ဆရာတူအစ်ကိုကြီးနဲ့ ရန်ပိ
Vol. 28 Ch. 403
အထက်ကမ္ဘာတွင်။
ကောင်းကင်ယံ၌ နတ်ဘုရားနှစ်ထောင်နီးပါးသည် ဤကျယ်ပြောလှသော ကမ္ဘာ၏အစွန်းတွင် ရပ်နေကြပြီး တစ်ယောက်စီသည် ၎င်းတို့၏ ကျယ်ပြောလှသော အတုအယောင်နယ်မြေကြီးကို ထိန်းချုပ်ကာ ပြင်ပလှုပ်ရှားမှုများကို ဂရုတစိုက် စောင့်ကြည့်နေကြသည်။
မိသားစု ဆယ့်သုံးစု၏ ဘိုးဘေးများသည်လည်း အလွန်အမင်း တုန်လှုပ်သွားကာ ပျက်ပြယ်သွားကာ အထက်ကမ္ဘာကြားရှိ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေကြသည်။
ပြောင်းလဲမှုက ပို၍ပင် အစွမ်းထက်လှပြီး အထက်ကောင်းကင်ဘုံ၏ အရှေ့၊ တောင်၊ အနောက်၊ မြောက်တို့ကို ထိုးဖောက်ဝင်ရောက်ကာ အထက်ကောင်းကင်က နယ်နိမိတ်မျဥ်းအနား တိုးကပ်လာသည်။
စိတ်အပူဆုံးသူက သူတို့ကိုယ်သူတို့ မဟုတ်ဘဲ ရန်ပိကိုပင်။
ဤအခိုက်အတန့်တွင် သူသည် ကွက်လပ်ကျယ်ကျယ်ရှိ ယင်ယန်တံတားပေါ်တွင် ရပ်နေလေသည်။ တံတားအောက်တွင် ယင်နှင့်ယန်ဘုံကြားရှိ ဆည်းဆာမျဉ်းကို ခင်းထားသည်။ ဤတံတားသည် ရှီးကျင်းက အမတကောင်းချီးတံတားမြေက အမတတံတားနှင့် ဆင်တူသော သေခြင်းရှင်ခြင်းတံတား ဟုခေါ်သည်။
အခြားသူများသည် ကောင်းကင်ထက်မှ စစ်မှန်သော နတ်ဘုရားများ၏ မျက်လုံးများကို ကြည့်နေချိန်တွင် ရန်ပိကတော့ ယင်နှင့်ယန်ဘုံကြားရှိ ဆည်းဆာမျဉ်းကို အာရုံစိုက်နေခဲ့သည်။ ဆည်းဆာမျဉ်းသည် လှိုင်းပုတ်ခြင်း သို့မဟုတ် စည်းချက်အကများကဲ့သို့ ညင်သာစွာ လှိုင်းထနေကာ အမှန်တကယ် စွဲမက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုမျိုး ဖြစ်နေသည်။
ယင်နှင့်ယန် ဘုံများ ပေါင်းစပ်သွားစဉ် အာကာသ အချိန်တုန်ခါမှု ကြိမ်နှုန်းကို တွက်ချက်ရန် ဤတုန်ခါမှုကြိမ်နှုန်းကို အသုံးပြု၍ ဤဆည်းဆာမျဉ်းကို အကြိမ်ပေါင်းများစွာ လေ့လာကြည့်ရှုနေခဲ့သည်။
နေလုံးကြီး ငြိမ်းသွားပြီး ယင်နှင့် ယန်ဘုံတို့ ပေါင်းစပ်မှုသည် အာကာသအချိန်ကို လှုပ်ခတ်သွားစေမည့် ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။
ယခင်က အထက်ကမ္ဘာသည် စိတ်ပျက်ဖွယ်ကုန်းစောင်းက ဘာမှ မသိနိုင်အောင် ဖုံးကွယ်ထားနိုင်ခဲ့သော်လည်း နယ်ပယ်နှစ်ခု၏ ပေါင်းစပ်မှုသည် မလွဲမသွေ ဖော်ထုတ်ခံရတော့မှာ ဖြစ်သည်။ အထက်ကမ္ဘာ၏ အတုအယောင်နယ်မြေ အားလုံးကို ဤပေါင်းစပ်မှုနှင့်အတူ တပြိုင်နက် ထိန်းချုပ်ထားရာ ဆက်လက် တုန်ခါနေပါက ပုန်းအောင်းဖို့ မဖြစ်နိုင်တော့ချေ။
ရန်ပိ ဒီအချက်ကို တွက်ချက်ထားပြီးသားပါ။ ဒါပေမဲ့ သူဟာ ပြီးပြည့်စုံမှုနဲ့အတူ တွန်းအားပေး ခံခဲ့ရပြီး အမှားတစ်ခုမှ မကျူးလွန်ချင်ပါဘူး။ သူလုပ်မိတဲ့ အမှားတစ်ခုက အထက်ကမ္ဘာအတွက် ဘေးဥပဒ်တစ်ခု ဖြစ်သွားစေနိုင်သည်။
ထိုအချိန်တွင် ကောင်းကင်ထက်မှ စစ်မှန်သောနတ်ဘုရား၏ မျက်လုံးများ မှိန်သွားခဲ့သည်။
ရန်ပိရဲ့ စိတ်ဓာတ်တွေ ထိုးတက်လာသည်။
"စပြီ!"
လှိုင်းထန်နေသော ဆည်းဆာလိုင်းကို စေ့စေ့ စိုက်ကြည့်မိသည်။ ယင်နဲ့ယန်ဘုံများသည် ဤတုန်လှုပ်နေသော ကြိမ်နှုန်းအတိုင်း ပေါင်းစပ်ကာ အာကာသအချိန်ကိုလည်း ၎င်းတို့နှင့်အတူ တုန်ခါလာစေသည်။
"ငါတွက်ထားတဲ့အတိုင်းပဲ!"
ရန်ပိ သက်ပြင်းချကာ အထက်ကမ္ဘာကို မော့ကြည့်လိုက်သည်။ ဘိုးဘေးများသည် ၎င်းတို့၏ ကျယ်ပြောလှသော နယ်ပယ်အသီးသီးကို ချုပ်ကိုင်ထားသည်ကို မြင်တွေ့ခဲ့ရပြီး အထက်ကမ္ဘာ တစ်ခုလုံးသည် အရှိန်အဟုန်ဖြင့် တုန်ခါသွားကာ အပြစ်အနာအဆာများကို ထုတ်ဖော်ပြသလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ယင်နဲ့ယန် နယ်မြေအတွင်းက မရေမတွက်နိုင်သော ကောင်းကင်နားစွင့်သူများသည် ကောင်းကင်နှင့်မြေကြီးကို စိုက်ကြည့်နေကြသည်။ ကောင်းကင်နားစွင့်သူ ကျွင်းဝမ်အဆင့်နဲ့ ကျွင်းကျူအဆင့်တို့သည် ယင်နှင့် ယန်ဘုံတို့ ပေါင်းစည်းလိုက်သကဲ့သို့ လောကရှိ လှုပ်ရှားမှုတိုင်းကို နားထောင်၍ မိမိတို့၏ နတ်တစ္ဆေနယ်မြေကို အဆုံးစွန်ထိ လွှတ်ချခဲ့ကြသည်။
လက်ထဲတွင် စုတ်တံနှင့် စာရွက်ကို ကိုင်ဆောင်ကာ ယင်နဲ့ယန်ကမ္ဘာ ပေါင်းစပ်မှုတွင် ၎င်းတို့၏ လေ့လာတွေ့ရှိချက်များနှင့် အတွေ့အကြုံများကို မှတ်တမ်းတင်ကာ လျင်မြန်သော လေအဟုန်များဖြင့် ရေးသားနေခဲ့သည်။
များမကြာမီ ဤမှတ်တမ်းများသည် အမိန့်ပေးသည့် ကွင်းဆက်သို့ ရောက်ရှိသွားသည်။ တမန်တော်များက ကွဲလွဲမှုများကိုစီရင်၍ ကျွင်းကျီအဆင့်ထံသို့ ပြန်ကြားပေးဖို့ သင်းထောက်များက အစီရင်ခံကြရ၏။ ကွဲလွဲချက်များမရှိပါက စာရွက်အလွတ်တစ်ရွက်ကို တင်ပြရမည်။
ကျွင်းကျီတို့သည် အချက်အလက်များကို စုဆောင်း၍ စီစစ်ကာ သာမာန်အချက်အလက်များကို စစ်ထုတ်ကာ ကွဲလွဲချက်များကို မှတ်တမ်းတင်ပြီးမှ ကျွင်းဝမ်ထံ အစီရင်ခံကြသည်။ ထို့နောက် ကျွင်းဝမ်သည် အချက်အလက်များကို ထပ်မံ ခွဲခြမ်းစိပ်ဖြာ၍ ကျွင်းကျူထံသို့ တင်ပြသည်။
ယင်နဲ့ယန်ဘုံတွင် ဒေသ ၁၀၄ ခု ရှိပြီး တစ်ခုစီတွင် ကျွင်းကျူတစ်ပါး ရှိသည်။
ဤကျွင်းကျူတို့သည် ကြယ်နှင့်လတို့ တပြိုင်နက်တည်း တောက်ပနေသော မေ့လျော့ခြင်းမြစ်များ အားလုံး ပေါင်းဆုံရာ နေရာဖြစ်သော နိုင်ဟယ်တံတားသို့ ရောက်နေကြသည်။
ဤတံတားသည် မေ့လျော့ခြင်းမြစ်ကို ဖြတ်ကျော်ကာ အကန့်အသတ်မရှိပေ။ မြေအောက်ကမ္ဘာက စေတမန်များ၏ ကူးတို့လှေများက မြစ်ပေါ်ကနေ ဖြတ်သွားကြသည်။
တံတားအောက်တွင် အခါအားလျော်စွာ တုန်ခါသွားကာ သံကြိုးသံများ တချွင်းချွင်း မြည်နေသည်။ သံကြိုးများက ခေါင်းတလားကို ချည်နှောင် ချိတ်ဆွဲထားသည်။
တံတားပေါ်တွင် တင်းကုပ်တစ်ခုရှိပြီး ကျွင်းကျူ ၁၀၄ ပါးသည် တံတားပေါ်သို့ ပျံဆင်းလာခဲ့သည်။ ၎င်းတို့၏ ကွဲလွဲချက်များ မှတ်တမ်းများကို စျေးဆိုင်ပိုင်ရှင်ထံ တစ်ယောက်ပြီးတစ်ယောက် လွှဲပြောင်းပေးနေကြသည်။
ဆိုင်ပိုင်ရှင်မှာ မျက်နှာဝိုင်းဝိုင်း၊ ချိုမြိန်ပြီး ချစ်စရာကောင်းသော အပြုံးနှင့် သဘာဝကလေးနှင့်တူသော လှပသော မိန်းမပျိုလေး ဖြစ်သည်။ သူမသည် ထန်မင်းဆက်ခေတ် ရောင်စုံအဝတ်အစားများ- ပွင့်လင်းမြင်သာသော၊ အရောင်မဲ့ အပြင်ဘက်အဝတ်နှင့် အရောင်တောက်တောက်သော အတွင်းခံအ၀တ်များကို ၀တ်ဆင်ထားသည်။
ထိုမိန်းကလေးမှာ စိတ်ပျက်ဖွယ်ကုန်းစောင်းက တပည့် ဝမ်းဝူယွီ ဖြစ်ပြီး မရဏနိုင်ငံရေးရာတွင် အထူးပြု စုံစမ်းသူပင်။
သူမသည် အံ့အားသင့်စရာကောင်းသော စွမ်းဆောင်ရည်ဖြင့် ကျွင်းကျူ ၁၀၄ ပါးမှ စုဆောင်းရရှိထားသော အချက်အလက်များကို အလျင်အမြန် စီစဥ်ခဲ့သည်။ ခဏရပ်ပြီးနောက် သူမသည် စာရွက်တစ်ရွက်ကို ဆွဲထုတ်ကာ မတ်တပ်ထရပ်ပြီး နိုင်ဟယ်တံတား ဦးခေါင်းဆီသို့ အမြန်လျှောက်သွားခဲ့သည်။
လူငယ်များစွာသည် တံတားဦးခေါင်းတွင် ရပ်ကာ အမြဲစီးဆင်းနေသော မေ့လျော့ခြင်း မြစ်ကို ငေးကြည့်နေကြသည်။
"ဆရာတူအစ်ကိုကြီး... ငါရှင်းပြီးပြီ..."
ဝမ်းဝူယွီသည် စာရွက်ကို ခရမ်းရောင် ၀တ်ထားတဲ့ လူငယ်လေးဆီ ထုတ်ပေးလိုက်သည်။ ထိုလူက အံ့သြသွားဟန်ဖြင့် လှမ်းယူလိုက်၏။ စာရွက်က လုံးဝဗလာ၊ စာရွက်အလွတ်တစ်ရွက်၊ ဘာစာမှ မရေးထားဘူး။
အနီးနားတွင် ယခင်က ချန်ရှီနှင့်တွေ့ဖူးသော ကျွမ်းဝူကျို့လည်း ပဉသည်။ သူက စာရွက်ကို တအံ့တသြနဲ့ စိုက်ကြည့်ရင်း အံ့အားသင့်စွာ မေးလိုက်သည်။
“အငယ်တန်းညီမဝမ်း... မိသားစု ၁၃စု မှာ ဘာအပြစ်အနာအဆာမှ မရှိဘူးလို့ပြောနေတာလား”
ဝမ်းဝူယွီ: "ကောင်းကင်နားစွင့်တဲ့ တမန်တော်၊ သင်းထောက်၊ ကျွင်းကျီ၊ ကျွင်းဝမ်နဲ့ ကျွင်းကျူတွေက ယင်နဲ့ယန် နှစ်ခုလုံး ပေါင်းစည်းလိုက်တာကို တပြိုင်နက်တည်း သတိပြုမိကြတယ်.. ချို့ယွင်းချက်တစ်ခုမှ မတွေ့ခဲ့ရဘူးတဲ့!"
ခရမ်းရောင်ဝတ်စုံဝတ် လူငယ်လေးသည် ကောင်းကင်ကို အံ့သြထိတ်လန့်စွာ မော့ကြည့်လိုက်သည်။
"မိသားစုဆယ့်သုံးစုရဲ့ ဘိုးဘေး ဆယ့်သုံးပါးက အားလုံးက ထူးချွန်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပေမယ့် တစ်ယောက်ချင်းစီမှာ အားနည်းချက်တွေ ရှိတယ်... အဲဒါကို မျိုးဆက်တစ်လျှောက်လုံးရဲ့ ဂိုဏ်းဆရာတွေ ပေါင်းပြီးတော့ တွက်လိုက်ရင် ချို့ယွင်းချက်တွေက ပိုလို့တောင် များသေးတယ်... ဒီလူတွေက သဲလွန်စတွေ မထုတ်ဖော်ပြောမိဖို့ ဆိုတာ မဖြစ်နိုင်ဘူး တစ်ယောက်ယောက်က သူတို့ကို ရှေ့ကနေ လမ်းညွှန်ပေးနေတာ ဖြစ်ရမယ်... အဲဒီလူက စိတ်ပျက်ဖွယ်ကုန်းစောင်းနဲ့ မိသားစုဆယ့်သုံးစုရဲ့ ကြားမှာ လွှမ်းမိုးနေတာ..."
ခရမ်းရောင်ဝတ်ထားသည့် လူငယ်သည် စိတ်ပျက်ဖွယ်ကုန်းစောင်းက အကြီးဆုံးအစ်ကို ကျုံးဝူဝမ့် မှလွဲ၍ အခြားသူမဟုတ်ပေ။ စိတ်ပျက်ဖွယ်ကုန်းစောင်းမှာရှိတဲ့ ဒီတပည့်မျိုးဆက်အားလုံးမှာ ဝူကို နာမည်ပေးထားပြီး ဝူဝမ့်က ပထမဆုံးဖြစ်သည်။ နောက်မှ ဝူကျို့ပင်။ ယင်းတို့အပြင် ဝူချောင်၊ ဝူဟွေ၊ ဝူကျောင်၊ ဝူကျီ၊ ဝူရှဲ့နှင့် ဝူယွီတို့လည်း ရှိသေးသည်။
ကျုံးဝူဝမ့်သည် ဂိုဏ်းထဲသို့ ပထမဆုံးဝင်ရောက်ခဲ့သောကြောင့် မဟုတ်ဘဲ အပြင်းထန်ဆုံးသောကြောင့် အကြီးတန်းတပည့် ဖြစ်လာခဲ့သည်။
ကျုံးဝူဝမ့် : "သူက အမတမြို့မှာ ဆရာတူညီမလေးဝမ်းကို ရှာတွေ့နိုင်တယ်... မိသားစုဆယ့်သုံးစုကို ငါတို့ရဲ့ ရှာဖွေမှုကနေ လွတ်မြောက်အောင်လည်း ကူညီပေးနိုင်တယ် အဲဒီလူက ဘယ်သူဖြစ်နိုင်မလဲ"
ဤအခိုက်အတန့်တွင် သူသည် မျက်လုံးတစ်စုံကို အာရုံပြုမိလိုက်သကဲ့သို့ သူ့မျက်ခုံးများက အနည်းငယ် ကျယ်လာသည်။ လှည့်ကြည့်လိုက်ပြီး သူ့နောက်ကွယ်က ကွက်လပ်ကို ငေးကြည့်ရင်း သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာ၏။
အထက်ကမ္ဘာက ရန်ပိသည် ဝူဝမ့်ကို မတွေ့ဆုံဘဲ အကြည့်ကို ဆုတ်လိုက်သည်။
ကျုံးဝူဝမ့် ပြုံးပြီး ပြောလိုက်သည်။
"စိတ်ဝင်စားဖို့ ကောင်းတယ်... အငယ်တန်း ညီအကို မောင်နှမတွေ စိတ်ပျက်ဖွယ်ကုန်းစောင်းဆီ အမြန် ပြန်ဆုတ်ကြ!"
ဝမ်းဝူယွီ၊ ကျွမ်းဝူကျို့ နှင့် အခြားသူများ အံ့ဩသွားကြသည်။
ကျုံးဝူဝမ့်: "မိသားစုဆယ့်သုံးစုထဲက အဲဒီကောင်လေးက ငါတို့ကို ရှာတွေ့သွားပြီ... သူက ငါ့ကိုသတ်ဖို့ သူ့အစွမ်းရှိသမျှ အသုံးချလိမ့်မယ်... ပြီးတော့ ဒီအခွင့်အရေးကို ငါလည်း သုံးလို့ရတယ် မြန်မြန် သွားတော့ မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်"
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကုန်သည်။
ဝမ်းဝူယွီလည်း သူမ၏ တင်းကုပ်ရှိရာသို့ ရောက်ရှိလာပြီး စာရွက်များထဲမှ စိုက်ကြည့်လိုက်သည်။ ယင်တောင်တန်းကနေ ချန်ရှီနှင့်ပတ်သက်သော ကွဲလွဲချက်တစ်ခုကို မှတ်တမ်းတင်ထားခဲ့သည်။ သူမ ဘာမှ မပြောဘဲ စာရွက်ကို လွှင့်ပစ်လိုက်ပြီး အမြန်ထွက်သွားခဲ့သည်။
တစ်ဖက်မှာတော့ ရန်ပိသည် ကျောက်စိမ်းကောင်းကင်သို့ ရောက်ရှိလာပြီး အသက်ကြီးသူ ဘိုးဘေး ဆယ့်သုံးပါးအား ဂါဝရပြုလိုက်သည်။
"ဘိုးဘေးတို့... စိတ်ပျက်ဖွယ်ကုန်းစောင်းက ဧည့်သည်တွေကို တွေ့ပြီးပါပြီ... သူတို့ထဲက တစ်ယောက်ကို ညွှန်ပြပြီးပြီ... အဲဒီလူက တာအိုသန္ဓေသားကို ရယူတဲ့သူပဲ ဖြစ်ရမယ် သူ့ကို ဖမ်းနိုင်ရင် စိတ်ပျက်ဖွယ်ကုန်းစောင်းက ထူးခြားတဲ့ နည်းပညာတွေတောင်မှ အကုန်လုံးကို လေ့လာနိုင်လောက်တယ်"
ထိုစကားကြောင့် ဘိုးဘေး ဆယ့်သုံးပါးလုံး တုန်လှုပ်သွားကြသည်။ ကျိုင်မိသားစု၏ ဘိုးဘေး ကျိုင်ကျုံးမင်က မေး၏။
"မင်း သူ့ကို ဘယ်လိုရှာတွေ့တာလဲ"
ရန်ပိ: "ကောင်းကင်နားစွင့်သူတွေရဲ့ လှုပ်ရှားမှုတွေက နေရာအသီးသီးမှာ ရှိပါတယ်... တမန်တော်တွေကနေ သင်းထောက်တွေအထိ၊ ပြီးတော့ ကျွင်းကျီ၊ ကျွင်းဝမ်၊ ကျွင်းကျူတွေအထိ... နောက်ဆုံးတော့ သူတို့ရဲ့ ခေါင်းဆောင်ကို ကျနော် ရှာတွေ့ခဲ့ပါတယ်... ကောင်းကင်နားစွင့်သူ အားလုံးက အဲဒီလူကို သတင်းပို့တယ်... စိတ်ပျက်ဖွယ်ကုန်းစောင်း လူတွေက အရမ်းလျှို့ဝှက်ပေမယ့် ရှာရတာလည်း မခက်ပါဘူး..."
ရှကုန်းကျင် : "အဲဒီလူက တာအိုသန္ဓေသား ယူထားတဲ့လူ ဖြစ်ရမယ်လို့ မင်းဘယ်လိုလုပ် သိတာလဲ"
ရန်ပိ: "ရှင်းရှန်မှာ တာအိုသန္ဓေသားကို ရိတ်သိမ်းဖို့ စိတ်ပျက်ဖွယ်ကုန်းစောင်းကနေ တပည့် သုံးယောက်လာတယ်... ကျွန်တော် ဝမ်းဝူယွီကို အမတမြို့ထဲက တွန်းထုတ်ပြီး ကျွမ်းဝူကျို့ကို သက်ရှိကမ္ဘာမှာ တွေ့ပေမယ့် နှစ်ယောက်လုံးက တာအိုသန္ဓေသားကို မရခဲ့ကြပါဘူး။ ဒါကြောင့် ရသွားတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်က ဝူဝမ့်ပဲ ရှိပါတယ်... ကျန်းယိုးလည်း အဲဒီလူကို တွေ့ဖူးတယ်..."
ဘိုးဘေးများက ခေါင်းညိတ် သဘောတူကြသည်။
"သူတစ်ယောက်တည်း ရှိနေချိန်မှာ ငါတို့ သူ့ကိုသတ်လို့ရတယ်..."
ရန်ပိ: "တာအိုသန္ဓေသားကို ရထားတဲ့ အဲဒီလူက စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ အကြီးဆုံး ဆရာတူအစ်ကို ဖြစ်ရမယ်... အားလုံးက သူ့ပုံစံနဲ့သူ သွားနေပုံရပြီး ဘာမှဖြစ်မလာဘူး... ဒီအတိုင်းသာ ဆက်သွားရင် သူက မာနကြီးပြီး စိတ်မရှည်တော့ဘူး ဖြစ်လာမယ်... သူ ကျနော့်အကြည့်ကို သတိထားမိပြီး သတ်တော့မယ်ဆိုတာ သိပေမယ့် ထွက်ပြေးမယ့်အစား သူ့ကို သတ်ဖို့ အခွင့်အရေး ပေးလာခဲ့တယ် သူ့အစွမ်းအစက တာအိုသန္ဓေသားကြောင့် မဟုတ်ဘဲ သူ့ကိုယ်ပိုင်ကြိုးစားမှုနဲ့ အရည်အချင်းကြောင့်ဖြစ်ကြောင်း သက်သေပြချင်နေတာမို့ အဲဒီလူကို သတ်ပစ်ဖို့ အကြီးအကဲတွေကို မေတ္တာရပ်ခံပါတယ်..."
မိသားစုသုံးစုမှ ဘိုးဘေးသုံးဦးတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဖေ့မိသားစုရဲ့ ဘိုးဘေး ဖေ့ကျစ်ချုံက မတ်တပ်ထရပ်ပြီး ရယ်မောလိုက်သည်။
"မင်းတို့က မျိုးဆက်သစ်တွေကို အနိုင်ကျင့်တယ်လို့ အပြောမခံချင်ရင် ငါကပဲ လူဆိုးလုပ်လိုက်မယ်... ငါ သူ့ကို သွားသတ်ပစ်မယ်"
ရန်ပိ: "ဖေ့မိသားစုကအပြင် ဘိုးဘေးကုနဲ့ ဘိုးဘေးယန်ကိုလည်း ကျနော်တို့နဲ့ ပူးပေါင်းခိုင်းချင်ပါတယ်"
ဖေ့ကျစ်ချုံက စိတ်မချမ်းသာစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"ငါက ကျုံးဝူဝမ့်နဲ့ မယှဉ်နိုင်မှာကို မင်းက စိုးရိမ်နေတာလား "
သူသည် အမတ အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။ သူပျော်တဲ့အခါ ကောင်းကင်က ကြည်လင်လာပြီး ဒေါသဖြစ်တဲ့အခါ မိုးကြိုးပစ်လိမ့်မည်။ သူစိတ်ခံစားမှုများသည် အမှန်တကယ် ကြောက်စရာကောင်းသည့် အတွက် သက်ရှိကမ္ဘာကို နှောင့်ယှက်နိုင်သည်။
"ကျွန်တော် ဘိုးဘေးဖေ့ရဲ့ ခွန်အားကို သံသယမ၀င်ပါဘူး.... ဒါပေမယ့် သတိထားဖို့တော့ ကြိုးစားရမှာမို့ပါ...."
ဖေ့ကျစ်ချုံက အော်ဟစ်ပြီး ထွက်သွားသည်။ ရန်ပိသည် အေးဆေး တည်ငြိမ်သော အမူအရာဖြင့် ယန်မိသားစုမှ ဘိုးဘေး ယန်ဝေကျုံးနှင့် ကုမိသားစုက ဘိုးဘေး ကုထုံဆီကို ဦးညွှတ်လိုက်သည်။
"ကျေးဇူးပြုပြီး ဘိုးဘေးယန်နဲ့ ဘိုးဘေးကုကိုလည်း သက်ရှိကမ္ဘာကို ဆင်းလာဖို့ ဖိတ်ခေါ်ပါတယ်"
ယန်ဝေကျုံးနှင့် ကုထုံသည် တစ်ယောက်ကို တစ်ယောက် ပြုံးပြပြီး မတ်တပ်ထရပ်လိုက်သည်။
ယန်ဝေကျုံး : "ဖေ့ကြီးကတော့ ငါတို့အဲဒီကို ဆင်းမယ် ဆိုတာ သိရင် ဒေါသထွက်လိမ့်မယ်"
ကုထုံ ရယ်မောပြီး :"ရန်ပိက ရန်သူကို သက်ညှာစွာ ချဉ်းကပ်တာ သေချာပေါက် ကောင်းတဲ့ အရာပဲ.. ဒါပေမယ့် သူက ငါတို့လို လူကြီးတွေရဲ့ ဂုဏ်သိက္ခာကို မစဉ်းစားဘူး"
ဒါပေမဲ့ သူတို့နှစ်ယောက်က အထက်အရပ်ကနေ ထွက်သွားပါသေးသည်။ ရန်ပိ သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဒီဘိုးဘေးသုံးယောက်က တာအိုသန္ဓေသားနဲ့ မွေးဖွားရင်တောင် ကြွေကျဖို့ ရည်မှန်းထားကြတာပဲ!"
သူက ဘယ်သူ့ကိုမှ မျက်နှာမလွှဲပေ။ သူ့ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က အရင်းအမြစ်တွေကို အသုံးချပြီး ရန်သူရဲ့ အရေးကြီးတဲ့ အင်အားစုတွေကို ချေမှုန်းပစ်ဖို့ပါပဲ။
သူသည် ကျောက်စိမ်းကောင်းကင်က ထွက်ခွာသွားပြီး ပွက်ပွက်ဆူနေသော လေကို ရှူထုတ်လိုက်ပြီး။
"အစ်ကိုချန်... ဒီခေတ်မှာ တစ်ဦးချင်း ကြီးမြတ်မှုဆိုတာ မရှိပါဘူး!"
တစ်ဆယ့်ခုနစ်ရက်မြောက်နေ့တွင် ဟူဖေးဖေး၊ ချန်ထန် နှင့် အခြားသူများ ဦးဆောင်သော တောင်တန်းအရှင်တောင်ထွတ်သည် တဖြည်းဖြည်း လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူတို့သည် ရှင်းရှန်ခရိုင်က လူများကို လယ်မြေများ ထွန်ယက်စိုက်ပျိုးရန်နှင့် ကောက်ပဲသီးနှံများ စိုက်ပျိုးရန် ဦးဆောင်ခဲ့သည်။
အစိုးရ၏ လမ်းညွှန်မှုဖြင့် ပြည်သူများသည် ဟင်းသီးဟင်းရွက် စိုက်ခင်းများကို စိုက်ပျိုးကြပြီး ဝက်ခြံများ ဆောက်လုပ်ကာ ကြက်၊ ဘဲ၊ ငန်းစသည့် တိရိစ္ဆာန်များကို မွေးမြူကာ ၎င်းတို့၏ လိုအပ်ချက်ကို ဦးစွာ ဖြည့်ဆည်းလျက်ရှိသည်။ သို့သော်လည်း လက်ရှိအချိန်တွင် အိမ်ရာများ ဆောက်လုပ်ရန် ခက်ခဲနေပြီး အထည်အလိပ် ထုတ်လုပ်တာ၊ ဆားတူးဖော်တာ၊ ကျောင်းများ၊ ဈေးများ၊ ပန်းထိမ်ဆိုင်များ၊ အပ်ချုပ်ဆိုင်များနှင့် အခြားနေရာများကိုလည်း ပြန်လည်တည်ဆောက်ရန် လိုအပ်နေပါသေးသည်။
ဟူဖေးဖေး၊ ချန်ထန်နှင့် အခြားသူများသည် နေ့ရောညပါ ပင်ပန်းခဲ့ကြသော်လည်း ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအရ အာရုံစိုက်ရမည့် ကိစ္စများစွာက ရှိပါသေးသည်။ ချန်ထန်ကသည် နိုင်ငံတစ်ခု တည်ရတာက ခရိုင်ကိစ္စများထက် ပိုမိုရှုပ်ထွေးသည်ဟုပင် ခံစားမိလာသည်။
ထိုအချိန်တွင် တောင်ခြေရင်းမှ ဆူညံသံများ ထွက်ပေါ်လာသည်။ ချန်ထန်ရဲ့ နတ်ဝိညာဥ်က သူ့ခန္ဓာကိုယ်မှ အမြန်ထွက်သွား၏။ ထျန်းကျစ် ဘုရင့်နိုင်ငံမှ နတ်ဆိုးများနှင့် ဝိညာဉ်များက လည်ပတ်ရင်း တောင်ထိပ်သို့ ဆင်းလာသည်ကို မြင်လိုက်ရသည်။ သူတို့သည် ငရဲနတ်၊ နွားခေါင်းနတ်ဆိုးများနှင့် မြင်းမျက်နှာနတ်ဆိုးများစွာတို့ကို ၎င်းတို့နှင့်အတူ ခေါ်ဆောင်လာခဲ့သေးသည်။
ထိပ်တန်းနတ်ဆိုးသည် အရပ်ပုကာ မျောက်ဝံနှင့်တူသော အဘိုးအိုတစ်ဦး ဖြစ်ပြီး သူ့ကိုယ်သူ မိုးကြိုးမျောက်ဝံဂိုဏ်းခေါင်းဆောင် လိန်ချွီ အဖြစ် မိတ်ဆက်လာခဲ့သည်။ သူသည် ဘုရင်၏ အမိန့်အတိုင်း ကူညီရန် သူ၏ လက်သမားဆရာများနှင့်အတူ လာခဲ့သည်။
"မိုးကြိုးမျောက်ဝံ ခေါင်းဆောင်... ကျုပ်က ချန်ထန်ပါ"
ချန်ထန် ဒါကိုပြောပြီးတာနဲ့ လိန်ချွီရဲ့ အမူအရာက ရုတ်တရက် ပြောင်းလဲသွားကာ ကပျာကယာ ဦးညွှတ်လိုက်၏။
"ဧကရာဇ်ပဲ.... ကျနော်မျိုးရဲ့ အမြင်အာရုံညံ့ဖျင်းမှုနဲ့ ဧကရာဇ်ကို မသိတဲ့အတွက် တောင်းပန်ပါတယ် ခွင့်လွှတ်ပါ ခွင့်လွှတ်ပါ"
ချန်ထန် တစ်ခဏမျှ နှုတ်ဆိတ်နေပြီးမှ။
"မသိနားမလည်တာက ရာဇ၀တ်မှု မဟုတ်ပါဘူး... အစ်ကို ယဉ်ကျေးနေဖို့ မလိုပါဘူး..."
ဤမျောက်ဝံဖြူ၏ ကျင့်ကြံမှုက နားမလည်နိုင်စရာပင်။ သူနှင့်ပင် ယှဉ်နိုင်သည်ဟု သူပြောနိုင်သည်။ ထိုကဲ့သို့ တန်ခိုးကြီးသော လူဆီပ ဧကရာဇ်ဟု ခေါ်ဆိုခြင်းခံရခြင်းက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။
"ကွမ်း၊ ကုပ်!"
သူ့လက်အောက်တွင်ရှိသော ငရဲနတ်အသေးစားများစွာသည် ရှင်းရှန်က လက်သမားဆရာများနှင့် ကျောင်းဆောက်လုပ်ရန် ဆွေးနွေးနေကြသည်။ ဘာသာစကား တစ်ခုတည်းဖြင့် ပြောဆိုဆက်ဆံခြင်း မပြုနိုင်တာကြောင့် ခဏကြာတော့ ဒေါသတကြီး ငြင်းခုံကြကုန်သည်။
နွားဦးခေါင်း အကောင်အနည်းငယ်ကလည်း ဟူဖေးဖေးတို့နှင့် လုပ်ခလစာ ဆွေးနွေးနေပါသည်။ အချို့သော မြင်းကောင်များသည် ၎င်းတို့၏ လုပ်အားခနှင့် အစားအသောက်များ ပေးဆောင်ခြင်းရှိမရှိကို ဆွေးနွေးနေကြသည်။ နွားဦးခေါင်းတစ္ဆေများ ပြန်လာခေါ်လာသောအခါမှ အဆောက်အအုံများ ဆောက်ဖို့ စတင်လုပ်ဆောင်ကြသည်။
နွားခေါင်း၊ မြင်းမျက်နှာနှင့် ငရဲနတ်လေးများလည်း ကိုယ်စီ အလုပ်ရှုပ်နေကြသည်။ ၎င်းတို့အပြင် လက်များစွားရှိသော ရက်ကန်းသမားမျိုးနွယ်စုသည် လယ်ယာသုံးကိရိယာများနှင့် လက်နက်များကို လုပ်ဆောင်နေခဲ့သည်။ မီးမှင်စာမျိုးနွယ် သည် ၎င်းတို့၏ ဦးခေါင်းပေါ်ရှိ အဂ္ဂိရတ်မီးဖိုများနှင့် ခေါင်းများမှ ထွက်ပေါ်နေသော မီးတောက်များ နှင့်အတူ အဂ္ဂိရတ်ဆေးများကို သန့်စင်နိုင်အောင် ကူညီပေးခဲ့သည်။
တောင်ခြေရင်းက မုသားမဲ့မြို့မှာတော့ သံတမန်များသည် တောင်များကို ဖြတ်ကျော်ကာ တောင်တန်းအရှင်တောင်ထွတ်သို့ ရောက်ရှိလာကြသည်။ အရပ်ရှည်ရှည် ပိန်လှီသော အကောင်များသည် မီးပုံးများကို ကိုင်ဆောင်ကာ လမ်းတစ်လျှောက် အမှတ်အသားများအဖြစ် ချိတ်ဆွဲကာ နောက်ဆုံးတွင် နေရာနှစ်ခုကို ဆက်သွယ်သည့် လမ်းကြောင်းကို ဖွင့်ပေးခဲ့သည်။
တောင်နီခန်းမမှ အခြားသော မှော်ဆရာအချို့သည် အနီးနားရှိ တောင်များနှင့် မြစ်များကို စူးစမ်းလေ့လာပြီး ပထဝီဝင်မြေပုံတစ်ခု ဖန်တီးရန် တောင်ပေါ်မှဆင်းဖို့ ပြင်ဆင်နေကြသည်။ အရေးကြီးဆုံး အလုပ်မှာ မီးထုတ်လုပ်ရန် အသုံးပြုနိုင်သည့် အနီးနားရှိ ကျောက်မီးသွေးတွင်းများကို ရှာဖွေရန်သာ ဖြစ်သည်။
မကြာသေးမီက နေရောင်မရှိခြင်းကြောင့် အပူချိန်က ကျဆင်းသွားပါပြီ။ ချန်ယန်တောင်ရဲ့ ဘုံကျောင်းဟာ တစ်ခုတည်းသော နေရောင်ခြည် ဖြစ်ပြီး အအေးဒဏ်ကို ထိန်းထားရန် မလုံလောက်ပါ။
အခြား မှော်ဆရာအချို့သည် ယင်နတ်ကို ဆင့်ခေါ်ကာ အဆောင်လက်ဖွဲ့များ ဆွဲ၍ ရှင်းရှန်ခရိုင်က လူများထံ ပေးကြသည်။ ဤအဆောင်လက်ဖွဲ့များသည် ယင်စွမ်းအင် ကျူးကျော်မှုကို တားဆီးနိုင်ပြီး ကျန်းမာရေးကောင်းစေသည်။
နောက်ဆုံးတော့ ချန်ထန် သက်ပြင်းတစ်ချက် ချနိုင်လိုက်သည်။ ရှင်းရှန်ခရိုင်ရဲ့ စားဝတ်နေရေးကို နောက်ဆုံးတွင် ဖြေရှင်းနိုင်ခဲ့ပါပြီ။ ခက်ခဲနေချိန်မှာတော့ တိုးတက်မှု ရှိလာမှာပါ။
"တစ်ဆယ်လေးက ထျန်းကျစ်ပြည်နယ်ရဲ့ အုပ်စိုးရှင်ဖြစ်လာပြီး ကောင်းမွန်တဲ့ အစီအမံတွေ လုပ်ထားတယ်...ရှင်းရှန်က လူတွေ နောက်ဆုံးမှာ ဘေးကင်းပြီလို့ ယူဆနိုင်ပြီ"
ချန်ယန်တောင်ရဲ့ ပထဝီဝင်အနေအထားက ထူးခြားသည်။ ၎င်းတွင် ထပ်နေသော မြေအောက်ကမ္ဘာနှစ်ခု ပါရှိသည်။ တောင်ပေါင်းတစ်သိန်း ပါဝင်သော ဒုတိယမရဏကမ္ဘာသည် ကျယ်ပြောလှပြီး အကန့်အသတ်မရှိသော နတ်ဆိုးများနှင့် နတ်ဘုရားများ ပြည့်နှက်နေသလို အန္တရာယ်များနှင့်လည်း ပြည့်နှက်နေသည်။ ချန်ရှီသည် ထျန်းကျစ် ပြည်နယ်ကို အုပ်စိုးသူသာ မဟုတ်ပါက ရှင်းရှန်လူများသည် ခြေကုပ်ယူရန် နေနေသာသာ အသက်ရှင်ရပ်တည်ရန်ပင် ရုန်းကန်ရပေလိမ့်မည်။
ဟေးကော်ကို မတွေ့တာ ကြာနေပြီဆိုတာ ရုတ်တရက် သတိထားမိသွားပြီး ချန်ရှီရဲ့ သစ်သားတွန်းလှည်းလည်း ပျောက်နေသည်။ ချန်ထန် သူတို့ကို အမြန်ရှာလိုက်သည်။
ရှင်းရှန် လူမျိုးများသည် တောင်တန်းအရှင်တောင်ထွတ်သို့ ပြောင်းရွှေ့လာသောအခါ ဟေးကော် နှင့် သစ်သားလှည်းတို့က အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ပြောင်းရွှေ့ရန် ငြင်းဆိုသူများကို တွန်းအားပေးခဲ့သည်။ မှောင်မိုက်လာပြီးနောက် ဟေးကော်သည် တောင်ကိုကာကွယ်ရန်၊ နတ်များနှင့် တစ္ဆေ နတ်ဘုရားများ၏ တိုက်ခိုက်မှုများကို ကာကွယ်ရန် သူ၏ပုံစံအမှန်အတိုင်း ပြန်လည်ပေါ်လာခဲ့သည်။
သို့သော်လည်း ဟေးကော် နှင့် သစ်သားလှည်းကို လွန်ခဲ့သော နှစ်ရက်ကတည်းက မတွေ့ရတော့ပေ။ အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက် ဝူးချင်းယွီကို တွေ့ပြီး အဖြစ်အပျက်ကို ပြောပြလိုက်သည်။ ဝူးချင်းယွီက ပြုံးပြီး။
"တောင်ရဲ့ အနောက်ကို ကြည့်လိုက်..."
ချန်ထန်လည်း တောင်၏အနောက်ကို လှမ်းကြည့်လိုက်ရာ တောင်ကုန်းများကြားတွင် ခွေးကြီးတစ်ကောင် လဲလျောင်းနေပြီး ဘေးပတ်ဝန်းကျင်တောင်များထက် ၎င်း၏ဦးခေါင်းက ပိုမြင့်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။
၎င်းမှာ ဟေးကော်၏မိခင် ဟော့သော်ပဲ ဖြစ်သည်။
"ဖေဖေနဲ့ သူ သဘောတူညီမှု ရခဲ့တာလေ... ကျွန်မတို့ အချင်းချင်း ဓားစာခံတွေ ဖြစ်ခဲ့တာ"
ဝူးချင်းယွီက ပြုံးလိုက်သည်။
"ဟေးကော်က တစ်ဆယ်လေးနဲ့ လိုက်သွားခဲ့ပြီး သူက ကျွန်မနောက်ကို လိုက်လာခဲ့တယ်... သူ ဒီမှာ နေရတယ်... ဆိုလိုတာက ဟေးကော်ကလည်း တစ်ဆယ်လေးနဲ့ အတူ ရှိနေတယ်"
ချန်ထန်ရဲ့ နှလုံးသားများ တုန်လှုပ်သွားသည်။
"တစ်ဆယ်လေး ဘယ်မှာလဲ"
"ဟော့သော်ကတော့ သူမ တောင်မြင့်ခရိုင်ကို သွားခဲ့တယ်တဲ့... ဟေးကော်နဲ့ တစ်ဆယ်လေးကို မတွေ့ဘူး... ကျူးရှို့ချိုင်လည်း ပျောက်နေတယ်"
ချန်ထန်သည် မြင့်မားသော ယင်တောင်များကို ကြည့်ကာ သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ရှင်းရှန် ဘေးကင်းပြီးနောက် ချန်ရှီက ဘယ်ပျောက်သွားလေသလဲ။
ယင်နှင့်ယန်တို့ ပေါင်းစည်းသွားသောအခါ ဤနေရာမှလွဲ၍ အခြားမည်သည့် နေရာက လုံခြုံသောနေရာ ရှိနိုင်လိမ့်မလဲ။
သစ်သားလှည်းက အရှိန်နဲ့ သွားနေ၏။ ရှောင်သွမ့်က အလယ်တွင် ထိုင်နေပြီး သူ့တင်ပါးအောက်တွင် ကူရှင်တစ်ခုရှိသည်။ သူမ သမ်းဝေကာ ငိုက်မျဉ်းလာရင် ချန်ရှီ၏ လက်နှစ်ဖက်ထဲ၌ ကွေးကောက်နေတတ်သည်။
ဟေးကော်က အရွယ်အစား သေးငယ်သွားပြီး ရှေ့သို့ ပြေးသွားကာ ရံဖန်ရံခါ သူ့ပုံစံအမှန်ကို ထုတ်ဖော်ပြသသည်။ သူသည် ခြေလှမ်းအနည်းငယ်ဖြင့် တောင်ထိပ်သို့ ပြေးသွားကာ အောက်သို့ ထပ်ပြေးကာ ရှေ့သို့ ဆက်ပြေးသွားလေသည်။
သစ်သားလှည်းက သူ့နောက်ကို လိုက်သွားပြီး ဦးတည်ရာကို ချိန်ညှိသည်။ အရှေ့တွင် ဟေးကော် နှေးသွားပါက လှည်းလည်း နှေးသွားသည်။
ချန်ရှီသည် လှည်းထဲမှ လှမ်းကြည့်လိုက်ရာ မြင်ကွင်းမှာ ပျက်စီးနေသော ရွာတစ်ရွာဖြစ်သည်။ မည်သူမျှ အသက်ရှင်ကျန်ရစ်ခြင်း မရှိခဲ့ပါ။ သရဲတစ္ဆေများသည် မှောင်ရိပ်ထဲတွင် ပုန်းခိုကာ မြေပြင်ပေါ်ရှိ အလောင်းများကို ကိုက်စားနေကြသည်။
ရှောင်သွမ့် နိုးလာပြီး နှစ်ယောက်သား လှည်းပေါ်မှ ဆင်းလာခဲ့သည်။ လှည်းက ချက်ချင်း ရှေ့သို့ တိုးသွားကာ ဘီးများ လျှင်မြန်စွာ လည်ပတ်နေသည်။ ၎င်းသည် လျှပ်စီးကြောင်း အရှိန်ဖြင့် သရဲတစ္ဆေကို ဆွဲယူကာ ဝမ်းတွင်းကိုဖွင့်ကာ ဗိုက်ထဲသို့ ထည့်ထားလိုက်၏။
ပြင်းထန်လွန်းသဖြင့် အခြားသော သရဲတစ္ဆေများလည်း အထိတ်တလန့် ပြေးသွားကြသည်။ ရုတ်တရက် လှည်းက သူ့ဘေးကို ရိုက်လိုက်တာနဲ့ လှည်းပေါ်ရှိ ခေါင်မိုးက ရုတ်ချည်း လွင့်ပျံကာ ပွင့်သွားပြီး လှည့်ပတ်ကာ ဧကပေါင်းများစွာ အကျယ်အဝန်း အတွင်းက သရဲတစ္ဆေများအပေါ် ဖုံးလွှမ်းသွားသည်။
လှည်းသည် ထီးလက်ကိုင်ကို ကိုင်ကာ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ ထီးထဲမှ သရဲတစ္ဆေများကို သူ့ကိုယ်ထဲသို့ လှုပ်ယမ်း သွပ်သွင်းလိုက်သည်။ စားသောက်ပြီးနောက် ခေါင်မိုးက သူ့အလိုလို ပြန်ထိုးကျသွား၏။
ချန်ရှီ ရွာထဲသို့ဝင်သွားကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
"ဒီမှာတစ်ယောက်ယောက် ရှိသေးလား? အသက်ရှင်နေသေးတဲ့လူ ရှိလား?"