← Chapters

ပွဲတော်ပြီးဆုံးခြင်း

Vol. 34 Ch. 501

ပွဲတော်ပြီးဆုံးခြင်း

Vol. 34 Ch. 501

ဂိုဏ်းချုပ်လုနှင့် လုသခင်လေးတို့တိုက်ပွဲ သရေကျခဲ့သည်။ ပါရမီရှင်များစွာတို့၏မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသည့်အပြုံးများ ရှိနေသည်။ စိတ်ပျက်အားငယ်မှုများ ပျောက်သွားသည်။

ကျင့်စဉ်ပြန်စသည့် ရှေးဟောင်းကျင့်ကြံသူများ မျက်နှာပျက်နေကြသည်။ သူတို့ရှေ့တွင် ကောင်းကင်ရုံးတော်ဂိုဏ်းပါရမီရှင်များရှိသည်။ သူတို့နောက်တွင် ယနေ့ခတ်ပါရမီရှင်များရှိနေသည်။ သူတို့အဖြစ်က ကြားညပ်နေသလိုရှိသည်။ မဟာကပ်အပြိုင်အဆိုင်ကာလ၏ နောက်ဆုံးစင်မြင့်ပေါ်တွင် သူတို့အတွက် နေရာမရှိမည်ကို ကြောက်နေကြသည်။

ဒိုင်လူကြီးစင်မြင့်ထက်မှ ချိုးကျင်အန်း အကြည့်လွှဲလိုက်သည်။ ဖြစ်သွားခဲ့သည့် တိုက်ပွဲအကြောင်း ပြန်စဉ်းစားနေသည်။ နောက်ဆုံးတွင် လေးပင်စွာသက်ပြင်းချ၍ မှတ်ချက်ပြုသည်။

"လူငယ်မျိုးဆက်တွေဟာ တကယ်ကြောက်စရာကောင်းတာပဲ"

ကျန်းချွန်က

"လုသခင်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အံ့မခန်းစွမ်းအားမျိုးရှိတာကို ပြောချင်တာလား"

"မဟုတ်ဘူး။ သူက တာအိုရှင်ဝစီပိတ်ထက်တောင် လှည့်စားတဲ့နေရာမှာ ပိုတော်နေတာကိုပြောတာ။

သူ့အရွယ်လောက်တုန်းက ဝစီပိတ်ရဲ့ လိမ်နည်းပတ်နည်းတွေက ခပ်ညံ့ညံ့ပါ။ ပြီးတော့ အဲဒီတုန်းက ငါကအတော်လေးရိုးအခဲ့လို့ သူ့အလိမ်အညာတွေထဲ ထပ်ကာထပ်ကာ ကျခဲ့တာ။

ဒါပေမယ့် လုယန်က မတူဘူး။ သူလှည့်စားပုံတွေက ဟာကွက်မရှိဘူး။ လူနည်းစုကို လိမ်တာမျိုးမဟုတ်ဘူး။ တစ်လောကလုံးကို လိမ်တာ"

ကျန်းချွန် "..."

မွေးဖွားသည့်အချိန် နောက်ကျ၍ တာအိုရှင်ဝစီပိတ်၏ ခေတ်ကောင်းချိန်နှင့် လွဲခဲ့သည်ကို ကျန်းချွန် စိတ်သက်သာရာရမိသည်။ အကယ်၍ ခေတ်ပြိုင်ဖြစ်ခဲ့လျှင် ဘယ်လောက်ကံဆိုးမည်မသိ။

"ဒါပေမယ့် လုယန်မှာ ကေားင်ကွက်တစ်ခုတော့ရှိပါတယ်။ အပြင်လူတွေကိုပဲ လိမ်တာ။ ကိုယ့်လူကိုယ် မလိမ်ဘူး။

ပိုင်မင်ကို လုယန်နဲ့ပိုပြီးပေါင်းသင်းဆက်ဆံဖို့ ပြောရဦးမယ်။ ပိုင်မင်က ပါရမီရှိတယ်။ ဉာဏ်လည်းထက်ပါတယ်။ ဒါပေမယ့် လုယန်နဲ့မုန်ကျင်းကျိုးမီဖို့တော့ အများကြီးလိုသေးတယ်"

ယန်တိန့်က

"ထျန်ကျိက ပိုင်မင်ထက်ပိုဆိုးတာပေါ့။ သူ့စိတ်က နည်းနည်းတစ်လမ်းသွားဆန်တယ်။ လုယန်ဆီကနေ သူသင်ယူသင့်တယ်"

သို့သော် လော်ဟုန်ရှားကတော့ သူ့တပည့်ချစ်ကို လုယန်နှင့် အနီးကပ်နေခွင့်မပေးနိုင်။ အနေနီးလျှင် ပြဿနာဖြစ်လာနိုင်သည်။

ထိုနည်းတူပင် ကိုယ်တော်ကျဲ့ရှားလည်း သူ့တပည့်ကို လုယန်နှင့် အနီးကပ်မနေခိုင်းရဲ။ ဗုဒ္ဓကိုယ်တော်တစ်ယောက်သည် မုသာဝါဒမှုကို ရှောင်ရမည်။ သူ့တပည့်ကို လုယန်၏လုပ်နည်းလုပ်ဟန်များ အတုခိုးခိုင်းလျှင် လမ်းမှားရောက်သွားနိုင်သည်။

နတ်မယ် လုယန်ခန္ဓာကိုယ်ကို ပြန်ယူပြီး ဒိုင်လူကြီးထိုင်ခုံတန်းအလယ်သို့ ပြန်သွားသည်။

"အားလုံးအလုပ်များနေကြတာပဲ။ ကျွန်မတို့ ပြိုင်ပွဲကို ဆက်လုပ်ကြမလား"

ပြိုင်ပွဲက တစ်ဝက်သာပြီးသေးသည်။ မယှဉ်ပြိုင်ရသေးသည့် ပွဲစဉ်အတော်များများ ကျန်သေးသည်။

ပွဲစဉ်ကို ပုံမှန်အတိုင်း ဆက်ကျင်းပသည်။ ရွှေသန္ဓေ‌နောက်ဆုံးအဆင့်အုပ်စု၊ နတ်ဝိညာဉ်အခြေခံအုပ်စု...။ တစ်ခြာတစ်ရံ တိုက်ခိုက်စွမ်းအားထက် စိတ်ကူးစိတ်သန်းထက်မြက်သည့် ကျင့်ကြံသူများပေါ်လာသဖြင့် ပရိတ်သတ်များ အံ့ဩဘနန်းဖြစ်ကြရသည်။

လော်ရွှေအစောင့်တပ်နှင့် မသေမျိုးဂိုဏ်းများက ပြိုင်ပွဲဝင်များကို တိတ်တဆိတ်လေ့လာသည်။ ရှေးဟောင်းကျင့်ကြံသူဖြစ်နိုင်သူ၊ စွမ်းအားအစစ်အမှန်ကို လျိုထားသူ၊ သို့မဟုတ် ခုန်ဟော်လို ကိုယ်ထဲတွင် ရှေးဟောင်းခြင်္သေ့နဂါးတစ်ကောင်ရှိသည့် ထူးခြားသူမျိုးကို ခွဲထုတ်နိုင်ရန် ကြိုးစားကြသည်။

နတ်မယ်နှင့် မသေမျိုးဂိုဏ်းချုပ်များ သံသယဖြစ်စရာ ကျင့်ကြံသူများအကြောင်း ဆွေးနွေးတိုင်ပင်သည်။

ပြိုင်ပွဲအဆုံးသတ်ခါနီးတွင် စာရင်းတစ်ခု ပြုစုသည်။ ထိုလူတို့၏ နောက်ခံကို စုံစမ်းစစ်ဆေးရမည့် နောက်ဆက်တွဲအလုပ်ကို တော်ဝင်ရုံးတော်က လက်လွှဲယူသည်။

ဆယ်ရက်ကြာအောင် စိတ်လှုပ်ရှားပျော်ရွှင်စရာပြိုင်ပွဲကို ကျင်းပပြီးနောက် ပွဲစဉ်များ ပြီးဆုံးသွားသည်။ တာအိုလမ်းစဉ်းဂိုဏ်း၏ နှစ်ပတ်လည်ပွဲလည်း အဆုံးသတ်သွားသည်။

"နောက်ဆုံးတော့ ပြီးသွားပြီပဲ"

လုယန် သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ ပွဲတော်တလျှောက်လုံး သူအလုပ်များခဲ့သည်။ ထာဝရနတ်မယ်က ကူညီဖို့ လက်တစ်ချောင်းပင် မလှုပ်ခဲ့။

"တော်တယ် ဒုခေါင်းဆောင်"

ထာဝရနတ်မယ် ချီးကျူးသည်။

လုယန် ချီးကျူးမခံရဲ။

"အားလုံးက နတ်မယ်ရဲ့ ကျွမ်းကျင်တဲ့ စီမံခန့်ခွဲမှုကြောင့်ပါ။ ဒါကြောင့်လည်း အရိုးကြေကြေအရေခန်းခန်း အလုပ်လုပ်ပေးမယ့်လူမျိုးကို ရှာနိုင်တာ"

"ဂိုဏ်းချုပ်လု၊ နောင်တစ်ချိန် နန်းမြို့တော်ကိုရောက်ရင် ကျုပ်ဆီလာလည်ပါ။ ကောင်းကောင်းဧည့်ခံပါ့မယ်"

လုယန်ပါရမီကို အိမ်ရှေ့မင်းသာ ရိပ်စားမိသည်။ သူနန်းတော်သိမ်းပိုက်ချိန်တွင် လိုအပ်လာမည့် အဖိုးတန်မဟာမိတ်တစ်ယောက်ဟု မြင်သည်။

ယွမ်ကျိကို ဂိုဏ်းချုပ်လုက "ရှောင်ယွမ်"ကို ပုံမှန်အတိုင်း ခေါ်နိုင်သည်။ ထိုဆက်ဆံရေးအတိုင်းအတာကို သူမခန့်မှန်းရဲ။

ပွဲတော်ပြီးဆုံးသည်နှင့် အကျိုးအမြတ်သိမ်းယူသည့် နောက်ဆုံးအဆင့် စတင်သည်။

လော်ဟုန်ရှားဘေးတွင် လူများဝိုင်းအုံနေသည်။ သေချာသိမ်းဆည်းထားသည့် ရတနာသေတ္တာကို ဂရုတစ်စိုက်ထုတ်လိုက်သည်။

"ညင်ညင်သာသာကိုင်ပါ။ သေတ္တာပျက်စီးသွားမယ်"

"...ဒါက ငါ့ရဲ့မသေမျိုးနန်းတော်က ရတနာပါ။ နင်တို့မိသားစုက မိတ်ကပ်ဘူးမဟုတ်ဘူး"

လော်ဟုန်ရှား ရတနာသေတ္တာကို အသက်သွင်းလိုက်သည်။ အလင်းတန်းများစွာ ထွက်ပေါ်လာပြီး လူအားလုံးကိုလွှမ်းခြုံ၍ သေတ္တာထဲသို့ ဆွဲခေါ်သွားသည်။

အထဲတွင် မဟာယုကျင့်ကြံသူများက သေတ္တာနံရံကို အပြင်းအထန် ထုရိုက်နေကြဆဲဖြစ်သည်။ ကူးဖြတ်ခြင်းအဆင့်သုံးယောက်ပေါင်း၍ မြေကြီးအက်ကွဲမတတ်စွမ်းအားများ ထုတ်သုံးသည်။ သို့သော် ဘာမှအကျိုးမထူး။ ယွမ်ကျိ၏ သွေးတစ်စက်ဖြင့် ပိတ်ဆို့ထားသည့်သေတ္တာက ပုံစံလုံးဝပြောင်းမသွား။

"အားလုံးပဲ၊ မကြောက်ကြပါနဲ့။ နိုင်ငံ့ဆရာ အပြင်မှာရှိနေတုန်းပါ။ တိုက်ပွဲတစ်ခုတော့ ဖြစ်ပြီးလောက်ပြီ။ နိုင်ငံ့ဆရာက ငါတို့ကိုလာကယ်မှာပါ"

ယင်ယန်အရှင်က သူ့လူများကို အားပေးသည်။

အချိန်ကို သူတွက်ချက်နေသည်။ ပွဲတော် အဆုံးသတ်ခါနီးပြီဟုယူဆသည်။ နိုင်ငံ့ဆရာလှုပ်ရှားဖို့ အကောင်းဆုံးအချိန်ဖြစ်သည်။

"ဟေ့..ကြည့်လိုက်၊ ချိတ်ပိတ်တဲ့တံဆိပ်ကို ဖယ်လိုက်ပြီ"

ယင်ယန်အရှင်က အဝေးမှအလင်းရောင်ကို လက်ညှိုးထိုးပြ၍ ဝမ်းသာအားရအော်ဟစ်လိုက်သည်။ မဟာယုကျင့်ကြံသူများရင်ထဲမှ မျှော်လင့်ချက်များ ပြန်အသက်ဝင်လာသည်။

သို့သော် တံဆိပ်ဖယ်ရှားပြီးသည်နှင့် အိုးတစ်လုံးထဲ ပေါက်စီများကျလာသလို အစုအပြုံလိုက်ဝင်လာသည့် မဟာရှားကျင့်ကြံသူများကို မြင်လိုက်ရသည်။

"ဖမ်းဆီးတဲ့အချိန်မှာ ငါတို့နှလုံးချုပ်ဂိုဏ်းက အများကြီးအားထုတ်ခဲ့တာ။ မဟာယုကျင့်ကြံသူတစ်ယောက်တော့ ရသင့်တယ်"

"ဟေ့...ဟေ့ လောင်လီ။ ပြိုင်ပွဲမှာတုန်းက လောင်းထားတာ မင်းရှုံးတယ်လေ။ မင်းရမယ့် မဟာယုကျင့်ကြံသူအားလုံး ငါတို့လေဟာနယ်ဖျက်ဂိုဏ်းအတွက်ပဲမဟုတ်လား"

"စကားကိုကြည့်ပြောစမ်းပါ။ လောင်းကစားလုပ်တာ တရားမဝင်ဘူးကွ။ မင်းနဲ့ ဘယ်သူအလောင်းအစားလုပ်ခဲ့လို့လဲ"

"...မင်း အရှက်မရှိဘူးလား"

"အားလုံးပဲ၊ ကျုပ်ပြောတာလေး နားထောင်ကြပါ။ မဟာယုကျင့်ကြံသူတွေကို ဘယ်လိုခွဲဝေမလဲဆိုတာ အေးအေးဆေးဆေး ထိုင်ဆွေးနွေးကြတာပေါ့"

ကူးဖြတ်ခြင်းအဆင့်တက်စ လူပါချန်းက ရှေ့တက်လာပြီး အခြေအနေကို ထိန်းသိမ်းသည်။

အားလုံး၏ အကျိုးစီးပွားနှင့် သက်ဆိုင်နေသဖြင့် ငြင်းခုန်မှုများက ပိုပြင်းထန်လာသည်။ မျက်နှာများ နီရဲလာသည်။ လုပါချန်းဝင်ပြောသဖြင့် သူတို့အားလုံး အာရုံပြောင်းသွားသည်။ ဒေါသအားလုံး သူ့အပေါ်စုပြုံကျလာသည်။ သူ့ကိုရိုက်နှက်ကန်ကျောက်ကြပြီးမှ ချီတစ်ခုအရှင်က ကြားဝင်ပြီးဦးဆောင်သည်

ဆွေးနွေးပွဲက ငြီးငွေ့စရာကောင်းလွန်းသဖြင့် လုယန်မကြာခဏသမ်းဝေနေရသည်။ နောက်ဆုံးဆုံးဖြတ်ချက် ဘယ်လိုဖြစ်လာလာ သူအရေးမစိုက်။ မဟာယုလူစုထဲတွင် စွမ်းအားအကြီးဆုံးဖြစ်သည့် ယင်ယန်အရှင်တစ်ယောက်ကိုသာ တာအိုလမ်းစဉ်ဂိုဏ်းအတွက် ချန်ထားသည်။

တစ်ခြားလူများအတွက် သူတို့စိတ်ကြိုက်ဆွေးနွေးစေသည်။

"ဒါနဲ့စကားမစပ် ချီတစ်ခုအရှင်။ ထောင်ဝူအိုကြီးကိစ္စ ဘယ်လိုလုပ်မယ်ဆုံးဖြတ်ထားလဲ"

သေတ္တာထဲမှ မထွက်မီ ချီတစ်ခုအရှင်ကို လုယန်မေးလိုက်သည်။

ထိုစဉ်က လုသခင်လေးနေရာတွင် သရုပ်ဆောင်နေရသဖြင့် ခုန်ဟော်အခြေအနေကို တိုက်ရိုက်စူးစမ်းဖို့ သူ့အတွက် အဆင်မပြေခဲ့။

"ထောင်ဝူကို သူဆက်ထိန်းသိမ်းပြီး အဆင်ပြင်အောင်နေမယ်လို့ ခုန်ဟော်ကပြောတယ်။ ထောင်ဝူကို တဖြေးဖြေးပြုပြင်ပြောင်းလဲပြီး မိတ်ဆွေဖွဲ့လို့ရနိုင်တယ်လို့ သူယုံကြည်ထားတယ်"

"အင်း...ဒါလည်း ဖြေရှင်းနည်းတစ်ခုပါပဲလေ"

လုယန် ခုန်ဟော်အတွက် နည်းနည်းစိုးရိမ်မိသည်။

ထိုထောင်ဝူသည် ထာဝရနတ်မယ်ထက် များစွာညံ့ဖျင်းသည်။ ထာဝရနတ်မယ်သည် လှပသည်၊ ကြင်နာတတ်သည်၊ အားလုံးက ချစ်ချင်ကြသည်၊ သူ့ကိုဒုက္ခပေးမညမဟုတ်။ သို့သော် ထောင်ဝူအိုက ဉာဏ်နီဉာဏ်နက်များသည့် သက်တမ်းရင့်နတ်ဆိုးဖြစ်သည်။ ခုန်ဟော်ကို ဘယ်အချိန်သစ္စာဖောက်မည်မသိနိုင်။

သို့သော် ခုန်ဟော်က ထိုသို့ရွေချယ်ထားသည်ဖြစ်၍ သူဝင်စွက်စရာအကြောင်းမရှိ။

ယွမ်ကျိက လုယန်နှင့်အတူ ယင်ယန်အရှင်ကိုခေါ်ထုတ်၍ သေတ္တာထဲမှ ထွက်လာသည်။

"နေပါဦး...နိုင်ငံ့ဆရာက ဘယ်ရောက်နေတာလဲ"

ပွဲတော်အစမှအဆုံးထိ နိုင်ငံ့ဆရာ ပေါ်မလာခဲ့သည်ကို လုယန် ရုတ်တရက် စဉ်းစားမိလာသည်။ ယွမ်ကျိလည်း ခြေရာမခံနိုင်ခဲ့။

နိုင်ငံ့ဆရာ ပွဲတော်ပြီးဆုံးချိန်တွင် ဒုက္ခပေးလိမ့်မည်ဟု သူယူဆခဲ့သည်။ သတိဖြင့်နေခဲ့သည်။ သို့သော် ဘာမှမဖြစ်ခဲ့။

"ထူးဆန်းတယ်။ တစ်ခုခုမူမမှန်တာကို သူအာရုံရလို့ စောစောစီးစီး ထွက်ပြေးသွားတာများလား"

လုယန်စိတ်ထဲတွေးနေသည်။ နိုင်ငံ့ဆရာသည် ရင်ဆိုင်ဖို့ခက်ခဲသည့် ပြိုင်ဘက်ဖြစ်သည်။

"အဲ...ဒါက အသားကင်ဆိုင်လား"

လုယန် အမှတ်တမဲ့ မော့ကြည့်သည်။ အသားကင်ဆိုင်ရှေ့သို့ ရောက်နေကြောင်း သူ့ကိုယ်သူ သတိထားမိလာသည်။ သခင်လျိုနှင့်ကောင်းက အကင်များကို သိမ်းဆည်းနေသည်။ ရှောင်ဝူ ရှောင်လျို ရှောင်ချီတို့က ပန်းကန်ခွက်ယောက်များ ဆေးကြောနေသည်။ ဂိုဏ်းချုပ်က ကြမ်းတိုက်နေသည်။ ဆိုင်ပိတ်ချိန်မြင်ကွင်းဖြစ်သည်။

တစ်ခုခုစားမည်ဟု သူတွေးခဲ့သည်။ သို့သော် ဆိုင်သိမ်းနေသည်ကိုမြင်သဖြင့် ပြန်ဖွင့်ဖို့ သူမပြောတော့။

"လုယန်၊ ကြိုဆိုပါတယ်။ လာပါ"

ထာဝရဂိုဏ်းချုပ်က လုယန်ကို လှိုက်လှိုက်လှဲလှဲကြိုဆို ဖိတ်ခေါ်သည်။

တာအိုလမ်းစဉ်ဂိုဏ်းတွင် လုယန်သည့် သူတို့၏ နောက်ခံကျောရိုးဖြစ်သည်။

'ငါဘာလို့ လုယန်ကို ဒီလောက်ဖော်ရွေနေတာလဲ။ ယွမ်ကျိရဲ့ ဆရာတူမောင်လေးဖြစ်လို့လား။ တစ်ခြားအကြောင်းရင်းတစ်ခုခု ရှိနေပုံပဲ။

လုယန်ကို လေးလေးစားစားဆက်ဆံဖို့ တစ်ခြားလူတွေထက်ပိုအလေးပေးဖို့ ငါ့ကိုဘယ်သူပြောခဲ့တာလဲ...

ဒီလိုလုပ်ဖို့ ငါ့ကိုဘယ်သူပြောခဲ့တာလဲ...'

အတွေးနက်နေသည့်ဂိုဏ်းချုပ်ကိုကြည့်၍ လုယန် စိတ်ဝင်စားလာသည်။

"ကိစ္စတစ်ခုခုရှိလို့လား"

ဂိုဏ်းချုပ် ပြန်အသိဝင်လာသည်။ သတိလစ်ဟင်းသွားသည့်အဖြစ်ကို နားလည်သွားသည်။

"ဪ...ဘာမှမဟုတ်ပါဘူး။ ထိုင်ပါခင်ဗျာ"

လုယန် ဘေးပတ်လည်ကို မျက်လုံးဝေ့ကြည့်သည်။ လူတစ်ယောက်ပျောက်နေသည်ကို သတိထားမိသည်။

"ထာဝရအရှင် ဘယ်ရောက်နေလဲ။ မွေးမြူရေးခြံမှာလား"

"ဘယ်သူရယ်"

************************************

All Chapters