← Chapters

ကျနော့်စွမ်းအားတွေ တိုးလာပါပြီ

Vol. 28 Ch. 400

ကျနော့်စွမ်းအားတွေ တိုးလာပါပြီ

Vol. 28 Ch. 400

အေးစက်စက်နဲ့ လူသတ်ချင်လာသော ရည်ရွယ်ချက်တစ်ခုက ချန်ရှီကို ဖုံးအုပ်လာခဲ့သည်။ ချန်ရှီ ငြိမ်သက်နေပြီး သူ့နှုတ်ခမ်းများကို သူမဆီက ဖြည်းညှင်းစွာ ခွဲထွက်လာခဲ့သည်။

"မင်းက ငါ့ကို အရင်လာနမ်းတဲ့သူလို့ ငါပြောရင် မင်းငါ့ကိုယုံမှာလား နတ်သမီး..."

နတ်သမီးရှောင်သွမ့်ရဲ့ အေးစက် တောက်ပသော မျက်လုံးများက အမှန်တရားကို ပိုင်းခြားရန် ကြိုးစားနေသကဲ့သို့ သူ့ကို စိုက်ကြည့်နေသည်။ သို့သော် ချန်ရှီ၏ မျက်လုံးများသည် ရှင်းရှင်းလင်းလင်း ရိုးသားနေဟန်ပေါက်နေလို့ သူမ ဘာမှ မပြောနိုင်​တော့ပေ။

"ဒါပေမယ့် မင်းရဲ့ ဖန်ကျွယ်က အရင်ကထက် ပိုသန်မာလာတယ်... အဲဒါကို မင်းဘယ်လိုရှင်းပြမလဲ"

နတ်သမီး၏ အကြည့်သည် ချန်ရှီခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်ကာ ယွမ်ချန်နန်းတော်အထိ ရောက်ရှိသွားပြီး ပုံစံတစ်ခုလုံးကို ထုတ်ဖော်ပြသလိုက်သည်။

အမတမြို့၊ ချန်ရှီ၏ ယွမ်ချန် နန်းတော်အတွင်း၌ ဖန်ကျွယ်သည် နတ်ဆိုးတစ်ကောင်လို ခုန်တက်သွားပြီး နန်းတော်မှထွက်ကာ မရဏကမ္ဘာသို့ ဦးတည်သွား​​နေခဲ့သည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းက ကုသိုလ်ကောင်းမှု တစ်ခု လုပ်တော့မယ်လို့ ကြွေးကြော်ထားတာ... သခင့် ကို အသားစားခွင့်ပေးဖို့ လုပ်ထားတာကို မထင်မှတ်ပဲ ရပ်သွားတယ်တဲ့... ဒီနေ့တော့ ငရဲဘုရင်ဆီသွားပြီး သတင်းပို့ရမယ်"

ဖန်ကျွိနှင့် ဖန်ကျစ်တို့ အလောင်းနတ်နှစ်ပါးသည် ပျော့ညံ့ပြီး သနားစရာကောင်းသည့် ပုံဖြင့် သူ့ဘေးတွင်ရပ်နေ၏။

ထိုအချိန်တွင် အမတမြို့ကတော့ မြူးမြူးကြွကြွ ဖြစ်နေသည်။ ကောင်းကင်နှင့်မြေကြီး၏ ကြီးမားသော ပြောင်းလဲမှုများကြောင့် နေမင်းကြီးသည် ပုံမှန်အတိုင်း မထနိုင်ရာ လူများစွာသည် အလွန်အကျွံစားခြင်း၊ သောက်ခြင်းနှင့် တပ်မက်ခြင်းတို့ကို လွှတ်ထုတ်လိုက်တာကြောင့် အမတမြို့က အလွန်တက်ကြွ​နေသည်။

ချန်ရှီ၏ ဖန်ကျွယ်သည် မယုံနိုင်လောက်အောင် စွမ်းအားကြီးမားပြီး အမတမြို့၏ တခြား အလောင်းနတ်သုံးပါးကိုပင် တုန်လှုပ်သွားစေသည့် ရက်စက်ကြမ်းကြုတ်သော ရောင်ဝါကို ထုတ်လွှတ်သွားသည်။ ဤအရာက တစ္ဆေများနှင့် နတ်ဘုရားများ၏ အာရုံကို စွဲဆောင်သွား၏။

"ဒါဘယ်သူ့ဖန်ကျွယ်လဲ.. တန်ခိုးကြီးလွန်းချက်!"

"ခမ်းနားတယ်... တကယ့်ကို ခမ်းနားတယ်!"

ဖန်ကျွယ်သည် ကောင်းကင်မှ သွယ်လျသော ကျောက်စိမ်းလက်ချောင်းတစ်ချောင်း ရုတ်တရက် ဆင်းသက်လာပြီး သူ့ကို ဓားဖြင့် မထိုးလိုက်ခင်အထိ ဂုဏ်ယူဝင့်ကြွားစွာ ပြည့်နေလေသည်။ ချန်ရှီ၏ ဖန်ကျွယ်သည် ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားပြီး သွေးတိမ်များအဖြစ် ပြိုကျသွားသည်။

သူ့စွမ်းပကားကို ချီးမွမ်းနေကြသော တစ္ဆေများနှင့် နတ်များသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားကုန်ကြသည်။ ရုတ်တရက် နတ်ဆိုးလေးတစ်ကောင်က ခေါင်းမပါတဲ့ ယင်ကောင်တစ်ကောင်လို အော်ဟစ်ပြီး ပြေးထွက်သွားသည်။ ၎င်းက မြေပြင်ပေါ်သို့ လဲကျသွားပြီး နောက်ပြန် လှည့်အော်လေ၏။

"လူသတ်နေပြီ! လက်ညှိုးထိုး​ပြီး လူသတ်နေတယ်!"

အခြားသော သရဲတစ္ဆေများနှင့် နတ်တစ္ဆေများလည်း ကြောက်လန့်၍ အော်ဟစ်ပြေးကြသည်။ အမတမြို့ ရုတ်တရတ် ပရမ်းပတာ ဖြစ်ကုန်ကာ ဖန်ကျွယ်သခင်များသည် အိပ်မက်ဆိုးများ စမက်စပြုလာသည်။

ချန်ရှီ၏ ဖန်ကျွိနှင့် ဖန်ကျစ်တို့သည် ကြောက်ရွံ့တုန်လှုပ်ကုန်တာကြောင့် မညည်းညူဝံ့ဘဲ ယွမ်ချန်နန်းတော်သို့ အမြန် ပြန်လှည့်သွားကြသည်။

နန်းတော်သို့ ရောက်သည်နှင့် တပြိုင်နက် အလင်းတဖျပ်ဖျပ် ခတ်သွားတာ တွေ့လိုက်ရပြီး ဖန်ကျွယ်က ယွမ်ချန်းနန်းတော်အတွင်း တစ်ဖန်ပေါ်လာ၏။ အလောင်းကောင် ဝိညာဉ်များသည် လူ့ယင်စွမ်းအင်မှ မွေးဖွားလာခြင်း ဖြစ်သည်။ ယန်ကို သန့်စင်အောင် မလုပ်နိုင်​သေးပါက အလောင်းနတ်ကလည်း မသေနိုင်ဘဲ အသေခံပြီးတိုင်း ပြန်ရှင်လာမည် ဖြစ်သည်။

ဖန်ကျွယ် :"ဒါဘယ်သူလုပ်တာလဲ ငါသိတယ်... ဒီမိန်းမကြီးက အရမ်းရက်စက်တာပဲ... ငါသူ့ကို ငရဲဘုရင်ဆီ သတင်းပို့ရမယ်..."

ထိုအချိန်တွင် ကောင်းကင်ကြီး ပွင့်လာပြန်သည်။ သွယ်လျသော ကျောက်စိမ်းလက်ချောင်းက ကောင်းကင်မှ ဆင်းသက်လာကာ ဖန်ကျွယ်ကို တစ်ချက်ချင်း ခွဲပစ်လိုက်သည်။ ဖန်ကျွိနှင့် ဖန်ကျစ်တို့ အေးခဲသွားပြီး ရုတ်တရက် စူးစူးဝါးဝါး အော်သံထွက်လာသည်။

အမတ​မြို့တွင် တစ္ဆေများနှင့် နတ်တ​စ္ဆေအများအပြားသည် ချန်ရှီ၏ ယွမ်ချန်နန်းတော်ဆီသို့ ထိတ်လန့်တကြား ကြည့်နေကြသည်။ ရံဖန်ရံခါ ထိုနေရာ၌ အလင်းတန်းတစ်ခု ပေါ်လာပြီး နတ်ဆိုးတန်ခိုးကြီးသော ဖန်ကျွယ် ပြန်လည်ရှင်သန်လာခဲ့သည်။ ဒါပေမယ့် နောက်အခိုက်အတန့်မှာတော့ ကောင်းကင်က ပွင့်ထွက်သွားပြီး နူးညံ့တဲ့လက်ချောင်းက ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပြီး ၎င်းကို သေတဲ့အထိ ရိုက်ချလိုက်ပြန်၏။

"ဒုန်း!"

"ဒုန်း!"

"ဒုန်း!"

ရှုပ်ယှက်ခတ်နေသော အသံများ ပဲ့တင်ထပ်ကာ အမတမြို့ဟာ မသေနိုင်သော တန်ခိုးကြောင့် တုန်လှုပ်သွားခဲ့သည်။ ချန်ရှီ၏ ဖန်ကျွယ် သည် အကြိမ်ရာနှင့်ချီ ရှင်ပြန်ထမြောက်ခဲ့ပြီး အကြိမ်ရာနှင့်ချီ၍ နှိပ်စက်ခံရသဖြင့် တစ္ဆေများနှင့် နတ်ဘုရားများက ကြောက်ရွံ့ထိတ်လန့်နေခဲ့သည်။

ဟွမ်​ဖောရွာတွင် နတ်သမီးရှောင်သွမ့် နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။

"တာအိုမိတ်ဆွေ... ဇာတိပကတိ အပျော်အပါးမှာ မနေဖို့ ငါသတိပေးထားမယ်... နောက်တစ်ကြိမ် မလုပ်ပါနဲ့ မဟုတ်ရင် ပေါက်ကွဲတဲ့သူက ဖန်ကျွယ် မဟုတ်တော့ဘူး..."

ချန်ရှီရဲ့ စိတ်တွေမှာ တဖျပ်ဖျပ် လွင့်နေသလို ခံစားလိုက်ရသည်။ သူသည် လက်ချောင်းလေးတစ်ချက်နဲ့ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားမယ့် သူ့ကိုယ်ပိုင် ဖန်ကျွယ်လိုမျိုး ဖြစ်သွားမှာကို စိုးရိမ်နေမိသည်။

ဒီနတ်သမီးရဲ့ ခွန်အားဟာ နားမလည်နိုင်အောင်ပါပဲ။ သူမရဲ့ လှုပ်ရှားမှုနဲ့ ငြိမ်သက်မှုက မဟာတာအိုရဲ့ စွမ်းအားတွေ ဖုံးလွှမ်းနေသည်။ သူမပြောနဲ့ မဟာယာန နယ်ပယ်တောင် သူမရှေ့မှောက်မှာ အားနည်းနေလိမ့်မည်။

"နောက်ထပ် မင်းတစ်ယောက်က ငါ့ကိုလာရှာရင် ဘယ်လိုလုပ်မလဲ"

ချန်ရှီ အစမ်းသဘောနဲ့ မေးလိုက်သည်။

နတ်သမီးရှောင်သွမ့်က အေးစက်စွာ ပြော၏။

"ငါက တာအိုကို မှီခိုပြီး အလောင်းသုံးလောင်းကို သတ်ပြီးသွားပြီ... မင်းကို အကွက်စရွှေ့ဖို့ မဖြစ်နိုင်ဘူး"

ချန်ရှီ: "မင်းအရင် လာတာ မဖြစ်နိုင်ဘူးပေါ့?"

နတ်သမီးရှောင်သွမ့်ရဲ့ မျက်လုံးများ အေးစက်သွားသည်။

"ငါက သန့်စင်တဲ့ယန် ရပြီး စစ်မှန်တဲ့ အမတဖြစ်နေပြီ... တာအိုကို မပေါင်းစည်းရသေးရုံပဲ.. ငါကနမ်းဖို့ မစဘူး..."

ဒီအချိန်မှာ သူမ အနည်းငယ် မျက်မှောင်ကြုတ်ပြီး စကားထပ်ပြောဖို့ ရှက်သွားသည်။ သူမ လက်စွပ်ကို လှန်လိုက်ပြီး ချန်ရှီ၏ ခေါင်းနောက်ဘက်ရှိ ဘုရားကျောင်းငယ်ထဲသို့ ပြေးဝင်သွားသည်။ ချန်ရှီလည်း သက်ပြင်းတစ်ချက် ချပြီးနောက် စိတ်ပူစပြုလာသည်။

"ငါ့ရဲ့ ဖန်ကျွယ်က အရမ်းအစွမ်းထက်တယ်... ရှောင်သွမ့် ငါ့ကိုလာရှာရင် ငါ့ကိုယ်ငါ ထိန်းနိုင်မှာ မဟုတ်ဘူး... ဒါပေမယ့် နတ်သမီး နိုးလာရင် သူမကို ညစ်ညမ်းစေတဲ့အတွက် ငါ့ကိုသတ်မှာ သေချာတယ်... အိုး... သူက ငါ့ကို အံတုတဲ့သူပဲ... အိုး ငါတို့တွေ ရှင်းရှင်းလင်းလင်း ချစ်ခဲ့ကြတာပဲကို!"

ချန်ထန်သည် အပြင်မှ အမြန်ပြန်ပြေးလာကာ မောပန်းနွမ်းနယ်နေသဖြင့် တံခါးဝတွင် စိတ်ပျက်လက်ပျက်ဖြင့် တိတ်ဆိတ်စွာ ထိုင်နေလေသည်။

"ဖေဖေ... ကျနော် မေးချင်တာတစ်ခုရှိတယ်..."

ချန်ထန်က သူ့ခေါင်းကို စောင်းလိုက်ပြီး ရုတ်တရက် အရင်ပြောလာ၏။

"တစ်ဆယ်လေး... ကန်းကျစ်ရွာကို ရှာမတွေ့​တော့ဘူး"

ချန်ရှီက သူ့ကိုကြည့်လိုက်တော့ သူ့မျက်နှာက ညှိုးငယ်​နေသည်။

"အခု အဘွားရှား နဲ့ တခြားသူတွေက မရှိဘူး... သက်ရှိကမ္ဘာကြီးက မြေအောက်ကမ္ဘာထဲ ရောက်သွားပြီ... တခြားရွာတွေလည်း တစ္ဆေတွေ ကျူးကျော်လာမှာကို ကြောက်​နေရတယ်... အဲဒီရွာတွေရဲ့ ကန့်ညောင်တွေကလည်း ရွာသားတွေကို မကာကွယ်နိုင်တော့ဘူး... သူတို့ကို ရှာပြီး ဟွမ်ဖေရွာကို ခေါ်သွားချင်တယ်... မြေအောက်ကမ္ဘာရဲ့ အပြောင်းအလဲတွေက မျှော်လင့်ထားတာထက် ကျော်လွန်နေပြီ။ နတ်ဘုရား မယ်မယ်ရှစ်ကျီ တစ်ယောက်တည်းလည်း မထိန်းနိုင်တော့ဘူး"

သူ၏မူလရည်ရွယ်ချက်မှာ ရှင်းရှန်ခရိုင် အားလုံး၏ ကန့်ညောင် မယ်မယ်ရှစ်ကျီအတွက် ဘုံကျောင်းတစ်ခု တည်ဆောက်ရန် ဖြစ်ပြီး အမွှေးနံ့သာများနှင့် စွမ်းအင်များကို စုဆောင်းကာ ရှင်းရှန်က လူတို့ကို ကာကွယ်ဖို့အတွက် နတ်ဘုရားတန်ခိုးကို ထုတ်လွှတ်ရန် ဖြစ်သည်။ ဤနည်းဖြင့်ဆိုလျှင် နေကွယ်သွားလျှင်ပင် ရှင်းရှန်ခရိုင်က အချိန်အတော်ကြာအောင် ထိန်းထားနိုင်​လောက်သည်။

သို့သော် နေကွယ်ပြီးနောက် ယင်နဲ့ယန် ကမ္ဘာများ လျင်မြန်စွာ ပေါင်းစည်းသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ နတ်ဘုရားမရှစ်ကျီ၏ တန်ခိုးတော်သည် တောင်ပေါင်းတစ်ထောင်ကို ဖုံးလွှမ်းရန် မလုံလောက်ချေ။

နတ်ဘုရားမ မယ်မယ်ရှစ်ကျီ မပြောနှင့်၊ အထွတ်အထိပ် စွမ်းအားရှိသူ နတ်သမီးရှောင်သွမ့်ပင်လျှင် တောင်ပေါင်း တစ်ထောင်ကို သူမ၏ ကိုယ်ပိုင် တန်ခိုးတော်ဖြင့် မဖုံးလွှမ်းနိုင်ပေ။

တောင်ပေါင်းတစ်ထောင် ဆိုတာ အလွန်ကျယ်ပြောလှသည်။

"ဒါပေမယ့် ငါသူတို့ကို လိုက်ရှာတော့ မတွေ့​တော့ဘူး... ဟွမ်​ဖောရွာနဲ့ အနီးဆုံးရွာကိုတောင် ရှာမတွေ့ဘူး"

ချန်ထန်က စိတ်ပျက်လက်ပျက်နဲ့ ပြောနေသည်။

"အခုပဲ မိုင်ထောင်ပေါင်းများစွာကို ငါရှာခဲ့တာ... အနီးနားက ရွာတွေကို ရှာမတွေ့ဘူး တစ်ခုမှ မရှိဘူး သူတို့ အသက်ရှင်နေသေးလားတောင် မသိတော့ဘူး!"

ချန်ရှီသည် တံခါးဝတွင် သူနှင့်အတူ ထိုင်ကာ အပြင်ဘက်က အေးချမ်းသော လရောင်ကို ငေးကြည့်နေသည်။

တောင်တစ်ထောင်ဟု လူသိများသော ယင်တောင်တန်းများသည် ကျယ်ပြောပြီး အကန့်အသတ်မရှိသည့်အပြင် ၎င်းတို့အတွင်း ပထဝီဝင်အနေအထားမှာ မယုံနိုင်လောက်အောင် ရှုပ်ထွေးလှသည်။ ပို၍ကြောက်စရာကောင်းသည်မှာ ထိုနေရာ၌ မရဏကမ္ဘာနှစ်ခု ရှိသည်- တစ်ခုသည် ယနေ့ခေတ် မရဏကမ္ဘာ၊ နောက်တစ်ခုကား သမိုင်းမတင်မီက မရဏကမ္ဘာဖြစ်သည်။

မရဏကမ္ဘာနှစ်ခုသည် ထပ်တူကျပြီး အချို့နေရာများတွင် မတူညီသော အောက်ကမ္ဘာများကို ချိတ်ဆက်ထားသော လမ်းကြောင်းများရှိသည်။ ချန်ထန် မပြောနှင့်၊ ဒီမှာနေတဲ့ သရဲတစ္ဆေတွေနဲ့ နတ်တွေတောင် ပျောက်ကွယ်သွားနိုင်၏။

တခြားရွာတွေနဲ့ မြို့တွေကို ရှာဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်သလောက်ပါပဲ။

ချန်ထန် ခဏလောက် တိတ်ဆိတ်နေပြီးမှ စကားဆက်လိုက်သည်။

"မိုးသောက်ပြီးရင် ငါတို့ တခြားရွာတွေကို ဆက်သွယ်ပြီး ရွာသူရွာသားတွေအားလုံးကို စုစည်းရမယ်.... မယ်မယ်ရှစ်ကျီရဲ့ စွမ်းအားနဲ့ဆို ငါတို့မြေ မိုင်တစ်ထောင်ရဲ့ ဘေးကင်းမှုကို အာမခံနိုင်တယ်.... ခရိုင်က လူတွေစုပြီး ဆက်ရှင်သန်ဖို့ မြေအလုံအလောက် ရှိလိမ့်မယ်... နက်ဖြန်မနက် မင်းနဲ့ငါ သွားပြီးတော့ ခရိုင်က ရွာအားလုံးက လူတွေကို နေရာပြောင်းပေးမယ်"

ချန်ရှီ သူ့ခေါင်းကို ခါယမ်းလိုက်သည်။

"မိုးလင်းဖို့က စောနေသေးတယ်... ဒီညက သုံးရက်နဲ့ သုံးည ကြာပြီး မနက်ဖြန် နောက်ဆုံး နေထွက်တော့မှာ... ရှင်းရှန်ခရိုင်မှာက မြို့ရွာတွေ အများကြီးနဲ့ လူတွေ အများကြီးဆိုတော့ တစ်ရက်တည်းနဲ့ အားလုံးကို ဘယ်လို နေရာရွှေ့နိုင်မှာလဲ?"

"ငါတို့ နေရာပြောင်းရမယ်... မဟုတ်ရင် သူတို့ အသက်ရှင်မှာ မဟုတ်ဘူး"

ချန်ရှီ၏ မျက်နှာသည် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေပြီး သူ့အသံမှာ အနည်းငယ်တုန်ယင် ဆူညံနေသည်။

"အခြားရွာတွေကို လိုက်ရှာရင်းနဲ့ ကြောက်စရာကောင်းတဲ့ နတ်တွေနဲ့ တစ္ဆေတွေလည်း တွေ့ခဲ့တယ်... သူတို့က တောင်ကြီးကို အုပ်စိုးပြီး မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ မဟာယာနနယ်ပယ်ကိုတောင် ပြိုင်ဆိုင်နိုင်ကြတယ်... သမိုင်းမတင်မီက အကြွင်းအကျန် ဖြစ်နိုင်တဲ့ အရမ်းကို ကြောက်စရာကောင်းတဲ့ သတ္တဝါတချို့လည်း ရှိတယ်... သူတို့က မယုံနိုင်လောက်အောင် အန္တရာယ်များပြီး အကြိမ်ပေါင်းများစွာ သတ်မိလုနီးပါး ဖြစ်နေတာ... သူတို့ အနီးနားမှာ နတ်ဆိုးတွေ ပျံသန်းနေကြတာကို တွေ့နေရသေးတယ်.."

သူ၏ တာအိုနှလုံးသားသည် မယုံနိုင်လောက်အောင် ပြင်းထန်သော်လည်း စိတ်ပျက်အားငယ်မှုကို မခံစားဘဲ မနေနိုင်ပေ။

ချန်ယန်တောင်သည် နေရာတိုင်းတွင် နတ်များနှင့် နတ်ဘုရားများနှင့်အတူ မြေအောက်ကမ္ဘာထဲသို့ ကျဆင်းသွားပြီးနောက် နတ်ဆိုးများနှင့် တစ္ဆေများ ထူထပ်ကာ တားမြစ်နယ်မြေများလည်း များပြားလာပြီး။ သာမန်လူများက ဘယ်လိုလုပ် ရှင်သန်နိုင်ပါ့မလဲ။

ထိုစဥ် ချန်ရှီက သူ့ပုခုံးကို ပွတ်သပ်ပြီး ပြောလာသည်။

"ဖေဖေ... ကျနော် ဘယ်သူလဲဆိုတာ မေ့သွားပြီလား?"

ချန်ထန် အံ့အားသင့်သွားပြီး သူ့သားကို စိတ်ရှုပ်ထွေးစွာ ​ပြန်ကြည့်လိုက်သည်။ အဝေးက တောင်တန်းတွေကို စိုက်ကြည့်ရင်း ချန်ရှီရဲ့ မျက်လုံးတွေက အလင်း မှိန်မှိန်လေး လင်းနေသယောင်။

"ချန်ယန်တောင်မှာ ကျနော် တောင်သခင်ကို ခန့်ထားပြီးပြီ ချန်ယန်တောင်ကို ကာကွယ်ဖို့က တောင်သခင်ရဲ့ တာဝန်ပဲ"

ချန်ထန်သည် သူ့အကြည့်နောက်သို့ လိုက်ကာ ကြည့်လိုက်ရာ တောင်တန်းများကြားတွင် မြေပြင်ကြီး ရုတ်တရက် တုန်လှုပ်သွားသည်ကို တွေ့လိုက်ရသည်။ ကြီးကျယ်ခမ်းနားသော တောင်ကြီးတစ်ခုသည် မြင့်သထက် မြင့်လာသည်။ တောင်ထိပ်တွင် ဘုံကျောင်းတစ်ခုက ရပ်တည်နေကာ တံခါးများ ကျယ်ကျယ်ဖွင့်လိုက်သည်နှင့် ဘုံကျောင်းထဲမှ တောက်ပသော နေရောင်သည် တောင်ပေါ်ကို လင်းထိန်သွား၏။

ချန်ထန် အံ့အားသင့်သွားပြီး မတ်တပ်ထရပ်ကာ နတ်ဝိညာဉ်ကို ထုတ်လိုက်သည်။ အဝေးမှကြည့်လျှင် ဘုံကျောင်းနောက်ကွယ်တွင် ကြီးမားသော နတ်ဘုရားတစ်ဆူ ရပ်နေသည်ကို သူ မြင်လိုက်ရသည်။ ၎င်းက အဝါရောင်ကျားကြီးကို စီးထားကာ နွားဦးချိုနှင့် လူကိုယ်ခန္ဓာ ပါရှိသည်။ ၎င်း၏ဟောက်သံသည် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါဖြင့် တောင်များနှင့် သစ်တောများကို တုန်လှုပ်စေခဲ့သည်။

ထိုနတ်ဘုရားသည် ချန်ယန်တောင်သခင်မှတစ်ပါး အခြားနတ်ဘုရား မဟုတ်ပေ။ သူ လက်ဝှေ့ရမ်းလိုက်ရင်ပဲ အကန့်အသတ်မရှိ မိုးခြိမ်းသံနှင့် မီးများက လှိမ့်ထွက်ကာ အနီးနားရှိ နတ်ဆိုးများနှင့် နတ်တစ္ဆေများကို အနိုင်ယူပြီး မောင်းထုတ်လိုက်သည်။

"ဗုန်း!"

မိုးခြိမ်းသံ တဟုန်ထိုး ထွက်ပေါ်လာပြီး မီးတောက်များ တောက်လောင်လာသည်။ ချန်ယန်တောင်တွင် ခိုအောင်းနေသော ဝိညာဉ်များနှင့် တ​စ္ဆေနတ်ဘုရားများက သူ့ကို တိုက်ခိုက်နေသည်။ ခဏကြာတော့ ပေတစ်ထောင်မြင့်တဲ့ နတ်ဘုရားကို ချန်ယန်တောင်သခင်က သွေးစွန်းနေတဲ့ ပျော့ဖတ်တွေသဖွယ် ချေမှုန်းပစ်ခဲ့သည်။ မရေမတွက်နိုင်တဲ့ သရဲတစ္ဆေတွေနဲ့ နတ်ဆိုးတွေလည်း သေသူက သေပြီး ဒဏ်ရာတွေရသူကလည်း တောင်စောင်းမှာ ကျန်ခဲ့သည်။

ပေတစ်ထောင်မြင့်သော တစ္ဆေနတ်ဘုရားလည်း သူ၏ သတ်ဖြတ်မှုကြောင့် ထိတ်လန့်သွားပြီး လက်နက်ချသွားခဲ့သည်။

ချန်ထန် အံ့အားသင့်စွာ ကြည့်နေစဉ် ချန်ရှီက တံခါးခုံပေါ်တွင် ထိုင်နေဆဲ။

"ချန်ယန်တောင်သခင်အပြင် မြွေကြီးရွှမ်ရှန်းနဲ့ အဘွားကျွမ်း၊ ချန်ယန်တောင်ရဲ့ တခြားဝိညာဥ်နဲ့ သတ္တဝါတွေလည်း ရှိသေးတယ်... သူတို့ကလည်း မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး မရဏကမ္ဘာကို လွှမ်းမိုးထားနိုင်တယ်"

ထိုစဥ် ဟိုးအဝေးက တိမ်ပြာပြာတွေ လှိမ့်ဝင်လာခဲ့ကာ ဧရာမ အနက်ရောင် မြွေကြီးတစ်ကောင်က နေနဲ့ လလို တောက်ပနေတဲ့ မျက်လုံးတွေနဲ့ တောင်နတ်တွေနဲ့ ဝိညာဥ်တွေကို လင်းထိန်နေစေသည်။

မြင့်မားသော ရှေးဟောင်းသစ်ပင်။ ၎င်း၏ ခေါင်မိုးများသည် လကို ဖုံးလွှမ်းလုနီးပါးပင်။ ပေတစ်ထောင်မြင့်သော အဘွားကြီးတစ်ဦးသည် နံ့သာတိုင်ရှေ့၊ သစ်ပင်တစ်ပင်အောက်တွင် မလှုပ်မယှက် ထိုင်နေ၏။ သင်းပျံ့သော ရနံ့များက သူမဆီသို့ ပျံ့လွင့်သွားသည်။

သူမ၏နောက်တွင် နဂါးများ ကခုန်နေသည့်နှယ် ထောင်ပေါင်းများစွာသော အမြစ်များ ပိုရှည်ထွက်လာသည်။

ချန်ရှီ: "မုသားမဲ့မြို့ကို ချုပ်ကိုင်ထားတဲ့ အရှင်ဝူဝမ့်လည်း ရှိတယ်... သူက လျှာဆွဲငရဲကို သိမ်းပိုက်ပြီး သူ့ရဲ့ မှော်အစွမ်းတွေက အကန့်အသတ်မရှိဘူး... မြေအောက်ကမ္ဘာရဲ့ တရားသူကြီးတွေနဲ့ ပြိုင်နိုင်တယ်... ဒီမြေဧရိယာကိုလည်း ကာကွယ်နိုင်တယ်"

ချန်ထန်၏ နတ်ဝိညာဉ်သည် မြင့်သထက် မြင့်လာပြီး တစ္ဆေများနှင့် နတ်ဘုရားများ ပြည့်နှက်နေသော တောင်များအတွင်း၌ အလွန်အုံ့မှိုင်းသော ရောင်ဝါရှိသော နေရာတစ်ခုကို သူ မြင်လိုက်ရသည်။ ထိုတစ္ဆေမြို့သည် ကျယ်ပြောလှသော နယ်မြေကို အုပ်စိုးထား၏။ ၎င်းကို လျှာဆွဲငရဲနှင့် မုသားမဲ့မြို့ဟု သူ ထင်သည်။

"အ​ဖေနဲ့ ကျနော့်ကို စာဖတ်တတ်အောင် သင်ပေးခဲ့တဲ့ ကျူးရှို့ချိုင်ကလည်း ဒီနယ်ပယ်မှာ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ..."

ချန်ထန် နိမ့်သော တောင်စောင်းဆီသို့ လှမ်းကြည့်လိုက်သည်။ မြင့်မားသော တောင်ကုန်းများ၊ မိုးမခပင်အိုက ကောင်းကင်ကို ထိုးဖောက်နေသည်ကို သူမြင်ရသည်။ ဧရာမအလောင်းကြီးသည် ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက်လာပြီး တောင်ကုန်းပေါ်သို့ ဆင်းသက်ကာ ၎င်း၏ မျက်လုံးများသည် လျှပ်စီးကြောင်းများဖြင့် တောက်ပနေသည်။ ရောင်ဝါကလည်း လွှမ်းခြုံလွှမ်းသွားသည်။

"ပိုအရေးကြီးတာက အ​ဖေ့ရဲ့သားက မရဏဘုရင်..."

ချန်ထန် တစ်ဖန် ထိတ်လန့်သွား​ပြန်ပြီး တံခါးခုံပေါ်မှာ ထိုင်နေတဲ့ ချန်ရှီကို လှည့်ကြည့်လိုက်သည်။

ချန်ရှီသည် အနီရောင်တောက်တောက် ၀တ်စုံနှင့် ထိပ်တန်း ပညာတော်သင် ဦးထုပ်ကို ၀တ်ဆင်ထားပြီး သတို့သားကဲ့သို့ ၀တ်ဆင်ထားဆဲ။ ၎င်းတို့ကို မဖယ်ရှားရသေးချေ။ သူ့မျက်နှာက နည်းနည်း ကလေးဆန်နေပေမယ့် သူ့မျက်လုံးတွေက နက်နဲပြီး ကလေးအမူအရာနဲ့ အလှမ်းဝေးနေပြီ။

"ချန်ထန်....အဖေ့ရဲ့သားက မရဏတောင်တန်းတစ်ထောင်ရဲ့ အရိုးစုဘုရင်... ကျနော် အုပ်ချုပ်တဲ့နယ်မြေက အဆက်မပြတ် တိုးချဲ့နေမှာ"

သူ့အသံက ချန်ထန်ရဲ့ နားထဲကို ရောက်သွားသည်။

"နေထွက်တော့မှာ မဟုတ်မှန်း ကျ​နော် သိလိုက်တာနဲ့ ထျန်းကျစ်အုပ်စိုးရှင်အနေနဲ့ ထျန်းကျစ်က နတ်ဘုရားတွေကို ချန်ယန်တောင်ရဲ့ ရွာတွေနဲ့ မြို့တွေကို ခရီးသွားဖို့ အမိန့်ပေးလိုက်ပြီးသား... အခု အဝေးကို ကြည့်လိုက်... သူတို့ရောက်​နေ​​လောက်ပြီ"

ကန်းကျစ်ရွာ။

မြေကြီးက ပြင်းထန်စွာ တုန်ခါသွားသည်။ ကန်းကျစ်ရွာရဲ့ ကန့်ညောင် အမျိုးသမီးသည် လရောင်ကို ကြောက်လန့်တကြားဖြင့် လှမ်းကြည့်သည်။

သူမ ကြောက်သွားသည်။ တန်ခိုးကြီးသော ဝိညာဉ်များနှင့် နတ်ဘုရားများသည် အနီးနားတွင် လှည့်လည်သွားလာကြပြီး အချို့ တွေ့ရခဲသော သရဲတစ္ဆေများနှင့် ဘီလူးများသည်ပင် ဤရွာငယ်လေးနှင့် ၎င်း၏လူများကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။

အဖွားရှားက ရွာနဲ့ဝေးနေပြီ။ သူမ အဘွားရှားကို အမြဲတမ်း မကြိုက်ခဲ့ပါ။ အဘွားကြီး အရွယ်တုန်းကတော့ ငွေရှာတာ၊ လူတွေကို ကူညီတာ၊ အမွှေးတိုင်တွေ ခိုးတာတွေ လုပ်ပြီး နောက်ပိုင်းတွင် သူမသည် နုပျိုလှပလာပြီးနောက် နတ်များနှင့် နတ်ဘုရားများကို မနာလို ဖြစ်လာ​စေသည်။

ဒါပေမယ့် အခုအချိန်မှာတော့ အဖွားရှားကို အကြပ်အတည်း ဖြေရှင်းဖို့ ရွာမှာ ရှိနေစေချင်မိသည်။ အဘွားရှားက တော်တော်ကြာအောင် ထွက်ခွာသွားခဲ့ပြီး ပြန်မလာသေးရာ သူတစ်ယောက်တည်း ရွာသားတွေကို မကာကွယ်နိုင်လောက်ပေ။

တုန်ခါမှုတွေက ပိုပြင်းထန်လာသည်။ အသံ၏ဦးတည်ရာသို့ လှမ်းကြည့်လိုက်ရာ တောင်တန်းများကြားတွင် ပေတစ်ထောင်မြင့်သော တစ္ဆေနတ်ဘုရားတစ်ဆူသည် ၎င်းတို့ဆီသို့ လှည့်ပတ်နေကာ ခေါင်းမပါဘဲ မျက်နှာက ဝမ်းဗိုက်ပေါ်တွင် ကပ်နေတာ လှမ်းမြင်လိုက်ရသည်။ ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်သည် ဆိုးရွားလှသော လူသတ်အသွင်အပြင်ကို ထွက်ပေါ်စေပြီး ၎င်း၏နောက်ကျောရှိ ချွေးပေါက်များသည် ပူလောင်ပြီး ညစ်ညမ်းသော လေများကို ထွက်လာစေသည်။

“သွားပြီ…”

သူမ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

"ကျွန်​​တော်​က အင်​ပါယာရဲ့ အမိန့်​ကို လိုက်​နာတယ်​!"

ထိုတစ္ဆေနတ်ဘုရားသည် တောင်ရွာငယ်ရှေ့သို့ ရောက်ရှိလာပြီး ရွာသို့ နောက်ပြန်ထိုင်လိုက်သည်။ သူ၏အသံသည် ကျယ်လောင်ကာ တောင်တန်းများ တစ်လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။

"ဗိုက်ကြီးမျိုးနွယ်စုက ကန်းကျစ်ရွာကို စောင့်ကြပ်နေတယ်... ကျူးကျော်ရဲတဲ့ သရဲတစ္ဆေနဲ့ တစ္ဆေနတ်ဘုရားမှန်သမျှ အကုန်သတ်!"

သူ့အသံသည် မိုးခြိမ်းသံကဲ့သို့ တောင်များကြားတွင် ပဲ့တင်ထပ်သွားသဖြင့် အနီးနားရှိ သရဲများနှင့် ဝိညာဉ်များ အားလုံးကို ကြောက်လန့်သွားစေ၏။

အခြားနေရာများတွင် ဘုံကျောင်းထဲတွင် ပုန်းအောင်းနေသော ဆူဖြိုးသော အဖွားအိုသည် အရပ်ရှည်ရှည်၊ ပေတစ်ထောင်မြင့်သော တစ္ဆေနတ်ဘုရား အသွင်ဖြင့် ဟွမ်ယန်ရွာသို့ ချဉ်းကပ်လာသည်။ ဆံပင်ဖြူ၊ ရက်စက်ကြမ်းကြုတ်သော မျောက်ဝံနှင့်တူသော ၎င်း၏ အသံသည်လည်း ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေပါသည်။

"အမိန့်အရ မိုးကြိုးမျောက်ဝံက ဟွမ်ယန်ရွာကို စောင့်ကြပ်​နေတယ်... ကျူးကျော်ဝံ့တဲ့ သရဲတစ္ဆေတွေနဲ့ နတ်ဘုရားမှန်သမျှကို သုတ်သင်ပစ်ပါမယ်...."

အသံက မိုးခြိမ်းသံကြီးလို လေထဲတွင် တလိမ့်လိမ့် လိမ့်ဝင်သွားသဖြင့် နားပင်းလောက်သည်။

တစ်ချိန်တည်းမှာပင် တစ္ဆေနတ်ဘုရားများသည် ယင်တောင်တန်းရှိ လူသားရွာတစ်ခုစီရှေ့သို့ ရောက်လာပြီး ၎င်းတို့၏ အသံများသည် ရင်တောင်တန်းများ တစ်လျှောက် ပေါက်ကွဲသွားကြသည်။

"​တော်ဝင်အမိန့်အရ... မီးမှင်စာမျိုးနွယ်က ရှန်းယန်ရွာကို စောင့်ကြပ်နေပါတယ်... ကျူးကျော်ရဲတဲ့ ဘယ်သူမဆို ကရုဏာမရှိပဲ သတ်ပစ်မယ်!"

"​တော်ဝင်အမိန့်အရ ဓားထောင်မျိုးနွယ်က ဖန်းတျန့်ရွာကို စောင့်ကြပ်နေပါတယ်!"

"တော်ဝင်အမိန့်ဖြင့်! တစ္ဆေမိခင်မျိုးနွယ်စုက ယန်တန့်ရွာကို စောင့်ကြပ်နေပါတယ်!"

...

ရှင်းရှန်ခရိုင်တွင် ကမ္ဘာမြေစာအုပ်လိပ်တစ်လိပ် တောက်ပလာပြီး ခရိုင်ကိုဖုံးအုပ်ထားသည်။ ဝိညာဉ်တစ်သောင်းအလံ လွင့်ပျံလာတဲ့အခါ ကောင်းကင်ယံ၌ တစ္ဆေများနှင့် နတ်ဘုရားများ ထွက်ပေါ်လာကာ ဦးခေါင်းများကို အပြင်ဘက်သို့ စောင်းထားကာ ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်လုံးများကို ကြည့်နေသည်။

ခရိုင်အပြင်ဘက်တွင် အရွယ်စုံ သရဲတစ္ဆေများသည် ပြင်းထန်သော အပြုံးများဖြင့် မြို့ကို စိုက်ကြည့်နေပြီး မည်သည့်အချိန်မဆို ခုန်ပေါက် ဝင်ရောက်ရန် အသင့်ရှိနေသည်။ ဝိညာဥ်တစ်သောင်းအလံနဲ့ မြေကမ္ဘာစာအုပ်ဟာ အစွမ်းထက်သော မှော်လက်နက်များ ဖြစ်သော်လည်း ဤသရဲတစ္ဆေ တိုက်ခိုက်မှုများက ၎င်းတို့အတွက် အနည်းငယ် ခက်ခဲသည်။

ဤအခိုက်အတန့်တွင် ဧရာမ သရဲတစ္ဆေ နတ်ဘုရားသုံးပါးသည် တောင်များပေါ်မှ ထွက်ပေါ်လာပြီး ခရိုင်ရုံးအပြင်ဘက်တွင် မလှုပ်မယှက် ရပ်နေလေသည်။

"ဧကရာဇ်အမိန့်အရ... ရေမှင်စာမျိုးနွယ်စု၊ ကောင်းကင်နဂါးနဲ့ ရှိုးလော်တို့ ရှင်းရှန်ခရိုင်ကို ကာကွယ်သွားပါမယ်"

ဟွမ်ဖောရွာ၊ ချန်မိသားစု၌။

ချန်ရှီက တံခါးခုံမှာထိုင်ပြီး :"ဖေဖေ့ကို အရင်က မပြောဖူးဘူးလား... ကျွန်တော် အရမ်း အစွမ်းထက်လာပါပြီလို့ တချို့အရာတွေက အသက်အန္တရာယ်လို့ ယူဆရင်တောင် ကျွန်တော့်အတွက် အရေးမကြီးပါဘူး"

ချန်ထန်လည်း သူ့ကိုကြည့်ရင်း ခဏလောက်စဉ်းစားပြီးမှ ထိုင်လိုက်သည်။

"မင်းငါ့ကို မေးစရာရှိတယ်လို့ ပြောလိုက်လားလို့..."

ချန်ရှီသည် ရှောင်သွမ့်နဲ့ နတ်သမီးပုံပြင်ကို အမြန် ပြန်ပြောပြလိုက်သည်။

"အခုချိန်မှာတော့ ဖန်ကျွယ်ကို မကြာခဏ ချုပ်ကိုင်ထားပေမယ့် သူမကို မထိနိုင်တော့ဘူး... ပြဿနာပဲ.."

ချန်ထန် ခဏငြိမ်​နေပြီးမှ။

"မင်းငါ့ကို ပြောခဲ့တာကို နောက်တစ်ခေါက် ပြောကြည့်..."

ချန်ရှီ မျက်တောင်ခတ်ပြီး :"ကျွန်တော်က အရမ်းအစွမ်းထက်လာပါပြီ တချို့ အသက်အန္တရာယ်လို့ ထင်ရတဲ့ ကိစ္စတွေက ကျွန်တော့်အတွက် ဘာမှ အရေးမကြီးဘူး..."

ချန်ထန် ညင်သာစွာ ခေါင်းညိတ်ပြပြီး မတ်တပ်ရပ်ကာ ထွက်သွားသည်။

"မင်းရဲ့ အတောင်တွေ သန်မာလာပြီ.... အဲဒါက ကြီးကြီးမားမား မဟုတ်ဘူးလို့ မင်းထင်ရင် မင်းဘာသာ ဖြေရှင်းလိုက်ပါ..."

All Chapters