← Chapters

လူချိန်းခြင်း …

Vol. 32 Ch. 458

လူချိန်းခြင်း …

Vol. 32 Ch. 458

မြေအောက်ဂူ အတွင်း၌ ပျံသန်း၍ မရသလို နံရံများကိုလည်း ကျော်တက်၍ မရနိုင်ပေ။

နံရံများသည် အလွန်မြင့်မားကြကာ ၎င်းတို့၏ မျက်နှာပြင်များမှာ ချောမွေ့၍ လွယ်လွယ်ကူကူ ပျက်စီးလိမ့်မည် မဟုတ်ချေ။

ဝင်္ကပါအတွင်းရှိ လမ်းကြောင်းတစ်ခုစီသည် အနည်းဆုံး ပေတစ်ထောင်ခန့်စီ ကျယ်ဝန်းပြီး ပင်လယ်နဂါးဧကရီကိုယ်တိုင်ပင် ဤဝင်္ကပါမှာ လက်တွေ့တွင် မည်မျှရှည်လျားနိုင်ကြောင်း တွေးမိနေခဲ့သည်။

သူမ၏ အာရုံခံစားမှုသိစိတ်အရ ၎င်းဝင်္ကပါသည် ပုံမှန်မဟုတ်ကြောင်း ပြောပြနေသည်။

၎င်းက ကောင်းကင်နဂါး အသုံးပြုသည့် မှော်စွမ်းအင်များနှင့် ရောနှောဖြစ်တည်နေခြင်းဖြစ်၏။

ဤ မြေအောက်ဂူ ကို မည်သူမှ ဖန်တီးပြုလုပ်ခဲ့သည်ဆိုခြင်းကို သူမ သိချင်နေမိသည်။

သူမသာအချို့အရာများကို သိမထားပါက ကောင်းကင်နဂါး ကိုယ်တိုင် ဤနေရာကို ဖန်တီးခဲ့ခြင်းဖြစ်မည်ဟုပင် သူမ တွေးမိကောင်းတွေးမိပေလိမ့်မည်။

“ဒီနေရာက ကောင်းကင်နဂါးကို သတ်ခဲ့တဲ့သူက ထောင်ချောက်တစ်ခုအနေနဲ့ ပြုလုပ်ထားခဲ့တာများလား” ဟု သူမ တွေးမိလိုက်သည်။

သူမ ပိုတွေးမိလေလေ ၎င်းသည် ပို၍ အဓိပ္ပာယ်ရှိလာလေလေ ဖြစ်၏။

နံရံများသည် ကောင်းကင်နဂါး၏ အကြေးခွံများဖြင့် ပြုလုပ်ထားသကဲ့သို့ ခံစားနေရသည်။

ကောင်းကင်နဂါးကို သတ်ခဲ့သူသာလျှင် ဤကဲ့သို့သော အရာတစ်ခုကို လုပ်ဆောင်နိုင်ပေလိမ့်မည်။

၎င်းသည် ထောင်ချောက်တစ်ခုဖြစ်နိုင်ကြောင်း သူမ သိနေခဲ့သော်လည်း ဤနေရာရောက်မှ သူမ လက်လျှော့မည်မဟုတ်ပေ။

သူမသည် အကြီးအကဲရန်ထက် ကောင်းကင်နဂါး၏ နှလုံးသားဆီသို့ အရင် ရောက်နှင့်ရမည်ဖြစ်လေသည်။

သူမကိုယ်တိုင် ဤနေရာတွင် သေဆုံးရလျှင်ပင် သူမ၏မျိုးနွယ်စုအား ကျိန်စာဆီမှ လွတ်မြောက်စေရန်ကျိုးစားရင်းသာ သေဆုံးချင်နေခဲ့၏။

သူမ နောင်တရမိသည့် တစ်ခုတည်းသောအရာမှာ ကောင်းကင်နဂါးမင်းသားနှင့် အတူရှိမနေနိုင်ခြင်းပင် ဖြစ်သည်။

သူသာ ဤနေရာတွင် ရောက်ရှိနေခဲ့လျှင် ဤနေရာကို ရှာဖွေခြင်းသည် ပို၍လွယ်ကူပေလိမ့်မည်။

ကောင်းကင်နဂါး၏ သန့်စင်သောသွေးမျိုးဆက်ပိုင်ရှင်တစ်ဦးအနေဖြင့် ထိုလူငယ်သည် ကောင်းကင်နဂါး၏ နှလုံးသားကို ရှာဖွေရာတွင် သူမထက် များစွာပို၍လွယ်ကူပေလိမ့််မည်။

သို့သော် သူမသည် ဤအခြေအနေရောက်မှတော့ စိတ်ပျက်နေ၍လည်း အကြောင်းမထူးမှန်း သဘောပေါက်ထားသည်။

သူမ ရရှိထားသော အခြေအနေပေါ်တွင်သာ အကောင်းဆုံးဖြစ်အောင် လုပ်ရမည်ဖြစ်လေသည်။

ပင်လယ်နဂါးဧကရီသည် အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် သူမသည် ဝင်္ကပါအတွင်းသို့ စတင်ခြေလှမ်းလိုက်ရာ သူမ၏ မွေးရာပါဗီဇအသိစိတ်က သူမအား လမ်းပြပေးနေသကဲ့သို့ပင် ခံစားမိလိုက်၏။

လှည့်ကွက်တိုင်းသည် နောက်တစ်နေရာဆီသို့ ဦးတည်နေပုံရပြီး သူမ ပိုသွားမိလေလေ ဤဝင်္ကပါသည် သူမ ထင်ထားသည်ထက် ပို၍ ရှုပ်ထွေးကြောင်း ပို၍သိလာလေလေဖြစ်ခဲ့ရသည်။

ဝင်္ကပါ၏လမ်းကြောင်းများသည် သူမရှေ့တွင်ပင် သိမ်မွေ့စွာ ပြောင်းလဲလျက်ရှိနေပြီး ဝင်္ကပါကိုယ်တိုင်ကပင် အသက်ရှိနေသကဲ့သို့ သူမနှင့် ကစားနေဟန်ရ၏။

အပြင်သို့ပြန်ထွက်သည့် အပြန်လမ်းကြောင်းသည်ပင် အကြိမ်များစွာ ပြောင်းလဲနေခဲ့သောကြောင့် ဝင်္ကပါ၏အစကို ရှာဖွေရခြင်းသည်ပင် ဝင်္ကပါအဆုံးကို ရှာဖွေရခြင်းကဲ့သို့ ခက်ခဲမည်မှန်း သူမ သေခြာသိလိုက်ရသည်။

ဤအင်္ဂါရပ်များကြောင့်ပင် ဤ မြေအောက်ဂူအား စုံစမ်းရန် ကာဒီနယ်ရဟန်းအမတ် တစ်ဦးမှ ဦးဆောင်သော ဂိုဏ်းအုပ်ဘုန်တော်ကြီး အဖွဲ့တစ်ဖွဲ့သည် ယခုအချိန်ထိ အပြင်သို့ ပြန်မထွက်လာနိုင်ခြင်းပင် ဖြစ်ပေလိမ့်မည်။

ပင်လယ်နဂါးဧကရီသည် မှန်ကန်သောလမ်းအား မသိနိုင်ခဲ့ပေ။

သူမတွင် ဝင်္ကပါ အတွင်းပိုင်းအတွက် မြေပုံပင် ရှိမနေပေ။

သူမသည် ရှေ့သို့ လျှောက်လှမ်းနေစဉ် သူမ၏ ပင်ကိုဗီဇသိစိတ်ကိုသာ အားကိုးနိုင်တော့သည်။

ဤသို့ဖြင့် သူမ ရှေ့ဆက်သွားနေစဉ်မှာပင် အဝေးမှ ခြေသံများကို သူမ၏အာရုံအတွင်း ကြားလိုက်ရသည်။

အခြားတစ်ဦးဦးလည်း ဤဝင်္ကပါအတွင်းတွင် သူမအနီးတွင် ရှိနေဟန်ရလေသည်။

၎င်းသည် အကြီးအကဲရန်ဖြစ်နိုင်ကြောင်း သူမ တွေးမိလိုက်သည်။

သူမ နောက်ဆုံးတွင်တော့ ထိုငနဲသားအား ဖမ်းမိတော့မည်ဖြစ်၏။

သူမသည် သူမ၏အရှိန်ကို စတင်မြှင့်တင်လိုက်၏။

သူမ၏လက်ချောင်းများသည် နဂါးလက်သည်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဒီတစ်ခါ သူမသည် သူ့ကိုမြင်ရသည်နှင့် တစ်ပြိုင်နက် အခွင့်အရေးတစ်ခုမျှ ထပ်မံ၍မပေးတော့ပဲ သူမ၏လက်သည်းများဖြင့် ချက်ခြင်း ထိုးစိုက်ချတော့မည်ဖြစ်လေသည်။

ထိုအကြီးအကဲရန်မှာ သေခြင်းတရားတစ်ခု သူ့ဆီသို့ ချဉ်းကပ်လာသည်ကို မသိနိုင်သကဲ့သို့ပင် ဆက်လက်သွားနေဟန်ရသည်။

ထို့နောက် ပင်လယ်နဂါးဧကရီသည် ရှေ့သို့ တဟုန်ထိုးပြေးထွက်သွားလိုက်သည်။

နဂါးလျှာနှင့် အခြားစွမ်းရည်များသည် ဤနေရာတွင် အားနည်းသွားပုံရသော်လည်း ၎င်းတို့သည် လုံးဝပျောက်ကွယ်သွားခြင်းတော့ မဟုတ်ပေ။

မျက်စိတစ်မှိတ်အတွင်း သူမသည် အာရန်၏နောက်ကျောဘက်သို့‌ ရောက်ရှိသွားခဲ့ပြီး သူမ၏လက်သည်းများကို သူ၏နောက်ကျောဘက်သို့ ထိုးစိုက်ချလိုက်၏။

တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် အံ့အားသင့်သွားဟန်ဖြင့် အာရန်သည် နောက်သို့ လှည့်ကြည့်လိုက်လေသည်။

အာရန်အားမြင်လိုက်သည်နှင့် ပင်လယ်နဂါးဧကရီ၏ မျက်လုံးများ ခေတ္တမျှ ပြူးကျယ်သွားခဲ့ရသည်။

သူမသည် ထိုတိုက်ခိုက်မှုကို အချိန်မီ ရပ်တန့်၍ မရနိုင်တော့ကြောင်း သဘောပေါက်လိုက်သောကြောင့် သူမ၏လက်သည်းများ ဦးတည်ရာကို လျင်မြန်စွာ ပြောင်းလဲလိုက်ရ၏။

သူမသည် ထိုတိုက်ခိုက်မှုအား အာရန်ဆီမှ လက်မတင်လေးကပ် လွှဲလိုက်နိုင်ပြီး သူ၏ အကျီလက်ရှည်ကိုသာ အနည်းငယ်ထိခိုက်မိလိုက်သည်။

“မင်း ဘာလုပ်ဖို့ကျိုးစားနေတာလဲ”

သူမရှေ့မှ ထိုလူသည် သူမ၏လက်သည်းများကို စိုက်ကြည့်ရင်း အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်သည်။

“ကျွန်မ....ကျွန်မက ရှင့်ကို တခြားတစ်ယောက်လို့ ထင်မိခဲ့လို့ပါ” ပင်လယ်နဂါးဧကရီသည် အာရန်၏ မျက်နှာကို မြင်လိုက်သောအခါ စိတ်ရှုပ်ထွေးသွားခဲ့သည်။

အစပိုင်းတွင် သူမသည် ၎င်းအကြောင်း မစဉ်းစားမိခဲ့ပေ။

သို့သော် သူမ စိတ်အေးသွားသောအခါမှသာ သူ၏ရုပ်ရည်သွင်ပြင်နှင့်အတူ သူ၏အဝတ်အစားများသည် အကြီးအကဲရန်နှင့် များစွာကွဲပြားကြောင်း သူမ သတိထားမိလိုက်သည်။

သူမသည် အာရန်ဆီမှ အတုလုပ်၍မရနိုင်သော ကောင်းကင်နဂါး၏ အော်ရာကိုလည်း ခံစားမိနိုင်သေး၏။

သူမရှေ့မှလူသည် အကြီးအကဲရန်မဟုတ်ပေ။

ယင်းအစား ထိုလူသည် သူမအား သန့်စင်ပရိတ်မ၏ ဖမ်းဆီးမှုမှ ကယ်တင်ပေးခဲ့သော ကောင်းကင်နဂါးမင်းသားပင် ဖြစ်လေသည်။

ထိုလူသည် သူမယူဆခဲ့သည့် အကြီးအကဲရန်ပင်ဖြစ်ကြောင်းကိုမူ သူမ မည်သို့မျှသံသယမဝင်မိခဲ့ချေ။

အာရန်သည် သူ၏ပုံစံသွင်ပြင်ကို လုံးဝအခြားတစ်ယောက်ကဲ့သို့ ပြောင်းလဲပစ်ခဲ့ခြင်းမဟုတ်ပါ‌လော...။

သူ၏ပုံစံသွင်ပြင်ကို ပြောင်းလဲရန်အတွက် ပင်လယ်နဂါးဧကရီ၏အမြင်မှ ခဏတာ ပျောက်ကွယ်ရန် လိုအပ်သော်လည်း ကောင်းကင်နဂါးမင်းသားအဖြစ် လေထဲမှရုတ်တရက် ပေါ်လာ၍လည်း မရပေ။

မြေအောက်ဂူနှင့် ဤဝင်္ကပါကြောင့်သာ သူသည် ပြီးပြည့်စုံသော အခွင့်အရေးနှင့် ကောင်းမွန်သော ဆင်ခြေတစ်ခုကို ပေးနိုင်ခဲ့ခြင်းဖြစ်လေသည်။

“ရှင် ဒီမှာ ဘာလုပ်နေတာလဲ” ပင်လယ်နဂါးဧကရီက အာရန်အား မေးလိုက်သည်။

သူမသည် သူ့အား စောင့်ဆိုင်းနေရဆဲမှာပင် သူသည် အဘယ်ကြောင့် ဤနေရာတွင် ရောက်ရှိနေရသနည်း။

“ကျုပ်ကို တစ်စုံတစ်ခုက ဆင့်ခေါ်နေသလို ခံစားရလို့ ဒီနေရာကို စစ်ဆေးဖို့ ရောက်လာခဲ့တာပါ။ စစ်ဆေးပြီးတာနဲ့ မင်းဆီ ပြန်လာခဲ့ဖို့ တွေးထားခဲ့ပေမယ့် မထင်မှတ်ပဲ ဒီနေရာမှာပဲ လမ်းပျောက်သွားခဲ့ရတယ်” အာရန်သည် သူ၏ဦးခေါင်းကို ပြန်ကုတ်ရင်းပြောလိုက်သည်။

“မင်းကော ဒီကို ဘယ်လိုလုပ်ရှာတွေ့ခဲ့တာလဲ”

အာရန်သည် ပင်လယ်နဂါးဧကရီအား ပြန်မေးလိုက်၏။

“ဒါနဲ့ မင်းက င့ါကိုရုတ်တရက် အလစ်အငိုက်ဝင်တိုက်ခိုက်ဖို့ကြိုးစားခဲ့တယ်ဆိုတော့။ တစ်ယောက်ယောက်နောက်ကို လိုက်ဖမ်းနေတာလား”

“ဟုတ်တယ် သူကဒီနေရာထဲကိုပြေးဝင်လာတာတွေ့ခဲ့တဲ့အတွက် ကျွန်မ ဒီထဲကို လိုက်ဖမ်းမိခဲ့တာပါ ဒါပေမဲ့ သူ့ကို မျက်ခြေပြတ်သွားခဲ့ရတယ်။ ဒါနဲ့ ရှင်ကော အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦးကို တွေ့မိခဲ့သေးလား”

ပင်လယ်နဂါးဧကရီသည် အကြီးအကဲရန်အား လွယ်ကူစွာ ရှာတွေ့နိုင်မည့် မျှော်လင့်ချက်ကို ဆုံးရှုံးခဲ့ရပြီးဖြစ်လေသည်။

ဤနေရာသည် အစဉ်အမြဲပြောင်းလဲနေသော ဝင်္ကပါဖြစ်သဖြင့် ၎င်းတို့နှစ်ဦးစလုံးသည် တူညီသော လှည့်ကွက်များရှိနေခဲ့လျှင်တောင် အချိန်တိုအတွင်း တစ်ဦးနှင့်တစ်ဦး ရှာတွေ့နိုင်မည်မဟုတ်ပဲ မတူညီသောနေရာများတွင် ရောက်ရှိသွားပေလိမ့်မည်။

“ငါ မင်းမတိုင်ခင် အခြားလူတစ်ယောက်ကို မမြင်ရတာတောင် မနည်းကြာနေပြီ” အာရန်သည် ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်သည်။

သူမ လိုက်ဖမ်းနေသောလူသည် သူမ၏ရှေ့တွင် ရပ်နေသော သူကိုယ်တိုင်ပင် ဖြစ်ကြောင်း သူမအား ပြောပြစရာအကြောင်းမရှိပေ။

အာရန်သည် သူမနှင့် မလိုအပ်ဘဲ မတိုက်ခိုက်လိုခဲ့ပေ။

သူသည် သူမကို လွယ်ကူစွာသတ်နိုင်သည်ဆိုဦးတော့ ၎င်းသည် ကောင်းသောရွေးချယ်မှု မဟုတ်ပေ။

သူမသည်လည်း ကောင်းကင်နဂါး၏ မျိုးနွယ်ဝင်တစ်ဦးပင်ဖြစ်လေသည်။

သူမသည် သူ့ထက် ကောင်းကင်နဂါးအကြောင်း ပိုမိုသိရှိထားလေသည်။

သူမ၏အကူအညီဖြင့် သူသည် ပို၍လွယ်ကူစွာ ကောင်းကင်နဂါး၏ နှလုံးသားဆီသို့ ရောက်ရှိနိုင်ပေလိမ့်မည်။

ဤခရီးစဥ်တွင် သူမသည် သူ့အတွက် အကောင်းဆုံးလမ်းပြတစ်ဦးပင်ဖြစ်လေ၏။ လမ်းပြကို ပြန်သတ်ရန်အထိ သူသည် မိုက်မဲသူတစ်ဦးမဟုတ်ပေ။

#Catfoot

All Chapters