← Chapters

စစ်တုရင်ပြိုင်ပွဲ

Vol. 28 Ch. 392

စစ်တုရင်ပြိုင်ပွဲ

Vol. 28 Ch. 392

ကွဲအက်နေသော ကမ္ဘာကြီးထဲတွင် ဘိုးဘေး ၁၃ယောက်၏ အာရုံကို ချန်ရှီနဲ့ ရန်ပိက ဆွဲ​ဆောင်သွားသဖြင့် အားလုံး အဝေးမှ သူတို့နှစ်ယောက်ကို စိုက်ကြည့်နေကြသည်။

သူတို့တင်မကဘဲ အထက်ကမ္ဘာမှ နတ်ဘုရားနှစ်ထောင်နီးပါးကလည်း စူးစိုက်ကြည့်နေကြသည်။ သူတို့၏ ပုံမှန်အားဖြင့် ငြိမ်သက်နေသော မျက်နှာများသည်လည်း အနည်းငယ် တုန်ရီနေ၏။

ရှထျန်းကျယ်လည်း သူ၏ဒဏ်ရာများမှ ပြန်လည် ကောင်းမွန်လာခဲ့ပါ​ပြီ။ "လီထျန်းချင်" ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီးနောက် အပြည့်အဝ ပြန်လည် ကောင်းမွန်မလာမီတွင် အမတဦးခေါင်းကြောင့် နတ်ဆိုးဖြစ်လာလုနီးပါးအထိ ဆိုးဆိုးရွားရွား ဖြစ်သွားခဲ့သေးသည်။

ဆိုးရွားသော အသွင်ပြောင်းမှုမှ ပြန်လည်ကောင်းမွန်လာသောအခါ ပေတစ်ထောင်မြင့်သော နတ်ဘုရားများ၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိပြုမိလိုက်သည်။

ရှထျန်းကျယ်၏ မျက်လုံးများ တောက်ပလာသည်။

"ရန်ပိနဲ့ ချန်ရှီ တိုက်တော့မယ်!"

နန်းတော်မှ ထွက်ခွာရန် အလွန်စိတ်လှုပ်ရှားနေသော်လည်း ခြေလှမ်းတိုင်းက ဒဏ်ရာများကြောင့် ရှုံ့မဲ့ကာ နာကျင်​နေသည်။ ဤနေရာသည် တိုက်ပွဲဖြစ်ပွားမည့် နေရာနှင့် ဝေးလွန်းလှသည်။ သူသည် ခွန်အားမရှိ၍ စိတ်တိုရုံသာ တတ်နိုင်သည်။

ထိုအချိန်တွင် ပေတစ်ထောင်မြင့်သော နတ်ဘုရားတစ်ဆူသည် သူ့အနားသို့ ဖြည်းညှင်းစွာ ပျံသန်းလာခဲ့သည်။ ရှထျန်းကျယ် ကြည့်လိုက်တော့ မာကျီ၊ ကောင်းရှောက်လင် နဲ့ တခြားသူတွေက နတ်ဘုရားပုခုံးပေါ်မှာ ရပ်နေပြီး လက်ပြနှုတ်ဆက်နေတာကို တွေ့လိုက်ရ၏။

ရှထျန်းကျယ်လည်း သူ့သွားများကို အံကြိတ်ကာ နာကျင်မှုကို တောင့်ခံရင်း ရှေ့သို့ ပြေးသွားကာ ပေတစ်ထောင်မြင့်သော နတ်ဘုရား၏ ပုခုံးပေါ်သို့ ခုန်တက်လိုက်သည်။ ထို​နေရာသည် တောင်ထိပ်တစ်ခုလောက် အလွန်ကျယ်ဝန်းသောကြောင့် ပြုတ်ကျမည်ကို စိုးရိမ်စရာမလိုပါ။

ကျိုင်ယွမ်ယွမ်၊ ချွေးရှင်းချိုင်နှင့် အခြားသူများမှာလည်း နတ်ဘုရား၏ပုခုံးပေါ်၌ ရှိနေကြသည်။ နတ်ဘုရားသည် ဝေးရာသို့ ထွက်ခွာသွားပြီး မကြာမီ လူငယ်နှစ်ယောက်နဲ့ မလှမ်းမကမ်း နေရာသို့ ရောက်လာ၏။

လူတိုင်းသည် ၎င်းတို့၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန် ခဲယဉ်းလှသည်။ ချန်ရှီရဲ့ တိုက်ပွဲကို မြင်ဖူးကြသော်လည်း ချန်ရှီသည် လီထျန်းချင်ကိုသာ အတုယူခဲ့သည်၊ သူ၏ စစ်မှန်သော ခွန်အားကို ထုတ်မသုံးခဲ့ပေ။ ယခု ချန်ရှီဟာ ဒဏ်ရာများ သက်သာသွားပြီမို့ သူ အစွမ်းကုန် တိုက်ခိုက်သွား​တော့မည် ဖြစ်သည်။

ရန်ပိ တိုက်ခိုက်တာကိုလည်း ဘယ်သူမှ မမြင်ဖူးပါ။

ဘိုးဘေးဆယ့်သုံးပါးမှ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပို့ချပေးသည့် ရန်ပိသည် မိသားစုဆယ့်သုံးစု၏ ထူးခြားသော စွမ်းရည်များကို ကျွမ်းကျင်သည်။ ဘိုးဘေးတို့သည် ရန်ပိကို လွန်စွာချီးကျူးကြပြီး အနှစ်ခြောက်ထောင်အတွင်း မိသားစုဆယ့်သုံးစုတွင် ပါရမီရှင်ဟုပင် မှတ်ယူကြသည်။

မိသားစု ဆယ့်သုံးစုထဲက အဖွဲ့ဝင်တစ်ယောက်အတွက် သူတို့မိသားစုရဲ့ နည်းစနစ်တွေကို ကျွမ်းကျင်အောင်လုပ်ဖို့က ထူးထူးခြားခြား ဖြစ်နေပါပြီ။ မိသားစုသုံးစုရဲ့ ကျင့်စဥ်အားလုံးကို တပြိုင်နက်တည်း ကျွမ်းကျင်အောင် လုပ်ခြင်းက ပိုလို့တောင် အံ့သြစရာပင်။ မိသားစု ၁၃စုရဲ့ ကျင့်စဥ် ဆယ့်သုံးမျိုးလုံးကို ကျွမ်းကျင် ပိုင်နိုင်စွာ ပေါင်းစည်းရန်မှာ ရှထျန်းကျယ်နဲ့ သူ၏ အဖော်များ အတွက် မဖြစ်နိုင်ချေ။

သူတို့၏ မျက်လုံးများထဲတွင် ရန်ပိသည် အမျိုးမျိုးသော အလုပ်များဖြင့် သူ့ကိုယ်သူ အဆက်မပြတ် လုပ်ဆောင်ရင်း ကျင့်ကြံမှုကို လျစ်လျူရှုထားသည်။ လူတိုင်းကို အံ့အားသင့်စေရန် ရံဖန်ရံခါတွင် ရက်အနည်းငယ်မျှသာ သီးသန့် လေ့ကျင့်နေခဲ့သည်။

ယခုတော့ ရန်ပိ၏ စစ်မှန်သော ခွန်အားကို သက်သေပြနိုင်ပြီ ဖြစ်သည်။

ဟွမ်​ဖောရွာတွင်တော့ ချန်ရှီသည် အမှတ်မထင် ခေါင်းလှည့်ရင်း အံ့အားသင့်သွားခဲ့သည်။ နတ်ဘုရား ပင်လယ်ကြီး ပေါ်လာသော်လည်း သူ့ဘက် မကြည့်​နေကြ။ အဲဒီအစား သူတို့ အသီးသီးဟာ ခေါင်းလှည့်ပြီး တူညီတဲ့ ဦးတည်ရာကိုသာ စိုက်ကြည့်​နေကြ၏။

သူတို့ အကြည့်တွေ ရွေ့လျားသွားရတဲ့ အကြောင်းရင်းကို သူ စိတ်ထဲမှာ သိတာကြောင့် အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

"တစ်ဆယ်လေး... မင်း ရန်ပိနဲ့ ရန်ပွဲစပြီလား"

အထက်ကမ္ဘာ၌။

ရှထျန်းကျယ်နဲ့ အခြားသူများမှာ အတော်လေး ရင်းနှီးကြသော စူးစူးဝါးဝါး အသံက သူတို့၏ နားထဲ မသိမသာ ရောက်ရှိလာသည်။ အနတကမ္ဘာ၏ အခြားသော အရည်အသွေးကို အရိပ်အမြွက်ပြကာ မြင့်မားပြီး အုံ့ဆိုင်းနေသည့် ထို​အသံသည် အထက်အရပ်မှ ထွက်လာပုံရသည်။

သူတို့သည် အသံ၏အရင်းအမြစ်ကို ရှာဖွေကြည့်လိုက်ရာ ကောင်းကင်ယံ၌ အလင်းရောင်တစ်ခုအား ဝါးတားတား မြင်လိုက်ရသည်။ တိမ်များကြားတွင် တစ်စုံတစ်ယောက် ဆော့ကစားနေပုံရသည်။ ဒါပေမယ့် အသံက အရမ်းစူးနေတော့ ဂရုတစိုက် နားမထောင်ဘဲ ပိုင်းခြားဖို့ မဖြစ်နိုင်ပါဘူး။

ရန်ပိသည် လေထဲတွင် ရပ်နေကာ လေပြည်က သူ့အင်္ကျီလက်ရှည်ကို မှုတ်ထုတ်လိုက်သဖြင့် နောက်ပြန် လွင့်သွားလေသည်။ သူသည် လေထဲတွင် အရပ်ရှည်ရှည် အသွင်ဖြင့် ရပ်နေကာ ငယ်ရွယ်သော်လည်း ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ် ဖြစ်နိုင်သည်။

ရုတ်တရက် သူ့လက်ညိုးကို အနည်းငယ် လှုပ်လိုက်သည်။

ချန်ရှီ ပတ်လည်ရှိ နေရာသည် ပြင်းထန်စွာ တုန်ခါသွားပြီး လူတိုင်း၏ အမြင်အာရုံကို မှုန်ဝါးသွားစေကာ ချန်ရှီကိုယ်တိုင်လည်း မှုန်ဝါးလာသည်။

"ကျန်း!"

ရှည်လျားသော တေးသွားသံတစ်ချက် ပဲ့တင်ထပ်သွားသည်။ ချန်ရှီ အသံကြားရာဆီသို့ အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။

ကောင်းကင်ယံထက်တွင် စွယ်တော်တီးသည့်ရုပ်ပုံသည် လူမဟုတ်သော် အဆောင်လက်ဖွဲ့ စွမ်းအင်တစ်ခု ဖြစ်သည်။ မသေနိုင်သော တူရိယာကို တီးမှုတ်နေသည့် စာလုံးက အလွန် တောက်ပနေပါသည်။

"ကျောက်စိမ်းဧကရာဇ် ကောင်းကင်ကိုးလွှာတေးသံလား?"

သူ ထိတ်လန့်သွားသည်။ ကျောက်စိမ်းဧကရာဇ် ကောင်းကင်ကိုးလွှာ တေးသံသည် ဘုရင်ကျန်း၏ ဂူသင်္ချိုင်းထဲ၌ မှတ်တမ်းတင်ထားသော အမတကျင့်စဥ်တစ်ခု ဖြစ်သည်။

ထိုနှစ်တွင် သူသည် ဘုရင်ကျန်း၏ ဂူသင်္ချိုင်း စာ​ကြည့်တိုက်ထဲသို့ ၀င်ရောက်ပြီး ကျောက်စိမ်းဧကရာဇ် ကောင်းကင်ကိုးလွှာ တေးသံကို ဖွင့်လိုက်သောအခါတွင် ပြင်းထန်စွာ ပင်ပန်းနွမ်းနယ်သွားခဲ့သည်။

ဘုရင်ကျန်း၏ ဂူသင်္ချိုင်းထဲက စာအုပ်အများစုဟာ ကျောက်စိမ်းဧကရာဇ် ကောင်းကင်ကိုးလွှာ တေးသံနှင့် ဆင်တူသည်။ အဲဒါတွေကို ဖတ်ရတာ အလွန်ကို အံသြစရာကောင်းပြီး ချန်ရှီ မူးမေ့လဲကျသွားခဲ့ဖူးသည်။ နောက်ဆုံးတွင်တော့ သူ ဧကရာဇ်ရှောင်းလန်စွမ်းရည်အခန်း အမတကျင့်စဥ် ကို ရွေးချယ်ခဲ့သည်။

ဧကရာဇ်ရှောင်းလန်စွမ်းရည် ကျင့်စဥ်သည် အမတအဆင့် ကျင့်စဥ်တစ်ခုလည်း ဖြစ်သော်လည်း "ကျောက်စိမ်းဧကရာဇ် ကောင်းကင်ကိုးလွှာ တေးသံ" ထက် များစွာညံ့ပါသည်။ ထို့ကြောင့် စာအုပ်တစ်အုပ်လုံးကို ဖတ်ပြီး နှလုံးသားဖြင့်သာ အလွတ်ကျက်နိုင်ခဲ့သည်။

သူသည် ကျောက်စိမ်းဧကရာဇ် ကောင်းကင်ကိုးလွှာ တေးသံ စာအုပ်တစ်ခုလုံးကို မဖတ်ဖူးသော်လည်း သူ၏ကြောက်စရာ ကောင်းသော မှတ်ဉာဏ်သည် အတိုအထွာများကို အလွတ်ကျက်နိုင်စေခဲ့၏။ ဤ 'ကျန်း' ဟူသော အသံသည် ကျောက်စိမ်းဧကရာဇ် ကောင်းကင်ကိုးလွှာ တေးသံ၏ တိုက်ခိုက်သည့် တေးသံပဲ ဖြစ်သည်။

လေထုကြီး တုန်ခါသွားကာ မမြင်နိုင်သော ဓားသွားများသည် တေးသံကို တုံ့ပြန်ရန် ပျံသန်းသွားကြသည်။ ချန်ရှီ မျက်မှောင်ကြုတ်သွား၏။ ရုတ်တရက် တောင်များနှင့် ရေကန်များသည် သူ့ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာပြီး ဧရာမ စာလုံးများ ထွက်ပေါ်လာခဲ့သည်။ ချန်၊ ခွင်း၊ ရွှင့်၊ ကျန့်၊ ခမ်၊ လီ၊ ကန်းနှင့် သွေ့ တို့က ခင်းကျင်းထားသော နေရာတစ်ခုအသွင် ဖြစ်လာသည်။ ထို့နောက် စာလုံး ရှစ်ခု၏ အတွဲများကို ပေါင်းစပ်ပြီး ကွဲပြားသော စာလုံး ခြောက်ဆယ့်လေးခု ဖြစ်သည့် အင်းအိုင်ကောင်းကင်၊ မီးကောင်းကင်၊ မိုးကြိုးကောင်းကင်၊ လေကောင်းကင်နှင့် ရေကောင်းကင်တို့ ဖြစ်လာသည်။

"ဝုန်း!"

အင်းအိုင်ကောင်းကင်သည် ပြောင်းလဲလာကာ အလယ်ဗဟိုအဖြစ် သူနှင့်အတူ ဆယ်မိုင်ပတ်လည်ရှိ ဧရိယာသည် ကောင်းကင်အထက်တွင် ဆိုင်းငံ့ထားသော ကြီးမားကျယ်ပြန့်သည့် သမုဒ္ဒရာအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။

စူးရှသော အသံနှင့်အတူ မမြင်နိုင်သော ဓားများ ဇောက်ထိုးဝင်လာကာ ပင်လယ်ကြီး ကွဲထွက်သွားသည်။ ဆယ်မိုင်ကျော် ကျယ်ဝန်းသော လှိုင်းအလွှာများ ပျက်ဆီးသွား၏။ မမြင်နိုင်သော ဓားများသည် မယုံနိုင်လောက်အောင် အားကောင်းနေကာ သူ၏ တာအိုနယ်မြေကို ထိုးဖောက်ပြီး အရှေ့ကို ဖြတ်ပြေးလာကြသည်။

တောင်အင်းအိုင်အကွက်သည် ချန်ရှီရှေ့သို့ ရွေ့သွားပြီး တာအိုနယ်မြေက တောင်အင်းအိုင် အဖြစ် အသွင်ပြောင်းသွားသည်။ တောင်ထိပ်များသည် မြေပြင်မှ တက်လာကာ နယ်မြေရဲ့ တစ်ဝက်ခန့်ကို ဖြတ်သွားကြသည်။

ချန်ရှီ၏ တာအိုနယ်မြေထဲတွင် အနက်ရောင်လေက တဝွီဝွီ အူပြီး မိုးကြိုးပစ်ချလိုက်သည်။ မိုးကြိုးက မမြင်ရတဲ့ ဓားကို ထိလိုက်တာနဲ့ နောက်ဆုံးတော့ တိုက်ခိုက်မှုရဲ့ တွန်းအားကို ပိတ်ဆို့လိုက်နိုင်ခဲ့၏။

ချန်ရှီရဲ့ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ကြီးမားသော စွမ်းအားက သူ့ကို နောက်သို့ တွန်းထုတ်ကာ မိုင်ပေါင်းများစွာ လွင့်သွားပြီးတော့မှ ရပ်တန့်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် ​တေးသံသည် တစ်ဖန်ပြန်လည် ထွက်ပေါ်လာပြန်၏။ တိမ်အလင်း၏ အထက်မှာ စွမ်းအင်က ရုတ်တရက် ပြောင်းလဲသွားကာ အခြားသော အဆောင်စာလုံး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းက ဂီတတူရိယာကို တီးမှုတ်နေသည့် အဘိုးအိုတစ်ဦးအလားပင်။

ချန်ရှီ၏ မျက်နှာသည်လည်း ရုတ်တရက် ပြောင်းလဲသွား၏။ မီးကောင်းကင်၊ မိုးကြိုးကောင်းကင်နှင့် လေကောင်းကင် ကဲ့သို့သော စွမ်းအက်များကလည်း တာအိုနယ်မြေအတွင်း၌ အဆက်မပြတ် ပြောင်းလဲနေပြီး ကျောက်စိမ်းဧကရာဇ် ကောင်းကင်ကိုးလွှာ တေးသံ၏ ဒုတိယ​တေးသံကို ပိတ်ဆို့ထားလိုက်သည်။

"ကျောက်စိမ်းဧကရာဇ် ကောင်းကင်ကိုးလွှာ တေးသံထဲက စာလုံး ဘယ်လောက်များ သင်ထားတာလဲ"

သူ့မျက်လုံးတွေ ပြူးသွားသည်။ သူသည် ကျောက်စိမ်းဧကရာဇ် ကောင်းကင်ကိုးလွှာ တေးသံစာအုပ်ကို ပထမဆုံး ဖတ်သောအခါက မူးမေ့မသွားမီ လှုပ်ရှားမှုနှစ်ခုသာ ဖတ်ခဲ့ရသည်။

ပထမအကွက်က ကျန်!

သက်ဆိုင်သော စာလုံးသည် ကောင်းကင်ကိုးခု၏ တာအိုနယ်မြေ အချုပ်အခြာအာဏာ၊ အမြင့်ဆုံးအခန်း၏ ဝိညာဉ်စွမ်းအင်လည်း ဖြစ်ပါသည်။

ဒုတိယအရွေ့က လန်!

သက်ဆိုင်သော စာလုံးများသည် သို့အရှင်၊ ပန်းများကြဲဖြန့်ခြင်း၊ ကျောက်စိမ်းတုံး လေးခု၏ သင်္ကေတ ဖြစ်သည်။

နတ်ဆိုးများကို ပုံဖော်ရန်အတွက် အနှီစာလုံးစွမ်းအင်ကို ပုံဖော်လိုက်သောအခါ သက်ဆိုင်ရာ နတ်ဘုရား သို့မဟုတ် နတ်ဆိုး ပေါ်လာတတ်သည်။

ထို့ကြောင့် ရန်ပိသည် ဤလှုပ်ရှားမှု နှစ်ခုကို လုပ်ဆောင်သောအခါ တီးခတ်နေသည့် တာအိုဝါဒီ နှစ်ဦး၏ မြင်ကွင်းသည် တိမ်များအထက်တွင် ပေါ်ထွက်လာ၏။ ချန်ရှီဟာ ဤလှုပ်ရှားမှုနှစ်ခု၏ တိုက်ခိုက်မှုကို ကြိုတင်ခန့်မှန်းနိုင်သော်လည်း ရန်ပိသာ တတိယအကွက်ကို သိရှိပါက တိုက်ခိုက်မှုကို မှန်းဆ၍မရနိုင်ဘဲ အန္တရာယ်ထဲသို့ မလွဲမသွေ ကျရောက်သွားလိမ့်မည်။

သူ့ပတ်ဝန်းကျင်တွင် မြေကြီးနှင့် တောင်များ ရွေ့လျားကာ ကောင်းကင်နှင့် မြေကြီးသည် အလွှာလိုက် အလွှာလိုက် အသွင်ပြောင်းရင်း ကျောက်စိမ်းဧကရာဇ် ကောင်းကင်ကိုးလွှာတေးသံဥ ဒုတိယ လှုပ်ရှားကို ပိတ်ဆို့ထားသည်။

ချန်ရှီ၏သွေးများ လျှံတက်လာပြီး သူ့နတ်ဝိညာဉ်သည် ကြောက်ရွံ့ တုန်လှုပ်နေသည်။ ရုတ်တရက် တိမ်ပေါ်မှ စာလုံးအသစ်တစ်ခု ဖြစ်ပေါ်လာသည်အား သူမြင်လိုက်ရသည်။ ချန်ရှီ မဆိုင်းမတွ တတိယမြောက် နတ်စာလုံးအသစ်ကို အသက်သွင်းကာ ရှေ့တစ်လှမ်းတိုးကာ လျှပ်စီးကြောင်းပေါ် လှမ်းနင်းတက်ခဲ့သည်။ မိုးကြိုးက သူ့ပတ်ဝန်းကျင်ကို လှည့်ပတ်နေပြီး အက်ကွဲသံနဲ့အတူ ချန်ရှီတစ်ယောက် လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး ရန်ပိဆီ တည့်တည့် ပြေးဝင်သွား၏။

ကျောက်စိမ်းဧကရာဇ် ကောင်းကင်ကိုးလွှာတေးသံ၏ တတိယမြောက် လှုပ်ရှားမှုကို ရန်ပိ ထုတ်ပြလာမယ့်အထိ သူ မစောင့်နိုင်တော့ပေ။

ကျောက်စိမ်းဧကရာဇ် ကောင်းကင်ကိုးလွှာတေးသံ စာအုပ်၏ ပထမဆုံး လှုပ်ရှားမှုနှစ်ခုကို သူအရင်ကမြင်ဖူးပြီး​ပြီ။ ၎င်းတို့ကို ခုခံရန် အလွန်ခက်ခဲခဲ့သည်။ တတိယလှုပ်ရှားမှုက ပိုလို့တောင် အစွမ်းထက်မှာမလွဲပေ။ သူသည် ပါးကွာ့ ရှစ်ခု၏ ခြောက်ဆယ့်လေးခု အသွင်ပြောင်းခြင်းကို နားလည်ခဲ့လျှင်ပင် ဒဏ်ရာရသွားလောက်ပေသည်။

ရန်ပိလည်း မိုင်နှစ်ဆယ်ကျော် အကွာတွင် ရုတ်တရတ် လျှပ်စီးကြောင်း လျှပ်တစ်ပြက် လတ်သွားတာ ချက်ချင်း မြင်လိုက်ရသည်။ သို့သော် သူသည် ငြိမ်သက်စွာ ဆုတ်ခွာသွားခဲ့ဆဲ။ သူ့၌ တင့်တယ်သော ကိုယ်ဟန်အနေအထားရှိသော်လည်း အမြန်နှုန်းက အလွန်လျင်မြန်ကာ ချန်ရှီ၏ တတိယမြောက် နတ်စာလုံးအသစ်ထက် မနှေးပေ။

တစ်ချိန်က သူသည် ချန်ရှီ နှင့် အပြေးအလွှား ယှဉ်ပြိုင်ခဲ့ပြီး အဖြူရောင်ဝတ်နတ်သမီးကို အတူတူလိုက်ခဲ့စဥ်က နှစ်ယောက်သား အညီအမျှ ယှဉ်လုနီးပါး ဖြစ်ခဲ့သည်။ အနီးကပ်တိုက်ပွဲတွင် ချန်ရှီက အပြင်းထန်ဆုံး ဖြစ်ကြောင်း သူသိသည်။ အကယ်၍ သူသာ နီးကပ်လာပါက တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လှုပ်ရှားပြီးသည်နှင့် မိမိက သေဆုံးနိုင်ဖွယ် ရှိသည်။

သို့သော် ရန်ပိသည် ချန်ရှီကို သူနှင့် မိုင်နှစ်ဆယ်အကွာအဝေး၌ အမြဲတမ်း ထားရှိရမည်ဟု ယုံကြည်ထားသည်။ တစ်ဖက်လူကို ထိုအကွာအဝေးအတွင်း ဝင်ရောက်ခွင့် မပြုဂကြောင်း သေချာသ်သည်။ သူသည် ချန်ရှီစိတ်ကူးထက်ပင် ချန်ရှီကို နားလည်၏။

သူသည် ချန်ရှီ၏ တိုးတက်မှုကို အမှတ်အသား ပြုခဲ့သည်။ ချန်ရှီသည် ဟွမ်ဖောကျေးရွာ၌ အသွင်ပြောင်းမှု ရှစ်ခုရဲ့ ၃၆ခုကို ကျွမ်းကျင်သောအခါတွင် သူ့ရဲ့ သူလျှိုက တိုးတက်မှုကို မှတ်တမ်းတင်ပြီး သူ့အား သတင်းပို့ခဲ့သည်။ ချန်ရှီသည် အသွင်ပြောင်းပုံ ၆၄ ခုကို နားလည်သဘောပေါက်နိုင်သည်ဟုပင် ပြောထားသည်။ သူ၏ဉာဏ်ရည်ဉာဏ်သွေးကို အသုံးပြုခဲ့တာတောင် ကျန်နှစ်ဆယ့်ရှစ်ခုကို သရုပ်မပြရသေးပေ။

သူ ချန်ရှီကို လေးစားမှု အပြည့်ဖြင့် ကြည့်နေခဲ့သည်။

အဘွားရှား၏ ပါးကွာ့ခန္ဓာကာကွယ် အစီအရင်သည် ခြွင်းချက်နည်းလမ်း ဖြစ်သော်လည်း မဟာယာနအဆင့်သို့ ရောက်ပါက အမှန်တကယ် အထင်ကြီးလောက်စရာ ဖြစ်လာ​ပေလိမ့်မည်။ သူ့လို မိသားစုဆယ့်သုံးစုထဲမှ ကလေးတစ်ဦး၏ အမြင်တွင် မဟာပါးကွာ့ ခန္ဓာကာကွယ် နည်းလမ်းနှင့် နှိုင်းယှဉ်နိုင်သော မရေမတွက်နိုင်သည့် နည်းလမ်းများ ရှိခဲ့ပါသည်။

သို့သော် ချန်ရှီ၏ လက်ထဲတွင်မူ ဤနည်းလမ်းသည် အသွင်ပြောင်းနည်း သုံးမျိုးမျှသာ ရှိရာကနေ အမှန်တကယ် မှော်ဆန်သည့် အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ နတ်တစ္ဆေနယ်မြေ အသွင်ပြောင်းခြင်း သုံးခုမှ ၆၄ ခုအထိပါ တိုးတက်လာသည်။ ၎င်းသည် နတ်တစ္ဆေနယ်မြေဟာ အမတ အဆင့်အထိ မြှင့်တင်ပေးခဲ့သည်။

ချန်ရှီ၏ ကျင့်ကြံမှုကသာ အကန့်အသတ် မရှိခဲ့ပါက သူသည် ဤနည်းလမ်းကို အမတအဆင့် ကျင့်စဥ်ပညာတစ်ခုအဖြစ် အမှန်တကယ် ပြောင်းလဲပေးနိုင်လောက်၏။

ကံမကောင်းစွာပဲ ချန်ရှီသည် လက်ရှိတွင် ခန္ဓာပေါင်းစည်းနယ်ပယ်တွင်သာ ရှိနေပြီး အသွင်းပြောင်းမှု ၆၄ခုကို ပြသနိုင်ကြောင်း အတည်မပြုနိုင်သေးပါ။ ရန်ပိသည် ချန်ရှီ၏ တာအို နည်းစနစ်ကို သိရှိပြီးသားမို့ ၎င်းတို့အတွက် ပြင်ဆင်ထားခဲ့သည်။

ချန်ရှီ၏ တာအိုနည်းစနစ် တစ်ခုစီတိုင်းသည် သူ့မျှော်လင့်ချက်ထဲတွင် ရှိနေသည်။ ယခု သူ့လက်ကို မြှောက်လိုက်ပြီး ရှေ့သို့ ဝှေ့ယမ်းလိုက်လေသည်။ ၎င်းက ကျောက်စိမ်းဧကရာဇ် ကောင်းကင်ကိုးလွှာတေးသံ၏ တတိယမြောက် လှုပ်ရှားမှုမှာ သွမ့် ဖြစ်သည်။

သက်ဆိုင်သော စာလုံးသည် တာအိုအရှင်၊ အမြင့်မြတ်ဆုံး နှင့် သဘာဝ ကောင်းကင်ကိုးခု ၏ မိခင်အစစ် ဖြစ်သည်။ တာအိုအရှင် စာလုံးသည် တာအိုအရှင်၏ ပုံသဏ္ဌာန်ဖြစ်ပြီး သူ့လက်ကို မြှောက်ကာ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်ကိုးလွှာရဲ့ အထက်မှာ ဖန်ပုတီးစေ့ ပန်းကန်လုံးတစ်လုံးကို ကျောက်စိမ်းပန်းကန်တစ်လုံးထဲကို လောင်းထည့်လိုက်သလိုမျိုး ကြွပ်ကြွပ်ဆတ်ဆတ် ပုတီးစေ့တွေရဲ့ ထိပ်တိုက်သံတွေက လေကို ပြည့်လျှံစေ၏။

"ချန်ခွမ်း အသွင်ပြောင်းခြင်း!"

ချန်ရှီ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် ရန်ပိ၏ အမူအရာမှာ အံ့အားသင့်ခြင်းများဖြင့် ပြည့်နှက်လာသည်။ ဤခြေလှမ်းဖြင့် ကောင်းကင်နှင့်မြေကြီး၏ အာကာသနှင့် အချိန်သည် ရုတ်တရက် တိုသွားပေ၏။ သူ ဘယ်လောက်ပဲ မြန်မြန် ရွေ့နေပါစေ ချန်ရှီ သူ့အနားကို လျင်မြန်စွာ ရောက်လာနေဆဲ။

ဒါမှမဟုတ် ဝင်တိုက်မိတော့မှာလား။

သူ ဆုတ်သွားသည်နှင့် သူသည် ချန်ရှီနှင့် ခေါင်းချင်းဆိုင် တိုက်မိသွားချေပြီ။ ဒီလှုပ်ရှားမှုကို ချန်ရှီ လုပ်မယ်လို့ သူမျှော်လင့်ထားပေမယ့် တကယ့်စကြဝဠာ ပြောင်းပြန်လှန်မှုရဲ့ သက်ရောက်မှုက သူ့ကို အကြီးအကျယ် ထိတ်လန့်နေစေဆဲပင်။

ဒီလှုပ်ရှားမှုအတွက် သူပြင်ဆင်ထားပေမယ့် နည်းနည်း နောက်ကျနေသွားသေး၏။

"သူက မြန်လွန်းတယ် ငါတောင် တစ်ဝက်လောက်ပဲ လှုပ်ရှားနိုင်တယ်!"

အမတနန်းတော်ကဲ့သို့ ရန်ပိဦးခေါင်းနောက်တွင် ရွှေရောင်နန်းတော် တစ်ခု ပေါ်ထွက်လာပြီး သူ့ကိုကောင်းကင်ယံ အထက်တွင် ဖုံးအုပ်ထားလိုက်သည်။

"ဗွမ်း!"

ချန်ရှီ၏ လက်သီးသည် ရွှေရောင်နန်း​တော်ဝင်းအတွင်းသို့ ထိုးထွင်းဝင်ရောက်သွားပြီး ကွဲကြေလုနီးပါး ဖြစ်သွားသည်။ ရန်ပိလည်း အနောက်သို့ ပျံလွင့်သွား၏။ တစ်ချိန်တည်းမှာပင် ကျောက်စိမ်းဧကရာဇ် ကောင်းကင်ကိုးလွှာ တေးသံ ၏ တတိယမြောက် လှုပ်ရှားမှုသည် ချန်ရှီ၏ တာအိုနယ်မြေကို လက်လှမ်းမီနိုင်ခဲ့လေသည်။

ချန်ရှီ ဟောက်လိုက်သည်နှင့် တာအိုနယ်မြေက သူ့ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် ပြန်ဆုတ်သွားလေသည်။ နတ်ဝိညာဥ်၊ တာအိုနယ်မြေ နှင့် ခန္ဓာကိုယ်တို့က တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။ ဆဋ္ဌမမြောက် နတ်စာလုံးက သူ့အတွင်း၌ ပျံ့နှံ့သွားပြီး သူ့ခန္ဓာကိုယ်သည် တန်ခိုးကြီးသော စွမ်းအင်များဖြင့် ပြည့်လျှံလာသည်။ သေးငယ်သော ​လေထုအတွင်းတွင် သူ့ပုံစံသည် ခုန်ပေါက်နေသော ကျည်ဆန်တစ်ခုလို အထပ်ထပ် ခုန်နေ၏။

သူသည် မမြင်နိုင်သော ဓားကို ရှောင်ဖယ်သွားကာ နောက်ဓားတစ်လတ်ကို ရိုက်ချရန် လက်ကို မြှောက်လိုက်သည်။ တတိယမြောက် မမြင်နိုင်သော ဓားသွားကိုလည်း သူ့နံဘေးမှာ လှည့်၍ ပျံသန်းစေလိုက်သည်။

ထို့နောက် သူသည် ဘေးတိုက် ခုန်ချကာ ဒူးဆစ်ဖြင့် ခုန်လိုက်၊ လှည့်လိုက်၊ ခုတ်လိုက်၊ တံတောင်ဆစ်ဖြင့် ဘေးတိုက် ရိုက်ချလိုက်သည်။ သူ့ပုံစံက ဆယ်ပိုင်းကွဲသွားသလို ပြိုးပြိုးပြက်ပြက် ဖြစ်နေ၏။ တခဏတည်းမှာပင် မရေမတွက်နိုင်သော တိုက်ခိုက်ရေး လှုပ်ရှားမှုများကို ကိုယ်ပွားများ ထုတ်လွှတ်လိုက်သလို တိုက်ခိုက်​နေသည်။

ကျောက်စိမ်းဧကရာဇ် ကောင်းကင်ကိုးလွှာ တေးသံ၏ တတိယမြောက် လှုပ်ရှားမှုသည် ရန်သူဘက်က မမြင်ရဘဲ တိုက်ခိုက် ခုတ်ထစ်ကာ ရန်သူအား ခုခံရန် မဖြစ်နိုင်​စေပေ။ သို့တိုင် ချန်ရှီ သည် အလွန်အစွမ်းထက်သော ခန္ဓာကိုယ်နှင့် တိုက်ခိုက်ရေးစွမ်းရည်များဖြင့် ၎င်းကို ပိတ်ဆို့ထားဆဲ။

ချန်ရှီသည် မီးခိုးတလိပ်လို ခုန်တက်လာပြီး လေကို စူးစူးဝါးဝါး ထိုးဖောက်ကာ ကျားတစ်ကောင် ရက်စက်ကြမ်းကြုတ်စွာ သားကောင်ကို ထိုးဖောက်လိုက်သည့်နှယ် ရန်ပိကို တည့်တည့် တိုက်ခိုက်လိုက်သည်။

ဤဆက်တိုက် တိုက်ခိုက်မှုများက သူ့ကို ကန့်သတ်ချက်သို့ တွန်းပို့လုနီးပါး ဖြစ်လာခဲ့သည်။ သူ နည်းနည်းလေး တိကျခဲ့မယ်ဆိုရင် မမြင်ရတဲ့ဓားနဲ့ နှစ်ပိုင်းဖြတ်ခံရလိမ့်မည်။

သို့သော် ဤတူညီသော တိုက်ခိုက်မှုများဟာ ရှထျန်းကျယ်၊ မာကျီ နှင့် အခြားသူများကိုတော့ ထိတ်လန့်တုန်လှုပ်သွားစေ၏။ ကွဲအက်နေသော ကမ္ဘာရှိ မိသားစုဆယ့်သုံးစု၏ ဘိုးဘေးများကလည်း အံ့အားသင့်သွားကြသည်။

ကောင်းရွှမ်: "အဲဒါကို မင်းတို့ မြင်လိုက်လား? သူက အမတကျင့်စဥ်ကို ချိုးဖျက်ဖို့ အနီးကပ်တိုက်ပွဲကို သုံးသွားတာ... အမတကျင့်စဥ်နော်!"

ချန်ရှီ၏ မဟာပါးကွာ့ခန္ဓာကာကွယ်ခြင်း ကျင့်စဥ်ကို အမတကျင့်စဥ် အဆင့်အထိ မြှင့်တင်ပေးခြင်းထက် အံ့သြတကြီး အော်ဟစ်ခဲ့သည်။ မဟာပါးကွာ့ခန္ဓာကာကွယ် ကျင့်စဥ်ဟာ ချန်ရှီရဲ့ မူရင်းကျင့်စဥ် မဟုတ်ပေ။ ၎င်းထဲ၌ အဘွားရှား၏ အခြေခံအုတ်မြစ်တစ်ခု ရှိသည်။

သို့သော် အမတကျင့်စဥ်ရဲ့ တိုက်ခိုက်မှုကို ဖြိုခွင်းရန် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းသက်သက်ဖြင့် အသုံးပြုခြင်းက အမှန်တကယ် အံ့ဩစရာ ကောင်းလေသည်။

အခြားလူကြီးများက တုန်လှုပ်ခြောက်ခြားစွာဖြင့် အချင်းချင်း ကြည့်နေကြသည်။

ကျိုင်ကျုံးမင် : "နတ်ဘုရားက သူ့ကို တာအိုသန္ဓေသား အပ်နှင်းထားတာ အံ့သြစရာတော့ မဟုတ်ပါဘူး သူကလွဲလို့ ဘယ်သူက ထိုက်တန်ဦးမှာလဲ"

ချန်ရှီ၏ခြေရာများသည် လျှပ်စီးလက်လာကာ အရှိန် ထပ်တိုးလာသည်။ လျှပ်စီးလက်မှုအတွင်းတွင် သူ့မျက်လုံးများသည် မိုးခြိမ်းသံများ တဖျပ်ဖျပ် ခတ်နေသကဲ့သို့ပင်။ ရန်ပိသည် မဟာရွှေအံ့ဖွယ်ကျမ်း၊ အမတကျင့်စဥ် တစ်ခုနှင့် ဘုရင်ကျန်း၏ စာကြည့်တိုက်တွင် ပေါ်လာသည့် သူ့တိုက်ခိုက်မှုကို ယခုလေးတင်ပင် ပိတ်ဆို့ထားခဲ့ရသည်။

ချန်ရှီသည် ဤအမတကျင့်စဥ်ကို များများစားစား မဖတ်ခဲ့ရဘဲ စာပိုဒ်အနည်းငယ်နှင့် လှုပ်ရှားမှု အနည်းငယ်ကိုသာ ကျက်မှတ်ခဲ့သည်။

"သူက ကျောက်စိမ်းဧကရာဇ် ကောင်းကင်ကိုးလွှာ တေးသံရဲ့ ပထမသုံးကြိမ်ကိုပဲ လေ့ကျင့်ခဲ့ပြီးတော့ စတုတ္ထအကြိမ်​တော့ မပေါ်လာဘူး... သူ့ရဲ့ အရည်အချင်းတွေ ကုန်ဆုံးသွားပြီ... သူလည်း မဟာရွှေအံ့ဖွယ်ကျမ်းကို များများစားစား မလေ့ကျင့်ထားမှာ သေချာတယ်... နောက်တစ်ကြိမ် ထပ်သုံးနိုင်ရင် သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ အခွင့်အရေး ရသွားလိမ့်မယ်!"

ချန်ရှီသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ချန်ခွင်း အသွင်ပြောင်းခြင်းကို တစ်ဖန်ပြန်လွှတ်လိုက်သည်။ ရန်ပိကလည်း သူ့ဆီသို့ ပျံသန်းလာ၏။ ဤအခိုက်အတန့်တွင် ခရမ်းရောင်စွမ်းအင်က ရန်ပိကို ဖုံးအုပ်ထားပြီး သူ့အရှိန်အဝါသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။

"ဧကရာဇ်ခရမ်းနန်းတော်ပညာ... နောက်ထပ် အမတကျင့်စဥ်... သူဘယ်နှခုတောင် လေ့ကျင့်ထားတာလဲ?"

ချန်ရှီ ရှောင်တိမ်းခြင်း မပြုခဲ့ပေ။ ရုတ်တရက် သူ့ပတ်ဝန်းကျင်မှာ အဆောင်စာလုံး ၂၅၆ လုံး ပေါ်လာခဲ့သည်။ သူ့ကိုယ်ပိုင်စွမ်းအားဖြင့် သူသည် အကြွင်းမဲ့ဝိညာဉ် အလံဆယ်ခုကို ဖွဲ့စည်းပစ်ခဲ့သည်။ အဓိပတိဧကရာဇ်၏ ခရမ်းနန်းတော်ပညာနှင့် တိုက်မိသော နတ်ဘုရား ၂၅၆ ပါးတို့သည်လည်း အကြွင်းမဲ့ဝိညာဉ်အလံဆယ်ပါး ဖွဲ့စည်းခြင်းသို့ ပါ၀င်သွားခဲ့ကြသည်။

ရန်ပိ၏ မျက်လုံးများ ပြူးသွားသည်။

"ဒါ တကယ် အကြွင်းမဲ့ ဝိညာဉ်အလံဆယ်ပါး ဖွဲ့စည်းခြင်းပဲ.. ငါမျှော်လင့်ထားသလိုပဲ...."

အကြွင်းမဲ့ဖွဲ့စည်းခြင်း ဆယ်ပါး ​ရောက်လာပြီးသည်နှင့်အမျှ ရန်ပိ ခေတ္တရပ်လိုက်သည်။ နတ်ဘုရားများထဲမှ တစ်ပါး၏ စာလုံးတစ်ခုက ပေါ်လာပြီး သူ့ခန္ဓာကိုယ်သည် ထိုနတ်ဘုရားအဖြစ် ပြောင်းလဲသွားသည်။ သူသည် နတ်ဘုရား၏ ရာထူးကို သိမ်းပိုက်ကာ ရုတ်တရက် ရှေ့ကို လှမ်းတက်လိုက်သည်။ အကြွင်းမဲ့ဖွဲ့စည်းခြင်း ဆယ်ပါးကို ပြင်းထန်စွာ အားနည်းသွားစေခဲ့သည်။

နှစ်ယောက်သား သံတွေနှင့် တိုက်မိသလို တုန်သွားကြသည်။ ချန်ရှီ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ တုန်ခါလာပြီး ဖောင်းကားလာသည်။ တခဏချင်းတွင် သူသည် မိုးကြိုးဘိုးဘေး၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲသွား၏။ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီးသည်နှင့် မရေမတွက်နိုင်သော မိုးကြိုးသံများက အရှေ့သို့ အက်ကွဲသွားသည်။

ရန်ပိသည်လည်း လျှပ်စီးလက်နေသည့်ကြားမှ ရှောင်တိမ်းကာ ဆုတ်သွားခဲ့သည်။

ချန်ရှီ၏ မျက်ခုံးများ ပွင့်သွားတဲ့အခါ ထူထဲသော လျှပ်စီးကြောင်းတစ်ခု ပြေးထွက်လာသည်။ ရန်ပိသည် သူ့ကိုယ်သူ ကာကွယ်ရန် ဧကရာဇ်ခရမ်းနန်းတော်ပညာဖြင့် တောက်ပသော မန္တန်အဖြစ် ဖြန့်ပေးကာ မိုင်ပေါင်းများစွာ အကွာအဝေး၌ ခိုင်မြဲစွာ ရပ်တည်နေခဲ့သည်။

"ငါ့ရဲ့တိုက်ခိုက်မှု အားလုံးကို သူ ​ကြိုမျှော်လင့်ထားတာပဲ..."

ချန်ရှီ မျက်ခုံးပင့်လိုက်သည်။ အံ့သြစရာကောင်းတာက သူသည် ရန်ပိကို ဆက်မလိုက်ဘဲ သူ့နေရာမှာပဲ ရပ်နေခဲ့သည်။

ရန်ပိ သူ့လက်ကို ခါယမ်းလိုက်ပြီး ချန်ရှီကို အံ့အားသင့်စွာ ကြည့်နေ၏။

"သူ ငါလုပ်နေတဲ့ အမတကျင့်စဥ်တချို့ကို နားလည်ပုံရတယ်"

“စစ်မှန်တဲ့ စမ်းသပ်မှုတစ်ခုအတွက် လှုပ်ရှားချိန် တန်ပြီ”

နှစ်ယောက်စလုံး တွေးလိုက်ကြသည်။

All Chapters