← Chapters

နေထွက်တဲ့နေ့

Vol. 28 Ch. 394

နေထွက်တဲ့နေ့

Vol. 28 Ch. 394

ရန်ပိသည် နတ်သန္ဓေသားများကို သုံးပြီး ချန်ရှီကို တိုက်ခိုက်ခဲ့သူများ အပါအဝင် ချန်ရှီ၏ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် စုဆောင်းခဲ့သည်။

အချို့သတင်းရင်းမြစ်များက ချန်ရှီ၏ နတ်သန္ဓေသားသည် ရှစ်ကျီ ဟုခေါ်သော ဦးခေါင်းကြီးသော ကျောက်တုံးအမျိုးသမီးတစ်ဦး ဖြစ်သည်ဟု ဆိုကြသည်။ အခြားသတင်း ရင်းမြစ်များက ၎င်းသည် ဧရာမမြွေကြီး ရွှမ်ရှန်း ဖြစ်နိုင်သည်ဟု ဆိုကြသည်။ အခြားသူများက ၎င်းက ခွေးနက်ပုံစံဖြင့် မြင်ဖူးကြသည်ဟုပင် ပြောကြ၏။

အခြားသော မှတ်တမ်းများထဲတွင် ချန်ရှီ၏ နတ်သန္ဓေသားများကို နတ်ဆိုးအမျိုးမျိုးနှင့် ၎င်း၏ ရွာက ကန့်ညောင် အပါအဝင် ထူးထူးဆန်းဆန်း အမျိုးမျိုးအဖြစ် ဖော်ပြနေကြသည်။

သူ၏နတ်သန္ဓေသားများကို အမျိုးမျိုး ပြောင်းလဲထားသော်လည်း ၎င်းတို့သာ ပါဝင်လာပါက ချန်ရှီ၏ခွန်အားသည် သူ့ထက် သာလွန်နိုင်ဖွယ်ရှိသည်။ ရန်ပိသည် ချန်ရှီဟာ နတ်သန္ဓေသား သုံးဦးကို တစ်ပြိုင်နက် ပိုင်ဆိုင်နိုင်သည်ဟုပင် သံသယရှိလာခဲ့သည်။

ချန်ရှီနှင့် ယှဉ်ပြိုင်ရာတွင် ကန့်သတ်ချက်တစ်ခု ချမှတ်ခဲ့သည်။ ချန်ရှီသည် လူတစ်ယောက်ကို အထက်ကမ္ဘာထဲ ခေါ်လာခွင့် ရှိကြောင်း ပြောခဲ့ရင်း သူ့ခွန်အားကို ကန့်သတ်ရန် တိကျစွာ ဆောင်ရွက်နိုင်ခဲ့သည်။ သို့သော် ချန်ရှီသည် ချီးရှာဘုံကျောင်းက အမတနတ်သမီးကိုသာ ခေါ်ဆောင်လာခဲ့ကာ တခြားလူများကို ထားခဲ့လေသဖြင့် သူ အံ့အားသင့်စေခဲ့သည်။

ဤတွေ့ဆုံမှုတွင် ချန်ရှီသည် မည်သည့်နတ်ဘုရားသန္ဓေသားကိုမျှ အသုံးမပြုခဲ့ပေ။ နတ်သန္ဓေသားမပါဘဲတောင် သရေကျအောင် တွန်းလှန်ခဲ့သောကြောင့် ရန်ပိ အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်။

"ချန်ရှီ ပြောတာ မှန်တယ်... ငါတို့မျိုးဆက် ကျင့်ကြံသူတွေ အတွက် ကြီးကျယ်တဲ့ စွမ်းအားတွေ အားလုံးက ကိုယ့်အထဲမှာပဲ ရှိတယ်"

ရန်ပိ အထက်ကမ္ဘာသို့ ပြန်ကြည့်လိုက်သည်။ ကြီးကျယ်ခမ်းနားသော နတ်ဘုရားများသည် ဤကမ္ဘာကြီးကို ပံ့ပိုးပေးသည့် တောင်တန်းများကြားတွင် မြင့်တင်ထားကြသည်။ မိသားစုဆယ့်သုံးစုသည် စိတ်ပျက်ဖွယ်ကုန်းစောင်းကို တိုက်ထုတ်ကာ ကောင်းကင်ပြင်နတ်ဘုရားကို ဖြုတ်ချရန် အချိန်အတော်ကြာ ပြင်ဆင်နေခဲ့သော်လည်း ၎င်းတို့၏ တပ်ဖွဲ့များက အလွန်လူစုကွဲသွားခဲ့သည်။ ၎င်းတို့ကို ညှိနှိုင်းရန် လိုက်လျောညီထွေရှိသော စိတ်မရှိခဲ့ရာ မိသားစုဆယ့်သုံးစုလည်း ရှုပ်ပွနေခဲ့သည်။

သို့သော် ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ကွပ်ကဲခြင်းက သူ့ကို အာရုံလွဲစေခဲ့သည်။ အာရုံသာ မလွှဲပြောင်းခဲ့ရဘူးဆိုရင် သူ့ရဲ့ ကျင့်ကြံမှုဟာ သူ့ဘိုးဘေးတွေနဲ့ နီးစပ်နေပေလိမ့်မည်။

"ဒါပေမယ့် ချန်ရှီ မင်း မစဉ်းစားမိတဲ့ အရာတစ်ခုရှိတယ်... မဟာယာနနယ်ပယ်က ကျင့်ကြံသူတိုင်းရဲ့ ဆန္ဒအထွတ်အထိပ်ပဲ..."

“ဘယ်သူမှ ဒီခြေလှမ်းကို မလှမ်းမကမ်း​လောက်​လေးနဲ့ ဉာဏ်ပညာကို ရအောင် စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး....ငါ စိတ်နှလုံးအကြွင်းမဲ့ စိုက်ထူထားရင်တောင်မှ မိသားစုဆယ့်သုံးစုကို နောက်ထပ် မဟာယာန သခင်တစ်ပါး ထပ်ပေးမယ် ဆိုရင်တောင်မှ ဘာမှမပြောင်းလဲဘူး...."

ဟွမ်ဖောရွာတွင်တော့ ချန်ထန် နောက်ပြန် လှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် နတ်ဘုရားများရဲ့ အကြည့်များက ဆုတ်သွားကြတာ မြင်လိုက်ရသည်။ ဤမြင်ကွင်းက သူ့နှလုံးကို ခုန်မြန်လာစေ၏။

"တိုက်ပွဲပြီးသွားပြီ... ဘယ်သူ နိုင်သွားတာလဲ"

ချန်ရှီသာ အနိုင်ရပါက ချန်ရှီသည် အထက်ကမ္ဘာတွင် ခြိမ်းခြောက်မှုအဖြစ် ဆက်လက်ရှိနေဦးမည်လား။

သူရှုံးရင် ချန်ရှီ သူ့ပြိုင်ဘက်ရဲ့ မှော်ပညာလက်ထဲမှာ သေသွား​လေမလား။

သူ့ကံကြမ္မာကို စိတ်အားထက်သန်စွာ စောင့်မျှော်နေသည့် အချိန်တွင် နတ်ဘုရားများသည် သူ့မျက်စိရှေ့ကနေ ကွယ်ပျောက်သွား​ပေသည်။ ချန်ထန် အံ့အားသင့်သွား၏။ တစ်ဖန် ပြန်ကြည့်လိုက်ပေမယ့် နတ်ဘုရားများကို ဘယ်နေရာမှာမှ မတွေ့မြင်ရတော့ပေ။

သူ့နှလုံးသားလေး နစ်မြုပ်သွား၏။ အထက်ကမ္ဘာကို မမြင်နိုင်တော့ပါ။

အထက်ကမ္ဘာ တန်ခိုးကြီးသော သတ္တဝါက သူ့မြင်ကွင်းကို ပိတ်လိုက်တာပဲ ဖြစ်ရမည်။

"တစ်ဆယ်လေး... သူ အသက်ရှင်နေတာလား သေပြီလား"

သူ တိတ်တိတ်လေး တွေးမိသည်။

ဆယ်ရက်ကျော်ကြာအောင် ခါတိုင်းလိုပဲ ပြန်ကြည့်ကြည့်နေမိ၏။ အထက်ကမ္ဘာကို မမြင်ရသော်လည်း သူသည် ဤကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားစ​မြဲ။ ဒါက အလေ့အထတစ်ခုမဟုတ်သလို ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်မှုလည်း မဟုတ်ပေမယ့် ပုံမှန်မဟုတ်တဲ့ တစ်ခုခုကို ဝူးချင်းယွီ သတိပြုမိတာတွေ တားဆီးဖို့ နည်းလမ်းတစ်ခုပါပဲ။

သို့သော် သူ့ဇနီးသည် ဉာဏ်ရည်ထက်မြက်ကြောင်း သူ သိထားတာမို့ သေချာပေါက် သတိပြုမိပြီး သံသယဖြစ်လာနိုင်သည်။ အခုတော့ ဒီကိစ္စကို တစ်ရက်လောက် နှောင့်နှေးဖို့ပဲ သူမျှော်လင့်ရတော့မည်။

ဆယ့်လေးရက်မြောက်နေ့မှာ နဂါး​မြင်းသုံးကောင်က ချင့်ယွင်ရထားလုံးကြီးကို ဆွဲထုတ်ပြီး ဟွမ်ဖော ရွာအပြင်ဘက်မှာ ဆင်းသက်လာခဲ့သည်။ ဝူးချင်းယွီက ချန်ထန်အနားကိုဖြတ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။

"ယောက်ျား... ရှင် ဟန်ဆောင်နေစရာ မလိုတော့ဘူး"

ချန်ထန် အနည်းငယ် ထိတ်လန့်သွားပြီး "ငါ အရမ်းသိသာနေလို့လား" လို့ပင် တွေးလိုက်မိသည်။

လင်မယားနှစ်ယောက် ရှေ့ကို လှမ်းကြည့်လိုက်တော့ ချန်ရှီက ချင့်ယွင် ရထားလုံးပေါ်မှ ဆင်းလာတာ တွေ့လိုက်ရသည်။ သူတို့ကိုမြင်တော့ ချက်ချင်း ပြုံးပြ၏။ လင်မယား နှစ်ယောက်လုံး သက်ပြင်းတစ်ချက်စီ ချလိုက်​ကြသည်။

ချန်ထန်ရဲ့ အမူအရာမှာလည်း ငြိမ်သက်နေခဲ့သည်။

"တိုက်ပွဲက ဘယ်လိုလဲ"

"ရန်ပိကတော့ ရှားပါးတဲ့ အရည်အချင်းတစ်ခုပဲ... သူ့ရဲ့ ကျင့်ကြံမှုက ကျနော်နဲ့ ယှဉ်နိုင်တယ်... သူ့ရဲ့ ခွန်အားက တကယ့်ကို အံ့မခန်းပဲဗျ..."

ချန်ထန် ခေါင်းညိတ်လိုက်သည်။

"ဒါဆို ဒီကမ္ဘာ့သူရဲကောင်းတွေကို လျှော့မတွက်သင့်​တော့ဘူး"

ချန်ရှီက ပြုံးလေ၏။

"ကျွန်တော် အခုထိ တွေ့ဖူးတာ တစ်​ယောက်ပဲ ရှိတယ်... ကျန်တာက တော်ရုံတန်ရုံပဲ"

ချန်ထန်ခမျာ ကူကယ်ရာမဲ့သွားသည်။

"မင်း အခု ရန်ပိတစ်ယောက်တည်းနဲ့ မတော်တဆ တွေ့နေရတယ်များ ထင်လား? ဘယ်သူသိမှာလဲ နောင်မှာ ဒုတိယတစ်ယောက်နဲ့ တတိယတစ်ယောက်နဲ့လည်း တွေ့လာနိုင်တယ်"

ချန်ရှီက စိတ်မ၀င်စား။

"သူတို့ကို တွေ့မှ ထပ်ပြောတော့မယ်... မတွေ့သေးခင်တော့ ရိုးရိုးရှင်းရှင်းပဲ ဘာမှမပိုဘူး!"

ချန်ထန်သည် သူ့ဓားကို ဆွဲပြီး သူ့သားကို ဘယ်လောက်ဝေးဝေး သွားနိုင်တယ် ဆိုတာ ပြချင်လာခဲ့သည်။ သို့သော် ရွှမ်ဝေဓားသိုင်းနှင့် တူညီသော အဆင့်တွင်ပင် သူသည် သူ့သားအတွက် ယှဉ်နိုင်မည် မဟုတ်ဟုပင် ထင်လာခဲ့သည်။

"အထက်ကမ္ဘာကရော?"

"အထက်ကမ္ဘာက နတ်ဘုရားတွေရဲ့ တန်ခိုးက မြွေကြီးရွှမ်ရှန်းနဲ့ ယှဥ်နိုင်တယ်... တချို့က ချင်းယန်တောင်သခင်လောက် တန်ခိုးကြီးတယ် သမုဒ္ဒရာကြီးလောက် ကြီးမားပြီး နားမလည်နိုင်တဲ့ နတ်တန်ခိုးတွေလည်း ပိုင်ဆိုင်ထားကြတယ်... မိသားစုဆယ့်သုံးစုရဲ့ ဘိုးဘေးတွေက အမတ စွမ်းရည်​တွေကို ပိုင်ဆိုင်ထားပြီးပြီ... တာအိုနဲ့ ပေါင်းစပ်ထားတယ် ကောင်းကင်နဲ့မြေကြီးကို ညှိယူနိုင်တဲ့ စွမ်းအားတွေ ရှိတယ်..."

ချန်ရှီက ခေတ္တရပ်လိုက်ပြီး :"အထက်ကမ္ဘာက အားနည်းလွန်းတယ်... စိတ်ပျက်ဖွယ်ကုန်းစောင်းနဲ့ တွေ့ရင် ရှုံးမှာ သေချာတယ်... အနှစ်ခြောက်ထောင် ပြင်ဆင်မှုက ရန်သူကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိမ့်မယ် ဆိုတာကလွဲလို့ ဒုတိယ အတွေးတော့ မရှိ​လောက်ဘူး..."

ချန်ထန်နှလုံးလည်း အနည်းငယ် တုန်ခါသွားသည်။

"ဒါ.... တကယ်လား"

ချန်ရှီ: "အခု တစ်ခုတည်းသော မျှော်လင့်ချက်က အထက်နယ်ပယ်မှာ တခြား လျှို့ဝှက်တပ်ဖွဲ့တွေ ရှိနေတာပဲ"

သူ့မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြင့် အရောင်လတ်နေသည်။

"မိသားစု ဆယ့်သုံးစုက ဘိုးဘေး ဆယ့်သုံးပါးအပြင် အသက်ရှင်နေလောက်သေးတဲ့ ဒုတိယနဲ့ တတိယမျိုးဆက် ဘိုးဘေးတွေလည်း ရှိသေးဦးမယ်လို့ ကျနော် သံသယဝင်နေတာ... ဥပမာ လီမိသားစုရဲ့ ထူးခြားတဲ့စွမ်းရည်ကို အတွဲ နှစ်တွဲ ခွဲထားလောက်တယ်... ပထမ အတွဲကို ယီအန်းခန်းမကျမ်း ဖြစ်ပြီး ဒုတိယအတွဲက တောင်ပိုင်းဂိုဏ်းစုစည်းမှု... ခေါင်းဆောင်မျိုးရိုးက ယီအန်းခန်းမကျမ်းကို လေ့ကျင့်တယ်... အပြင်စည်းတပည့် မိသားစုဝင်တွေက တောင်ပိုင်းဂိုဏ်းစုစည်းမှုကို လေ့ကျင့်ကြတယ်... တောင်ပိုင်းဂိုဏ်းစုစည်းမှုက လီမိသားစုရဲ့ ဒုတိယဘိုးဘေးက ဖန်တီးထားတာ ဆိုပေမယ့် ပထမဘိုးဘေးထက် အများကြီး မညံ့ဘူး... ဒါပေမဲ့ ကျနော် အထက်ကမ္ဘာမှာ ဒုတိယဘိုးဘေးကို မတွေ့ခဲ့ဘူး...."

ချန်ထန်ရဲ့ မျက်လုံးများ တောက်ပလာသည်။

"အဓိက မိသားစုအားလုံးမှာ ဒုတိယနဲ့ တတိယ ဘိုးဘေးတွေ အသက်ရှင်နေသေးရင် အမတ အဆင့်ရှိတဲ့ သတ္တဝါတွေ ဒါဇင်နဲ့ချီရှိလိမ့်မယ်... အဲဒီ မဟာယာနအဆင့် နတ်ဘုရားတွေ၊ မရဏကမ္ဘာနဲ့ အထက်ကမ္ဘာကို ပေါင်းလိုက်ရင် စိတ်ပျက်ဖွယ်ကုန်းစောင်းနဲ့ တိုက်ရင် အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး! တစ်ဆယ်လေး မင်း အရမ်းစိုးရိမ်နေပြီ... စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ နားလည်မှုက မင်းထင်ထားတာထက် အများကြီး ကြီးတယ်"

ချန်ရှီ တုံ့ဆိုင်းသွားသည်။

"မျှော်လင့်ရတာပဲ... အဖေ မိသားစုဆယ့်သုံးစုကို ဖျက်ဆီးဖို့ အရင်ပြင်ရအောင်"

ချန်ထန် သူ့ကို လေးလေးနက်နက် ကြည့်ပြီး "ငါ့သားက အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်ကို သစ်သားလှည်းထောင့်ကနေ ပြန်ယူဖို့ ကြံစည်နေတာလား" ဟု တွေးလိုက်သည်။

သူ စဉ်းစားနေတာက ဖြစ်နိုင်ချေ ရှိပုံရသည်။

ထိုအချိန်တွင် ဟေးကော်ရဲ့ အော်ဟစ်သံကို ကြားလိုက်ရသည်။

"အမှောင်က စောစော ရောက်လာပြန်ပြီ... မင်း အထက်ကမ္ဘာကို ရောက်နေတုန်း တစ်ခေါက်လောက် ထပ်စောလာတယ်"

ချန်ထန် စိတ်ရှုပ်ထွေးစွာ ဆိုလိုက်သည်။

ချန်ရှီလည်း ကောင်းကင်ကို မော့ကြည့်လိုက်ရာ ကောင်းကင်က တဖြည်းဖြည်း အနီရောင် ပြောင်းသွား​ပြီ။ နေက တောက်လောင်ပြီး မီးတောက်တွေက ရှင်းကျိုးကျွန်းကို ဖုံးကွယ်ကာ ကောင်းကင်ပေါ်၌ ပျံဝဲသွားလေသည်။

"မကြာသေးခင်က နှစ်ခါစောပြီး မှောင်နေ​ပြန်ပြီလား"

ချန်ထန် ခေါင်းညိတ်လိုက်သည်။

လျင်မြန်စွာ မှောင်လာချေပြီ။

လရောင်က တောက်ပနေ၏။ ချန်ရှီသည် မိုးမခပင်အိုကြီး တစ်ပင်အောက်တွင် လှဲလျောင်းနေပြီး ကောင်းကင်ပေါ်ရှိ လကို မော့ကြည့်ရင်း အတွေးများ ပျောက်ဆုံးနေသည်။ ဟေးကော်က သူ့ဘေးမှာ ကပ်နေသည်။

ညတာက မယုံနိုင်လောက်အောင် ရှည်လျားလျက်ရှိသည်။

ချန်ရှီ တစ်ရေးတစ်မော အိပ်နေပြီ ဖြစ်သော်လည်း သူနိုးလာသောအခါတွင်မူ မှောင်နေသေးသဖြင့် လျော့ရဲသော တောင်စောင်းဆီသို့ ဦးတည်သွားခဲ့သည်။

"ကျူးရှို့ချိုင် စစ်မှန်တဲ့ ဘုရင်ခေတ်က ဘယ်လိုအဆုံးသတ်သွားလဲ သိလား"

ချန်ရှီ ရုတ်တရက် ထထိုင်ကာ မေးလိုက်သည်။

ကျူးရှို့ချိုင်ဟာ တရွေ့ရွေ့နဲ့ မိုးမခပင်အောက်မှာ ချိတ်ဆွဲထားဆဲ ဖြစ်ပြီး သူ့ခန္ဓာကိုယ်ဟာ လေထဲမှာ ဖြောင့်ဖြောင့်ကြီး ယိမ်းထိုးနေပါ၏။

"ငါဘယ်လိုလုပ်သိမှာလဲ... ငါသေတာ အနှစ်တစ်ထောင်ကျော်ပဲ ရှိသေးတယ်... ငါသေတုန်းက စစ်မှန်တဲ့ ဘုရင်ခေတ်က အနှစ်ငါးထောင်ကျော်သွားပြီ..."

ချန်ရှီ တုံ့ဆိုင်းနေသည်။

"ဘုရင်ကျန်းရဲ့ ခန္ဓာကိုယ်အစစ်ကို ကျနော် မြင်ဖူးတယ်... သူ့လည်ပင်းမှာ ကျွမ်းကျင်တဲ့ လက်သမားဆရာက သူ့ခေါင်းကို သူ့ခန္ဓာကိုယ်နဲ့ ချုပ်​ပေးထားတဲ့ ရွှေချည်မျှင်တစ်ခု ကျန်ခဲ့တယ်.... သဘာဝအကြောင်းတရားကြောင့် သေသွားတာ မဟုတ်ဘူး သူ့ခေါင်းကို ဖြတ်ပစ်လိုက်တာ"

ကျူးရှို့ချိုင်သည် သစ်ပင်အောက်တွင် ချိတ်ဆွဲကာ လေထဲတွင်ပင် မလှုပ်မယှက် တိတ်ဆိတ်နေ၏။

ချန်ရှီ: "ဘုရင်ကျန်းကို မိသားစုဆယ့်သုံးစုက သတ်ပစ်တာလို့ ခင်ဗျား ထင်လား... မိသားစုဆယ့်သုံးစုရဲ့ ဘိုးဘေးတွေက ကြိုတင်ပြင်ဆင်ထားတာမရှိဘဲ တိတ်တိတ်ဆိတ်ဆိတ် သတ်ပစ်လိုက်ပြီးတော့ စစ်မှန်တဲ့ ဘုရင်ကျန်းခေတ်နဲ့ ပတ်သက်တဲ့ သမိုင်းကြောင်း အားလုံးကို ဖျက်ဆီးပစ်လိုက်တာ ဖြစ်နိုင်လား"

ကျူးရှို့ချိုင် မဖြေ။

ချန်ရှီ: "ကျ​နော့်ရဲ့သံသယတွေက အကြောင်းပြချက် မရှိတာ မဟုတ်ဘူးဗျ! ဘုရင်ကျန်းက အမတအဆင့်တက်ဖို့ ဉာဏ်အလင်းရရှိခါနီးမှာ ရှိနေတဲ့သူတွေကို သတ်ပစ်ခဲ့တယ်... မိသားစုဆယ့်သုံးစုရဲ့ ဘိုးဘေးတွေအားလုံးက ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့ကြတာမို့ စစ်မှန်တဲ့ ဘုရင်ကျန်းကို အမတဘွဲ့အပ်နှင်းတဲ့ စည်းဝေးပွဲတွေမှာ ကူပေးရမယ်.... ဒါပေမယ့် မနာခံလို့ အသတ်ခံခဲ့ရတဲ့ မိသားစုဝင်တွေလည်း ရှိရမယ်... ဉာဏ်အလင်းရောက်ခါနီးမှာ ဘုရင်ကျန်းက အမတတစ်ပိုင်းတွေကို သတ်ပြီးရင် သူတို့က နောက်ပစ်မှတ်တွေ ဖြစ်ကုန်တော့မှာလေ....”

ကျူးရှို့ချိုင်က သူ့ကို ဝင်နှောင့်ယှက်လိုက်သည်။

"ဘုရင်ကျန်းက သူတို့လက်ထဲမှာ မသေဘူး"

ချန်ရှီရဲ့ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြင့်။

"အဲဒီနောက် ဘုရင်ကျန်းက သူ့ကိုယ်သူ သတ်သေခဲ့တယ်... ဘုရင်ကျန်းက အမတဘွဲ့ကို အပ်နှင်းပေးရပေမယ့် သူ့ရဲ့ ကျင့်ကြံမှုက အရမ်းကို မြင့်မားတဲ့အဆင့်ကို ရောက်သွားပြီ... ဖောက်ပြန်ခြင်းရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ကလွဲလို့ သူ့မှာ ရွေးချယ်စရာ မရှိလောက်အောင် ဆိုးရွားတဲ့ အခြေအနေမှာ ရောက်နေခဲ့တာ ဖြစ်မယ်... ကမ္ဘာက လူတွေ အန္တရာယ်ဖြစ်မှာကို ကြောက်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ် အဲဒါကို မလုပ်ခင်မှာ သူက ဒီခေတ်ရဲ့ သမိုင်းမှတ်တမ်းတွေအားလုံးကို မီးရှို့ပစ်လိုက်ပြီး နောင်လာနောက်သားတွေရဲ့ မသေနိုင်တဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိဖို့ တားဆီးခဲ့တယ်... ဒီလိုနည်းနဲ့ ဘယ်သူမှ အမတ မဖြစ်နိုင်တဲ့ အခြေအနေအထိ ရောက်သွားနိုင်တယ်... ဘယ်သူကမှ ဘေးဥပဒ် ဖြစ်လာ​တော့မှာ မဟုတ်ဘူး"

ကျူးရှို့ချိုင်က ခေါင်းခါပြီး :"စစ်မှန်တဲ့ ဘုရင်ကျန်းက ကိုယ့်ကိုကိုယ် သတ်သေမှာ မဟုတ်ဘူး... မင်း လျှောက်တွေးမနေနဲ့!"

ချန်ရှီက စိတ်လှုပ်ရှားစွာနဲ့ "ကျ​နော် သိပါတယ်... ဘုရင်ကျန်းက တခြားအမတတွေကို ဖယ်ထုတ်ပြီး အမတအထိ တက်ကြွသွားလိမ့်မယ်... သူက အတိဒုက္ခတွေကို ကျော်လွှားပြီး တာအိုနဲ့ စည်းလုံးညီညွတ်မှုကို လိုချင်တယ်... ဒါပေမဲ့ သူ နတ်ဆိုးဖြစ်လာတယ် ယုတ်ညံ့တဲ့ အသွင်ပြောင်းလာတယ် ဘေးဥပဒ် ဖြစ်လာတယ် ပြီးတော့ အသတ်ခံခဲ့ရတယ်... အဲဒါပဲ ​ဖြစ်ရမယ်"

"ဝုတ်! ဝုတ်!"

ဟေးကော်က စိတ်လှုပ်ရှားစွာ ဝင်ဟောင်သည်။

ကျူးရှို့ချိုင် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ကြိုးကို လက်ဖြင့် ရိုက်လွှတ်ကာ ဒေါသတကြီးဖြင့် မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပျံဝဲလာခဲ့သည်။

"မင်းတို့ထင်သလို မဟုတ်ဘူး! ငါ့ဘိုးဘေးက အဲ့နှစ်တုန်းကလည်း ဒီလိုမျိုး ကြုံလာရလို့ သေသွားတာ!"

နောက်ဆုံးတွင် ကောက်ကွေးနေသော မိုးမခပင်ဆီမှ တလိုတလား ဆင်းသက်လာသည်ကို မြင်လိုက်ရသော အခါ ချန်ရှီ သက်ပြင်းချကာ ပြုံးလိုက်လေသည်။

"ဆရာ... နောက်ဆုံးတော့ ဆင်းလာဖို့ ဆန္ဒရှိနေပြီပေါ့လေ... ဒါဆို ဘာဖြစ်တာလဲ"

ကျူးရှို့ချိုင်က ဟစ်အော်လိုက်ပြီး သူ့လက်တွေကို ဝေ့ယမ်းလိုက်ရာ သူ့ခန္ဓာကိုယ်ထက်တောင် ပိုရှည်သွားကာ သစ်ပင်ပေါ်က ကြိုးကို ဖြုတ်ပြီး လည်ပင်းမှာ ပတ်ထားလိုက်သည်။

"ဒီမှာ ကြိုးဆွဲချထားတော့ လွယ်လွယ်နဲ့ ထွက်သွားလို့မရဘူး... ငါ့လည်ပင်းမှာ ဒီကြိုး ပတ်ထားမှ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မှာ ငါ့နောက်ကို လိုက်ခဲ့"

သူသည် လေထဲသို့ ပျံတက်ကာ ကြိုးသည်လည်း ကျစ်ဆံမြီးကဲ့သို့ သူ့နောက်မှာ လွင့်ပါလာခဲ့သည်။ ချန်ရှီနဲ့ ဟေးကော်တို့ နောက်က လိုက်သွားကြစဥ် ကျူးရှို့ချိုင်က ဘုရင်ကျန်း၏ သင်္ချိုင်းဆီသို့ လွင့်မျောသွားနေတာ မြင်လိုက်ရ​လေသည်။

ချန်ရှီ: "ဆရာကျူး... ခဏစောင့်ပါဦး အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်တုံး သွားယူလိုက်ဦးမယ်!"

"မလိုဘူး"

ကျူးရှို့ချိုင် အသံက ပဲ့တင်ထပ်သွားသည်။ ချန်ရှီလည်း သူ့နောက်ကို လိုက်သွားဖို့ကလွဲလို့ ရွေးစရာမရှိတော့ချေ။ လူ၊ တစ္ဆေနှင့် ခွေးသည် မကြာမီတွင် စစ်မှန်သော ဘုရင်ကျန်း၏ အုတ်ဂူအပြင်ဘက်သို့ ရောက်လာခဲ့​ကြသည်။

ဘုရင်ကျန်း၏ အုတ်ဂူအပြင်ဘက်ရှိ ကျောက်ဆင်းတုတော်များသည် ခံ့ညားထည်ဝါစွာ တည်ရှိနေကြဆဲ။ အထဲသို့ ဝင်ရောက်လာသူတိုင်းသည် နတ်တစ္ဆေနယ်မြေကို အသက်ဝင်စေပြီး ကျောက်ဆင်းတုတော်များ ပြန်လည်ရှင်သန်လာကာ လာသူတိုင်းကို ဖြိုခွဲပစ်မည့် နတ်သားရဲများအဖြစ် ပြောင်းလဲသွားကြသည်။

ထူးဆန်းသည်မှာ ကျူးရှို့ချိုင် နတ်တစ္ဆေနယ်မြေထဲသို့ လှမ်းဝင်ရောက်လာသောအခါ နတ်သားရဲများသည် သူ့ကိုမြင်သည်နှင့် ဦးညွှတ် ရှိခိုးကြကာ သူ့ကို ထိခိုက်မှုမရှိဘဲ လွှတ်ထားခဲ့ကြလေသည်။

ချန်ရှီ: "ကျူးရှို့ချိုင်က တကယ့် ဘုရင်အစစ်ရဲ့ မျိုးဆက်ကနေ ဆင်းသက်လာသူပဲ... သူအရင်က ဒီနေရာကို ရောက်ဖူးပြီး သင်္ချိုင်းတွင်းထဲကိုလည်း ဝင်ခဲ့တာဖြစ်မယ် အဲဒါကြောင့် သူ ငါ့အဖေကိုလည်း ကိုယ်ခံပညာ သင်ပေးခဲ့တာ... "

သူ ကျူးရှို့ချိုင်နောက်ကို လိုက်သွားခဲ့သည်။ သင်္ချိုင်းဂူအုပ်ထိန်းသော သားရဲ ဆိတ်ချိုလူသားမှ ဆီမီးခွက်ကို မြှောက်ကာ ဂါဝရပြုလာသည်။

ကျူးရှို့ချိုင်: "မီးခွက်ပေး... မင်း ငါလမ်းပြဖို့ မလိုဘူး"

လူ့ခန္ဓာကိုယ်နှင့် ဆိတ်ချိုသင်္ချိုင်း အုပ်ထိန်းသူကလည်း သဘောတူသည့်အနေဖြင့် ဆီမီးခွက်ကို ကျူးရှို့ချိုင်အား ပေးလိုက်သည်။ ကျူးရှို့ချိုင်က ဆီမီးခွက်ကို ယူသွားကာ ချန်ရှီနဲ့ ဟေးကော်လည်း ကျောက်ပြားသစ်တောမှတဆင့် ဘုရင်ကျန်း၏ သင်္ချိုင်းသို့ လိုက်ဝင်သွားကြသည်။

သူတို့သည် ရှည်လျားပြီး မှောင်မိုက်သော စင်္ကြံလမ်းမှ ဂူဗိမာန်ထဲသို့ နက်နဲစွာ လျှောက်သွားကြသည်။ ချန်ရှီသည် ဘုရင်ကျန်း၏ သင်္ချိုင်းတွင်းသို့ နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်လာဖူးသော်လည်း ၎င်း၏ အတွင်းပိုင်းကို စူးစမ်းလေ့လာခြင်း မရှိခဲ့တာကြောင့် အတွင်းထဲ၌ မည်သည့်အရာများ ရှိနေခဲ့ကြောင်း မသိခဲ့ပေ။

ကျူးရှို့ချိုင်က သူတို့ကို ထပ်ခိုးအခန်းတစ်ခုဆီ ခေါ်သွားသည်။ နေရာက ကြီးကြီးမားမားမဟုတ်ပဲ အိုးများကိုသာ စီးတန်းချထား၏။ ၎င်းတို့သည် ထူးထူးခြားခြား မှော်ဆန်သည့် ရှေးဟောင်းပစ္စည်းများနှင့် မတူသော စပါးသိုလှောင်သည့် အိုးများ ဖြစ်နိုင်သည်။

ကျူးရှို့ချိုင်သည် ကြွေအိုးထဲမှ ဆန်လက်တစ်ဆုပ်စာကို ကိုင်လိုက်ပြီး ဆိုသည်။

"ထိကြည့်လိုက်..."

ချန်ရှီလည်း တစ်စေ့ကို ကိုက်လိုက်ပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"မင်း ဘာတွေ့လဲ"

"ဒီဆန်စေ့တွေက အလွတ်တွေ..."

ချန်ရှီ ရိုးရိုးသားသားပဲ ဖြေလိုက်သည်။ ထိုအခါ ကျူးရှို့ချိုင်က နောက်ထပ် ပုလင်းကြီးတစ်လုံးကို ကိုင်လိုက်ပြီး။

"ဒီထဲက ဆန်စေ့တွေကိုလည်း လာကြည့်လိုက်"

ချန်ရှီသည် ရှေ့သို့ လျှောက်သွားကာ လက်တစ်ဆုပ်စာ ဆန်စေ့များကို ကိုင်ကာ ညင်သာစွာ ကိုင်တွယ်ကြည့်သည်။ ၎င်းတို့ကို ညှစ်ကြည့်ပြီးတဲ့အခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြန်သည်။ ထိုအစေ့အဆန်များသည် စပါးခွံအလွှာမျှသာဖြစ်ပြီး အတွင်း၌ ဆန်စပါးများ မပါရှိပေ။

ကျူးရှို့ချိုင် အသံမှာ ကြောက်ရွံ့မှုနှင့်အတူ ထွက်ပေါ်လာသည်။

"ဒါက စစ်မှန်တဲ့ဘုရင်အတွက် သင်္ချိုင်းခန်းပဲ... ဒီရေယာဉ်တွေမှာ ဆန်၊ ပြောင်းဆန်၊ ဂျုံတွေ ပါသင့်တာ... ဒါပေမယ့် စစ်မှန်တဲ့ ဘုရင်ကျန်းခေတ် နှောင်းပိုင်းမှာတော့ စပါးစေ့တွေ မရှိတော့ဘူး"

ချန်ရှီသည် သူ့လက်ထဲက စပါးခွံများကို ချလိုက်ပြီး အိုးထဲသို့ နက်နက်နဲနဲ နှိုက်ကြည့်လိုက်သည်။ အထဲမှ စပါးစေ့တွေကလည်း စပါးခွံတွေချည်းပင်။ သူသည် နောက်ထပ် ပုလင်းကြီးတစ်ခုဆီသို့ သွားကာ လက်တစ်ဆုပ်စာ ဆန်စေ့တစ်ဆုပ်ကို ကိုင်လိုက်ရာ ထိုနည်းတူပင်။

အခြားအိုးများကိုဖွင့်၍ တစ်လုံးပြီးတစ်လုံး စစ်ဆေးသည်။ ဤအိုးများကို စပါးနှံ ငါးမျိုးဖြင့် ခွဲခြားထားသော်လည်း အစေ့အဆန်များ မပါဝင်တော့ပေ။ စစ်မှန်သော ဘုရင်ကျန်း၏ သင်္ချိုင်းတွင်းက ပစ္စည်းများတွင် စပါးခွံများသာ ရှိပြီး အစစ်အမှန်များ မရှိခဲ့ပါ။

"စစ်မှန်တဲ့ ဘုရင်ကျန်းတောင်မှ အဲဒီလိုပဲလား...."

ချန်ရှီ တုန်တုန်ယင်ယင်နဲ့ ဖြစ်လာကာ သူ့ဆံပင်တွေ အဆုံးအထိ ထောက်လာသည်။ ဘုရင်ကျန်းတောင် ဒီလိုဆို။ ပြည်သူတို့ကကော။

သာမန်ပြည်သူ လူထုအတွက် မျှော်လင့်ချက် ရှိပါ​သေးရဲ့လား။

"ဒါက ဘာကြောင့်လဲ?"

ချန်ရှီက ခပ်တိုးတိုး မေးလိုက်သည်။

"ဘုရင်ကျန်းခေတ် နှောင်းပိုင်းမှာ နေကွယ်ပျောက်ကွယ်သွားလို့ ဖြစ်လိမ့်မယ်"

ကျူးရှို့ချိုင်ရဲ့ လျစ်လျူရှုသော အသံက ဆိုသည်။

"နေ ပျောက်သွားတာလား?"

ချန်ရှီ တုန်လှုပ်သွားပြန်သည်။ နေရောင်မရှိရင် သီးနှံတွေ မပေါက်နိုင်ဘူး။ စပါးကြီးလာရင်တောင် စပါးနှံက ထွက်လာမှာ မဟုတ်ဘူး။

အခုဆို ရက်တွေတိုလာပြီး ညတာတွေကလည်း ပိုရှည်လာပြီ။ ချန်ရှီ၏ အာဒမ်ပန်းသီးသည် ခက်ခက်ခဲခဲ လှိမ့်သွားကာ။

"ဘာစားလဲ"

ကျူးရှို့ချိုင် ခဏတိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။

"မသိဘူး"

"ဘယ်လောက်ကြာကြာခံခဲ့လဲ"

ကျူးရှို့ချိုင် ခေါင်းခါလိုက်ပြီး :"မသိဘူး"

"လူဘယ်နှစ်ယောက်သေလဲ"

"မသိဘူး"

...

ချန်ရှီ၏ စိတ်ထဲတွင် ကမောက်ကမ ဖြစ်လို့နေသည်။ သတိပြန်ရလာသောအခါတွင် နိမ့်ပါးသော တောင်ခြေရင်းသို့ ပြန်​ရောက်နေခဲ့တာ တွေ့ရတော့ အံ့အားသင့်သွားသည်။ ကျူးရှို့ချိုင်က ကောက်နေသောသစ်ပင်မှ တွဲလောင်းကျနေဆဲဖြစ်ပြီး ကြိုးကိုလည်း လုံခြုံစွာ ချည်နှောင်ထားသည်။

ဟေးကော် သက်ပြင်းချပြီး မျက်မှောင်ကြုတ်ကာ သူ့ခြေရင်းမှာ အိပ်နေ၏။ ချန်ရှီ မတ်တပ်ရပ်လိုက်သည်။ လက ကောင်းကင်မှာ မြင့်နေသေးပေမယ့် ဟွမ်​ဖောရွာက လူတွေကတော့ ထမင်းချက်နေကြပါပြီ။

"ဘယ်နှစ်နာရီရှိပြီလဲ?"

ချန်ရှီ ထိတ်လန့်တကြား အော်လိုက်သည်။

"ဘာလို့ နေမထွက်သေးတာလဲ"

သူ့အသံက ဟွမ်ဖောရွာကို ရောက်သွားတာကြောင့် ရွာသူရွာသားတွေလည်း နောက်ဆုံးတော့ သတိရသွားကာ ကောင်းကင်ကို မော့ကြည့်ရင်း အံ့ဩသွားကြသည်။

ဟုတ်တယ်၊ ဘာလို့ နေမထွက်သေးတာလဲ။

လရောင်က ကြည်လင်တောက်ပနေတုန်း။

လသည် ကောင်းကင်၌ ထာဝစဉ် ချည်နှောင်ခံထားပုံရသည့်အလား။

"အားထန်... ၆နာရီပဲ"

ဝူးချင်းယွီက ချန်ထန် အနောက်ကနေ တိုးတိုးလေး တီးတိုးပြောလိုက်သည်။ ချန်ထန်သည် ကောင်းကင်မှ လကို မော့ကြည့်လိုက်ရင်း သူ့အသံက တုံ့ပြန်လိုက်၏။

"ကိုယ်သိတယ်... နေမထွက်သေးဘူး"

ချန်ရှီလည်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ကန်းကျစ်ရွာတွင် ရှားချိုးထုန်လည်း မျှော်ကြည့်ကာ လကို ငေးကြည့်နေသည်။

ဝေးကွာသော ချန်ယန်တောင်တန်းများတွင် မြွေကြီး ရွှမ်ရှန်းသည် သူ့ခန္ဓာကိုယ်ကို တောင်ပေါ်၌ ရစ်ပတ်ကာ လပေါ်တွင် ခေါင်းစိုက်ထားသည်။

တောင်တန်းများကြားတွင် မရေမတွက်နိုင်သော ဝိညာဉ်များနှင့် လူရုပ်ပုံများသည် ကောင်းကင်ကို မလှုပ်မယှက် စိုက်ကြည့်နေကြ၏။

မွန်းတည့်ချိန် ရောက်လာသော်လည်း နေက မပေါ်လာသေးပေ။

ရွာတွေ တဖြည်းဖြည်း ဂနာမငြိမ်ဖြစ်လာပြီး မငြိမ်မသက် ခံစားချက်တွေ ပျံ့နှံ့လာခဲ့သည်။

သန်းခေါင်ယံမှာလည်း နေက မပေါ်သေးဘူး။

နောက်တစ်နေ့ နံနက်ရောက်မှ လသည် မှိန်ဖျော့သွားကာ ကောင်းကင်၌ နီညိုရောင် နေရောင်နှစ်စင်း ပေါ်လာပြီး တဖြည်းဖြည်း တောက်ပလာသည်။

ချန်ရှီသည် လက်သီးများကို တင်းတင်းဆုပ်ထားသဖြင့် သူ့လက်ဆစ်များပင် ဖြူဖတ်လာသည်။

"ငါ အထက်ကမ္ဘာကို ထပ်သွားရမယ်!"

All Chapters