← Chapters

နှိပ်ကွပ်ခြင်း

Vol. 34 Ch. 498

နှိပ်ကွပ်ခြင်း

Vol. 34 Ch. 498

ချိုးကျင်အန်း ဒေါသထွက်သွားသည်။

"ယန်တိန့်၊ ဒီလောက်ရိုးသားတဲ့ မင်းလိုလူတောင် ညစ်ပတ်တဲ့အောက်လမ်းနည်းတွေ သုံးနေတယ်ပေါ့"

ငါဘာလို့ ဒီအချက်ကို စောစောကြိုမတွေးမိခဲ့တာလဲ....

ဓာတ်ငါးမျိုးဂိုဏ်းလည်း သူတို့နာမည်ဂုဏ်သတင်းကို မြှင့်တင်ချင်သည်။ ကောင်းကင်ရုံးတော်ဂိုဏ်းနှင့်အတူ သူတို့ဂိုဏ်းနာမည်မြှင့်တင်ဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ သို့သော် သူတို့လက်လွတ်ခဲ့သည်။

တာအိုရှင်ဝစီပိတ်က "တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ"ကို ရေးသည်။ ယနေ့ခေတ် ဘယ်လက်ဖက်ရည်ဆိုင်မဆို တာအိုလမ်းစဉ်ဂိုဏ်းဇာတ်လမ်းများကို ကြားရသည်။ ဂိုဏ်းနာမည် ထိုးတက်ခဲ့သည်။

ချိုးကျင်အန်းလည်း ထိုသို့ဖြစ်ချင်သည်။ သို့သော် သူတို့ဂိုဏ်းတွင် ဝစီပိတ်လိုပါရမီရှင်မျိုး မရှိ။

လော်ဟုန်ရှားက သိပ်မဆိုးလှ။ လသံလွင်နန်းတော်သည် သီးခြားနေသည့်ဂိုဏ်းတစ်ခုဖြစ်သည်။ ဂိုဏ်းဝင်အားလုံး မိန်းမများဖြစ်သည်။ ထူးထူးထွေထွေ ‌ကြော်ငြာနေစရာမလို။ သူတို့နာမည်ဂုဏ်သတင်းက ဓာတ်ငါးမျိုးဂိုဏ်း ထောင်ချုပ်ဂိုဏ်းတို့ထက် ပိုမြင့်နေပြီးသားဖြစ်သည်။

"ဂိုဏ်းချုပ်လု၊ ကျုပ်တို့ဓာတ်ငါးမျိုးဂိုဏ်းအကြောင်း ဂုဏ်မြှင့်ပေးလို့ ရနိုင်ဦးလားလား။ ဆုကြေးကိစ္စ ညှိနှိုင်းလို့ရပါတယ်"

ချိုးကျင်အန်းက သူ့ဘေးမှနတ်မယ်ကို လှည့်မေးသည်။ ကျင့်ကြံသူလောကတွင် ရှေးဟောင်းခေတ်သည် စွမ်းအားအထွတ်အထိပ်ဖြစ်ကြောင်း အတော်များများသိကြသည်။ လူတိုင်း ထိုခေတ်နှင့်ဆက်သွယ်လိုသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းရှိနေပြီဖြစ်၍ ရှေးဟောင်းခေတ်နှင့် ဆက်စပ်ဖို့ ပိုလွယ်သွားသည်။

ပူးပေါင်းဆောင်ရွက်သည့်ကိစ္စကို လုယန်က ညှိနှိုင်းခိုင်းသည်။ ထိုကိစ္စမျိုးကို နတ်မယ်မကျွမ်းကျင်။

ပြိုင်ပွဲစင်မြင့်တွင် တိုက်ခိုက်နေသည့်လုယန်ဆီ သူမက်ဆေ့လှမ်းပို့သည်။ ခဏစဉ်းစားပြီးနောက် လုယန်ပြန်ပြောသည်။

"ဓာတ်ငါးမျိုးဂိုဏ်းကို ချီးကျူးပေးလို့ရပေမယ့် 'မိုးမြေဓာတ်ငါးမျိုးကို ကိုယ်စားပြုဖို့ တကယ်ထိုက်တန်တဲ့ဂိုဏ်း'ဆိုတာမျိုး၊ 'ခင်ဗျားတို့ဘိုးဘေးက ပါရမီရှင်'ပါ ဆိုတာမျိုးတွေပြောဖို့ အချိန်အခါမသင့်သေးဘူး။

အဲလိုပြောရင် အတင်းလုပ်ယူသလိုဖြစ်မယ်။ ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ဂုဏ်ကို မြှင့်တင်ရာမရောက်တော့ဘူး။ ဒီတစ်ကြိမ်တော့ အလုပ်မဖြစ်နိုင်ဘူးလို့ ဂိုဏ်းချုပ်ချိုးကို ပြောလိုက်ပါ။

ဒါပေမယ့် နောက်တစ်ခါကျရင် ဓာတ်ငါးမျိုးဂိုဏ်းနဲ့ ပူးပေါင်းဆောင်ရွက်လို့ရပါတယ်"

"ကောင်းပြီလေ"

လုယန်နှင့်ယန်ထျန်ကျိ အပြင်းအထန် တိုက်ခိုက်နေသည်။

အစောပိုင်းပွဲတွင် ယန်ထန်ကျိက ဂိုဏ်းနာမည်တက်ဖို့ ပိုင်မင်ကို အသေအလဲတိုက်ခိုက်ပြီး အနိုင်ယူခဲ့သည်။ ပိုင်မင်ကိုအနိုင်ယူနိုင်ခြင်းသည် သူ့ကိုယ်ပိုင်အစွမ်းအစရှိ၍သာဖြစ်သည်။

ထောင်ထျဲ့အရိပ်နှင့် လုန်နတ်ဘုရားတို့သည် အဆင့်မြင့်နတ်ဆိုးမျိုးနွယ်များဖြစ်သည်။ ပုံမှန်အားဖြင့် ရွှေသန္ဓေအဆင့်ရောက်မှ တက်တူးတစ်ခုထိုးနိုင်သည်။ သို့သော် ယန်ထန်ကျိခန္ဓာကိုယ်က တိုက်ပွဲတက်တူးကျင့်စဉ်ပညာနှင့် အလွန်ကိုက်ညီသည်။

ချင်းကျိုးမှပြန်လာပြီးနောက် သူတံခါးပိတ်ကျင့်သည်။ နဂါးအသွင်ပြောင်းကန်ထဲတွင် စိမ်ခဲ့သည်။ လုန်(နဂါး)နတ်ဘုရားတိုက်ပွဲတက်တူး သဘာဝကို နားလည်ခဲ့သည်။

ထောင်ထျဲ့တက်တူးနှင့်ယှဉ်လျှင် လုန်နတ်ဘုရားတက်တူးက လောလောလတ်လတ်ရထားသည့် တက်တူးဖြစ်သည်။ အပြည့်အဝမကျွမ်းကျင်သေး။ သို့သော် လုယန်ကို ဖိအားပေးဖို့ လုံလောက်သည်။

"ဒီတိုက်ပွဲတက်တူးစွမ်းအားက ရင်ဆိုင်ရတကယ်ခက်တာပဲ"

လုယန် အံတင်းတင်းကြိတ်လိုက်သည်။ ကြော်ငြာသဘောဖြင့် ပြောလိုက်ခြင်းမဟုတ်။ သူတကယ်ထိုသို့ခံစားနေရသည်။

ယန်ထန်ကျိ၏ တိုက်ခိုက်နည်းက ကြမ်းတမ်းသည်။ အနီးကပ်တိုက်ခိုက်မှုကို အားကိုးသည်။ လုယန်က ခန္ဓာကျင့်ကြံသူမဟုတ်သဖြင့် တိုက်ရိုက်ရင်ဆိုင်လျှင် အရေးနိမ့်နိုင်သည်။

ကျင့်စဉ်လမ်းအရ လုယန်သည် မှော်ပညာရှင်၊ ဓားကျင့်ကြံသူဖြစ်သည်။

မုန်ကျင်းကျိုးနှင့် နေရာချင်းလဲချင်မိသည်။ မုန်ကျင်းကျိုးကို ယန်ထန်ကျိနှင့် တိုက်ခိုက်ခိုင်းပြီး လန်ထင်နှင့် သူတိုက်ခိုက်မည်။ သို့ဆိုလျှင် နှစ်ဘက်လုံး ပိုတိုးတက်လိမ့်မည်။

ယန်ထန်ကျိနောက်ဘက်တွင် ရေလုံးများစွာပေါ်လာသည်။ လုန်နတ်ဘုရားက ရေကိုထိန်းချုပ်သည်။ လုန်တက်တူး၏ စွမ်းရည်ဖြစ်သည်။

ရေလုံးများ ဘေးနှစ်ဘက်သို့ချွန်ထွက်လာသည်။ ရေအပ်များအဖြစ်ပြောင်းသွားပြီး လုယန်ဆီ လွင့်ပျံလာသည်။

"ဝှီး ဝှီး ဝှီး"

"အံ့ဖွယ်ဓားပျံ"

ပါးစပ်ထဲရှိသည့်နာမည်တစ်ခုကို လုယန်အော်ဟစ်လိုက်သည်။ သို့သော် တကယ်သုံးလိုက်သည်က ခွဲဓားပညာဖြစ်သည်။

ဤအဆင့်မျိုးတွင် ဓားပညာရပ်များက အတော်လေးဆင်တူသည်။ အဓိကကွာခြားသည်က နာမည်သာဖြစ်သည်။

မိန်ထိုက်၏ ဓားပညာသည် ထူးခြားကောင်းမွန်သည်။ ရွှေသန္ဓေအစောပိုင်းအဆင့်တွင် လွှမ်းမိုးနိုင်စွမ်းရှိသည်။ သို့သော် သူ့ဓားကွက်များသည် လုယန်တတ်မြောက်ထားသည့် "ဖျက်ဓား" "ခွဲဓား" "ပိုင်းဓား" ဓားပညာများအောက်တွင်သာ အကျုံးဝင်သည်။

'ဓားတစ်လက် ဓားတစ်သောင်းအသွင်ပြောင်း''ဓားတစ်သောင်း ဌာနေပြန်' သို့မဟုတ် 'ကောင်းကင်ဖွင့်ဓား' စသည့် ထူးခြားသည့် ဓားကွက်မျိုးကို မသုံးသရွေ့ ပုံမှန်ဓားကွက်များသည် အတူတူသာဖြစ်သည်။

အခြေခံဓားကွက်များ၏ စွမ်းအားကို ဆုံးဖြတ်သည်က ဓားပညာကို နားလည်နိုင်စွမ်းသာဖြစ်သည်။

ခွဲဓားပညာ၏ ဓားစွမ်းအင်ကြောင့် ရေအပ်များ ပျက်စီး၍ ရေငွေ့များအဖြစ်ပြောင်းပြီး ပြိုင်ပွဲစင်မြင့်တစ်ခုလုံး မြူခိုးများပြည့်နက်သွားသည်။

"ကောင်းကင်ကိုဖွင့်"

နောက်ထပ် ကြုံရာကျဘမ်းနာမည်တစ်ခုကို လုယန်ရေရွတ်သည်။ ဓားစွမ်းအင်က ခမ်းနားထည်ဝါသည်။ တည်ငြိမ်၍အားပြင်းသည်။ ပြိုင်ဘက်ကင်းစွမ်းအင်ရောင်မျိုးရှိသည်။

မြူခိုးအကာအကွယ်ကို အားကိုး၍ လုယန်အနီးသို့ကပ်ရန် ပြင်နေသည့်ယန်ထန်ကျိ ပြင်းထန်သည့် အန္တရာယ်အငွေ့အသက်ကြောင့် ဆံပင်များအဆုံးထိထောင်သွားသည်။

ထိုဓားချက်ကို သူ့ခန္ဓာကိုယ်ဖြင့် ခုခံ၍မရ။

"ဒိုင်းကာသရဲ"

ဒိုင်းတစ်ခုကိုင်ထားသည့် သရဲတစ်ကောင်ပေါ်လာပြီး သူ့ရှေ့တင် ကာကွယ်ပေးသည်။ သရဲဘုရင်နှင့် ဓားချက် အသံတိတ်ရင်ဆိုင်တွေ့သည်။ စွမ်းအင်လှိုင်းများပေါ်လာပြီး သိုင်းပြိုင်ကွင်းမှမြူများ ပြန့်ကျဲသွားသည်။

ဒိုင်းကာသရဲသည် ယန်ထန်ကျိ၏ ပထမဆုံးတိုက်ပွဲတက်တူးဖြစ်သည်။ တိုက်ခိုက်နိုင်သည့် စွမ်းရည်မရှိ။ သို့သော် အဆင့်တူချင်းတွင် မထိုးဖောက်နိုင်သည့် ခုခံကာကွယ်နိုင်စွမ်းမျိုးရှိသည်။

ဒီုင်းကာသရဲကိုယ်ပေါ်တွင် အက်ကြောင်းများပေါ်လာသည်။ ဓားချက်ကို ခံနိုင်သည်ဆိုရုံမျှသာဖြစ်သည်။ ယန်ထန်ကျိ မျက်လုံးပြူးသွားသည်။

လုသခင်လေးသည့် ရှေးဟောင်းပါရမီရှင် ပီသသည်။ တကယ်စွမ်းအားကြီးသည်။

ယန်ထန်ကျိက လုယန်၏ သရုပ်မှန်ကို မသိသေး။

"ဆုတ်တော့"

ယန်ထန်ကျိ ဒိုင်းကာသရဲကို ပြန်ရုတ်သိမ်းလိုက်သည်။ တိုက်ပွဲတက်တူးရုပ်ပုံအဖြစ် ပြောင်းလဲ၍ သူ့လက်မောင်းပေါ်တွင် ကပ်သွားသည်။ ဒိုင်းကာသရဲကြုံခဲ့ရသည့် ဒဏ်ချက်တစ်ချို့ လက်မောင်းတွင် ပေါ်လာသည်။ သွေးများစီးကျလာသည်။

ဒဏ်ရာကို တက်တူးသားရဲနှင့် မျှဝေခံစားရခြင်းဖြစ်သည်။ အကယ်၍ အပြည့်အဝဒဏ်ရာလွှဲပြောင်းယူလျှင် လက်မောင်းတစ်ခုလုံး ထိုဓားစွမ်းအင်ကြောင့် ပြတ်ထွက်သွားပေလိမ့်မည်။

ယန်ထန်ကျိ ထောင်ထျဲ့တက်တူးနင့် လုန်နတ်ဘုရားတက်တူးများကို ပြန်ဆင့်ခေါ်၍ နောက်ထပ်တိုက်ခိုက်ရန် ပြင်ဆင်သည်။

လုယန် ပါးကိုကုတ်၍ ဓားကိုသိမ်းလိုက်သည်။

"ဒီလိုသာဆိုရင် တိုက်ပွဲကပြီးတော့မှာမဟုတ်ဘူး။ ထားပါလေ၊ ငါသင်ထားတဲ့ ပညာအသစ်ကို စမ်းသပ်ကြည့်ရတာပေါ့"

"ဖိနှိပ်မယ်"

"ဘုန်း"

ရွှေရောင်ရုပ်ထုကြီးတစ်ခု ကောင်းကင်မှကျလာပြီး ပြေးတက်လာသည့် ယန်ထန်ကျိကို အုပ်မိသွားသည်။

ထိုသို့ဖြစ်လာမည်ဟု ထင်မထားသဖြင့် ယန်ထန်ကျိ ရွှေရုပ်ထုအတွင်းပိုင်းနံရံနှင့် ချက်ချင်းဝင်ဆောင့်မိသည်။ နဖူးတွင် ကြီးမားသည့် ဘုသီးတစ်ခု ပေါ်လာသည်။

တက်တူးသားရဲအရိပ်နှစ်ခုလည်း ရုပ်ထုနှင့်တိုက်မိသည်။ ရုပ်ထုက တောင်းကုန်းတစ်ခုလို လေးလံလွန်းသဖြင့် နည်းနည်း လှုပ်ခါသွားရုံသာရှိသည်။

သို့သော် တိုက်မိ၍ဖြစ်လာသည့် ပဲတင်သံများကြောင့် ယန်ထန်ကျိ နားများအူနေသည်။

"ဒါကဘာလဲ"

ဗဟုသုတကျယ်ပြန့်သည့် ပရိတ်သတ်များပင် ထိုပညာကို နားမလည်ကြ။

"ဒါက ဗုဒ္ဓဂိုဏ်းရဲ့ ခြောက်ပေရွှေခန္ဓာပညာနဲ့တူတယ်"

"ပေါက်ကရတွေမပြောပါနဲ့။ ဘယ်ခြောက်ပေရွှေခန္ဓာမှ မှော်ပညာရှင်နဲ့ အဲလောက်ဝေးဝေးမရှိနိုင်ဘူး။ ပျောက်ကွယ်နေတဲ့ ရှေးဟောင်းပညာရပ်တစ်ခုဖြစ်မှာပါ"

"ခုနက 'ဖိနှိပ်မယ်'လို့ အော်လိုက်တာ မင်းတို့မကြားဘူးလား။ အဲဒါ ပျောက်ကွယ်သွားတဲ့ 'စကားလုံးမှော်ပညာ'ဖြစ်နိုင်တယ်ကွ"

"ဘာရယ်"

ယန်ထန်ကျိ အောက်ဘက်မှ မြေတွင်းတူး၍ ထွက်ပြေးရန် ကြိုးစားသည်. သို့သော် ပြိုင်ပွဲစင်မြင့်က အရည်အသွေးမြင့်မြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ဝိညာဉ်ပြောင်းအဆင့် တိုက်ပွဲများကိုပင် ခံနိုင်ရည်ရှိသည်။ ထို့ကြောင့် သူမျှော်လင့်ချက်ခမ်းခြောက်သွားသည်။

လုယန်သည် သူ့ကိုယ်ပိုင်‌ရွှေခန္ဓာကိုယ်ကို မရွှေ့နိုင်လောင်အောင် အားနည်းသူမဟုတ်။ ယန်ထန်ကျိ အတွေးနစ်နေချိန်ကို အခွင့်ကောင်းယူ၍ ရွှေခန္ဓာကို ပိတ်ကန်လိုက်သည်။ ရွှေခန္ဓာက ယန်ထန်ကျိနှင့်အတူ စင်ပေါ်မှ လိမ့်ကျသွားသည်။

လုယန် နိုင်သွားသည်။

ဂိုဏ်းသခင်လေးလု ဗိုလ်လုပွဲသို့ တက်သွားသည်။ ဗိုလ်လုပွဲတွင် တစ်သက်တာပြိုင်ဘက်ဖြစ်သည့် မုန်ကျင်းကျိုးနှင့် ရင်ဆိုင်ရမည်။

လုယန် တင်ပျဉ်ခွေထိုင်၍ ကုန်ခန်းသွားသည့် ဝိညာဉ်စွမ်းအားကို ပြန်စုစည်းသည်။ နောက်ဆုံးပွဲစဉ်ကို တရားဝင်စတင်သည်။

မုန်ကျင်းကျိုး မစောင့်နိုင်တော့ဘဲ ပြိုင်ပွဲစဉ်ပေါ် ခုန်တက်လာသည်။

အေးစက်စက်ရယ်မောလျက် လက်ဝါးနှစ်ဘက်ကို ပွတ်နေသည်။

"ဟားဟား၊ နောက်ဆုံးတော့ ငါ့အလှည့်ရောက်ပြီကွ"

ချိုးကျင်အန်းထံမှ ပညာသင်၍ပြန်လာပြီးကတည်းက သူ့စွမ်းရည်ကို ထုတ်ပြခွင့်မရခဲ့။ ရိုင်းစိုင်းရမ်းကားသည့် လုယန်ကို သင်ခန်းစာပေးခွင့်မရခဲ့။

မင်းယာယီဂိုဏ်းချုပ်ဖြစ်တော့ရော ဘာအရေးလဲ။ အရိုက်ခံသင့်တဲ့လူဟာ ခံကိုခံရမှာပဲ....

"တာအိုလမ်းစဉ်ဂိုဏ်း၊ မုန်ကျင်းကျိုး"

"ကောင်းကင်ရုံးတော်ဂိုဏ်း၊ လုသခင်လေး"

"သဘောတူညီချက်ယူရအောင်။ ဒီတစ်ခါ မင်းငါ့ကို အနိုင်ပေးပါ။ နောက်တစ်ခါကျရင် ငါမင်းကိုအနိုင်ပေးမယ်"

လုယန်က စေတနာအပြည့်ဖြင့် သိစိတ်အာရုံမှ လှမ်းပြောသည်။ ဂိုဏ်းတူညီအကိုချင်း မတိုက်ခိုက်လို။ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းလိုသည်။

"မတိုက်ခိုက်ချင်ရင် မင်းမတိုက်နဲ့ပေါ့။ ငါကမင်းကို ဒီနေ့အနိုင်ယူဖို့ ဆုံးဖြတ်ထားပြီးသားကွ"

မုန်ကျင်းကျိုး လုယန်နှင့်တိုက်ခိုက်ရမည့် အခွင့်အရေးကို လက်လွတ်မခံနိုင်။

လုယန် သက်ပြင်းချက်၍ ဗျူဟာတစ်မျိုးပြောင်းလိုက်သည်။

"ဒါဆို ယာယီဂိုဏ်းချုပ်အနေနဲ့ မင်းကို အညံ့ခံဖို့ ငါအမိန့်ပေးတယ်"

မုန်ကျင်းကျိုး "..."

"ခုနကလို ပြန်ညှိနှိုင်းလို့ရမလား"

********************************

All Chapters