← Chapters

တို့သုံးယောက်

Vol. 34 Ch. 504

တို့သုံးယောက်

Vol. 34 Ch. 504

နိုင်ငံ့ဆရာ မင်သက်မိနေသည်။ ထာဝရအရှင်နှင့်အတူ ယာယီလေဟာနယ်တစ်ခု တည်ဆောက်ခဲ့သည်။ သူ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ လေဟာနယ်ကို မဖွင့်နိုင်သင့်။

သို့သော်ယခု ထာဝရအရှင်ကသူ့ကို လေဟာနယ်ထဲမှ အတင်းဆွဲထုတ်လာသည်။

အရိယဖလန္ဓေ၏စွမ်းရည်လားမသိ။

ထိုတစ်ခုသာ ဖြစ်နိုင်စရာရှိသည်။

ယင်ယန်အရှင်လည်း နည်းနည်းအံ့အားသင့်သွားသည်။ ရုတ်တရက်ပေါ်လာသူသည် နိုင်ငံ့ဆရာနှင့် ရုပ်ချင်းဆင်သည်။ သို့သော် မျက်နှာတွင် အညိုအမည်းဒဏ်ရာများပြည့်နေသဖြင့် သူမှတ်မိသည့် နိုင်ငံ့ဆရာပုံစံနှင့် များစွာကွာခြားနေသည်။

လုယန် ထာဝရနတ်မယ်နှင့် ယွမ်ကျိတို့ကို မြင်သည်နှင့် ထာဝရအရှင် အတိတ်ကအကြောက်တရားကို ခံစားလိုက်ရသည်။ သူ့ဝိညာဉ် အနည်းငယ်နာကျင်လာသည်။

သို့သော်သူသည် လုယန်တို့ဘက်မှလူဖြစ်ကြေင်း ချက်ချင်းပြန်သတိရလာသည်။ အရှိုက်ခံရမည့်လူက နိုင်ငံ့ဆရာဖြစ်သည်။

"ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်၊ အခုခင်ဗျားတို့ကျုပ်ကို လာကယ်ကြပြီပေါ့"

ထာဝရအရှင် ဝမ်းနည်းပက်လက် ငိုသည်။ ဤဆယ်ရက်အတွင်း နိုင်ငံ့ဆရာနှင့် တိုက်ခိုက်ခဲ့ရသည်က အတော်ဆိုးဝါးသည်။ သူ့အရိယဖလသန္ဓေ နွမ်းခြောက်သွားသည်။ သူ့ဝိညာဉ် သိသိသာသာမှေးမှိန်သွားသည်။ ပြန်လည်အားဖြည့်ဖို့ ခက်ခဲသည်။

ပုံမှန်အားဖြင့် ထာဝရဂိုဏ်းချုပ်တို့လူစုက သူပျောက်သွားသည်ကို သတိထားမိပြီး သူ့ဘွဲ့ထူးနှင့်နာမည်ကို ရုပ်ထုရှေ့တွင် အော်ခေါ်လျှင် ယာယီလေဟာနယ်မှ သူထွက်နိုင်ခဲ့လောက်သည်။ သို့သော် ဆယ်ရက်ကြာအောင်စောင့်ခဲ့သော်လည်း ဂိုဏ်းချုပ်ခေါ်သံကို မကြားရ။

နိုင်ငံ့ဆရာ၏ဖြစ်တည်မှုကို သူမေ့ပျောက်သွားအောင် နိုင်ငံ့ဆရာက လုပ်နိုင်သည်။ ထို့ကြောင့် ထာဝရဂိုဏ်းချုပ်တို့လူစု သူ့ဖြစ်တည်မှုကို မေ့ပျောက်သွားအောင် နိုင်ငံ့ဆရာက လုပ်နိုင်လိမ့်မည်ဟု သူသုံးသပ်မိသည်။

"နင့်ကိုယ်နင် ပြန်ကြည့်စမ်းဦး။ ရှက်စရာကောင်းလိုက်တာ။ ဆယ်ရက်ကြာတာတောင် အနိုင်မယူနိုင်ဘူး"

ငိုနေသည့် ထာဝရအရှင်ကို နတ်မယ်က စက်ဆုပ်ရွံရှာဟန်ဖြင့်ကြည့်၍ ဘေးသို့ခြေသုံးလှမ်းခွာသွားသည်။

လက်ချောင်းတစ်ချက် ဖျတ်ခနဲခါပြီး မှေးမှိန်သွားသည့် တတိယခေါင်းဆောင်၏ဝိညာဉ်ကို ပြန်အားဖြည့်ပေးသည်။ မူလအခြေအနေရောက်အောင် ပြန်ထိန်းသိမ်းပေးသည်။

နွမ်းခြောက်သွားသည့် အရိယဖလသန္ဓေလည်း ပြန်လည်ပြည့်ဝလာသည်။

"ဆိုင်ကိုပြန်ပြီး ကောင်းကောင်းလေ့ကျင့်ပါ။ ငါ့အရိယဖလဟာ ခန္ဓာကိုယ်ဖောက်ခွဲဖို့ပဲ အသုံးဝင်တာမဟုတ်ဘူး"

ဖောက်ခွဲမှုအတွေ့အကြုံကြွယ်ဝသည့် ထာဝရနတ်မယ်က ထာဝရအရှင်နှင့် နိုင်ငံ့ဆရာ၏ ဆိုးဝါးသည့်အခြေအနေကိုကြည့်၍ အဆက်မပြတ်ခန္ဓာကိုယ်ဖောက်ခွဲမှု၏ ရလာဒ်ဖြစ်ကြောင်း အတပ်သိသည်။

"ဟုတ်ကဲ့"

"အဲလိုမှပေါ့။ အခု နောက်မှသွားရပ်နေ"

ထာဝရအရှင် ထာဝရနတ်မယ်နှင့်လုယန်တို့၏နောက်သို့ ခပ်ရို့ရို့လျှောက်သွားသည်။

ထာဝရနတ်မယ်နှင့် လုယန်၏နောက်တွင် တိုင်လုံးတစ်ခုနှင့်တွဲချည်ထားသည့် ယင်ယန်အရှင် ရှိနေသည်။

"အကို၊ ဘာလို့ဒီလောက်ဆိုးဆိုးဝါးဝါး အရိုက်ခံခဲ့ရတာလဲ"

ထာဝရအရှင်က အတင်းပြောလိုသည့်မျက်နှာဖြင့် စိတ်အားထက်သန်စွာ စပ်စုသည်။

ယင်ယန်အရှင် "..."

နိုင်ငံ့ဆရာမျက်လုံးများက သိန်းငှက်တစ်ကောင်လို စူးရှသည်။ ထာဝရအရှင်က နတ်မယ်နှင့်လုယန်ကို "ခေါင်းဆောင်" "ဒုခေါင်းဆောင်"ဟု ခေါ်လိုက်သည်ကို သူကြားသည်။ ထာဝရမျိုးဆက်သုံးယောက်တွင် ထာဝရအရှင် တတိယအဆင့်သာရှိသည့်သဘောလားမသိ။

သူတို့ပစ်မှတ်ထားခဲ့သည့် လုယန်က ဒုတိယအဆင့်ဖြစ်နေသည်။

ထာဝရမျိုးဆက်၏စွမ်းအားသည် အလွန်ကြောက်စရာကောင်းကြောင်း နားလည်လာသည်။ မြန်မြန်ထွက်ပြေးခြင်းသည် အကောင်းဆုံးဟု သူတွေးလိုက်သည်။

တတိယခေါင်းဆောင်ပင် ထိုမျှရင်ဆိုင်ရခက်သည်။ ယခု ပထမခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်ပါ ရှိနေသည်။ သူဘယ်လိုအသက်ရှင်နိုင်မည်နည်း။

သူချက်ချင်းလှုပ်ရှားသည်။ ကံကြမ္မာအရိယဖလသန္ဓေစွမ်းအားသုံး၍ သူ့ဖြစ်တည်မှုကို လောကနှင့်အဆက်အသွယ်ဖြတ်လိုက်သည်။

ဤနေရာတွင် လူအတော်များများရှိနေသည်။ တစ်ဘက်လူက မဆင်မခြင် ခန္ဓာကိုယ်ဖောက်ခွဲရဲမည်မဟုတ်။ အပြစ်မရှိသူများကို ထိခိုက်မည်။

သူမပွင့်တပွင့်ပြုံး၍ ထာဝရနတ်မယ်ရှေ့မှ ရဲရဲတင်းတင်းဖြတ်လျှောက်သွားသည်။ တာအိုလမ်းစဉ်ဂိုဏ်းကိုရှင်းလင်းဖို့ အစီအစဉ်ပျက်စီးခဲ့သော်လည်း သူနှင့်သူ့ဆရာ အသက်ရှင်နေသရွေ့ မဟာယုကို ပြန်လည်တည်ဆောက်နိုင်မည်။

"ဖြန်း"

နိုင်ငံ့ဆရာ အရူးတစ်ယောက်လိုပြုံး၍ အရေးမစိုက်ဘဲ ရှေ့မှဖြတ်လျှောက်သွားသည်ကို ထာဝရနတ်မယ် မြင်နေရသည်။

ချက်ချင်းလက်ကိုမြှောက်၍ မျက်နှာကိုရိုက်ချလိုက်သည်။

နိုင်ငံဆရာ လေထဲတွင် ကိုယ်တစ်ဝက်လည်သွားပြီး မြေပြင်ကိုခေါင်းစိုက်ကျသွားသည်။

"ဒီနိုင်ငံ့ဆရာ ဦးနှောက်မှမှန်ရဲ့လား"

နတ်မယ်စဉ်းစားသည်။ ထွက်ပြေးဖို့ကြိုးစားသည်ဆိုလျှင်ပင် ယခုလိုတော့မလုပ်သင့်။

မဟာယုကျင့်ကြံသူများက ပြိုင်ဘက်ကင်းဉာဏ်ကြီးရှင်ဟု ချီးကျူးကြသည်နိုင်ငံ့ဆရာ၏ဦးနှောက်အဆင့်က ထိုမျှသာရှိလေသလော။

ထိုလူနှင့်ယှဉ်လျှင် သူ့ဉာဏ်ရည်က များစွာသာသည်။

"သူက ရူးနေတာဖြစ်မယ်"

လုယန်ခေါင်းငြိမ့်ထောက်ခံသည်။ တာအိုလမ်းစဉ်ဂိုဏ်းထဲသို့ ထိုးဖောက်ဝင်ဖို့ကြံရဲသူသည် ဉာဏ်ရည်အတော်နိမ့်၍သာဖြစ်မည်။

နိုင်ငံဆရာ မြေပြင်ပေါ်လဲကျရင်း မင်သက်မိနေသည်။ ဖြစ်နိုင်စရာမရှိ။ ကံကြမ္မာအရိယဖလကို သူအသက်သွင်းခဲ့သည်။ သူ့ကိုဘာကြောင့် မြင်နေကြသနည်း။

မဟုတ်မှလွဲရော....

"မသေမျိုး..."

နိုင်ငံဆရာမျက်လုံးပြူးသွားသည်။ အခြေအနေကို နားလည်လာသည်။ ထာဝရမျိုးဆက်၏ ပထမခေါင်းဆောင်သည် မသေမျိုးဖြစ်မည်။

အတော်ရယ်ရည်။ သမိုင်းတစ်လျှောက် ဘယ်မသေမျိုးကိုမှ 'ထာဝရ'ဟူသည့် ဘွဲ့နာမည်မျိုးမပေးကြ။

"ဝိညာဉ်ဖျက်အပ်"

နိုင်ငံ့ဆရာ နောက်ဆုံးကျန်နေသည့် ဝိညာဉ်ဖျက်အပ်ကို ထုတ်လိုက်သည်။ ထာဝရအရှင်၏ဝိညာဉ်ကို တစ်စစီဖြစ်စေခဲ့သည့် အပ်ဖြစ်သည်။

နတ်မယ်ကိုချိန်ရွယ်ပြီးနောက် အပ်ကိုပစ်လွှတ်လိုက်သည်။ မြန်လွန်းသဖြင့် သေချာမမြင်နိုင်။ မေ့လျော့စေသည့်အာနိသင်လည်းပါသည်။

ထာဝရနတ်မယ် ဝိညာဉ်ဖျက်အပ်ကို လက်နှစ်ချောင်းဖြင့် အေးအေးလူလူဖမ်းပြီး စိတ်ဝင်တစားကြည့်နေသည်။

"ဒါကဘာလဲ။..ဪ ဝိညာဉ်တွေကို ခွဲထုတ်နိုင်တဲ့ ရတနာပဲ။ ပုံစံဖော်ထားတာ အတော်ကောင်းသားပဲ။ စွမ်းအားဘယ်လောက်ရှိလဲ စမ်းကြည့်ရအောင်"

နတ်မယ် သူ့ကိုယ်သူ အပ်ဖြင့်ထိုးကြည့်သည်။ အပ်ကျိုးသွားသည်။ သူ့ကိုယ်ပေါ်တွင် အထိအခိုက်မရှိ။

"အဲ...ဒီလောက်ပဲလား"

နတ်မယ် မကျေမနပ်ဖြစ်သွားသည်။ ထိုပစ္စည်းသည် မသေမျိုးတစ်ဝက်များအပေါ်သာ သက်ရောက်သည်။ သူ့လိုစွမ်းအားမြင့်မသေမျိုးဝိညာဉ်ကို ထိခိုက်အောင်မလုပ်နိုင်။

ထိုအဖြစ်ကိုကြည့်၍ နိုင်ငံ့ဆရာ တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ သူတန်ဖိုးအထားရဆုံး ဝိညာဉ်ဖျက်အပ်သည် ဘာမှသုံးစားမရ။

သူ့ဆရာဖြစ်သည့် ပထမနိုင်ငံ့ဆရာပင် ထိုအပ်ကိုရင်ဆိုင်ဖို့ လက်တွန့်သည်။

မျက်လုံးကို ဖြေးညှင်းစွာ မှိတ်လိုက်သည်။ စိတ်ထဲတွင် အပြင်းအထန်လွန်ဆွဲနေသည်။ မျက်လုံးပြန်ဖွင့်လာချိန်တွင် သူ့အကြည့်က အရူးတစ်ယောက်လို ဖြစ်လာသည်။

"မသေမျိုး၊ ငါမင်းလက်ထဲရောက်လို့ မင်းတို့နိုင်ပြီမထင်နဲ့။ ဒီနေ့ နှစ်တစ်သောင်းကျော်ကျင့်စဉ်စွမ်းအားရှိတဲ့ မသေမျိုးတစ်ဝက်တစ်ယောက်ကို လွယ်လွယ်နဲ့တော့ ရင်ဆိုင်လို့မရဘူးဆိုတာ မင်းသိအောင်ပြမယ်။ ငါ့အသက်ပေးဆပ်ရရင်တောင် မင်းဝိညာဉ်ကို တစ်စစီဆုတ်ဖြဲပစ်မယ်။ ငါ့အသက်ကို မဟာယုအတွက် စွန့်လွှတ်လိုက်မယ်"

နိုင်ငံ့ဆရာ၏ ဒွာရခုနစ်ပေါက်မှ သွေးများထွက်လာသည်။ သူ့သက်တမ်းကိုစတေး၍ ယာယီစွမ်းအားမြှင့်သည်။ ထိုအစွမ်းသည် ကံကြမ္မာအရိယဖလသန္ဓေ၏ နောက်ထပ်စွမ်းရည်တစ်မျိုးဖြစ်သည်။

ကြောင်းကျိုးဆက်စပ်မှု(ကံကြမ္မာ)ဆိုသည်မှာ ညီမျှစွာ အလဲအထပ်ပြုခြင်းသဘောဖြစ်သည်။

မသေမျိုးတစ်ဝက်၏သက်တမ်းသည် အနည်းဆုံး နှစ်တစ်သိန်းရှိသည်။ အသက်ဓာတ်များ လျင်မြန်စွာလျော့ပါးသွားသည်ကို နိုင်ငံ့ဆရာခံစားမိသည်။ သူ့အဆုံးသတ်ချိန် နီးကပ်လာသည်။ သို့သော် သူ့ခန္ဓာကိုယ်က ပိုသန်မာလာသည်။ နတ်မယ်နှင့် နောက်တစ်ကြိမ်တိုက်ခိုက်လျှင် နတ်မယ်ခန္ဓာကိုယ်ဖောက်ခွဲလျှင်ပင် အရှင်ဖမ်းဆီးနိုင်မည်ဟု သူယုံကြည်သည်။

သို့သော် ထိုစွမ်းအားကို တစ်ကြိမ်သုံးပြီးလျှင် ပြန်လမ်းမရှိတော့။ သက်တမ်းက သုံးလေးနှစ်သာ ကျန်တော့မည်။

လေဟာနယ်တုန်ခါသွားသည်။ ဝိညာဉ်စွမ်းအင် ပြန့်ကျဲသွားသည်။ သူ့ဝိညာဉ်ကို အပ်ပေါင်းများစွာဖြင့် ထိုးဆွနေသလို ခံစားရသည်။ ဘယ်ကဘယ်လိုပေါ်လာမှန်းမသိသည့် ပြင်းထန်သည့်အကြောက်တရားကို သူခံစားရသည်။

ထာဝရအရှင်နှင့် ယင်ယန်အရှင်တို့ မျက်နှာပျက်သွားသည်။ ထိုစွမ်းအားမှ အန္တရာယ်အငွေ့အသက်ကို ခံစားကြရသည်။

"မင်းတို့ငါ့ကို ဒီလိုဖြစ်အောင် တွန်းအားပေးခဲ့တာ။ အခု ငါ့ရဲ့နောက်ဆုံးစွမ်းအားကို လက်တွေ့ခံစား-"

"ဘုန်း"

နိုင်ငံ့ဆရာစွမ်းအားစုနေသည်ကိုမြင်သဖြင့် ယွမ်ကျိက သူ့ကို မြေပေါ်သို့ ဖိနင်းချလိုက်သည်။

စုစည်းထားသည့်စွမ်းအား ပျောက်ကွယ်သွားသည်။ စတေးထားသည့်အသက်ဓာတ်များ ပျက်စီးသွားသည်။ ပြန်မရနိုင်တော့။

"မဖြစ်နိုင်ဘူး... ဒီစွမ်းအားကို နှောက်ယှက်ဖျက်ဆီးလို့ မရနိုင်ဘူး"

နိုင်ငံ့ဆရာ အရူးတစ်ယောက်လို အော်ဟစ်လိုက်သည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် သူဆုံးဖြတ်ချက်ချခဲ့သည့်ကိစ္စအားလုံး ကျရှုံးခဲ့သည်။ ယခု အသက်ကိုစတေး၍ တိုက်ခိုက်သည်ပင် တားဆီးနှောက်ယှက်ခံရသည်။

လုယန် သက်ပြင်းချ၍ နိုင်ငံ့ဆရာဆီ လျှောက်သွားသည်။ ကိုယ့်ကိုယ်ကို လက်ညှိုးထိုး၍

"အညံ့ခံလိုက်ပါ။ ကျုပ်တို့သုံးယောက်ရှိနေရင် ယင်ထန်မသေမျိုးတောင် အရှုံးပေးရမှာပါ"

နိုင်ငံဆရာ ပင့်သက်တစ်ချက်ရှိုက်၍ လုယန်ကို စိုက်ကြည့်သည်။ လွတ်လမ်းမရှိတော့။ တိုက်ခိုက်နိုင်စွမ်းလည်းမရှိတော့။ သို့ဆိုလျှင် လုယန်ကို သူနှင့်အတူဆွဲခေါ်သွားမည်။

ကံကြမ္မာအရိယဖလသန္ဓေ၏ နောက်ထပ်စွမ်းရည်တစ်မျိုးကို အသက်သွင်းလိုက်သည်။

ကျိန်စာစွမ်းအား။

"မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်း၊ လိုရာမရခြင်း၊ မုန်းသူနှင့်ဆုံရခြင်း၊ ချစ်ခင်သူနဲ့ခွဲရခြင်း၊ ရန်သူမျိုးငါးပါးနှိပ်စက်ခြင်း လောကဒုက္ခရှစ်ပါးကို မင်းခံစားရပါစေလို့ ငါကျင်းပုချွန် ကျိန်စာတိုက်တယ်။

ရေ၊ မီး၊ နတ်ဆိုး၊ ဓားသွား၊ သရဲ၊ အကြပ်အတည်း၊ သူခိုး ကပ်ဆိုးခုနစ်ပါးကို မင်းကြုံရပါစေ။ ကျင့်စဉ်လမ်းမှာ ဘယ်တော့မှ မတိုးတက်ပါစေနဲ့။ သေပြီးတဲ့နောက် မင်းဝိညာဉ်ပျောက်ကွယ်ပျက်စီးပါစေ"

***************************************

All Chapters