သတ်ပစ်! သတ်ပစ်! သတ်ပစ်!
Vol. 28 Ch. 405
ချန်ရှီရဲ့ သေးငယ်တဲ့ ဘုံကျောင်းထဲမှ ကျူးရှို့ချိုင် လက်ခုပ်တီးပြီး ချီးမွှမ်းနေခဲ့သည်။
"မုန့်ကျစ်က 'မင်းဟာ လူတွေကို မြက်ပင်လို ဆက်ဆံရင် လူတွေက မင်းကို ရန်သူလို ဆက်ဆံတယ်' လို့ ပြောခဲ့တယ်... ဒီမိသားစုရဲ့ မျိုးဆက်ဆယ့်သုံးဆက်က ရာထူးကြီးမြင့်ပြီး လူတွေကို ဂရုမစိုက်ဘူး... ခေါင်းပုံဖြတ်တယ်.. သတ်တာ ကောင်းတယ်! သတ်တာ ကောင်းတယ်! သတ်ပစ်ဖို့ ထိုက်တန်တယ်!"
လည်ပင်းမှာ ကြိုးကိုဆွဲထားရင်း နတ်ကွန်းကနေ ခုန်ချပြီး ဆက်ပြောသည်။
"တစ်ဆယ်လေး မင်း သတ်တာ မလုံလောက်ဘူး... မင်းမမြန်သေးဘူး မမြန်ဘူး... မုန့်ကျစ်လောက် မတော်ဘူး... မရက်စက်သေးဘူး မင်းငါ့ရဲ့ လမ်းညွှန်မှုလိုတယ် !"
သူက ဒေါသကြီးသူပင်။ သူသည် ချန်ထန်ကို ဖျက်ဆီးချင်ခဲ့ပြီး သူ့ကို အင်ပါယာ စာမေးပွဲများ ဖြေစေသည်။ အရာရှိဖြစ်လာရင်တောင် နူးညံ့သိမ်မွေ့သော လူကြမ်းအဖြစ်သို့ ပြောင်းလဲခဲ့သော်လည်း ထိပ်တန်းနေရာကိုပင် မရရှိခဲ့ပေ။
သူ့အတွက် ရှက်စရာကောင်းလိုက်လေချင်း!
ချန်ထန်သည် သူ့သား သို့မဟုတ် ဇနီးမယားကို မကာကွယ်နိုင်သည့်အပြင် စစ်မှန်သော ဘုရင်ဖြစ်လာကာ ပြည်သူများကို ဘေးဒုက္ခမှ ကယ်တင်ရန် နေနေသာသာ အစိုးရအာဏာကို မရရှိခဲ့ပေ။
သူ့အမြင်အရတော့ သူရဲ့သွန်သင်ဆုံးမမှုက သနားစရာ ကောင်းလောက်အောင် ပျက်ကွက်ခဲ့ပုံပြီး လူကြီးလူကောင်းလို ပြုမူတဲ့လူကို မွေးထုတ်ပေးခဲ့သည်။
ဒါပေမယ့် ချန်ရှီကတော့ သူ့ကို လုံးဝ လက်မလျှော့ခဲ့ပါဘူး။ ချန်ရှီသည် ကဗျာစာပေနဲ့ ကျင့်စဥ်များကို စိတ်အားထက်သန်စွာ ကျွမ်းကျင်သဖြင့် မုန့်ကျစ်ကို စတင်လေ့ကျင့်ရန် ကောင်းစွာ သင်ကြားပေးခဲ့သည်။
ဤရက်များအတွင်း သူသည် ထူးထူးဆန်းဆန်း ကမ္ဘာကိုဖြတ်၍ ချန်ရှီနှင့်အတူ လိုက်ပါလာခဲ့တာ အထူး သင့်လျော်သွားသည်။ သူ့စကားနှင့် အကျင့်အားဖြင့် မှန်ကန်သော လမ်းကြောင်းပေါ်သို့ သေချာပေါက် လမ်းပြနိုင်လောက်၏။
"လောင်ကျစ်ကို ကျွမ်းကျင်ပြီးတာနဲ့ သူက စစ်မှန်တဲ့ ဘုရင်ဖြစ်လာမှာပါ!"
ကျူးရှို့ချိုင် သူ့ကိုယ်သူ တွေးနေမိသည်။
ချန်ရှီရဲ့ ခေါင်းထက်မှာ ရွှေရောင်အုတ်ခဲတစ်ခု ကောင်းကင်ကနေ ပြုတ်ကျလာ၏။ ၎င်း၏မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော စာလုံး ပုံစံများ ပေါ်လာသည်။ ချက်ချင်းပင် အုတ်ခဲ အရွယ်အစားမှ စတုရန်းပေတစ်ရာ၊ အမြင့်ပေတစ်ရာ၊ အနံပေတစ်ရာ၊ အရှည်ပေတစ်ရာအဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်း၏အလေးချိန်မှာ အံ့ဩစရာကောင်းလောက်အောင် ပြင်းထန်လာသည်။
ရွှေတောင်တန်းကြီး သဖွယ် ဆင်းလာသည်နှင့်အမျှ ချန်ရှီ၏ တာအိုနယ်မြေ ၆၄ ခုကလည်း လှည့်ပတ်လာသည်။ ရွှေတောင်၏ မျက်နှာပြင်ပေါ်ရှိ ကမ္ပည်းပုံစံများသည် အက်ကွဲကာ မီးလျှံများ ပေါက်ကွဲထွက်ကုန်သည်။ တာအိုနယ်မြေထဲသို့ ပျက်ကျသွားသည်နှင့် ၎င်း၏ စွမ်းအင်အများစုသည် အရည်ပျော်သွားကာ အလွန်လျော့ပါးသွားသည်။
ရှမိသားစုမှ အကြီးအကဲတစ်ယောက် ရှေ့သို့ တိုးလာကာ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။
"ငါတို့ရှမိသားစုရဲ့ ဘိုးဘေးကို သတ်လိုက်တဲ့အတွက် ငါ မင်းကို သတ်မယ်!"
သူ့နောက်တွင် ပေတစ်ရာမြင့်သော နတ်ဝိညာဥ်ကြီး ထွက်ပေါ်လာသည်။ သူသည် နတိသန့်စင်နယ်ပယ်၏ အရှင်သခင် ဖြစ်သည်။ နတ်ဝိညာဥ်က လက်နှစ်ဘက်လုံးကို မြှောက်ကာ ရွှေတောင်၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်နိုင်ကြသည်။
ရွှေတောင်ကြီးက တဟုန်ထိုး ပြိုကျလာသည်။ ချန်ရှီကိုထိခါနီးတွင် တာအိုနယ်မြေကြောင့် လုံးဝ အရည်ပျော်သွားပြီး မှော်အတက်အဆင်းအားလုံးကို လောင်ကျွမ်းသွားစေသည်။ ထို့နောက် ဟောက်သံနှင့်အတူ အရပ်ရပ်သို့ သွန်ချကာ ရွှေရေများအဖြစ် ပြောင်းလဲသွားသည်။
ပွက်ပွက်ဆူနေသော ရွှေရေသည် မြေပြင်ပေါ်တွင် ရွှေရေကန်တစ်ခု ဖြစ်ပေါ်လာသည်။
ရှမိသားစု အကြီးအကဲလည်း အံ့သြသွားသည်။
"မှော်လက်နက်က သူ့ကို မသတ်နိုင်ဘူးလား"
မှော်လက်နက်၏ စွမ်းအားသည် သာမန်လေ့ကျင့်ရေးသမားများ လက်လှမ်းမမီနိုင်လောက်အောင် ကြီးမားသည်။ ၎င်း၏ မွေးရာပါစွမ်းအားက ကြီးမားပြီး ရှည်လျားသော ကိုးကွယ်မှု သမိုင်းကြောင်း၊ အမွှေးနံ့သာ စွမ်းအင်ကို စုပ်ယူမှုနှင့်အတူ၊ ၎င်း၏ တန်ခိုးသည် နတ်ဘုရားနှင့် နှိုင်းယှဥ်နိုင်လောက်အောင် အစွမ်းထက်လှသည်။
သူ၏ ရွှေအုတ်သည် မှော်လက်နက်တစ်ခုသာဖြစ်သည်။ သူ့လက်သို့ မကျရောက်မီက ၎င်းကို နှစ်ပေါင်းခုနစ်ရာကျော် ကိုးကွယ်ခဲ့ပြီး အနှစ်ခုနစ်ရာကျော်အတွင်း စုပြုံနေသော အမွှေးနံ့သာ စွမ်းအင်ကို စုပ်ယူကာ နတ်တန်ခိုးအဖြစ် ပေါင်းစပ်သွားခဲ့သည်။ ဤနတ်တန်ခိုးသည် သူ့ကိုယ်ပိုင် ကျင့်ကြံမှုထက်ပင် ကြီးမား၏။ ထို့ကြောင့် လွှတ်လိုက်သည်နှင့် ၎င်း၏တန်ခိုးမှာ တုနှိုင်းမယှဉ်နိုင်ပေ။
ချန်ရှီသည် ရွှေရေကန်အထက်တွင် ရပ်ကာ လက်ထဲက ကောင်းကင်သံတုတ်ကို မြှောက်လိုက်သည်။ သူက လှည့်ပြီး။
"မင်းက ငါ့ကို သေစေချင်တာလား... ဒါဆို ငါ မင်းကို အရင်သတ်ပစ်မယ်!"
ကောင်းကင်သံတုတ်သည် ပေတစ်ထောင်အကွာမှ ပန်းထိုးအပ်တစ်ချောင်းအထိ လျင်မြန်စွာ ကျုံ့သွားသည်။ သူ့လက်ချောင်းတစ်ချောင်းဖြင့် ထိလိုက်သည်နှင့် လေထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ရှမိသားစုအကြီးအကဲ၏ တာအိုနယ်မြေ ပေါက်ကွဲသွားပြီး အတွင်း၌ နဂါးအစစ်တစ်ကောင်က သူ့ခန္ဓာကိုယ်ကို ဖမ်းဆုပ်ထားသည်။
စွမ်းအားရှစ်ပါးနဂါး ဟုလူသိများသော ဤကျွမ်းကျင်မှုသည် တာအို နယ်ပယ်အတွင်းရှိ ကြီးမားလှသော တာအို စွမ်းအင်ကို နဂါးကောင်အဖြစ်သို့ ပြောင်းလဲစေပြီး သူ့ကိုယ် တွယ်ကပ်စေသည်။ ၎င်းသည် ခုခံအားနှင့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်စွမ်းအား နှစ်ခုလုံးကို မြှင့်တင်ပေးနိုင်သည်။
ပိတ်ဆို့ရန် သူ့လက်ကို မြှောက်လိုက်သော်လည်း သံတုတ်သည် လေချွန်သံနှင့်အတူ သူ့လက်ဖဝါးကို ထိုးဖောက်ကာ မျက်ခုံးကြားထဲသို့ ဝင်ကာ ခေါင်းနောက်က ပြန်သွားလေသည်။ သူ့အသားကို ထိုးဖောက်ပြီးရုံနဲ့ မရပ်သေးဘဲ ပေတစ်ရာရှည်တဲ့ နတ်ဝိညာဥ်ကိုပါ ဖောက်ပစ်လိုက်သည်။
ချန်ရှီသည် သူ့ဓားလက်ချောင်းကို မြှောက်လိုက်တဲ့အခါ နတ်ဝိညာဥ်ကို ဖျက်စီးထားတဲ့ သံတုတ်က ထပ်မံ တိုးဝင်သွား၏။ ဓားလက်တစ်ချောင်း တုန်လှုပ်သွားသော် သံတုတ်ကလည်း ပြုတ်ကျသွားသည်။ ထို့အတူ ရှမိသားစုအကြီးအကဲ၏ နတ်ဝိညာဥ်လည်း အပိုင်းပိုင်း ကွဲသွားသည်။
"သူ့ကိုသတ်!"
ဖုန့်ယန်အိမ်တော်ထဲမှ ဒေါသထွက်နေသော ဟောက်သံများ ပဲ့တင်ထပ်လာသည်။ တစ္ဆေနှင့် နတ်ဘုရား အကြီးအငယ်တို့သည် ချန်ရှီဆီသို့ အပြေးအလွှား ပြေးလာကြသည်။ သူတို့၏ မျက်လုံးများမှာ သွေးရောင်များ စွန်းထင်းလျက်။
ရှထျန်းကျယ် သူ့လက်ကို အမြန်မြှောက်ပြီး အော်လိုက်သည်။
"မလုပ်နဲ့၊ အားလုံး ကျနော့်စကားကို နားထောင်ပါဦး!"
သို့သော်လည်း ရောက်ရှိလာသော သရဲတစ္ဆေများနှင့် တစ္ဆေနတ်ဘုရားများက သူ့စကားကို နားမထောင်ခဲ့ကြပေ။ အရှင်ဖုန့်ယန်အတွက် လက်စားချေရန်သာ ပြေးလာကြ၏။
အရှင်ဖုန့်ယန်သည် မြေအောက်ကမ္ဘာရှိ ရှမိသားစုမှ စိုက်ထားသော တံစို့ရာပေါင်းများစွာထဲမှ တစ်ခုဖြစ်သည်။
ဘိုးဘေးမိသားစု ဆယ့်သုံးမျိုးထဲမှ တစ်ခုဖြစ်သည့် ရှမိသားစုသည် စစ်မှန်သော ဘုရင်ခေတ်ကတည်းက မရေမတွက်နိုင်သော ကျင့်ကြံသူများကို မွေးထုတ်ပေးခဲ့သည်။ အထက်တန်းလွှာ၊ မိသားစု ခေါင်းဆောင်ကဲ့သို့သော လူများသည် သေပြီးနောက် မြင့်မြတ်သောလမ်းစဉ်ကို ပြုစုပျိုးထောင်ရန် အထက်ကမ္ဘာသို့ တက်ကြသည်။
ဂိုဏ်းခွဲအသီးသီးမှ ခေါင်းဆောင်များ ကဲ့သို့သော နောက်အမြင့်ဆုံး အဆင့်သည် တောင်ပိုင်းဂိုဏ်းစုစည်းမှုထဲက ကျင့်စဥ်များကို လေ့ကျင့်ကာ အတုအယောင်ပြန်ခြင်း နယ်ပယ်နှင့် မဟာယာနသို့ ပြန်သွားရန် နယ်ပယ်များသို့ ရောက်ရှိနိုင်သည်။ သေပြီးနောက် ဤတန်ခိုးကြီးသော ပုဂ္ဂိုလ်များသည် မြေအောက်လောကသို့ ဆင်းသက်၍ အရာရှိအဖြစ် အမှုထမ်းကြသည်။
အရှင်ဖုန့်ယန် ကဲ့သို့သော တတိယအမျိုးအစားမှာ ၎င်းတို့၏ သက်တမ်းတစ်လျှောက်တွင် ဒေသဆိုင်ရာ အရာရှိများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အမြင့်ဆုံးသို့ နိမ့်ကျသွားခြင်း မရှိပေ။ သေပြီးနောက် မြေအောက်ကမ္ဘာ၌ နေရာရှာကြ၏။ တောင်ကို မအုပ်စိုးနိုင်သော်လည်း သူတို့သည် ၎င်းတို့၏ ဒေသတွင်းက နတ်များနှင့် တစ္ဆေနတ်ဘုရားများကို အုပ်စိုးသော နယ်မြေကို ပိုင်ဆိုင်ထားသည်။
အရှင်ဖုန့်ယန်ဟာ မင်ကျန်းမြစ်အနီးတွင် နေထိုင်သည်။ ကျင့်ကြံမှုအဆင့်က မမြင့်မားသော်လည်း လူသိများသည်။ ကမ္ဘာပေါ်ရှိ မင်ကျန်းမြစ်၏ အရာရှိများ အားလုံးသည် ရှမိသားစုဝင်များ ဖြစ်ကြသရွေ့ ၎င်းတို့သေဆုံးပြီးနောက် ဖုန့်ယန်အိမ်တော်သို့ လာရောက်ကြပြီး မြေအောက်ကမ္ဘာသို့သွားကြသည်။ နံ့သာပေါင်းကို မီးရှို့ပြီး ယဇ်ပူဇော်ကြသည်။
ဤတဟုန်းဟုန်း တောက်နေသော ဝိညာဉ်များသည် မင်ကျန်းမြစ်ဒေသတွင် သေဆုံးသွားသော ရှမိသားစု၏ဘိုးဘေးများ ဖြစ်ပြီး တောင်တစ်သောင်းက ဝိညာဉ်များ မဟုတ်ပေ။
ကုံကျိုးတွင် ရှမိသားစုသခင်များသည် သေပြီးနောက် မရဏကမ္ဘာသို့ မ၀င်ခဲ့ကြပေ။ ယင်းအစား အရှင်ဖုန့်ယန်၏ တောင်ပေါ်အိမ်တော်တွင် မရဏကမ္ဘာအဖြစ် နေထိုင်ခဲ့ကြသည်။ ဒါမှမဟုတ် သူတို့က တခြားနေရာမှာ အိမ်ရာတွေဆောက်ပြီး အရှင်ဖုန့်ယန်ရဲ့ ပံ့ပိုးငွေနဲ့ နတ်တစ္ဆေနဲ့ ဘီလူးတွေကို နှိမ်နင်းပြီး မြေအောက်မြေတွေကို သိမ်းပိုက်သည်။ ကျွန်တွေအဖြစ် လုပ်ခိုင်းဖို့ ကျင့်ကြံသူတွေရဲ့ သရဲတစ္ဆေတွေကို ဖမ်းယူကာ အသက်ရှင်နေတဲ့ ကမ္ဘာထက် ပိုပိုပြီး ပေါ့ပေါ့ပါးပါး ဘဝကို ဖြတ်ကျော်သွားနေ၏။
အကယ်၍ အခြားမိသားစုများမှ ကျင့်ကြံသူများ မင်ကျန်း မြစ်ဒေသတွင် သေဆုံးပြီး မရဏကမ္ဘာထဲ ဝင်လာပါက အရှင်ဖုန့်ယန်သည် ၎င်းတို့ကို ဘိုးဘွားများအဖြစ် ပြန်လည်ထောက်ပံ့ရန်အတွက် ၎င်းတို့မထွက်ခွာမီတွင် နံ့သာပေါင်းနှင့် ငွေများ ပေးဆောင်မည်ဖြစ်သည်။ ထို့ကြောင့် အရှင်ဖုန့်ယန်ကို မရဏကမ္ဘာ၏ အရှင်မုန့်ချောင်ဟုလည်း ခေါ်သည်။
ချန်ရှီ၏ တစ်ချက် ထိုးနှက်ချက်ကြောင့် အလွန်လေးစားထိုက်သော အကြီးအကဲ၊ ရှမိသားစု၏ ဘိုးဘေးတစ်ဦးဖြစ်သည့် အရှင်ဖုန့်ယန်ဟာ ဤကဲ့သို့ သေဆုံးသွားရရာ သူတို့ ဘယ်လိုလုပ် သည်းခံနိုင်ပါ့မလဲ။
ချန်ရှီသည် အရပ်ရပ်မှ ဝင်လာသော ဝိညာဉ်များနှင့် သရဲတစ္ဆေများကို ကြည့်ကာ ဒေါသများ ပွက်ပွက်ဆူလာ၏။
"ငါ့ကိုသတ်မယ်ပေါ့.... ငါမင်းတို့ကိုဒီနေ့ လိုက်ပို့ပေးလိုက်မယ်!"
သူသည် လျှပ်စီးလက်သည့် အရှိန်ဖြင့် ရွေ့လျားသွားပြီး သူ့လက်များက ဓားကို ပုံဖော်လိုက်သည်။ ကောင်းကင်သံတုတ်သည် လေထဲတွင် ရစ်ပတ်ကာ လှည့်ပတ်နေ၏။ တစ္ဆေများနှင့် နတ်ဘုရားများ၏ ဦးခေါင်းများကို ထိုးဖောက် ရိုက်ခွဲပစ်လိုက်ရာ ခေါင်းမဲ့အကောင်များသာ ကျန်ရစ်ခဲ့သည်။
သံတုတ် အရှိန်က အလွန်လျင်မြန်သောကြောင့် တစ္ဆေများနှင့် နတ်ဘုရားများ၏ ဦးခေါင်းများကိုပင် မတုံ့ပြန်နိုင်မီ ပေါက်ကွဲသွားတတ်သည်။
"သေ!"
ရွှေသံချပ်ကာ နတ်ဘုရားတစ်ပါးက ဟောက်ပြီး ရှေ့ကို တွန်းထုတ်လိုက်သည်။ ၎င်း၏ ရွှေရောင်ကိုယ်ထည်သည် ရှေ့သို့ တိုးသွားကာ ချန်ရှီ၏ တာအိုနယ်မြေကို လှုပ်ယမ်းပစ်လာသည်။ သို့သော် သူလည်း ဟန်ချက်ပျက်သွားပြီး သံတုတ်ကို မထိန်းနိုင်ဘဲ နောက်သို့ လဲကျသွားသည်။
ရွှေသံချပ်ကာနတ်ဘုရားက ဟောက်ပြီး တောင်တွေကို လှုပ်ခါလောက်အောင် ပြင်းထန်တဲ့ သူ့ရဲ့လက်သီးတွေကို မြှောက်ကာ ပြင်းထန်သော အင်အားဖြင့် တိုက်ခိုက်ရင်း ချန်ရှီ၏ တာအိုနယ်မြေထဲ ဝင်စီးသွားခဲ့သည်။
နဂါးဆင်နတ်ဆိုးသိုင်း!
သူ့လှုပ်ရှားမှုများသည် နဂါးဟောက်သံနှင့် ဆင်တစ်ကောင်၏ ဟောက်သံကဲ့သို့ပင် ဆူညံနေသည်။
ရှမိသားစု၏ ဝိညာဉ်အများစုသည် ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ကုံကျိုး၌ ဒေသခံအရာရှိများ ဖြစ်ခဲ့ကြပြီး နတ်အသွင်ပြောင်းခြင်း၊ နတ်ဆင်းသက်ခြင်း သို့မဟုတ် နတ်သန့်စင် နယ်ပယ်များသို့ ရောက်ရှိထားကြကာ အတုအယောင်ပြန်ခြင်း နယ်ပယ်အထိ အပြင်းထန်ဆုံး ရောက်ရှိထားကြသည်။ သို့ရာတွင် သူတို့သည် ၎င်းတို့၏ တစ်သက်တာ ကျင့်ကြံမှုကို မဟုတ်ဘဲ သေပြီးနောက် နံ့သာပေါင်းနှင့် ပူဇော်သက္ကာများ၏ အရိပ်အာဝါသကိုသာ အားကိုးကြသည်။
အမွှေးတိုင်များနှင့် ပူဇော်သက္ကာများ၏ အရိပ်အာဝါသကို နှစ်ထောင်ပေါင်းများစွာ စုပ်ယူခဲ့ပြီးနောက် ၎င်းတို့၏ ရွှေကိုယ်ထည်များကို မွေးမြူခဲ့ကြသည်။
ကျင့်ကြံသူတစ်ယောက်ရဲ့ သက်တမ်းသည် နှစ်ရာဂဏန်းသာ ကန့်သတ်ထားသော်လည်း ၎င်းတို့၏ ဝိညာဉ်များသည်တော့ သေပြီးနောက် အနှစ်တစ်သောင်းအထိ ခံနိုင်ရည်ရှိသည်။ ရွှေရုပ်အလောင်းများကို မွေးမြူထားစဉ်တွင် ၎င်းတို့သည် ပေရာနှင့်ချီ သို့မဟုတ် သောင်းချီသောအမြင့်အထိ ရောက်ရှိလေ့ရှိပြီး မြင့်မြတ်သော တန်ခိုးက အလွန်အစွမ်းထက်လှသည်။
ဤရွှေသံချပ်ကာ နတ်ဘုရားက အဓိကဥပမာတစ်ခုပဲ ဖြစ်သည်။ သက်ရှိစဥ်က ချန်ရှီထက် နိမ့်ကျသော နယ်ပယ်တွင်သာ ရှိခဲ့လျှင်ပင် အမွှေးတိုင် နံ့သာကြောင့် နတ်တန်ခိုးသည် တုနှိုင်းမယှဉ်နိုင်ဘဲ နယ်ပယ်ကွာဟချက်ကို ကျဉ်းမြောင်းသွားစေခဲ့သည်။
ချက်ချင်းပင် ချန်ရှီ၏ တာအိုနယ်မြေကို သူ၏ ရာနှင့်ချီသော လက်သီးများဖြင့် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ လက်သီးတစ်ချက်က ချန်ရှီကို ထိမှန်သွားခဲ့ပြီး လိုက်မမီနိုင်သော အင်အားဖြင့် ဆက်ထိုးဖောက်ခဲ့သည်။
ချန်ရှီသည် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းရင်း လက်ကို ဆန့်တန်းလိုက်တဲ့အခါ သံတုတ်က သူ့လက်ထဲသို့ ပြုတ်ကျလာခဲ့သည်။ တစ်ချက်လှုပ်ရုံဖြင့် ရွှေသံချပ်ကာနတ်ဘုရား၏ ဦးခေါင်းကို ထိမှန်သွားသည်။ ၎င်း၏ ဦးနှောက်များ ကွဲအက်ကာ ရွှေရောင်ကိုယ်ထည် ကွဲအက်သွားသည်။
ချန်ရှီ တစ်ချက် ခုန်ထလိုက်ပြီး သူ့ဓားလက်ချောင်းကို ရှေ့သို့ တွန်းထုတ်လိုက်သည်။ သံတုတ်က အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်း ကျုံ့သွားသည်နှင့်အမျှ တခြား နတ်ဆိုးများ၏နှလုံးကို ဖောက်ဝင်သွားခဲ့သည်။
ထို့နောက် သံတုတ်က ချဲ့ထွင်ကာ နတ်ဆိုးတစ်ကောင်၏ ခန္ဓာကိုယ်ကို ဆန့်ထုတ်ကာ နှစ်ပိုင်းပြတ်သွားစေခဲ့သည်။
သံတုတ်သည် မြေပြင်ကို ထိုးဖောက်ကာ စက်ဝိုင်းပုံစံ လှည့်ပတ်သွားသည်။ ချန်ရှီ ၎င်းအပေါ်မှ ခြေတစ်ချောင်းကို တင်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ တာအိုနယ်မြေကြီး ပိုကျယ်လာကာ လေပြင်းများ တိုက်ခတ်လာသည်။ ဝင်လာသော နတ်ဆိုးများနှင့် နတ်ဘုရားများကို တာအိုနယ်မြေထဲသို့ ဆွဲသွင်းလိုက်သည်။ သူတို့၏ ရွှေရောင်ကိုယ်ထည်များသည် ပြိုကွဲကာ အရည်ပျော်လာသည်၊ ပျောက်ကွယ်သွားကာ တည်ရှိမနေတော့သည့်တိုင်အောင် ပို၍ပို၍ အားနည်းလာသည်။
အခြားနတ်ဆိုးတစ်ကောင်က သူ့ဆီမရောက်ခင်မှာပင် နောက်ကနေ ငြှိမ်းသတ်လို့မရတဲ့ မီးတောက်တစ်ခု လောင်ကျွမ်းသွားပြီး ချက်ချင်းဆိုသလို ပြာဖြစ်သွားပါ၏။
"ကောင်းတယ်ဟေ့ ကောင်းတယ်!"
လူကြီးမင်းကျူးသည် မိုးမခပင်ဟောင်းမှ တွဲလောင်းကျနေစဉ် သူပြသခဲ့သော နူးညံ့သိမ်မွေ့သော အမူအယာကို လုံးဝ ဆုံးရှုံးသွားချေပြီ။
“ဒီလူယုတ်မာတွေကို အစိုးရရုံးမှာ ဖမ်း၊ အစိုးရရုံးမှာ ရိုက်နှက်သတ်ပစ်! ဒီလူယုတ်မာတွေကို ပြည့်တန်ဆာအိမ်မှာ ဖမ်း၊ ပြည့်တန်ဆာအိမ်မှာ ရိုက်နှက်သတ်ပစ်ကြ! ဒီလူယုတ်မာတွေကို ဖမ်း! မြေအောက်ကမ္ဘာမှာ ရိုက်နှက်သတ်ပစ်ကြ!! ဒီကမ္ဘာကြီးမှာ ဒီခြကောင်တွေကြောင့် အပေါက်တွေနဲ့ ပေါက်နေတာ ကြာပြီ... မရှင်းထုတ်ရင် ငါတို့ အနာဂတ်က ဘာဖြစ်သွားမလဲ?"
ချန်ရှီ အနီးတစ်ဝိုက်တွင် လေ၊ မိုးကြိုး၊ ရေ၊ မီး၊ တောင်များနှင့် ရွှံ့နွံများ အဆက်မပြတ် ရွေ့လျားနေသည်။ တာအိုနယ်မြေထဲ ကျူးကျော်ဝင်ရောက်လာသော နတ်များနှင့် တစ္ဆေနတ်ဘုရားများသည် မိုးကြိုးပစ်ခံရသလို လေနှင့်မီးဖြင့် အဆုံးသတ်သွားသည်၊ ရေနှစ်ခံရသလို တောင်များကြောင့် ကြေမွသေဆုံးကြသည် သို့မဟုတ် ရွံ့များကြား နစ်သွားကြသည်။
ခဏအတွင်းမှာပဲ ရှမိသားစုက သရဲတစ္ဆေများနှင့် နတ်ဘုရား ဒါဇင်ပေါင်းများစွာ သေဆုံးသွားခဲ့သည်။ ထိုအချိန်တွင် နတ်ဘုရားတစ်ဒါဇင်ကျော်သည် ချန်ရှီ၏ တာအိုနယ်မြေထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ သူတို့၏ မြင့်မြတ်သော နတ်တန်ခိုးသည် အလွန်တန်ခိုးကြီးလွန်းတာကြောင့် ချန်ရှီ၏ တာအိုနယ်မြေပင် မထိန်းနိုင်တော့ပါ။
ဖုန့်ယန်အိမ်တော်သည် မြေအောက်ကမ္ဘာရှိ မိသားစု ဆယ့်သုံးစု၏ အမာခံနယ်မြေများထဲမှ တစ်ခုသာ ဖြစ်သော်လည်း ၎င်း၏စုဆောင်းထားသော စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။
တာအိုနယ်မြေက လည်ပတ်နိုင်ခြင်း မရှိတော့ပေ။ သူ့လက်ကို မြှောက်လိုက်ပြီး မရေရာသော အရာကို ဖမ်းဆုပ်လိုက်သလို လှုပ်ရှားလိုက်တဲ့အခါ သစ်သားတွန်းလှည်းပေါ်ရှိ ထီးက လွင့်ပျံလာသည်။ ထီးက ကောင်းကင်မှာ ဝေ့ဝဲနေပြီး တာအိုနယ်မြေကို ဖုံးအုပ်ထားလိုက်သည်။
ထီးအောက်တွင် ကောင်းကင်နန်းတော်၏ နတ်ဘုရားများ ထွက်ပေါ်လာသည်။ နတ်ဘုရား နှစ်ထောင်လေးရာသည် တာအိုနယ်မြေကို လွှမ်းခြုံလျက် ကြီးကျယ်ခမ်းနားသော အခင်းအကျင်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။
ရှမိသားစုနတ်ဘုရား ဒါဇင်ပေါင်းများစွာတို့သည် အသီးသီး မလှုပ်ရှားနိုင်တော့ဘဲ အသီးသီး ညည်းတွားကုန်ကြသည်။
ထိုစဥ် ချန်ရှီက ထီးလက်ကိုင်ကို ဆုပ်ကိုင်လိုက်ပြီး ဒါဇင်ပေါင်းများစွာသော နတ်ဘုရားများကို စုပ်ယူလိုက်သည်။ အတွင်းမှ ပေါက်ကွဲသံများ ပဲ့တင်ထပ်ကာ ကွဲအက်နေသော ရွှေရောင်အရည်များ လက်ကိုင်ခုံအောက်သို့ စီးဆင်းသွားလေ၏။
နက်ရှိုင်းနဂါးရွေ့ဓားက ထီးထဲမှ ပျံထွက်သွားပြီး ချန်ရှီနောက်တွင် လှည့်ပတ်နေသော တစ္ဆေနတ်ဘုရား၏ မျက်ခုံးများမှတဆင့် စူးစူးဝါးဝါး ထိုးဖောက်ဝင်ရောက်သွားသည်။ တစ္ဆေများနှင့် နတ်ဘုရားများဆီမှ တုန်လှုပ်ချောက်ချားစရာ ကောင်းသောအသံများ ထွက်ပေါ်လာလေ၏။
"ဟားဟားဟား!"
ကျူးရှို့ချိုင်သည် ဘုံကျောင်းငယ်လေးတွင် အရူးတစ်ယောက်လို ကခုန်ရင်း ဟက်ဟက်ပက်ပက် ရယ်မောနေ၏။
"ကောင်းတယ်! လူမသတ်ဘဲ လူတွေရဲ့ ဒေါသကို ဘယ်လိုလုပ် ဖြေဖျောက်နိုင်မှာလဲ လူမသတ်ရင် ငါ့ဒေါသကို ဘယ်လိုလုပ် ဖြေဖျောက်နိုင်မလဲ... လူမသတ်ဘဲ တာအိုဘာသာကို ကျင့်နေတော့ ဘာအကျိုးရှိမှာလဲ"
အခြားဘုံကျောင်းငယ်လေး တစ်ခုမှာတော့ မယ်မယ်ရှစ်ကျီ လန့်ဖျပ်သွားလေသည်။
"ဒီပညာရှိဝိညာဥ်က ငါ့ထက်တောင် ပိုမိုက်နေသလိုပဲ!"
ရှမိသားစု တစ္ဆေများနှင့် နတ်ဘုရားများ ထပ်မံ ပြေးဝင်လာကာ အော်ဟစ်သတ်ဖြတ်ကုန်ကြသည်။ ချန်ရှီကလည်း သံတုတ်ဖြင့် ခုန်ထွက်လာခဲ့သည်။ သူ့ပတ်ဝန်းကျင်က ကမ္ဘာကြီးဟာ ရုတ်တရက် ပြောင်းလဲသွားပြီး ဖုန့်ယန်အိမ်တော်ကလည်း တာအိုနယ်မြေ အဖြစ် ပြောင်းလဲသွားသည်။
ပါးကွာ့အစီအရင် ရှစ်ခု၏ အသွင်ကူးပြောင်းမှု ၆၄ခုထဲက ပထမဆုံး နတ်တစ္ဆေနယ်မြေ။
ချန်ခွမ်းပြောင်းလဲမှု!
တစ္ဆေများနှင့် နတ်ဘုရားများသည် တုန်လှုပ်ချောက်ချားစရာ ကောင်းသော အရှိန်ဖြင့် လမ်းများတစ်လျှောက် ပြေးလွှားလာနေကြသည်။
တချို့က ချန်ရှီဆီသို့ အပြေးအလွှား လျှောက်လာနေကြသော်လည်း ဝေးသထက် ဝေးလာကြသည်။ အချို့က ချန်ရှီကို တိုက်ခိုက်ရန် အသေအချာ ပြင်ဆင်ထားသော်လည်း ရုတ်တရတ် လမ်းများပြောင်းသွားသဖြင့် အလျင်အမြန် ရှောင်သွားကြရသည်။
ချန်ရှီ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဆန့်ကျင်ဘက် နတ်ဆိုးနတ်ဘုရား၏ လက်ဖဝါးစွမ်းအားကို ရင်ဆိုင်လိုက်သည်။ သူတို့၏ ပေါင်းစပ်မှော်စွမ်းအားများ ထိပ်တိုက်တွေ့ပြီးနောက် နတ်ဆိုးနတ်ဘုရား၏ စွမ်းအားသည် သူ၏ တာအိုစွမ်းအားနှင့် မယှဉ်နိုင်တာ တွေ့လိုက်ရသည်။ သူ့လက်ဖဝါးဆီက တွန်းအားသည် ၎င်း၏ရွှေရောင်ကိုယ်ထည်ကို ဖြိုခွဲလိုက်ကာ ၎င်းကို နောက်ပြန် ဆုတ်သွားစေပြီး ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားလေသည်။
ချန်ရှီသည် အနောက်မှ တိုက်ခိုက်မှုကိုလည်း ရှောင်လိုက်ပြီး ဓားလက်ညှိုးကို နောက်ပြန် ပွတ်ဆွဲလိုက်သည်။ နက်ရှိုင်းနဂါးရွေ့ဓားသည် တစ္ဆေအရိပ်ကဲ့သို့ ပျံထွက်သွားပြီး ရှမိသားစု နတ်ဆိုးနတ်ဘုရား၏ ဘယ်လက်မောင်းက ထိုးဖောက်ပြီး ညာဘက်မှ ထွက်သွားသည်။
ကျိုးထျန်းမီးနယ်မြေက ဝုန်းကနဲ ဟောက်ပြီး လှည့်ပတ်သွားကာ သံတုတ်ပေါ် လျင်မြန်စွာ ကျယ်ပြန့်လာသည်။ သံတုတ်သည် ရှေ့က လမ်းပေါ်ရှိ ရှမိသားစု နတ်ဆိုးတစ်ဒါဇင်ကျော်ကို ခေါက်ချလိုက်သဖြင့် ရွှေသွေးများ ပေါက်ကွဲသွား၏။
ကမ္ဘာကြီးက တဖန်ပြောင်းသွားပြီး ချန်ရှီ သူတို့နောက်မှာ ဖျတ်ကနဲ ပေါ်လာသည်။ သူလက်လှမ်းရင်ပဲ သူတို့ကို ဖမ်းမိလိုက်ကာ ထီးပွင့်လာပြီး ကျိုးထျန်းတကျောက်က ကောင်းကင်မှ ဆင်းသက်ကာ ရှမိသားစု နတ်ဆိုးနတ်ဘုရား တစ်ဒါဇင် သို့မဟုတ် ထို့ထက်မက ကွဲအက်သွားသည်။
"ကောင်းတယ်ဟေ့ ကောင်းတယ်... တစ်ဆယ်လေး ဒီနေ့ကစပြီး ငါ ကရုဏာ အားလုံးကို စွန့်လွှတ်ပြီး လူသတ်တော့မယ်!"
ကျူးရှို့ချိုင်က ဝမ်းသာအားရနဲ့ အော်ဟစ်နေသည်။
"မိသားစုဆယ့်သုံးစုက လူသားတွေကို တစ္ဆေဖြစ်အောင် ပြောင်းလဲပစ်ဖို့ ထိုက်တန်တယ်... သူတို့အားလုံးကို မသတ်ရင် သရဲတစ္ဆေတွေကို လူသားဖြစ်လာအောင် ဘယ်လိုလုပ် ပြန်ပြောင်းနိုင်မှာလဲ"
ချန်ရှီ သူ့လက်ကို မြှောက်လိုက်ပြီး ထီးလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။ ရှမိသားစု ဝိညာဉ်များကို ကြည့်ရင်း ရက်စက်သော သူ့မျက်လုံးများက တောက်ပနေပြီး သူ၏ သတ်ဖြတ်မှုကြောင့် တစ်ဖက်ကလည်း ထိတ်လန့်သွားသည်။
ခဏလေးအတွင်းမှာပဲ နတ်တွေရဲ့အလောင်းတွေ မြေပြင်မှာ ပြန့်ကျဲသွား၏။ ဖုန့်ယန်အိမ်တော်သည် အနှစ်နှစ်ထောင်ကျော် အတွေ့အကြုံများကို စုဆောင်းထားခဲ့ပြီး ယခုအခါ ၎င်းတို့ထဲမှ တစ်ဝက်က သူ့လက်ထဲ၌ သေဆုံးသွားခဲ့ပြီဖြစ်သည်။
ကျန်ရှိသော ဝိညာဉ်များသည် တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားကာ သူ့ကို ကြောက်ရွံ့စွာဖြင့် ကြည့်နေလေသည်။
ရှထျန်းကျယ် အနားရှိ ရှမိသားစုမှ အကြီးအကဲ နှစ်ဦးသည်လည်း ချန်ရှီကို တိုက်ခိုက်ပြီးနောက် သေဆုံးသွားခဲ့သည်။
ရုတ်တရက် ရှရှစ်ချောင်းက သစ်သားတွန်းလှည်း၏ ဘေးကို လျှပ်တပြက်ထွက်ကာ ရှောင်သွမ့် လည်ချောင်းကို ဆွဲကိုင်လိုက်ပြီး။
"ချန်ရှီ ရပ်လိုက်တော့! မဟုတ်ရင် ငါ သူမကို သတ်ပစ်မယ်!"
ချန်ရှီသည် သူ့အတွင်း၌ လောင်ကျွမ်းနေသော လူသတ်ရန် ရည်ရွယ်ချက်ဖြင့် ဤမြင်ကွင်းကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။
ရှရှစ်ချောင်းလည်း သူ ရပ်တန့်နေတာတွေ့တော့ သက်ပြင်းတစ်ချက် ချလိုက်ပါ၏။ သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ ဖုန့်ယန်အိမ်တော်ထဲမှာ အပြင်းအထန် အသေအပျောက်တွေကို တွေ့လိုက်ရရာ သူ့လက်တွေက ဒေါသနဲ့အတူ တဆက်ဆက် တုန်လာတော့သည်။
"ချန်ရှီ... မင်းတို့သားအဖကို ငါတို့ ရှမိသားစုက သနားညှာတာပေးလိုက်တာက အမှားလုပ်မိသွားပုံပဲ...."
ဤအခိုက်အတန့်တွင် သူသည် နားမလည်နိုင်သော အေးစက်မှုကို ခံစားလိုက်ရ၏။
မိန်းကလေး၏ လည်ချောင်းကို ဆုပ်ကိုင်ထားသည့် သူ့လက်မသည် နောက်သို့ ကွေးကျသွားသည်။ လျှပ်တပြက်အတွင်း တခြားလက်ချောင်းများကလည့း အလိုက်သင့်လိုက်ကာ ကွေးရင်း တစ်ချောင်းချင်း ကျိုးကြေသွားကြသည်။
ရှရှစ်ချောင်းသည် ဓားစာခံလို ဖမ်းဆီးခံထားရသော မိန်းကလေးက အေးစက်စက် အေးစက်စွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါမှ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။
"မင်းက ရှန့်တော်ဝင်မိသားစုကို ဓားစာခံအဖြစ် ချုပ်နှောင်ထားတဲ့ အတွက် မင်းကို ညှဉ်းပန်းနှိပ်စက်မယ်... မင်းရဲ့ အပြစ်အားလုံးကို အရိုးပေါ်အထိ မှတ်တမ်းတင်ထားမယ်"
နတ်သမီးရှောင်သွမ့် သူမလက်ကို မြှောက်လိုက်သည်နှင့် ရှရှစ်ချောင်း အလိုအလျောက် ပျံတက်သွားတော့သည်။ သူ့အရှိန်က တိုးတိုးလာသဖြင့် အလွန်အမင်း ထိတ်လန့်သွားရသည်။
သူသည် မိုင်ရှစ်ဆယ်မှတ်တိုင်သို့ နီးကပ်လာလေပြီ။
ညအချိန်ဖြစ်၍ လသည် မိုင်ရှစ်ဆယ်ခန့်သာ မြင့်ကာ မမြင်နိုင်သော ဓားစွမ်းအင်ဖြင့် သက်ရှိများအားလုံးကို သော့ခတ်ထားပြီး ကောင်းကင်ယံမှ အနောက်နွားရှင်းကျိုး ကျွန်းမှ လွတ်မြောက်ရန် တားဆီးထားသည်။
"ရွှင်း!"
သူသည် မိုင်ရှစ်ဆယ် အမှတ်အသားဆီသို့ တိုးဝင်သွားခဲ့သည်။ လရောင်ထဲက မမြင်နိုင်သော ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး ရှရှစ်ချောင်းသည် လရောင်အောက်တွင် သွေးအခိုးအငွေ့များ တိမ်တိုက်အဖြစ်သို့ ပြောင်းလဲသွားပေသည်။