← Chapters

အချိန်စီးကြောင်း၏ အပြင်ဘက်

Vol. 32 Ch. 454

အချိန်စီးကြောင်း၏ အပြင်ဘက်

Vol. 32 Ch. 454

…

“ကဲ မင်း အခု မေးခွန်းမေးတော့မှာလား ဒါမှမဟုတ် အရှေ့တိုက်အထိ မင်းကို ငါ ကလေးထိန်းတစ်ယောက်လိုထပ်ပီး လိုက်ပို့ပေးရဦးမှာလား”

စာရေးဆရာဆိုသူသည် သူ၏ စိတ်ရှည်ခြင်း အတိုင်းအတာကုန်ဆုံးသွားပြီဖြစ်သည်။

သူ့အား ဆင့်ခေါ်ထားသည်မှာ တစ်လကျော်ကြာနေပြီဖြစ်သော်လည်း ဤကမ္ဘာတွင်မူ အချိန်သည် တစ်စက္ကန့်မျှပင် မကုန်ဆုံးသေးပေ။

စာရေးဆရာဆိုသူသည် မိမိကိုယ်မိမိ ကလေးထိန်းတစ်ဦးကဲ့သို့ စတင်ခံစားနေရပြီဖြစ်၏။

“အဆင်ပြေပါတယ်။ ဒီနေရာက မြောက်ပိုင်းနယ်စပ်နဲ့ဆို အတော်လေး ဝေးနေပါပြီ”

အာရန်သည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ထိုင်နေရင်း သူမ၏လက်ထဲတွင် အသားတစ်စကို ကိုင်ထားဆဲဖြစ်သော ပင်လယ်နဂါးဧကရီရှေ့တွင် ရပ်လိုက်သည်။

အချိန်များ ရပ်တံ့မသွားမှီလေးတွင်ကမှ သူမသည် ၎င်းကို စားရန် ပြင်ဆင်နေခဲ့ဟန်တူ၏။

ဤမျှကြာမြင့်ပြီးနောက်တွင်ပင် ထိုအသားစ၏ နွေးထွေးမှုနှင့်အမွှေးရနံ့သည် လတ်ဆတ်နေဆဲဖြစ်ပြီး အာရန်၏ အာရုံများကိုပင် ဆွဲဆောင်နေလေသည်။

စာရေးဆရာဆိုသူသည် နောက်ဆုံးတွင်တော့ စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်နိုင်ခဲ့တော့သည်။

နောက်ဆုံးတွင် သူသည် ဤချာတိတ်၏ ကလေးထိန်းအဖြစ်မှ လွတ်မြောက်နိုင်တော့မည်ဖြစ်၏။

ဤခရီးစဉ်အတွင်း သူ မည်သည့်အရာများ ကြုံတွေ့ခဲ့ရသည်ကို သူကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။

ခရီးတစ်လျှောက်တွင် အာရန်သည် စကားပြောခြင်းအား တစ်ချက်ကလေးမျှပင် ရပ်တန့်ခဲ့ခြင်း မရှိပေ။

သူသည် စိတ်ကူးပေါ်လာတိုင်း ထထမေးခဲ့ပြီး ထိုမေးခွန်းကို အဖြေမပေးနိုင်လျှင် နောက်ထပ်မေးခွန်းတစ်ခု ချက်ခြင်းပြောင်း၍ မေးလေ့ရှိခဲ့၏။

အာရန်သည် မေးခွန်းအများစုကို ပြန်လည်အဖြေမရခဲ့သော်လည်း သူသည် လက်မလျှော့ခဲ့ပေ။

စာရေးဆရာဆိုသူသည် ရက်အတန်ကြာ စကားတစ်လုံးမျှ ထပ်မံ မပြောပဲနေခဲ့သော်လည်း ထိုလူငယ်သည် အားမလျော့ပဲ ဆက်တိုက်ပင် မေးမြန်းနေခဲ့လေသည်။

စာရေးဆရာသည် ထိုချာတိတ်အား အဖြေမရလျှင်ပင်ရှိပါစေ မေးနေရလျှင် ပြီးရောဆိုသည့် လူစားမျိုးလားဟုပင် တွေးမိလိုက်၏။

ထိုချာတိတ်သည် လမ်းတစ်လျှောက်တွင် သူ၏ ပျင်းရိနေမှုအား ဖြေဖျောက်ရန် ထိုကဲ့သို့မေးမြန်းခြင်းအား နည်းလမ်းတစ်ခုအနေဖြင့် အသုံးပြုနေဟန်ပင်တူလေသည်။

စာရေးဆရာအတွက် အဆိုးဝါးဆုံးအပိုင်းမှာ သူပြန် မဖြေခဲ့သည့်တိုင် အာရန်သည် သူ ၏ အနည်းငယ်မျှသော တုံ့ပြန်မှုအမှားအယွင်းများကို ကြည့်၍ အဖြေကို ခန့်မှန်းနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

သူက မေးခွန်းတစ်ခုမှာ အန္တရာယ်ကင်းသည်ဟု ယူဆမိကာဖြေလိုက်မိသည်နှင့် ထောင်ချောက်တစ်ခုထဲသို့ ကျရောက်သွားပြီး အာရန်သည် အဖြေများကို ရရှိသွားခဲ့သည့် အခိုက်အတန့်များလည်း ကြုံခဲ့ရလေသည်။

ကံကောင်းစွာဖြင့် ၎င်းသည် မကြာခဏတော့ မဖြစ်ခဲ့ပေ။

မဟုတ်ပါက သူသည် ရူးသွပ်သွားနှင့်ပြီး ဖြစ်ပေလိမ့်မည်။

ဤခရီးစဉ်အတွင်း သူသည် အာရန်၏စိတ်မှာ မည်မျှ ရှုပ်ထွေးပြီးခန့်မှန်းရခက်သည်ကို သိရှိသွားခဲ့သည်။

လူငယ်တစ်ဦးသည် ဤမျှမေးခွန်းများစွာကို မည်သို့စဥ့်စားမိနိုင်ရသနည်းဟု သူပင် မတွေးတတ်တော့ပေ။

အာရန်သည် ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ မေးခွန်းမျိုးကို ထပ်မံမမေးမိစေရန်သာ သူသည် တိတ်တိတ်လေးကြိတ်၍ ဆုတောင်းရတော့၏။

ပြီးခဲ့သည့်အကြိမ်က မေးခွန်းသည် သူ၏ ဖြစ်တည်မှုတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်မိလုနီးပါး ဖြစ်သွားခဲ့ရသည်မဟုတ်ပါလော...။

“မျှော်စင်သခင်ရဲ့ အားနည်းချက်အကြောင်း သိချင်တာလား။ ဒါမှမဟုတ် မင်းအတွက် ဆုံးရှုံးမှုအနည်းဆုံးနဲ့ တခြား အရှင်သခင်တွေကို အနိုင်ယူဖို့ နည်းလမ်းတွေအကြောင်း သိချင်တာလား”

စာရေးဆရာဆိုသူသည် အာရန်အား သူ့အတွက် စိုးရိမ်စရာမလိုဘဲ လွယ်ကူစွာ ဖြေပေးနိုင်သည့် မေးခွန်းများဘက်သို့ ဦးတည်သွားစေရန် အရိပ်အမြွက်အချို့ပေးရန် မမေ့ခဲ့ပေ။

ပြီးခဲ့သည့်အကြိမ်ကနှင့်မတူဘဲ သူသည် အာရန်၏ သမရိုးကျမဟုတ်သော မေးခွန်းအချို့ကို အနည်းငယ်စိုးထိတ်နေဟန်ရ၏။

အာရန်သည် မေးခွန်းဘောက်ချာကို သူ၏လက်ထဲတွင် ကိုင်ထားလိုက်ပြီး အသုံးပြုမည့် မေးခွန်းအတွက် ဘောက်ချာ၏ ဒုတိယအဆင့်ကို အသက်သွင်းလိုက်လေသည်။

“ခင်ဗျားကို ကျုပ်မေးချင်တဲ့ မေးခွန်းတစ်ခုပဲ ရှိပါတယ်။ ဒါက ခင်ဗျားလို ပုဂ္ဂိုလ်တွေအတွက် အရေးမပါပုံရပေမယ့် ကျုပ်အတွက်တော့ တကယ့်ကို အရေးကြီးလွန်းပါတယ်”

အာရန်က သူ မေးတော့မည့်မေးခွန်းကို တွေးရင်း အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။

စာရေးဆရာဆိုသူသည် အာရန်၏ စကားပလ္လင်ခံခြင်းကြောင့် အလွန်အမင်း စိုးရိမ်ပူပန်လာမိသည်။

ထိုချာတိတ်မှ အရေးမပါဟု ပြောသောအရာတိုင်းသည် အမြဲတမ်း ပို၍ကြီးမားသော ရှုပ်ထွေးမှုတစ်ခုမဟုတ်တစ်ခုနှင့် ဆက်စပ်နေတတ်သည်မဟုတ်ပါလော...။

“ယီလန်က ကျုပ်ကို အရင်က တွေ့ဖူးတယ်လို့ ပြောခဲ့တယ်” အာရန်သည် စာရေးဆရာဆိုသူအား စတင်၍ မေးလိုက်သည်။

“မြောက်ပိုင်းတိုက်ကြီးမှာ နစ်ခရိုမန်ဆာမျှော်စင် မပေါ်‌ပေါက်လာခင် ခေတ်ကာလတစ်ခုကတည်းက သူမ ကသေဆုံးသွားခဲ့ပြီး ဒါမှမဟုတ် တစ်နေရာရာမှာ ချိတ်ပိတ်ခံထားခဲ့ရပြီး ဖြစ်တယ်လို့ သိထားရတယ်”

“တစ်ဖက်မှာတော့ ရန် နစ်ခရိုလိုင်းက နစ်ခရိုမန်ဆာမျှော်စင်ပေါ်လာပြီးမှ မွေးဖွားလာခဲ့တဲ့သူပါ။ သူက သူရဲ့ အမြွှာညီအစ်ကိုကိုတောင် မွေးပြီး နှစ်အနည်းငယ်အကြာမှာ ပြန်သတ်ခဲ့တယ်လို့လည်း သိထားရတယ်။ ဒါကြောင့် ကျုပ်မေးချင်တဲ့ မေးခွန်းက ရိုးရှင်းပါတယ်”

“ယီလန်က ရန် နစ်ခရိုလိုင်းတစ်ယောက် မမွေးဖွားလာခင် ခေတ်တစ်ခေတ် ကတည်းက သေဆုံးသွားခဲ့တာမို့ သူတို့ ဘယ်လိုလုပ် တွေ့ဆုံနိုင်ခဲ့တာလဲ”

အာရန်သည် ထိုကဲ့သို့ တူညီသောမေးခွန်းမျိုးကိုပင် ယီလန်အား မေးခဲ့ဘူးသော်လည်း အဖြေကို သူသိခွင့်မရခဲ့ပေ။

သူမ၏ဝိညာဉ်တွင်၌ သူမအား ထိုအရာကို အဖြေမပေးနိုင်အောင် တားဆီးထားသော ချိတ်စည်းခပ်နှိပ်ခြင်းကဲ့သို့အရာမျိုး ရှိနေပုံရလေသည်။

ထိုချိတ်ပိတ်မှုသည် အလွန်သက်ရောက်မှု အားကောင်းလွန်းသောကြောင့် သူမသည် သူ့အတွက် ထိုအဖြေကို စာရွက်နှင့်ပင် ချရေးပြနိုင်ခဲ့ခြင်းမရှိပေ။

“မင်း ဒီလိုမျိုး မေးခွန်းမျိုးနဲ့ လာလိမ့်မယ်ဆိုတာ ငါ ခန့်မှန်းမိသားပဲ” စာရေးဆရာဆိုသူသည် သူ၏စိတ်ပျက်မှုကို ထိန်းချုပ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

“မင်းက ဖေး လိုမျိုး ဘာလို့ ရိုးရှင်းတဲ့မေးခွန်းတွေကို မမေးနိုင်ရတာလဲကွာ”

စာရေးဆရာဆိုသူသည် သူ၏ နားထင်ကြောများကို ပြန်ပွတ်သပ်လိုက်ရင်း ဤကမ္ဘာ၏ ဥပဒေများအရ သူ့အား ဖျက်ဆီးမပစ်ဘဲ ထိုမေးခွန်းကို ပြန်ဖြေနိုင်မည့် အဖြေတစ်ခုကို အလျှင်အမြန်ပင် စဥ့်စားနေဟန်ရ၏။

စာရေးဆရာဆိုသူသည် အာရန်၏တောင်းဆိုမှုအရ ဆင်းသက်စဥ်တွင် မေးခွန်းဘောက်ချာ၏ ကန့်သတ်ချက်နှင့် ကမ္ဘာ့ဥပဒေများ၏ ကန့်သတ်ချက်ကြားတွင် အလွန်သတိထား၍ ဖြေဆိုရသော ဘေးကျပ်နံကျပ်အခြေအနေမျိုး ကြုံတွေ့ခဲ့ရဘူးလေသည်။

အာရန်၏မေးခွန်းသည် ပုံမှန်ကြည့်မည်ဆိုလျှင် ရိုးရှင်းပုံရသော်လည်း ၎င်းတွင် ဤကမ္ဘာ၏ ထိတ်တန်းလျှို့ဝှက်ချက်ကြီးများကိုပင် ဖွင့်ထုတ်ပစ်နိုင်သည့် အလွှာများပါဝင်နေလေသည်။

“သူက ရိုးရှင်းတဲ့မေးခွန်းတွေပဲ မေးနေခဲ့တဲ့အတွက် အစောကြီး သေသွားခဲ့ရတာ မဟုတ်ဘူးလား” အာရန်သည် စာရေးဆရာ၏ စကားများကို အလေးအနက်မထားဟန်ဖြင့် ပြန်ပြောလိုက်၏။

သူ့တွင် စာရေးဆရာအား မေးချင်သည့် မေးခွန်းများစွာ ရှိနေပြီး အထူးသဖြင့် မျှော်စင်သခင်၏ အားနည်းချက် သို့မဟုတ် တခြား အရှင်သခင်များအကြောင်းကိုပင် မေးမြန်းနိုင်လေသည်။

ထို့ပြင် ငရဲသို့ ဘေးကင်းစွာ ဝင်ရောက်နိုင်မည့် နည်းလမ်းတစ်ခုကိုပင် မေးမြန်းချင်နေခဲ့သော်လည်း နောက်ဆုံးတွင် ထိုမေးခွန်းများသည် သူ့အတွက် လုံလောက်မှုရှိသောအရာများ ဟုတ်မနေခဲ့ပေ။

ဖေးသည် မိစ္ဆာဂိုဏ်းချုပ် ဖန်းယုအား အောင်နိုင်ရန် နည်းလမ်းများကို မေးခဲ့မိရာ စာရေးဆရာဆိုသူက သူ့အား အဖြေတစ်ခုဖြင့် လမ်းညွှန်ပေးခဲ့သည်။

နောက်ဆုံးတွင် ထိုအရာက ဖေးအား အာရန်ဆီသို့ ဦးတည်စေခဲ့ပြီး ၎င်းက သူ၏အစီအစဉ်ကို မအောင်မမြင်သာဖြစ်စေခဲ့လေသည်။

ထိုစဥ်ကဖေးသည် ထိုကဲ့သို့ မေးခွန်းကိုသာ မမေးမိခဲ့ပါက ပို၍အသက်ရှည်စွာ နေထိုင်နိုင်ခဲ့ပေလိမ့်မည်။

သို့မဟုတ် အခြားကမ္ဘာကူးပြောင်းလာသူများ၏ တည်ရှိနေမှုအကြောင်းကိုသာ အာရန်မေးခဲ့သကဲ့သို့ မေးခဲ့မိပါက သူသည် ပို၍ကောင်းမွန်သော ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့မိပေလိမ့်မည်။

ဤကမ္ဘာတွင် ကိုယ်အလိုရှိသည့် အရာတစ်ခုအတွက် လမ်းဖြတ်နည်းတစ်ခု သိရှိထားရုံဖြင့် မပြောင်းလဲနိုင်သည့် ကိစ္စများစွာရှိနေခဲ့ပြီး ၎င်းတို့ကို မေးမြန်းခြင်းထက် ရေရှည်အတွက် ထည့်သွင်းစဉ်းစားရန် ပို၍အရေးကြီးသည့် အရာများစွာ ရှိနေကြလေသည်။

စာရေးဆရာဆိုသူသည် သူ့အနေဖြင့် ဤမေးခွန်းကို မရှောင်လွှဲနိုင်တော့ကြောင်း သိလိုက်ရ၏။

အထူးသဖြင့် သံကြိုးများသည် သူ၏ခန္ဓာကိုယ် ပတ်လည်တွင် စတင် ပုံပေါ်လာပြီဖြစ်သောကြောင့်ပင်တည်း။

“အချိန်ဆိုတာ မင်း တွေးထားသလိုမျိုး ရိုးရှင်းတာတော့ မဟုတ်ဘူး။ အထူးသဖြင့် ဒီကမ္ဘာမှာပေ့ါ။ အဲ့ဒီမှာ သွေဖယ်ခြင်းလို့ ခေါ်တဲ့ဖြစ်စဥ်တွေရှိနေတယ်။ ပုံမှန် အစီအစဉ်တကျတည်ရှိမှုတွေကို ဆန့်ကျင်တဲ့ ဖြစ်စဥ်တွေဆိုပါတော့” စာရေးဆရာဆိုသူက ဖြေးဖြေးချင်း ပြန်ဖြေလိုက်သည်။

“ကျုပ်ရဲ့ သွေဖယ်ခြင်းသွေးမျိုးဆက်လိုမျိုးလား ရန် နစ်ခရိုလိုင်းက ဒီ သွေးမျိုးဆက်ကို အသက်သွင်းနိုင်ခဲ့ပြီးသားလို့ ဆိုလိုနေတာလား။ ဒါဆို အခု ကျုပ်ဆီမှာကျ အဲ့ဒီသွေးမျိုးဆက်က ဘာလို့ နိုးထမလာနိုင်သေးတာလဲ”

“ငါ့အဖြေ မဆုံးသေးဘူး”

စာရေးဆရာဆိုသူသည် အာရန်၏ စူးစမ်းလိုစိတ်ကို ကြားဖြတ်၍ ဝင်ပြောလိုက်သည်။

“မင်းရဲ့ သွေဖယ်ခြင်းသွေးမျိုးဆက်နဲ့ ငါ ပြောနေတဲ့ သွေဖယ်ခြင်းဖြစ်စဥ်က မတူညီတဲ့အရာ နှစ်ခုပဲ။ မင်း ပိုင်ဆိုင်ထားတဲ့ သွေးမျိုးဆက်က ခုငါပြောနေတာနဲ့ ဘာမှမဆိုင်ဘူး”

“အချို့သော အခြေအနေတွေမှာပေ့ါ” စာရေးဆရာဆိုသူက ဆက်ပြောသည်။

“အချို့သော ပုဂ္ဂိုလ်တွေဟာ အချိန်ရဲ့ ပုံမှန်စီးဆင်းမှုအပြင်ဘက်မှာ ရှိနေတတ်ကြတယ်။ သူတို့က ပုံမှန်လူတွေ မရောက်ရှိသင့်တဲ့နေရာတွေကို ရောက်ရှိနိုင်စွမ်း ရှိကြပြီး မတူညီတဲ့ ခေတ်ကာလတွေကိုတောင် သွားရောက် ထိတွေ့နိုင်စွမ်းရှိကြတယ်”

#Catfoot

All Chapters