သမုဒ္ဒရာ အုပ်စိုးသူ
Vol. 32 Ch. 464
...
အာရန်သည် ထိုဝိညာဉ်၏ အကြွင်းအကျန်များကို ပိုမိုနီးကပ်စွာ လေ့လာရန် ထရပ်လိုက်သော်လည်း နာကျင်မှုကြောင့် အနည်းငယ်ညီးညူမိလိုက်ရင်း ပြန်ထိုင်နေလိုက်ရသည်။
အာရန်သည် သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် ပြန်လည်သက်သာစေရန် ကုသဆေးလုံး တစ်လုံးကို ပြန်လည်သောက်လိုက်ပြီး အနည်းငယ်တည်ငြိမ်ရန် ပြန်ကျိုးစားလိုက်သည်။
[သင်သည် ရွေးချယ်မှုကို ပြီးမြောက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]
[သင့်ကို ပြန်လည်ရှင်သန်ခြင်းကျောက်တုံး(ထူးခြားအဆင့်) အား ဆုအဖြစ်ချီးမြှင့်လိုက်သည်]
[ကျေးဇူးပြု၍ ၎င်းကို သင့်လျော်စွာ အသုံးပြုပါ]
အာရန်တစ်ယောက် သတိပြန်လည်လာမည့်အချိန်ကို စောင့်နေသကဲ့သို့ စနစ်သည် သူ၏ ခေါင်းထဲသို့ သတိပေးချက်တစ်ခု ပို့လိုက်လေသည်။
ထို မရင်းနှီးသောပစ္စည်းအတွက် ဖော်ပြချက်တစ်ခုကိုလည်း ဖန်သားပြင်တစ်ခုဖြင့် သူ၏ ရှေ့တွင် ဆက်လက်ပွင့်လာခဲ့သည်။
ပစ္စည်းအမည်- ပြန်လည်ရှင်သန်ခြင်းကျောက်တုံး
အဆင့်- ထူးခြားအဆင့်
ဖော်ပြချက်- ဝိညာဉ်တစ်ခုသည် အပိုင်းအစငယ်လေးတစ်ခုမျှသာ ရှိနေပါစေ၊ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး လုံးဝဖျက်ဆီးခံရသည့်တိုင်အောင် နဂိုအတိုင်း တစ်ကြိမ် ပြန်လည်အသက်ရှင်လာစေနိုင်သည်။
ကန့်သတ်ချက်များ- ပြန်လည်ရှင်သန်လာသူသည် ယခင်အချိန်တွင်ရှိနေခဲ့သော စွမ်းအား၏ တစ်ဝက်ကို ဆုံးရှုံးသွားရလိမ့်မည်။
“လူတစ်ယောက်ကို လုံးဝဖျက်ဆီးခံရရင်တောင်မှ အသက်ပြန်သွင်းနိုင်တဲ့ ‘ပြန်လည်ရှင်သန်ခြင်းကျောက်တုံး’ ဟုတ်လား”
အာရန်သည် ထိုဖော်ပြချက်ကိုကြည့်ရင်း ဤအရာ၏ အသုံးဝင်မှုကြောင့် စိတ်ဝင်စားသွားမိသည်။
သူနှင့် ချိတ်ဆက်ထားခြင်းဖြစ်သောကြောင့် ဤကျောက်တုံးကို သူတစ်ယောက်သာ အသုံးပြုနိုင်မည်ဖြစ်သည်။
ထို့ကြောင့် သူသာ သေဆုံးသွားခဲ့ပါက သူ့ကိုယ်သူ အသက်ပြန်ရှင်လာအောင်တော့ လုပ်နိုင်မည်မဟုတ်ပေ။
သူ့အတွက်မူ ၎င်း၏ နာမည်ကို ပထမဆုံးကြားစဥ်ကကဲ့သို့ အသုံးဝင်ပုံတော့ မရချေ။
သို့သော်လည်း ဤကျောက်တုံးသည် သူ့ကိုယ်ပိုင်နည်းလမ်းများဖြင့် အတော်လေး အသုံးဝင်နေသေးကြောင်းကိုမူ လက်ခံရမည်သာဖြစ်၏။
သူ့ကိုယ်သူ အသက်ပြန်မသွင်းနိုင်စေကာမူ ၎င်းပစ္စည်းနှင့်အတူ သူလုပ်ဆောင်နိုင်သည့် မယုံကြည်နိုင်လောက်အောင် ကောင်းမွန်သည့်အရာများစွာ ရှိနေဆဲပင်ဖြစ်လေသည်။
ယခင်က ကောင်းကင်နဂါးဘုရင်မအား ဖျက်ဆီးခဲ့သူ၏ ဝိညာဉ်ကိုသာ သူရှာတွေ့နိုင်ပါက သူ့အား ပြန်လည်ခေါ်ဆောင်လာနိုင်မည် မဟုတ်ပါလော။
ဓားဧကရာဇ်ဆိုလျှင်ကော ၎င်းကို ကောင်းစွာအသုံးပြုရန်အတွက် ထိုသူတို့၏ ဝိညာဉ် အကြွင်းအကျန်အနည်းငယ်မျှကိုပင် သူရှာတွေ့နိုင်ပ့ါမလား မသေခြာနေသော်လည်း ၎င်းပစ္စည်းလေးသည် အသုံးဝင်နေဆဲပင်ဖြစ်၏။
သူတို့ကို အသက်ပြန်မသွင်းနိုင်စေကာမူ သူဘေးနားရှိ သူသံယောဇဥ်ရှိသူအချို့အား ကာကွယ်ရန် ၎င်းကို အသုံးပြုနိုင်သေးသည်။
ယခုရှေ့ရှိ မြေပြင်ပေါ်တွင် လုံးဝဖျက်ဆီးခံရလုနီးပါး ဖြစ်နေသော ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဥ် ကိုလည်း သူ အသက်ပြန်သွင်းနိုင်လေသည်။
သို့သော် ၎င်းသည် ကောင်းမွန်သော အကြံတစ်ခုမဟုတ်ကြောင်း သူခံစားမိလိုက်သည်။
ကောင်းကင်နဂါးဘုရင်မ ၏ ဝိညာဉ်သိစိတ်သည် လုံးဝကို တစ်စစီဖျက်ဆီးခံခဲ့ရခြင်း ဖြစ်လေသည်။
သူသည် ၎င်းကို အသက်ပြန်ရှင်လာအောင် စီမံနိုင်ခဲ့ရင်ပင် ၎င်း၏ သိစိတ်သည် ထိုအတိုင်း ပျက်စီးနေဦးမည်သာ ဖြစ်သည်။
ထိုစဥ်က ကြုံတွေ့ခဲ့ရသော အမှတ်ရစရာဖြစ်ရပ်များသည် သူမ၏စိတ်အတွင်း အပြည့်အစုံရှိနေဆဲဖြစ်မည် ဖြစ်သဖြင့် ထိုဝိညာဉ်၏ စိတ်ဒဏ်ရာကို ပြန်လည်ရှင်သန်ခြင်း တစ်ခုတည်းဖြင့် ကုစားနိုင်မည်မဟုတ်ပေ။
ထို့နောက်အနည်းငယ်သက်သာသွားသဖြင့် အာရန်သည် ထရပ်လိုက်ကာ ကောင်းကင်နဂါးဘုရင်မ ၏ ဝိညာဉ်အကြွင်းအကျန်များရှိရာဆီသို့ ချဉ်းကပ်သွားလိုက်သည်။
သူမသည် သူမဆီလာနေသော အာရန် ၏ခြေသံများကိုပင် မကြားနိုင်တော့သကဲ့သို့ သူ့ထံတွင်အာရုံလည်း ရှိမနေခဲ့ပေ။
အာရန်သည် ထိုဝိညာဉ်၏ အကြွင်းအကျန်အချို့ကို သူ၏ စနစ်သိုလှောင်ခန်း အတွင်းသို့ ဂရုတစိုက် ထည့်လိုက်သည်။
သူသည် ကောင်းကင်နဂါးဘုရင်မကို အသက်ပြန်မရှင်စေနိုင်သော်လည်း၊ အနာဂတ်တွင်မူ ၎င်းကို ကယ်တင်နိုင်ချေရှိနေလေသည်။
အကယ်၍ ထိုစိတ်ဒဏ်ရာကိုသာ ကုစားရန် နည်းလမ်းတစ်ခုခုကို ရှာဖွေနိုင်ခဲ့ပါက သူသည် သူမအပေါ်တွင် ၎င်းကို သေချာပေါက် အသုံးပြုနိုင်ပေလိမ့်မည်။
သူမ၏ ယခုအခြေအနေကြောင့် သူသည် စာနာစိတ်အချို့ပင် ဝင်သွားမိခဲ့သည်။
အမှန်တကယ်တွင် သူမသည် သူနှင့်မည်သည့်ရန်ညှိုးရန်စမှ မရှိခဲ့သည့်အပြင် သူမ၏ နှလုံးသားအတွက်သူသည် သူမအားရက်ရက်စက်စက်ပင် လုပ်မိခဲ့သလို ဖြစ်သွားခဲ့ရသည်။
“ယီလန်ဆီမှာ အဲဒီဝိညာဉ်ကို ပြန်လည်ကောင်းမွန်အောင် ကူညီပေးနိုင်တဲ့ နည်းလမ်းတစ်ခုခုတော့ ရှိနေကောင်းပါရဲ့”
ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဉ်ကို ထိုအတိုင်းအတာအထိရောက်အောင် သူဘာတွေများ လုပ်ခဲ့သနည်းဆိုသည်ကို အတော်လေး စူးစမ်းချင်နေမိခဲ့သည်။
သို့သော် ထိုဝိညာဉ်ကို ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးနိုင်သော သို့မဟုတ် ဤညှဉ်းပန်းနှိပ်စက်ခံရမှုများ၏ အမှတ်တရများကို ပြန်လည် ဖျက်ပစ်ပေးနိုင်သူ တစ်ဦးရှိမည်ဆိုပါကထိုသူမှာ ဝိညာဉ်ဘိုးဘေးဖြစ်သူ ယီလန်တစ်ဦးတည်းသာ ဖြစ်ပေလိမ့်မည်။
ကံမကောင်းစွာဖြင့် အာရန်သည် မသိရသောအင်အားတစ်ခု၏ အပြင်လောကနှင့် ဆက်သွယ်ချက်များကို တားမြစ်ခြင်းကြောင့် ဤ မြေအောက်ဂူ တွင် ယီလန်ကိုပင် ဆက်သွယ်၍ မရနိုင်ခဲ့ပေ။
ထို့ကြောင့် အာရန်သည် ယခုလောလောဆယ်အတွက်မူ သူသည် သူ၏ လက်ရှိအလုပ်အကိုင်ကိုသာ အာရုံစိုက်ထားရန်ဆုံးဖြတ်လိုက်သည်။
ထို့နောက် နောက်ပြန်လှည့်လိုက်ပြီး ကောင်းကင်နဂါးဘုရင်မ ၏ ဧရာမနှလုံးသားကြီးဆီသို့ ပြန်သွားလိုက်၏။
၎င်းသည် သူဤနေရာသို့ လာရောက်ခဲ့ရသည့် အဓိကအကြောင်းအရင်းလည်း ဖြစ်လေသည်။
ပင်လယ်နဂါးများအတွက်မူ ၎င်းသည် သူတို့ဘဝအတွက် အရေးအကြီးဆုံးအရာ ဖြစ်သည်။
၎င်းနှလုံးသားသည် ချိတ်စည်းကြောင့် အမြဲတမ်း ကန့်သတ်ခံထားရသော သူတို့၏ခွန်အားများကို မြှင့်တင်နိုင်ရန်အတွက် သူတို့၏ သွေးမျိုးဆက်များကို ချိတ်စည်း ဖြေပေးနိုင်သော တစ်ခုတည်းသော အရာလည်းဖြစ်နေသည်။
အာရန်အတွက်မူ ၎င်းတွင် လုံးဝကွဲပြားသော အသုံးဝင်မှုတစ်ခုရှိနေခဲ့သည်။
အာရန်သည် ကောင်းကင်နဂါးဘုရင်မ ၏ နှလုံးသားကို ဝါးမြိုခြင်းအစွမ်းဖြင့် ဝါးမြို လိုနေခဲ့ခြင်းဖြစ်၏။
၎င်းသည် သူ၏ခွန်အားကို တိုးမြှင့်နိုင်ရုံသာမက၊ သူ၏စွမ်းရည်များကိုပါ ပိုမို အားကောင်းလာစေနိုင်လိမ့်မည်ဖြစ်သည်။
ထို့နောက် အာရန်သည် ထိုနှလုံးသားဆီသို့ ချဉ်းကပ်သွားလိုက်ပြီး သူ့လက်ကို ထိုအပေါ်တွင် တင်ထားလိုက်သည်။
ထိုသို့ရိုးရှင်းစွာ ထိတွေ့လိုက်မိသည့် အချိန်မှာပင် ထိုအရာသည် မည်မျှ မယုံကြည်နိုင်လောက်အောင် ကောင်းမွန်သည်ကို သူခံစားနိုင်ခဲ့သည်။
နှလုံးသားသည် သူ၏ ထိတွေ့မှုအောက်တွင်ပင် စတင်တုန်ခါလာခဲ့သည်။
အာရန်သည် သူ၏ မျက်လုံးများကိုမှိတ်ထားလိုက်ပြီး ထိုနှလုံးသားမှ ထွက်ပေါ်လာသော စွမ်းအင်များကို အာရုံစိုက်နေလိုက်သည်။
တစ်ချိန်က ကောင်းကင်နဂါးဘုရင်မ၏ သွေးကြောများမှတစ်ဆင့် စီးဆင်းလာနေသော များပြားသည့် စွမ်းအားကို အာရန်တစ်ယောက် ခံစားမိလိုက်၏။
၎င်းသည် အလွန်အမင်းများပြားသောစွမ်းအားများဖြစ်နေသဖြင့် စိတ်လှုပ်ရှားစရာလည်း ကောင်းနေခဲ့သည်။
သူ၏ ဝါးမြိုသူ သွေးမျိုးဆက်မှာလည်း အနည်းငယ်လှုပ်လှုပ်ရွရွဖြစ်လာနေသည်ကို သူခံစားမိလိုက်သည်။
အာရန်၏ ဝါးမြိုသူ သွေးမျိုးဆက်သည် ကောင်းကင်နဂါးဘုရင်မ ၏ နှလုံးသားအရသာကို လိုလားနေရုံသာမက သူ၏ ကောင်းကင်နဂါးသွေးမျိုးဆက် သည်ပင် ၎င်းနှင့် ပေါင်းစည်းခြင်းဖြင့် ပိုမိုအားကောင်းလာစေရန် စိတ်လှုပ်ရှားနေပုံရလေ၏။
“ကောင်းကင်နဂါးဘုရင်မရဲ့ နှလုံးသားကို ဝါးမြိုလိုက်ရအောင်...” ဟု အာရန်တစ်ယောက် ရေရွတ်လိုက်သည်။
“ငါ့ကို စိတ်ပျက်အောင်တော့ မလုပ်ဖို့ မျှော်လင့်ပါတယ်”
အာရန်သည် ထိုကဲ့သို့ မယုံကြည်နိုင်လောက်သော ခွန်အားတစ်ခုအား သူ၏လက်ရှိ အင်အားဖြင့်အတင်းအကျပ် ဝါးမြိုရန် ကြိုးစားခြင်းသည် အလွန် အန္တရာယ်များကြောင်း သိရှိထားသည်။
သို့သော်လည်း ထိုအန္တရာယ်နှင့်အတူ ရလာမည့်ဆုလာဘ်များသည်လည်း လုံလောက်သည်ထက်ပင် ပိုနေသေးသည်။
ထို့နောက် အာရန်သည် နဂါးပုံစံ အဖြစ် ပြောင်းလဲရန် စတင်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်သည် ပိုမိုကြီးမားလာခဲ့သည်။
သူ၏ ခန္ဓာကိုယ်ကြီးလာသည်နှင့်အမျှ သူ၏ ပါးစပ်သည်လည်း ကြီးမားလာခဲ့သည်။ သူ၏သွားများသည်လည်း ပိုမို၍ ရှည်ထက်လာခဲ့၏။
အာရန်သည် သူ၏ မေးရိုးများကိုဖွင့်လိုက်ပြီး ယခင်က နဂါးများ ထဲတွင် အားအကောင်းဆုံးဖြစ်ခဲ့သော ကောင်းကင်နဂါးဘုရင်မ၏ နှလုံးသားကို စတင်ကိုက်လိုက်တော့သည်။
၎င်းသည် အရှင်သခင်များပင် မပေါ်ပေါက်ခဲ့သေးသော ခေတ်ကာလတစ်ခုတွင် သမုဒ္ဒရာကြီးတစ်ခုလုံးကို အုပ်စိုးခဲ့သည့် နဂါး တစ်ကောင်၏ နှလုံးသားဖြစ်လေသည်။
ထိုသူသည် နတ်ဘုရားများပင် ရန်စရန်မလိုလားသော အင်မတန် အားကောင်းသည့် အထွတ်အထိပ် အုပ်စိုးသူအရှင်တစ်ဦးဖြစ်ခဲ့လေသည်။
သို့သော်လည်း ထိုကဲ့သို့ မည်သူမျှရန်မစဝံ့သူတစ်ဦးပင် ရုတ်တရက်သေဆုံးသွားခဲ့ရလေသည်။
...
အာရန်သည် ထိုနှလုံးသားကို တစ်ကိုက်ပြီး တစ်ကိုက် ကိုက်နေခဲ့ပြီး ပင်လယ်နဂါး များ၏ ၎င်းတို့ သွေးမျိုးဆက်ကို ချိတ်စည်းဖြေရန် နောက်ဆုံးမျှော်လင့်ချက်တစ်ခုကို ဝါးမြိုနေခဲ့၏။
သူ၏ အတွင်းရှိ ကောင်းကင်နဂါးသွေးမျိုးဆက်သည် ပို၍ပင် သန့်စင်လာခဲ့ပြီး သူ၏ ဝါးမြိုသူသွေးမျိုးဆက်သည် ၎င်း သွေးမျိုးဆက်ကို ဝါးမြိုရန် ပုံမှန်ထက် ပိုမိုကြိုးစားနေရဟန်တူသည်။
အာရန်၏ နဂါးပုံစံ သည် တစ်စက္ကန့်စီတိုင်းတွင် ပိုမိုကြီးမားပြီး ပီပြင်လာခဲ့သည်။
ဝင်္ကဘာကို ဖွဲ့စည်းထားသော အနက်ရောင်အကြေးခွံများနည်းတူ အာရန်၏ အရေပြားပေါ်တွင်လည်း အလားတူအကြေးခွံများ ပေါ်လာခဲ့လေ၏။
ထို့နောက် အာရန်၏ကိုယ်ခန္ဓာ အများစုသည် အသစ်ထွက်ပေါ်လာသော နဂါးအကြေးခွံများ ဖုံးလွှမ်းသွားခဲ့တော့သည်။
သူ၏ခန္ဓာကိုယ်သည်လည်း မူလ အစစ်အမှန် ကောင်းကင်နဂါးနှင့် ပိုမိုနီးစပ်လာခဲ့တော့သည်။
[အဆင့် ၁+]
[အဆင့် ၁+]
[အဆင့် ၁+]
တစ်ခုပြီးတစ်ခု၊ သတိပေးချက်များလည်း အာရန်၏ ခေါင်းထဲတွင် ပဲ့တင်ထပ်နေသည်။
သို့သော် အာရန်သည် ထိုအရာကို အာရုံစိုက်ရန် အချိန်မရသေးပေ။
သူသည် အရသာရှိသော စားစရာတစ်ခုကဲ့သို့ ထိုနှလုံးသားကို ဝါးမြိုခြင်းဖြစ်စဥ်တွင် ပိုမိုနစ်မြောလျက်ရှိနေခဲ့သည်။
[သင့်သည် စွမ်းရည်အသစ်တစ်ခုကို လက်ခံရရှိလိုက်ပါသည်။
စွမ်ရည်အမည် - သမုဒ္ဒရာအုပ်စိုးသူ]
#Catfoot