← Chapters

လုယန်၏ ဝှက်ဖဲသုံးခု

Vol. 34 Ch. 497

လုယန်၏ ဝှက်ဖဲသုံးခု

Vol. 34 Ch. 497

လုယန်တော်ရုံတန် ထုတ်မသုံးသည့် ဝှက်ဖဲသုံးခုရှိသည်။

ပထမတစ်ခုက ယွမ်ကျိအရိပ်တုလက်သီး။

ဒုတိယတစ်ခုက နတ်မယ်အရိပ်တုလက်သီး။

တတိယတစ်ခုက အနိုင်ရနိင်သည့် နည်းလမ်းကို စီစဉ်ပေးသည့် ပြိုင်ဘက်ကင်းသန္ဓေ။

ထိုဝှက်ဖဲတစ်ခုခုကိုသုံးလျှင် အဆင့်တူကျင့်ကြံသူများ အကြီးအကျယ်အထိနာမည်။

ပြိုင်ဘက်က သန်မာလွန်း၍ သို့မဟုတ် ညစ်ပတ်သည့်လှည့်ကွက်များ အရင်သုံး၍သာမဟုတ်လျှင် ထိုဝှက်ဖဲများကို သူလုံးဝထုတ်ပြမည်မဟုတ်။

ခုန်ဟော်သည် ဒုတိယအမျိုးအစားတွင် ပါဝင်သည်။

သူထုတ်သုံးသည့်စွမ်းအားက သူ့ကိုယ်ပိုင်မဟုတ်မှန်း သိသာနေသည်။ သူ့ကိုယ်ထဲတွင် စွမ်းအားမြင့်ဝိညာဉ်တစ်ခု ရှိပုံရသည်။ ထိုအဖြစ်မျိုးနှင့် လုယန်အတော်ရင်းနှီးပြီးသားဖြစ်သည်။ သူ့ကိုယ်ထဲတွင်လည်း ဝိညာဉ်တစ်ခု ရှိနေသည်။

ထို့ကြောင့် ဤပြိုင်ပွဲတွင် သူအနိုင်မရနိုင်။

ခုန်ဟော်ကိုယ်ထဲမှဝိညာဉ်သည် အနည်းဆုံး စုစည်းခြင်းအဆင့်ရှိမည်။ သူဘယ်လိုယှဉ်နိုင်မည်နည်း။

ထို့ကြောင့် ပြိုင်ဘက်ကင်းသန္ဓေစွမ်းရည်ကို ထုတ်သုံးသည်။ သန္ဓေပေးလာသည့်အဖြေက ရှင်းသည်။ သူထင်ထားသည့်အတိုင်းပင် ဖြစ်သည်။

ဒိုင်လူကြီးကို တိုင်ကြားပါ။

"ဒါကို ပါရမီလို့ခေါ်ကြတာလား။ ပြင်ပစွမ်းအားသုံးပြီး ကျုပ်ကိုတိုက်ခိုက်တယ်ပေါ့"

လုသခင်လေး လှောင်ပြုံးပြုံးသည်။

"ဒီကိစ္စကို ရှင်းမပေးဘူးဆိုရင် ကျုပ်မှာလည်း ဂိုဏ်းချုပ်နဲ့ ကျုပ်ဆရာ ပေးထားတဲ့ ကူးဖြတ်ခြင်းအဆင့်တွေတောင် မခုခံနိုင်တဲ့ ရတနာတွေရှိပါတယ်။

ဒါတွေက စွမ်းအားပြင်းလွန်းတို့ တိုက်ပွဲမှာ ကျုပ်မသုံးတာ။ ခုန်ဟော် မရိုးမသားမလုပ်ရင် ကျုပ်ဒီလိုတွေပြောနေစရာအကြောင်းမရှိဘူး"

လုယန်တိုင်ကြားစဉ်က ဒိုင်လူကြီး အံ့အားသင့်ခဲ့သည်။ တစ်သက်နှင့်တစ်ကိုယ် ခန္ဓာကိုယ်ထဲမှ တစ်ခြားဝိညာဉ်တစ်ခု၏စွမ်းအားသုံး၍ တိုက်ခိုက်သူမျိုးကို သူမမြင်ဖူး။

လုယန် ရှင်းပြမှ နားလည်လာသည်။ ခုန်ဟော်၏စွမ်းအားသည် တကယ်မူမမှန်။ ကိုယ်ပိုင်စွမ်းအားမျိုးမဟုတ်။

ထိုလုပ်ရပ်သည် စည်းမျဉ်းချိုးဖောက်ခြင်းဖြစ်သည်။

"ခုန်ဟော် ရှုံးပါပြီ"

စွမ်းအားသစ်ကို ခုန်ဟော်ထုတ်သုံးရန် ပြင်နေစဉ်မှာပင် ဒိုင်လူကြီးကြေညာသံကို ကြားလိုက်ရသဖြင့် စိတ်ပျက်လက်ပျက် စင်အောက်သို့ဆင်းသွားသည်။

အောက်သို့ရောက်သည်နှင့် ရေတံခွန်ဂိုဏ်းချုပ်ကို မတွေ့ရဘဲ ကူးဖြတ်ခြင်းအဆင့်ဘိုးဘေးကြီးများနှင့် ရင်ဆိုင်ရသည်။

"ဘေးဖယ်ပါ။ ဒီကောင်လေးကိုယ်ထဲမှာ ဘယ်သူရှိနေလဲ ငါကြည့်ချင်တယ်"

"ငါက "ဝိညာဉ်ပူးကပ်နည်း"ကျမ်းကို ရေးခဲ့တယ်။ ဒီနယ်ပယ်မှာ ငါကျွမ်းကျင်တယ်။ ငါအရင်ကြည့်မယ်"

"ငါက ကျင့်စဉ်အဆင့်အမြင့်ဆုံးပါ။ ငါကြည့်မယ်"

ရေတံခွန်ဂိုဏ်းချုပ် ရှေ့တိုးလာချင်သော်လည်း ထိုအဆင့်မြင့်ပုဂ္ဂိုလ်ကြီးများက နောက်သို့ဆွဲချသည်။

"ဒီစွမ်းအင်ရောင်က နတ်ဆိုးလေးမျိုးထဲက တစ်မျိုးနဲ့တူတယ်"

ချီတစ်ခုအရှင်သည် စွမ်းအင်ရောင်အာရုံခံရာတွင် အထက်မြက်ဆုံးဖြစ်သည်။ သူအရင်ဆုံး အကဲဖြတ်သည်။

"ကောင်လေး၊ မခုခံနဲ့။ ငါမင်းရဲ့သိစိတ်နယ်မြေကို စစ်ဆေးမယ်"

ချီတစ်ခုအရှင် သိစိတ်နယ်မြေမှ သဏ္ဍာန်ငယ်တစ်ခု ထိုးထွက်လာပြီး ခုန်ဟော်၏ သိစိတ်နယ်မြေသို့ ဝင်သွားသည်။

"ဟား...အတော်ကျယ်တာပဲ"

ခုန်ဟော်၏ သိစိတ်နယ်မြေသည် အဆင့်တူများထက် များစွာကျယ်ပြန့်သည်။ ကျင့်ကြံမှုစွမ်းအားကြောင့်မဟုတ်။ အထဲမှ နတ်ဆိုးသားရဲက ချဲ့ထွင်ထားသောကြောင့်ဖြစ်သည်။

သိစိတ်နယ်မြေကို သံစည်းရိုးတစ်ခုဖြင့် နှစ်ပိုင်းခွဲထားသည်။ ကျဉ်းသည့်အပိုင်းက ခုန်ဟော်အတွက်ဖြစ်သည်။ ကျယ်သည့်အပိုင်းက သားရဲကောင်၏အကျဉ်းခန်းဖြစ်သည်။

သံစည်းရိုးကို တံဆိပ်ကိုးခုဖြင့် အားဖြည့်ထားသည်။ ချိုးဖျက်၍မရနိုင်။

နတ်ဆိုးသားရဲက ချီတစ်ခုအရှင်ကို စိုက်ကြည့်နေသည်။ သားရဲမျက်လုံးတွင် ထိတ်လန်သည့်အရိပ်တစ်ချို့ ရှိနေသည်။

တောင်ကုန်းငယ်အရွယ်အစားရှိသည့် ခြင်္သေ့တစ်ကောင်ဖြစ်သည်။ အဖြူရောင်လည်ဆံမွှေးများက နှင်းပွင့်များလို ဖြာကျနေသည်။ အထက်သို့ကော့ပျံနေသည့် အစွမ်နှစ်ချောင်းက တောက်ပသည့် ဓားနှစ်လက်နှင့်တူသည်။ အမြီးက ခန္ဓာကိုယ်အလျားလောက် ရှည်သည်။

"ထောင်ဝူအိုကြီးပဲ"

(ထောင်ဝူသည် 'ခြင်္သေ့နဂါး'ဖြစ်မည်ထင်ပါသည်)

ချီတစ်ခုအရှင် လှောင်ပြုံးပြုံးသည်။ ထိုထောင်ဝူအိုကြီးသည် သာမန်မဟုတ်။ ကူးဖြတ်ခြင်းအဆင့်ဖြစ်သည်။ ထောင်ဝူမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ပင် ဖြစ်နိုင်ခြေရှိခဲ့သည်။ ဘာကြောင့် ဤနေရာတွင် ပိတ်လှောင်ခံထားရသည်မသိ။

"ဒါက ကျိရှုံးမဟုတ်လား။ မျိုးနွယ်ခေါင်းဆောင်နေရာလုရင်း မင်းသေသွားပြီထင်တာ။ ဒီမှာရောက်နေတာကိုး"

ကူးဖြတ်ခြင်းအဆင့်များ တစ်ယောက်ပြီးတစ်ယောက် ခုန်ဟော်၏ သိစိတ်နယ်မြေသို့ ပျံဝင်လာသည်။ ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်ဆိုသည်မှာ အတော်ရှားပါးသည်။ ထို့ကြောင့် ဤထောင်ဝူအိုကို ချက်ချင်းမှတ်မိကြသည်။

ဘဝတစ်သက်တာတွင် ထိုမျှများပြားသည့် ကူးဖြတ်ခြင်းအဆင့်လူစုကို ခုန်ဟော်မမြင်ဖူး။

ထောင်ဝူအို၏ ကျင့်စဉ်စွမ်းအားနှင့်နောက်ခံကိုသိရချိန်တွင် သူအံ့ဩတုန်လှုပ်မိသည်။

ထောင်ဝူကို စုစည်းခြင်းအဆင့်ဟုသာ သူထင်ခဲ့သည်။ ယခု ကူးဖြတ်ခြင်းအဆင့်ဖြစ်နေသည်။

သူသည် မိဘမဲ့ဖြစ်သည်။ သူသိတတ်စအရွယ်ကတည်းက ဤထောင်ဝူ သူ့ကိုယ်ထဲတွင် ရှိနေခဲ့သည်။ ဘယ်သူက ပိတ်လှောင်ထားခဲ့သည်မသိ။

ထောင်ဝူရှိနေသည့်အဖြစ်ကို တစ်ခြားလူများသိသွားမည်ကိုလည်း သူအမြဲစိုးရိမ်ခဲ့သည်။ စွမ်းအားမြင့်ပုဂ္ဂိုလ်များ ပစ်မှတ်ထားလာမည်ကို ကြောက်သည်။ ထို့ကြောင့် သိပ်မကျော်ကြားသည့် ရေတံခွန်ဂိုဏ်းသို့ သူတင်ခဲ့ခြင်းဖြစ်သည်။

ယခုလို ဤနေရာတွင် လျှို့ဝှက်ချက်ပေါ်သွားမည်ဟု မထင်ခဲ့။

ထိုစွမ်းအားမြင့်ပုဂ္ဂိုလ်များ သူ့ကိုဘယ်လိုဆက်ဆံကြမည်မသိ။

ထောင်ဝူအို အမှန်အတိုင်းထုတ်ပြောမည်ဟု သူမမျှော်လင့်။ ဖြစ်ဖြစ်နိုင်ခြေမရှိ။ ကူးဖြတ်ခြင်းအဆင့်များက ထောင်ဝူအိုအကြောင်း သူ့ကိုမေးမြန်းကြသည်။ သိသမျှပြောပြပြီးနောက် စွမ်းအားရှင်များ သူတို့အသိဗဟုသုတနှင့် ဆက်စပ်စဉ်းစားသည်။

မျိုးနွယ်ခေါင်းဆောင်နေရာပြိုင်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ထောင်ဝူအို အမဲလိုက်ခံရသည်။ သူ့ရုပ်ခန္ဓာ ဖျက်ဆီးခံရသည်။ ဝိညာဉ် ထိခိုက်ခဲ့သည်။ သို့သော် မဟာရှားနယ်မြေအထိ တစ်လမ်းလုံးထွက်ပြေးခဲ့သည်။

ထို့နောက် အချုပ်အနှောင်ပညာရပ်ကျွမ်းကျင်သည့် မဟာရှားစုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က သူ့ကို ခုန်ဟော်ကိုယ်ထဲတွင် လှောင်ပိတ်ထားခဲ့သည်။

ပိတ်လှောင်ထားသည့် နည်းလမ်းအရ ထိူစွမ်းအားရှင်သည် ခုန်ဟော်အပေါ် အတော်အလေးထားဟန်ရှိသည်။ ခုန်ဟော်စွမ်းအားတိုးလာလျှင် တံဆိပ်များကို တဖြေးဖြေးဖွင့်ပြီး ထောင်ဝူ၏စွမ်းအားကို အသုံးချနိုင်အောင်လုပ်ထားသည်။

"မင်းမှာ ရွေးစရာနှစ်ခုရှိတယ်"

ချီနှစ်ခုအရှင်ကပြောသည်။

"တံဆိပ်ကိုဖွင့်မယ်။ ငါတို့ ထောင်ဝူကိုဖမ်းသွားမယ်။ အပြန်အလှန်အနေနဲ့ ထိုက်တန်တဲ့ ဆုလာဒ်ကို ငါတို့ပေးမယ်။ သဘာဝဆေးပင်တွေ ရတနာတွေ အားဖြည့်ဆေးတွေပေါ့။ မင်းဆီက ဝယ်တယ်လို့ သဘောထားပေါ့။ အဲဒါက စိတ်အချရဆုံးနည်းလမ်းပဲ"

ထောင်ဝူအိုသည် ရင်ဆိုင်ရခက်သည့် ကူးဖြတ်ခြင်းအဆင့်ဖြစ်သော်လည်း ယခုရှိနေသူအားလုံးသည်လည်း ကူးဖြတ်ခြင်းအဆင့်များဖြစ်သည်။ သူတို့အတူပူးပေါင်းတိုက်ခိုက်လျှင် ထောင်ဝူဘာမှတတ်နိုင်မည်မဟုတ်။

"ဒါမှမဟုတ် ဒီထောင်ဝူကို ဒီအတိုင်းဆက်ပိတ်လှောင်ထားလို့ရတယ်။ မင်းစွမ်းအားတိုးလာရင် တံဆိပ်တွေကို တဖြေးဖြေး မင်းဖွင့်နိုင်လာမှာပါ။ ဒါပေမယ့် ဒီအတောအတွင်းမှာ တန်ပြန်စွမ်းအားသက်ရောက်မှုခံရနိုင်တဲ့ အန္တရာယ်ရှိတယ်။

ဘယ်နည်းလမ်းကို မင်းရွေးချင်လဲ"

.......

ကူးဖြတ်ခြင်းအဆင့်များ ထောင်ဝူအိုကို ရှားပါးမျိုးစိတ်တစ်ခုလို လေ့လာနေချိန်တွင် ပြိုင်ပွဲက ချောမွေ့စွာ ဆက်သွားသည်။

လန်ထင်က မုန်ကျင်းကျိုး၏ ကျိန်စာလက်သီးကို ကြောက်သဖြင့် မဝံ့မရဲတိုက်ခိုက်သည်။ မုန်ကျင်းကျိုးကို ရှုံးသွားသည်။

မုန်ကျင်းကျိုး ရမှတ်တိုးပြီး ပွဲစဉ်တက်သွားသည်။

ယန်ထန်ကျိက သူ့ဆရာလမ်းညွှန်ချက်ဖြင့် ဓာတ်ငါးမျိုးဂိုဏ်းတပည့်ပိုင်မင်ကို အပြင်းအထန်တိုက်ခိုက်သည်။ ဆီမီးဖိုင်နယ်တက်သွားသည်။

"ထောင်ချုပ်ဂိုဏ်း၊ ယန်ထန်ကျိ"

"ကောင်းကင်ရုံးတော်ဂိုဏ်း၊ လုသခင်လေး"

ဆီမီးဖိုင်နယ်တွင် လုယန်နှင့်ယန်ထန်ကျိ ဆီမီးဖိုင်နယ်တွင် တွေ့ကြသည်။

ယန်ထန်ကျိနောက်တွင် ထောင်ထျဲ့ပုံရိပ်နှင့် လုန်နတ်ဘုရားအရိပ် ပေါ်လာသည်။ သားရဲအရိပ်များမှ ပြင်းထန်သည့်စွမ်းအင်ဖိအားမျိုး ထွက်ပေါ်နေသည်။

ထိုပညာရပ်သည် ထောင်ချုပ်ဂိုဏ်းတည်ဘိုးဘေး တီထွင်ခဲ့သည့် အတုမဲ့တိုက်ပွဲတက်တူး ကျင့်စဉ်ပညာဖြစ်သည်။

တက်တူးပုံရိပ်နှစ်ခုကိုကြည့်၍ လုယန်သဘောကျစွာ လက်ခုပ်တီးလိုက်သည်။

"နောက်ဆုံးတော့ စိတ်ဝင်စားစရာပြိုင်ဘက်တစ်ယောက် တွေ့ပြီပဲ။ ထောင်ချုပ်ဂိုဏ်းရဲ့ တိုက်ပွဲတက်တူးစနစ်ဟာ ပြိုင်ဘက်ကင်းတယ်လို့ ကြာဖူးတယ်။ ဂိုဏ်းချုပ်တောင် ဒီအကြောင်း ခဏခဏပြောတယ်။ ဒီနေ့မှ ကျုပ်ကိုယ်တိုင် မြင်ခွင့်ရတယ်။

ရှေးဟောင်းခေတ်က ကျုပ်တို့လူသားမျိုးနွယ်တွေဟာ မျက်နှာမှာဆေးပန်းချီခြယ်တဲ့ဓလေ့ရှိခဲ့တယ်။ မှန်မှန်ကန်ကန်ဆွဲတတ်ရင် ဒီရုပ်ပုံတွေကနေ ကြီးမားတဲ့စွမ်းအားမျိုး ရနိုင်တယ်။ အရင်တုန်းက ရေကြီးရေလျှံတာတွေ သားရဲရိုင်းတွေကို ဒီနည်းလမ်းနဲ့ ကာကွယ်ခဲ့တာ။ ဒီပညာပျောက်ကွယ်သွားပြီလို့ ကျုပ်တို့ဂိုဏ်းချုပ်က ထင်တယ်။ ဒါပေမယ့် ဒီနေ့ခေတ်သစ်မှာ ဒီဆေးပန်းချီပုံစံကိုအခြေခံပြီး တိုက်ပွဲတက်တူးပညာကို ဖန်တီးလိုက်တယ်။

ဒီပညာဖန်တီးတဲ့လူဟာ ပါရမီအရမ်းထူးခြားပေမယ့် မဟာယုခေတ်နဲ့ မဟာရှားခေတ်ကြား အကူးပြောင်းကာလမှာ အချိန်မှားပြီးမွေးလာတယ်လို့ ဂိုဏ်ချုပ်ကပြောတယ်။ တကယ်လို့ ရှေးဟောင်းခေတ်မှာသာ ရှင်သန်ခဲ့ရင် မသေမျိုးအဆင့်ကိုရောက်ပြီး ထည်ဝါတဲ့အနာဂတ်နဲ့ အဆုံးမဲ့ဂုဏ်သရေကိုရမှာတဲ့"

လုယန် အတိတ်ကို သတိရလာဟန်ဖြင့် ထောင်ချုပ်ဂိုဏ်းတည်ဘိုးဘေးအား သူတို့ဂိုဏ်းချုပ်ချီးကျူးခဲ့သည့်အကြောင်း ပြောပြရင်း သက်ပြင်းချသည်။

ဒိုင်လူကြီးထိုင်ခုံမှ ချိုးကျင်အန်းနှင့် လော်ဟုန်ရှားတို့ လုယန်ကို တအံ့တဩကြည့်နေသည်။

"ဒီအပိုင်းနဲ့ပတ်သက်လို့ ဘာမှလည်းမပြောခဲ့ပါလား။ လုယန်က မင်းတို့ဂိုဏ်းဘိုးဘေးကို တကယ်ချီးကျူးပေးနေတယ်ပေါ့"

ယန်တိန့်က မလုံမလဲ ခေါင်းကုတ်လျက်

"ဒီအခွင့်အရေးကို အသုံးချပြီး ငါတို့ထောင်ချုပ်ဂိုဏ်းရဲ့နာမည်ကို မြှင့်တင်ချင်လို့ပါ"

*******************************

All Chapters