← Chapters

မိမိကိုယ်ကို ကယ်တင်ခြင်း

Vol. 28 Ch. 395

မိမိကိုယ်ကို ကယ်တင်ခြင်း

Vol. 28 Ch. 395

ညဦးပိုင်းအချိန်သည် ပုံမှန်အချိန်များတွင် တစ်နာရီ၏ လေးပုံတစ်ပုံခန့် တိုးလာသည်ဟု လူတိုင်း ယုံကြည်လာကြသည်။ ချန်ရှီတောင်မှ ယုံ၏။

သို့သော် ဤတစ်ကြိမ်တွင် နေမင်းကြီးသည် တစ်ဖန်ပြန်ထလာရန် နေ့ရောညပါ အချိန်ယူရကာ သူတို့ယုံကြည်ထားသည့် ပုံစံမှာ လုံးဝ ဒီပုံစံမဟုတ်ကြောင်း ညွှန်ပြနေသည်။

သူတို့သည် ရေတွင်းတစ်ခုထဲမှာ နေရင်း ကောင်းကင်ယံကို စောင့်ကြည့်နေရသော အခြေအနေမျိုး ဖြစ်နေသည်။ ဒါပေမယ့် ပိုကြီးတဲ့ အချိန်အတိုင်းအတာ တစ်ခုမှာတော့ သူတို့လေ့လာခဲ့တဲ့ ပုံစံနဲ့ အမှန်တရား နှစ်ခုစလုံးဟာ တည်ရှိနေတော့မှာ မဟုတ်ချေ။

ဤအချိန်မှသာ နေထွက်သည် ဖြစ်၍ နောက်တစ်ကြိမ်ဆို ဘယ်တော့မှ ပြန်မထနိုင်တော့တာမျိုး ဖြစ်သွားနိုင်သည်။

"စစ်မှန်တဲ့ ဘုရင်ကျန်းခေတ်ရဲ့ နောက်ဆုံးနေ့ရက်​တွေရဲ့ အဖြစ်အပျက်တွေကို အထက်ကမ္ဘာရဲ့ ဆယ့်သုံးစု ဘိုးဘေးတွေကတော့ သိထားသင့်တယ်.... သူတို့ လွတ်မြောက်ပြီး ဒီနေ့အထိ ဆက်ရှင်နေခဲ့တာ... ဒီကပ်ဆိုးကြီးကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ သိပြီးသားဖြစ်မယ်"

ချန်ရှီသည် အထက်ကမ္ဘာသို့ ရောက်ဖူးသော်လည်း ထိုနေရာကို ဘယ်လိုသွားရမလဲ မသိကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။

မိသားစု ၁၃ စုသည် နှစ်ထောင်ပေါင်းများစွာ ပြင်ဆင်နေခဲ့သည်။ အထက်ကမ္ဘာကို ရှာရတာသာ အရမ်းလွယ်ရင် စိတ်ပျက်ဖွယ်ကုန်းစောင်းက အရင်ကတည်းက ရှင်းပစ်လိမ့်မည်။

အဘွားရှားလည်း ဟွမ်ဖောရွာသို့ ရောက်လာသည်။ ယခု သူမသည် အသက်နှစ်ဆယ်ကျော် အမျိုးသမီးငယ်တစ်ဦးကဲ့သို့ ချောမောပြေပြစ်နေဆဲ။ ငယ်ရွယ်စဉ်ကပင် သူမသည် ကြောက်ရွံ့ထိတ်လန့်မှု မရှိသလောက် ဖြစ်သော်လည်း ယခုအခါ သူမ လုံးဝကို အံ့သြသွားခဲ့သည်။

"တစ်ဆယ်လေး... ငါ့တစ်သက်မှာ ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး..."

သူမသည် အလွန်ထိတ်လန့်တကြား ညည်းညူရင်း :"ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး... မင်းအဖေ ဘယ်မှာလဲ ငါ သူ့ကို မေးလို့ မရဘူး မင်းအဘိုးကိုလည်း ဒီအကြောင်း မေးရမယ် သူက အမြဲတမ်း လှည့်ကွက်တွေ အများကြီး ရှိနေတဲ့လူ...."

သူမသည် သူ့ကိုယ်သူ ရေရွတ်ကာ နောက်ပြန်လှည့်လိုက်သည်။

ချန်ရှီလည်း သူမကို အိမ်ပြန်ခေါ်သွားခဲ့သည်။ ချန်ထန်နဲ့ ဝူးချင်းယွီတို့က အိမ်တွင်မရှိဘဲ ဟေးကော်သာကျန်ခဲ့သည်။ ဟေးကော်က လက်ဖက်ရည် ကျိုပြီး တစ်ခွက် ယူလာပေး၏။ အဘွားရှားသည် လက်နှစ်ဖက်ဖြင့် လက်ဖက်ရည်ခွက်ကို ဆုပ်ကိုင်လိုက်ကာ မျက်လုံးများက အာရုံမစိုက်နိုင်သေး။

"တစ်ခုခုတော့ ဖြစ်နေပြီ ဟုတ်တယ်မလား လူတော်တော်များများ သေတော့မယ် ဟုတ်တယ်မလား"

တံခါးအပြင်ဘက်က ဟူရှောင်လျောင်ရဲ့ ကြောက်လန့်တကြား အသံထွက်လာသည်။

"အဘွားရှားလည်း ရောက်နေပြီလား တစ်ဆယ်လေး မင်းအဖေက ဘယ်မှာလဲ... ငါ သူ့ကို လိုက်ရှာမှာ မဟုတ်ဘူး... မင်း​ရောဘယ်လိုထင်လဲ ငါ စိတ်မချမ်းမသာ ဖြစ်ပြီး ထူးဆန်းနေသလို ခံစားရတယ်..."

သူ့မုတ်ဆိတ်မွေးက အနည်းငယ် တုန်နေသည်။ ဟေးကော်က သူ့ကို လက်ဖက်ရည်တစ်ခွက် လောင်းထည့်ပေးပေမယ့် သူယူလိုက်ချိန်မှာတော့ သူ့လက်တွေ တုန်သွားပြီး အသံပါ တုန်သွားလေ၏။

ချန်ရှီ နောက်ထပ် ထိုင်ခုံလေးကို ယူလာပြီး ထိုင်ခိုင်းလိုက်သည်။ ဟူရှောင်လျောင် ထိုင်လိုက်ချိန်မှာပဲ ချင်းယန်ရဲ့အသံက ထွက်လာသည်။

"ကြောက်စရာကြီးတစ်ခု ဖြစ်လာပြီ! တစ်ဆယ်လေး မင်းအဖေဘယ်မှာလဲ... သူ့ကိုငါ လာရှာတာ မဟုတ်ဘူး"

သူ ပြေးဝင်လာပြီးနောက် အဘွားရှားနဲ့ ဟူရှောင်လျောင်တို့ နှစ်ယောက်စလုံး ရှိနေသည်ကို တွေ့လိုက်ရသည်။ သူက သက်ပြင်းချကာ လက်ဖက်ရည်တစ်ခွက်ကို လောင်းချရင်း ချန်ရှီကို ခွေးခြေခုန်ကို ​​မချ​နေရန် တွန်းလိုက်သည်။ ထို့နောက် လက်ဖက်ရည်ကို တစ်ကျိုက်တည်းသောက်ပြီး။

"ဒီတစ်ခါ နေရောင်က တစ်နေကုန် တစ်ညလုံး ထွက်နေတယ်... တိုက်ဆိုင်မှု မဟုတ်မှာပဲ ကြောက်ရတယ်... လူအိုချန် ပြန်မလာဘူးဆိုရင် ဒီပြဿနာကို ငါတို့ မဖြေရှင်းနိုင်​လောက်ဘူး.. ဒါက ကပ်ဘေးမဟုတ်ပေမယ့် အဆတစ်ရာ ပိုကြောက်စရာကောင်းတယ်"

တုယိရန် ဝင်လာသည်။

"ချန်ယင်တူးမှာ လှည့်ကွက်တွေ ရှိတယ် သူ့မှာ အဖြေရှိရမယ်"

အဖွားရှားရဲ့ မျက်လုံးတွေလည်း ရုတ်တရက် တောက်ပလာပြီး မော့ကြည့်လိုက်သည်။

"မှန်တယ်... လူအိုချန်ကို ရှာရမယ်! သူဘယ်မှာလဲဆိုတာ ငါသိတယ်... ငါ သူ့ကို သွားရှာလိုက်မယ်! ဒါပေမယ့်...သူ့ကိုရှာဖို့ ရက်တွေကြာမယ်"

သူမ ဆိုင်းငံ့တုံ့ဆိုင်းစွာဖြင့် ဆက်ပြောခဲ့သည်။

အပြင်မှ အားကျိုးအသံကလည်း ထွက်လာသည်။

"ရက်တွေကြာရင်တောင် ကျ​နော်​တို့သွားရမှာပဲ... မငြိမ်းချမ်းဘူး ဆိုမှတော့ သူ့ကို အတူတူသွားရှာရအောင်!"

"ကောင်းပြီ!"

အဘွားရှား၊ ဟူရှောင်လျောင်နှင့် အခြားသူများ အားလုံး မတ်တပ်ရပ်ပြီး အမြန်ထွက်သွားကြသည်။

ချင်းယန်: "အချိန်မရှိဘူး... အဖွား ချက်ချင်း လှုပ်ရှားတော့!"

ဟူရှောင်လျောင် : "တစ်ဆယ်လေး သွားမှာလား မသွားဘူးလား"

အဖွားရှားက ခေါင်းခါပြီး :"ငါတို့ သူ့ကို ခေါ်သွားလို့မရဘူး... သူ ဒီကို သွားရင် ဘယ်လိုလုပ်မလဲ အစိမ်းရောင် တစ္ဆေလက်သခင်က ဒေါသတကြီးနဲ့ သူ့ကို အသေရိုက်လိမ့်မယ်..."

တစ်ဖွဲ့လုံး ချန်ရှီနဲ့ ဟေးကော်တို့ကို ထားခဲ့ကာ အမြန်ထွက်သွားကြသည်။

"သူတို့က ငါ့အိမ်ကိုလာပြီး ငါ့အဖေဘယ်မှာလဲလို့ မေးပေမယ့် တကယ်တမ်းကျတော့ ငါ့အဘိုးကို လိုက်ရှာနေတာ ဒါပေမယ့် ငါ့အဖိုးက မြေအောက်ကမ္ဘာထဲမှာ ရှိနေမှန်းလည်း သိတယ်... ဒါကြောင့် သူတို့ဒီမှာ ဆက်ရှိနေတာက မသိစိတ်ရဲ့ တွန်းအားတစ်ခုပဲ ဒါပေမယ့်..."

"အဘိုးတကယ် ပြန်လာမှာလား အဘိုးပြန်လာရင် ငါတို့မိသားစု ပြီးပြည့်စုံပြီ..."

အထက် ကမ္ဘာ။

ဘိုးဘေး ၁၃ ပါးတို့သည် ကွဲအက်နေသော ကမ္ဘာကြီးကို စူးစမ်းလေ့လာပြီးနောက် ကျောက်စိမ်းကောင်းကင်သို့ ပြန်သွားကြသည်။ ရန်ပိက နေ၏ မထွက်ပေါ်လာကြောင်း အစီရင်ခံစာကို တင်ပြလိုက်ရာ ဘိုးဘေးများလည်း တစ်ရက်နှင့်တစ်ည တိတ်တဆိတ် နားထောင်​နေခဲ့သည်။

ကောင်းရွှမ်: "စတော့မယ်... ဒါက စစ်မှန်တဲ့ ဘုရင်ခေတ်ရဲ့ အဆုံးမှာ ဒီလိုပဲ ဖြစ်ခဲ့တာ... နေထွက်တာနဲ့ စခဲ့တာပဲ"

ဖေ့ကျစ်ချုံက သက်ပြင်းချရင်း :"မရေမတွက်နိုင်တဲ့ လူတွေ သေကုန်လိမ့်မယ်... အဲဒီတုန်းက မြင်ကွင်းတောင် ငါ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိ​နေတုန်းပဲ"

ရှကုန်းကျင်: "ဒါပေမယ့် ငါတို့ဘာမှ လုပ်လို့မရဘူး... လူတွေက ရှင်သန်ဖို့ နည်းလမ်းရှာပြီး အသက်ရှင်ဖို့ ကြိုးစားအားထုတ်ကြလိမ့်မယ်... ငါတို့မှာ ပန်းတိုင်တစ်ခုပဲရှိတယ် စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ အင်အားကို ဖယ်ရှားပြီး ကောင်းကင်ပြင်နတ်ဘုရားကို အမြစ်ပြတ်ချေမှုန်းလိုက်မှ ဒီအရာအားလုံး ပြီးဆုံးလိမ့်မယ်!"

အားလုံးက ဝမ်းသာအားရနဲ့ ခေါင်းညိတ်ကြသည်။ ရန်ပိ တိတ်တိတ်ဆိတ်ဆိတ်ပဲ နားထောင်နေတယ်။ ဘိုးဘေးတို့ ဟောပြောပြီးသောအခါ သူက ဝင်မေးလိုက်သည်။

“ဘိုးဘေးတို့ နေလုံးဝ ငြိမ်းသွားဖို့ အချိန်ဘယ်လောက် ကြာလဲ မေးလို့ရမလား”

ကျန်းလုံဟူ : "ပထမအကြိမ်က နေ့ရောညပါ နေမထွက်ဘူး... ဒုတိယ အကြိမ်က နှစ်ရက်နဲ့ နှစ်ည... တတိယ အကြိမ် သုံးရက် သုံးည ထွက်သွားပြီးတော့ ပုံမှန် ပြန်ဖြစ်သွားတယ်... စတုတ္ထ အကြိမ်မှာတော့ နေမထွက်တာ လေးရက် လေးညလောက် ​ကြာမယ်လို့ ထင်ခဲ့ပေမယ့် အဲဒီအချိန်ကတည်းက နေက ပြန်ထွက်မလာတော့ဘူး"

ရန်ပိ အလွန်တုန်လှုပ်သွားသည်။

"ကျွန်​တော်တို့ရဲ့ ဘိုးဘေးတွေရော ဒီကြီးမားတဲ့ ပြောင်းလဲမှုကို ဘယ်လို တုံ့ပြန်ခဲ့ကြတာလဲ?"

ရှကုန်းကျင်က ခေါင်းခါလိုက်ပြီး။

"အဲဒီတုန်းက ဘုရင်က ငါတို့မဟုတ်ဘဲ အမြင့်ဆုံးအာဏာကို ချုပ်ကိုင်ထားတဲ့ ဘုရင်အစစ် ဘုရင်ကျန်း..."

ရန်ပိ မျက်မှောင်ကြုတ်လိုက်သည်။

"ဒါဆို ဘာလို့ နေပြန်တက်လာတာလဲ?"

ဖေ့ကျစ်ချုံ: "မသိဘူး အဲဒီတုန်းက အနောက်နွားရှင်းကျိုး ကျွန်းက အမှောင်ကျသွားတယ်၊ လူတွေက စိတ်ပျက်လက်ပျက်နဲ့ ကိုယ့်သားသမီးတွေကို စားရတယ်... စစ်မှန်တဲ့ဘုရင်က စိတ်ပျက်ဖွယ်ကုန်းစောင်းကို သွားပြီး စိတ်ပျက်ဖွယ်ကုန်းစောင်း သူ့အလောင်းကို ပြန်လာပေးတယ်... သိပ်မကြာခင်မှာပဲ နေရောင်ပြန်တက်လာတယ် ရန်ပိ ဒါတွေကို မတွေးသင့်ဘူး မင်းရဲ့ ပန်းတိုင်က စိတ်ပျက်ဖွယ်ကုန်းစောင်း အပေါ်ကို အာရုံစိုက်ထားဖို့ပဲ...."

ရန်ပိလည်း သဘောတူပြီး ဘိုးဘေးတွေကို ဦးညွှတ်ကာ ထွက်သွားဖို့ ထရပ်လိုက်သည်။

သူသည် မိမိနေထိုင်ရာနေရာသို့ ပြန်သွားပြီး ခဏလောက် စဉ်းစားပြီးနောက် ချင့်ယွင်ရထားလုံးကို ပြင်ဆင်ကာ အထက်ကမ္ဘာမှ ဟွမ်​ဖောကျေးရွာသို့ ရောက်လာခဲ့သည်။

ချန်ရှီသည် ရန်ပိ ချင့်ယွင် မြင်းရထားကြီး​ပေါ်မှ ဆင်းလာသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် လန့်ဖျပ်သွားကာ သူ့ကို နှုတ်ဆက်ရန် ရှေ့ထွကိလာခဲ့သည်။ သူသည် အထက်ကမ္ဘာကို မည်သို့မည်ပုံ အရောက်သွားရမလဲ စဥ်းစားနေတုန်း ရန်ပိက ရွာသို့ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ရန်ပိ ဆင်းလာပြီး သူ့ကို ဂါဝရပြုလာသဖြင့် ချန်ရှီလည်း ပြန်ဦးညွတ်လိုက်သည်။ ရန်ပိသည် ဘိုးဘေး ၁၃ ပါးနှင့် စကားအပြောအဆိုကို ပြန်ပြောင်းပြောပြကာ။

"ဒီလောက်တော့ ငါသိထားတယ်.... ဒါကိုပြောပြပြီးရင် စိတ်ပျက်ဖွယ်ကုန်းစောင်းကို ကိုင်တွယ်ဖို့ ငါ ပြင်ဆင်ရတော့မှာ... ဒီနေ့ ခွဲခွာပြီးရင် နောက်တစ်ကြိမ် ပြန်ဆုံဖို့ အခွင့်အရေး ရှိဦးမလားတောင် မသိဘူး...."

ချန်ရှီ ပြုံးလိုက်၏။

"ငါ မင်းကို ထပ်တွေ့ချင်ပေမယ့် နောက်တစ်ခါဆို မင်းငါ့ကိုသတ်တော့မှာ ကြောက်မိတယ်ကွ"

ရန်ပိ ညင်ညင်သာသာနဲ့ ခေါင်းညိတ်ပြသည်။

"တကယ်လို့ ငါတို့ စိတ်ပျက်ဖွယ်ကုန်းစောင်းကို ဖြေရှင်းပြီး နောင်ဒုက္ခအားလုံးကို ရှင်းပစ်လိုက်ပြီလို့ ဆိုလိုတာ ဖြစ်လိမ့်မယ်... အဲဒီအခါ မင်းငါ့ရဲ့လူယုံ မဖြစ်တော့ဘူး အဲဲဒီအစား ငါတို့မိသားစု ဆယ့်သုံးစုအတွက် ခြိမ်းခြောက်မှုကြီးတစ်ခုပဲ ဖြစ်လာမှာ... ငါမင်းကို အမြန်ဆုံး ဖယ်ရှားလိုက်မယ်"

ချန်ရှီလည်း ရယ်မောလိုက်သည်။

"မင်းကို စိတ်ပျက်ဖွယ်ကုန်းစောင်းမှာ သေမယ်လို့ မျှော်လင့်ပါတယ်... ဒါပေမယ့် မင်းကို ငါ မသေစေချင်​သေးဘူး"

သူက အလေးအနက်ဖြင့် - "ဒါပေမယ့် ငါကတော့ အဲဒီစကားကို ပြောချင်နေတုန်းပဲ... ငါတို့ကျင့်ကြံသူတွေရဲ့ စွမ်းအားတွေအားလုံးက ကိုယ့်ခန္ဓာကိုယ်ထဲမှာပဲ ရှိတယ်"

ရန်ပိက ပြုံးပြီး ပြန်ပြောသည်။

"မင်းပြောတာကို ငါ အလေးအနက်ထားပြီးတော့ စဥ်းစားပေမယ့် အဆင်မပြေဘူး ထင်တာပဲ... အခု ကျင့်​ကြံမှုအဆင့်ရဲ့ အထွတ်အထိပ်က မဟာယာနနယ်ပယ်က ထပ်ပြီး မတိုးတက်နိုင်တော့ဘူး... ငါ့ရဲ့ကိုယ်ပိုင်စွမ်းအား ဘယ်လောက်ပဲ ခိုင်မာနေပါစေ မိသားစု ၁၃စုရဲ့ စွမ်းအားနဲ့ ယှဉ်လို့မရဘူး... ဒါပေမယ့် မိသားစု ဆယ့်သုံးစုရဲ့ စွမ်းအားကို အာရုံစိုက်ရုံနဲ့ ငါတို့ စိတ်ပျက်အားလျော့သွားနိုင်တယ်!"

ချန်ရှီ: "မဟာယာနကို ဖြတ်ကျော်ပြီး အမတတစ်ယောက်ဖြစ်ဖို့ ဘယ်တုန်းကမှ မတွေးဖူးဘူးလား? မင်းမှာ တာအိုကို ပြန်ပေါင်းစည်းနိုင်တဲ့ စွမ်းအားရှိတယ်ဆိုရင်..."

ရန်ပိ: "လမ်းသစ်ဖြစ်ရင်တောင် ဆိုးဆိုးရွားရွား ပြောင်းလဲသွားလိမ့်မယ် အစ်ကိုချန် လမ်းသစ်ရဲ့ ဆိုးရွားတဲ့ ပြောင်းလဲမှုက လမ်းဟောင်းထက် နောက်ကျနေပြီ"

သူက ဦးညွှတ်ပြီး နှုတ်ဆက်ကာ ရထားလုံးပေါ်ကို တက်သွားခဲ့သည်။

"ရန်ပိ!"

ရန်ပိ လှည့်ကြည့်လိုက်သည်။

"မနိုင်ရင် ပြေး!"

ချန်ရှီ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ရန်ပိ အနည်းငယ် လန့်သွားပေမယ့် ​ပြန်ပြုံးပြလိုက်ကာ။

"နားလည်ပါပြီ! ကျေးဇူးတင်ပါတယ်"

ချန်ရှီ လက်ဝှေ့ယမ်းကာ ရထားလုံး ထွက်ခွာသွားသည်ကို ကြည့်​နေခဲ့သည်။

ထို့နောက် ကျူးရှို့ချိုင်ကို တွေ့ရန် လျှောစောက်သို့ ပြန်သွားခဲ့သည်။ စိတ်ပျက်ဖွယ်ကုန်းစောင်း၌ စစ်မှန်သော ဘုရင်၏ ဒုတိယမြောက် သေဆုံးမှုအကြောင်း ပြောပြလိုက်သည်။

"စစ်မှန်တဲ့ဘုရင်ကျန်းက စိတ်ပျက်ဖွယ်ကုန်းစောင်းက တိုက်ပွဲမှာ ကျဆုံးသွားခဲ့တာ... သူ လုပ်ကြံမခံရသလို စိတ်ပျက်အားငယ်လို့ သတ်သေခဲ့တာလည်း မဟုတ်ဘူး"

ကျူးရှို့ချိုင်လည်း အဝေးသို့ ငေးကြည့်ရင်း အကြာကြီး အံ့အားသင့်သွားခဲ့သည်။

ကျူးရှို့ချိုင် : "အကျပ်အတည်းကာလမှာ ဘုရင်ကျန်းက ပြည်သူကို ကာကွယ်ဖို့ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရမှာပဲ... သဘာဝဘေးဒဏ်ကို ရှောင်ရှားဖို့ ကိုယ့်ကိုကိုယ် သတ်သေဖို့အထိ သူရဲဘောမကြောင်ဘူး... သူက အရည်အချင်းရှိပြီး အမြော်အမြင် ကြီးမားတဲ့သူ... ဥပဒေဟောင်းကို တက်တက်ကြွကြွ ပြုပြင်ပြောင်းလဲတယ်... အသစ်အသစ်တွေကို ဖန်တီးပြီး အမတ တန်ခိုးရှင် ဖြစ်လာနိုင်ကြတယ်... ငါ့ဘိုးဘေးတွေက ကျူး​မိသားစုကို အရှက်ခွဲခဲ့တာ မဟုတ်ဘူးလား။

ချန်ရှီ: "ဒါပေမယ့် သူ့သားမြေးကတော့ ဒီမှာပဲ ကြိုးဆွဲချထားတာ!"

ကျူးရှို့ချိုင် ညည်းလိုက်သည်။

ချန်ရှီ : "စိတ်ပျက်ဖွယ်ကုန်းစောင်း စစ်ပွဲမှာ ဘုရင်အစစ်ကို သတ်ရုံသာမက ကုန်းစောင်းအောက်မှာ ကျနော့်ရဲ့ ကန့်ညောင်ကိုလည်း မြှုပ်နှံထားတယ်... ဟွာရှရှန်ကျိုးက နတ်ဘုရားတွေရဲ့ ကိုယ်ပွားတွေကို တောင်တွေနဲ့ မြစ်တွေအောက်မှာ မြှုပ်နှံထားတယ်... သူတို့ရဲ့ ရုပ်ပွားတော်တွေကို ဖြိုချပြီး နတ်ဝိညာဥ်တွေကို အသေသတ်လိုက်တယ်... သူတို့ရဲ့ ဘုရင်ထက် ပိုသာတဲ့ ဘုံကျောင်းတွေ ဖျက်ဆီးခံခဲ့ရတယ်"

သူ့နှလုံးက ခုန်​မြန်လာသည်။ ချန်ယန်တောင်ရဲ့ တောင်တန်းအရှင်သည် လွန်ခဲ့သော နှစ်အနည်းငယ်က မြေကြီးပေါ်မှ ရုတ်တရက် ထွက်ပေါ်လာသည်အထိ ပုန်းကွယ်နေခဲ့ပြီး တောင်အောက်တွင် နစ်မြုပ်သွားခဲ့သည်။

တောင်သခင်၏ ရုပ်တုနှင့် နတ်ဘုရားမှာလည်း ပျောက်ကွယ်သွားခဲ့သည်။ သူကသာ ဒုတိယအကြိမ် ခွန်အားဖြစ်စေပြီးနောက်တွင် ချန်ယန် တောင်နတ်ဘုရားကို သေခြင်းမှ နိုးထစေပြီး တောင်နတ်ဘုရားအဖြစ် ပြန်လည်ရရှိ​စေခဲ့သည်။

ဘိုးဘေးမိခင် မားကျူရဲ့ ဘုရားကျောင်းကလည်း အလားတူ တည်ရှိ​နေခဲ့သည်။ တောင်များထဲတွင် ဝှက်ထားသော မားကျူဘုံကျောင်းသည် ကမ်းရိုးတန်းနယ်နိမိတ်ကို စောင့်ကြပ်ထားသည်။

ချင်းကျိုးရှိ ဧကရာဇ်ကွမ်းရှန့်ဘုံကျောင်းတွင်လည်း ရုပ်ပွားတော်များ ကွဲအက်သွားကာ ဘုံကျောင်းသည် မြေအောက်ထဲ၌ နစ်မြုပ်သွားခဲ့သည်။

...

တစ်ချိန်က ရှင်းကျိုးကျွန်းကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သော ဒေသခံနတ်ဘုရားများသည် အသေသတ်ခြင်း သို့မဟုတ် အရိပ်အယောင်မရှိဘဲ ပုန်းအောင်းနေရခြင်း၊ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး သဲလွန်စမရှိဘဲ ကွယ်ပျောက်သွားခဲ့သည်။

ဤအဖြစ်အပျက်သည် စစ်မှန်သောဘုရင်၏ ထီးနန်းတင်ခြင်း၊ လမ်းစဥ်အဟောင်းကို အသစ်ဖြင့် အစားထိုးခြင်းနှင့် စစ်မှန်သော ဘုရင်ကျန်း သေဆုံးခြင်း စသော အဓိကဖြစ်ရပ်များစွာနှင့် ယှဉ်နိုင်သည့် လေးနက်သော အကျိုးသက်ရောက်မှုမျိုး ရှိနိုင်သည်။

ချန်ရှီ ကျောက်တုံးကန့်ညောင်ကို ကြည့်ပြီး ပြောလိုက်သည်။

"အဲဒီတုန်းက ဘာဖြစ်ခဲ့တာလဲ ပြီးတော့ ကန့်ညောင်က ကုန်းစောင်းအောက်မှာ ဘာလို့ မြှုပ်ထားတာလဲ"

ကျူးရှို့ချိုင်သည် ကြိုးမှ ဆွဲချကာ သူ့ကိုယ်သူ ခါယမ်းလိုက်သည်။

"မသိဘူး ငါ မွေးတာ အရမ်းနောက်ကျတယ်... အဲဒီတုန်းက ပုပ်ပွပြီး အူတိုင်အထိ ယိုယွင်းနေတဲ့ တရားရုံးနဲ့ ရင်ဆိုင်ခဲ့ရတာပဲ မှတ်မိတယ်"

အဲဒီတုန်းက သူ့မှာ အတွေးအခေါ်တွေနဲ့ ပြည့်နှက်နေခဲ့သည်။ သူသည် နန်းတွင်းကို ကယ်တင်ရန်၊ ကမ္ဘာကြီးကို ပြောင်းလဲပစ်ရန်၊ စစ်မှန်သော ဘုရင်ခေတ် ကျဆင်းလာမှု၏ လျှို့ဝှက်ချက်များကို စူးစမ်းလေ့လာကာ ကယ်တင်ရှင်ဖြစ်လာပြီး စစ်မှန်သော ဘုရင်ခေတ်၏ သာယာဝပြောမှုကို ပြန်လည်ရယူလိုခဲ့သည်။

သို့သော် အခြေအနေမှာ ဒဏ်ရာများရရှိကာ သွေးထွက်သံယိုသာ ဖြစ်ခဲ့ရသည်။ နောက်ဆုံး စိတ်ပျက်လက်ပျက်ဖြင့် သူသည် စစ်မှန်သောဘုရင်၏ အုတ်ဂူအပြင်ဘက်က မိုးမခသစ်ပင်ကြီးပေါ်သို့သာ ဆင်းသက်နိုင်ခဲ့သည်။

မရေမတွက်နိုင်သော မှော်အစွမ်းများဖြင့် ကုသလျှင်ပင် သူ့နှလုံးသားက ပြာကဲ့သို့ သေဆုံးနေခဲ့ပါပြီ။ ချန်ရှီကတော့ သူသည် စစ်မှန်သော ဘုရင်ထက် ယုတ်ညံ့သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကာ ဝန်ခံခဲ့သည်။

ကံဆိုးမိုးမှောင်ကျသည့် အခြေအနေနှင့် ရင်ဆိုင်ရသောအခါတွင် စစ်မှန်သော ဘုရင်သည် စိတ်ပျက်ဖွယ်ကုန်းစောင်းကို သတ္တိရှိရှိ တွန်းလှန်နိုင်ခဲ့သော်လည်း သူသည် မင်းမျိုးမင်းနွယ်များ၏ ဖိအားများကို ကြုံတွေ့နေရချိန်တွင် စိတ်ဓာတ်ကျကာ ထိုနေရာတွင်သာ ကြိုးဆွဲချသာနေတော့သည်။

အခုစဉ်းစားကြည့်တော့ သူကသာ စစ်မှန်တဲ့ဘုရင်ကို အရှက်ခွဲခဲ့သူပင်။

"ဒီစုတ်ပြတ်နေတဲ့ ကမ္ဘာကြီး!"

ကျူးရှို့ချိုင် ရုတ်တရက် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

ဟေးကော်က နားရွက်ကို ထောင်ကာ ရဲရင့်စွာ စိုက်ကြည့်သည်။

အဲဒီအချိန်မှာ ချန်ထန်ရဲ့အသံက ထွက်ပေါ်လာသည်။

"တစ်ဆယ်လေး...တစ်ဆယ်လေး မြန်မြန်ပြန်လာခဲ့တော့!"

ချန်ရှီသည် နိမ့်ပါးသော တောင်စောင်းမှ ဆင်းပြီး ရွာသို့ ပြန်လာခဲ့သည်။ ရွာအပြင်ဘက်မှာ စီးထူဝမ်းရဲ့ မှော်ဆန်တဲ့ ရှေးဟောင်းပစ္စည်းဖြစ်တဲ့ ​မှော်ရတနာစက်ပစ္စည်းကို ချထားသည်။ ၎င်းက အလွန်ကြီးမားပြီး ခန်းမများစွာနဲ့ ဖွဲ့စည်းထား၏။ ချန်ထန်၊ လီထျန်းချင်၊ စီးထူဝမ်း၊ ယွိလင်ကျစ် နှင့် အခြားသူများသည် မှော်ရတနာ ရှူးကျီး၏ ပတ်ဝန်းကျင်တွင် အလုပ်ရှုပ်နေကြသည်။

သူတို့က ကောင်းကင်ဘုံတရားရုံး အမိန့်​ပြားကို အသက်သွင်းကာ သေးငယ်တဲ့ စကြာဝဠာအတွက် လမ်းကြောင်းကို ဖွင့်လိုက်ကြသည်။ သူတို့သည် မှော်ဆန်သည့် အစိတ်အပိုင်းများစွာကို သယ်ဆောင်လာကာ ဝင်လာလိုက်ကြသည်။

အလုပ်ဌာနမှ အမျိုးသားများသည် ဤမှော်ဆန်သော ပစ္စည်းများကို စုဆောင်း​နေကြ၏။

"နည်းပြ လာပြီ!"

စီးထူဝမ်းက ဝမ်းသာအားရနဲ့ ထွက်လာသည်။

ချန်ရှီသည် အလုပ်များသော လူတစ်စုကို ကြည့်ကာ ကြီးမားသော မီးဖိုများ ၎င်းတို့၏လက်အောက်တွင် တဖြည်းဖြည်းပုံသဏ္ဍာန် ဖြစ်လာနေတာကို ကြည့်ရှု​နေခဲ့သည်။

“ဘာလုပ်နေတာလဲ”

သူသည် ဤမီးဖိုအား အနည်းငယ် ရင်းနှီးကျွမ်းဝင်နေသလို ခံစားလိုက်ရသည်။

စီးထူဝမ်း: "နည်းပြ... နည်းပြ ပေးခဲ့တဲ့ ရွှမ်ကျီးပိုင်ပြန့် မီးဖိုမပြည့်စုံတာကို မှတ်မိသေးလား.... အဲဒီမီးဖိုကို စွမ်းအင်ဗဟိုချက် ရှူးကျီးနဲ့ ပေါင်းပြီး တပ်ဆင်လိုက်တာ... ရှူးကျီးက အခု ကျောက်မီးသွေးနဲ့ လွယ်လွယ်ကူကူ ပျံသန်းနိုင်တယ်"

ချန်ရှီရဲ့ မျက်လုံးများ တောက်ပလာသည်။

"မင်း လုပ်ထားတာလား"

စီးထူဝမ်းက အားတက်သရော ခေါင်းညိတ်ပြပြီး အနည်းငယ်လည်း ရှက်သွားသည်။

"ကျုပ်တို့ လူပန်ဂိုဏ်းက အစတုန်းက ဒီလောက် မလုပ်ဆောင်နိုင်ခဲ့ပါဘူး... ကောင်းကင်တရားရုံးရဲ့ အလုပ်ဌာနက ညီအစ်ကိုတွေရဲ့ အကူအညီနဲ့ ရွှမ်ကျီးပိုင်ပြန့် မီးဖိုကို နည်းနည်းပြုပြင်ပြီး ရှူးကျီးကို ကျောက်မီးသွေးနဲ့ ပျံသန်းနိုင်အောင် ဖန်တီးလိုက်တာ"

ချန်ရှီ မီးဖိုကို စစ်ဆေး​ကြည့်​နေခဲ့သည်။ အတွင်းဘက်တွင် တောက်ပပြီး ပါးလွှာသော မှန်ဘီလူးအမျိုးမျိုးကို သူ မြင်ရသည်။ သို့ရာတွင် အတွင်းနံရံရှိ ဂါထာများကို ယခင်ကထက် ကွဲပြားစွာ စီခြယ်ထားသောကြောင့် ထုံးတမ်းစဉ်လာနည်းအရပင် ပြုပြင်မွမ်းမံမှုများစွာ ပြုလုပ်ခဲ့ကြောင်း ဖော်ပြနေ၏။

"ဒီဟာက ကျောက်မီးသွေးနဲ့ တကယ် ပျံနိုင်ပါ့မလား"

ချန်ထန်: "မင်း ကျောက်မီးသွေးကို မီးရှို့လို့ရတယ် ဒါပေမယ့် မင်းအာဏာရဖို့အတွက် ရှူးကျီးကိုတော့ စည်းရုံးရမယ်... အမွှေးတိုင်တစ်ချောင်းက ကျောက်မီးသွေး ကီလိုဂရမ် သုံးထောင်သုံးရတယ်... ကျင့်ကြံသူရဲ့ စိတ်စွမ်းအင်ကို သုံးတာက ပိုအဆင်ပြေပေမယ့် ပမာဏအများကြီး သုံးစွဲရမှာ.."

သူသည် မီးဖိုများထဲမှ တစ်ခုကို မြှောက်လိုက်ရာ မီးဖိုနံရံပေါ်ရှိ စာများသည် မှန်များကို ရောင်ပြန်ဟပ်ကာ ရုတ်တရက် တောက်ပလာသည်။ မှန်များက လှည့်ပတ်သွားကာ မီးဖိုနှုတ်ခမ်းဝမှ ဆံချည်မျှင်သဖွယ် ပါးလွှာသော ဓားအလင်းများ ရုတ်တရက် ထွက်ပေါ်လာသည်။

ချန်ရှီ အံ့သြသွားသည်-

"လျှို့ဝှက်ဆန်းကြယ်တဲ့ ရွှမ်ဝေဓားသိုင်း?"

စီးထူဝမ်းက ပြုံးပြလိုက်သည်။

"လူကြီးမင်းချန်က ရွှမ်ကျီးပိုင်ပြန့် မီးဖိုထဲက စာသားတွေကို နည်းနည်း ပြုပြင်ထားတယ်"

မူလက ရွှမ်ကျီးပိုင်ပြန့် မီးဖိုသည် နတ်ပြောင်းလဲခြင်း နယ်ပယ်နှင့် နတ်သန့်စင်ခြင်း နယ်ပယ်က ကျင့်ကြံသူများ၏ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်ခြင်းများနှင့် ယှဉ်နိုင်သော ကြီးမားသည့် ချီပုံစံအမျိုးမျိုးကို ထုတ်လွှတ်နိုင်သည်။ သို့သော်လည်း ချန်ထန်က ပြုပြင်မွမ်းမံပြီးနောက် မီးဖိုနံရံပေါ်ရှိ မှော်စာလုံးများသည် မီးဖိုနံရံတစ်ဝိုက်ရှိ မှန်များပေါ်တွင် ထင်ဟပ်နေသည့် ရွှမ်ဝေဓားသိုင်း၏ လက်ရာများ ဖြစ်လာခဲ့သည်။

တစ်ခုစီတိုင်းတွင် ဓားချီ၏ ပုံစံအမျိုးမျိုးကို မီးဖိုထဲမှ ပျံထွက်သွား​စေသည်။ ထွက်ပေါ်နေသော ဓားစွမ်းအင်သည် ရှည်လျားခြင်း မရှိ၊ သုံးလက်မခန့်သာ ရှိပြီး မယုံနိုင်လောက်အောင် ပါးလွှာသည်။ သို့သော် မီးဖို၏ နှုတ်ခမ်းဝမှ ဆယ်ပေခန့်အကြာ ရောက်လျှင်တော့ ၎င်းက ပိုကြီးလာပြီး တစ်ပေခန့်အထိ ကျယ်လာသည်။ ပြီးမှ နှစ်ပေမှ သုံးပေအထိ တိုးလာသည်။

ထို့အပြင် မီးဖိုမှထုတ်လွှတ်သော ဓားစွမ်းအင်ပမာဏ ပိုများလေ၊ မှန်များက ပလှည့်မြန်လေလေ၊ ဓားစွမ်းအင်များ ပိုမိုထုတ်လွှတ်လေလေဖြစ်သည်။

ချန်ရှီသည် ဓားမီးဖိုကို ဆင့်ခေါ်ကာ သူ၏ မှော်စွမ်းအားကို သွယ်တန်းပြီး မီးဖိုထဲသို့ လောင်းထည့်လိုက်သည်။ မီးဖိုတွင်းရှိ မှန်တစ်ထောင်ကျော်က လှည့်ပတ်သွားလေ၏။ မီးဖို နှုတ်ခမ်းဝမှ ဓားစွမ်းအင်များ ပြေးထွက်လာသည်။

ချန်ရှီ ဓားမီးဖိုကို လက်နှစ်ဘက်ဖြင့် မြှောက်လိုက်ပြီး သူ၏ မှော်အစွမ်းကို မြှင့်တင်လိုက်သည်။ ချက်ချင်းပင် မီးဖိုတွင်းရှိ ဓားစွမ်းအင်သည် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်ကာ မိုင်ပေါင်းများစွာ ဆန့်ထုတ်နေသော ဓားစွမ်းအင်များ အဖြစ် တိုးဝင်သွားခဲ့သည်။

သူ၏လက်များမှ ကြီးမားသော ဖိအားကိုပင် ခံစားလိုက်ရပြီး ခြေထောက်များကို မြေကြီးထဲတောင် နစ်မြုပ်သွားစေခဲ့သည်။

သူသည် သူ၏ မှော်စွမ်းအားကို ဆက်လက် တိုးမြှင့်လိုက်ရာ ရုတ်တရက် သူ့ပတ်ဝန်းကျင် မြေပြင်က တုန်ခါသွားခဲ့သည်။ အချင်း လေးပေ ငါးပေလောက်ရှိတဲ့ တွင်းကြီးကို ဖန်တီးမိလိုက်၏။

ချန်ရှီ၏ ခန္ဓာကိုယ်က ဖိအားအောက်တွင် တုန်လှုပ်သွားသည်။ သူသည် သူ၏ မှော်စွမ်းအားကို ဖြည်းညှင်းစွာ ရုတ်သိမ်းလိုက်သည်။ ဓားမီးဖိုထဲက အရူးအမူးလှည့်နေတဲ့ မှန်ချပ်တွေဟာ တဖြည်းဖြည်း နှေးကွေးလာပြီး မီးဖိုထဲက ဓားစွမ်းအင်တွေလည်း တဖြည်းဖြည်း အားလျော့သွားမှ ချန်ရှီလည်း ဖိအားများ တဖြည်းဖြည်း လျော့နည်းလာကြောင်း ခံစားလိုက်ရသည်။

နောက်ဆုံးတွင် မီးဖိုအတွင်းရှိ မှန်များ၏ လှည့်ပတ်မှု ရပ်သွားကာ ဓားစွမ်းအင်များ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

"အရမ်းကောင်းတဲ့ ပစ္စည်းပဲ!"

ချန်ရှီ ဓားမီးဖိုကို ချလိုက်သည်။

"တကယ်ကောင်းတယ်! ဒီပစ္စည်းကို ရှူးကျီးမှာ တပ်ဆင်ထားရင် ကောင်းကင်ကို ပျံသွားနိုင်တယ်... ဒါပေမယ့် စွမ်းအင်တွေ အများကြီးကုန်မှာ... ငါ့အစွမ်းနဲ့တောင် ကြာကြာ မထိန်းနိုင်ဘူး!"

ကောင်းကင်တရားရုံးက ကျင့်ကြံသူများသည် ရှူးကျီးပေါ်တွင် စုဝေးကာ ဓားမီးဖိုကို တပ်ဆင်​နေကြပြီး စုစုပေါင်း ရှစ်ဦးရှိသည်။

၎င်းတွင် လျှို့ဝှက် စွမ်းအင်ပို့လွှတ်မှု ယန္တရားများ ပါရှိသည်။ ကြီးမားသော အဂ္ဂိရတ်မီးဖိုကြီးသည် ၎င်း၏အူတိုင် နေရာ၌ ထိုင်နေပြီး လူပန်ဂိုဏ်းမှ ကျင့်ကြံသူများစွာသည် မီးဖိုခန်းဆီသို့ ကျောက်မီးသွေးများ သယ်ဆောင်လာကြသည်။

ဝူးချင်းယွီက ဟော့သော်ကို ခေါ်ဆောင်လာပြီး နတ်ဆိုးတစ်ဝက်၊ တစ္ဆေတစ်ဝက် သတ္တဝါကို ညင်သာစွာ နှစ်သိမ့်ပေးနေ၏။ သူမသည် ၎င်းထံမှ ခွေးနက်သွေးအချို့ကို စုဆောင်းခဲ့ကာ တောင်နီခန်းမက အဆောင်ဆွဲဆရာများက ရှူးကျီးပေါ်တွင် အဆောင်စာလုံးများ ဖန်တီး​နေခဲ့သည်။

ချန်ရှီ: "ရှူးကျီးတွေစုပြီး ဘာလုပ်ဖို့ စိတ်ကူးထားတာလဲ"

ဝူးချင်းယွီ : "ကောင်းကင်ဘုံကို ပျံသန်းပြီး ကောင်းကင်ပြင်နတ်ဘုရားရဲ့ ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းမယ်... အမေတို့ ကိုယ်ဘာသာကိုယ် ကယ်တင်ရမယ်"

All Chapters