့်အခါ လျှိုတုံ့ကောကို ​ကြည့်လိုက်ကြသည်။ စဥ်းစားကြည့်လျှင် ရီဖူရှင်း တုံ့ယွမ်အိမ်တော်သို့ ဝင်ရောက်မည်ကို ​လျှိုတုံ့ကော ငြင်းဆန်ရာ၌ အလွန် ပြတ်သားလှသည်။ လူအများက သူ မည်သည့်အတွက် ထိုသို့ လုပ်ဆောင်သည်ကို နားမလည်ခဲ့ပေ။ ဖြစ်နိုင်သည်က သူနှင့် ရီဖူရှင်းကြားတွင် ရန်ငြိုးများ ရှိနေသည်လား။

"သူ့ပါရမီက ထူးချွန်နေရင်တောင် သူက အရမ်းရိုင်းတယ်" ထူးခြားပြောင်မြောက်သော အရှိန်အဝါတို့နှင့် သက်လတ်ပိုင်း လူကြီးတစ်ယောက်က ပြောလိုက်သည်။ "သူက ကျင့်ကြံခြင်းမှာ အောင်မြင်မှုတချို့ရနေရင်တောင် သူက အန္တရာယ်ကောင်ပဲ ဖြစ်လိမ့်မယ်။ သူက တုံ့ယွမ်အိမ်တော်မှာ ဘယ်လိုကျင့်ကြံနိုင်မှာလဲ။ ကျုပ်ကတော့ တုံ့ကော မသင့်တော်တာ တစ်ခုခု လုပ်ခဲ့လိမ့်မယ်လို့ မယုံဘူး။" စကားပြောလိုက်သူက ထိပ်သီးကလန်တစ်ခုမှ ခေါင်းဆောင်ဖြစ်သည်။ သူက လျှိုတုံ့ကောဘေးမှ အမျိုးသမီး၏ အဖေဖြစ်သည်။

သူက တုံ့ယွမ်အိမ်တော်သခင်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူတို့၏ ဆက်ဆံရေးက ပို၍ပင် ရင်းနှီးလာခဲ့သည်။ သူတို့က မဟာမိတ်များအဖြစ် ပူးပေါင်းခဲ့တာကြောင့် သူက တုံ့ယွမ်အိမ်တော်သခင်အား ကူညီထောက်ပံ့နေမည် ​​ဖြစ်၏။ လက်ရှိအဆင့်အတန်းနှင့်ဆို သူက သူ၏ ကလန်သားများကို တုံ့ယွမ်အိမ်တော်၌ ကျင့်ကြံခွင့်ရရန် တောင်းဆိုပေးနိုင်သည်။

"စည်းမျဥ်းတွေအရဆိုရင် ရန်ဟောင်တစ်ပါးအတွက် အကဲဖြတ်မှုကို ခံယူဖို့ အခွင့်အရေး ရှိတယ်။ သူက ဝင်ဖို့တောင် အရည်အချင်းမမီဘူးတဲ့လား။" နောက်တစ်ယောက်က ပြောလိုက်သည်။ "အဲဒီစည်းမျဥ်းကို အိမ်တော်သခင်လျှို ချမှတ်ထားတာလား။"

တုံ့ယွမ်အိမ်တော်သခင်က ထိုလူများ၏ စကားကို နားထောင်ရင်း သူ့အမူအရာက တဖြေးဖြေး အေးစက်လာသည်။ သူက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ "ဘေးဖယ်ပေးလိုက်။ သူ ရုပ်တုအကဲဖြတ်မှု ခံယူပါစေ။"

လူအုပ်ကြီးက မှင်တက်သွားသည်။ သူတို့အားလုံးက ကို့ရို့ကားယားနိုင်သော အကြည့်တို့ကို ဖော်ပြလာသည်။ အိမ်တော်သခင်၏ ရည်ရွယ်ချက်က မည်သည်နည်း။

အိမ်တော်သခင်ဘေးရှိ လူများက ပြုံးရင်း သူ့ကို ကြည့်လာကြသည်။ တုံ့ယွမ်အိမ်တော်သခင်က ဆက်ပြောလိုက်၏။ "ဒီလူက ရုပ်တုရဲ့ စွမ်းအားကို နိုးထပြီး သဏ္ဌာန်တည်လာအောင် မလုပ်နိုင်ရင် သတ်ပစ်လိုက်။"

"နားလည်ပါပြီ။" တုံ့ယွမ်အိမ်တော်မှ တန်ခိုးရှင်များက တုံ့ပြန်လိုက်သည်။ သူတို့၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုသော အကြည့်တို့ စွန်းထင်းနေလေသည်။

ဤရုပ်တုအကြောင်းကို သူတို့ထက် မည်သူမှ ပို၍ နားလည်နိုင်မည်မဟုတ်ပေ။ သာမန်တန်ခိုးရှင်များက ရုပ်တုအတွင်းမှ စွမ်းအားနှင့်ပင် မဆက်သွယ်နိုင်ပေ။ ထူးချွန်သည့် အရည်အချင်း ရှိသူများက ရုပ်တုအတွင်းရှိ စွမ်းအားကို ဆက်သွယ်ကာ လှည့်ပတ်စီးဆင်းစေသည်။ သူတို့က ရုပ်တုတွင်းမှ စွမ်းအားကို ဆက်သွယ်ကာ အသက်သွင်းနိုင်လျှင် တုံ့ယွမ်အိမ်တော်၌ ကျင့်ကြံခွင့်ရပြီ ဖြစ်သည်။

သို့သော်လည်း ရုပ်တုတွင်းမှ စွမ်းအားကို နိုးထစေပြီး သဏ္ဌာန်ဖွဲ့တည်အောင် လုပ်ရသည်မှာ အလွန် ခက်ခဲသော တာဝန်ဖြစ်သည်။ လူအနည်းငယ်သာလျှင် ထိုသို့ လုပ်ဆောင်နိုင်သည်။

ရီဖူရှင်းက အလွန် မောက်မာလှသည်။ သူသည် ရုပ်တုအကဲဖြတ်မှုခံယူရန်အတွက်နှင့် တုံ့ယွမ်အိမ်တော်သို့ အတင်းအကျပ် ကျူးကျော်လာသည်။

သူက ထိုသို့ လုပ်ခဲ့သည့်အတွက် အိမ်တော်သခင်က သူ့ကို အခွင့်အရေးတစ်ခု ပေးပါသော်လည်း ရီဖူရှင်းကသာ ရုပ်တုစွမ်းအားကို သဏ္ဌာန်မဖွဲ့တည်စေလျှင် သူက အသတ်ခံရမည် ဖြစ်သည်။

ရီဖူရှင်းက တုံ့ယွမ်အိမ်တော်သခင်ကို တစ်ချက်ကြည့်လိုက်သည်။

သူ့ကို သတ်မည်လား။

တုံ့ယွမ်အိမ်တော်အတွင်း၌ သူ့ကို သတ်နိုင်မည့်သူ မည်သူရှိသနည်း။

သူက တစ်ဖက်လူနှင့် ပြိုင်မငြင်းပေ။ သူတို့က သူ့အား အကဲဖြတ်ခွင့်ပြုရာ သူက ကြိုးစားရပေမည်။

ရီဖူရှင်းက ရှေ့သို့ လျှောက်သွားပြီး ရုပ်တုရှေ့တွင် ရပ်လိုက်သည်။ ဤရုပ်တုသခင်မှာ အသက် လေးဆယ်ငါးဆယ် ဝန်းကျင်ရှိပုံရသည်။ သူ၏ မျက်လုံးများက တောက်ပနေပြီး အကြည့်များထဲတွင် ကြောက်မက်ဖွယ် စွမ်းအားတို့ ကိန်းအောင်းနေသည်။ ရုပ်တုသည် ကျန့်တစ်ရာခန့်ရှည်လျားပြီး တုံ့ယွမ်အိမ်တော်ရှေ့တွင် စောင့်ရှောက်သူနတ်ဘုရားတစ်ဦးကဲ့သို့ တည်ရှိနေသည်။ ၎င်းက ထိုနေရာ၌ ရှိနေရုံနှင့် သဏ္ဌာန်မဲ့ ဖိအားတို့ကို ခံစားနိုင်ပေသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်က လေထဲသို့ မျောလွင့်သွားပြီး ထိုနေရာ၌ တည်ရှိနေသော ရုပ်တုကို ကြည့်လိုက်သည်။ သူသည် ၎င်းထံမှ သဏ္ဌာန်မဲ့ ဖိအားတို့ကို ခံစားလိုက်ရသော်လည်း ရုပ်တုထံမှ မည်သည့်အရှိန်အဝါကိုမှ ထုတ်လွှတ်နေခြင်းမရှိပေ။ ရုပ်တု၏ အတွင်းတွင် ထုတ်ဖော်ထားခြင်းမရှိသော ကောင်းကင်စွမ်းအားများ ပါဝင်နေပုံရသည်။ သာမန်လူတိုင်းသည် ထိုရုပ်တုမှနေ၍ ထူးခြားဆန်းကြယ်မှုကို အာရုံခံနိုင်သော်လည်း ထို့ထက်ပို၍ သိမြင်ခံစားနိုင်ခြင်း မရှိတော့ပေ။

ရီဖူရှင်း၏ မျက်လုံးများက ပြောင်းလဲသွားပြီး ထူးကဲစွာ နက်ရှိုင်းလာသည်။ ယင်းတို့က အန္တရာယ်ရှိဟန်ပေါ်လာပြီး လောကရှိအရာအားလုံးက သူ့ရှေ့တွင် ရှင်းလင်းပြတ်သားစွာ ပေါ်ပေါက်လာသကဲ့သို့ပင်။ သူက ရုပ်တုကို ကြည့်လိုက်သည့်အခါ ၎င်းက အသက်ဝင်လာသလို ခံစားလိုက်ရပြီး ရုပ်တုတစ်ခုလုံးက မဟာလမ်းစဥ်စွမ်းအားများ ထုတ်လွှတ်လာသည်။ ယင်းက တုံ့ယွမ်အိမ်တော်နှင့် ဆက်သွယ်နေသည်။

လူအုပ်ကြီးသည် ရုပ်တုမှ ရုတ်တရက် အလင်းများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ လူတိုင်း၏ မျက်လုံးများကို စူးသွားစေလောက်အောင် ရုပ်တုက လင်းလက်လာ၏။

'အရမ်းမြန်တာပဲ။' သူက ခဏလေးအတွင်းမှာပင် ရုပ်တုအား အလင်းများ တောက်ပလာ​စေသည်။

"ထင်ထားသလို သူက တကယ် ထူးချွန်တာပဲ။" ရီဖူရှင်းဘက်မှ ပြောဆိုပေးခဲ့သော အကြီးအကဲတစ်ဦးက အပြုံးနှင့် ချီးကျူးလိုက်သည်။ အင်ပါယာဟယ်လျန်က ရီဖူရှင်းကို အလွန် စိတ်ဝင်စားနေပုံပေါ်သည်။ ဤရန်ဟောင်က လူငယ်လေးအရွယ်သာ ရှိသေးပုံပေါ်ပြီး သူ၏ ကျင့်ကြံမှုမှာလည်း နှစ်တစ်ရာအောက် လျော့နည်းပုံရသည်။

သို့သော်လည်း သူ၏ အရည်အချင်းနှင့် တိုက်ပွဲစွမ်းရည်က ထိပ်တန်းပင် ​ဖြစ်၏။ ထိုအချိန်၌ တုံ့ယွမ်အိမ်တော်သခင်၏ သတ်ဖြတ်လိုစိတ်က ကြီးထွားလာသည်။ တစ်ဖက်လူက ရုပ်တု၏ စွမ်းရည်ကို အမှန်တကယ် နိုးထစေနိုင်ခဲ့လျှင် အိမ်တော်သခင် မည်သို့ လုပ်ရမည်နည်း။

ရုပ်တုက တစထက်တစ ပို၍ တောက်ပလာသည်။ ကျန့်တစ်ရာခန့် ရှည်လျားသော ပုံရိပ်ကြီးက နတ်အလင်းတို့နှင့် တောက်ပနေသည်။ ရုပ်တုပေါ်တွင် မဟာလမ်းစဥ်အရှိန်အဝါတို့လည်း စီးဆင်းနေသည်။ ဤသည်မှာ လျှိုတုံ့ကောနှင့် အခြားသူများ၏ အကြည့်တို့အား ပြောင်းလဲသွားစေသည်။ သူတို့လည်း ရုပ်တုစွမ်းအားကို နိုးထစေနိုင်ပေမယ့် ရီဖူရှင်းက သူတို့ထက် မြန်ဆန်စွာ လုပ်ဆောင်နိုင်ခဲ့ပေသည်။

ရုပ်တုပေါ်တွင် တောက်ပသော အလင်းများက ရုတ်တရက် တောက်ပလာ​ပြီး ထိုဝန်းကျင်ကို မျက်စိကျိန်းလောက်အောင် လင်းလက်လာစေသည်။ အိမ်တော်အောက်ဘက်မှလူများက အံ့အားသင့်စွာနှင့် အော်ဟစ်လိုက်ကြသည်။ သူတို့သည် အလင်းကြောင့် မျက်လုံးများပင် ကန်းတော့မည်ဟု ခံစားလိုက်ရသည်။ ၎င်းမှ မဟာလမ်းစဥ်၏ အရှိန်အဝါတို့ ထွက်ပေါ်လာသည်။ ရုပ်တု၏ စွမ်းအားက သဏ္ဌာန်ဖွဲ့တည်လာလေသည်။

လူတိုင်း၏ အကြည့်များက အေးခဲသွားကြသည်။ ဒါက....

ဤသည်က အလွန် မြန်ဆန်လွန်းလှသည်။ ရီဖူရှင်းက မည်သို့ဖြစ်၍ ထိုမျှ မြန်မြန် လုပ်ဆောင်နိုင်ရသနည်း။

တုံ့ယွမ်အိမ်တော်မှ တန်ခိုးရှင်များအားလုံးက ထိတ်လန့်သွားသည်။

အိမ်တော်သခင်ပင်လျှင် ခဏမျှ မှင်တက်သွားလေသည်။

"ဒါလေးပဲလား" ရီဖူရှင်းက တုံ့ယွမ်အိမ်တော်သခင်ကို ကြည့်ကာ မေးလိုက်သည်။ ရီဖူရှင်းအတွက် အလွန် လွယ်ကူနေပုံရသည်။ လျှိုတုံ့ကော ယခင်က အချိန်အကြာကြီး ကြိုးစားခဲ့ရသော အောင်မြင်မှုကို သူက မည်သည့်အားထုတ်မှုမှ မရှိဘဲ အလွယ်တကူ လုပ်နိုင်သွားခဲ့သည်။

"တုံ့ယွမ်အိမ်တော်က အခုထိ မလင်းလက်လာသေးဘူး။ အဲ့တော့ မင်းရဲ့ လုပ်ဆောင်ချက်က ရုပ်တုစွမ်းအား သဏ္ဌာန်တည်တယ်လို့ ပြောမရနိုင်ဘူး။" အိမ်တော်သခင်က ​အေးစက်စွာ ပြောလိုက်သည်။ သူက တည်ငြိမ်နေ၏။ သိသာစွာပင် သူက ရီဖူရှင်းအား အလွတ်မပေးလိုပေ။

"အဲဒီလိုလား။"

ရီဖူရှင်းက ပြုံးလိုက်သည်။ သူ စကားပြောပြီးသွားသည်နှင့် တုံ့ယွမ်အိမ်တော်ပေါ်တွင် သက်တန့်ရောင်စုံ အလင်းများ စီးဆင်းလာတော့သည်။ ၎င်းအလင်းတန်းများက စီးဆင်းနေပြီး တိမ်များကိုပင် ထိုးဖောက်သွားလေသည်။ တုံ့ယွမ်အိမ်တော်သည် ချက်ချင်း လင်းလက်တောက်ပလာခဲ့ကာ အလင်းတန်းများက ကောင်းကင်ထိပင် ထိုးဖောက်သွားခဲ့ပေသည်။

တုံ့ယွမ်အိမ်တော်သခင်၏ အကြည့်က အေးခဲသွားသည်။ သူက လုံးဝကို ဆွံ့အသွားတော့၏။ ရီဖူရှင်းက ဤအဆင့်ထိ မည်သို့ လုပ်ဆောင်နိုင်ရသနည်း။

တုံ့ယွမ်အိမ်တော်အောက်ဘက်ရှိ လူများကလည်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့အားသင့် ထိတ်လန့်သွားကြသည်။ အသံများက တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ ဤသည်က လက်တွေ့ကျလွန်းလှ၏။

ကောလာဟလတစ်ခုရှိသည်မှာ တုံ့ယွမ်အိမ်တော်ကို တည်ထောင်စဥ်က တုံ့ယွမ်အိမ်တော်တစ်ခုလုံးကို လင်းလက်တောက်ပလာအောင် လုပ်ဆောင်နိုင်သော တစ်စုံတစ်ယောက် ရှိလာပါက တုံ့ယွမ်အိမ်တော်က ထိုသူ့အတွက် တံခါးမရှိ ဓားမရှိနေရာတစ်ခု ဖြစ်လာမည် ဖြစ်သည်။ ထိုသူက တုံ့ယွမ်အိမ်တော် ၈၁ လွှာကို ဝင်ခွင့်ရနိုင်ပြီး သူ့အား မည်သူကမှ တားဆီးနိုင်မည်မဟုတ်ပေ။

တုံ့ယွမ်အိမ်တော်သခင်က ရီဖူရှင်းအတွက် ခက်ခဲစေရန် လုပ်ဆောင်ခဲ့သော်လည်း သူ၏ အကြံအစည်က အလွယ်တကူ ဖျက်ဆီးခြင်း ခံခဲ့ရလေသည်။ ယခုချိန်၌ အိမ်တော်သခင်၏ ခံစားချက်က မည်သို့ ဖြစ်နေလိမ့်မည်နည်း။

"ဒါဆို လုံလောက်ပြီလား။" ရီဖူရှင်းက ဆက်ပြောလိုက်သည်။ "မလုံလောက်သေးရင် ဒီလိုဆိုရင်ရော ဘယ်လိုလဲ။"

ရီဖူရှင်းက ဤစကားများကို ပြောပြီးနောက် တုံ့ယွမ်အိမ်တော်မှ မျက်စိကျိန်းလောက်အောင် တောက်ပ၍ အရောင်စုံသော အလင်းများကို ပစ်လွှတ်လိုက်သည်။ မဟာလမ်းစဥ်၏ အဆုံးမဲ့ နတ်ရောင်ဝါတို့က ရုပ်တုမှ ပေါက်ကွဲထွက်လာသည်။ ပုံရိပ်ယောင်တစ်ခုကလည်း ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ ၎င်းက ရုပ်တု၏ သဏ္ဌာန်အမှန် ဖြစ်ပုံရလေသည်။ ရုပ်တု၏ စွမ်းအားက ဆင်းသက်လာသည်။ ယင်းက ကောင်းကင်ထက်တွင် မျောလွင့်နေ၏။ အရောင်စုံသော အလင်းတို့က မိုင်ပေါင်းသုံးထောင်တိုင် လွှမ်းခြုံသွားသည်။ တုံ့ယွမ်မြို့အတွင်း မရေတွက်နိုင်သော လူတို့မှာ ခေါင်းကိုမော့၍ မဟာလမ်းစဥ် အလင်းများကို ကြည့်လိုက်ကြပေသည်။

***

All Chapters