ဝင်္ကဘာအတွင်းမှ တစ်စုံတစ်ဦး …
Vol. 32 Ch. 459
“ငါ တကယ်ပဲ သူ့ကို လက်လွှတ်လိုက်ရတာလား”
ပင်လယ်နဂါးဧကရီသည် အကြီးအကဲရန်အား သူမ၏မျက်စိရှေ့တွင်ပင် လက်မတင်လေး လက်လွှတ်လိုက်ရခြင်းကို ယခုထိမယုံကြည်နိုင်သေးပေ။
“အဆင်ပြေပါတယ်။ နောက်ကျရင် သူ ကိုယ်တိုင် ငါ့ရှေ့ကို ရောက်လာရလိမ့်မယ်”
ထိုသူသည် ဤဝင်္ကဘာအတွင်းပိတ်မိနေခြင်း ဖြစ်သောကြောင့် သူမ သူ့ကို နောက်ပိုင်းတွင် သေခြာပေါက်ထပ်မံတွေ့ရလိမ့်မည်ဟုသာ ယုံကြည်ထားလိုက်သည်။
သူမ သူ့ကို ယခုရှာမတွေ့နိုင်လျှင်ပင် မကြာမှီ ရှာတွေ့နိုင်မည်သာဖြစ်၏။
ထိုသူသည်လည်း ကောင်းကင်နဂါးအတွက်နှင့် ဤနေရာတွင် ရောက်ရှိနေခြင်းဖြစ်မည်ဟု သူမ သေချာနေခဲ့သည်။
ကောင်းကင်နဂါး သန့်စင်သွေးမျိုးဆက်ပိုင်ရှင်၏ အကူအညီဖြင့်ဆိုပါက သူမသည် ကောင်းကင်နဂါး၏ နှလုံးသားထားရှိရာသို့ အလွယ်တကူပင် ရောက်ရှိနိုင်မည်ဖြစ်ပြီး အကြီးအကဲရန်အား ထိုနေရာတွင် စောင့်ဆိုင်းနေနိုင်ပေသည်။
အာရန်နှင့် ပင်လယ်နဂါးဧကရီနှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦး ယုံကြည်လျက်ရှိကာ အခြားတစ်ဦးက ကောင်းကင်နဂါး၏ နှလုံးသားရှိရာသို့ မိမိအား ဦးဆောင်ခေါ်သွားလိမ့်မည်ဟု ယုံကြည်ထားကြလေ၏။
“အခုအချိန်မှာတော့ လက်ရှိကိစ္စကိုပဲ အာရုံစိုက်ထားသင့်တယ်”
အာရန်သည် ပင်လယ်နဂါးဧကရီ၏ အတွေးကို အာရုံပြောင်းပေးလိုက်သည်။
သူသည် ထိုအမျိုးသမီးက သူ့အား မည်မျှမုန်းတီးနေသည်ကို ပြောဆိုနေခြင်းအား ဆက်လက်နားထောင်ရန် စိတ်မဝင်စားတော့ပေ။
သူမ သူ့အား မုန်းတီးရခြင်း၏ တစ်စိတ်တစ်ပိုင်းမှာ သူ့၏ အမှားပင်ဖြစ်သော်လည်း ၎င်းသည် ယခုအချိန်တွင် သိပ်တော့အရေးမကြီးချေ။
“ကျွန်မတို့ ဘယ်လမ်းက သွားသင့်တယ်လို့ ရှင်ထင်လဲ” ပင်လယ်နဂါးဧကရီက ထိုသို့ မေးလိုက်ရာ သူမ၏ စကားကြောင့် အာရန်သည် သူမအား ထူးဆန်းစွာ စိုက်ကြည့်မိလိုက်၏။
သူမသည် ကောင်းကင်နဂါး၏ မျိုးဆက်တစ်ဦးမဟုတ်ပေဘူးလား။
သူမက သူ့အား အဘယ်ကြောင့် ထိုသို့ ပြန်လည် မေးမြန်းနေရသနည်း။
အာရန်သည် ၎င်းနှင့်ပတ်သက်၍ မကောင်းသော ခံစားချက်တစ်ခုကို ရရှိလိုက်၏။
“အမြဲတမ်းပြောင်းလဲနေတဲ့ ဒီလိုဝင်္ကဘာပုံစံနဲ့ မှန်ကန်တဲ့ဦးတည်ရာကို ရှာဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ငါတို့ ဒီမှာ ပင်ကိုယ်ဗီဇသိစိတ်အပေါ်မှာပဲ မှီခိုနိုင်လိမ့်မယ်”
အာရန်က ပင်လယ်နဂါးဧကရီအား သူမ၏ဗီဇသိစိတ်ကိုသာ လိုက်နာရန် လမ်းကြောင်းပေးလိုက်သည်။
“ရှင်ပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒီနေရာမှာ သွေးမျိုးဆက်ရဲ့ ဗီဇသိစိတ်ကသာ အကောင်းဆုံး လမ်းပြပဲ”
ပင်လယ်နဂါးဧကရီသည် အာရန်စကားကို ခေါင်းညိတ်ထောက်ခံလိုက်ပြီး သူ၏ ဦးဆောင်မှုနောက်သို့ လိုက်ပါမည့်ဟန်ဖြင့် နောက်သို့ အလိုလိုဆုတ်ပေးလိုက်၏။
အာရန်က သူမအား ထူးဆန်းစွာ စိုက်ကြည့်လိုက်မိသည်။
သူသာ ဤဝင်္ကဘာအတွင်း တစ်ဦးတည်း ဦးဆောင်လိုခဲ့လျှင် သူမအား အဘယ့်ကြောင့် လိုအပ်နေဦးမည်နည်း။
စနစ်သည် အာရန်အား သူမနှင့်ပူးပေါင်းစေလိုဟန်ဖြင့် ရွေးချယ်မှုများပေးအပ်ခဲ့သည်။
၎င်းအတွက် အကြောင်းပြချက်တစ်ခုခု ရှိကိုရှိရပေမည်။
သို့သော် ဤအချက်၌မူ ထိုအကြောင်းပြချက်ကို သူ မမြင်နိုင်ခဲ့ပေ။
သူသည် သူမအား အထင်ကြီးလွန်းနေသလားဟု ပင်တွေးမိလိုက်လေသည်။
နောက်ဆုံးတွင် ၎င်းတို့နှစ်ဦးစလုံးသည် မှန်ကန်သောလမ်းကြောင်းကို မသိရှိထားခဲ့ကြပေ။
“အဆင်ပြေပါတယ် မင်း ဦးဆောင်လို့ရတယ် င့ါသွေးမျိုးဆက်က ဘယ်လိုပြောမလဲ နည်းနည်းလေး သန့်စင်လွန်းရာကျနေမလားလို့။ အဲ့တော့ဒီနေရာမှာ လမ်းတွေခွဲခြားရ နဲနဲခက်နေတယ် အဲဒါကြောင့် မင်းရဲ့သွေးမျိုးဆက်ထဲက ဗီဇအာရုံခံနိုင်စွမ်းမျိုးက ဒီနေရာမှာပိုပြီး အသုံးဝင်နိုင်လိမ့်မယ်ထင်တယ်”
အာရန်သည် ပင်လယ်နဂါးဧကရီအား ဦးဆောင်စေရန် သူမလက်ခံနိုင်မည့် ဆင်ခြေတစ်ခုကို ပေးလိုက်လေသည်။
သူ၏ တော်ဝင်ပင်လယ်နဂါးသွေးမျိုးဆက်သည် ပြောင်းလဲသွားခဲ့ပြီးနောက် ကောင်းကင်နဂါး၏ သွေးမျိုးဆက်အဖြစ် ပိုမိုပြည့်စုံသွားသော်လည်း ၎င်းသည် မူလအတိုင်းဖြစ်တည်နေသည့် ပင်လယ်နဂါးများနှင့် မတူပေ။
သူ ပိုင်ဆိုင်ထားသော သွေးမျိုးဆက်အများစုမှာ ဝါးမြိုခြင်းအစွမ်းအသုံးပြု၍ ရယူထားခြင်းများဖြစ်ကြလေသည်။
ထို့ကြောင့် ထိုသွေးမျိုးဆက်များနှင့်အတူ မူရင်း မွေးဖွားလာသူများနှင့်မူ ကွဲပြားနေဆဲပင်။
“ရှင့်ကိုယ်ရှင် အရမ်းနှိမ့်ချနေစရာမလိုပါဘူး”
ပင်လယ်နဂါးဧကရီသည် အာရန်၏စကားကို လက်မခံဟန်ဖြင့်တုံ့ပြန်ပြောလိုက်သည်။
“ဘယ်လိုလုပ် ကျွန်မက ရှင့်လို တိုက်ရိုက်မျိုးဆက်တစ်ဦးနဲ့ နှိုင်းယှဉ်နိုင်မှာလဲ။ ကျွန်မကို ဟာသလုပ်စရာမလိုပါဘူး။ ကျွန်မ ကိုယ့်နေရာကိုယ် သိပါတယ်”
သူမအား အာရန်က ဦးဆောင်ရန်ညွှန်ကြားသောအခါ ၎င်းက သူမအား ကြိတ်၍ လှောင်ပြောင်နေသကဲ့သို့ပင် ခံစားရစေခဲ့သည်။
အာရန်၏ ဆင်ခြေအမျိုးမျိုးပေးမှုအောက်တွင်ပင် ပင်လယ်နဂါးဧကရီသည် သူ၏စကားကို နားမထောင်ခဲ့ပေ။
‘မင်းကို ငါအစကတည်းကလမ်းပျောက်နေတယ်လို့ မပြောခဲ့ဘူးလား... ငါသာလမ်းသိရင် ခုလိုယောင်လည်လည် ဖြစ်နေပါတော့မလား နဲနဲပါးပါး မစဥ့်စားမိဘူးလားဟင် မင်းမှာစဥ့်စားတတ်တဲ့ ဦးနှောက်မရှိတော့ဘူးလား...’
အာရန်သည် သူ၏နှဖူးကို ပြန်ရိုက်ရင်း သက်ပျင်းတစ်ချက်ချလိုက်၏။
‘ ရှိပါစေတော့ ကံပေါ်ပဲ မှီခိုရတော့မယ်ထင်တယ် ကံကြမ္မာခန္ဓာရေ ဒီတစ်ခါလည်း မင်းကိုပဲ အားကိုးရတော့မယ်’
နောက်ဆုံးတွင်မူ အာရန်သည် သူကိုယ်တိုင် ဦးဆောင်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
သူသည် ကျပန်းဦးတည်ရာကို ရွေးချယ်လိုက်ပြီး ခရီးဆက်လိုက်သည်။
ပင်လယ်နဂါးဧကရီသည် သူ၏ နောက်နားမှကပ်၍ လိုက်ပါလာခဲ့သည်။
နာရီဝက်နီးပါးခန့်ကြာသည်အထိ ၎င်းတို့နှစ်ဦးသည် သာမန်မဟုတ်သောအရာ တစ်ခုကိုမျှ မကြုံတွေ့ခဲ့ရပေ။
လမ်းကြောင်းအားလုံးသည် တူညီနေပုံရသော်လည်း ဤနေရာတွင် ထောင်ချောက်များ ရှိမနေခဲ့ကြပေ။
နောက်ထပ် နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ အာရန်တစ်ယောက် အသံတစ်ခုကို အမှတ်တမဲ့ ကြားလိုက်ရသည်။
“တစ်ယောက်ယောက် ဒီကိုလာနေတယ်” အာရန်သည် ပင်လယ်နဂါးဧကရီအား ခြေလှမ်းများရပ်လိုက်ရန် အမူအရာပြလိုက်၏။
“ကျွန်မတော့ ဘာမှ မကြားမိဘူးရှင့်”
ပင်လယ်နဂါးဧကရီသည် အာရန်စကားကြောင့် စိတ်ရှုပ်ထွေးနေပုံရသည်။
စွမ်းရည်များ အားနည်းသွားသည်ဟု ယူဆရသော ဤကဲ့သို့နေရာမျိုးတွင် အာရန်၏ အာရုံများသည် သူမထက် ပိုမိုအားကောင်းနေသည်အား အံ့အားသင့်ဖွယ်သတိထားလိုက်မိလေသည်။
၎င်းသည် သူ၏ သူမထက် ပို၍သန့်စင်သော သွေးမျိုးဆက်ကြောင့်ပင် ဖြစ်လိမ့်မည်ဟုသာ တွေးမိလိုက်သည်။
သူမသည် အာရန်၏ စကားများကို သံသယမဝင်ခဲ့ပေ။
ယင်းအစား ဦးဆောင်ပြီး သူမကိုယ်တိုင် စစ်ဆေးကြည့်ရှုရန် ရှေ့သို့ ဦးဆောင်လိုက်သည်။
“ဟိုခွေးကောင် ဖြစ်နိုင်တယ်။ သူသာဆိုရင် ကျွန်မကိစ္စမှာ ရှင် ဝင်မပါနဲ့နော်” သူမသည် အာရန်အား သတိပေးပြီး တစ်ယောက်တည်း ရှေ့သို့ တက်သွားလိုက်၏။
‘အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းပြောတဲ့သူက ဒီမှာ ရှိနေတာလေ’ဟု အာရန်တစ်ယောက် တွေးမိလိုက်သော်လည်း သူ၏အတွေးများကို ထုတ်ဖော်မပြောခဲ့ပေ။
တဖြည်းဖြည်းနီးကပ်လာသောအခါ ခြေသံများသည် သာမန်လူသားတစ်ဦး၏ ခြေသံထက် ပိုမို၍လေးလံနေသည်ကို ခံစားမိလိုက်သည်။
သာမန်လူ အကန့်အသတ်ထက် ကျော်လွန်နေခြင်း သို့မဟုတ် ၎င်းသည် လုံးဝမတူညီသော သက်ရှိတစ်မျိုး ဖြစ်ဟန်ရလေ၏။
အာရန်သည် ပင်လယ်နဂါးဧကရီအား သူ၏ယူဆချက်အကြောင်း မပြောပြခဲ့ဘဲ သူမ၏ ဦးဆောင်ရာနောက်သို့သာ သတိကြီးကြီးထား၍ လိုက်ပါလာခဲ့လေသည်။
ပင်လယ်နဂါးဧကရီသည် နောက်ထပ် ဘယ်ဘက်သို့ကွေ့လိုက်ရာ အာရန်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
တအောင့်ကြာသောအခါ မည်သည့်ခြေသံကို မျှမကြားရတော့ပေ။ ပင်လယ်နဂါးဧကရီသည် သူမ၏ ခြေလှမ်းများ ရပ်တံ့သွားခဲ့ဟန်တူ၏။
“ဒါက တကယ်ပဲ လူသားတစ်ဦးဟုတ်ပါ့မလား” အာရန်သည်လည်း ကိုယ်တိုင် စစ်ဆေးရန် ရှေ့သို့ တက်သွားရင်း တွေးမိလိုက်သည်။
အာရန်သည် အစောပိုင်း ပင်လယ်နဂါးဧကရီ ကွေ့ဝင်သွားသောဘက်သို့ လှည့်ဝင်မိလိုက်သည်နှင့် သူ၏နှုတ်ခမ်းများ တုန်ယင်သွားခဲ့ရသည်။
အစောပိုင်း ခြေသံများ အဘယ့်ကြောင့် ရပ်တန့်သွားရသည်ကို နောက်ဆုံးတွင် သူကိုယ်တိုင် နားလည်သွားခဲ့ရလေသည်။
အာရန်သည် ပင်လယ်နဂါးဧကရီ ၏ အခြေအနေကို ဖမ်းဆုပ်မိလိုက်သည်။
ထိုအမျိုးသမီးသည် ပြန်လည်တိုက်ခိုက်ရန်မပြောနှင့် တစ်စက်ကလေးမှပင် ထိုအရာကို တုံ့ပြန်ခြင်းမရှိခဲ့ပေ။
‘ဒါက မိုင်နိုတောလား။ သူက ကောင်းကင်နဂါးရဲ့ မြေအောက်ဂူထဲမှာ ဘာလာလုပ်နေတာလဲ’ ဟု အာရန်တစ်ယောက် တွေးလိုက်မိသည်။
(မှတ်ချက်။ ။မိုင်နိုတော [Minotaur] ဆိုတာ ဂရိဒဏ္ဍာရီလာ လူကိုယ်နဲ့ နွားဦးခေါင်း ပေါင်းစပ်ထားတဲ့ ထူးခြားသားရဲတစ်မျိုးပါ)
ပြန်လည်တိုက်ခိုက်ခြင်းပင် မပြုသော ပင်လယ်နဂါးဧကရီအား သူ ပို၍ပင် အံ့အားသင့်ခဲ့ရသည်။
“ဘာလုပ်နေတာလဲ။ သူ့ကို တိုက်ခိုက်တော့လေ” အာရန်သည် ပင်လယ်နဂါးဧကရီအား လှမ်း၍သတိပေးလိုက်သည်။
ပင်လယ်နဂါးဧကရီသည် အလွန်တိုးညှင်းသော အသံဖြင့် ပြန်ဖြေလိုက်သည်။ “ကျွန်မရဲ့ခန္ဓာကိုယ်ကို လှုပ်ရှားလို့မရတော့ဘူး”
“ဒါက မှော်ပညာ သက်ရောက်မှု တစ်ခုခုကြောင့်များလား” ပင်လယ်နဂါးဧကရီ၏တုံ့ပြန်စကားကြောင့် အာရန်တစ်ယောက် အတွေးပွားမိလိုက်သည်။
အာရန်သည် သူ၏ နဂါးလျှာအစွမ်း သက်ရောက်မှုအောက်တွင် လှုပ်ရှားမှုများ မပြုနိုင်ခဲ့သော သူများနှင့် ဆင်တူနေမှန်းသတိပြုမိလိုက်၏။
“သူမက အလစ်အငိုက်ပုံစံနဲ့ အဆိပ်သင့်သွားလောက်အောင်ထိတော့ မိုက်မဲမှာ မဟုတ်ဘူး။ ဒီလိုဆိုရင် ဒါက မှော်အတတ်တစ်မျိုးလား”
အာရန်သည် ၎င်းနှင့်ပတ်သက်၍ မည်သို့ယူဆရမည်ကိုပင် မသိတော့ပေ။
ကမ္ဘာပေါ်ရှိ စာပေများတွင်ပင် မိုင်နိုတောများသည် သူတို့၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားကြီးမှုများကြောင့် လူသိများကြခြင်းဖြစ်သည်။
၎င်းတို့သည် မှော်ပညာများနှင့် အနည်းငယ်သာ ဆက်စပ်နေကြသည်။
ထိုသို့ဖြစ်သော်လည်း အာရန်တစ်ယောက် ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် မြင်ခဲ့တွေ့ခဲ့ရသမျှနှင့်ယှဥ်ပါကမူ ၎င်းသည် သိပ်တော့ ထူးဆန်သည်မဟုတ်တော့ပေ။
“ကောင်းပြီ ဒါဆိုလည်း ဒီကောင်ကို ငါကိုယ်တိုင်ပဲ ကိုင်တွယ်လိုက်တော့မယ်” ထိုသို့ပြောပြီးနောက် အာရန်သည် ဓားတစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။
သူ၏ အခြားစွမ်းရည်အများစုသည် ဤနေရာတွင် အားနည်းနေကြသောကြောင့် ထိုသားရဲအား ရင်ဆိုင်ရာတွင် လက်နက်ကိုသာအားကိုးခြင်းသည် အကောင်းဆုံးရွေးချယ်မှု ပင်ဖြစ်လေသည်။
“ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ... ရှင်က အဲဒီကြောက်စရာကောင်းတဲ့ အရာကြီးနဲ့ တကယ်ပဲ တိုက်ခိုက်တော့မှာလား”
အာရန်သည် ရုတ်တရက် သူ၏ နောက်ကျောဘက်မှ အလွန် သာယာနာပျော်ဖွယ်ကောင်းသော မိန်းကလေးတစ်ဦး၏ အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။
#Catfoot