အကူအညီ ….
Vol. 32 Ch. 457
အာရန်သည် သူတို့၏ဝတ်ရုံများ လေထဲတွင် တလူလူလွင့်ဖြစ်နေသော ဂိုဏ်းအုပ်ဘုန်တော်ကြီးများ ဤနေရာသို့ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။
သူတို့၏ ရန်လိုမှုက ပင်လယ်နဂါးဧကရီတစ်ဦးတည်းကိုသာ ဦးတည်နေခြင်းမဟုတ်ကြောင်းလည်း အာရန်တစ်ယောက် သတိထားမိလိုက်သည်။
၎င်းတို့သည် သူ့အားလည်း မသိထားသောကြောင့် သူ့ကိုပါဖမ်းဆီးရန် စီစဥ်ထားခြင်း ဖြစ်ဟန်ရ၏။
အာရန်သည် ၎င်းတို့နှစ်ဦးမှ သူ့အားစတင်မတိုက်ခိုက်မီ သန့်စင်အင်ပါယာ၏ တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်လေသည်။
၎င်းသည် သန့်စင်ဧကရာဇ်မှ အင်ပါယာ၏ မဟာမိတ်များကိုသာ ပေးအပ်ထားလေ့ရှိသော တံဆိပ်ပြားတစ်ခုဖြစ်လေ၏။
သန့်စင်ဧကရာဇ်၏သိုလှောင်ရတနာကိုပိုင်ဆိုင်ထားသူအနေဖြင့် အာရန်တွင် ဤကဲ့သို့သော အရာမျိုးများစွာရှိနေခဲ့သည်။
ဤတံဆိပ်ပြားများသည် အတုအဖြစ် လိမ်လည်ပြုလုပ်၍ မရပေ။
အကြောင်းမှာ ၎င်းတို့တွင် သန့်စင်ဧကရာဇ်ကိုယ်တိုင်၏ အော်ရာအငွေ့အသက်အချို့ ပင် ပါဝင်နေသောကြောင့်ပင်တည်း။
ထို့ကြောင့် အာရန်က ထိုတံဆိပ်ပြားကို ထုတ်ပြလိုက်သည်နှင့် ဂိုဏ်းအုပ်ဘုန်တော်ကြီးများသည် အံ့အားသင့်သွားခဲ့ကြသည်။
“ကျုပ်က သန့်စင်ဧကရာဇ်ရဲ့ ဧည့်သည်တော်တစ်ဦးပါ။ ဒီရူးသွပ်နေတဲ့အမျိုးသမီးက ကျုပ်ကို ရုတ်တရက် တိုက်ခိုက်တာပါ။ ခင်ဗျားတို့ရှိနေပြီဆိုတော့ သူမကို ရပ်တန့်ဖို့ ကူညီပေးကြပါဦး”
အာရန်က အော်ဟစ်အကူအညီတောင်းလိုက်ရင်း ဂိုဏ်းအုပ်ဘုန်တော်ကြီးများ၏ ရန်လိုမှုများကို ပင်လယ်နဂါးဧကရီဆီသို့သာ ပုံအောပို့လွှတ်လိုက်လေသည်။
ဂိုဏ်းအုပ်ဘုန်တော်ကြီးများသည် ၎င်းတို့၏ကောင်းချီးစွမ်းအင်များကို စတင် စုစည်းလျက်ရှိပြီး အာရန်၏နောက်တွင်ရှိနေသော ပင်လယ်နဂါးဧကရီအား တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်ကြ၏။
၎င်းတို့၏ စုပေါင်းတိုက်ခိုက်မှုသည် ခွန်အားကြီးသည်မှာမှန်သော်လည်း ၎င်းတို့သည် ပင်လယ်နဂါးဧကရီအား အချိန်အနည်းငယ်မျှ နှောင့်နှေးစေလောက်အောင်သာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင့် အာရန်တစ်ယောက်နားလည်ထားလေသည်။အ
အာရန်သည် နောက်ဘက်ရှိ ဂိုဏ်းအုပ်ဘုန်တော်ကြီးများ၏ နာကျင်စွာ အော်ဟစ်ညည်းတွားသံများကို ကြားလိုက်ရသော်လည်း သူ၏အရှိန်ကို လျော့မပစ်ခဲ့ပေ။
သူ့အတွက် ဂိုဏ်းအုပ်ဘုန်တော်ကြီးများသည် ပင်လယ်နဂါးဧကရီအား ခဏတာ နှောင့်နှေးစေနိုင်ခဲ့ပါက ၎င်းက သူ့အတွက် လုံလောက်သည်ထက်ပင် ပိုနေလေသည်။
ပင်လယ်နဂါးဧကရီသည် ဂိုဏ်းအုပ်ဘုန်တော်ကြီးများကို လွယ်ကူစွာရှင်းပစ်နိုင်ခဲ့သော်လည်း ၎င်းက အာရန်အား သူမ၏မြင်ကွင်းမှ လွတ်မြောက်စေခဲ့သည်။
သူမက သူ့အား တစ်ဖန် ပြန်လည်ရှာတွေ့သောအခါ သူသည် မြေအောက်ဂူတစ်ခု၏ ဝင်ပေါက်ဝတွင် ရောက်ရှိနေပြီးသားဖြစ်နေလေ၏။
သန့်စင်ဘုရားကျောင်းအား ဆက်သွယ်ရန် ပြင်ဆင်နေကြသော ဂိုဏ်းအုပ်ဘုန်တော်ကြီးအနည်းငယ်သည် ရင်ဘတ်တွင် ကြီးမားသောအပေါက်များဖြင့် သူ့ဘေးတွင် သေဆုံးနေကြလေသည်။
အာရန်သည် သူ၏ သွေးများဖြင့် ဖုံးလွှမ်းနေသော လက်ကို ပင်လယ်နဂါးဧကရီဘက်သို့ ဝှေ့ယမ်းစနောက်လိုက်ပြီးမှ မြေအောက်ဂူအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
“ဒီနေရာ... သူ ဘယ်လိုလုပ် ဒီနေရာကို ဝင်သွားရဲတာလဲ...”
ပင်လယ်နဂါးဧကရီသည် ဒေါသကြောင့် ဆင်ခြင်နိုင်စွမ်းများ ခေတ္တပျောက်ဆုံးသွား ခဲ့သော်လည်း ဤနေရာသည် မည်သို့သော နေရာမျိုးဖြစ်သည်ကို သူမ သဘောပေါက်ရန် ခဏသာကြာခဲ့လေသည်။
သူမသည် မသိလိုက်ပါဘဲ ပရောဖက်မှ သူမအား ပြောပြခဲ့သော တည်နေရာသို့ ရောက်မှန်းမသိရောက်ရှိသွားခဲ့မိပြီဖြစ်သည်။
ပရောဖက်၏အဆိုအရ ၎င်းသည် ကောင်းကင်နဂါး၏ နှလုံးသားတည်ရှိသည့်နေရာဟု ယူဆရသော မြေအောက်ဂူပင် ဖြစ်တော့သည်။
ထိုအကြီးအကဲရန်သည်လည်း ဤနေရာ အကြောင်းကို ကြိုတင်သိရှိနေခြင်းလား သို့မဟုတ် သူမဆီမှ ထွက်ပြေးလွတ်မြောက်ရန် ဝင်ရောက်သွားခဲ့ခြင်း များလားဆိုသည်ကိုမူ သူမ မသိနိုင်ခဲ့ပေ။
ထိုမြေအောက်ဂူအတွင်းသို့ မဝင်ရောက်မှီ သူ၏ မျက်နှာအမူအရာများကို ကြည့်ခြင်းအားဖြင့် ပထမခန့်မှန်းချေက ပိုဖြစ်နိုင်ချေများလေသည်။
ထို့ပြင် သူသည် ဝင်ပေါက်ဝတွင် ဂိုဏ်းအုပ်ဘုန်တော်ကြီးအချို့ကိုပင် သတ်ပစ်ခဲ့သေးသည် မဟုတ်ပါလား...။
သူမသည် ထိုနေရာသို့ ဝင်ရောက်ခြင်းမပြုမီ ကောင်းကင်နဂါးနှင့်သွေးမျိုးဆက်ခြင်း ဆက်သွယ်နေသည့် နဂါးမင်းသားအား စောင့်ဆိုင်းမည်ဟု ကတိရှိထားကြောင်း သတိရလိုက်သည်။
သို့သော် ယခု သူမသည် ထပ်မံစောင့်ဆိုင်း၍ မရတော့ပေ။
အကြီးအကဲရန်ဆိုသူသည် ထိုနေရာသို့ ဝင်ရောက်နှင့်ပြီးသားဖြစ်နေလေသည်။
သူသည် သူမထက်သာစော၍ ကောင်းကင်နဂါး နှလုံးသားဆီသို့ အရင်ရောက်သွားနိုင်ပါက ၎င်းသည် ဆိုးဝါးသောရလာဒ်များသာ ကြုံတွေ့ရပေလိမ့်မည်။
အာရန်သာမက သန့်စင်ဧကရာဇ်ကပါ ဤမြေအောက်ဂူကို ရှာဖွေတွေ့ရှိထားပုံရသည်။
သူမသည် ကောင်းကင်နဂါးမင်းသားနှင့် ပူးပေါင်းရန် စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး သူမတစ်ယောက်တည်း ဝင်ရောက်ရုံသာ တတ်နိုင်တော့၏။
ပရောဖက်၏အဆိုအရ ဤနေရာကို သန့်စင်အင်ပါယာမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်လေသည်။
ဂိုဏ်းအုပ်ဘုန်တော်ကြီးများမှ ဤနေရာ၌ တစ်စုံတစ်ခုကို တူးဖော်မှုပြုလုပ်နေစဉ် မြေအောက်ဂူ ဝင်ပေါက်ဝကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်လေသည်။
ထိုနေရာကို ကြည့်ခြင်းအားဖြင့်လည်း ထိုတူးဖော်မှု ပြီးစီးထားသည်မှာ သိပ်၍ ကြာသေးဟန်မရပေ။
၎င်းက အချိန်အတော်ကြာ မြေအောက်တွင် ဖုံးကွယ်နေခဲ့သော ဝင်ပေါက်တစ်ခုပေါ်ထွက်လာခဲ့ခြင်းလည်း ဖြစ်လေ၏။
သန့်စင်အင်ပါယာသည် မြေအောက်ဂူကို ရှာဖွေတွေ့ရှိခဲ့သော်လည်း အတွင်း ပဋိပက္ခများ ရင်ဆိုင်ဖြေရှင်းနေရခြင်းကြောင့် ၎င်းအား စူးစမ်းရှာဖွေခြင်းပင် မပြုလုပ်နိုင်ခဲ့ချေ။
သန့်စင်အင်ပါယာသည် ၎င်းတို့ နေထိုင်ရာနေရာတွင် ရတနာသိုက်တစ်ခုရှိနေကြောင်း ပင် မသိခဲ့ကြပေ။
ထို့နောက် ပင်လယ်နဂါးဧကရီသည် အချိန်ထပ်မံမဖြုန်းတော့ဘဲ ဝင်ပေါက်အနီးတွင် လဲလျောင်းနေသော ဂိုဏ်းအုပ်ဘုန်တော်ကြီးများ၏ ရုပ်အလောင်းများကို လျစ်လျူရှုပြီး မြေအောက်ဂူအတွင်းသို့ ဝင်ရောက်သွားတော့၏။
ပင်လယ်နဂါးဧကရီသည် အတွင်းသို့ ခြေတစ်လှမ်းမျှ လှမ်းလိုက်မိသောအခါ သူမသည် နေရာလွတ်အလွှာတစ်ခုကို ဖြတ်သန်းသွားမိသကဲ့သို့ ခံစားလိုက်ရသည်။
ဤနေရာရှိလေထုအပါအဝင် သူမကို ပေးစွမ်းနိုင်သော ခံစားချက်ကပါ အပြင်ဘက်နှင့် လုံးဝပြောင်းလဲသွားခဲ့သည်။
မြေအောက်အဆောက်အအုံတစ်ခုအတွင်း ပြန်ပေါ်လာမည့်အစား သူမသည် နေရာလွတ်တစ်ခုတွင်သာ ရှိနေခဲ့ခြင်းဖြစ်ကြောင်းကို တွေ့ရှိလိုက်ရလေ၏။
သူမသည် အပေါ်သို့မော့ကြည့်လိုက်သောအခါ သူမ နေထိုင်ခဲ့သော သွေးပင်လယ်အား အမှတ်ရစေသည့် သွေးနီရောင် ကောင်းကင်ကြီးကို မြင်တွေ့လိုက်ရသည်။
ပင်လယ်နဂါးဧကရီသည် ဤနေရာသို့ ဝင်ရောက်လိုက်သည်နှင့် သူမ၏ သွေးမျိုးဆက် အနည်းငယ်နိုးကြားလာသည်ကို စိတ်လှုပ်ရှားစွာ ခံစားမိလိုက်သည်။
ပင်လယ်နဂါးဧကရီသည် ပတ်ဝန်းကျင်ကို လေ့လာရင်း သွေးနီရောင်ကောင်းကင်အောက်တွင်ပင် ရပ်နေမိခဲ့၏။
သူမ၏ရှေ့တွင် ကြီးမားသော ဝင်္ကပါကြီးတစ်ခု တည်ရှိနေပြီး ၎င်း၏မြင့်မားသောနံရံများကို အမည်မသိ ကျောက်များဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ကောင်းကင်နဂါး၏ အလွန်မှိန်ဖျသော အော်ရာအချို့လည်း ပါဝင်နေလေသည်။
ထိုအော်ရာသည အလွန်မှန်ဖျော့နေသောကြောင့် အသန့်ရှင်းဆုံး သွေးမျိုးဆက်ဖြစ်သော ပင်လယ်နဂါးဧကရီပင် ၎င်းကိုကောင်းစွာ မခံစားနိုင်ပေ။ တခြားသူများအတွက်မူ ၎င်းကို သတိထားမိရန်မဖြစ်နိုင်သလောက်ပင်။
သူမသည် ထိုနံရံအပေါ်သို့ တက်ရန် ကြိုးစားရင်း သူမ၏အတောင်ပံများက ကျယ်ပြန့်စွာ ဖြန့်ကားလိုက်၏။
သို့သော် သူမ မြေပြင်မှ ထွက်ခွာလိုက်သည်နှင့် မမြင်ရသော စွမ်းအားတစ်ခုက သူမအား အောက်သို့ ပြန်ဆွဲချလိုက်လေသည်။
၎င်းသည် ဤနေရာရှိ ဝင်္ကပါအဆီအနှစ်အတွင်းမှ ကန့်သတ်ချက်တစ်ခုဖြစ်ဟန်ရပြီး သူမအနေဖြင့်ပင် ၎င်းဥပဒေသကိုဖောက်ဖျက်ရန် မဖြစ်နိုင်ကြောင်းသိလိုက်ရသည်။
ထို့နောက်သူမသည် မြေပြင်ပေါ်သို့ ပြန်လည်ပြုတ်ကျလာခဲ့ပြီး သူမ၏တံတောင်ဆစ်တွင် ခြစ်ရာအနည်းငယ်ပင် ရသွားခဲ့သည်။
ထိုသေးငယ်သော ဒဏ်ရာအချို့ကို ကြည့်မိသောအခါ သူမသည် ပို၍ပင် အံ့အားသင့်မိသွားခဲ့၏။
ပုံမှန်အားဖြင့် ထို့ထက် များစွာပြင်းထန်သောထိခိုက်မှုများမှပင် သူမအား ခြစ်ရာတစ်ခု မရစေနိုင်ပေ။
သို့သော် ဤနေရာတွင်မူ လွယ်ကူစွာပင် သူမသည် ဒဏ်ရာရခဲ့လေသည်။
“ပြန်ကုသစမ်း”
ပင်လယ်နဂါးဧကရီသည် သူမ၏ဒဏ်ရာကို ကုစားရန် နဂါးလျှာအစွမ်းကို ပြန်လည် အသုံးပြုလိုက်သည်။
ဒဏ်ရာသည် စတင်ကုစားနေသော်လည်း ၎င်းသည် သာမန်ထက် အချိန်များစွာ ပိုမိုနှေးစွာနေဟန်ရသည်။
သူမ၏ နဂါးလျှာအစွမ်းသညပ်င ဤနေရာတွင် အားနည်းသွားသည်အား သူမ ခံစားနိုင်လိုက်၏။
“ဒါက ဒီနံရံတွေကြောင့်များလား” သူမသည် မျက်မှောင်ကြုတ်လိုက်မိပြီး သူမ၏လက်တစ်ဖက်ကို မြှောက်လိုက်သည်။
သူမသည် နံရံကို ညင်သာစွာ ထိတွေ့ကြည့်လိုက်ရာ ပို၍အားကောင်းသော တုံ့ပြန်မှုတစ်ခုကို ခံစားလိုက်ရသည်။
ဤနေရာရှိ နံရံများသည် သူမအတွက် နဂါးလျှာအစွမ်းကို အသုံးပြုရန် ပို၍ခက်ခဲသွားစေလေ၏။
သူမ၏အစွမ်းများ အားနည်းသွားရုံသာမက သူမ၏ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုများပင် အားနည်းသွားခဲ့သည်။
၎င်းသည် သူမတစ်ဦးတည်းတော့ မဟုတ်တန်ရာပေ။
မြေအောက်ဂူအတွင်းသို့ ဝင်ရောက်သော လူတိုင်းသည် တူညီသောအရာများကို ကြုံတွေ့ခဲ့ရပေလိမ့်မည်။
“ဒါက ငါ ကြားဖူးတဲ့ ကောင်းကင်နဂါးရဲ့ ကျိန်စာနဲ့ ဆင်တူနေတယ်”
ပင်လယ်နဂါးဧကရီသည် သူမ၏လက်ကို ပြန်ရုပ်လိုက်ကာ သူမ၏ အတွေးများ ပို၍နက်ရှိုင်းလာခဲ့သည်။
ကောင်းကင်နဂါးသည် ဤကမ္ဘာတွင် အသန်မာဆုံးသော နဂါးတစ်ကောင်ဖြစ်ခဲ့လေသည်။
၎င်းတွင် ထူးခြားသောစွမ်းရည်များစွာရှိနေခဲ့ပြီး သူ၏စွမ်းရည်များထဲမှ တစ်ခုမှာ ကျိန်စာနယ်မြေတစ်ခု ဖန်တီးနိုင်ခြင်းပင်ဖြစ်၏။
တစ်စုံတစ်ဦးသည် ကောင်းကင်နဂါး၏ ထိုကြိမ်စာနယ်မြေအတွင်းသို့ ဝင်ရောက်မိခဲ့ပါက သူတို့သည် ယခင်ထက်များစွာပိုမို အားနည်းသွားပေလိမ့်မည်။
၎င်းသည် ကောင်းကင်နဂါးအား လူအများ ပိုမိုကြောက်ရွံ့စေသော သူ၏ထူးခြားသော စွမ်းရည်တစ်ခုလည်းဖြစ်လေသည်။
၎င်းကပင် ကောင်းကင်နဂါး ပိုင်ဆိုင်ထားသော ထူးခြားသည့်စွမ်းအင်များကို သိရှိထားသူတိုင်းအတွက် သူ၏သေဆုံးမှုအား ဤမျှထိတ်လန့်စေခဲ့သော အချက်တစ်ချက်လည်း ဖြစ်ခဲ့ရသည်။
ထိုကြိမ်စာနယ်မြေအောက်တွင် အားနည်းနေစဉ်မှာပင် တစ်စုံတစ်ဦးက ကောင်းကင်နဂါးအား သတ်ဖြတ်နိုင်ခဲ့ကာ ပင်လယ်တစ်ခုလုံးကို အနီရောင်ခြယ်သပေးခဲ့သည်။
ယခုအချိန်အထိပင် မည်သူက ကောင်းကင်နဂါးကို သတ်ခဲ့ကြောင်း ရေရေရာရာ မည်သူမျှ မသိနိုင်ခဲ့ကြသေးပေ။
#Catfoot