← Chapters

ကြည်လင်သောစိတ်ထားရှိခြင်း

Vol. 28 Ch. 401

ကြည်လင်သောစိတ်ထားရှိခြင်း

Vol. 28 Ch. 401

ဤညသည် ချန်ယန်တောင်တန်း ဒေသတွင် နေထိုင်သော လူများအတွက် ရှည်လျားသော ညဖြစ်သည်။ ရွာအပြင်ဘက်တွင် ထူးဆန်းသော ဟောက်သံများ ထွက်ပေါ်လာပြီး ဆိုးရွားလှသောလေက အဆက်မပြတ် တိုက်ခတ်ကာ အေးစိမ့်သော လေထုကို ဖန်တီးပေးသည်။ သူတို့သည် ကြောက်လန့်တကြားဖြင့် တစ်ညလုံး ကုန်ဆုံးကြပြီး နောက်ဆုံး မိုးလင်းမည့်အချိန်ကို စောင့်နေကြသည်။

ချန်ထန်၊ ဟူဖေးဖေးနှင့် အခြားသူများသည် ချက်ချင်းထွက်ခွာကာ လူများကို နေရာရွှေ့ပြောင်းရန် ရွာနှင့်မြို့ အသီးသီးသို့ သွား​နေကြသည်။

နေ့ခင်းဘက် အချိန်များတွင် ချန်ယန်တောင်နတ်ဘုရား ဘုံကျောင်းတည်ရှိရာ တောင်ပေါ်သို့ လူများကိုတတ်နိုင်သမျှ ရွှေ့ပြောင်း​ပေးခဲ့သည်။ ညအချိန်၌ သူတို့သည် ချန်ယန်တောင် နတ်ဘုရား၏ ကာကွယ်မှုကို ရရှိလိမ့်မည်။

ထို့ထက် ပိုအရေးကြီးသည်မှာ ဘုရားကျောင်းမှ နေရောင်ခြည်သည် တောင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။ ရှင်သန်ရန် ရှားပါးသောနေရာတစ်ခု ဖြစ်လာသည်။

ဒါပေမယ့် မိသားစုတွေကို မြို့နဲ့ တခြားမြို့ကနေ တောင်တွေဆီ ပြောင်းရွှေ့ဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ချေ။ တချို့က သူတို့ရဲ့ပိုင်ဆိုင်မှုကို လွမ်းဆွတ်နေကြသလို တချို့က လမ်းကြောင်းနောက်ကို လိုက်ကြသည်၊ တချို့က အစိုးရနဲ့ ညှိနှိုင်းပြီး ပိုက်ဆံတောင်းသည်၊ တချို့က သူတို့ရဲ့ ပစ္စည်းအားလုံးကို သူတို့နဲ့အတူ ယူသွားဖို့ တောင်းဆိုကြရာ ထူးထူးခြားခြား အခြေအနေတွေ ပေါ်လာတော့သည်။

ခရိုင်တရားသူကြီးဟူသည် ဟူမိသားစု၏ အိမ်ဟောင်းမှ မြေခွေးဝိညာဉ်အားလုံးကို ဆင့်ခေါ်ခဲ့သည်။ သူတို့သည် နတ်ဆိုးလေများကို စုစည်းကာ လူများကို တောင်ပေါ်သို့ သယ်ဆောင်သွားကြသည်။ အိမ်တွေဆောက်ပြီး တောင်ပေါ်မြေယာတွေ ပြန်သိမ်းတာတို့က နောက်မှ လုပ်တော့မည်။ လက်ရှိအခက်အခဲတွေကို အရင်ဆုံး ကျော်ဖြတ်ရမည်။

"အစ်မဖေးဖေးက အလှူငွေတွေ အများကြီးထည့်ထားတာပဲ..."

ချန်ရှီကလည်း ရှောင်သွမ့်ကို ခေါ်လာ၍ လူတွေကို နေရာပြောင်းပေးပြီး သူတို့ရဲ့ စိတ်နှလုံးကို သာယာအောင် ကူညီပေးဖို့ သူနဲ့အတူ ခေါ်ဆောင်လာခဲ့ပါ၏။ ဟူဖေးဖေး အလုပ်များ​နေတာကိုမြင်လျှင် လေးစားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

နောက်ဆုံးတွင် ဟူဖေးဖေးသည် အစိုးရရုံးကို ပြောင်းရွှေ့ပြီး တောင်ထိပ်ပေါ်တွင် နေရာချထားရန် ဟူမိသားစုဟောင်း၏ မြေခွေးဝိညာဉ်များကိုပင် စည်းရုံးခဲ့​သေးသည်။

"ဒုက္ခရောက်နေတဲ့ အချိန်တွေမှာ အခွင့်အာဏာမရှိရင် ပရမ်းပတာ​တွေ မလွဲမသွေ ပေါ်လာလိမ့်မယ်... လူတွေရဲ့စိတ်နှလုံးတွေ ပြန့်ကျဲသွားတဲ့အခါ သူတို့ကို စုစည်းဖို့ ခက်လာနိုင်တယ်... အစ်မဖေးဖေးက အုပ်ချုပ်နိုင်တဲ့ အရည်အချင်းရှိတယ်"

ရှင်းရှန်ခရိုင်တွင် နေထိုင်ပြီးနောက် နေဝင်ခါနီး​နေပြီ။ ချန်ရှီနဲ့ ရှောင်သွမ့်သည် လျှောစောက်ရှိ မိုးမခပင်ဟောင်းဆီသို့ ရောက်ရှိလာပြီး နောက်ဆုံး နေရောင်ခြည်ကို ကြည့်ကာ ကျောက်ပြားကန့်ညောင် အနားတွင် ထိုင်နေလိုက်သည်။

ဟွမ်​ဖောရွာကိုလည်း ပြောင်းရွှေ့ထားခဲ့ပါပြီ။ ကန့်ညောင် ဆောင်းယွီကလည်း ချန်ယန်တောင်ထိပ်သို့ လိုက်သွားခဲ့သည်။ သို့ကြောင့် ဤနေရာ၌ ကျောက်ပြားကန့်ညောင်၊ မိုးမခပင်အိုနှင့် ကျူးရှို့ချိုင်တို့သာ ကျန်ရှိတော့သည်။

ချန်ရှီသည် ကမ္ဘာငယ်လေးကို ဖွင့်ကာ ကောင်းကင်တရားရုံး (ကောင်းကင်နန်းတော်) က ဌာနခြောက်ခုသို့ ရောက်လာခဲ့သည်။ ၎င်းသည် ယခင် ရှုပ်ယှက်ခတ်မှုများ ကင်းမဲ့ကာ စွန့်ပစ်ခံထားရသလိုပင်။

ယင်စွမ်းအင်ကြောင့် ကမ္ဘာငယ်လေးသည်လည်း မှိန်ဖျော့သွားခဲ့သည်။ ချန်ရှီနှင့် သူ၏အပေါင်းအဖော်များက ၎င်းကို စမ်းသပ်ခဲ့ပြီးနောက် အနောက်နွားရှင်းကျိုး၏ ပြည်နယ်ငါးဆယ်ကို ချိတ်ဆက်နိုင်သည်ကို တွေ့ရှိခဲ့သော်လည်း ပြင်ပကမ္ဘာတွင်မူ ဤလုပ်ဆောင်ချက်က ကင်းမဲ့သွားခဲ့သည်။

ချန်ရှီ နံရံတစ်ခုသို့ ရောက်ရှိလာသောအခါ တစ်စုံတစ်ဦးအား နံ့သာဖြူပြာများဖြင့် စာ ရေးထားသည်ကို တွေ့လိုက်ရသည်-

"ကောင်းကင်ဘုံရှင် လူကြီးမင်းများ အားလုံး အဆင်ပြေကြလား? ကောင်းကင်နန်းတော်ရဲ့ သမိုင်းပညာရှင် ကျူးကဲကျန့်က စာတစ်စောင် ရေးထားခဲ့ပါတယ်"

ချန်ရှီသည် ကျူးကဲကျန့်၏ စာကိုကြည့်ရင်း ထူးဆန်းသော ခံစားချက်များ တဟုန်ထိုး တက်လာသည်။ သူလည်း နံ့သာပြာကို လှမ်းယူလိုက်သည်။

"မျှော်လင့်ချက်ရှိနေသရွေ့ အနာဂတ်ဆိုတာ ရှိကိုရှိရမယ်... အားလုံးက ငါ့ကို စောင့်မျှော်နေကြတာ... စစ်မှန်တဲ့ ကောင်းကင်ဘုရင် ချန်ရှီက စာပြန်ခဲ့သည်..."

တည်ဆောက်ပြီးသား ကောင်းကင်နန်း​တော်ကို သူတစ်ယောက်တည်း လျှောက်သွားရင်း လူတွေရဲ့ စကားသံနဲ့ အပြုံးတွေက သူ့မျက်လုံးရှေ့မှာ ပြက်ပြက်ထင်ထင် ရှိနေသေးသလို မြင်ခဲ့ရသည်။

ချန်ရှီ ကမ္ဘာငယ်လေးမှ ထွက်ခွာလာခဲ့သည်။

အပြင်ဘက်တွင် ကောင်းကင်ကြီးက တောက်လောင်နေပြီး ကောင်းကင်တစ်ခုလုံး သွေးနီရောင်မီးတောက်များက ဖုံးလွှမ်းနေသည်။ ချန်ရှီ ထိုမြင်ကွင်းကို မော့ကြည့်လိုက်သည်။ ကျူးရှို့ချိုင်လည်း ကောင်းကင်ကြီးကို တအံ့တသြ စိုက်ကြည့်နေ၏။

“နေဝင်ချိန်ဟာ ဘယ်တုန်းကမှ သိပ်လှခဲ့တာမဟုတ်ဘူး”

ကျူးရှို့ချိုင် တိုးတိုးလေး ပြောလိုက်သည်။

ဝေးကွာလှသော တောင်တန်းများ အထက်တွင် မြွေကြီးရွှမ်ရှန်းသည် ၎င်း၏ကြီးမားသောဦးခေါင်းကို မြှောက်လိုက်ကာ ကောင်းကင်တွင် တဟုန်းဟုန်းတောက်နေသော မီးတိမ်များကို ငေးကြည့်နေ၏။

ကောင်းကင်က တဖြည်းဖြည်း နီညိုရောင်ပြောင်းသွားသည်။

မလှမ်းမကမ်းတွင် အမွှေးတိုင်မီးဖိုထဲ လာလာ ဂါရဝပြုကြသော နတ်များသည် နံ့သာပေါင်းကို မီးမွှေးနေစဉ် အဖွားကျွမ်းက ပြုံးလိုက်သည်။ ထိုစဥ် နေရောင်ဖျော့ဖျော့ကြောင့် သူမလည်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။

သူမသည် အိမ်နီးချင်းတောင်ပေါ်ရှိ မြွေကြီးရွှမ်ရှန်းဆီ သူမအကြည့်ကို လွှဲလိုက်သည်။

"ဂရုစိုက်ပါ.... သူငယ်ချင်း"

ကောင်းကင်က တဖြည်းဖြည်း မှောင်လာကာ တောင်တန်းနှစ်ခုကြား အကွာအဝေးသည် ပို၍ ကျယ်ပြန့်လာသည်။ သူတို့ကြားတွင် အုံ့ဆိုင်းနေသော တောင်ထိပ်များ တစ်လုံးပြီး တစ်လုံး ပေါ်လာသည်။ ထူးဆန်းပြီး အစွမ်းထက်တဲ့ သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေက သူတို့ရဲ့ တောင်ထိပ်တွေပေါ်မှာ ရပ်နေကာ ကောင်းကင်ကို ခေါင်းမော့ပြီး မြေကြီးကို လှုပ်ရမ်းဟောက်လိုက်ကြသည်။

ကောင်းကင်၌ မီးတောက်နေသော တိမ်တိုက်များ လွင့်စင်သွားကာ ကြီးမား တောက်ပသော လမင်းက နိမ့်ဆင်းလာကာ ပြန့်ကျဲနေသော တိမ်တိုက်များနောက်တွင် တွဲလောင်းကျနေသည်။

နေပျောက်ပြီး ပထမည။

ချန်ယန်တောင်သခင်၏ ရုပ်သွင်ပေါ်လာသည်။ သူက တောင်ထိပ်တွင် ထိုင်နေပြီး အဝါရောင်ကျားတစ်ကောင်က သူ့ခြေရင်းတွင် တွားသွားနေ၏။ သူ့ခေါင်းနောက်ဘက်တွင် အလင်းတန်းတစ်ခုပေါ်လာသည်။

ယမ်းမှုန့်နှင့် ယမ်းနံ့များက သူ့ပတ်ဝန်းကျင်လေထုကို လွှမ်းခြုံသွားသည်။ ထီးဆောင်းထား​သော အလင်း​ရောင်အတွင်း၌ ယန်ကိုးစင်းမိုးကြိုးမီးများ တောက်လောင်ကာ မိုးခြိမ်းသံများ တဟုန်ထိုး ပေါက်ကွဲနေ၏။

သူ့ပုံရိပ် ထွက်ပေါ်ချိန်တွင် ပတ်ဝန်းကျင်ရှိ မှောင်မိုက်သော တောင်များပေါ်ရှိ စုတ်ပြတ်သတ်နေသော သရဲတစ္ဆေများနှင့် တ​စ္ဆေနတ်ဘုရားများက သူ့ရှေ့တွင် ဦးညွှတ်လိုက်ကြသည်။

ဟူဖေးဖေးလည်း အမွှေးတိုင် ကိုင်ဆောင်ကာ ရှေ့သို့လှမ်းတက်၍ တောင်နတ်ဘုရား ဘုံကျောင်း၏ အမွှေးတိုင်မီးဖိုတွင် အမွှေးတိုင်တစ်ချောင်းကို ချထားလိုက်သည်။ အမွှေးတိုင်၏ မွှေးရနံ့သည် ချန်ယန်တောင် နတ်ဘုရား၏ ခန္ဓာကိုယ်နှင့် ဘုံကျောင်းထဲသို့ ပျံ့လွင့်သွားသည်။

"ဝုန်း!"

ဘုံကျောင်း ခေါင်မိုးသည် တောက်ပစွာ ထွန်းလင်းလာသည်။ ၎င်းဆီမှ နေရောင်ခြည်သည် ပတ်ဝန်းကျင်မှ ယင်စွမ်းအင်ကို တွန်းပို့ကာ နေရောင်အောက်တွင် တောင်ပေါ်ရှိ နေထိုင်သူအားလုံးကို ဖုံးအုပ်ပစ်လေသည်။

ဘုံကျောင်းသည် တောင်ပေါ်ကို ဖုံးလွှမ်းနေသော ကောင်းကင်ပြာပြာကဲ့သို့ တဖြည်းဖြည်း ကြီးမားလာသည်။ တောင်ပေါ်မှ လူများသည် အခြားအချိန်နှင့် အာကာသထဲမှ နေရောင်​ခြည်ကို မြင်နိုင်သလို နူးညံ့နွေးထွေးကာ ၎င်းတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များကလည်း အာဟာရ ရသလို ခံစားရစေသည်။

ဟူဖေးဖေးလည်း သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမရဲ့အသံက နူးညံ့ကြည်လင်ပြီး လူတိုင်းရဲ့နားကို ရောက်ရှိသွားသည်။

"ဒီနေ့ကစပြီး ရှင်တို့ နေထွက်ချိန်ကနေ နေဝင်ချိန်အထိ ဒီတောင်ထွတ်ကနေ မထွက်ခွာမိစေဖို့ ကြိုးစားရလိမ့်မယ်"

သူမသည် အစိုးရရုံးနှင့် တောင်နီခန်းမ ဌာနခွဲမှ မှော်ဆရာများကို ကျောင်းဆောက်ရန် စည်းရုံးခဲ့သည်။ သူမကတော့ လူများကို အိမ်ဆောက်ရန်၊ ခရိုင်အစိုးရဂိုဒေါင်တွင် စပါးများသိုလှောင်ကာ ဝေငှရန်လည်း စည်းရုံးခဲ့သည်။ တစ်ယောက်တည်း လုံးဝ အလုပ်ရှုပ်နေ၏။

ရှင်းရှန်ခရိုင်၏ ချန်ယန်တောင်သည် အနောက်နွားရှင်းကျိုး ပြည်နယ်ငါးဆယ်တွင် အန္တရာယ်အရှိဆုံး နေရာဖြစ်သည်။ သမိုင်းမတင်မီက သရဲတစ္ဆေများနှင့် နတ်ဆိုးများ ခိုအောင်းနေသော၊ ကြမ်းတမ်းပြီး တွေ့ရခဲသော ငရဲနှစ်ခု၏ အိမ်ဖြစ်သည်။ ချန်ယန်တောင်ကို ကျော်လွန်လိုက်ရင် အခြားနေရာများက အတော်လေး လုံခြုံပါသည်။

သို့သော် ချန်ယန်တောင်ကို ချန်ယန်တောင်သခင်က စောင့်ကြပ်ပြီး ထျန်းကျစ်ပြည်က နတ်များနှင့် တစ္ဆေနတ်ဘုရားများလည်း ရှိသဖြင့် အလုံခြုံဆုံးနေရာ ဖြစ်လာခဲ့သည်။ ဤနေရာတွင် လူသေဆုံးမှုမှာ အနည်းငယ်မျှသာ ရှိလာ၏။

အလားတူပင် ရှင်းရှန်ပြည်နယ်၏ မြို့တော်သည်လည်း ယခုအချိန်တွင် လရောင်ညတွင် ဖုံးလွှမ်းထားသည်။ လက အပေါ်ဘက်တွင် လေးပေငါးပေခန့်​လောက် အကွာ၌သာ ရှိနေသလို၊ လရောင်အောက်တွင် စာရေးစာဖတ်နိုင်စေရန် ကောင်းကင်တွင် တွဲလောင်းကျနေသလိုပင်။

သို့သော်လည်း လရောင်သည် အေးစက်နေတာမို့ နွေးထွေးမှုကို မခံစားနိုင်ပေ။

ကမ်းရိုးတန်းတွင် ရှင်းရှန်ကို စောင့်ကြပ်နေသော နယ်ခြားစောင့်တပ်များသည် အမြင့် ဆယ်ပေကျော်ရှိသော ကြေးဝါမှန်တစ်ချပ်ကို အ​မှောင်ပင်လယ်ဆီသို့ ဖြည်းညှင်းစွာ လှိမ့်လိုက်သည်။

အလင်းရောင် ထွန်းလင်းလာသောအခါတွင် ကြီးမားသော အရာဝတ္ထုကြီးတစ်ခုသည် အမှောင်ပင်လယ်ကို ဖြတ်ကာ ပင်လယ် မျက်နှာပြင်မှ လှိမ့်ဆင်းလာပြီး ကမ်းရိုးတန်းဘက်သို့ ဦးတည်လညချင်​နေပုံရသည်။

သို့သော် ကျွန်းပေါ်ရှိ လရောင်အားလုံးသည် ပင်လယ်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိပေ။ မှန်၏ အလင်းရောင် တစ်ခုတည်းကသာ ထိုးဖောက်နိုင်၏။ ဤမြင်ကွင်းသည် အလင်းရောင်က ထင်ယောင်ထင်မှား ဖြစ်စေမှု သို့မဟုတ် လက်တွေ့ဖြစ်မဖြစ် ပြောရန် မဖြစ်နိုင်ချေ။

နယ်ခြားစောင့်တပ်သား တစ်ယောက်က အဆောင်စာလုံးကို အားကြိုးမာန်တက် တွန်းလိုက်ရာ ကြေးမှန်က အပေါ်ကို ဖြည်းဖြည်းချင်း စောင်းသွား၏။ ပင်လယ်ပြင်မှ အလင်းရောင်သည် တဖြည်းဖြည်း မြင့်တက်လာပြီး ဧရာမရုပ်ကြီး ကမ်းစပ်သို့ ချဉ်းကပ်လာသကဲ့သို့ အနက်ရောင် ရေပြင် ထိုးတက်လာသည်။

တစ်ဖက်က စစ်သည်ကလည်း ဆက်တွန်း​နေပြီး အလင်းရောင်က ပိုမြင့်လာသည်။ ပင်လယ်ကို လင်းထိန်စေမည့်အစား ၎င်းသည် ကြီးမားသော ဦးခေါင်း၊ လူနှင့်တူသော မျက်နှာ၊ ပင်လယ်ရေမှော်ကဲ့သို့ အမွေးများ၊ ရွက်ဖျင်များနှင့် မုတ်ဆိတ်များကို တောက်ပသွားစေခဲ့သည်။

တစ်ဖက်က စစ်သားဟာ ကြေးမုံကြီးကို ဆက်တွန်းထုတ်ဖို့ ရုန်းကန်ရင်းနဲ့ အလင်းရောင်က ကောင်းကင်ကို ဖြည်းညှင်းစွာ လွင့်ပျံသွားသည်။ နတ်ဆိုးနတ်ဘုရားများကဲ့သို့ ကြီးမားသော ပင်လယ်ဘီလူးကြီးများသည် ရေမျက်နှာပြင်ပေါ် တက်လာပြီး ဒီရေကဲ့သို့ ကမ်းရိုးတန်းဆီသို့ ​ပြေးတက်လာကြသည်။

"ရန်သူ တိုက်ခိုက်ပြီ!!"

သူသည် ကျယ်လောင်သော အော်ဟစ်သံကို ထုတ်လွှတ်လိုက်ပြီးသည်နှင့် ပင်လယ်မှော်ဘီလူးများသည် တဟုန်းဟုန်း တောက်လောင်နေသော ဒီရေကဲ့သို့ ပြင်းထန် ကျယ်လောင်သော ဟောက်သံနှင့်အတူ မြို့ရိုးများထဲသို့ ဖောက်ဝင်လာလေ၏။ သူတို့သည် တံတိုင်းများကို လျင်မြန်စွာ သိမ်းပိုက်ကာ နယ်ခြားစောင့်တပ်များကို ချိုးဖျက်သည်။ နယ်ခြားစောင့်စခန်းများကို တစ်ခုပြီးတစ်ခု ဖျက်စီးရင်း မြို့တွင်းသို့ အားသွင်း ဝင်လာကြသည်။

ရှင်းရှန်ပြည်နယ်နှင့် ကုံကျိုး အကြားနယ်စပ်တွင် နယ်ခြားစောင့်စခန်းများ တစ်ခုပြီးတစ်ခု ပြိုကျကာ ကျွန်းဆီသို့ နတ်ဆိုးများ ဒီရေသဖွယ် တိုးဝင်လာသည်။

မားကျူဘုံကျောင်းဟာ ချောက်ကမ်းပါး တစ်ခုပေါ်၌ ရပ်တည်လျက် ကုံကျိုးတစ်ခွင် အကန့်အသတ်မရှိသော နတ်တန်ခိုးများကို ရုတ်တရက် ထွက်ပေါ်လာစေပြီး တောက်ပသော နေရောင်ဖြင့် ဘုံကျောင်းကို ပြသလာသည်။

ပင်လယ်ရေသည် ဒေါသအရှိန်ဖြင့် တက်လာသည်။ အနောက်နွား ကျွန်းရှိ မားကျူဘုံကျောင်းတွင် မရေမတွက်နိုင်သော နတ်ဆိုးများ ဟောက်နေပါသည်။ ထို့နောက် သူတို့သည် ဘုံကျောင်းကြောင့် လွင့်ထွက် ကွဲသွားကာ ပင်လယ်အထက်တွင် ဆိုင်းငံ့ထား​ကြ၏။ တောင်နီမယ်မယ်သည် မားကျူနှင့်ပေါင်းပြီး ပင်လယ်ကို ထိန်းချုပ်ထားသော ဘုံကျောင်းအတွင်း၌ ထိုင်​နေခဲ့သည်။ နတ်ဘုရား၏ တန်ခိုးတော်သည် သမုဒ္ဒရာကိုဖြတ်၍ ကမ်းကို ရောက်ရှိရန် ကြိုးစား​နေသော နတ်ဆိုးတိုင်းကို လည်ပင်းညှစ်ထားသည်။

ကုံကျိုးက အဓိက တောင်နီခန်းမတွင်တော့ ယွိထျန်းချန်သည် နောက်ဆုံးနေထွက်ချိန်၌ ကုံကျိုးရှိ ရွာတိုင်းနှင့် ခရိုင်အသီးသီးသို့ ခရီးလှည့်လည်ကာ တောင်နီ နတ်ဘုရားမအား ဂုဏ်ပြုသောအားဖြင့် ဘုရားကျောင်းများနှင့် ရုပ်ပွားတော်များ စိုက်ထူထားသည့် ဌာနခွဲတိုင်းက အဆောင်ဆွဲ မှော်ဆရာများကို ဦးဆောင် စုစည်းခဲ့သည်။

ကုံကျိုး တောင်နီခန်းမက လူတိုင်းကို ရွှေ့ပြောင်းရန် အရင်းအမြစ်များ နည်းပါးသောကြောင့် ၎င်းတို့သည် ဌာနခွဲဘုရားကျောင်းများ တည်ထောင်ကာ တောင်နီ နတ်သမီး၏ ကိုယ်ပွားရုပ်တုများကို အတုလုပ်ခဲ့ကြသည်။

ဤဘုရားကျောင်းများသို့ နံ့သာပေါင်း ပူဇော်ခြင်းသည် တောင်နီနတ်ဘုရားမ၏ ကိုယ်ပွားများကို ဆင်းသက်လာပြီး ဤရွာများ၊ မြို့များနှင့် ခရိုင်များကို အကာအကွယ် ပေးလိမ့်မည် ဖြစ်သည်။

သို့သော် ညမိုးချုပ်တာတောင် တောင်နီခန်းမသည် မြို့များနှင့် ခရိုင်များ၏ သုံးပုံတစ်ပုံမျှသာ လည်ပတ်နိုင်ပြီး ကုံကျိုးတစ်ခုလုံးကို မလွှမ်းနိုင်သေးပါ။

ယွိထျန်းချန်သည် တစ်ဒါဇင်ကျော် မှော်ဆရာများကို ခေါ်ကာ တာခရိုင်သို့ ဦးတည်သွားနေခဲ့သည်။

ကုံကျိုး၏ မရဏကမ္ဘာတွင် ချန်ယန်တောင်လို ရှုပ်ထွေးသော ပထဝီဝင်အနေအထား မရှိသော်လည်း ၎င်းသည် ဆယ်ဆ၊ အကြိမ်ပေါင်းများစွာ ချဲ့ထွင်လာပြီး မြေအနေအထားသည် မယုံနိုင်လောက်အောင် ရှုပ်ထွေးလာသည်။ တစ်ချိန်က ရိုးရှင်းသော အလုပ်တစ်ခုဖြစ်သည့် တာခရိုင်သို့ ရောက်ရန်မှာ မယုံနိုင်လောက်အောင် ခက်ခဲလာသည်။

မောပန်းနွမ်းနယ်ပြီး ခွန်အားနှင့် သွေးအားနည်းလာကြသည်။

နံ့သာသခင်လု: "ခန်းမသခင်ယွိ ညီအစ်ကိုတွေ ဆက်မထိန်းနိုင်တော့ဘူး... ခဏလောက် အနားယူကြရအောင်"

ယွိထျန်းချန် နောက်ပြန် ကြည့်လိုက်တော့ မှော်ဆရာတွေ ပင်ပန်းနေပြီဆိုတာ မြင်လိုက်ရသည်။ ဆက်သွားဖို့ အတင်းအကြပ် လုပ်ခိုင်းပါက ကျင့်ကြံမှုအားနည်းသူများသည် ပင်ပန်းနွမ်းနယ်ပြီး သေဆုံးနိုင်ဖွယ် ရှိသည်။

"ငါမင်းတို့ကို ဘုရင်ချန် သင်ပေးတဲ့ ယင်နတ်ဘုရားကျင့်စဥ်ကို သင်ပေးမယ်...ဒါဆို ယင်စွမ်းအင်ကြောင့် ဖျက်စီးခံရမှာ မဟုတ်ဘူး...ယင်ကို ယန်အဖြစ် သန့်စင်ရင် မင်းတို့ရဲ့ ကျင့်ကြံမှုကို မြန်မြန်ဆန်ဆန် ပြန်ရနိုင်စေလိမ့်မယ်"

ယွိထျန်းချန် လူတိုင်းအား ယင်နတ်ဘုရားကျင့်စဥ် လေ့ကျင့်နည်းကို သင်ကြားပေးသည်။

အမတတံတား ဖြစ်ရပ်ပြီးနောက် ဗုဒ္ဓဘာသာငရဲသို့ ကျခဲ့သော ပညာရှင်များကို ကယ်တင်ရန် ဤကျင့်စဥ်ကို ချန်ရှီမှ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ၎င်းက ယင်အဆောင်လက်ဖွဲ့က ဆင်းသက်လာတာကြောင့် သင်ယူရန် မခက်ခဲပါ။

ချန်ရှီအတွက် ယင်နတ်ဘုရားကျင့်စဥ်က နားလည်ရန် လွယ်ကူသောကြောင့် ၎င်းကို ကမ္ဘာငယ်လေးထဲ၌ သိမ်းဆည်းထားခဲ့သည်။ သို့သော် အခြားသူများအတွက်မူ ဝိညာဥ်မှော်ပညာကို နားလည်ရန်မှာ အလွန်ခက်ခဲနေ၏။

ဤကျွမ်းကျင်မှုသည် ကျွမ်းကျင်ရန် အလွန်လွယ်ကူပြီး မရှုပ်ထွေးသော်လည်း ၎င်းသည် မရဏကမ္ဘာတွင် အေးအေးဆေးဆေး လျှောက်လှမ်းဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

လူတိုင်းရဲ့ အခြေအနေ တဖြည်းဖြည်း သက်သာလာတာ မြင်လိုက်ရတော့ ယွိထျန်းချန်လည်း သက်ပြင်းချလိုက်သည်။ သူထိုင်ပြီး သူ့ရိက္ခာကို တိတ်တိတ်လေး စားရင်း ကောင်းကင်မှာ တောက်ပနေတဲ့ လကို မော့ကြည့်လိုက်၏။

"နေက တကယ် ပြန်မထွက်တော့ဘူးလား"

သူ အနည်းငယ် အံသြသွားသည်။

ထိုအချိန်တွင် သူ့ရိက္ခာအိတ်ထဲတွင် ရင်းနှီးသော အရာတစ်ခုကို ခံစားလိုက်ရသည်။ ထုတ်ယူလိုက်တော့ ဒါက သူ့ကိုယ်ပိုင် ကောင်းကင်ဘုံတရားရုံး တံဆိပ်ပြား ဖြစ်နေသည်။ ယွိထျန်းချန် ၎င်းကိုကောက်ယူကာ အသက်သွင်းလိုက်ပြီး သူ့စိတ်လှုပ်ရှားမှုကို မျိုသိပ်ကာ သေးငယ်သော ကမ္ဘာထဲသို့ ဝင်သွားခဲ့သည်။

သေးငယ်သော ကမ္ဘာကလည်း ဘာမှ မပြောင်းလဲဘဲ ပိုမိုမှောင်မိုက်နေခဲ့သည်။

စွန့်ပစ်ခံခဲ့ရ​ပြီ။ သူမှလွဲ၍ တစ်ယောက်မျှမရှိ။

ယွိထျန်းချန် စိတ်ဓာတ် ကျသွားသည်။ ဤဘေးအန္တရာယ်ကို သူတို့ မတားဆီးနိုင်ခဲ့ပေ။ လူ့လောကတွင် အနာဂတ်မရှိနိုင်တော့ပေ။

သူ့နှလုံးသားက မှိန်ဖျော့နေပြီး ဝမ်းနည်းပူဆွေးမှုတွေ အပြည့်ဖြင့် ကောင်းကင်ဘုံတရားရုံးရဲ့ ခြောက်ဌာနကို ဖြတ်လျှောက်ရင်း ဖုတ်ကောင်တစ်ကောင်လို လျှောက်သွား​နေခဲ့သည်။ သူ မသိလိုက်ခင်မှာပဲ ဆေးသုတ်ထားတဲ့ နံရံရှေ့ကို ရောက်သွားသည်။

ပန်းချီကားပေါ်တွင် ကမ္ပည်းစာတန်းကို စိုက်ကြည့်ရင်း နှလုံးက တုန်လာသည်။

"မျှော်လင့်ချက်ရှိနေသရွေ့ အနာဂတ်ဆိုတာ ရှိကိုရှိရမယ်!"

သူ့တာအိုနှလုံးသားထဲမှာ မီးတောက်တစ်ခု လောင်ကျွမ်းသွားသလိုပါပဲ။ မီးတောက်က အားနည်းနေတဲ့ စိတ်ဓာတ်ကို ပြန်လည် ရှင်သန်လာစေပြီး တိုက်ပွဲဝင်ချင်တဲ့ စိတ်ဓာတ်တွေကို တစ်ဖန်ပြန် ဖြည့်​ပေးလိုက်သလိုပဲ။

"ကောင်းကင်ဘုံကို တိုက်ခိုက်ခြင်းက အကန့်အသတ်မရှိတဲ့ ပျော်ရွှင်မှုပဲ!"

ယွိထျန်းချန်သည် နံ့သာပြာ လက်တစ်ဆုပ်စာကို ကိုင်လိုက်ပြီး ချန်ရှီရဲ့ လက်ရေးအောက်မှာ ဆက်ရေးလိုက်သည်။

"ငါ အသက်ရှင်နေသေးလို့ ကောင်းကင်ဘုံက ကျောက်စိမ်းယုန် ယွိထျန်းချန်... စာတစ်စောင် ရေးခဲ့တယ်!"

သူသည် ရှည်လျားသော အသက်ရှူသံကို ရှူထုတ်လိုက်သည်။ စိတ်ဓာတ်ကျနေရာမှ နိုးထကာ ရည်မှန်းချက် ပြင်းပြစွာဖြင့် သေးငယ်သော ကမ္ဘာထဲမှ လှည့်ထွက်လာခဲ့သည်။

ထိုက်ဟွာတောင်၊ ထိုက်ဟွာချင်းယန် နန်းတော်။

တာအိုချောင်ယင်သည် ပြိုကျနေသော မြေနှင့် တောင်များကို စိုက်ကြည့်ရင်း လက်များ တုန်နေသည်။

ထိုက်ဟွာတောင်က တောင်ထွတ် ၂၈ တောင်နှင့် ရှစ်ဆယ့်ရှစ်နတ်ဆိုးတောင်ထိပ်များသည် ယခုအခါ ဆယ်ဆကျော် တိုးလာခဲ့ပါ​ပြီ။ သရဲနတ်များ၊ နတ်ဆိုးများနှင့် တစ္ဆေနတ်မျာ၏ တန်ခိုးသည် ထိုက်ဟွာချင်းယန် နန်းတော်ထက်ကို သာလွန်လာသည်။

နန်းတော်သည် ယိုးကျိုးကို မပြောနှင့် ၎င်း၏ စွမ်းအားဖြင့် သို့မဟုတ် ထိုက်ဟွာတောင်၏ မူလနယ်မြေကိုပင် မကာကွယ်နိုင်တော့ပေ။

"မျိုးဆက်အားလုံးရဲ့ ဘိုးဘေးတို့ ကျေးဇူးပြုပြီး ဘိုးဘေးတို့ရဲ့ မှော်အစွမ်းတွေကို ပြသ​ပေးပါ!"

တာအိုချောင်ယင် နံ့သာပေါင်းကို မီးရှို့လိုက်သည်။

"ထိုက်ဟွာကို ကာကွယ်လို့ ပြည်သူကိုလည်း ကာကွယ်​ပေးပါ!"

ဘိုးဘေးများ၏ ရုပ်ပွားတော်များကို အဆက်မပြတ် ရွတ်ဆိုသော်လည်း တုံ့ပြန်မှု မရရှိခဲ့ပေ။

ထိုအချိန်တွင် တောင်ပေါ်မှ ရုန်းရင်းဆန်ခတ် အရှိန်အဝါများ ထွက်ပေါ်လာသည်။ တာအိုချောင်ယင်လည်း ချင်းယန် နန်းတော်ထဲက ထွက်လာပြီး ကြည့်လိုက်ရာ ရုတ်တရက် အနီရောင်တောက်နေသော နေရောင်သည် ဘိုးဘွားအုတ်ဂူရှိရာ တောင်တန်းများဆီမှ ခုန်ဆင်းကာ တောင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။ တောင်ပေါ်မှာ ပြည့်နေသော သရဲနှင့် နတ်ဆိုးများမှာ မတိုက်ခိုက်ရဲတော့ဘဲ မဝံ့မရဲ ဆုတ်ခွာသွားကြသည်။

"တာအိုထျန်းကျန်း?"

တာအိုချောင်ယင်လည်း ထိတ်လန့်သွားပြီး ဘိုးဘွားအုတ်ဂူသို့ အမြန် ပြေးသွားခဲ့သည်။

ထိုနေရာတွင် တာအိုထျန်းကျန်း၏ ခိုအောင်းနေသော ဝိညာဉ်သည် တရွေ့ရွေ့ဖြင့် တည်ရှိနေကာ သူရဲ့စွဲလမ်းမှုက ဆက်လက် တည်ရှိနေသေးသည်။ ယွိလင်ကျစ်ဟာ တာအိုထျန်းကျန်းကို စောင့်ကြပ်နေပြီး သူ့အတွက် နံ့သာပေါင်းကိုပါ မီးရှို့နေသည်။

"ဆရာကြီးချောင်ယင်... စစ်မှန်တဲ့ ဘုရင်ကြီး လက်ထက်ကတည်းက ဒီကမ္ဘာပေါ်မှာ ငါ့ရဲ့ စိတ်ဝိညာဥ်က တသွေမတိမ်း စွဲမြဲနေခဲ့တယ်... အခုလည်း အဲဒီအခိုက်အတန့်ကို ပြန်ရလာခဲ့တာ ဖြစ်နိုင်တယ်"

တာအိုထျန်းကျန်းသည် ကျယ်ပြောလှသော လေထုကြီးထဲတွင် အလင်းရောင်များဖြင့် ပြုံးပြနေ၏။

"ငါ့ရဲ့ နောက်ဆုံးကျန်ရှိတဲ့ ရောင်ခြည်တော်က ကမ္ဘာလမ်းကို လင်းထိန်စေပြီး ဘိုးဘေးတွေရဲ့ အမွေအနှစ်ကို ကာကွယ် စောင့်ရှောက်သွားမယ်"

တာအိုချောင်ယင်လည်း လေးလေးနက်နက် ဦးညွှတ်ကာ မျက်ရည်များ မြေကြီးအထိ ကျဆင်းလာခဲ့သည်။

တာအိုထျန်းကျန်းကိုသတ်ဖို့ မကောင်းဆိုးဝါးဓားကို ဆင့်ခေါ်ခဲ့တဲ့သူက သူတို့ဘိုးဘေး ဖြစ်ပေမယ့် တာအိုကလေးဟာ ထိုက်ဟွာချင်း နန်းတော်ကို ကာကွယ်ရင်း သေသွားရင်တောင် ဂရုမစိုက်နေချေ။

ယွိလင်ကျစ် မတ်တပ်ထရပ်ပြီး :"ဆရာကြီး... ဘိုးဘေးထျန်းကျန်း ကိုယ်တိုင်ကလည်း မကောင်းဆိုးဝါး စွမ်းအင်တွေ ပြည့်နှက်နေတာ... သူအမြဲတမ်း ဆုပ်ကိုင်ထားလို့ မရဘူး အရေးအကြီးဆုံး အလုပ်က အနီးနားက လူတွေကို အစွမ်းကုန် ကယ်တင်ဖို့ပဲ"

တာအိုချောင်ယင်လည်း သဘောတူလိုက်လေ၏။ သူ့နှလုံးသားက ကမောက်ကမ ဖြစ်ခဲ့ရပေမယ့် အခုတော့ တဖြည်းဖြည်း သတိပြန်ဝင်လာပါပြီ။ သူသည် တောင်ပေါ်၌ ကျင့်ကြံနေသော တာအိုဝါဒီများကို ချက်ချင်းခေါ်ပြီး ယိုးကျိုးက လူများကို ကယ်တင်ရန်အတွက် ဆင်းလာရန် အမိန့်ပေးခဲ့သည်။

ယွိလင်ကျစ်က ကျန်းဝူကျူးရှဲ့ဓားကို ထုတ်ယူလိုက်သည်။

"ကျနော်တို့ ထိုက်ဟွာတောင်ပေါ်မှာ ထိုင်​နေလို့မရဘူး... ကျနော်တို့က အစပြုပြီး ပတ်ဝန်းကျင်က နတ်ဆိုးတွေနဲ့ တ​စ္ဆေနတ်ဘုရားတွေကို နှိမ်နင်းရမယ်!"

တာအိုချောင်ယင် တုံ့ဆိုင်းသွားခဲ့သည်။

"ဒါပေမဲ့... နတ်ဆိုးတွေနဲ့ နတ်ဘုရားတွေက အရမ်းအစွမ်းထက်တယ်!"

.ယွိလင်ကျစ်: "ချင်းယန်နန်းတော်မှ တာအိုကျင့်ကြံသူ ဆယ့်ရှစ်ယောက်က ကူရှင်းပြည်နယ်ကို ဖြိုခွင်းတဲ့အချိန်တုန်းက သူတို့ရော ကြောက်နေကြရဲ့လား?"

"ငါ မင်းနဲ့လိုက်ခဲ့မယ်!"

သူတို့နှစ်ဦးသည် ချင်းယန်နန်းတော်၏ သခင်များကို ခေါ်ကာ ကျန်းဝူကျူးရှဲ့ဓား၏ စွမ်းအားဖြင့် တောင်များကို ဖြတ်ကျော်ကာ တိုက်ပွဲဝင်ခဲ့ကြသည်။

ထိုက်ဟွာတောင်အနီးရှိ တောင်တန်းများ လုံးလုံး ပြိုပျက်သွားသောအခါတွင် တာအိုချောင်ယင်မှာ မောပန်းနွမ်းနယ်ကာ ထပ်မံတိုက်ခိုက်နိုင်စွမ်း မရှိ​တော့ပေ။ သူတို့ဘက်က တာအိုဝါဒီ အများအပြားလည်း တိုက်ပွဲတွင် ကျဆုံးခဲ့သည်။ ယွိလင်ကျစ်သည် ကျောင်းအုပ်ချောင်ယင်ကို တောင်ပေါ်သို့ ပြန်ခေါ်ကာ ဓားကိုလည်း ယဇ်ပလ္လင်ပေါ် ပြန်တင်၍ ဦးညွှတ်လိုက်သည်။

သူသည် စိတ်အေးလက်အေး တောက်ပနေသော တောင်များပေါ်မှ နေရောင်ကို ငေးကြည့်ရင်း အတွေးထဲ ပျောက်ကွယ်သွားသည်။

တာအိုထျန်းကျန်း အချိန်အကြာကြီး တောင့်ခံမည် မဟုတ်ကြောင်း သူသိသည်။ တစ်နေ့မှာ တာအိုထျန်းကျန်း မထိန်းနိုင်တော့ဘဲ နေထွက်ခဲ့မယ်ဆိုရင် ချင်းယန်နန်းတော်နဲ့ အကာအကွယ်ပေးတဲ့ လူတွေအတွက် ဆိုးရွားတဲ့ ဘေးအန္တရာယ်တစ်ခု ဖြစ်လာမှာကို ကြောက်ရလေသည်။

ယွိလင်ကျစ် သက်ပြင်းချလိုက်ပြီး ကောင်းကင်ဘုံတရားရုံး အမိန့်ပြားကို အသက်သွင်းလိုက်သည်။ ကမ္ဘာငယ်လေးထဲ၌ သူမှလွဲ၍ အခြားမည်သူမျှမရှိပေ။

သူသည် အတွေးထဲ နစ်မွန်းနေရာမှ နံရံဆေးရေးဘက်သို့ မသိလိုက်ဘဲ ရောက်လာခဲ့သည်။ သူ့ရှေ့က ပန်းချီကားကို ခဏလောက် ကြည့်ပြီးနောက် ပြုံးလိုက်သည်။ နံ့သာပြာပြာ လက်တစ်ဆုပ်စာလောက်ကို ကိုင်ဆွဲလိုက်၏။

"ဒီခန္ဓာကိုယ်က နံစော်နေတဲ့ အခွံပဲ ဒါပေမယ့် သေပြီးချိန်မှာတောင် ငါ့ရဲ့ ထက်မြက်တဲ့ စိတ်ဓာတ်က ကျန်ရှိနေမှာပါ... ကောင်းကင်ဘုံ တာအိုဆရာကြီး ယွိလင်ကျစ်က ဒီသတင်းစကားကို ချန်ထားခဲ့သည်"

All Chapters