← Chapters

ဝိညာဥ်တွေကသွေးထွက်တတ်သလား …

Vol. 32 Ch. 461

ဝိညာဥ်တွေကသွေးထွက်တတ်သလား …

Vol. 32 Ch. 461

“ခွဲခြားသတ်မှတ်ခြင်း”

အာရန်သည် ထိုအမျိုးသမီး၏ စစ်မှန်သောစွမ်းအားကို သိရှိနိုင်ရန် သူ၏ ခွဲခြားသတ်မှတ်ခြင်း စွမ်းရည်ကို အသုံးပြုလိုက်သည်။

သူမသည် မည်မျှပင်အားကောင်းပါစေ အရှင်သခင်များထက်တော့ ပိုမို အားကောင်းနိုင်လိမ့်မည်မဟုတ်ဟု ယုံကြည်ထားမိခဲ့သည်။

ထိုအမျိုးသမီးအား ဒဏ်ရာရအောင် ပြုလုပ်ခြင်းသည်ပင် သူ့အတွက် ပြဿနာဖြစ်နိုင်မည်မဟုတ်ဟု ယူဆထားမိလေသည်။

ထိုအရာသည် မည်မျှ ခက်ခဲနိုင်မည်နည်း။

ထို့နောက်အာရန်၏ ရှေ့တွင် ဖန်သားပြင်တစ်ခု ပေါ်လာပြီး နဂါးဧကရီအကြောင်း ဖော်ပြထားသော အချက်အလက်များဖြစ်သဖြင့် သူသည် စတင်ဖတ်ရှုကြည့်လိုက်သည်။

...

[အမည်- ????]

[အဆင့်- ၆၅]

[အချက်အလက် - ကောင်းကင်နဂါး ၏ ဝိညာဥ်အကြွင်းအကျန်]

[အသက်- ???]

-အဆင့်သတ်မှတ်ချက်များ-

[ခွန်အား- ???]

[သွက်လက်မှု- ???]

[ခံနိုင်ရည်- ???]

[ဉာဏ်ရည်- ???]

[မာနာ- ????]

[ရုပ်ခန္ဓာ - ???]

[ပိုင်ဆိုင်သော ထူးခြားပစ္စည်းများ- ???]

...

‘ဘာ...ဘယ်လို...’

အာရန်သည် စနစ်၏ အချက်အလက်ပြ မျက်နှာပြင်ကို ဖတ်ရှုမိသောအခါ သူ၏ မေးရိုးများပင် ပြုတ်ကျမတတ်ပင် ဖြစ်သွားခဲ့ရလေသည်။

အာရန်တစ်ယောက်အချက်အလက်များကို ပိုမိုဖတ်ရှုမိလေလေ ပိုမိုစိတ်ပျက် အားလျော့လာလေလေ ဖြစ်ခဲ့ရသည်။

ထိုအမျိုးသမီးသည် စစ်မှန်သော သက်ရှိတစ်ဦးပင်မဟုတ်ဘဲ ကောင်းကင်နဂါးဘုရင်မ ၏ ကျွင်းကျန်ရစ်သော ဝိညာဉ်တစ်ဦးမျှသာဖြစ်၏။

ဝိညာဉ်တစ်ဦးအား သူ့အနေဖြင့် မည်သို့ သွေးထွက်အောင် လုပ်ဆောင်နိုင်မည်နည်း။

ထို့ထက်ပိုဆိုးသည်မှာ သူမ၏ ကျင့်စဥ်အဆင့်ပင်ဖြစ်သည်။

သူမသည် ဝိညာဥ်အကြွင်းအကျန် ပုံစံဖြင့်ပင် အရှင်သခင်များထက် ပိုမို အဆင့်မြင့်နေသေးသည်။

သူမ အသက်ရှင်နေခဲ့စဉ်က မည်မျှအဆင့်အထိ ရှိခဲ့မည်ကို အာရန်တစ်ယောက် တွေး၍ပင် မမှန်းဆနိုင်တော့ပေ။

အာရန်သည် ကောင်းကင်နဂါးဘုရင်မ ၏ နှလုံးသားကို ရယူရန် ဤနေရာသို့ လာခဲ့ခြင်းဖြစ်သော်လည်း ဤနေရာ၌ ကောင်းကင်နဂါးဘုရင်မ ၏ ဝိညာဉ်အပိုင်းအစတစ်ခုကျန်ရှိနေဦးမည်ဟု လုံးဝတွေးမထားမိခဲ့ချေ။

“မင်းက သူမကို ပထမကတည်းက သတ်ဖို့ စိတ်ကူးမရှိခဲ့ဘူးမလား။ သူမက မင်းရဲ့ မျိုးဆက်တစ်ဦးပဲလေ”

ပင်လယ်နဂါးဧကရီ၏ အသက်သည် ဘယ်တုန်းကမှ အန္တရာယ်မရှိခဲ့ကြောင်း အာရန် တစ်ယောက် သဘောပေါက်လိုက်သည်။

ပထမကတည်းက သူမကို မိုင်နိုတောမှ စတင် တိုက်ခိုက်ရသည့် အကြောင်းရင်းမှာ ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဉ်က သူမ မျိုးဆက်တစ်ဦး၏ စွမ်းအားကို စမ်းသပ်လိုခြင်းကြောင့်သာ ဖြစ်လေသည်။

ထိုဝိညာဉ်သည် သူ့အားပင် သူမ၏ မျိုးဆက်တစ်ဦးဟု ထင်မှတ်မိနေခြင်းများ ဖြစ်နေမလား...။

‘မဟုတ်ဘူး။ ငါက ပင်လယ်နဂါးတွေကို လှည့်စားနိုင်ပေမဲ့ ကောင်းကင်နဂါးဘုရင်မ ကတော့ သူတို့နဲ့ လုံးဝကွဲပြားတယ်။ ဝိညာဉ်ပုံစံပဲ ရှိနေပါစေဦးတော့၊ သူမကို လှည့်စားလို့ မရနိုင်ဘူး။’

သူ၏စနစ်က ပင်လယ်နဂါးဧကရီအား ကယ်တင်ရန် သူ့အား တောင်းဆိုခဲ့ခြင်းသည် အကြောင်းရင်းတစ်ခုခုရှိနေမည်ဖြစ်ကြောင်း သေချာနေခဲ့သည်။

၎င်းက ဤ မြေအောက်ဂူ ထဲသို့ ဝင်ရောက်လာချိန်တွင် သူ၏အသက်ကို ကယ်တင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်နိုင်ဖွယ်ရှိ၏။

ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဉ်သည် သူ၏အခြားသော စွမ်းအားများကို သတိပြုမိနှင့်ပြီးသား ဖြစ်ပေလိမ့််သည်။

အာရန်သည် သူမ၏ သွေးမျိုးဆက်ကို တနည်းနည်းဖြင့် ရယူထားနိုင်ပြီဖြစ်ကြောင်း သူမအနေနှင့်သိရှိနေခြင်းမှာ အံ့သြစရာကိစ္စတစ်ခုတော့ မဟုတ်ပေ။

အကယ်၍ သူသာ ဤနေရာသို့ တစ်ယောက်တည်း ရောက်လာခဲ့ခြင်းဆိုပါက သူမသည် သူမ၏ သွေးမျိုးဆက်ကို ရယူရန် သူမ၏မျိုးဆက်များဆီမှ အတင်းအကျပ်နည်းလမ်းတစ်ခုခုသုံး၍ ရယူခဲ့သော ရန်သူတစ်ဦးဟု ထင်မှတ်သွားခဲ့ပေလိမ့်မည်။

သို့သော်အာရန်သည် ပင်လယ်နဂါးဧကရီနှင့် အတူရှိနေခဲ့သောကြောင့်သာ တွေ့သည်နှင့် ချက်ခြင်း အသတ်မခံရခြင်း ဖြစ်လေ၏။

သူမသည် သူ၏သွေးမျိုးဆက်ကြောင့် လှည့်စားခံခဲ့ရခြင်း မဟုတ်ပေ။

သူမက အာရန်အား ဆရာစား မချန်ဘဲ တိုက်ခိုက်စေလိုရခြင်း၏ အဓီက အကြောင်းရင်းမှာ အာရန်ထံမှ သူမခံစားမိနေသော စက်ဆုပ်ဖွယ် ခံစားချက်တစ်ခုသည် အဘယ်အရာဖြစ်သည်ကို သူမကိုယ်တိုင် သိမြင်လိုသောကြောင့် သာ ဖြစ်လေသည်။

“ရှင်က ကျွန်မဘယ်သူလဲတောင်သိနေတယ်ပေ့ါ”

ထိုလျှို့ဝှက်ဆန်းကြယ် အမျိုးသမီးသည် အာရန်နှင့် မျက်နှာချင်းဆိုင်သို့ ကပ်လာ၍ မျက်နှာကို အနီးကပ်စစ်ဆေးကြည့်လိုက်သည်။

“ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ။ ရှင်က ကျွန်မရဲ့သွေးမျိုးဆက်ကို ရယူထားနိုင်ရုံသာမက၊ ကျွန်မဘယ်သူလဲဆိုတာကိုပါ တန်းပြီးသိရှိနိုင်တယ် ကျွန်မသာ ပိုမသိထားခဲ့ဘူးဆိုရင် ရှင့်ကိုလည်း ကျွန်မရဲ့မျိုးဆက်တစ်ဦးလို့ မှားယွင်းထင်မြင်မိမှာအသေအခြာပဲ”

“သူမကို ခြိမ်းခြောက်တာက ရှင့်အပေါ်မှာ အလုပ်ဖြစ်တော့မှာမဟုတ်ဘူးနဲ့ တူတယ်။ တကယ်ကို စိတ်ပျက်စရာပါပဲ”

သူမသည် သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီးနောက် သူမ၏ နူးညံ့သောလက်တစ်ဖက်ကို အာရန်၏ ရင်ဘတ်ပေါ် တင်လိုက်သည်။

“ဒီလိုဆိုရင်တော့ ရှင့်ကို ကျွန်မ သတ်မှရတော့မယ်။”

အခြားတစ်စုံတစ်ယောက်ကို ခြိမ်းခြောက်ခြင်းဖြင့် အာရန်အား သူ၏စစ်မှန်သော လျှို့ဝှက်စွမ်းအားများကို ထုတ်ဖော်စေမည်မဟုတ်တော့ပါက သူ့အား ထိုအရာကို ဆက်လက်ပြုလုပ်နေတော့ကော ဘာထူးခြားတော့မည်နည်း။

သူ့အသက်သာ အန္တရာယ်နှင့် ရင်ဆိုင်ရပါက သူသည် ယခင်အတိုင်း ဆက်လက် ထိန်းထားနိုင်မည်လော။

အာရန်၏ ရင်ဘတ်တွင် ရုတ်တရက်နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏ ရင်ဘတ်အတွင်းမှ စွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။

ထို့နောက် နောက်ဘက်သို့ လွင့်စင်ထွက်သွားပြီး ရင်ဘတ်တစ်ခုလုံး သွေးများဖြင့် နီရဲသွား၏။

သူ၏အဝတ်အချို့ပင် စုတ်ပြဲသွားသဖြင့် အတွင်းရှိ ဒဏ်ရာအချို့ကို မြင်နိုင်နေခဲ့သည်။

အာရန်သည် အရှင်သခင်များပင် အလွယ်တကူ မဖျက်ဆီးနိုင်သော ကောင်းကင်နဂါးဘုရင်မ ၏ အကြေးခွံများဖြင့် ပြုလုပ်ထားဟန်ရသည့် ဝင်္ကဘာ၏ နံရံတစ်ခုနှင့်ဝင်၍ တိုက်မိခဲ့ခြင်းဖြစ်၏။

နံရံနှင့် ရိုက်မိသောအရှိန်ကြောင့် အာရန်သည် သူ၏ အရိုးများပင် ကြေမွသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ့ပါးစပ်မှ သွေးတစ်လုပ်ပင် အန်ထုတ်လိုက်မိသည်။

“ဘာလို့ အမြဲတမ်း...” အာရန်သည် နံရံကိုမှီရင်း ကြမ်းပြင်ပေါ်တွင် ထိုင်ချရန်ကျိုးစားလိုက်သည်။

ထိုနံရံတွင် အာရန်၏ သွေးများပင် စွန်းထင်းကျန်နေရစ်ခဲ့သည်။

သူ၏ မျက်နှာသည် ထိတ်လန့်စွာ ဖြူဖျော့လျက်ရှိနေခဲ့သည်။

ထိုအမျိုးသမီး၏ ခွန်အားနေရာသည် မေးခွန်းအမှတ်အသားများဖြင့် ဖုံးကွယ်ခြင်း ခံထားရသဖြင့် သူ၏ အစောပိုင်း ခွဲခြားသတ်မှတ်ခြင်းအစွမ်းဖြင့်ပင် မသိရှိခဲ့ရပေ။

သို့သော် တစ်ခုမှာမူ အလွန်ရှင်းလင်းနေခဲ့သည်။

ထိုအရာမှာ သူမ၏ လက်ရှိ ခွန်အားများသည် သူ့ထက်များစွာ ပို၍ မြင့်မားနေခြင်းပင်။

ခွန်အားအရာနှင့် ပတ်သက်လာလျှင် ကောင်းကင်နဂါးဘုရင်မသည် မိစ္ဆာဂိုဏ်းချုပ် ဖန်းယု ထက်ပင် ပိုမိုအားကောင်းနိုင်ဖွယ်ရှိနေလေသည်။

အာရန်သည် သူ့ထံသို့ ထပ်မံပျံသန်းလာသော အမျိုးသမီးကို စိုက်ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို တစ်ချက်သုတ်လိုက်သည်။

“ရှင်သာ ကျွန်မကို သွေးထွက်အောင် လုပ်ဆောင်နိုင်ခဲ့ရင် ကျွန်မ ရှင့်ကို အသက်ရှင်ခွင့်ပေးမယ်။ ကျွန်မရဲ့ သွေးမျိုးဆက်ကို ခိုးယူသွားခဲ့တာကိုလည်း ခွင့်လွှတ်ပေးမယ်။ ဒါပေမဲ့ မလုပ်ဆောင်နိုင်ခဲ့ရင်တော့ ရှင်ဒီမှာပဲ ထာဝရနေခဲ့ရလိမ့်မယ်။”

ကောင်းကင်နဂါးဘုရင်မ၏၀ိညာဥ်သည် အာရန်၏ရှေ့တွင် ဆင်းသက်လိုက်ပြီး အာရန်၏မျက်နှာကို ကောင်းစွာမြင်နိုင်စေရန် ဆံပင်ကို ဆွဲ၍ ခေါင်းကို ထူမလိုက်သည်။

အာရန်သည် ထိုအချိန်တွင် သူမအား စိုက်ကြည့်မနေခဲ့ပေ။

သူမသည် သူ၏ခေါင်းကို မထားခြင်းဖြစ်သော်လည်း သူ၏မျက်လုံးများသည် အခြားတစ်နေရာကိုသာ စိုက်ကြည့်နေဟန်ရလေ၏။

...

အာရန်၏ ရှေ့တွင် ဖန်သားပြင်တစ်ခု ပေါ်လာခဲ့ကာ ရွေးချယ်စရာအသစ်များ တစ်ဖန်ပြန်ပေါ်လာခဲ့သည်။

[သင်သည် အသက်အန္တရာယ်ရှိသော အ‌ခြေအနေတစ်တွင်း ကျရောက်နေကြောင်း လေ့လာ တွေ့ရှိရသည်]

[အောင်နိုင်သူသူရဲကောင်း ၏လမ်းကြောင်း အတွက် ရွေးချယ်စရာအသစ်များ ထပ်မံ အသက်သွင်းနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူပါသည်။]

[ရွေးချယ်မှု (၁)- အောင်နိုင်သူ သူရဲကောင်းတစ်ဦးသည် အသတ်သာ အသေခံမည်ဖြစ်ကာ မည်သည့်အချိန်မှ အရှက်ကွဲခံမည် မဟုတ်။ သင်၏ဒေါသကို လွှတ်ထုတ်ပြီး ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဉ်ကို ဖျက်ဆီးပစ်ပါ။

ဆုလာဘ်- ပြန်လည်ရှင်သန်ထမြောက်ခြင်းကျောက်တုံး (ထူးခြားအဆင့်)]

[ရွေးချယ်မှု (၂)- ရှက်ဖွယ်ကောင်းသော်လည်း အသက်ရှင်သန်နိုင်ရေးသည် အရေးအကြီးဆုံးဖြစ်သည်။ ဤမြေအောက်ဂူမှ လွတ်မြောက်ရန် နည်းလမ်းရှာဖွေပြီး ဤကပ်ဘေးမှ အသက်ရှင်လျက် လွတ်မြောက်ရန်ကျိုးစားပါ။

ဆုလာဘ်- သူရဲဘောကြောင်သူ အာဏာရှင်တစ်ဦး၏ အမှတ်အသား (ရှားပါးအဆင့်)]

[ရွေးချယ်မှု (၃)- သင်၏အသက်ကို အသနားခံခြင်းမရှိဘဲ ကောင်းကင်နဂါးဘုရင်မ ၏ ဝိညာဉ်အား သင့်ကို လွှတ်ပေးရန် ဆွဲဆောင်စည်းရုံးပါ။

ဆုလာဘ်- ကောင်းကင်နဂါး၏ အရှိန်အဝါ မြှင့်တင်ခြင်းနည်းလမ်း]

[ရွေးချယ်မှု (၄)- သင်၏ အသက်အတွက် ကောင်းကင်နဂါးဘုရင်မအား ဒူးထောက် တောင်းပန်ပါ။

ဆုလာဘ်- အောင်နိုင်သူ သူရဲကောင်း၏ လမ်းကြောင်းအား ဆုံးရှုံးခြင်း]

အာရန်သည် သူ၏ လက်ကိုမြှောက်လိုက်ပြီးနောက် ရွေးချယ်စရာတစ်ခုကို ချက်ချင်း ရွေးလိုက်လေသည်။

ထို့နောက် အာရန်သည် ကောင်းကင်နဂါးဘုရင်မအား စိုက်ကြည့်လိုက်သည်။

“မင်းက သွေးထွက်ချင်နေတယ်ပေါ့လေဟုတ်လား။ ကျုပ် မင်းကို သွေးထွက်အောင်လုပ်ပေးမယ်... မင်း ကျုပ်ကို ရပ်တန့်ဖို့ တောင်းပန်လာတဲ့အထိ သွေးထွက်အောင် မင်းကိုလုပ်ပေးမယ်” ဟု အာရန်သည် ကောင်းကင်နဂါးဘုရင်မအား ပြန်လည် တုံ့ပြန်ပြောလိုက်သည်။

ထူးဆန်းသည်မှာ အာရန်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ် သို့မဟုတ် ရန်လိုစိတ် တစ်စုံတစ်ရာမျှ ရှိမနေခဲ့ပေ။

ယင်းအစား၊ ထူးဆန်းစွာပင် တည်ငြိမ်လွန်းနေခဲ့၏။

အဘယ်ကြောင့်ဆိုသော် အာရန်သည် သူ၏ဒေါသများကို ဖွင့်ထုတ်ရန် ရွေးချယ်မှုတစ်ခုကို ပြုလုပ်ထားခဲ့ပြီး ဖြစ်လေသည်။

“သူရဲဘောကြောင်တဲ့ သူခိုးတစ်ကောင်ရဲ့ပါးစပ်ကနေ ဒီလိုစကားမျိုးပြောထွက်တာ အလွန်ရဲတင်းလွန်းတယ်လို့ပဲ ချီးကျူးရမလား” ကောင်းကင်နဂါးဘုရင်မသည် အာရန်၏အပြောကို အနည်းငယ် လှောင်ပြောင်ခနဲ့လိုက်ပြီး အာရန်၏ ဆံပင်ကို ဆွဲကာ အဝတ်စုတ်တစ်ခုကဲ့သို့ ဘေးသို့ ပစ်လွှတ်လိုက်၏။

အာရန်သည် နောက်သို့ လွင့်စင်သွားချိန်မှာပင် သူ၏လက်ထဲ၌ အဆောင်ပစ္စည်းတစ်ခု ပေါ်လာခဲ့သည်။

ထိုအဆောင်ပစ္စည်း တောက်ပစွာ လောင်ကျွမ်းသွားပြီးနောက် ၎င်း၏ သက်ရောက်မှုသည် အာရန်၏ စိတ်ဝိညာဉ်ထဲသို့တိုင် စိမ့်၍ ဝင်ရောက်သွားခဲ့သည်။

[သင်သည် ယာယီ ချိတ်စည်းဖြေအဆောင် ကို အသက်သွင်းလိုက်ပါပြီ]

အာရန်၏ စိတ်ထဲတွင် စနစ်ဆီမှ သတိပေးချက်တစ်ခု ပေါ်လာခဲ့သော်လည်း နံရံနှင့် ရိုက်မိခြင်းကြောင့် ရရှိထားသော မူးဝေမှုကြောင့် ၎င်းကို အာရုံစိုက်နိုင်ခြင်း မရှိခဲ့ပေ။

“အားနည်းတဲ့သူတွေကို သတ်ရတာ ပျော်စရာတော့မကောင်းဘူး ဒါပေမဲ့ ကျွန်မအစောက ကတိပေးမိထားတဲ့အတွက် ရှင့်ကို ဒီနေရာမှာ ထာဝရနေသွားစေမယ်”

ကောင်းကင်နဂါးဘုရင်မသည် စိတ်ပျက်စွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ဆက်လက် ပြောလိုက်၏။

သို့သော် သူမ အာရန်ဘက်သို့ ထပ်မံ လှည့်ကြည့်မိလိုက်သောအခါ သူမ၏မျက်နှာအမူအရာများ ရုတ်တရက် တောင့်တင်းသွားခဲ့ရသည်။

“ဒါက ဘယ်လို ဖြစ်နိုင်တာလဲ။ သူက ဘာလို့ ဒီမှာ ရှိနေရတာလဲ” ဟု သူမသည် စိတ်ရှုပ်ထွေးမှုများပြည့်နှက်နေခဲ့ကာ မျက်မှောင်တစ်ချက်ကြုတ်ရင်း ရေရွတ်လိုက်မိသည်။

#Catfoot

All Chapters