ကျွန်မကို သွေးထွက်အောင် တိုက်ခိုက်စမ်း
Vol. 32 Ch. 460
….
အာရန်သည် နောက်မှ အသံတစ်သံကြားလိုက်ရကာ သူ၏ ကျောပြင်တစ်ခုလုံး အေးစက်သွားသည်ဟု ခံစားလိုက်ရသည်။
ထို့ကြောင့် လက်ထဲရှိ ဓားအားအသင့်ပြင်၍ နောက်သို့ လှည့်ကြည့်ကာ အချိန်ကိုက် ထိုးစိုက်ချလိုက်၏။
ထိုအခါ လေထဲမှ ရုတ်တရက် ပေါ်လာပုံရသော ပုံရိပ်လေးတစ်ခုအား မြင်တွေ့လိုက်ရသည်။
၎င်းသည် အမျိုးသမီးတစ်ဦးဖြစ်နေခဲ့ပြီး သူမ၏မျက်ဝန်းများထဲတွင် အနည်းငယ် ကြည်စယ်ကလူးပြုလိုဟန်များဖြင့် ပြည့်နှက်နေခဲ့၏။
သူမသည် လျှပ်စီးကဲ့သို့ လင်းလက်နေပုံရသည့် မှော်ဆရာမတစ်ဦး၏ ဝတ်စုံမျိုးကို ဝတ်ဆင်ထားကာ ဤဝင်္ကဘာအမှောင်ထုအတွင်း ၎င်းက မုန်တိုင်းထန်သောညအမှောင်ရှိ တောက်ပနေသော အလင်းရောင် တစ်ခုပမာပင်။
“ဒီဓားက အတော်လေးထက်တာပဲ။ ရှင် သတိထားသင့်တယ် မဟုတ်ရင် တစ်ယောက်ယောက်ကို အမှန်တကယ်ပဲ ထိခိုက်စေနိုင်လိမ့်မယ်” ဟု ထိုအမျိုးသမီးဆီမှ အသံတစ်ခု ထပ်မံထွက်ပေါ်လာခဲ့သည်။
အာရန်၏ဓားမှာ ထိုအမျိုးသမီးဆီသို့ မရောက်နိုင်မှီမှာပင် မျက်စိဖြင့်မမြင်ရသော စွမ်းအားတစ်ခု၏ ရပ်တန့်ခြင်းကို ခံလိုက်ရသည်။
အာရန်သည် သန့်စင်ဧကရာဇ်၏ ဓားကို အသုံးမပြုခဲ့ခြင်း မဟုတ်သည့်တိုင် သူ၏ ယခုဓာကို ထိုမျှလွယ်ကူစွာ ရပ်တန့်နိုင်ခဲ့ခြင်းမှာပင် အံ့အားသင့်စရာကောင်းနေပြီဖြစ်၏။
“မင်း ဘယ်သူလဲ” အာရန်သည် သူ၏ဓားကို အောက်သို့မချသေးဘဲ ပြန်လည် မေးခွန်းထုတ်လိုက်သည်။
ထိုအမျိုးသမီးသည် အာရန်အား ပြန်လည်ပြုံးပြရင်း သူမ၏အကြည့်၌ အာရန်နှင့် လှုပ်ရှားနိုင်ခြင်းမရှိသော ပင်လယ်နဂါးဧကရီကြားတွင် လျင်မြန်စွာ ရွေ့လျားနေဟန်ရသည်။
“တစ်စုံတစ်ယောက်ရဲ့အိမ်ထဲကို ဝင်လာပြီး မင်းဘယ်သူလဲဆိုတဲ့ မေးခွန်းက မေးဖို့ကောသင့်တော်ရဲ့လား” ဟု ထိုအမျိုးသမီးက ပြန်လည်တုံ့ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ ရှင်တို့နှစ်ယောက်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ စုံတွဲပဲလို့ ကျွန်မ မြင်မိတယ်”
သူမ၏စကားများကို ကြားသောအခါ အာရန်သည် ခဏတာ ဆွံ့အသွားခဲ့ရသည်။
ထို့နောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိကာ ဤအမျိုးသမီးသည် အဘယ်ကြောင့် သူမကိုယ်သူမ ဤနေရာ၏ ပိုင်ရှင်ကဲ့သို့ ပြောနေရသနည်းဟု တွေးမိလိုက်သည်။
သူမသည် ဤ မြေအောက်ဂူ ၏ နောက်ဆုံးဘော့စ်ကြီးလား။
သို့သော် သူမက ဤကဲ့သို့ ပထမဦးဆုံး ဝင်္ကဘာနေရာ၌ ပေါ်လာရသနည်း။
သူမသည် နောက်ဆုံးအဆင့် ရင်ဆိုင်ရမည့် ဘော့စ်ကြီးတစ်ဦးဖြစ်နေခဲ့လျှင် မြေအောက်ဂူ၏ အဆုံးတွင်သာ ရှိနေသင့်သည်မဟုတ်ပါလော...။
ယခုကဲ့သို့ ပေါ်လာခြင်းသည် ပို၍အားနည်းသော သာမန်အစောင့်အဆင့်များသာ ရှိသင့်သော နေရာတွင် ကမ္ဘာတစ်ခုလုံးကို ကပ်ဘေးအဆင့် အဆုံးသတ်ပေးနိုင်သည့် ဘော့စ်ကြီးတစ်ဦးရောက်ရှိလာခြင်း ဖြစ်မနေဘူးလား...။
‘သူမသာ ဒီနေရာရဲ့ ပိုင်ရှင်အစစ်ဆိုရင် ဒီနေရာရဲ့ဖိနှိပ်မှုတွေ သက်ရောက်ခံထားရမှာ မဟုတ်ဘူး။ ငါ့ရဲ့လျှို့ဝှက်ချက်တွေ မဖော်ထုတ်ဘဲ သူမကို သတ်နိုင်ပ့ါမလား’ အာရန်သည် ပင်လယ်နဂါးဧကရီဘက်သို့ ခေတ္တမျှ လှည့်ကြည့်ရင်း တွေးလိုက်သည်။
“သူမဆီကနေ ငါ အနည်းဆုံးတော့ နဂါးတွေရဲ့ ရင်းနှီးတဲ့အငွေ့အသက်အချို့ကို ခံစားမိနိုင်သေးတယ်။ ဒါပေမဲ့ ရှင်ကတော့မ...” လျှို့ဝှက်ဆန်းကြယ်သောအမျိုးသမီးသည်လည်း အာရန်အား အလွန်စိတ်ဝင်စားနေပုံဖြင့် စိုက်ကြည့်နေခဲ့သည်။
ထိုအမျိုးသမီးသည် အာရန်၌ မည်သည့်အငွေ့အသက်မျိုး ရှိနေသည်ကို မခွဲခြားနိုင်ခဲ့ပေ။
၎င်းသည် ပင်လယ်နဂါးများ၏ အငွေ့အသက်နှင့် ဆင်တူသော်လည်း အဓိက အဆီအနှစ်ပိုင်းတွင် လွန်စွာကွဲပြားနေသည်။
၎င်းသည် များစွာသောစွမ်းအားစုများ ရောနှောပါဝင်နေသော အဆီအနှစ်အစုအဝေး တစ်ခုနှင့် ပို၍ ဆင်တူနေခဲ့သည်။
သူမသည် သူမဘက်သို့ ဦးတည်ထားသော အာရန်၏ သတ်ဖြတ်လိုသောဆန္ဒကို ခံစားမိလိုက်သောအခါ ပို၍ပင် ပျော်ရွှင်လာဟန်ရ၏။
“ရှင်က ကျွန်မကို သတ်ချင်နေတာလား။ အဲဒီလို အိပ်မက်တွေမက်ဖို့ မင်းက နည်းနည်းလေး ငယ်လွန်းနေသေးတယ်လို့ မထင်ဘူးလား” ဟု သူမက အတွေးများအတွင်း နစ်မျောနေသော အာရန်အား မေးလိုက်လေသည်။
အာရန်သည် နောက်ဆုံးတွင် ဤနေရာတွင် အသလွတ်အသေခံခြင်းျထက် သူ၏လျှို့ဝှက်ချက်များကို ဖော်ထုတ်ခံလိုက်ရခြင်းက ပို၍ကောင်းမွန်ကြောင်း သဘောပေါက်လိုက်၏။
“ဟင်” ထိုအမျိုးသမီးသည် အာရန်အား စိုက်ကြည့်နေဆဲဖြစ်ပြီး သူမသည် တဖြည်းဖြည်း ကွဲအက်လာနေသော အသံတစ်သံကို ခံစားလိုက်ရသည်။
သူမသည် သူမ၏ အကာအကွယ်လွှာအတွင်း သေးငယ်သော အက်ကြောင်းရာလေးတစ်ခု ပေါ်လာနေသည်ကို သတိပြုမိလိုက်သည်။
ဝင်္ကဘာ၏ ဖိနှိပ်မှုအောက်တွင်ပင် ထိုလူငယ်သည် သူမ၏ အကာအကွယ်လွှာအား အက်ကြောင်းတစ်ခုကို ဖြစ်ပွားစေနိုင်သည်တဲ့သလား။
၎င်းက ထိုလူငယ်အပေါ် သူမ၏စိတ်ဝင်စားမှုကို ပို၍ပင် မြင့်တက်စေခဲ့သည်။
“ဒါက အံ့အားသင့်စရာပဲ၊ ဒါပေမဲ့ ရှင် လုပ်နိုင်တာ ဒါပဲဆိုရင်တော့ ဒါက လုံးဝ လုံလောက်မှာ မဟုတ်သေးဘူး” ဟု သူမက ပြောလိုက်ရာ သူမ၏ အကာအကွယ်လွှာပေါ်ရှိ အက်ကြောင်းသည် ချက်ချင်း အလိုအလျှောက် ပြန်လည် ကောင်းမွန်သွားခဲ့သည်။
“ရှင် အစွမ်းကုန်မသုံးပဲ အချို့ ထိန်ချန်ထားနေသေးတယ်လို့ ကျွန်မ ခံစားမိနေတယ်”
မိုင်နိုတောသည် ပင်လယ်နဂါးဧကရီကို ဖမ်းဆီးထားဆဲဖြစ်ပြီး ထိုရှေ့ရှိ အမျိုးသမီး၏ အမိန့်ကို စောင့်ဆိုင်းနေသကဲ့သို့ပင်။
ထိုအမျိုးသမီး မှော်ဆရာမသည် သူမလက်ကို အနည်းငယ်အမူအရာပြ လှုပ်ရှားပြလိုက်ရာ မိုင်နိုတောသားရဲကြီးသည် ပင်လယ်နဂါးဧကရီအား ဆုပ်ကိုင်ထားသည့်လက်ကို နာခံစွာဖြင့် ပြန်လွှတ်ပေးလိုက်လေသည်။
ပင်လယ်နဂါးဧကရီသည် ချောင်းဆိုးနေပြီး သူမ၏ရင်ဘတ်က အပေါ်အောက် လှုပ်ရှားနေသည်။
ထို့နောက် မိုင်နိုတောသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး ဘေးဘက်တွင် တိတ်ဆိတ်စွာ ရပ်နေလိုက်၏။
“ခင်ဗျား ဘာလို့ သူမကို ကူညီခဲ့တာလဲ” အာရန်က ထိုအမျိုးသမီး၏ ရည်ရွယ်ချက်များကို သံသယဝင်ရင်း မေးလိုက်သည်။
“ကူညီတာလား”
ထိုစကားကြောင့် မှော်ဆရာမက ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်သည်။
“အဲဒါကို သတ်ကွင်းမှာ အဆင့်တူအောင် ပြန်ချိန်ညှိတယ်လို့ ယူဆလို့ရတယ်။ ရှင်က သူမရဲ့လုံခြုံရေးကို စိုးရိမ်နေလို့ ရှင့်အစွမ်းတွေ ထိန်းထားနေသလိုပဲ။ ဒါကြောင့် ရှင် ဆက်ပြီး ထိန်းထားစရာ မလိုတော့အောင် ကျွန်မလုပ်ပေးလိုက်တာ။ ရှင်က ကျွန်မကို ကောင်းကောင်း ဖျော်ဖြေပေးနိုင်လိမ့်မယ်လို့ တကယ့်ကို မျှော်လင့်မိတယ်”
“ကျွန်မ ကောင်းကောင်း မပျော်ရွှင်ခဲ့ရတာ အတော်ကြာခဲ့ပြီ။ ဒီကို ရောက်လာတဲ့ နောက်ဆုံးတစ်ဖွဲ့က ဖျော်ဖြေမှုတောင် မပေးနိုင်တဲ့ သာမန် ပုရွက်ဆိတ်တွေ အဆင့်မှာပဲ ရှိနေခဲ့ကြတယ်”
ထိုအမျိုးသမီးသည် သူမ၏လက်ကို မြှောက်လိုက်သောအခါ နံရံတွင် အပေါက်တစ်ခု ပေါ်လာပြီး ထိုနေရာရှိ ဥပဒေအချို့ ပြောင်းလဲသွားခဲ့သည်။
ထိုအပေါက်မှ အသက်မရှိတော့သော ခန္ဓာကိုယ်အလောင်းကောင်များစွာသည် ပြုတ်ကျလာခဲ့ကြသည်။
ထိုလူများသည် သန့်စင်ဘုရားကျောင်း၏ ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။
ထိုခန္ဓာကိုယ်များကြားတွင် ကာဒီနယ်ရဟန်းအမတ်တစ်ဦး၏ ရုပ်အလောင်းကိုပင် အာရန်တစ်ယောက် မြင်တွေ့လိုက်ရ၏။
၎င်းသည် ဤမြေအောက်ဂူနေရာအတွင်းပိုင်းသို့ စူးစမ်းရှာဖွေရန် ဝင်ရောက်လာခဲ့ကြသော အဖွဲ့တစ်ဖွဲ့ ဖြစ်ဟန်ရသည်။
သူတို့သည် ဝင်္ကဘာအတွင်းတွင် လမ်းပျောက်နေခြင်းဖြစ်မည်ဟု အာရန်တစ်ယောက်အစောပိုင်းက တွေးထင်မိခဲ့သည်။
ယခုကဲ့သို့ ထိုသူများအား သေဆုံးနှင့်ပြီးဖြစ်နေလိမ့်မည်ဟု သူလုံးဝ မတွေးမိခဲ့ပေ။
ကာဒီနယ်ရဟန်းအမတ်သည် အလွန်စွမ်းအားကြီးသူတစ်ဦးမဟုတ်သော်လည်း ၎င်းအား ထိုမျှလွယ်ကူစွာ သတ်နိုင်ခဲ့သည်ကတော့ သိပ်၍ ပုံမှန်ဟုတ်မနေပေ။
အာရန်သည် ထိုအမျိုးသမီးက ပင်လယ်နဂါးဧကရီအား အဘယ်ကြောင့် လွတ်ပေးခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
ထိုမှော်ဆရာမသည် အာရန်အား ပင်လယ်နဂါးဧကရီ၏လုံခြုံရေးအတွက် စိုးရိမ်နေသောကြောင့် သူ၏စွမ်းအားများကို အကုန်ထုတ်မသုံးပဲ ထိန်းချန်ထားသည်ဟု ထင်နေခဲ့ခြင်းဖြစ်ဟန်ရ၏။
အာရန်သည် အမှန်တရားနှင့် ဝေးကွာလွန်းနေသော သူမ၏ယူဆချက်အပေါ် ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။
သူ၏ အစစ်အမှန်ခွန်အားကို အသုံးမပြုရခြင်း၏ တစ်ခုတည်းသောအကြောင်းရင်းမှာ အနာဂတ်အတွက် ပင်လယ်နဂါးဧကရီသည် သူ့အတွက် အသုံးဝင်နိုင်သေးသောကြောင့် ပင်တည်း။
အာရန်သည် ပင်လယ်နဂါးဧကရီ အသဲခိုက်အောင် မုန်းတီးနေသော ရန်သူတော်ကြီးအဖြစ် သူ၏ အချက်အလက်များကို မဖော်ထုတ်ချင်သေးပေ။
ထိုသို့ဖြစ်ခဲ့ပါက သူမသည် ဤရှေ့ရှိ အမျိုးသမီးနှင့် တစ်ချိန်တည်းမှာပင် သူ့အား ဝိုင်း၍ တိုက်ခိုက်ကြပေလိမ့်မည်။
“ခင်ဗျားက ခွန်အားကြီးတဲ့လူတွေကို တိုက်ခိုက်ရတာကို တကယ်စိတ်ဝင်စားနေရင် ဒီနေရာကနေ ဘာလို့ မထွက်သွားတာလဲ” အာရန်သည် ထိုအမျိုးသမီးအား ပြန် လည်တုံ့ပြန် ပြောဆိုလိုက်သည်။
“ခင်ဗျားကို စိတ်ကျေနပ်စရာ ဖျော်ဖြေမှုမျိုးအမှန်တကယ်ပေးနိုင်တဲ့ အမှန်တကယ် ခွန်အားကြီးတဲ့လူအချို့ဆီကို ကျုပ် လမ်းညွှန်ပေးနိုင်ပါတယ်”
ထိုအမျိုးသမီးသည် တိုက်ခိုက်ရန် အာသီသပြင်းပြနေသရွေ့ အာရန်သည် သူမအား အရှင်သခင်တစ်ဦးဆီသို့ အလွယ်တကူ လမ်းညွှန်ပေးနိုင်လေသည်။
မည်သူ အနိုင်ရသည်ဖြစ်စေ ၎င်းသည် သူ့အတွက် အရေးမကြီးသလို အရှုံးလဲမရှိပေ။
ထိုအမျိုးသမီးက အာရန်၏စကားကို ပြုံးပြ၍သာ တုံ့ပြန်လိုက်သည်။
ထို့နောက် အမျိုးသမီးသည် သူမ၏လက်ကို မြှောက်လိုက်ရာ ထိုနေရာရှိ မြေပြင်တစ်ခုလုံး စတင်တုန်ခါလာခဲ့သည်။
နံရံတစ်ခုသည် မြေပြင်အတွင်းမှ ထိုးထွက်လာခဲ့ကာ ပင်လယ်နဂါးဧကရီအား အာရန်နှင့် ခွဲထုတ်ပစ်လိုက်သည်။
“ရှင် ကျွန်မကို သွေးမြေကျအောင်မတိုက်ခိုက်နိုင်ရင် နံရံတွေပိကျသွားတဲ့အခါ ရှင့်သူငယ်ချင်းမလေး အသက်ရှင်နေနိုင်ဦးမှာလား။ ရှင်သာဘာမှ မလှုပ်ရှားတော့ဘူး ဆိုရင်တော့ သူမကို အလောင်းကောင်တစ်ခုအနေနဲ့ပဲ ပြန်လည်ရရှိလိမ့်မယ်”
သူမသည် အာရန်၏အကြံပြုချက်ကို လုံးဝလျစ်လျူရှုထားပြီး အာရန်ကိုသာ ဆက်လက်အာရုံစိုက်နေခဲ့သည်။
အာရန်သည် သူမအား ပို၍ခွန်အားကြီးသောလူများဆီသို့ လမ်းညွှန်ပေးနိုင်သည်ဟု ပြောခဲ့သော်လည်း သူမသည် ဂရုစိုက်ပုံမရပေ။
အာရန်သည် သူမ၏တုံ့ပြန်မှုအပေါ် စိတ်ပျက်သွားရုံသာ တတ်နိုင်တော့သည်။
သူမသည် တိုက်ခိုက်ရန် အလွန်စိတ်အားထက်သန်နေသောကြောင့် သူသည် တိုက်ပွဲတစ်ခုကို ရှောင်လွှဲနိုင်တော့မည်မဟုတ်ပေ။
သို့သော် ထိုမတိုင်မီ သူသည် သူမ၏အချက်အလက်ကို မတိုက်ခိုက်ခင် နောက်ဆုံးအကြိမ်အဖြစ် စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။
“ခွဲခြားသတ်မှတ်ခြင်း”
#Catfoot