← Chapters

ပျောက်နေသူ

Vol. 34 Ch. 502

ပျောက်နေသူ

Vol. 34 Ch. 502

ဂိုဏ်းချုပ်၏ အူတူတူအမူအရာကြောင့် လုယန် ပို၍စဉ်းစားရကြပ်သွားသည်။

ဂိုဏ်းချုပ် မျက်မှောင်ကျုံ့နေသည်။

"ထာဝရအရှင်ဆိုတာ ကျုပ်တို့ကိုးကွယ်တဲ့ နတ်ဘုရားပါ။ ဒါပေမယ့် ခင်ဗျားပြောပုံက သူကဒီမှာ ကျုပ်တို့နဲ့အတူရှိနေသလိုပါလား"

"ဟုတ်တယ်လေ၊ ခင်ဗျား ထာဝရအရှင်ကို ပြန်အသက်သွင်းတယ်။ သူက ဝိညာဉ်ပဲရှိပြီး ရုပ်ခန္ဓာမရှိတော့ သင့်တော်တဲ့ အသုံးချခန္ဓာကိုယ်လိုအပ်တယ်။ ခင်ဗျားက အခြေတည်အဆင့်တပည့်သစ်တွေ ထာဝရဂိုဏ်းမှာ စုစည်းပြီး ပြိုင်ပွဲလုပ်တယ်။ ကျုပ်က အနိုင်ရတယ်။ ခင်ဗျားလမ်းညွှန်မှုကြောင့် ထာဝရအရှင်နဲ့ ကျုပ်တွေ့ခဲ့တာ။

ပြီးတော့ ကျုပ်သိစိတ်နယ်မြေမှာ ထာဝရအရှင် ရိုက်နှက်ခံရတယ်။ အမယွမ်က တော်ဝင်ရုံးတော်နဲ့ ဆက်သွယ်ပြီး ခင်ဗျားတို့ထာဝရဂိုဏ်းတစ်ခုလုံးကို ဖြိုခွင်းတယ်။ ခင်ဗျားနဲ့ တစ်ခြားလူတစ်ချို့ကို အမယွမ်က သရဲဝိညာဉ်ဘဝပြောင်းခဲ့တာ"

လုယန်ပြောလေလေ ဂိုဏ်းချုပ်နဖူးကြောများ ပိုရှုံ့လာလေဖြစ်သည်။ ထိုကိစ္စမျိုးကို လုယန်လိမ်ညာစရာအကြောင်းမရှိ။ သူ့မှတ်ဉာဏ်မှား၍ သို့မဟုတ် ကိုယ့်မှတ်ဉာဏ်မှား၍သာဖြစ်မည်။

ဂိုဏ်းချုပ်က လျိုနှင့်ကောင်းကိုခေါ်ပြီး ထာဝရအရှင် လောကတွင် ပေါ်လာခဲ့ခြင်းရှိမရှိ အတည်ပြုသည်။

အကင်ဆရာနှစ်ယောက်နှင့် သရဲမသုံးယောက်က ထာဝရအရှင်ကို မမြင်ဖူးကြောင်း ငြင်းဆိုကြသည်။

"ကျုပ်မှတ်မိသလောက်တော့ မသေမျိုးဂိုဏ်း အခြေတည်အဆင့်တပည့်ရွေးချယ်ပွဲဟာ ဂိုဏ်းအင်အားအတွက် လူငယ်ပါရမီရှင်တွေကို ရွေးချယ်ဖို့ပါ။ အဲဒီပြိုင်ပွဲမှာ မိတ်ဆွေလုနိုင်တာမှန်တယ်။ ကျုပ်ဆုပေးဖို့ပြင်နေတုန်းမှာ တော်ဝင်နန်းတော်က အတင်းဝင်စီးပြီး ကျုပ်တို့အားလုံးကို ဖမ်းဆီးခဲ့တယ်။ ပြီးတော့ ယွမ်ကျိက ကျုပ်တို့ပြစ်မှုတွေကို စီရင်တဲ့အနေနဲ့ ကျုပ်တို့ကို ဝိညာဉ်အဖြစ် သန့်စင်လိုက်တယ်။

ဒီဖြစ်စဉ်တစ်ခုလုံးမှာ ဘာထာဝရအရှင်မှ မပါပါဘူး။

"ဒါဆိုဘာလို့ အသားကင်ဆိုင်ခွဲတွေ တိုက်နယ်တစ်ခုလုံးဖြန့်ဖို့ ခင်ဗျားဘာလို့ကျုပ်ကို အမြဲပြောခဲ့တာလဲ။ အဲဒါ ထာဝရအရှင် ချမှတ်ခဲ့တဲ့ ရည်မှန်းချက်မဟုတ်ဘူးလား"

ဂိုဏ်းချုပ် ငြင်းပြန်သည်။

"မဟုတ်ပါဘူး။ အဲဒါ ကျုပ်စိတ်ကူးပါ။ ကျုပ်တို့ဒီမှာ အလကားအချိန်ဖြုန်းမယ့်အစား ရည်ရွယ်ချက်တစ်ခုရှိတာ ပိုကောင်းတယ်လို့ ထင်လို့ပါ။ ဒါကြောင့် တာအိုရှင်လုယန်ကို ဆိုင်ခွဲဖွင့်ဖို့ အကူအညီတောင်းခဲ့တာ။ နောက်တော့ မိတ်ဆွေလုက ကိုးငရဲဂိုဏ်းနဲ့တွေ့ပြီး ကျုပ်တို့ကို ဆိုင်ခွဲဖွင့်ဖို့ ကူညီခဲ့တာလေ"

လုယန် နောက်ထပ်သက်သေတစ်ခု ချပြဖို့စည်းဏားသည်။

"ခင်ဗျားတို့ရဲ့ ထာဝရအရှင်ရုပ်ထုကရော ဘာလို့ရှိနေတာလဲ။ ရုပ်ထုကလည်း မပီပြင်ဘူး။ ယောက်ျားမိန်းမတောင် ခွဲမရဘူး။ ထာဝရအရှင်ပေါ်လာတော့ ရုပ်ထုတွေအားလုံးကို သူနဲ့ပုံစံတူဖြစ်အောင်လုပ်ခဲ့တယ်။ ရာဇဝတ်ဥပဒေကျမ်းကိုင်ထားတဲ့ ပုံမျိုးလုပ်ခဲ့တယ်လေ"

"အဲလိုမဟုတ်ပါဘူး။ တစ်နေ့ ကျုပ်ကျင့်ကြံနေတုန်း ထာဝရအရှင် ကျုပ်ဆီလျှောက်လာတာ ဝိုးတဝါးမြင်လိုက်တယ်။ ဥပဒေစာအုပ်တစ်အုပ်ကိုင်ထားတယ်။ ကျုပ်တို့လုပ်နေတာကောင်းတယ်၊ မကြာခင် သူမွေးဖွားလာတော့မယ်လို့ သူပြောတယ်။ ကျုပ်နိုးလာတော့ ဒါဟာ နတ်ဘုရားအရိပ်အမြွက်ပြတာပဲလို ကျုပ်နားလည်တယ်။ ဒါကြောင့် ရုပ်ထုတွေအားလုံးကို ပုံစံတူဖြစ်အောင် ပြောင်းခဲ့တာပါ။ ဒါပေမယ့် အဲဒီ့မရောက်ခင် မိတ်ဆွေလုတို့နဲ့ တော်ဝင်နန်းတော်က ကျုပ်တို့ထာဝရဂိုဏ်းကို ဖြိုခွင်းခဲ့တယ်လေ"

ထာဝရအရှင်သည် အသားကင်ဆိုင်တွင် မကြာခဏပေါ်လာသည်။ ဈေးလမ်းမှလူအားလုံး သူ့သရုပ်မှန်ကို မသိကြသော်လည်း သူ့ကိုမြင်ဖူးကြသည်။

ဆိုင်သို့ပုံမှန်လာသည့် ဂိုဏ်းတူအကိုအမများကိုလည်း လုယန်မေးကြည့်သည်။ အားလုံးက ထာဝရအရှင်ကို မမြင်ဖူးကြောင်းပြောကြသည်။

"ထာဝရအရှင်ဆိုတာ တကယ်မရှိဘူးလား"

လှည့်ပတ်မေးမြန်းပြီးနောက် လုယန် ကိုယ့်မှတ်ဉာဏ်ကို သံသယဝင်လာသည်။ တစ်ယောက်ယောက်က မှတ်ဉာဏ်တုတစ်ခု သူ့ခေါင်းထဲထည့်ထားသည်ဟု ထင်လာသည်။

"နတ်မယ်။ ထပါဦး။ ပြဿနာတစ်ခုတက်ပြီ"

လုယန် အိပ်ပျော်နေသည့်နတ်မယ်ကို လှုပ်နှိုးသည်။

ပွဲတော်ပြီးဆုံးပြီးနောက် စိတ်ရောကိုယ်ပါ ပင်ပန်းသည်ဟုပြော၍ ထာဝရနတ်မယ် သိစိတ်နယ်မြေတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သည်။

ဘာကြောင့် သူထိုမျှခြေကုန်လက်ပမ်းကျသွားသည်ကို လုယန် နားမလည်ဖြစ်ရသည်။ ပွဲတော်တလျှောက်လုံး နတ်မယ်သည် သူနှင့်အတူ သရုပ်ဆောင်ခဲ့ရုံသာရှိသည်။

"ဘာလဲ"

နတ်မယ် မသဲမကွဲညည်းညူရင်း လေသံတိုးသွားသည်။

မျက်လုံးကို အတင်းကြိုးစားဖွင့်၍ လုယန်ကိုကြည့်သည်။ ထို့နောက် တစ်ဘက်သို့လှည့်၍ ပြန်အိပ်သည်။

"ငါနည်းနည်းထပ်အိပ်ချင်သေးတယ်..."

ထိုသို့ပြောပြီး သူမျက်လုံးပြန်မှိတ်သည်။

"ထာဝရအရှင် ပျောက်နေတယ်"

"ဘယ်လို၊ တတိယခေါင်းဆောင်ပျောက်နေတယ်..ဟုတ်လား"

နတ်မယ် ငေါက်ခနဲထထိုင်သည်။ ထာဝရမျိုးဆက်တွင် အဖွဲ့ဝင်သုံးယောက်ရှိသည်။ သူသည် ပထမခေါင်းဆောင်၊ လုယန်သည် ဒုတိယ၊ ထာဝရအရှင်သည် တတိယဖြစ်သည်။ အာလုံးပေါင်း ပျမ်းမျှကျင့်စဉ်စွမ်းအားက မသေမျိုးတစ်ဝက်အဆင့်ရှိသည်။ သူတို့အင်အားက အလွန်တောင့်တင်းသည်။ ယခု တစ်ယောက်ပျောက်နေသည်။

သူတို့၏ ပျမ်းမျှကျင့်စဉ်စွမ်းအားက မသေမျိုးတစ်ဝက်အဆင့် ရှိနေဆဲဟုသတ်မှတ်နိုင်သေးသည်။

တတိယခေါင်းဆောင်သည် သိပ်အရေးမကြီးလှ။

"နေပါဦး..သူဘယ်လိုပျောက်သွားတာလဲ"

နတ်မယ်အမူအရာကြောင့် လုယန်စိတ်သက်သာရာရသွားသည်။ သူ့မှတ်ဉာဏ်မမှားကြောင်း သေချာသွားသည်။ သူနှင့်ထာဝရနတ်မယ်မှလွဲ၍ အားလုံး၏ခေါင်းထဲမှ ထာဝရအရှင်၏ မှတ်ဉာဏ်ကို ပြောင်းလဲထားခြင်းဖြစ်သည်။

လုယန် သူသိထားသမျှ အသေးစိတ်ရှင်းပြသည်။

"စိတ်ဝင်စားစရာပဲ။ ဒါက ကံကြမ္မာမှော်ပညာစွမ်းအားဖြစ်လိမ့်မယ်။ ဒါပေမယ့် ဒီလှည့်ကွက်မျိုးက ငါ့အတွက် ဘာမှမပြောပလောက်ပါဘူး။ ငါကာကွယ်ပေးနေရင် နင့်အပေါ်လည်း မသက်ရောက်နိုင်ဘူး"

"ကံကြမ္မာမှော်ပညာ..."

ကံကြမ္မာအယူအဆသည် အသိခက်သည်။ လုယန်၏လက်ရှိအဆင့်ဖြင့် နားလည်ဖို့မလိုအပ်သေး။

"လူတစ်ယောက် မွေးလာချိန်ကစလို့...အင်း မဟုတ်ဘူး... လူတစ်ယောက် အမိဝမ်းထဲမှာ သန္ဓေတည်ချိန်ကစလို့ လောကနဲ့ ဆက်သွယ်မှုတွေ ဖြစ်လာတယ်"

ပိုရှင်းလင်းစေရန် နတ်မယ်က စာရွက်လွတ်ပေါ်တါင် စက်ဝိုင်းတစ်ခု ဆွဲပြသည်။

"ဒီစက်ဝန်းက နင်မွေးဖွားတဲ့အချိန်ကို ကိုယ်စားပြုတယ်"

ထိုစက်ဝိုင်းနှင့် မနီးမဝေးတွင် ‌နောက်ထပ်စက်ဝိုင်းတစ်ခုဆွဲသည်။

"ဒါက တစ်ခြားလူတစ်ယောက်ပေါ့"

စက်ဝိုင်းနှစ်ခုကို မျဉ်းတစ်ကြောင်းဖြင့်ဆက်သွယ်သည်။

"နင်မွေးပြီးတဲ့အချိန်မှာ တစ်ယောက်ယောက်က နင့်ကိုမြင်မယ်ဆိုရင် ကံကြမ္မာဆက်သွယ်မှုတစ်ခု တည်ဆောက်တာပဲ။ နင်သူ့ကိုမြင်တဲ့အချိ နင်တို့နှစ်ယောက်ကြားမှာ ကံကြမ္မာဆက်သွယ်မှုတစ်ခု ဖြစ်တာတယ်။

နင်တို့နှစ်ယောက်က လူစိမ်းတွေဆိုရင် ကံကြမ္မာဆက်သွယ်မှုက ခပ်ဝါးဝါးပဲ။ သူတို့ကနင့်ကို အလွယ်တကူမေ့သွားမယ်။ အဲလိုဆို ကံကြမ္မာနှောင်ကြိုးလည်း ပျောက်သွားမယ်။

ဒါပေမယ့် နင်က နတ်စွမ်းအားနဲ့မွေးလာပြီး သူတို့ခြေထောက်ကို ရိုက်ချိုးလိုက်မယ်ဆိုရင် သူတို့နင့်ကို မေ့တော့မှာမဟုတ်ဘူး။ ကံကြမ္မာဆက်သွယ်မှု နက်ရှိုင်းလာမယ်"

စက်ဝိုင်းနှစ်ခုကြားမှ မျဉ်းကြောင်းကို ထင်ရှားလာအောင် နောက်ထပ်အရောင်တင်သည်။

"နင်ကြီးပြင်းလာတာနဲ့အမျှ ဆက်ဆံရတဲ့လူ ပိုများလာမယ်။ လောကနဲ့ဆက်သွယ်တဲ့ ကံကြမ္မာကြိုးတွေ ပိုများလာမယ်။

နင့်ငယ်သူငယ်ချင်းတွေ၊ ဂိုဏ်းတူတပည့်တွေ၊ တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲတွေအားလုံးဟာ နင်နဲ့ ခိုင်မာတဲ့ကံဆက်သွယ်မှုရှိကြတယ်။

ကျင့်ကြံသူတစ်ချို့က ကံကြမ္မာဆက်သွယ်မှုတွေကိုရှောင်နိုင်အောင် တံခါးပိတ်ကျင့်ဖို့ ရွေးချယ်ကြတယ်။ ကံနှောင်ဖွဲ့မှုများရင် ကျင့်စဉ်လမ်းမှာ အဟန်အ့တားဖြစ်နိုင်တယ်။

အားလုံးက နင့်အကြောင်းမေ့သွားတဲ့အချိန်မှာ အဲဒီ့ကံကြမ္မာနှောင်ကြိုးအားလုံး ပျောက်သွားတယ်။ အခုတတိယခေါင်းဆောင် ရင်ဆိုင်နေရတာ အဲလိုအခြေအနေမျိုးပဲ"

လုယန် အရင်က သတိမထားမိ။ သို့သော် ယခု သူနားလည်လာသည်။ နတ်မယ်ရောက်လာချိန်က သူနှင့်ဆက်ဆံခဲ့သူ လူအနည်းငယ်မျှသာရှိသည်။

ထာဝရအရှင်သည် ထာဝရဂိုဏ်း၏ထိပ်တန်းဂိုဏ်းဝင်များနှင့် အရင်ဆုံး ဆက်သွယ်ခဲ့သည်။ ထို့နောက် လုယန်၊ နတ်မယ်၊ ယွမ်ကျိတို့နှင့် ဆက်သွယ်သည်။ ထို့နောက် တာအိုလမ်းစဉ်ဂိုဏ်းသို့ သူရောက်လာပြီး ဈေးလမ်းမှလူများ၊ တာအိုလမ်းစည်ဂိုဏ်းတပည့်များနှင့် ဆက်ဆံသည်။

ထိုအဆက်အသွယ်အားလုံးကို ဖြတ်တောက်၍ မှတ်ဉာဏ်များ အစားထိုးလိုက်လျှင် ထိုလူသည် လောကနှင့် အဆက်အသွယ်လုံးဝပြတ်သွားလိမ့်မည်။

"တတိယခေါင်းဆောင်ရဲ့ ကျင့်စဉ်စွမ်းအားနဲံ လူအားလုံး သူ့အကြောင်း လုံးဝမေ့သွားတာကို စဉ်းစားကြည့်ရင် ငါသိထားတဲ့ ကံကြမ္မာမှော်ပညာမျိုးလောက်နဲ့ ဒီလိုမလုပ်နိုင်ဘူး။ နင်တို့ခေတ်မှာ ပိုစွမ်းအားကြီးတဲ့ ကံကြမ္မာမှော်ပညာမျိုး ရှိနေလို့ ဒါမှမဟုတ် ကံကြမ္မာနဲ့ပတ်သက်တဲ့ အရိယဖလသန္ဓေကို တစ်ယောက်ယောက်က ကျင့်ကြံထားလို့ပဲ"

********************************

All Chapters