← Chapters

တာဝန်ခံတဲ့လား

Vol. 019 Ch. 1872

တာဝန်ခံတဲ့လား

Vol. 019 Ch. 1872

၈၁လွှာတုံ့ယွမ်အိမ်တော်ရှေ့တွင် ရုပ်တု၏အသိသည်ထင်ရှားပေါ်လာပြီး မဟာလမ်းစဉ်၏‌တောက်ပသောအလင်းတန်းသည် မိုင်ပေါင်း၃၀၀၀အထိထွန်းလင်းခဲ့သည်။

ထိုနေရာ၌ ပုံရိပ်ယောင်တစ်ခုထွက်ပေါ်လာသည်။ ၎င်းသည်အမှန်တကယ်အသက်ရှင်တည်ရှိနေသကဲ့သို့ဖြစ်သည်။ထိုအခိုက် ပုံရိပ်ယောင်၏မျက်လုံးသည် ဖွင့်လာသည်။ထိုအချိန်တွင် တုံ့ယွမ်အိမ်တော်တစ်ဝိုက်ရှိ မရေမတွက်နိုင်သောလူများသည် တုန်လှုပ်သွားကြသည်။သူတို့နှလုံးသားများသည် လှုပ်ရှားသွားကြသည်။

သူက ဤရုပ်တုအတွင်းမှ ကွယ်ဝှက်နေသည့်အသိအား နိုးထစေခဲ့သည်လား။

နတ်ရောင်ခြည်တော်စက်ဝန်းတစ်ခုသည် ရုပ်တုကိုဖုံးအုပ်လိုက်သည်။ ပုံရိပ်ယောင်သည် ရီဖူရှင်းကိုကြည့်နေသည်။ ထိုအခိုက် ရီဖူရှင်း၏မျက်လုံးများသည် အဆုံးမရှိသည့်နေရာသို့ ဖြတ်သန်းသွားပုံရသည်။ သူသည် စွမ်းအားကြီးပုဂ္ဂိုလ်၏ပုံရိပ်ကိုတစ်ခြားကမ္ဘာတွင်မြင်ခဲ့သည်။ သူ့အတွက် ရုပ်တု၏အသိအားနိုးထစေရန်မှာ မခက်ခဲပေ။ ထိုစဥ်အခါက ဤရုပ်တုကို ဖန်တီးခဲ့သူသည် လူများအားစမ်းသပ်ရန် မဟာလမ်းစဉ်၏အသိကိုချန်ထားခဲ့သည်။ ရီဖူရှင်းသည် ရုပ်တု၏အသိကို ချက်ချင်းအသက်သွင်းလိုက်ပြီး ရုပ်တုအရှင်ကိုနှိုးခဲ့သည်။

ထို့ကြောင့် အံ့ဩစရာမြင်ကွင်းတစ်ခု သူ၏မျက်လုံးရှေ့တွင်ပေါ်လာသည်။

မိုင်ပေါင်း ၃၀၀၀ရှိနေရာကို တောက်ပသောအလင်းရောင်ဖြင့် ဖုံးလွှမ်းထားသည်။ တုံ့ယွမ်မြို့တော်ရှိလူတိုင်းသည် ခေါင်းမော့ပြီး သူတို့၏မြင်ကွင်းထဲရှိ နတ်ပုံရိပ်ကိုကြည့်လိုက်သည်။

"ဒါက တုံ့ယွမ်အိမ်တော်ရှေ့ကရုပ်တုပဲ။ဒါက..."

"ဘာတွေဖြစ်နေတာလဲ"

မြို့ထဲရှိလူများသည် စိတ်ဝင်စားစွာဆွေးနွေးနေကြသည်။ ရုပ်တုပေါ်ပေါက်လာခြင်းအတွက် ကြီးမားသည့်တစ်စုံတစ်ရာ‌သည်သေ‌ချာပေါက်ဖြစ်ပေါ်ခဲ့မည်။ မရေမတွက်နိုင်သည့်လူများသည် တုံ့ယွမ်အိမ်တော်သို့ သွေးရူးသွေးတန်းပြေးလာကြသည်။

ထိုသူများသည် တုံ့ယွမ်မြို့တော်မှလူများမဟုတ်ကြပေ။ ယခုအခါ တုံ့ယွမ်အိမ်‌‌တော်ပတ်လည်ရှိ အဓိကပုဂ္ဂိုလ်များပင်လျှင် ကြောက်ရွံ့တုန်လှုပ်နေကြသည်။ ထိုသူများတွင် အဓိကနယ်မြေမှထိပ်သီးပုဂ္ဂိုလ်များဖြစ်သည့် အင်ပါယာဟယ်လျန်ကဲ့သို့သူများပင်ပါဝင်သည်။ ထိုလူငယ်က သူတို့မလုပ်နိုင်ခဲ့သည့်အရာကို အမှန်တကယ်ပင် လုပ်ဆောင်နိုင်ခဲ့သည်။

တုံ့ယွမ်အိမ်တော်၏ကျင့်ကြံသူများသည် ရီဖူရှင်းဝင်ရောက်ခြင်းကို အမှန်တကယ်တားဆီးခဲ့ခြင်းမှာ ရယ်စရာကောင်းလှသည်။ တုံ့ယွမ်အိမ်တော်သခင်သည် ရီဖူရှင်းအတွက် ရည်ရွယ်ချက်ရှိရှိ ခက်ခဲသည်များကိုဖန်တီးခဲ့ပြီး ရုပ်တု၏အသိကို ရီဖူရှင်းမှ အသက်သွင်းရန်လိုလားခဲ့သည်။ သို့သော် သူတို့သည် ဤအဆင့်သို့ ရီဖူရှင်း‌ရောက်မည်ဟု လုံးဝထင်မှတ်မထားခဲ့ကြပေ။

ဤတစ်ကြိမ်တွင် တုံ့ယွမ်အိမ်တော်သခင်သည် သူ့ပါးသူပြန်ရိုက်မိသွားခြင်း ဖြစ်သည်။

တုံ့ယွမ်အိမ်တော်သခင်သည် ဤမြင်ကွင်းကိုမြင်သည့်အခါ သူ၏အကြည့်များကရှုပ်ထွေးသွားသည်။ သူသည် ကြောက်ရွံထိတ်လန့်မှုများဖြင့် ပြည့်နေသော်လည်း အေးစက်စွာလူသတ်နိုင်သော ရည်ရွယ်ချက်လည်းရှိသည်။ သူသည် ခြိမ်းခြောက်မှုကို ခံစားခဲ့ရသည်။

အိမ်တော်သခင်အနေဖြင့် သူဘယ်တော့မှမလုပ်နိုင်ခဲ့သည့်အရာအား တစ်စုံတစ်ယောက်က လုပ်ဆောင်နိုင်ခဲ့သည်။ ရုပ်တု၏အသိကို လူအုပ်ရှေ့တွင် ထင်ရှားပေါ်ပေါက်စေခဲ့သည်။ သူသည် ယခုမည်သို့ခံစားနေရမည်နည်း။ ထိုသူအား သူမျက်စိကျခဲ့မည်ဆိုလျှင်လည်း ကိစ္စများကအဆင်ပြေခဲ့မည်ဖြစ်သည်။ သို့သော် သူတို့သည် တစ်ဖက်လူအား တုံ့ယွမ်အိမ်တော်သို့ဝင်ရောက်ခြင်းမှ တားဆီးခဲ့သည်။ဤသည်မှာ သူတို့အတွက် အလွန်အကျိုးမဲ့စေသည့်ကိစ္စဖြစ်သည်။

ယခုအခါ တုံ့ယွမ်အိမ်တော်သခင်သည် စိတ်ထဲတွင်အလွန်ဒေါသထွက်နေပြီး လျိုတုံ့ကောကို တိတ်တဆိတ်အပြစ်တင်နေသည်။ အဘယ်ကြောင့် ဤအသုံးမကျသည့်တပည့်သည် ရီဖူရှင်းအား တုံ့ယွမ်အိမ်တော်သို့အဝင်မခံခဲ့ရသနည်း။

အိမ်တော်အရှင်သည် ထိုကိစ္စများကို မသိခဲ့ပေ။

သို့သော်ယခုအခါ အခြေအနေသည်ဖြစ်ပျက်ခဲ့ပြီး ဤသို့ဖြစ်နေပြီဖြစ်ရာ သူသည်မပြောင်းလဲနိုင်တော့ပေ။

"ကြိုဆိုပါတယ် စီနီယာ"

ထိုအခိုက် တုံ့ယွမ်အိမ်တော်ဘေးရှိ အဓိကပုဂ္ဂိုလ်အနည်းငယ်သည် ထွက်ပေါ်လာသည့်ပုံရိပ်ကိုဦးညွှတ်လိုက်သည်။ သူတို့သည် တုံ့ယွမ်အိမ်တော်တည်ထောင်သူကို အရိုအသေပေးရမည်မှာ သဘာဝကျပေသည်။

ထွက်ပေါ်လာသည့်ပုံရိပ်သည် သူတို့ကိုမကြည့်ပေ။ သူသည် ရီဖူရှင်းကိုကြည့်လိုက်ပြီးပြောလိုက်သည်။"တုံ့ယွမ်အိမ်တော်မှာ မင်းအတွက် ဘာအတားအဆီးမှမရှိတော့ဘူး။ မင်းအနေနဲ့ တုံ့ယွမ်အိမ်တော်ရဲ့တာဝန်ခံတောင် ဖြစ်လာနိုင်တယ်"

"ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ" ရီဖူရှင်းသည် လေးလေးစားစားဦးညွတ်ရင်းပြောလိုက်သည်။ တောက်ပသည့်အလင်းတန်းသည် ချက်ချင်းပင် လွင့်စင်ပပျောက်သွားသည်။ ပုံရိပ်ယောင်သည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်လာသည့်အခါ ဘာမှမဖြစ်ခဲ့သည့်အတိုင်းဖြစ်သွားသည်။ လူအုပ်ကြီး၏စိတ်ထဲမှာတော့ မငြိမ်သက်နိုင်ခဲ့သေးပေ။ သူတို့သည်အလွန်အံ့အားသင့်နေကြသည်။

တုံ့ယွမ်အိမ်တော်၏အဖွဲ့ဝင်များသည် ရီဖူရှင်းကို ဝင်ရောက်ရန်တားမြစ်ခဲ့ကြသည်။ သို့သော် တုံ့ယွမ်အိမ်တော်တည်ထောင်သူသည် ကိုယ်တိုင်ကိုယ်ကျ ကိုယ်ထင်ပြ ထွက်ပေါ်လာခဲ့ပြီး တုံ့ယွမ်အိမ်တော်တွင် သူ့အတွက် မည်သည့်တားမြစ်ကန့်သတ်ချက်မှ ဆက်မရှိတော့ကြောင်းပြောသွားခဲ့သည်။

ပို၍အံ့ဩစရာကောင်းသည့်အချက်မှာ  နောက်ဆုံးပြောကြားခဲ့သည့်ကိစ္စဖြစ်သည်။ ရီဖူရှင်းသည် တုံ့ယွမ်အိမ်တော်၏တာဝန်ခံဖြစ်လာနိုင်သည်ဟူ၍ ဖြစ်သည်။

ဤသည်က မည်သည့်အဓိပ္ပါယ်နည်း။

တည်ထောင်သူသည် ရီဖူရှင်းအား တုံ့ယွမ်အိမ်တော်ကိုထိန်းချုပ်ရန် ရွေးချယ်ခဲ့သည်။

အစ၌ဦးညွတ်နေသည့် တုံ့ယွမ်အိမ်တော်အရှင်သည် ထိုစကားကိုကြားသည့်အါ ခေါင်းမော့လိုက်သည်။ သူ၏နှလုံးသားသည် ရေခဲကဲ့သို့အေးစက်သွားသည်။ သူသည် ရီဖူရှင်းကိုကြည့်လိုက်သည့်အခါ လူသတ်လိုသည့်အရိပ်အယောင်သည် သူ၏မျက်လုံးတွင်ဖြတ်ပြေးသွားသည်။

ရီဖူရှင်းသည် တုံ့ယွမ်အိမ်တော်၏တာဝန်ခံအနေနှင့် ထမ်းဆောင်နိုင်လိမ့်မည်လား။ ထို့သို့ဆိုလျှင် အိမ်တော်သခင်သည် မည်သူဖြစ်လာမည်နည်း။

ဤတစ်ကြိမ်တွင် အိမ်တော်သခင်နှင့် သူ၏လက်အောက်ငယ်သားများသည် သူတို့ကိုယ်သူတို့အရူးလုပ်ခံလိုက်ရသလိုပင် ဖြစ်နေသည်။ သူတို့၏ဂုဏ်သိက္ခာပျက်စီးသွားသည်။ တုံ့ယွမ်အိမ်တော်လက်အောက်ရှိကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ တွေးတောနေကြသည်။ ဤသည်ကသူတို့မျက်နှာကိုအမှန်တကယ်ဖြတ်ရိုက်ခံလိုက်ရခြင်းဖြစ်သည်။

ရုပ်တုသည် သူ၏မူလအ‌ခြေအနေကိုပြန်ရောက်သွားပြီးနောက်တုံ့ယွမ်အိမ်တော်သည် အမှန်တကယ်ပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ မည်သူမှ စကားမပြောကြဘဲ ပတ်ဝန်းကျင်အခြေအနေသည်အနည်းငယ်ထူးခြားနေသည်။

မည်သည့်နေရာမှစတင်ရမည်ကို မည်သူမျှမသိကြပေ။

လျိုတုံ့ကော၏အမူအရာသည် အလွန်ပျက်ယွင်းနေသည်။ သူသည် အရာအားလုံးကိုလှုံ့ဆော်ပေးခဲ့သူဖြစ်သည်။

ယင်းမတိုင်မီက သူသည် ရီဖူရှင်းအား တုံ့ယွမ်အိမ်တော်သို့ဝင်ရောက်ခြင်းကို ငြင်းငယ်ခဲ့သည်။

ရီဖူရှင်းသည် ထိုသို့ပြုလုပ်ရခြင်းအတွက် အကြောင်းရင်းမေးသည့်အခါ လျိုတုံ့ကောသည် ရီဖူရှင်းအား ထိုသို့ပြုလုပ်ရန်ခွင့်ပြုထားခြင်းမရှိသည့်အတွက် သူခွင့်မပြုခဲ့သည်ဖြစ်ကြောင်းပြောခဲ့သည်။ သူ့တွင်အကြောင်းပြချက်မရှိသော်လည်း သူက အရာအားလုံးကိုဆုံးဖြတ်နိုင်သည့်ဟန် ပြုမူခဲ့သည်။

ယခုရော မည်သို့ရှိသနည်း။

သူသည် ရီဖူရှင်းကို တုံ့ယွမ်အိမ်တော်မှ ထုတ်ပယ်ပစ်မည်လား။

ယနေ့တွင် များစွာသောကျင့်ကြံသူများသည် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို မျက်မြင်တွေ့ခဲ့ရသည်။ မကြာခင်မှာ ဤအဖြစ်အပျက်သည် တုံ့ယွမ်မြို့တော်တစ်ခုလုံး၌ ပျံ့နှံ့သွားလိမ့်မည်။ လျိုတုံ့ကောသည် ရီဖူရှင်းအားမသတ်နိုင်သောကြောင့် ဘာမှမဖြစ်သကဲ့သို့ဟန်ဆောင်နေသည်။ နောက်ပိုင်း၌သူတို့၏အင်အားစုများသည် တုံ့ယွမ်အိမ်တော်ကိုထိန်းချုပ်ရန် အရည်အချင်းပြည့်မှီပေမည်လား။

ဖြစ်နိုင်သည်မှာ သူတို့ကြိုးစားလျှင်လည်း မည်သူမျှရလဒ်ကို လက်ခံမည်မဟုတ်ပေ။

"အံ့ဩစရာပဲ" အင်ပါယာဟယ်လျန်သည် အံ့အားသင့်စွာအော်ပြောလိုက်သည်။ သူသည် ရီဖူရှင်းကိုကြည့်ပြီးပြောလိုက်သည်။ "ဒီရုပ်တုက ဒီနေရာမှာနှစ်ပေါင်း၃၀၀၀လောက်ထဲက ရှိနေခဲ့ပြီး မင်းလုပ်ခဲ့သလို ဘယ်သူမှ ဒီရုပ်တုရဲ့အသိကိုထွက်ပေါ်လာအောင် မလုပ်နိုင်ခဲ့ဘူး မိတ်ဆွေလေး။ မင်းက တုံ့ယွမ်အိမ်တော်တည်ထောင်သူကို နှိုးခဲ့တာပဲ။ ဒီနေ့က တကယ်ကိုအံ့အားသင့်စရာပဲ။ အိမ်တော်ရဲ့ကျင့်ကြံသူတွေအနေနဲ့ မင်းကိုရပ်တန့်ဖို့ ကြိုးစားခဲ့တာရယ်စရာပဲ။ သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာ ငါတကယ်သိချင်မိတယ်"

"အိမ်တော်သခင်လျို ခင်ဗျားအခုသူ့ကိုရပ်တန့်စေချင်သေးတာလား" အင်ပါယာဟယ်လျန်သည် အိမ်တော်သခင်ကိုပြောလိုက်သည်။ သူသည် တစ်ဖက်လူကို လူအုပ်၏ရှေ့တွင် အမြင်ဆိုးရွားစေချင်‌နေသည်။ ရှင်းလင်းစွာပင် သူတို့သည်မရင်းနှီးကြပေ။ သူတို့ကြား၌ ရန်ငြှိုးများရှိသည်ဟုပင် ပြော၍ရသည်။ မဟုတ်လျှင် အင်ပါယာဟယ်လျန်သည် တုံ့ယွမ်အိမ်တော်ကို ဤအခြေအနေ၌ မီးမောင်းထိုးပြမည်မဟုတ်ပေ။

"ရီဖူရှင်းက စီမံအုပ်ချုပ်ရမယ်လို့ တုံ့ယွမ်အိမ်တော်တည်ထောင်သူကိုယ်တိုင်ပြောကတည်းက ငါတို့အနေနဲ့ ဖြစ်ခဲ့ပြီးတာတွေကို ပြီးတဲ့အတိုင်းရှိပါစေတော့" အိမ်တော်သခင်သည် ရီဖူရှင်းကိုကြည့်ပြီး‌​​ပြောလိုက်သည်။ "ဒီနေ့ကစပြီး အိမ်တော်ကို မင်းစိတ်ရှိသလိုဝင်ထွက်နိုင်တယ်။မင်းအရာအားလုံး လွတ်လွတ်လပ်လပ်လုပ်ပါ"

ထိုကဲ့သို့သောအခြေအနေအောက်တွင် သူမည်သို့လုပ်နိုင်မည်နည်း။ သူသည် တည်ထောင်သူ၏ဆန္ဒကို ဆန့်ကျင်မည်လား။

သူသည် အရာအားလုံးကိုလက်ခံလိုက်ပြီး ရီဖူရှင်းအား အသိအမှတ်ပြုလိုက်သည်။ ရီဖူရှင်းသည် အိမ်တော်ကိုလွတ်လပ်စွာဝင်ရောက်နိုင်မည်ဖြစ်သည်။ ရန်ဟောင်သေဆုံးခြင်းအတွက်မူ အိမ်တော်သခင်လျိုသည် ထို‌အကြောင်းကိုမပြောတော့ဘဲ ဆိတ်ဆိတ်နေလိုက်ဖို့သာရှိတော့သည်။

ရန်ဟောင်သည် ကံကြမ္မာကြောင့် မသေသင့်ဘဲသေသွားခဲ့ရခြင်းဖြစ်သည်။

ရီဖူရှင်းသည် တစ်ဖက်အဖွဲ့ကို ထူးမခြားနားအကြည့်ဖြင့် ကြည့်လိုက်သည်။ ဤသည်က သူမျှော်လင့်ထားသည်ထက်ကျော်လွန်ပြီဖြစ်သည်။ ယခင်က အိမ်တော်သခင်သည် ဆက်လက်ရက်စက်စွာလုပ်ဆောင်နေလျှင် ရီဖူရှင်းသည် ချက်ချင်းပြန်လည်လက်တုံ့ပြန်မည်ဖြစ်သည်။ ရီဖူရှင်း၏လက်ရှိ ကျင့်ကြံမှုအရ သူသည် အင်ပါယာ၏အသိကိုအသက်မသွင်းခဲ့လျှင်ပင် တိုက်ပွဲကိုဆင်နွဲနိုင်သည်။

သူသည် အိမ်တော်သခင်လျို၏ တိုက်ခိုက်ရေးစွမ်းရည်ကို သေသေချာချာမသိရှိပေ။ သို့သော်လည်း ရီဖူရှင်း၏ပြိုင်ဘက်က သူ၏အသက်ကိုယူနိုင်မည်မဟုတ်ပေ။

ရီဖူရှင်းသည် နောက်အဆင့်ကိုဖြတ်ကျော်ပြီးမှ ထပ်မံလာရောက်ခဲ့မည်ဆိုလျှင် သူ၏အဆင့်အားလုံးကိုဖုံးလွှမ်းနိုင်မည်ဖြစ်သည်။ သူသည် အင်ပါယာ၏အသိကိုလူမြင်ကွင်း၌ထုတ်လွှတ်မည်မဟုတ်ချေ။ ထိုသည်က သူ၏ဝှက်ဖဲဖြစ်သည်။

"ဒါပဲလား..." အင်ပါယာဟယ်လျန်သည်အိမ်‌တော်သခင်လျိုကို မျက်လုံးမှေးကြည့်ပြီးပြောလိုက်သည်။ သူသည် ပြုံးပြီးဆက်ပြောလိုက်သည်။ "အိမ်တော်သခင်က တည်ထောင်သူစီနီယာ ဘာပြောသွားလဲဆိုတာကို သေချာနားမထောင်ခဲ့ဘူးလား"

ရုပ်တုအရှင်သည် ထွက်ပေါ်လာခဲ့ပြီး ရီဖူရှင်းသည် သူ၏နေရာဖြစ်သည့်တုံ့ယွမ်အိမ်တော်၌တာဝန်ခံဖြစ်လာမည်ဟုကြေညာထားသည်။ ထိုသည်မှာ ရီဖူရှင်းသည် အိမ်တော်သခင်သစ်ဖြစ်လာမည်ဟုဆိုလိုသည်။

"ဟယ်လျန် တည်ထောင်သူစီနီယာက အဲ့ဒီလို ပြောခဲ့ပေမယ့် သူရဲ့ကျင့်ကြံခြင်းက လက်ရှိမှာ အဆင့်နိမ့်ရန်ဟောင်အဆင့်မှာပဲ ရှိနေသေးတယ်။ သူ့အနေနဲ့ စွမ်းရည်မြင့်တဲ့သူတွေအပေါ် ဘယ်လိုအုပ်ချုပ်ပြီး တုံ့ယွမ်အိမ်တော်ကို ထိန်းချုပ်နိုင်မှာလဲ။" အိမ်တော်သခင်ကမတုံ့ပြန်ခင်မှာ ဘေး၌ရှိသည့် လူလတ်ပိုင်းအမျိုးသားကပြောလိုက်သည်။

"ငါ့ရဲ့ ဟယ်လျန်တော်ဝင်မိသားစုက သူ့ကို ကူညီပေးဖို့ဆန္ဒရှိတယ်" အင်ပါယာဟယ်လျန်က ပြုံး၍ပြောလိုက်သည်။

"ရိုင်းစိုင်းတဲ့ ရည်ရွယ်ချက်ပဲ" လူလတ်ပိုင်းအမျိုးသားက အေးစက်စွာအော်ပြောလိုက်သည်။

"မင်း အိမ်တော်ကိုစောင့်ရှောက်ချင်လား" အိမ်တော်သခင်လျိုသည် ရီဖူရှင်းအားမေးလိုက်သဖြင့် ရန်ဖြစ်နေသောသူတို့နှစ်ယောက်ကို ရပ်သွားစေသည်။ သူတို့နှစ်ယောက်လုံးသည် အိမ်တော်သခင်လျိုကိုထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ထိုသည်က ရီဖူရှင်းအပေါ်သူ၏သဘောထား ပြောင်းသွားခြင်းကြောင့်ဖြစ်နိုင်မည်လား။

ရီဖူရှင်းသည်တစ်ဖက်လူကိုကြည့်ကာ ပျော်မြူးသည့် အမူအယာထုတ်ဖော်လိုက်သည်။ သူကမေးလိုက်သည်။ "ကျွန်တော်လိုချင်တယ်ဆိုရင် ဘာဖြစ်မလဲ"

"တည်ထောင်သူစီနီယာပြောပြီးထဲက မင်းလက်ခံတယ်ဆိုရင် ငါ မင်းကို တုံ့ယွမ်အိမ်တော်သခင်ရာထူး လွှဲအပ်ပေးမယ်" အိမ်တော်သခင်လျိုသည် ရှင်းပြလိုက်သည်။ "ဒါပေမယ့် မင်းရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်က သိပ်မမြင့်တဲ့အတွက် တုံ့ယွမ်အိမ်‌တော်မှာ အမိန့်ထုတ်တာတွေနဲ့ပတ်သတ်ပြီး ငါတို့အနေနဲ့မင်းကို ယာယီအကူအညီပေးပါမယ်။ မင်းငါတို့ကိုမလိုတော့တဲ့အခါ တာဝန်အားလုံးကို မင်းကိုအလုံစုံလွှဲအပ်ပေးမယ်"

ရီဖူရှင်းသည် တစ်ဖက်လူကိုကြည့်ပြီးပြုံးလိုက်သည်။

ဤသည်က ကောင်းမွန်သောအကြံပေးချက်ဖြစ်သည်။ ထိုနည်းလမ်းဖြင့် သူနှင့်တစ်ဖက်လူနှစ်ယောက်လုံး တုံ့ယွမ်အိမ်တော်ကို အတူတကွစီမံနိုင်သည်။ အလောင်းကောင်တစ်ရုပ်အနေဖြင့် ရီဖူရှင်း မည်သို့သေဆုံးသွားမည်ကိုပင် မည်သူမျှ မသိနိုင်ပေ။

ထိုမျှအချိန်ကြာကြာဖြင့် အဆင့်နိမ့်ရန်ဟောင်တစ်ယောက်ကို သတ်ရန်မှာ လွယ်ကူပေလိမ့်မည်မဟုတ်ပါလော။

တစ်ဖက်လူသည်လည်း ထိုသို့တွေးနေနိုင်သည်။

"ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမယ့်မလိုအပ်ပါဘူး" ရီဖူရှင်းကပြောလိုက်သည်။သူသည် တုံ့ယွမ်အိမ်တော်ဆီသို့လျှောက်လာသည်။သူသည် ဘေး၌ရပ်နေသည့် လျိုတုံ့ကောကိုမြင်သည့်အခါ ပြောလိုက်သည်။ "ငါတုံ့ယွမ်အိမ်တော်ကို ဝင်ရောက်ဖို့ မင်းငြင်းပယ်ခဲ့ပေမယ့် ငါက ဒီနေရာမှာရှိနေဆဲပဲ"

လျိုတုံ့ကော၏မျက်နှာအမူအယာသည်တင်းမာသွားသည်။ သူသည် ရီဖူရှင်းအားတုံ့ပြန်ရန်စကားမရှိဘဲ ရီဖူရှင်းဆက်လက်လျှောက်လာသည်ကိုသာ ကြည့်နိုင်သည်။

ရှားချင်းယွမ်၊ယင်ချင်းနှင့်သိမ်းငှက်နက်တို့သည် ရီဖူရှင်းနောက်လိုက်သွားသည်။ သိမ်းငှက်နက်သည် လျိုတုံ့ကောကို စူးရှသည့်အကြည့်တစ်ချက်ဖြင့် ကြည့်ပြီးပြောလိုက်သည်။"အရူးပဲ..."

လျိုတုံ့ကောထံမှ အသိတစ်ခုထွက်ပေါ်လာသည်။ သိမ်းငှက်နက်ထံမှအကြည့်သည် သူ့အား ပုတ်ခပ်စော်ကားနေသလိုပင်။

"ငှက်တွေဝင်လို့မရဘူး"လျိုတုံ့ကောကပြောလိုက်သည်။

"တုံ့ကော" အိမ်တော်သခင်လျိုကသူ့ကိုဟန့်တားလိုက်သည်။ လျိုတုံ့ကောသည် သိမ်းငှက်နက် တုံ့ယွမ်အိမ်တော်ထဲသို့ ဝင်ရောက်လာသည်ကို သည်းခံကြည့်နေခဲ့ရသည်။

"စိတ်ဝင်စားစရာပဲ" အင်ပါယာဟယ်လျန်သည်အပြုံးဖြင့်‌ ကောက်ချက်ချလိုက်သည်။ သူသည် လက်ကိုနောက်ပစ်ပြီး တုံ့ယွမ်အိမ်တော်ထဲသို့ ဝင့်ကြွားကြွားဝင်ရောက်သွားသည်။ ထိုမြင်ကွင်းသည် အိမ်တော်သခင်လျို၏အမူအရာကို အကျည်းတန်သွားစေသည်။ ထိုလူအိုကြီးသည် အစကသူ၏နေရာတွင်အစားထိုးရန်ကြံစည်ခဲ့သည်။ ယခုအခါ တုံ့ယွမ်အိမ်တော်ကိုထိန်းချုပ်ဖို့အတွက် ရီဖူရှင်းအားအသုံးချရန်စီစဉ်နေသည်လား။

ရီဖူရှင်းသည် တုံ့ယွမ်အိမ်တော်ထဲဝင်ရောက်လာပြီး အဆောက်အဦးကြောင့်အံ့အားသင့်သွားသည်။

မဟာလမ်းစဉ်၏အရှိန်အဝါသည် တုံ့ယွမ်အိမ်တော်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ အတွင်းပိုင်းတွင် အားလုံးပါဝင်သည်။ နံရံပေါ်၌ရေးထွင်းထားသော မဟာလမ်းစဉ်၏ရှေးဟောင်းလက်ရေးစာမူများကို ဤနေရာမှယူဆောင်သွား၍မရပေ။‌ သူတို့အားလုံးအား ကျောက်စိမ်းပုရပိုက်ပေါ်တွင် အထူးနည်းလမ်းများဖြင့်ရေးထိုးထားသည်။ တစ်စုံတစ်ယောက်သည် သူတို့၏စိတ်အသိဖြင့်သာ လက်ရေးမူများကိုစစ်ဆေးနိုင်သည်။

တုံ့ယွမ်အိမ်တော်အလယ်၌ ၈၁လွှာသို့ ရောက်သည်ထိ တည်ဆောက်ထားသည့် ကြောင်လိမ်လှေခါးရှိသည်။

ရီဖူရှင်းသည် ဘေးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်သည်။ အောက်ဆုံးအလွှာ၌ သူလိုအပ်သည့် မည်သည့်အရာမှ မပါဝင်ပေ။ ထိုအထပ်မှအရာအားလုံးသည် ကျင့်ကြံခြင်းအဆင့်နိမ့်သူများအတွက် ကျင့်ကြံခြင်းနည်းလမ်းများဖြစ်သည်။ ထို့နောက်သူသည် အပေါ်သို့ဆက်တက်လိုက်သည်။

ရီဖူရှင်းသည် ကျင့်ကြံခြင်း၌အားမနည်းသော်လည်း ဤနေရာ၌ ထိုစဥ်က အရှင်ဒွန်ဟောင်သည် လူတို့အားကူးယူရန်အမိန့်ပေးခဲ့သော သင်ကြားချက်များရှိသည့်အတွက် ထိုအရာများသည် ကျင့်ကြံသူအားလုံးအတွက်သင့်လျော်လိမ့်မည်။ ထိုသင်ကြားချက်များ၌မယုံနိုင်လောက်သည့် ကျင့်ကြံခြင်းလမ်းစဉ်အချို့ရှိနေနိုင်သည်။

ယင်ချင်းသည် ‌ရီဖူရှင်းနောက်မှ တိတ်တဆိတ်လိုက်သွားသည်။ ယနေ့ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည် သူမအပေါ်၌ ကြီးမားသည့်သက်ရောက်မှုရှိခဲ့သည်။ ဆင့်လောအိမ်တော်မှဟန်လင်းရွေးချယ်ခဲ့သော ဤကျင့်ကြံသူသည် မည်မျှကြောက်မက်ဖွယ်ကောင်းလိုက်သနည်း။

ယခုအခါ သူမသည်သူမ၏လက်စားချေခြင်းအတွက် စိတ်မပူတော့ပေ။ ရီဖူရှင်းသည် သူမကိုကတိပေးထားပြီးပြီဖြစ်၍ သေချာပေါက် ကူညီလုပ်ဆောင်ပေးမည်ဖြစ်သည်။

***

All Chapters