နေနှင့်လအစစ်အမှန်
Vol. 28 Ch. 396
ကိုယ့်ဘာသာကိုယ် ကယ်တင်မှာလား?
ကောင်းကင်ဘုံ တရားရုံးရှိ လူများကို ကြည့်ရင်း ချန်ရှီရဲ့ နှလုံးသားက တုန်လှုပ်သွားခဲ့သည်။ ဘေးဥပဒ်ထက် ပိုကြောက်စရာကောင်းတဲ့ ဘေးဆိုးအန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ရဲ့ ပထမဆုံး အတွေးက ထွက်ပြေးဖို့၊ အစာကို သိုလှောင်ဖို့၊ မြေအောက်ကမ္ဘာမှာ ပုန်းအောင်းဖို့ ဒါမှမဟုတ် တခြားသူတွေဆီကနေ အကူအညီတောင်းဖို့ မဟုတ်ဘဲ သူတို့ကိုယ်သူတို့ ကယ်တင်ဖို့ပင်။
"ကောင်းကင်ပြင်နတ်ဘုရား နေမကောင်း ဖြစ်နေရင် သူ့ကို ကုစားပေးလိုက်မယ်... သူအိပ်ပျော်နေရင် နှိုးလိုက်မယ်..."
ဝူးချင်းယွီက အပြုံးလေးနဲ့ ပြောလိုက်သည်။
“အတိုချုပ်ပြောရရင်တော့ ပြဿနာက ဘာလဲဆိုတာ သိဖို့လိုတယ်”
လူတိုင်း မြန်မြန် ပြင်ဆင်နေကြသည်။ အလုပ်ဌာနမှ လူများသည် ရှူးကျီး၏ ခြေထောက်နှင့် လက်များကို ချိန်ညှိလုပ်ဆောင်ရန် ပင့်တက်ကြပြီး မီးဖိုခန်းထဲရှိ ကျင့်ကြံသူများကလည်း မီးဖိုထဲသို့ ကျောက်မီးသွေးများ သယ်ထည့်နေကြသည်။ မူလရှူးကျီးသည် ဝိညာဉ်စွမ်းအင်များ ပေးပို့ရန် စက်ပိုင်းဆိုင်ရာ ရွှေအမြုတေကို အသုံးပြုခဲ့သော်လည်း ချန်ထန်၊ စီးထူဝမ်း နှင့် အခြားသူများက ၎င်းဆီ ဝိညာဉ်စွမ်းအင် ပေးပို့ရန်အတွက် နတ်သန္ဓေသားအား အတု လုပ်ယူခဲ့ကြသည်။
နတ်သန္ဓေသားသည် နတ်ဝိညာဥ်နှင့် ညီမျှပေသည်။ ပုံတူကူးရန် အလွန်ခက်ခဲသော်လည်း ၎င်းတို့သည် အတုကို အောင်မြင်စွာ သုတေသနပြုနိုင်ခဲ့သည်။
စက်ပိုင်းဆိုင်ရာ နတ်သန္ဓေသားလေးများသည် အဂ္ဂိရတ်မီးဖိုများအတွင်း ပြေးဝင်ကာ မီးဖို၏ ဝိညာဉ်စွမ်းအင်ကို ဆက်တိုက် စုပ်ယူနေကြသည်။ သူတို့သည် ဓားမီးဖိုများဆီသို့ ရောက်သောအခါ ထိုစွမ်းအင်ကို စိတ်စွမ်းအင်အဖြစ် သုံးကာ ဓားမီးဖိုများကို အသက်ဝင်စေသည်။ ၎င်းတို့ကို လှုပ်ရှားစေပြီး ဓားအလင်းကို ထုတ်လွှတ်ကာ ပြင်းထန်သော တွန်းအားကို ထုတ်ပေးစေသည်။
စီးထူဝမ်းသည် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားလို့ ရှူးကျီး၏ ကွပ်ကဲမှုဖြင့် ပထမအကြိမ် ပျံသန်းကြည့်ရန် ကြိုးပမ်းခဲ့သည်။ ဓားမီးဖိုရှစ်ခု တဖြည်းဖြည်း လင်းလာသည်နှင့်အမျှ တုန်ခါမှုများကြားတွင် မှော်ဆန်သော ရှူးကျီးသည် တဖြည်းဖြည်း လေထဲသို့ တက်လာ၏။
တဟုန်းဟုန်း တောက်နေသော ဓားစွမ်းအင်က မြေပြင်ကိုဖြတ်ကာ နက်ရှိုင်းသော တွင်းရှစ်ပေါက်ကို ဖန်တီးပစ်လိုက်သည်။ ရှူးကျီး၏ စက်ပိုင်းဆိုင်ရာ နတ်သန္ဓေသားများနှင့် အဂ္ဂိရတ်မီးဖိုများကို အပြည့်အ၀ တွန်းပို့လိုက်သည်နှင့်အမျှ ဓားမီးဖိုများမှ ထွက်လာသော ဓားအလင်းများသည် ပိုမိုရှည်လျားလာပြီး ရှူးကျီးရဲ့ အရှိန်ကို အရှိန်မြှင့်ပေးလာသည်။
စီးထူဝမ်း ရပ်ခိုင်းလိုက်တာနဲ့ အဂ္ဂိရတ်မီးဖိုခန်းရှိ ကျင့်ကြံသူတွေကလည်း ကျောက်မီးသွေး ထည့်နေတာကို ရပ်လိုက်ကြသည်။ စက်ပိုင်းဆိုင်ရာ နတ်သန္ဓေသားလေးတွေလည်း တဖြည်းဖြည်း နှေးကွေးလာ၏။ ကြီးမားလှသော ဓားစွမ်းအင်၏ ဟောက်သံကြားမှ မှော်ရတနာသည်လည်း တဖြည်းဖြည်း မြေကြီးပေါ် ဆင်းသက်လာသည်။
မှော်ရတနာကြီးသည် ရွာတစ်ရွာရဲ့ အရွယ်အစားလောက် ရှိတာကြောင့် ကောင်းကင်ကို ကျော်လွန်ပြီး သယ်ဆောင်ရတာက သေးငယ်တဲ့ လုပ်ဆောင်ချက် မဟုတ်ချေ။ စီးထူဝမ်းသည် သန့်စင်ပြီး ကျောက်မီးသွေးပါသည့် နောက်ထပ် သေတ္တာများနှင့် ချန်ခွင်း အိတ်အချို့ကို ပြင်ဆင်ခဲ့သည်။
ပြင်ဆင်ပြီးသည်နှင့် ချန်ရှီ၊ ချန်ထန်နှင့် အခြားသူများသည် မှော်ဆန်သော ရှူးကျီးပေါ် တက်လာခဲ့ကြသည်။ စက်ပိုင်းဆိုင်ရာ ကျင့်ကြံသူများ အလုပ်ရှုပ်သွားသဖြင့် ရှူးကျီးလည်း တုန်ခါကာ ကောင်းကင်ဆီသို့ အရှိန်တဖြည်းဖြည်း တက်လာခဲ့သည်။
ရှူးကျီးအတွင်းတွင်တော့ ကျင့်ကြံသူများသည် စက်ပိုင်းဆိုင်ရာ နတ်သန္ဓေသားနှင့်အတူ ပျံသန်းကာ ၎င်း၏ လည်ပတ်မှုကို မလျော့သွားအောင် စောင့်ကြည့်နေကြသည်။ အခြားသူများသည် ရှူးကျီး၏ အစိတ်အပိုင်းများ ဖြုန်းတီးခြင်း၊ ပြုတ်ကျခြင်း သို့မဟုတ် ကွဲအက်ခြင်း မရှိစေရန် စစ်ဆေးနေကြသည်။
ထိုသို့သော အခြေအနေမျိုး ပေါ်ပေါက်လာပါက ရှူးကျီးရဲ့ လည်ပတ်မှုကို ထိန်းထားရန် ချက်ချင်း ကြားဝင်ဆောင်ရွက်ပေးမှာပဲ ဖြစ်သည်။
ချန်ယန်တောင်တွင် မြွေကြီးရွှမ်ရှန်း လကို မျှော်ကြည့်နေရာမှ မိုင်ပေါင်းများစွာ ရှည်လျားသော ဓားစွမ်းအင်များ ထုတ်လွှတ်နေသော မဏ္ဍပ်များနှင့် ခန်းမများကို တွေ့လိုက်ရတာကြောင့် အံ့အားသင့်သွားခဲ့လေသည်။
“ကျင့်ကြံသူတွေက ကောင်းကင်အထက်ကို မပျံနိုင်ပါဘူး”
သူ့ဘာသာ ရေရွတ်လိုက်သည်။
ကောင်းကင်အထက်ကို ပျံသန်းနိုင်တဲ့ ကျင့်ကြံသူကို သူ တစ်ခါမှ မတွေ့ဖူးပါ။ ရှူးကျီး ပိုမြင့်လာကာ ၎င်း၏အပြင်ဘက်ခွံသည် နီရဲနေပြီဖြစ်ပြီး မကြာမီမှာပင် အမြင့်မိုင်ခြောက်ဆယ်သို့ ရောက်ရှိသွားသည်။
“မဟာယာနအဆင့်က ကျင့်ကြံသူတောင် မိုင်ခြောက်ဆယ်ကျော်ကို ပျံသန်းဖို့ ခက်လိမ့်မယ်”
မှော်ရတနာ ရှူးကျီး အပေါ်ထပ်ရှိ ခန်းမတွင်တော့ ချန်ထန်သည် မှော်ရတနာ၏ အပြင်ပန်းတွင် မျောပါနေသည့် သင်္ကေတပုံစံများကို ကြည့်ရှုကာ ပြင်းထန်သော အပူဒဏ်များကို ကာကွယ်ပေးနေသည်။
"ကျင့်ကြံသူအများစုက ဒီမှာပဲ ရပ်ရလိမ့်မယ်... အမြင့်ကို ဆက်ပျံသန်းရင် မမြင်နိုင်တဲ့ ခုခံမှုတစ်ခုနဲ့ တွန်းချခံလိုက်ရမှာ... ဒီထက် ပိုမြင့်အောင် သွားနိုင်မှာ မဟုတ်ဘူး"
ချန်ရှီနှလုံးက အနည်းငယ် တုန်ခါသွားခဲ့သည်။
"ရှောင်ဝူ... ဦးလေးက သူ့အစားအသောက်တွေကို ကောင်းကင်အထက် မိုင်ခြောက်ဆယ်လောက် ဝှက်ထားတာမလား... လူတော်တော်များများက အဲဒီအမြင့်ကို မရောက်နိုင်ကြဘူး"
ချန်ထန်: "ကိုယ်ခန္ဓာရှိတဲ့ မဟာယာနအဆင့် ကျင့်ကြံသူတောင် မိုင်ခြောက်ဆယ်ကျော်ကို မပျံသန်းနိုင်ဘူး... သူတို့ရဲ့ ပကတိကိုယ်ခန္ဓာကို အသုံးမချဘဲ နတ်ဝိညာဥ်နဲ့ ခရီးဆက်နိုင်ရင်တောင် အပြင်လောကကို မရောက်နိုင်ကြဘူး... ဘာကြောင့်လဲတော့ မသိဘူး ငါ မစမ်းဖူးဘူး"
လောလောဆယ် ခန်းမထဲမှာ လီထျန်းချင်လည်း ရှိနေတာကြောင့် သူလည်း ဝင်ပြောလာသည်။
"လီမိသားစုမှာ မှတ်တမ်းတွေ ရှိတယ်.... ငါတို့ရဲ့ နက္ခတ္တဗေဒ မှတ်တမ်းတွေမှာ မမြင်နိုင်တဲ့ ခုခံမှုက တကယ်တော့ ကောင်းကင်အပြင် နတ်ဘုရား တန်ခိုးတော်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုပဲတဲ့... နတ်ဝိညာဥ်တွေ အမြင့်ကို မပျံသန်းနိုင်ရတဲ့ အကြောင်းရင်းက နေ့ခင်းဘက် ကောင်းကင်မှာ နေရဲ့ နေရောင်ခြည်တွေ ထူထပ်နေလို့... နေရောင်ခြည်အနှစ်သာရနဲ့ မီးလောင်ပြာကျလိမ့်မယ်.... လီမိသားစုရဲ့ ဘိုးဘေးတစ်ယောက်လည်း သူ့နတ်ဝိညာဥ်နဲ့ ကောင်းကင် အထက်ကို ပျံသန်းဖို့ သူရဲ့ မဟာယာနနယ်ပယ်ကို အားကိုးခဲ့တယ်... ကောင်းကင်မှာ မိုင်တစ်ရာကျော် ပျံသန်းခဲ့တယ်တဲ့!"
ချန်ရှီ: "ငါတို့ ညဘက်သွားရင်ရော?"
လီထျန်းချင် : "ညဘက်မှာ လရောင်က အမြင့်မိုင် ရှစ်ဆယ်မှာ မမြင်နိုင်တဲ့ ဓားစွမ်းအင်ကို ထုတ်ပေးတယ်...အဲ့ကျင့်ကြံသူက ခေါင်းဖြတ် မခံရခင်မှာ ဘာမှ မမြင်ရဘူး... ဒီလိုဓားစွမ်းအင်မျိုးက နတ်ဘုရားကို စူးစူးစိုက်စိုက် ကြည့်ခြင်းရဲ့ ရလဒ်ပဲ... မဟာယာနနတ်တောင်မှ မမြင်နိုင်တဲ့ ဓားစွမ်းအင်တစ်ခုတည်းကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး... တစ်ချိန်က စမ်းသပ်တဲ့သူတွေ နေရာတိုင်းမှာ ရှိခဲ့ဖူးတယ်... ထိုက်ဟွာချင်း နန်းတော်မှာ တာအိုအရူးတစ်ယောက်က မူးပြီး ကခုန်ရင်း ရုတ်တရက် နတ်ဘုရားနဲ့ အရက်သောက်ဖို့ စိတ်ကူးရလာလို့ ကောင်းကင်ကို ပျံသွားတာ ဓားနဲ့ ခေါင်းဖြတ်ခံလိုက်ရတယ်"
ယွိလင်ကျစ် အံ့အားသင့်သွားသည်-
"ဒီလို ရယ်စရာကောင်းတဲ့ တာအို ဘုန်းကြီးတစ်ပါးက ငါတို့ရဲ့ ထိုက်ဟွာချင်းယန် နန်းတော်မှာ ဘယ်လိုများ ပေါ်လာနိုင်တာလဲ"
သူသည် ထိုက်ဟွာချင်းနန်းတော်၏ တပည့်တစ်ဦး ဖြစ်သော်လည်း ဤအဖြစ်အပျက်ကို သူဘာမှမသိပါ။
ဘိုးဘေးချုံယန်: "ချင်းယန်နန်းတော်မှာ အရက်ကိုနှစ်သက်တဲ့ တာအိုဝါဒီတချို့ ရှိပါတယ်... သူတို့ထဲက တစ်ယောက်က တကယ်ကို အဓိပ္ပာယ်မဲ့တဲ့ တစ်ခုခုကို လုပ်ခဲ့ဖူးတာ ဖြစ်နိုင်တယ်"
သူတို့ ပြောနေစဥ် မှော်ရတနာက နေရောင်ခြည်စွမ်းအင် အလွှာထဲသို့ ဝင်ရောက်ကာ ကောင်းကင်သို့ မိုင်တစ်ရာကျော်အထိ ရောက်ရှိနေပြီ ဖြစ်သည်။
ချန်ရှီကို မော့ကြည့်လိုက်တော့ ရှုးကျီးရဲ့ ကိုယ်ခန္ဓာကနေ အဆောင်စာလုံး ပုံစံတွေ ပိုများလာတာကို တွေ့လိုက်ရလေသည်။ ၎င်းစာလုံးတို့က မှော်ရတနာ ရှူးကျီးကို စောင့်ကာ ထိန်းချုပ်နေသော နတ်ဘုရားပုံရိပ် နှစ်ထောင်ကျော်ကဲ့သို့ အလွန်ရှုပ်ထွေးလှသည်။
"ကျိုးထျန်းတကျောက်?"
ချန်ထန်: "မင်းရဲ့ ထီးပေါ်က ပန်းချီကားက ကျိုးထျန်းတကျောက်မလား... ငါ ကူးယူထားတာ။ မင်းအမေက ဟော့သော်ရဲ့ သွေးနဲ့ အကြိမ်ပေါင်းများစွာ ခြေရာခံခဲ့တာ"
ရုတ်တရက် ရှူးကျီးက ပြင်းထန်စွာ တုန်လှုပ်သွားရာ ချန်ရှီ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"နေရောင်ခြည်ရဲ့ အနှစ်သာရအပြင် ယန်ကိုးစင်း နတ်မိုးကြိုးလည်း ရှိသေးတယ်"
အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ယန်ကိုးစင်း နတ်မိုးခြိမ်းသံကြီး ပေါက်ကွဲသွားပြီး စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။ လူတိုင်းရဲ့ မျက်နှာများ ဖြူဖျော့သွားကာ ကျင့်ကြဲမှုအဆင့် နိမ့်သူများခမျာ မထိန်းထားနိုင်လောက်တော့ချေ။
ယန်ကိုးစင်း နတ်မိုးကြိုးသည် မိုးကြိုးအားလုံးအနက် တန်ခိုးအရှိဆုံးနှင့် လွှမ်းမိုးနိုင်ဆုံး ဖြစ်သည်။ အသံကိုသာကြားသော်လည်း လျှပ်စီးကြောင်း မဟုတ်ပေ။ မတုံ့ပြန်နိုင်ခင်မှာ မိုးခြိမ်းသံက မိမိရဲ့စိတ်ဝိညာဉ်ကို ကြေကွဲသွားစေနိုင်သည်။
မှော်ရတနာရှူးကျီး ပတ်ပတ်လည်က အဆောင်နတ် ၂၄၀၀ သည် မိုးခြိမ်းသံကြားတွင် တုန်လှုပ်သွားကြသည်။ မှော်ရတနာ၏ ခန္ဓာကိုယ်ပေါ်ရှိ ကျိုးထျန်းတကျောက်မှ စာလုံးတစ်လုံးစီကို ဟေးကော်၏မိခင် ဟော့သော် အသွေးဖြင့် ထုလုပ်ထားသည်။ သူတို့သည် ဤမှော်အတတ်ကို စောင့်ထိန်းသော နတ်ဘုရားများဖြင့် ဖွဲ့စည်းထားသကဲ့သို့ မယုံနိုင်လောက်အောင် အားကောင်းသော နတ်တန်ခိုးကို ကိုင်စွဲထားသည်။
သို့သော် ဤအဆောင်နတ်များသည် အချိန်မရွေး ပြိုပျက်သွားမည့်အလား ခြိမ်းချောက်မှုကို မထိန်းနိုင်ပုံရသည်။
ထိုစဥ် ချန်ရှီက အော်ဟစ်ပြီး တာအိုနယ်မြေကို ဖြန့်ကျက်ပစ်လိုက်ကာ မှော်ရတနာရှူးကျီးကို ဖုံးအုပ်ထားလိုက်သည်။ သူ့မှော်အစွမ်းသည် အဆောင်နတ် ၂၄၀၀ အပေါ်သို့ ထွန်းတောက်သွားသည်။
"အဖေ! ကျနော့်လက်ကို ငှားလိုက်!"
သူပြောပြီးသည်နှင့် သူ၏ မှော်အစွမ်းဖြင့် တန်ခိုးကြီးသော အဆောင်နတ် နှစ်ထောင်လေးရာသည် လော်ထျန်းထီး အသွင်ဆောင်လာသည်။ အဆောင်စာလုံး အမျိုးမျိုးသည် ထီးကြီးအောက်၌ ရပ်နေသော နတ်ဘုရားများအဖြစ်သို့ အသွင်ပြောင်းကာ ကြီးမားကျယ်ပြောသော နတ်ဘုရားငယ်များဖြင့် ဖွဲ့စည်းထားသော ကောင်းကင်နန်းတော် တစ်ခုသဖွယ် ပြောင်းလဲသွားသည်။
ချန်ထန်သည် ဤအသွင်ပြောင်းခြင်းကို ကူးယူထားခြင်း မရှိခဲ့ပါ။ ဒါက ချန်ရှီရဲ့ ကိုယ်ပိုင်သဘောပေါက်မှု ဖြစ်ကြောင်း သူ သိလိုက်ပါသည်။ သို့သော် ချန်ရှီရဲ့ ကျင့်ကြံမှုအဆင့်မှာ နိမ့်ကျနေပြီး သူ၏ တာအိုနယ်မြေ သန့်ရှင်းရာဌာန၌ ကောင်းချီးပေးမှုများ ရှိနေသော်လည်း နေ၏အနှစ်သာရနှင့် ယန်ကိုးစင်း နတ်မိုးခြိမ်းတို့ကို အကြာကြီး မခံနိုင်ပေ။
ဒါကိုမြင်တော့ ချန်ထန်လည်း သူ့ဓားကို ချက်ချင်းစတေးပြီး ရွှမ်ဝေဓားသိုင်းကို လွတ်ချလိုက်တော့သည်။ ဆူညံသောအသံဖြင့် ချန်ရှီ၏ တာအိုနယ်မြေနှင့် လိုက်ဖက်သော ဓားစွမ်းအင်များသည် အတွင်းမှ ကျယ်ပြောလှသော ကွက်လပ်ကြီးတစ်ခုကို ဖော်ထုတ်လိုက်သည်။
ကျိုးထျန်းတကျောက် အသွင်ကူးပြောင်းမှုနှင့် ဖွဲ့စည်းမှုများကို သူ နားမလည်သော်လည်း ချန်ရှီရဲ့ တာအိုနယ်မြေကို ကောင်းချီးပေးပြီး ၎င်း၏ သမာဓိကို ထိန်းသိမ်းရန်သာ ကူညီပေးနိုင်၏။ သူ တခြားဘာမှ စိတ်ပူစရာ မလိုပါဘူး။ ချန်ရှီ ဒါကို ကိုင်တွယ်လိမ့်မည်။
အလုပ်သမားဌာနမှ ကောင်းကင်လုပ်သား အချို့သည် မိုးခြိမ်းသံကို မခံနိုင်သဖြင့် မူးလဲကုန်ရာ မှော်ရတနာရှူးကျီးကို တိမ်းစောင်းသွားစေခဲ့သည်။ စီးထူဝမ်း၊ လီထျန်းချင်၊ ယွိလင်ကျစ်နှင့် အခြားသူများသည် သတိလစ်နေသည့် လူနေရာကို အစားထိုးရန် စင်္ကြံပေါ်မှ ပြေးဆင်းကာ ဆက်လက်ထိန်းသိမ်းထားကြသည်။
လီထျန်းချင်က အဂ္ဂိရတ်မီးဖိုခန်းသို့ အပြေးအလွှားသွားကာ မီးဖိုချောင်တွင် သတိလစ်နေသော ပညာရှင်များစွာကို ဖယ်ရှားကာ သူကိုယ်တိုင် မီးဖိုထဲသို့ ကျောက်မီးသွေးကောင်းများကို ချက်ချင်း ထည့်ကျွေးသည်။
အပြင်ဘက်က မိုးခြိမ်းသံများက သူ့ကိုလည်း တုန်လှုပ်စေကာ ယိမ်းထိုးနေစေ၏။
ယွိလင်ကျစ်လည်း တုန်ခါနေသည့်ကြားက ဓားမီးဖိုထဲသို့ ရောက်လာသည်။ စက်ပိုင်းဆိုင်ရာ နတ်သန္ဓေသားလေးတွေဟာ သူတို့ရဲ့ ဝိညာဉ်စွမ်းအင်တွေကို အဲဒီထဲကို လောင်းထည့်ရင်း သူ့ဘက်ဆီ အဆက်မပြတ် ပျံသန်းသွားကြပါ၏။ မီးဖို၏ တုန်ခါမှုများသည် ပိုမိုပြင်းထန်လာပြီး တည်ငြိမ်ရန် ခက်ခဲလာရာ ခြိမ်းခြောက်မှုက ထိပ်ဖျားဆီအထိ ရောက်လာသည်။
ဒေါသတကြီး ဟောက်ပြီး မီးဖိုကို ထောက်ဖို့ သူ့နတ်ဝိညာဉ်ကို ဆင့်ခေါ်လိုက်သည်။
ရုတ်တရက် မိုးခြိမ်းသံ မှိန်သွားသည်။ ၎င်းသည် မှော်ရတနာအပေါ် ယန်ကိုးစင်းနတ်မိုးကြိုး၏ သက်ရောက်မှုကို လျော့ပါးစေရန် ကြိုးပမ်းသည့် ဘိုးဘေးချုံယန်၏ မဟာတန်ခိုးကြီးမိုးကြိုးမန္တန်ကြောင့်ပဲ ဖြစ်ပါသည်။
မှော်ရတနာ၏ ပျံသန်းမှုသည် နောက်ဆုံးတွင်တော့ တည်ငြိမ်သွားခဲ့သည်။ မိုင်ပေါင်းများစွာ ရှည်လျားသော ဓားအလင်းသည် မီးဖိုထဲမှ ထွက်ပေါ်လာပြီး ကြီးမားသော မှော်လက်နက်ကြီးကို အမြင့်သို့ ထပ်မံမြင့်တင်ပေးသည်။
မှော်ရတနာရှူးကျီးသည် နတ်ဘုရားပေါင်း ၂၄၀၀ ဖြင့် ဖွဲ့စည်းထားသော ကောင်းကင်နန်းတော် အောက်တွင် ကြီးမားသော လော်ထျန်းထီးကို သယ်ဆောင်လာကာ အာကာသထဲသို့ ပျံတက်သွားကာ နေနှင့် ပို၍နီးကပ်လာသည်။
ဘိုးဘေးချုံယန် ညည်းညူရင်း သူမပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သူမ တဖြည်းဖြည်း ငြိမ်သက်သွားသည့် အချိန်တွင် သူမ ပတ်ဝန်းကျင်ရှိ ဖိအားများ ရုတ်တရက် လျော့ပါးသွားကာ မိုးခြိမ်းသံများ ပျောက်ကွယ်သွားပြီး အလေးချိန်မဲ့သော ခံစားချက်က အစားထိုးလာသည်။ အထဲက လူတိုင်းဟာ သူတို့ကိုယ်သူတို့ လွင့်မျောသွားသလို ခံစားလိုက်ရ၏။ လေဟာ လုံးဝ ပျောက်ကွယ်သွားသလို ခံစားလိုက်ရပြီး အသက်ရှူမဝသလို ဖြစ်လာသည်။
ချန်ရှီလည်း သူ့ကိုယ်သူ တည်ငြိမ်စေပြီး ပြတင်းပေါက်မှ လွင့်ထွက်မသွားစေရန် ဟေးကော်ရဲ့ အမြီးကို ဖမ်းကိုင်လိုက်သည်။
ဘိုးဘေးချုံယန်နဲ့ ချန်ထန်တို့ရဲ့ အတုအယောင်နယ်မြေ အတွင်းက လေထုသည် လုံလောက်ပြီး ခဏအတွင်း မကုန်လောက်သေးပေ။ လူတိုင်းသည် ၎င်းတို့၏ ပြတင်းပေါက်များကို ဖွင့်ကာ အပြင်သို့ ကြည့်လိုက်ရာ ကျယ်ပြောလှသော နေရာတစ်ခု၌ အိမ်များစွာဖြင့် ဖွဲ့စည်းထားသည့် မှော်ရတနာရှူးကျီး တစ်ခုက်ု တွေ့လိုက်ရသည်။ ကောင်းကင်ဘုံရှင် ဘုရားသခင်၏ မျက်လုံးများသည် သူတို့ရှေ့တွင် ပိုမိုတောက်ပလာပြီး ဘုရားသခင်၏ မျက်နှာတော်သည်လည်း တဖြည်းဖြည်း ကြည်လင်လာသည်။
ချန်ရှီ ငုံ့ကြည့်လိုက်တော့ အနောက်နွားရှင်းကျိုးရဲ့ ပြည်နယ်ငါးဆယ်ဟာ အမှောင်ပင်လယ်ထဲမှာ မျောပါနေတဲ့ လက်ဆေးကန် အရွယ်အစားအထိ ကျုံ့သွားတာကို တွေ့လိုက်ရသည်။
သူ ထိတ်လန့်သွားပြီး ကောင်းကင်ဘုံရှင် ဘုရားသခင်ရဲ့ မျက်နှာတော်ကို မျှော်ကြည့်လိုက်တော့ အကန့်အသတ်မဲ့ အမှောင်ထုက သူ့အကြည့်တွေနဲ့ ပြည့်နှက်နေ၏။
အမှောင်ပင်လယ် မဟုတ်ပေမယ့် ကြယ်တွေမမြင်ရတဲ့ အနက်ရောင် အမှောင်ထုကြီးပါပဲ။
ကြယ်တွေကို မမြင်ရပါ။
ချန်ရှီသည် ကောင်းကင်ရှိ နက္ခတ်တာရာများကို သိရှိရန် မူလကြယ်မြေပုံကို လိုက်နာထားပြီး ၎င်းတို့၏ ရပ်တည်ချက်များကို ရှင်းရှင်းလင်းလင်း သိရှိနိုင်သည်။
သို့သော် ဒီမှာက ကြယ်ရောင်ကို မမြင်နိုင်ပေ။
"မဟုတ်ဘူး မဟုတ်ဘူး မူလကြယ်မြေပုံမှာ အမှတ်အသား လုပ်ထားတဲ့ အနီးဆုံးကြယ်က လပဲ... ငါ လကို ရှင်းရှင်းလင်းလင်း မှန်မိတယ်... လက... ဒီမှာပဲ!"
ချန်ရှီသည် သူ၏အာရုံများနောက်တွင် ကြီးမားပြီး အေးစက်နေသော ဂြိုဟ်ကြီးတစ်ခုသည် ကောင်းကင်ပြင်နတ်ဘုရား၏ ဦးခေါင်းကို ဖြတ်ကာ တိတ်တဆိတ် ဖြတ်သန်းနေသည်ကို တွေ့လိုက်ရလေသည်။
လအစစ်ကို သူမြင်သော်လည်း မည်သည့်အလင်းရောင်မှ မထုတ်လွှတ်ဘဲ ခပ်မှိန်မှိန်လေးသာ ဖြစ်သည်။ ဤကြယ်၏ မျက်နှာပြင်သည် အသွေးအသားနှင့် ဆင်တူသော အနီရောင် နက်မှောင်သော အရာများဖြင့် ဖုံးလွှမ်းနေပြီး တုန်လှုပ်နေပုံရသည်။
လမျက်နှာပြင်မှ တောက်ပနေသော ရွက်ဆွဲကြိုးများက ကခုန်နေသည့် အပြင် ကောင်းကင်ပြင်နတ်ဘုရားထံ ချဉ်းကပ်လာတဲ့အခါ တောက်လောင်နေသော အရာတစ်ခုကို ထိထိမိမိ ထိတ်လန့်နေသကဲ့သို့ ဆုတ်ခွာသွားသည်ကိုပင် သူ မြင်နေရပါသည်။
လက အသက်ရှင်နေသလိုပဲ။
ထိုအချိန်တွင် ချန်ထန်အသံကို ကြားလိုက်ရသည်။
"တစ်ဆယ်လေး... နေကို အာရုံခံစားနိုင်လား နေကို အာရုံခံဖို့ မူလကြယ်မြေပုံကို သုံးကြည့်တယ် ဒါပေမယ့် မြင်နေရတာက ဘာလဲဆိုတာ ငါမသိဘူး... နေမဟုတ်ဘူးဆိုတာ သေချာတယ်..."
ချန်ထန်၏ မှိန်းနေသော အကြည့်နောက်တွင် ချန်ရှီသည် သူ့အကြည့်ကို ဆုတ်လိုက်သည်။ ကြီးမားသော အမှောင်ထုကြီးတစ်ခု ပေါ်လာသည်။
၎င်းနှင့် တိုက်မိသကဲ့သို့ ခံစားရသော်လည်း အလွန်ဝေးသော အကွာအဝေးတွင် ရှိနေသည်။ နက်မှောင်သော အနီရောင်မျဉ်းများသည် အာကာသကို ဖြတ်ကျော်ကာ အချို့က ၎င်း၏မီးခိုးကို ဆွဲထုတ်လိုက်သကဲ့သို့ အမှောင်နယ်ပယ်ကို ထိုးဖောက် ဝင်ရောက်ခဲ့သည်။
"အဲဒီတုန်းက မိန်းမစိုးစန်းပေါင်နဲ့ မင်စစ်သားတွေက ဘယ်လိုလုပ် ထူးဆန်းတဲ့ နေရာမျိုးကို ရှာတွေ့ခဲ့တာလဲ"
ချန်ရှီ ရေရွတ်လိုက်သည်။
မှော်ရတနာသည် ကျယ်ပြောလှသော အမှောင်စကြာဝဠာကြီးတွင် အရေးမပါဘူးဟု ထင်ရလောက်အောင် မြင့်မားနေဆဲဖြစ်သည်။
ရုတ်တရက် ဘိုးဘေးချုံယန်ရဲ့ အသံကို ကြားလိုက်ရသည်-
"ဒီလောက် ပြင်းထန်တဲ့ မကောင်းဆိုးဝါး စွမ်းအင်တွေ ! အားလုံး သတိထားကြ! အဲဒါနဲ့ မထိခိုက်မိစေနဲ့!"
မှော်ရတနာသည် မမြင်နိုင်သော အတားအဆီးတစ်ခုကို ဖြတ်ကျော်သွားသလိုပင်။ ပြင်ပအာကာသမှ ဆိုးဝါးသော စွမ်းအင်များသည် လူတိုင်းကို ချက်ချင်း သက်ရောက်သွား၏။
အာကာသအတွင်း မကောင်းသော စွမ်းအင်သည် အလွန်သိပ်သည်းပြီး အနောက်နွားရှင်းကျိုးမှာထက် အဆတစ်ရာ ပိုပြင်းထန်သည်။ အသက်ရှူချိန် အနည်းငယ်မျှ ကြာသောအခါ ချန်ရှီအနားရှိ ဟေးကော်သည် အမွေးများကဲ့သို့ ကြီးထွားလာသည်၊ အသားများ ဆိုးသွမ်းလာပြီး အရိုးများ အက်ကွဲစပြုလာသည်။
အရပ်ရပ်မှ အာမေဋိတ်သံများ ပဲ့တင်ထပ်လာ၏။ ချန်ရှီ သူ့စိတ်တွေကို စုစည်းပြီး တာအိုနယ်မြေကို ချက်ချင်း အသက်သွင်းလိုက်သည်။ တောက်ပသော လနှင့် နေကြီးတစ်စင်းသည် မှော်ရတနာရှူးကျီးကို လှည့်ပတ်သွားသည်။
ယင်နဲ့ယန်တို့သည် ပတ်ဝန်းကျင်ရှိ မကောင်းသော စွမ်းအင်များကို သန့်စင်ပေးနေသော်လည်း လူက များလွန်းသဖြင့် မကောင်းသော စွမ်းအင်များက ပြင်းထန်လွန်းလာသည်။ သူ၏ ကျင့်ကြံမှု အဆင့်ဖြင့် လူတိုင်းကို ကာကွယ်ရန် ခက်ခဲပေသည်။
"ပြန်သွားစို့!"
ချန်ထန်သည် သူ့အတွင်းမှ တဟုန်းဟုန်းတောက်နေသော မကောင်းဆိုးဝါးစွမ်းအင်များကို ဖိနှိပ်ရန် ရုန်းကန်ရင်း အော်လိုက်သည်။
"လူတိုင်း နားထောင်! ချက်ချင်းပြန်ကြ... ဂိုဏ်းဆရာစီးထူ ...ချိန်ညှိ ချက်ချင်းပြန်သွား!"
မှော်ရတနာရှူးကျီးလည်း ခေတ္တရပ်ပြီးနောက် အာကာသအတွင်း လှည့်ကာ ကျွန်းဆီသို့ ပျံသန်းသွားခဲ့သည်။
ချန်ရှီသည် သူ၏ စွမ်းအင်အားလုံးကို အသုံးချကာ ယင်ယန် အသွင်ပြောင်းခြင်းကို အသက်ဝင်စေခဲ့သည်။ နေနှင့်လသည် ရှူးကျီးတစ်ဝိုက်တွင် အဆုံးမရှိသော လှည့်ပတ်သွားနေရင်း ယင်ယန်စွမ်းအင်များသည် လူတိုင်း၏ ခန္ဓာကိုယ်အတွင်းက မကောင်းသော စွမ်းအင်များကို အဆက်မပြတ် သန့်စင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် မကောင်းသော စွမ်းအင်များက ပိုမိုကြီးထွားလာခဲ့သည်။
မှော်ရတနာလည်း တုန်လှုပ်သွားကာ ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဓားမီးဖိုတစ်ခု ပေါက်ကွဲသွားကာ ရှင်းကျိုးကျွန်းဆီသို့ ပစ်လွှတ်ခံလိုက်ရလေသည်။
ချန်ထန် ဓားမီးဖိုထဲသို့ ချက်ချင်း ပြေးသွားသည်။ မီးဖို ပေါက်ကွဲသွားသော်လည်း သူသည် ရွှမ်ဝေးဓားကျမ်း၏ သခင်ဖြစ်ပြီး ၎င်းကိုအစားထိုးနိုင်သင့်သည်။ သူသည် မီးဖိုထဲ ရောက်ရှိပြီးနောက် ရွှမ်ဝေဓားသိုင်းကို အသက်သွင်းကာ နောက်ဆုံးတွင် မှော်ရတနာကို တည်ငြိမ်စေခဲ့သည်။
ချန်ရှီသည် ယင်ယန် အသွင်ပြောင်းခြင်းကို ဝီရိယရှိရှိ အသက်သွင်းမေခဲ့သည်။ ထိုအချိန်တွင် လေးငါးမီတာရှည်သော သစ်သားလှေကြီးတစ်စင်း သူ့မြင်ကွင်းထဲသို့ ဝင်လာ၏။
သစ်သားလှေသည် အဝေးမှ တိတ်တဆိတ် ချဉ်းကပ်လာကာ ဤအာကာသထဲတွင် နှစ်ပေါင်းများစွာ လွင့်မျောနေပုံရသည်။ ပုပ်ပွပြီး ပျက်စီးယိုယွင်းနေပြီ ဖြစ်ကာ ၎င်း၏ကိုယ်ထည်မှာ အပေါက်များနှင့် ပြည့်နေသည်။
လူသားဆန်သော သတ္တဝါတစ်ကောင်သည် ရွက်တိုင်ပေါ်တွင် သံကြိုးဖြင့် ချည်နှောင်ခံထားရသည်။ ၎င်းသည်လည်း နတ်ဆိုး ဝင်သွားတာ ဖြစ်မည်။ ၎င်း၏ အသွေးအသားက ကခုန်နေသည်။
ထိုသက်ရှိသတ္တဝါသည် သူ့အကြည့်ကို အာရုံခံလိုက်သကဲ့သို့ မှော်ရတနာအနား ရောက်လာကာ ၎င်း၏အစွယ်များကို ရုတ်တရက် ချဲ့ထွင်လာ၏။ ဤအခိုက်အတန့်တွင် နေနှင့်လသည် ချန်ရှီ၏ တာအိုနယ်မြေကို ဖြတ်ကျော်ဝင်ရောက်နေပြီး နတ်ဆိုးများစွာကို ဖယ်ရှားကာ ချက်ချင်း ပြန်ဆုတ်သွားစေသည်။
ယင်နှင့်ယန်စွမ်းအင်များသည် သစ်သားလှေကို တောက်ပစေပြီး ဆက်လက် သန့်စင်စေသည်။ သင်္ဘောပေါ်ရှိ လူသားဆန်သော သတ္တဝါ၏ အသွေးအသားသည် တဖြည်းဖြည်း လျော့ပါးလာပြီး ၎င်း၏ မူလပုံစံကို ထုတ်ဖော်ပြသခဲ့သည်။ ထိုသူဟာ ချင်ခေတ်မတိုင်မီက အဝတ်အစားများ ၀တ်ဆင်ထားပြီး တိုင်ပေါ်တွင် ပိတ်မိနေသော တာအိုကျင့်ကြံသူ တစ်ယောက်ပင်။
“ကျေးဇူးတင်ပါတယ်”
ထိုလူက အဝေးကနေ လှမ်းပြော၏။
ချန်ရှီ အနည်းငယ် လန့်သွားသည်။
"သူလည်း ဟွာရှရှန်ကျိုးကပဲ!"
ချင်ခေတ် တာအိုကျင့်ကြံသူကို တင်ဆောင်လာသော သစ်သားလှေသည် အနောက်နွားရှင်းကျိုးသို့ ကျဆင်းနေသော်လည်း ၎င်းတို့ မှော်ရတနာရှူးကျီးနှင့် ဝေးသထက် ဝေးလာသည်။
မှော်ရတနာသည် ပြင်းထန်သော နတ်ဆိုးစွမ်းအင်တွေရဲ့ လှိုင်းထန်မှုဖြင့် နေ အနှစ်သာရသို့ ကျဆင်းသွားကာ ယန်ကိုးစင်း ကောင်းကင် မိုးကြိုးနှင့် နေ၏ အနှစ်သာရထဲသို့ တစ်ဖန် ထိုးဆင်းသွားခဲ့ပြန်သည်။
"ပါ့!"
လော်ထျန်းတကျောက် ဖြစ်ပေါ်လာသော ထီးအမိုးအကာက ပေါက်ကွဲသွားသည်။ မိုးကြိုးနှင့် မီးထဲတွင် နတ်ဘုရားတစ်ပါး၏ ရုပ်ပုံက ပျောက်ကွယ်သွားသည်။ ချက်ချင်းပင် အဆောင်စာလုံးများလည်း မီးလောင်ပြီး ကွဲအက်သွားသည်။
အော်သံနှင့်အတူ မှော်ရတနာရှူးကျီး၏ ခေါင်မိုး လွင့်ထွက်ကာ မိုးခြိမ်းသံနှင့် မီးကြောင့် ကွဲအက်လာခဲ့သည်။ လော်ထျန်းတကျောက်ရော မှော်ရတနာရော ဆက်လက်ပြိုကွဲသွားပြီး အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့သည်။
မှော်ရတနာသည် မိုးခြိမ်းသံနှင့် မီးအလွှာကို ဖြတ်၍ ရေကို ထိမှန်ပြီး ပြန်ခုန်နေပုံရသည်။ ထပ်မံပြုတ်ကျလာသည်နှင့်အမျှ အရှိန်သည် အလွန်လျော့ကျသွားသော်လည်း အခြားသက်ရောက်မှုတစ်ခုမှာ မှော်ရတနာကို ချက်ချင်း ပြိုကွဲစေပြီး အပိုင်းပိုင်း ကွဲအက်သွားစေခဲ့သည်။
ဓားမီးဖိုများ ပြိုကျပျက်စီးသွားသည်နှင့် ဓားစွမ်းအင်များက လေချွန်ကာ လမ်းကြောင်းအားလုံးကို ပစ်ခတ်နေ၏။ ဤပျံသန်းနေသော ဓားအလင်းများဖြင့် လူတိုင်းပင် သေဆုံးလုနီးပါး ဖြစ်နေတာကြောင့် ချန်ထန်လည်း ရွှမ်ဝေဓားကို ဆွဲထုတ်လိုက်ပြီး ဓားအလင်းအားလုံးကို ဓားထဲသို့ ပြန်စုစည်းလိုက်သည်။
သူသည် ဖျက်ဆီး၍မရသော ဓားစွမ်းအင်အားလုံးကို သူ့ရဲ့ အတုအယောင် နယ်မြေထဲ၌ သန့်စင်ထားသည်။
ဤအခိုက်အတန့်တွင် ဘိုးဘေးချုံယန်ကလည်း လှုပ်ရှားတာခဲ့ပြီး လူတိုင်းကို မြှောက်ကာ ပြန့်ကျဲနေသော အပိုင်းအစများကြားကနေ ချန်ယန်တောင်သို့ သယ်ဆောင်သွားခဲ့သည်။ မှော်ရတနာ အပိုင်းအစများသည် လေထုကို ပြင်းထန်စွာ ပွတ်တိုက်ကာ ချန်ယန်တောင်သို့ ထူထပ်သော မီးခိုးများဖြင့် ဆွဲငင်ကာ မီးတောက်များ တောက်သွားစေသည်။ သူတို့ ချန်ယန်တောင်ကိုတောင် မရောက်ခင်မှာ မီးလောင်နေပြီ။
ချန်ရှီသည် ရေနှင့်မီး သန့်စင်နည်းကို ဆက်လက် အသက်သွင်းခဲ့ပြီး လူတိုင်း၏ခန္ဓာကိုယ်ကို ကျူးကျော်ဝင်ရောက်လာသော မကောင်းဆိုးဝါး စွမ်းအင်များကို ပြန်လည်သန့်စင်ပေးခဲ့သည်။ ရုတ်တရက် သူ တစ်ချက်ကြည့်လိုက်တော့ သစ်သားလှေက ရှင်းကျိုးကျွန်းကို တခြား ဦးတည်ရာကနေ ဝင်လာပြီး အမည်မသိ နေရာ၌ ပျက်ကျသွားတာ တွေ့လိုက်ရလေသည်။