ဆယ်ရက်ကြာ ပေါက်ကွဲခဲ့သူ
Vol. 34 Ch. 503
"ကံကြမ္မာနှောင်ကြိုးများလွန်းရင် ကျင့်ကြံမှုကို ထိခိုက်သလား"
"ပြောရခက်တယ်။ ငါတော့အဲလိုမထင်ဘူး။ ဒါပေမယ့် လူအများစုကတော့ ထိခိုက်လိမ့်မယ်"
နတ်မယ် ပုခုံးတွန့်ပြသည်။ သူ့အမြင်များက အမြဲတမ်း စံသတ်မှတ်ချက်မှ သွေဖည်နေသည်။
"မသေမျိုးမတွေမှာ မေ့လျော့စေတဲ့ ဗီဇစွမ်းရည်မျိုးရှိတာ နင်မှတ်မိလား။ အဲဒါနဲ့ နည်းနည်းဆင်တူပဲ"
နတ်မယ်စကားကြောင့် လုယန် သဘောပေါက်သွားသည်။ မသေမျိုးများ၏ ဗီဇစွမ်းရည်သည် ကံကြမ္မာနှောင်ကြိးဖြတ်တောက်ခြင်းသဘောပင်ဖြစ်သည်။
"မသေမျိုးဗီဇစွမ်းရည်...ဒါက ကံကြမ္မာဆက်သွယ်မှုတွေကို ဖြတ်တောက်တာလား"
"ဒါပေါ့။ ယင်ထန်မသေမျိုးနဲ့တစ်ခြားလူတွေက ကံကြမ္မာအဆက်အသွယ်အားလုံးကို ဖြတ်တောက်မှ ကျင့်စဉ်ပိုတိုးတက်မယ်လို့ ယုံကြည်ကြတယ်။ ဒါပေမယ့် ငါကတော့ အဲလိုမထင်ဘူး။ ကံကြမ္မာဆက်သွယ်မှုများလေ ကျင့်စဉ်မြင့်လေလို့ပဲ ယုံကြည်တယ်"
"ကျင့်စဉ်တိုးတက်တယ်ပေါ့...မသေမျိုးတွေက နောက်ထပ်တိုးတက်နိုင်သေးလို့လား"
လုယန် မယုံနိုင်အောင်ဖြစ်သွားသည်။
"ငါတို့ အရိယဖလငါးခုကိုသုံးပြီး တွက်ချက်ကြည့်တယ်။ အဲဒါက သဘောတရားအရတော့ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဘယ်သူမှ မအောင်မြင်ဘူး။ တကယ်ရနိုင်မရနိုင်ဆိုတာလည်း ဘယ်သူမှမသိဘူး။ ကိုးဆမသေမျိုးက ပထမဆုံးမသေချိုးဖြစ်ခဲ့တာ။
အနည်းဆုံးတော့ ငါတို့ငါးယောက်ထဲမှာ နောက်ထပ်တိုးတက်အောင် တစ်ယောက်မှ မလုပ်နိုင်ခဲ့ဘူး။ ငါတို့ထက်အရင်ခေတ်မှာလည်း တစ်ယောက်မှမရှိဘူး။
'မသေမျိုးတွေရဲ့ဗီဇစွမ်းရည်'ဆိုတာ ယင်ထန်တို့ သတ်မှတ်ထားတဲ့ အသုံးအနှုံးပါ။ သူတို့က မသေမျိုးတွေ အရင်ဖြစ်နှင့်ကြတာ။ သူတို့ အရိယဖလတည်ဆောက်တော့ မေ့လျော့စေတဲ့စွမ်းရည်ကို ရွေးချယ်ခဲ့တယ်။
ငါ့ကို ဘာမှအကြံမတောင်းဘဲ မသေမျိုးဗီဇစွမ်းရည်လို နာမည်ပေးလိုက်တယ်။
ငါက နောက်ဆုံးမှ မသေမျိုးဖြစ်ခဲ့တယ်။ မေ့လျော့စေတဲ့စွမ်းရည်ကို မရွေးချယ်ခဲ့ဘူး။ ဒါကြောင့်ငါ့မှာ မသေမျိုးဗီဇစွမ်းရည်ဆိုတာ မရှိဘူး"
"ဒါဆို မသေမျိုးတွေရဲ့ဗီဇစွမ်းရည်ဆိုတာ မသေမျိုးတွေအတွက် မရှိမဖြစ်လိုအပ်တာမျိုးမဟုတ်ဘဲ ရွေးချယ်မှုနဲ့ပဲ ဆိုင်တယ်ပေါ့"
"မှန်တယ်။ နိုင်ငံ့ကံကြမ္မာစွမ်းအားကိုကိုင်ထားတဲ့ ဟိုမသေမျိုးကိုကြည့်လေ။ သူလည်း မေလျော့မှုဗီဇစွမ်းရည်ကို ရွေးချယ်ခဲ့တာပဲ။
ဒါပေမယ့် သူ့အရိယဖလက နိုင်ငံ့ကံကြမ္မာစွမ်းအားနဲ့ ဆက်စပ်နေတယ်မဟုတ်လား။ သူ့မှာ ဘယ်သူမှမယှဉ်နိုင်တဲ့ လေးလံတဲ့ကံကြမ္မာဆက်သွယ်မှုမျိုးရှိတယ်။ ဒီလမ်းကြောင်းကို သူဘာလို့ရွေးချယ်တာလဲ
ရိုးရှင်းပါတယ်။ သူနောက်ထပ် တိုးတက်မှုရချင်လို့ပေါ့။ အချိန်တန်လာရင် ကံကြမ္မာနှောင်ကြိုးတွေဆက်ခံမယ့်လူကို အစားထိုးလိုက်ရုံပဲလေ။
တတိယခေါင်းဆောင်ရဲ့ မူလရုပ်ထုကြောင့် တတိယခေါင်းဆောင် ဖြစ်တည်လာတဲ့လို့ ပြောခဲ့တယ်မဟုတ်လား။ တတိယခေါင်းဆောင်နဲ့ သူ့ရုပ်ထုကြားမှာ ကံကြမ္မာဆက်သွယ်မှုရှိတယ်။ အခု အဲဒါကို ထာဝရဂိုဏ်းချုပ်ရဲ့ စိတ်ကူးအိပ်မက်နဲ့ အစားထိုးလိုက်ပြီ။ ဂိုဏ်းချုပ်နဲ့ရုပ်ထုကြားမှာ ကံကြမ္မာဆက်သွယ်မှုတွေ ဖန်တီးလိုက်တဲ့သဘောပဲ။
တတိယခေါင်းဆောင်က အသားကင်ဆိုင်လုပ်ငန်းကို တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဖို့ ရည်မှန်းထားတယ်။ အသားကင်ဆိုင်နဲ့ပတ်သက်တဲ့ လုပ်ရပ်အားလုံးဟာ ဒီရည်မှန်းချက်အတွက်ပဲ။
ဒီတော့ တတိယခေါင်းဆောင်နဲ့ နောက်ဆက်တွဲလုပ်ဆောင်မှုတွေအားလုံးကြားမှာ ကံကြမ္မာဆက်သွယ်မှုတွေဖြစ်လာတယ်။ အခုအဲဒါတွေအားလုံးကို ထာဝရဂိုဏ်းချုပ်ရဲ့ ရည်မှန်းချက်အဖြစ်ပြောင်းလိုက်တယ်။ ကံကြမ္မာဆက်သွယ်မှုအားလုံးကို ဂိုဏ်းချုပ်က ဆက်ခံလိုက်ရတဲ့သဘောပဲ"
ဒါကို ကံကြမ္မာဆက်ခံသူအစားထိုးတယ်လို့ခေါ်တယ်။ အစားထိုးတယ်ဆိုတာ မေ့ပျောက်မှုပုံစံတစ်မျိုးပဲ"
လုယန် ရေးတေးတေးသဘောပေါက်လာသည်။ သို့သော် နတ်မယ်ပြောသွားသည့် အချက်အလက်များက များလွန်းသည်။ ဘယ်ကစ၍ ပြန်သုံးသပ်ရမည်မသိ။
"ကဲပါ။ လောလောဆယ် ဒါတွေထားလိုက်ဦး။ တတိယခေါင်းဆောင်ကို အရင်ကယ်ကြတာပေါ့"
"ဘယ်လိုကယ်မှာလဲ"
လုယန် တွေးရခက်သွားသည်။ ထာဝရအရှင် ဘယ်ရောက်နေမှန်းပင်မသိသေး။
နတ်မယ်က တင်ပါးပေါ်လက်ထောက်၍ လုယန်ကို အမိန့်ပေးသည်။
"ရှောင်ယွမ်ကိုသွားခေါ်လိုက်။ ဘာလို့ လက်အောက်ခံတပည့်က အလုပ်မလုပ်ဘဲ ဂိုဏ်းချုပ်က အားလုံးကို လိုက်လုပ်နေရမှာလား"
ယာယီဂိုဏ်းချုပ်၏ အမိန့်ကြောင့် လုယန်မတတ်သာပဲ အမယွမ်နှင့်တွေ့ရန် အကျဉ်းထောင်တောင်ထိပ်သို့ သွားရသည်။
ယွမ်ကျိက ယင်ယန်အရှင်ကို စစ်ဆေးမေးမြေန်းနေသည်။
လုယန် ရောက်သွားချိန်တွင် ယွမ်ကျိက ယင်ယန်အရှင်ကို ကြာပွတ်ဖြင့်ရိုက်နေသည်။ ယင်ယန်အရှင်သည် အဘိုးကြီးတစ်ယောက်ပုံမျိုးရှိနေသော်လည်း သူ့ခန္ဓာကိုယ်က မာကျောသည်။ နာကျင်မှုကြောင့် အော်ဟစ်သည်။ သို့သော် ရိုက်ချက်ကြောင့် သေလုမျောပါးအနေအထားမျိုး ဖြစ်မလာ။
"ရှောင်လု၊ ကိစ္စရှိလို့လား"
ယွမ်ကျိရပ်သွားသည်။ ကြာပွတ်က လေထဲတွင်အသံတစ်ချက်မြည်၍ အပိုင်းသုံးပိုင်းအဖြစ် ပြန်ခေါက်သွားပြီး လက်ထဲတွင် သက်တောင့်သက်သာကိုင်ထားသည်။
"ဒီလိုပါ..."
လုယန် ကြုံတွေ့ခဲ့မျှအခြေအနေနှင့် နတ်မယ့်၏သုံးသပ်ချက်များအကြောင်း ရှင်းပြလိုက်သည်။
ဘေးမှနားထောင်နေသည့် ယင်ယန်အရှင် ရင်ထိတ်သွားသည်။ နိုင်ငံ့ဆရာ၏ အရိယဖလသန္ဓေအမျိုးအစားကို သူတစ်သက်လုံးလျှို့ဝှက်လေ့လာခဲ့သည့်တိုင် ခွဲခြားမသိနိုင်ခဲ့။ ဤလူများက ဘာကြောင့် စကားလုံးအနည်းငယ်ဖြင့် ဆုံးဖြတ်နိုင်သနည်း။
သူတို့စကားအရ တာအိုလမ်းစဉ်ဂိုဏ်းတွင်လည်း မသေမျိုးတစ်ဝက်အဆင့်တစ်ယောက် ရှိပုံရသည်။ ထာဝရအရှင်က ထိုလူနှင့် တိုက်ခိုက်နေခြင်းဖြစ်မည်။
ဤမစ်ရှင်အတွက် ပစ်မှတ်ထားခဲ့သည့် လုယန်က ရွှေသန္ဓေအဆင့်နှင့် ဘာကြောင့် ထိုအကြောင်းများကို သိနေရသနည်း။
တာအိုလမ်းစဉ်ဂိုဏ်းသည် ဘယ်လိုနေရာမှန်းမသိ။
"နတ်မယ်၊ အပြင်ထွက်ခဲ့ပါဦး"
ယွမ်ကျိက အရယ်အပြုံးကင်းသည့်မျက်နှာဖြင့် နတ်မယ်ကို ခေါ်ထုတ်သည်။ ယွမ်ကျိကိုမြင်သည်နှင့် ထာဝရနတ်မယ်က အပြစ်လုပ်ထားသည့်ကလေးတစ်ယောက်လို နောက်သို့ကျုံ့သွားသည်။
သို့သော် သူရုတ်တရက် တွေးမိလာသည်။ သူသည်ယာယီဂိုဏ်းချုပ်ဖြစ်သည်။ ဘယ်သူ့ကို ကြောက်နေရမည်နည်း။
ဦးညွှတ်အရိုအသေပြုနေသည့် နတ်မယ်ကို ယွမ်ကျိ တည်ငြိမ်စွာကြည့်သည်။
"ကျွန်မရှင့်ကို ပြောပြီးသားပါ။ လုယန်က ငယ်သေးတယ် ကျင့်စဉ်စွမ်းအား မလုံလောက်သေးဘူး။ မသေမျိုးနဲ့ အရိယဖလတွေရဲ့ကိစ္စဟာ သူနဲ့ အလှမ်းဝေးလွန်းတယ်။
သူရည်မှန်းချက်လွန်ကဲပြီး ကျင့်စဉ်လမ်းထိခိုက်တာမျိုးမဖြစ်အောင် ဒီလိုကိစ္စတွေကို သူနဲ့မဆွေးနွေးပါနဲ့။ ဒီတစ်ခါ ရှင်ပြောလိုက်တာ အရမ်းများလွန်းတယ်"
"ငါ့အမှားပါ"
နတ်မယ်သူ့အမှားသူ ဝန်ခံသည်။ ယာယီဂိုဏ်းချုပ်ဖြစ်၍ အလိုက်အထိုက် ကြည့်ပြောတယ်သည်။
"ကံကြမ္မာကြီုးဖျက်ဆီးခံထားရတဲ့ ထာဝရအရှင်ကို နတ်မယ် ဘယ်လိုရှာဖွေဖို့ တွေးထားလဲ"
ထာဝရအရှင်၏ဖြစ်တည်မှုကို ယွမ်ကျိမမေ့ပါ။
"ဟား...တစ်ခြားလူတွေတော့ ရှာဖို့ခက်ချင်ခက်မယ်။ တတိယခေါင်းဆောင်ကိုရှာဖို့တော့ လွယ်ပါတယ်"
နတ်မယ်ဝင့်ကြွားစွာပြုံးလိုက်သည်။ သူ့အရိယဖလသူ ယုံကြည်သည်။ လုယန်ကို အသားကင်ဆိုင်မှ ထာဝရအရှင်ရုပ်ထု သွားယူခိုင်းသည်။ ထို့နောက် ထာဝရအရှင်၏ ဘွဲ့နှင့်နာမည်ကို ရွတ်ဆိုလိုက်သည်။
"အရှက်မရှိ..ထာဝရအရှင်..
......
ယာယီဖန်တီးထားသည့် လေဟာနယ်တစ်ခုတွင် သဏ္ဍာန်နှစ်ခု အသက်ကိုမောပန်းစွာ ရှူရှိုက်နေကြသည်။
"သူတကယ်ရင်ဆိုင်က ခက်တာပဲ။ ဒီလူရဲ့ အရိယဖလသန္ဓေက ဘာလဲ"
ထာဝရဂိုဏ်းဝင်တို့၏ မှတ်ဉာဏ်အားလုံးပိုင်ဆိုင်ထားသည့် ထာဝရအရှင်၏ အသိဗဟုသုတက များပြားကျယ်ပြန့်သည်။ သို့သော် ဤအဆင့်တိုက်ပွဲမျိုး သူဘာမှမသိ။ နိုင်ငံ့ဆရာ၏ အရိယဖလသန္ဓေအမျိုးအစားကို သူမမှန်းဆနိုင်သေး။
ဆယ်ရက်ကြာ ကိုယ့်ကိုယ်ကို အဆက်မပြတ်ဖောက်ခွဲခဲ့သဖြင့် ထာဝရအရိယဖလသန္ဓေပင် မခံနိုင်တော့။
ပြည့်စုံသည့် ထာဝရအရိယဖလဆိုလျှင် ဘယ်နှကြိမ်ဖောက်ခွဲသည်ဖြစ်စေ ကိစ္စမရှိ။ သို့သော် ထာဝရအရှင်၏ အရိယဖလသန္ဓေဖြစ်တည်ခဲ့သည်မှာ နှစ်ဝက်ခန့်သာရှိသေးသည်။ ပြည့်စုံသည့်အဆင့်ရောက်ဖို့ အဝေးကြီးလိုသေးသည်။
လွန်ခဲ့သည့် နှစ်ထောင်ချီကတည်းက ကံကြမ္မာအရိယဖလသန္ဓေတည်ဆောက်ထားသည့် နိုင်ငံ့ဆရာနှင့် တန်းတူတိုက်ခိုက်နိုင်ဖို့ဆိုသည်မှာ ပေါ့သေးသေးကိစ္စမဟုတ်။
ထာဝရအရှင် အခြေအနေဆိုးသည်။ သို့သော် နိုင်ငံ့ဆရာက သူ့ထက်ပိုဆိုးသည်။ ပြီးခဲ့သည့်ဆယ်ရက်အတွင်း သူ့ခန္ဓာကိုယ် ဘယ်နှစ်ကြိမ် ပေါက်ကွဲခဲ့သည်မသိတော့။ သူ့ခန္ဓာကိုယ်တွင် ဘယ်အစိတ်အပိုင်းမှ အကောင်းပကတိ မကျန်တော့။
ထာဝရအရှင်ထက် ပိုစွမ်းအားကြီးသည့် ပြိုင်ဘက်များနှင့် သူကြုံတွေ့ဖူးသည်။ သို့သော် ယခုလောက်တော့ လုံးဝဒုက္ခမများခဲ့။
တစ်ဝက်တစ်ပျက်တွင် ထွက်ပြေးဖို့ သူတွေးမိခဲ့သည်။ သို့သော် သူကိုယ်ရောင်ဖျောက်၍ ကံကြမ္မာကြိုးဖြတ်ဖို့ကြိုးစားတိုင်း ထိုလူက သူ့ဘာသာဖောက်ခွဲသည် လေဟာနယ်တုန်ခါသွားသည်။ လေဟာနယအက်ကြောင်း လုံးဝဖန်တီး၍မရ။
"အတော်ကံဆိုးတာပဲ။ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ကာကွယ်သူအစစ်နဲ့ တည့်တည့်တိုးတယ်"
စိတ်အတော်တည်ငြိမ်သည့် သူ့လိုလူပင် ကျိန်ဆဲမိသည်။
"ကာကွယ်သူအစစ်တဲ့လား။ ငါဒီဂိုဏ်းကိုရောက်တာ ခြောက်လပဲရှိသေးတာပါ"
"ခြောက်လ..ဟုတ်လား။ မင်းလို စွမ်းအားမြင့်မသေမျိုးတစ်ဝက်တစ်ယောက်က ဒီလိုနေရာကျဉ်းကျဉ်းလေးမှာနေတယ်ပေါ့။ ဒီမှာနေတာ ဘာအကျိုးရှိမှာလဲ။ ငါမှားသွားတယ်။ ငါမင်းကို မတိုက်ခိုက်ခဲ့သင့်ဘူး။ ဒီလိုလုပ်ပါလား။
ငါတို့ချင်း အရင်က မသိခဲ့ကြဘူး။ ဒါပေမယ့် အခုတော့သိသွားပြီ။ မင်းမှာ သွားစရာနေရာမရှိရင် မဟာယုကို လာလို့ရပါတယ်။ မင်းရဲ့ရုပ်ခန္ဓာ ပြန်တည်ဆောက်နိုင်အောင် ကူညီနိုင်တဲ့နည်းလမ်း ငါ့မှာရှိတယ်"
ထာဝရအရှင်ကို ရုပ်ခန္ဓာတည်ဆောက်ဖို့ ဤနေရာတွင်နေသည်ဟု သူယူဆသည်။ သို့ဆိုလျှင် သူတို့ အသေအကြေတိုက်ခိုက်နေစရာ အကြောင်းမရှိ။ အတူပူးပေါင်းနိုင်သည်။
ထာဝရအရှင်က နိုင်ငံ့ဆရာကို ခပ်တင်းတင်းကြည့်သည်။ အတော်ကောက်ကျစ်ယုတ်မာသူဟု ယူဆသည်။
"ငါက အကျဉ်းသားပါ။ မင်းက ငါ့ကိုထွက်ပြေးဖို့ လှုံ့ဆော်နေတယ်ပေါ့"
"အကျဉ်းသား..."
နိုင်ငံ့ဆရာ ထိတ်လန့်သွားသည်။ ဘယ်လိုလူက မသေမျိုးတစ်ဝက်အဆင့်ကို အကျဉ်းချထားနိုင်သနည်း။
ရုတ်တရက် ထာဝရအရှင်မျက်နှာ ကျောက်ရုပ်လိုဖြစ်သွားသည်။ ထို့နောက် နှုတ်ခမ်းတွင် အပြုံးတစ်ပွင့်ပေါ်လာသည်။ ပထမခေါင်းဆောင် သူ့ကိုခေါ်နေသည်ကို အာရုံခံမိသည်။
နိုင်ငံ့ဆရာ အာရုံထွေပြားနေချိန်ကို အခွင့်ကောင်းယူ၍ ချက်ချင်းလှုပ်ရှားသည်။ နိုင်ငံ့ဆရာကို သူတင်းကြပ်စွာဖမ်းဆွဲထားသည်။
နိုင်ငံ့ဆရာစိတ်ထဲတွင် ကျိတ်ဆဲလိုက်သည်။ သူဒုက္ခရောက်တော့မည်ကို နားလည်သည်။ ထာဝရအရှင်က သူ့ကိုအငိုက်ဖမ်း၍ အနီးကပ်ခန္ဓာကိုယ်ဖောက်ခွဲတော့မည်။
အစောပိုင်းက ထာဝရအရှင် ခန္ဓာကိုယ်ဖောက်ခွဲတိုင်း ကံကြမ္မာအရိယဖလစွမ်းအားဖြင့် ဝေးဝေးခွာ၍နေနိုင်ခဲ့သည်။
အနီးကပ်သုံးလေးကြိမ်ဖောက်ခွဲခံရလျှင် အစောကြီးကတည်းက သူသေပြီးဖြစ်မည်။
သို့သော် ထာဝရအရှင်က ခန္ဓာကိုယ်ဖောက်ခွဲခြင်းမဟုတ်။ သူ့နောက်ဘက်တွင် လေဟာနယ်တံခါးတစ်ခုပေါ်လာသည်။ နိုင်ငံဆရာကိုဆွဲ၍ ခြေတစ်လှမ်းဆုတ်လိုက်သည်။
ဘုန်း
မသေမျိုးတစ်ဝက်အဆင့်နှစ်ယောက် အကျဉ်းထောင်တောင်ထိပ်သို့ ပြိုင်တူကျလာသည်။
အေးစက်စက်မျက်နှာပိုင်ရှင် ယွမ်ကျိနှင့် သွားဖြဲရယ်နေသည့် ထာဝရနတ်မယ်ကိုကြည့်၍ နိုင်ငံ့ဆရာ မင်သက်မိနေသည်။
****************************************