ဝိညာဉ်ကို သွေးထွက်စေခြင်း …
Vol. 32 Ch. 463
ပဉ္စမအထပ်သည် ထိုမြေအောက်ဂူ အတွင်းရှိ အထပ်များစွာထဲမှ အကြီးမားဆုံးအထပ်တစ်ထပ် ဖြစ်လေသည်။
ဝင်္ကဘာတစ်ခုလုံး၏ နှစ်ဆနီးပါးခန့်ပို၍ ကျယ်ဝန်းလေ၏။
သို့သော်လည်း ထိုအထပ်၏ တစ်ဝက်နီးပါးခန့်ကို ကောင်းကင်နဂါးဘုရင်မ၏ ရပ်တန့်နေသော ဧရာမနှလုံးသားကြီးတစ်ခုက နေရာယူထားသည်။
ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဉ်သည် ပဉ္စမအထပ်တွင် ပြန်လည်ပေါ်လာခဲ့ပြီး တစ်ချိန်က သူမအား အသက်သွင်းပေးခဲ့သည့် ထိုနှလုံးသားကို ခဏတာ စိုက်ကြည့်နေလိုက်သည်။
သူမသေဆုံးပြီးနောက်တွင်ပင် ထိုနှလုံးသားသည် သူမ၏ စွမ်းအားများစွာကို ပိုင်ဆိုင်ထားဆဲဖြစ်၏။
“ဒီကို ရောက်လာတဲ့လူက နင့်ကို ဒီကနေ ယူသွားချင်နေတယ်။ သူပိုပြီး အားကောင်းလာတာမှာကို ငါခွင့်မပြုနိုင်ဘူး” သူမသည် နှလုံးသားဆီသို့ ပိုမိုနီးကပ်စွာ လျှောက်သွားလိုက်သည်။
သူမသည် ဝိညာဉ်ပုံစံဖြင့် အသိတ်စိတ်ဝင်လာသည့် အချိန်မှစ၍ ဤနေရာကို အမြဲတစေ စောင့်ရှောက်နေခဲ့ခြင်းဖြစ်သည်။
ထိုနှလုံးသားသည် ဤနေရာသို့ မည်သို့ရောက်လာသည်နှင့် ဤဝင်္ကဘာ သည် မည်သို့ ပေါ်ပေါက်လာသည်ကို သူမကိုယ်တိုင် မသိရှိထားသော်လည်း သူမ တည်ရှိရခြင်း၏ ရည်ရွယ်ချက်သည် ဤနှလုံးသားအား ကာကွယ်ရန် ဖြစ်ကြောင်းကိုမူ သိရှိထားလေ၏။
အကယ်၍ ၎င်းသည် မှားယွင်းသော တစ်စုံတစ်ယောက်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပါက သူမ၏မျိုးဆက်များသည် ထာဝရဖိနှိပ်ခံထားရလိမ့်မည် ဖြစ်တော့သည်။
ကောင်းကင်နဂါးဘုရင်မသည် သူမ၏ နဂါးမျိုးဆက်သွေးပိုင်ရှင် မျိုးဆက်များအား ခပ်နှိပ်ထားသော ချိတ်စည်းကို ဖြေပေးနိုင်ရန်အတွက် သူမ၏ နှလုံးသားကို အသုံးပြုနိုင်စေနိုင်မည့်အခွင့်အရေးကို ကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသည်။
ပင်လယ်နဂါးဧကရီ ရောက်ရှိလာခြင်းနှင့်အတူ သူမသည် ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်လေးတစ်ခုကို ပြန်မြင်ခဲ့ရ၏။
ယခင်ရက်က ရောက်ရှိလာခဲ့သော ကာဒီနယ်ရဟန်းအမတ်သည် သူမနှင့် တွေ့ဆုံခွင့်ပင်မရပဲ သေဆုံးခဲ့ရလေသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ သူမ၏ စိတ်လှုပ်ရှားမှုကြောင့် သူမပေါ်လာသင့်သည့် အချိန်မတိုင်ခင်မှာပင် သူမကိုယ်တိုင် ပေါ်လာခဲ့ရခြင်းဖြစ်သည်။
အာရန်အား သူမကို ဝါးမြိုရန် အရိပ်ထဲတွင် ပုန်းအောင်းနေသည့် ဆိုးသွမ်းသော ဝံပုလွေတစ်ကောင်ဖြစ်နေမည်ဟု ထင်မှတ်မထားမိခဲ့ပါ။
ထိုအကြောင်းကိုသာ သူမသိခဲ့ပါက ထိုသူရှေ့တွင် ယခုကဲ့သို့ ဘယ်တော့မှ ပေါ်လာခဲ့လိမ့််မည်မဟုတ်ပေ။
ပထမအထပ်သို့ သွားရန် သူမ၏ဆုံးဖြတ်ချက်ကိုပင် သူမနောင်တရနေပြီဖြစ်၏။
“ငါ့မျိုးဆက်တွေသာ ထိုလူဘက်က ရပ်တည်နေမယ်ဆိုရင် အရာအားလုံးက ဆုံးရှုံးသွားပြီပဲ။ ငါ့ကိုယ်ငါ ပြန်ဖျက်ဆီးရမယ်ဆိုရင်တောင် သူလိုချင်တာကို ဘယ်တော့မှ မရစေရဘူး။”
သူမသည် ထိုနှလုံးသားပေါ်တွင် သူမ၏ လက်တစ်စုံကိုတင်လိုက်ပြီး သူမ၏ ဝိညာဉ်အတွင်းရှိ ကျန်ရှိနေသော ဝိညာဥ်အဆီအနှစ်အချို့ကို အသုံးပြုကာ နှလုံးသားအား လှုံ့ဆော်လိုက်လေသည်။
၎င်းသည် သူမ၏ကျန်ရစ်သော ဝိညာဉ်မှ သူမ၏ဖြစ်တည်မှုကို စတေးပြီး နှလုံးသားကို ပြန်လည် အသက်သွင်းလိုက်ခြင်းနှင့် အတူတူပင်ဖြစ်၏။
ထို့နောက် နှလုံးသားသည် စတင်ခုန်လာပြီး ကောင်းကင်နဂါးဘုရင်မ ၏ ဝိညာဉ်သည် တဖြည်းဖြည်း ပို၍ မှုန်ဝါးလာခဲ့သည်။
ထို့နောက် တစ်စက္ကန့်ပြီးတစ်စက္ကန့်... သူမ၏တည်ရှိမှုသည် တဖြည်းဖြည်းပိုမို မှေးမှန်လာခဲ့၏။
တစ်ချိန်တည်းတွင် ပတ်ဝန်းကျင်ရှိ ဤနေရာတစ်ခုလုံးလည်း သက်ရောက်မှုကို ခံလိုက်ရကာ ဟင်းလင်းပြင်တုန်ခါမှုများသည် နှလုံးသားပတ်လည်တွင် ပေါ်လာပြီး ပတ်ဝန်းကျင်သည် မတည်မငြိမ်ဖြစ်လာခဲ့တော့သည်။
ကောင်းကင်နဂါးဘုရင်မ၏ နှလုံးသားမှ စတင်ခုန်လာချိန်တွင် သူမ အသက်ရှင်စဉ်က လွတ်လပ်စွာ အသုံးပြုနိုင်ခဲ့သော ဟင်းလင်းပြင်ဂိတ်တံခါးပေါက်စွမ်းရည်ကို အသက်သွင်းရန် စတင်လိုက်လေသည်။
၎င်းသည် ယခင်က သူမ၏ အရေးပါသော အသက်ကယ်စွမ်းရည်များထဲမှ တစ်ခုလည်းဖြစ်လေ၏။
ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဥ်သည် သူမ၏ မှတ်ဉာဏ် အပိုင်းအစလေးများ အချို့ပြန်ရလိုက်ခြင်းအရ သူမသည် ထိုကဲ့သို့ စွမ်းရည်ရှိပါလျက်နှင့် အဘယ်ကြောင့် ထိုစဥ်က မလွတ်မြောက်နိုင်ခဲ့သည်ကို တွေးတောမိလိုက်သည်။
သို့သော်လည်း ယခုအချိန်အတွက် ထိုအရာသည် အရေးမကြီးတော့ပေ။
ဟင်းလင်းပြင်ကွဲကြောင်းများသည် တစ်စထက်တစ်စ ပိုမိုကြီးထွားလာနေခဲ့သည်။
ကောင်းကင်နဂါးဘုရင်မ ၏ နှလုံးသားသည်လည်း ထိုဟင်းလင်းပြင် ဂိတ်တံခါးပေါက် အားဖွင့်လှစ်နေစဥ်မှာပင် ပိုမို၍ တောက်ပလာခဲ့သည်။
“နောက်ထပ် စက္ကန့်အနည်းငယ်လောက်ပဲ....”
ကောင်းကင်နဂါးဘုရင်မ ၏ ဝိညာဉ်သည် တိုးတိုးလေး ရေရွတ်လိုက်သည်။
သူမ၏ ဝိညာဉ်ပုံရိပ်သည် ဤအချိန်တွင် သာမန်မျက်စိဖြင့်ပင် မမြင်နိုင်လောက်သည်အထိ မှေးမှိန်သွားခဲ့ပြီဖြစ်၏။
သူမသည် ထိုလုပ်ငန်းစဉ်ကို ပြီးစီးနိုင်တော့မည့်အချိန်တွင် ရုတ်တရက် သူမ၏ မျက်နှာအမူအရာများ မှောင်မိုက်သွားခဲ့သည်။
သူမ၏ နောက်စေ့ကို အေးစက်သောလက်တစ်ဖက်က ဆုပ်ကိုင်လိုက်သည်ကို ခံစားလိုက်ရသောကြောင့်ပင်တည်း။
သူမသည် ရုတ်တရက် နောက်သို့ ဆွဲယူလိုက်ခြင်းကိုခံလိုက်ရပြီး သူမ၏လက်သည် ကောင်းကင်နဂါးဘုရင်မ ၏ နှလုံးသားနှင့် ကင်းကွာသွားခဲ့သည်။
ယင်းအစား နှလုံးသားပေါ်တွင် လက်ကိုတင်လိုက်သူမှာ အာရန်ပင် ဖြစ်နေခဲ့တော့သည်။
အာရန်သည် သူ၏ လက်တစ်ဖက်တည်းဖြင့်ပင် နှလုံးသားဆီမှ ဟင်းလင်းပြင်ဂိတ်တံခါးကို အသက်သွင်းရန် အသုံးပြုလိုက်သော ကောင်းကင်နဂါးဘုရင်မ ၏ အသက်အဆီအနှစ်များကို ပြန်လည်စုတ်ယူလိုက်လေ၏။
အခြားလက်တစ်ဖက်ဖြင့် ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဉ်အား သူမ၏ဆန္ဒမပါဘဲ အသက်အဆီအနှစ်ဓာတ်အချို့ကို ပြန်လည် လွှဲပြောင်းပေးလိုက်သည်။
ထို့နောက် ပျောက်ကွယ်လုနီးပါးဖြစ်နေသော သူမ၏ ဝိညာဉ်သည် ပြန်လည်ကောင်းမွန်လာခဲ့ရသည်။
သူမသည် ပိုမိုထင်ရှားလာခဲ့ပြီး အာရန်နှင့် ပထမဆုံးတွေ့ဆုံခဲ့စဉ်က အခြေအနေသို့ ဖြည်းညှင်းစွာ ပြန်လည်ရောက်ရှိလာခဲ့၏။
သူမသည် အခြေအနေများပြန်လည် ကောင်းမွန်လာပြီးနောက် အာရန်သည် သူ၏လက်ကို နှလုံးသားဆီမှ ဖယ်ရှားလိုက်သည်။
ပထမဆုံးအကြိမ်အဖြစ် အာရန်သည် ထိုဝိညာဥ်အား စကားအနည်းငယ်ပြောလိုက်သည်။
“မင်းကို သွေးထွက်အောင် လုပ်ပေးမယ်...”
...
ဝိညာဉ်စွမ်းအားကို ပြန်လည်ယူဆောင်လိုက်သောကြောင့် နှလုံးသားသည် ပြန်လည် တည်ငြိမ်၍ အစောပိုင်းပြန်လည် ခုန်နေမှုများရပ်တံ့သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် ကွဲကြောင်းများလည်း ပြန်လည် ပျောက်ကွယ်သွားသဖြင့် နေရာသည်လည်း ပြန်လည်ကောင်းမွန်လာခဲ့၏။
အာရန်သည် ထိုနှလုံးသားကြီး၏ အနားရှိ မြေပြင်ပေါ်တွင် ၎င်းကို မှီလျက်သားအနေအထားဖြင့် ထိုင်နေခဲ့သည်။
အာရန်၏မျက်လုံးများသည် မှေးစင်းနေပြီး ငြိမ်းချမ်းစွာ အိပ်ပျော်နေသကဲ့သို့ပင်။
သို့သော် သူ၏အသက်ရှူနှုန်းသည် လွန်စွာ မြန်ဆန်နေပြီး သူ၏ ရင်ဘတ်အတွင်း၌ နှလုံးခုန်နှုန်းမှာလည်း အနည်းငယ်ပိုမို မြန်နေခဲ့သည်။
သူ့အသားအရေသည်လည်း ပုံမှန်ထက် ပိုမိုဖြူဖျော့နေသော်လည်း သူသည် ကောင်းမွန်စွာရှိနေဆဲပင် ဖြစ်၏။
သူ၏အဝတ်များသည် သွေးများဖြင့် စွန်းထင်းနေသော်လည်း ၎င်းသည် သူ၏ သွေးများ ဖြစ်နိုင်ပုံရပေ။
အထူးသဖြင့် သူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာတစ်ခုတစ်လေမျှပင် ရှိမနေခဲ့ခြင်းပင်။
အချိန်အနည်းငယ်ကြာပြီးနောက် အာရန်၏ မျက်ခွံများ အနည်းငယ်တုံယင်လာခဲ့သည်။
သူ၏ခန္ဓာကိုယ်သည် နာကျင်ကိုက်ခဲနေခဲ့ကာ ဖြည်းညှင်းစွာဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
အာရန်သည် သူ့ကိုယ်သူ အသက်ကြီး၍ ခါးနာနေသော အဘိုးအိုတစ်ဦးကဲ့သို့ ခံစားနေမိသည်။
သူ၏အမြင်များ ရှင်းလင်းလာသောအခါ သူ အမှန်တကယ် မည်သည့်နေရာတွင် ရောက်နေသည်ကို တွေးမိလိုက်သည်။
သူသည် ယာယီ ချိတ်စည်းဖြေအဆောင် ကို နောက်ဆုံးအကြိမ် အသုံးပြုခဲ့စဉ်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အိပ်မက်တစ်ခုကဲ့သို့ မြင်နိုင်ခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း အလားတူပင် ဖြစ်လေ၏။
သူသည် ကောင်းကင်နဂါးဘုရင်မ ၏ ဝိညာဉ်ကို ရိုက်နှက်နေသည့် အိပ်မက်တစ်ခုကို လည်းဝိုးတိုးဝါးတား မှတ်မိနေသေးသည်။
သူသည် ဒုတိယ၊ တတိယနှင့် စတုတ္ထအထပ်များကို ပြဿနာတစ်စုံတစ်ရာမရှိဘဲ လွယ်ကူစွာ သွားလာနိုင်ခဲ့သည်ကိုပင် မှတ်မိနေသေးသည်။
သူ ပဉ္စမအထပ်သို့ ရောက်လာသည့်အချိန်တွင်မှသာ အရာအားလုံးကို မမြင်နိုင်တော့ဘဲ သူ၏ အိပ်မက်သည် ထိုနေရာတွင် ဝိုးတိုးဝါးတားဖြင့် ပြီးဆုံးသွားသကဲ့သို့ ဖြစ်နေသည်။
ထူးဆန်းသောအကြောင်းပြချက်တစ်ခုကြောင့် ပဉ္စမအထပ်တွင် ဖြစ်ပျက်ခဲ့သည့်အရာများကို အလုံးစုံသူ မမှတ်မိနိုင်တော့ပေ။
ယခု သူ သတိပြန်ရလာသောကြောင့် ဤနေရာတွင် မည်သည့်အရာများဖြစ်ပွားခဲ့သည်ကို ခန့်မှန်းရန် သူ၏ပတ်ဝန်းကျင်ကို လေ့လာရန်ကျိုးစားလိုက်သည်။
သူပထမဆုံး သတိပြုမိသည်မှာ သွေးများဖြင့် စွန်းထင်းနေသော သူ၏ အဝတ်အစားများပင် ဖြစ်သည်။
သွေးသည် အဖြူရောင်ဖြစ်နေပြီး ဝိညာဉ်အဆီအနှစ်များဖြင့် ပြည့်နှက်နေသောကြောင့် ထိုသွေးသည် သူ၏ သွေးဖြစ်သည်ဟုလည်း မခံစားရပေ။
“ဒါက ကောင်းကင်နဂါးဘုရင်မ ရဲ့ ဝိညာဉ်သွေးများလား”
ထို့နောက် အာရန်သည် မကြာမီမှာပင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို သတိပြုမိလိုက်သည်။
သိပ်မဝေးသည့် နေရာတစ်ခုတွင် ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဉ်သည် အပိုင်းပိုင်းအစစဖြင့် တစစီဖြစ်နေသည်ကိုတွေ့လိုက်ရ၏။
သူမ၏ဝိညာဉ်သည် အသိရှိနေစဉ်နှင့် အရာအားလုံးကို ခံစားမိနိုင်နေစဉ်မှာပင် သူမအား တစ်စစီဆုတ်ဖြဲခဲ့ခြင်းကို မချိမဆန့် ခံစားခဲ့ရဟန်တူသည်။
သူမကို သွေးထွက်သည်အထိ ညှဉ်းပန်းနှိပ်စက်နေမှု ဖြစ်စဥ်ကို သူမအသိရှိနေစဥ်တွင် ကိုယ်တိုင် ဖြတ်သန်းခဲ့ရခြင်းဖြစ်၏။
နောက်ဆုံးတွင် သူမ ဝိညာဥ်၏ သိစိတ်တစ်ခုလုံး တစ်စစီပျက်စီးသွားခဲ့ကာ ဝိညာဉ် ၏ အကြွင်းအကျန်အချို့သာ ပျံ့ကျဲ၍ ကျန်ရစ်ခဲ့လေသည်။
ဝိညာဉ် အကြွင်းအကျန်များသည် အဖြူရောင်သွေးအိုင်အနီးတွင် ပျံ့နှံ့လျက် ရှိနေခဲ့သောကြောင့် သူမသည် လုံးဝသေဆုံးသွားခြင်းမဟုတ်ကြောင်း ရှင်းလင်းစွာ သိရှိနိုင်သည်။
သူမသည် အသက်ရှင်နေသေးသော်လည်း ၎င်းက သေသည်ထက်ပင် ပိုမို၍ ဆိုးရွားနေဟန်ပင်။
သူမသည် စိတ်ဝိညာဥ်တစ်ခုလုံး လုံးဝစိစိညှက်ညှက်ကျေအောင် ဖျက်ဆီးခံလိုက်ရခြင်းဖြစ်ကာ သူမတွင် မည်သည့်အသက်ဓာတ် သို့မဟုတ် စိတ်ခံစားမှုမှ ရှိမနေတော့ဘဲ လုံးဝဗလာကျင်းနေခဲ့သည်။
“ငါက ဒီဝိညာဉ်ကို ဘယ်လိုများ သွေးထွက်အောင် လုပ်ခဲ့တာလဲ” အာရန်သည် ဤအရာကို ယခုအချိန်ထိ ယုံကြည်ရန် ခက်ခဲနေဆဲပင်။
#Catfoot