← Chapters

ကပ်ဘေးဓားဖြင့် ထိုက်ချူကို ဇီဝန်ခြွေမည်

Vol. 127 Ch. 1645

ကပ်ဘေးဓားဖြင့် ထိုက်ချူကို ဇီဝန်ခြွေမည်

Vol. 127 Ch. 1645

ထိုက်ချူ၏ ရုပ်ခန္ဓာသည် အလွန်တရာ ကြီးမား၏။ သူသည် အသန်မာဆုံး ရှေးဟောင်းနတ်ဘုရားဖြစ်ပြီး ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့ထက်ပင် အင်အားကြီးထွားလေသည်။ သူ့ရုပ်ခန္ဓာအရှေ့တွင် ချင်မူမှာ မပြောပလောက်အောင် သေးမွှားနေတော့သည်။

ထိုက်ချူ၏ သူငယ်အိမ်များတွင် ချင်မူ့ပုံရိပ် ရောင်ပြန်ဟပ်နေသော်လည်း ချင်မူ့အနောက်ရှိ ပလ္လင်ခန်းမ ၇၂ ခုနှင့် ကောင်းကင်နန်းဆောင် ၃၃ ဆောင်တို့ကလည်း ကြီးမားထည်ဝါနေသည်။ ၎င်းတို့က သူ၏ရုပ်ခန္ဓာထက်ပင် ခမ်းနားတင့်တယ်၏။ ချင်မူ့မူလဝိညာဉ်က ဖရိုဖရဲခန်းမအရှေ့တွင် ရပ်နေပြီး ခန့်မှန်း၍မရနိုင်သော နတ်စွမ်းအားတို့ဖြင့် ပြည့်နှက်နေလေသည်။

ဤစွမ်းအားက သူ့ကို ခြောက်လှန့်နေသည်။

အထူးသဖြင့် ချင်မူ၏ နောက်ဆုံးစကားပင်။ ထိုစကားက သူ၏နှလုံးသားကို ယိမ်းယိုင်သွားစေပြီး ဆိုးရွားသောအရာတစ်ခုကို တွေးမိသွားစေသည်။

သူ၏တာအိုနှလုံးသား ယိုင်နဲ့သွားသည့် အခိုက်အတန့်မှာပင် ချင်မူက ဓားကို ထုတ်လိုက်သည်။

ဤမတိုင်ခင်တုန်းက ချင်မူနှင့် ထိုက်ချူတို့နှစ်ယောက်စလုံးသည် များစွာသော စကားများ ပြောခဲ့ကြ၏။ အတိတ်အကြောင်း ပြန်လည်တမ်းတ၍ မိတ်ဆွေဟောင်းများအကြောင်း ပြောနေကြပုံပေါ်သော်လည်း အမှန်တကယ်တွင် သူတို့၏ စကားလုံးများ၌ တိုက်ကွက်များ ကွယ်၀ှက်နေခဲ့သည်။

ယင်းတို့ထဲရှိ အန္တရာယ်က ဧရာမစစ်ပွဲကြီးထက်ပင် ကြောက်မက်ဖွယ်ကောင်းပေသည်။

သူတို့နှစ်ယောက်စလုံးသည် တစ်ဖက်ရန်သူက မည်မျှအစွမ်းထက်ကြောင်း သိထားကြသည့်အလျောက် အနိုင်ယူနိုင်ရန် ယုံကြည်ချက် မရှိပေ။ ထို့ကြောင့် တိုက်ပွဲ မစတင်ခင်မှာပင် တစ်ဖက်ရန်သူ၏ စိတ်အား ဦးစွာတိုက်ခိုက်ကာ တာအိုနှလုံးသားအား အားနည်းစေခဲ့သည်။ တစ်ဖက်ရန်သူ၏ နှလုံးသားကို ပြင်းထန်လှသော ဖိအား ပေးနိုင်ခြင်းဖြင့် အနိုင်ယူရန် အခွင့်အရေး များပြားစေနိုင်၏။

ထိုက်ချူသည် ချင်မူ သုံးကြိမ် ရှုံးခဲ့သည်ကို ပြန်ဖော်ကာ ချင်မူ့အား သုံးကြိမ်အရှုံးသမားအဖြစ် နာမည်ပေး၍ တိုက်ခိုက်ခဲ့၏။ ချင်မူအား ငတုံးဟု သွယ်ဝိုက် ခနဲ့လိုက်ခြင်း ဖြစ်သည့်အပြင် ထိုက်ချူဆိုသည့် သူကိုယ်တိုင်က ပြိုင်ဘက်ကင်းသော ‌ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် ဖြစ်ကြောင်း သတိပေးရာလည်း ရောက်သည်။

ချင်မူသာ သူ့ကိုယ်သူ သံသယရှိခဲ့ပါက ထိုက်ချူအနေဖြင့် စတင်တိုက်ခိုက်ရန် အခွင့်အရေး ရလိမ့်မည်။

ချင်မူ့တန်ပြန်တိုက်ခိုက်မှုကလည်း သူ့ကို အံ့အားသင့်စေခဲ့ရ၏။ ချင်မူကား စကားများများစားစား မပြောဘဲ လုပ်ရပ်များဖြင့်သာ သူ၏တာအိုနှလုံးသားကို တိုက်ခိုက်ခဲ့လေသည်။

ချင်မူသည် ကောင်းကင်ဘုံများရှိ စွမ်းအင်အကူးအပြောင်းတံတားများကို ဖျက်ဆီးခဲ့ပြီး ကောင်းကင်နတ်ဘုံအား သီးသန့်ကျွန်းတစ်ကျွန်းပမာ ကျန်ရစ်စေခဲ့သည်။ ကောင်းကင်နတ်ဘုံစစ်တပ်သည် ဆယ်နှစ်မှ နှစ်နှစ်ဆယ်အတွင်း ကမ္ဘာဦးဘုံကို တိုက်ခိုက်နိုင်တော့မည်မဟုတ်ပေ။ ဤလုပ်ရပ်က ကောင်းကင်နတ်ဘုံ၏ ခြိမ်းခြောက်မှုကို အချိန်အတိုင်းအတာတစ်ခုအထိ လျော့ကျသွားစေနိုင်၏။

ထို့နောက် ကမ္ဘာဦးဘုံ၏ ယိုတုအသေးစားနှင့် ရွှမ်တုအသေးစား ထွက်ပေါ်လာခြင်းလည်း ရှိသေးသည်။ ၎င်းက ကောင်းကင်နတ်အရှင်ရှုနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့၏ အန္တရာယ်ကို လျော့နည်းသွားစေ၏။

လုပ်ရပ်များက အားလုံးကို ကြောင်အသွားစေခဲ့သည့်အပြင် ထိုက်ချူ၏ တာအိုနှလုံးသားကိုလည်း အားလျော့စေခဲ့သည်။

ထိုက်ချူသည် စကားလုံးများဖြင့် ချင်မူ့တာအိုနှလုံးသားကို ယိမ်းယိုင်စေခဲ့သော်လည်း ချင်မူက လုပ်ရပ်ဖြင့် သူ၏ တာအိုနှလုံးသားကို ယိမ်းယိုင်စေခဲ့၏။ ‌နှုတ်ဖြင့်တိုက်ခိုက်ခြင်းထက် ပို၍ပင် သက်ရောက်မှု ကြီးမားလေသည်။

နောက်ဆုံးတွင် ချင်မူက ဤစကြ၀ဠာ၏ သခင်လေးခုနစ် ဖြစ်လာခဲ့သည်ဟု ထုတ်ပြောခဲ့ပြီး ဖရိုဖရဲခန်းမကိုပါ ဖော်ထုတ်လိုက်လေရာ ထိုက်ချူ၏ တာအိုနှလုံးသားအီ, လုံး၀ယိုင်နဲ့ခဲ့ရတော့၏။

ချင်မူသာ ဤစကြ၀ဠာတွင် သခင်လေးခုနှစ် အမှန်တကယ် ဖြစ်လာခဲ့ခြင်းဆိုပါက သူ့တွင် အခြားပြိုင်ဘက် ရှိတော့မည်မဟုတ်ပေ။ ထိုက်ချူဖြစ်စေ ကောင်းကင်နတ်ဧကရာဇ်‌ဟောင်ဖြစ်စေ ရှုံးနိမ့်မှုကသာ စောင့်ကြိုနေပေလိမ့်မည်။

သူ ကျရှုံးပြီး ကောင်းကင်နတ်ဘုံလည်း ကျရှုံးရလေလိမ့်မည်။ ဤအစေ့အား စိုက်လိုက်သည်နှင့် အညှောက်ပေါက်လာကာ ဖူးပွင့်လာပေလိမ့်မည်။ ဖူးပွင့်လာသည်နှင့် ရပ်တန့်၍ရတော့မည်မဟုတ်ပေ။

ကပ်ဘေးဓားရောင်က ချက်ချင်းပင် ထိုက်ချူ၏ အရှေ့သို့ ရောက်လာ၏။ ထိုက်ချူလည်း ဓားကို လွှဲရမ်း၍ ဓားရောင်အား ဟန့်တားရင်း နောက်သို့ဆုတ်သွားသည်။ သူ၏လက်ထဲရှိ ဓားမှာ သူ၏အထွတ်အမြတ်ရတနာမှ သန့်စင်ထားသည့် ဓားဖြစ်ပြီး ဓားသိုင်းကွက်များက သူ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် သင်ကြားခဲ့သော ဓားကွက်များ ဖြစ်ချေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုသည် ကမ္ဘာခေတ်နှောင်း၏ မဟာတာအိုအဖြစ် ကျော်ကြား၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် နတ်ဘုရားများသည် ကမ္ဘာခေတ်နှောင်းတာအိုကို ပြီးပြည့်စုံစေရမည်ဟု သူတို့၏ တာဝန်ဝတ္တရားအဖြစ် နှလုံးသွင်းကြသည်။ ကောင်းကင်နတ်ဘုံက ပြုပြင်ပြောင်းလဲမှုဟုခေါ်သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြည်သူပြည်သားများအတွက်တော့ သူတို့ သင်ယူခဲ့သည့်အရာများကို တိုးတက်စေခြင်းသာ ဖြစ်၏။

သူတို့သည် နေ့စဉ်ဘဝတွင် သင်ယူရသောအရာများ ဖြစ်သည့် ပန်းပဲပညာ၊ ဆေးပညာနှင့် ပန်းချီပညာများကို၏ အသုံးပြုကြသည်။ ၎င်းတို့အထဲတွင် ဓားလမ်းစဉ်က တိုးတက်မှုအမြန်ဆုံးပင်။

ချင်မူဖြစ်စေ၊ ခိုင်ဧကရာဇ်ဖြစ်စေ၊ ဧကရာဇ်အတိုင်ပင်ခံကျန်းပိုင်ကွေ့ဖြစ်စေ သို့မဟုတ် လူသားဧကရာဇ်ဟောင်း စုမူကျဲဖြစ်စေ သူတို့အားလုံးမှာ ဓားလမ်းစဉ်၌ အလွန်တရာ ထူးချွန်သော သိုင်းပညာရှင်များ ဖြစ်ကြသည်။ သူတို့၏ ဓားလမ်းစဉ်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ််လျှောက် ဖြန့်ကျက်ခဲ့သောကြောင့် လုံလောက်သော ပါရမီနှင့် သိမြင်နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားလျှင် မည်သူမဆို ကျင့်ကြံနိုင်ပေလိမ့်မည်။ ဓားလမ်းစဉ်အသစ်ကို ပြုပြင်မွမ်းမံနိုင်ပြီး သူတို့၏ အခြေခံများအပေါ်တွင် ဓားသိုင်းကွက်အသစ်ကို ထည့်သွင်းနိုင်မည်ဖြစ်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ပုန်းအောင်းနေသည့် ထိုက်ချူ၏ လူဝင်စားနှစ်ယောက် ရှိ၏။ သူတို့မှတစ်ဆင့်် ချင်မူ၊ ခိုင်ဧကရာဇ်၊ ကျန်းပိုင်ကွေ့၊ စုမူကျဲနှင့် အခြားသူများ၏ ဓားကျင့်စဉ်များကို သင်ယူခဲ့ပြီး သိမြင်နားလည်နိုင်ခဲ့သည်။

သူ၏ ဓားလမ်းစဉ်မှာ အားနည်းသည်ဟု ပြော၍မရနိုင်ပေ။ အလွန်တရာ ပြင်းထန်အားကောင်းသော မှော်စွမ်းအင်ဖြင့် အသက်သွင်းလိုက်သည့်အခါတွင် သူ၏ဓားလမ်းစဉ် စွမ်းအားသည် ယခင် ခိုင်ဧကရာဇ်ကိုပင် လိုက်မှီနိုင်သည်။

သူ အသက်သွင်းလိုက်သည့် ဓားသိုင်းကွက်မှာလည်း ခိုင်ဧကရာဇ်၏ ဓားကွက်ဖြစ်ကာ ကောင်းကင်ဘုံ ၃၃ ဘုံကို တစ်ချက်တည်းဖြင့် ထိုးစိုက်လိုက်၏။ ၎င်းက အလွန်တရာ တင့်တယ်လှပလေသည်။

သို့သော် သူ၏တာအိုနှလုံးသားမှာ ပြိုလဲသွားပြီဖြစ်သဖြင့် ဓားလမ်းစဉ်၏ စွမ်းအားမှာလည်း သိသိသာသာ လျော့ကျနေသည်။ ထိုမျှသာမက ဓားလမ်းစဉ်ပြောင်းလဲမှုများမှာလည်း‌ လျော့တိလျော့ရဲ ဖြစ်လာ၏။

ဓားရောင်များ ဝင်တိုက်သွားကြသည်နှင့် ကပ်ဘေးဓားက ဓားကွက်ပြောင်းလဲကာ ကပ်ဘေးခွင်းဓားအဖြစ် အသွင်ပြောင်းသွားသည်။ တစ်ခဏအတွင်း ထိုက်ချူ ဧကရာဇ်ဓားဖြင့် ဖွဲ့တည်ထားသော ကောင်းကင်ဘုံ ၃၃ ဘုံမှာ ဖျက်ဆီးချေမှုန်းခံလိုက်ရချေပြီ။

ထိုက်ချူ၏ အစစ်အမှန်ခန္ဓာကိုယ်မှာ မရေမတွက်နိုင်သော ဓားချက်များအား ခံစားလိုက်ရပြီး တစစီ ပဲ့ထွက်နေတော့သည်။

ထိုက်ချူလည်း ဓားရိုးကို ခါလိုက်ရာ ‌မွေးရာပါချီများ ပေါက်ကွဲထွက်လာသည်။ လမ်းစဉ်တစ်သောင်းက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး နတ်ဘုရားလက်ချောင်းအဖြစ် ပြောင်းလဲသွား၏။ သူက ချင်မူ့ကပ်ဘေးဓားရှိ ပြောင်းလဲမှုများကို လျစ်လျူရှုပြီး လက်ညှိုးထိုးလိုက်သည်။

ဒေါင်..

အသံနှင့်အတူ သူ၏လက်ဖျားထိပ်သည် ကပ်ဘေးဓား၏ ထိပ်ဖျားနှင့် ထိပ်တိုက်တွေ့သွားသည်။ ချင်မူ့ဓားရောင်က သူ၏လက်ချောင်းထဲသို့ ထိုးစိုက်ဝင်ရောက်လာ၏။ သူ၏ ဓားလမ်းစဉ်က ဓားစိတ်ဆန္ဒကို လက်ချောင်းမှတစ်ဆင့် လက်မောင်းတစ်လျှောက်လုံး ပျံ့နှံ့သွားစေသည်။

သူ၏ ကျန်ရှိသည့် လက်ချောင်းလေးချောင်းက လှုပ်ရှား၍ ကပ်ဘေးဓားထိပ်အား ကျော်ဖြတ်သွား၍ ကပ်ဘေးဓား၏ စွမ်းအားကို ချေမှုန်းဖိချလိုက်၏။

တစ်ချိန်တည်းမှာပင် ထိုက်ချူ၏ နောက်ထပ်လက်တစ်ဖက်က ဖိချလိုက်သည်။ သူ၏လက်ဖဝါးအောက်တွင် လမ်းစဉ်တစ်သောင်း ပေါက်ကွဲထွက်လာပြီး ကောင်းကင်ဘုံများနှင့် ကမ္ဘာလောကတစ်သောင်းရှိ မရေမတွက်နိုင်သော အထွတ်အမြတ်ဖြစ်တည်မှုများက သူ၏လက်အောက်သို့ ရောက်ရှိနေသည့်အလား ထင်နေရတော့သည်။

နတ်အလင်းတန်းတို့က ဤတိုက်ကွက်မှ ပေါက်ကွဲထွက်လာကြပြီး ပြိုင်ဘက်ကင်းသော ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် ဧကရာဇ်တစ်ပါး၏ ဩဇာအာဏာကိုလည်း ၎င်းတွင် မြင်ရနိုင်သည်။

ပြောရလျှင် ထိုက်ချူသည် ခေတ်တစ်ခေတ်ကို အုပ်စိုးခဲ့သည့် ဧကရာဇ်တစ်ပါးဖြစ်သလို ခေတ်တစ်ခေတ်ကို အဆုံးသတ်စေခဲ့သည့် ဧကရာဇ်တစ်ပါးလည်း ဖြစ်သည်မဟုတ်ပါလော။ စကြ၀ဠာရှိ ရှေးဟောင်းနတ်ဘုရားထောင်သောင်းပေါင်းများစွာက သူ၏လက်အောက်တွင် ရှိခဲ့ဖူးသည်။

ဤတိုက်ကွက်က မွေးရာပါချီသာမဟုတ်ဘဲ ထိုက်ချူလမ်းစဉ်လည်း ဖြစ်၏။ သူ ထိုက်ချူလမ်းစဉ်ကို သိမြင်နားလည်ရာမှ ရရှိခဲ့သည့် ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်ချေသည်။

ချင်မူက ဓားကို ညာလက်ဖြင့် ဆွဲထုတ်လိုက်ရာ ဓားထိပ်သည် လွှဲရမ်းပြီး ထိုက်ငါးပါးစလုံး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။ တချိန်တည်းမှာပင် သူ၏ဘယ်ဘက်လက်က ထိုက်ချူ၏ လက်ဖဝါးနှင့် ထိပ်တိုက်တွေ့သွား၏။

တစ်ချိန်တည်းမှာပင် သူ၏ကောင်းကင်နတ်ဘုံ ဖရိုဖရဲခန်းမအရှေ့ရှိ မူလဝိညာဉ်ကလည်း လက်မြောက်ကာ တူညီသောလုပ်ရပ်ကို လုပ်လိုက်သည်။

ထိုတိုက်ကွက်တွင်လည်း ထိုက်ငါးပါး ကိန်းဝပ်နေသည်။

သို့သော် ချင်မူ့လက်ဖဝါးမှာ သေးငယ်လွန်းသည့်အတွက် ကောင်းကင်နတ်သိုင်း၏ ပြောင်းလဲမှုများကို တွေ့မြင်ရရန် ခက်ခဲလေသည်။ သို့သော် သူ့မူလဝိညာဉ်၏ လက်ဖဝါးမှာတော့ အဆပေါင်း မရေမတွက်နိုင်အောင် ပို၍ကြီးမား၏။

သူ့မူလဝိညာဉ်လက်ဖဝါး၏ လက်ဖဝါးမှာ ဘိုးဘေးနန်းတော်ကဲ့သို့ ဖြစ်ပြီး လက်ချောင်းငါးချောင်းကတော့ ဘိုးဘေးနန်းတော်၏ ကျောက်တုံးတွင်းများနှင့် တူသည်။ ထိုက်ယီ၊ ထိုက်ချူ၊ ထိုက်ရှီ၊ ထိုက်စု၊ ထိုက်ကျိတို့အားလုံးက တစ်ခုတည်းအဖြစ် ပေါင်းစည်းနေကြလေသည်။

လက်ဖဝါးနှစ်ဖက်က တိတ်ဆိတ်စွာ ဝင်တိုက်သွားသော်လည်း အဆုံးမရှိသော အလင်းတန်းတို့က ပေါက်ကွဲထွက်လာကာ ကြယ်တာရာကောင်းကင်တွင် ချွန်မြသော ဓားသွားအဝိုင်းတစ်ခုကို ဖွဲ့တည်လိုက်သည်။

ဓားသွားက အထူမရှိသည့်ပမာ ပါးလျနေပြီး အလျင်အမြန် ပြန့်ကားထွက်ကာ ကြယ်တာရာကောင်းကင်ကို ချက်ချင်း နှစ်ပိုင်း ပိုင်းဖြတ်လိုက်တော့သည်။

ချင်မူက နောက်သို့ အနည်းငယ်ကိုင်းလိုက်ရာ သူ့အနောက်တွင် မဟာကောင်းကင်နတ်ဘုံ၏ ထောင်ချီသော နန်းဆောင်များ ဖရိုဖရဲဖြစ်သွားကြသည်။ ၎င်းတို့က အဆက်မပြတ် ပြောင်းလဲ၍ ဤတိုက်ကွက်၏ စွမ်းအားကို လွင့်ပြယ်သွားစေ၏။

ထိုက်ချူ၏ နှလုံးသားမှာ အေးခဲသွားသည်။ သူက နောက်သို့ ခြေတစ်လှမ်းဆုတ်၍ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံထဲသို့ ဝင်ရောက်ကာ ချင်မူ့ကပ်ဘေးဓားကို ရှောင်တိမ်းလိုက်သည်။ ကပ်ဘေးဓားဖြင့် ဖွဲ့တည်ထားသည့် ကျောက်သတ္ထုကြောငါးကြောသည် မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံအား ဝုန်းခနဲ တိုက်ခိုက်ကာ ဖိချလိုက်တော့သည်။

ဓားရောင်မှ အသွင်ပြောင်းလာသည့် ကျောက်သတ္ထုကြောငါးကြောက ဒေါသထွက်နေသော နဂါးငါးကောင်အလား သောင်းကျန်းနေသောကြောင့် အန္တိမဟင်းလင်းပြင်ပင်လျှင် ဤဓားသိုင်းကွက်ကို တစ်ချက်ကလေးမှ မဖျက်ဆီးနိုင်ပေ။

‘သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက ငါ့အောက် အားနည်းမနေဘူး…. အခု သူက ကိုယ်ပိုင်စွမ်းအားကို သုံးပြီး ဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်လို့ တာအိုသိုင်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်ပြီ… ဒါတွေအကုန်လုံးက ပလ္လင်ခန်းမ ၇၂ ခုကြောင့် ဖြစ်လာတာလား ဒါမှမဟုတ် ဖရိုဖရဲခန်းမကြောင့် ဖြစ်လာတာလား”

ထိုက်ချူ၏ အကြည့်က ပလ္လင်ခန်းမ ၇၂ ခုအပေါ်သို့ ကျရောက်သွားသည်။

မည်သူကမှ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ ပလ္လင်ခန်းမ ၇၂ ခု စလုံးအား အပြည့်အစုံ မဖွဲ့တည်ရသေးရာ ချင်မူက တစ်လောကလုံး၌ ပထမဦးဆုံးပုဂ္ဂိုလ် ဖြစ်ပေလိမ့်မည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ခန်းမ ၅၈ ခု၏ ကျင့်ကြံခြင်းလမ်းစဉ်ကိုသာ ရရှိနိုင်ခဲ့ပြီး အခြားခန်းမများကတော့ ထိုက်ချူ၏ လက်ထဲသို့ ရောက်ရှိခဲ့သည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင် နန်းတက်၍ ပြိုင်ဘက်ကင်းအာဏာကို ရရှိသွားသည့်တိုင် ထိုက်ချူသည် ကျန်ရှိသည့် ခန်းမ ၁၄ ခုကို သင်ကြားမပေးခဲ့ပေ။

ကောင်းကင်နတ်ဧကရာဇ်ဟောင် ၎င်းတို့ကို လိုချင်ပါက ညီမျှသော အကျိုးအမြတ်များနှင့် လဲလှယ်ရပေမည်။

ဤသို့ဖြင့် ယခုအချိန်အထိ ကောင်းကင်နတ်ဧကရာဇ်ဟောင်ရော ထိုက်ချူပါ ပလ္လင်ခန်းမ ၇၂ ခုကို တည်ဆောက်နိုင်ခြင်း မရှိပေ။

အဘယ်ကြောင့်ဆိုသော် သူတို့၏ အခြေအနေမှာ ယခင်နှင့် အလားတူ ဖြစ်နေ၍ပင်။ အတိတ်တုန်းက ကောင်းကင်နတ်အရှင်ဆယ်ပါးသည် တစ်ယောက်နှင့်တစ်ယောက် သင့်မြတ်‌ယောင်ဆောင်ကာ အကျိုးအမြတ်များကို တိတ်တဆိတ် ခွဲဝေယူခဲ့ကြသည်။ တစ်ယောက်ဆီမှတစ်ယောက် ပို၍များပြားသော အကျိုးအမြတ်များ သဲ့ယူနိုင်ရန် ကြိုးစားခဲ့ကြ၏။ ခြေတစ်လှမ်းစော၍ ထောင်ချောက်များ ပြင်ဆင်ခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် မယုံကြည်ခဲ့ကြပေ။

ယခုအချိန်တွင်လည်း မပြောင်းလဲကြသေးပေ။ ထိုအစား ချင်မူကတော့ ပလ္လင်ခန်းမ ၇၂ ခုကို သူတို့ထက်အလျင် ကျင့်ကြံနိုင်ခဲ့လေပြီ။

ပလ္လင်ခန်းမ ၇၂ ခုသည် ကောင်းကင်နန်းဆောင် ၃၆ ဆောင်ကို ထောက်ပံ့ပေးနိုင်သည့် အဓိကအရာ ဖြစ်၏။

ချင်မူမှာ ကောင်းကင်နန်းဆောင် ၃၆ ဆောင်ကို မကျင့်ကြံရသေးသော်လည်း ကောင်းကင်နန်းဆောင် ၃၃ ဆောင်က ပေါ့သေးသေး မဟုတ်ပေ။ သို့သော် ကောင်းကင်နန်းဆောင် ၃၃ ဆောင်နှင့် ပလ္လင်ခန်းမ ၇၂ ခုဖြင့် ဖွဲ့တည်ထားသော မဟာကောင်းကင်နတ်ဘုံသည် တာအိုရရှိပြီးသားပုဂ္ဂိုလ်များကိုတော့ မယှဥ်နိုင်သေးချေ။

ထို့ကြောင့် ချင်မူ ဤမျှများပြားသော မှော်စွမ်းအင်ကို ပိုင်ဆိုင်နိုင်ရန် ထောက်ပံ့ပေးထားသည်မှာ ဖရိုဖရဲခန်းမ ဖြစ်သည်ဟု ထိုက်ချူ သံသယဝင်လာမိသည်။

သို့သော် ချင်မူ၏ ဖရိုဖရဲခန်းမက အခွံသက်သက်သာ ဖြစ်နေကြောင်းကိုတော့ သူ လုံးဝ မတွေးမိပါချေ။ ၎င်းတွင် မည်သည့်တံခါးမှ မရှိနေသောကြောင့် ဝင်ရောက်၍ မရနိုင်ချေ။

ချင်မူမှာ ယခုတွင် ဖရိုဖရဲအဆင့်ဟု ခေါ်နိုင်သော နတ်ကောင်းကင်ခန်းမအဆင့်နှင့် ညီမျှနေပြီဖြစ်၏။ သို့သော် သူ၏ကျင့်စဉ်စနစ်ကတော့ အခြားသူများနှင့် ကွဲပြားလေသည်။

သူသည် ထိုက်ချူထက် အဆင့် အနည်းငယ်မြင့်မားနေ၏။

ထိုက်ချူ၏ ပင်မခန္ဓာကိုယ်မှာ မူလရိုးရာကျင့်စဉ်စနစ်ဖြစ်သည့် ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်ရတနာကျင့်စဉ်စနစ်ကို ကျင့်ကြံထားဆဲဖြစ်ပြီး ချင်မူ့အဆင့်ကတော့ ၎င်းရိုးရာအဆင့်ထက် မြင့်မားသည့် အဆင့်တစ်ဆင့်ဖြစ်သည်။

ဘိုးဘေးနန်းတော်ထဲတွင် မူလရိုးရာကျင့်စဉ်စနစ်၌ မရှိသော ကောင်းကင်မုခ်၀အဆင့်၊ ကောင်းကင်ပင်လယ်အဆင့်နှင့် အကျဉ်းထောင်စင်မြင့်အဆင့်တို့ ပါရှိကြ၏။

ချင်မူက ထိုအဆင့်များကို သူ၏ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်နှင့် ပေါင်းစည်းခဲ့သည်။ သို့ဖြစ်၍ သူ၏ ကောင်းကင်နန်းဆောင်တစ်ခုချင်းစီသည် သာမန်ရိုးရာကျင့်စဉ်စနစ်၏ ကောင်းကင်နန်းဆောင်များထက် အဆင့်အနည်းငယ်စီ မြင့်မားလာသည်။

အဆင့်ခွဲခြားမည်ဆိုပါက ချင်မူ၏ ဖရိုဖရဲအဆင့်သည် တာအိုကျင့်စဉ်စနစ် တာအိုပန်းပွင့်စနစ်နှင့် တူသဖြင့် ထိုက်ချူနှင့် တန်းတူ ဖြစ်သည်။

ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်က ချင်မူကား တာအိုမရသေးပေ။

သူသာ တာအိုရသွားပါက ပျက်စီးခြင်းကပ်ဘေးကြီးများစွာကို တွေ့ကြုံဖြတ်သန်းဖူးသော တာအိုသိုင်းပညာရှင်တစ်ယောက်နှင့် ညီမျှပေလိမ့်မည်။

ထိုမျှသာမက ချင်မူသည် သူ၏တာအိုကို အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်၍ အန္တိမဟင်းလင်းပြင်အား ဝန်ပိုစေရန် စီစဉ်မထားပေ။ သူ၏ရည်ရွယ်ချက်က သူ၏မဟာတာအိုကို သူ၏ကိုယ်ပိုင်ကောင်းကင်ရတနာများနှင့် စကြ၀ဠာတွင်သာ တံဆိပ်ခတ်နှိပ်ရန်ဖြစ်သည်။

သူသည် သူ၏ကောင်းကင်ရတနာစကြ၀ဠာထဲရှိ လောကသစ်ပင်ကို တာအိုသစ်ပင်အဖြစ် အသုံးပြု၍ ကိုယ်ပိုင်တာအို တည်ဆောက်ရန် ရည်ရွယ်ထား၏။

ဤအကြောင်းပြချက်ကြောင့်လည်း ချင်မူက ဖရိုဖရဲခန်းမထဲသို့ ဝင်ရောက်ပြီးပါက ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို တိုက်ခိုက်နိုင်လိမ့်မည်ဟု ရည်ရွယ်ချက် ရှိနေခြင်းပင်။

ထိုက်ချူက တာအိုသစ်ပင်ကို အသက်သွင်းလိုက်ရာ မွေးရာပါမူလချီတာအိုသစ်ကိုင်းများက လေထဲတွင် ကခုန်လျက် ထိုက်ငါးပါးဓားရောင်ကို ခုခံကာကွယ်လိုက်သည်။ သူက လက်ကို မြှောက်၍ တာအိုပန်းပွင့်အောင် ဆွဲယူကာ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံအတွင်း ဝင်ရောက်လာသော ချင်မူ့ကို ကြိုဆိုလိုက်၏။

တာအိုပန်းပွင့်က လှည့်ပတ်သွားပြီး တာအိုကျင့်စဉ်စနစ်၏ ကောင်းကင်ဘုံ ၃၀ ဘုံအား ဖော်ဆောင်သည်။ ထိုက်ချူသည် ခွန်အားကို သုံး၍ တာအိုဖွဲ့တည်ထားသောကြောင့် သူ၏ကိုယ်ပိုင်‌မှော်စွမ်းအင်မှာ တာအိုပန်းပွင့်တစ်ပွင့်အဖြစ် အတင်းအကြပ် အသွင်ပြောင်းသွားခဲ့၏။ ၎င်းက တာအိုကျင့်စဉ်စနစ်ဖြင့် ဖော်ဆောင်ထားသော တာအိုပန်းပွင့်တစ်ပွင့် မဟုတ်သော်လည်း စွမ်းအားကတော့ ပေါ့သေးသေး မဟုတ်ပေ။ သူ၏ခွန်အားအပြည့်အဝ ကိန်းအောင်းနေသည်ဟု ပြောနိုင်သည်။

ကပ်ဘေးဓား ပန်း၀တ်မှုံတိုင်ထဲသို့ စိုက်ဝင်သွားသည့်အချိန်တွင် ချင်မူမှာ ပင်ပန်းနွမ်းလျနေချေပြီ။ ထိုက်ချူ၏ တာအိုပန်းပွင့်က လှည့်ပတ်ပြီး တာအိုကျင့်စဉ်စနစ်၏ ‌မှော်စွမ်းအင် ပေါက်ကွဲထွက်လာသည်။ ၎င်း ချင်မူ့ကို လွှမ်းခြုံသွားတော့မည့်အချိန်တွင် ချင်မူက ရုတ်တရက် ဟိန်းဟောက်လိုက်ရာ တာအိုကျင့်စဉ်စနစ်၏ ကောင်းကင်ဘုံ ၃၂ ဘုံက ချင်မူ၏ လက်ဖဝါးတစ်ဖက်တွင် စုဝေးသွား၍ ဓားရိုးအား ပြင်းထန်စွာ ထိုးသွင်းရိုက်ထည့်လိုက်သည်။

ရွှပ်….

ဓားရောင်တစ်ချက်က တာအိုပန်းပွင့်ကို ဖောက်ထွက်သွားပြီး ထိုက်ချူ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးစိုက်သွားသည်။ ချင်မူ့မူလဝိညာဉ်သည် အားမာန်အပြည့်ဖြင့်် ဟစ်ကြွေးလျက် လက်နှစ်ဖက်ကို ယှက်၍ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်အား ဆင့််ခေါ်ကာ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးကို ဖွဲ့တည်လိုက်၏။

ကောင်းကင်နန်းဆောင်များက ချင်မူ၏မူလဝိညာဉ်ကို ၀န်းရံလာရင်း တာအိုတစ်သောင်းကောင်းကင်လှည်းဘီးအသွင်ဖြင့် သူ၏ ကောင်းကင်နတ်သိုင်းများကို ထောက်ပံ့ပေးထားသည်။

ချင်မူသည် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ကျင့်စဉ်ကို နှံ့နှံ့စပ်စပ် သိမြင်နားလည်ထားပြီး ဖြစ်ကာ ဤတိုက်ကွက်၌ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အရှိန်အဝါများပင် ပါရှိနေသယောင်ပင်။

ဝုန်း… ဝုန်း…. ဝုန်း

တာအိုတစ်သောင်း ကောင်းကင်လှည်းဘီး တစ်လွှာပြီးတစ်လွှာက ပြန့်ကားထွက်လာပြီး ထိုက်ချူ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးသွင်းလျက် ကပ်ဘေးဓားအား ထိုက်ချူ၏ ဦးနှောက်ထဲသို့ ထိုးဖောက်သည်အထိ ဖြည်းဖြည်းချင်း စိုက်ဝင်နေစေ၏။

ထိုက်ချူမှာ အနောက်သို့ ယိုင်သွားပြီး သူ၏နောက်ကြောက တာအိုသစ်ပင်ကို မှီထားရသည်။ ချင်မူက လက်မြှောက်၍ လက်ညှိုးထိုးလိုက်သည့်အခါ ကမ္ဘာဦးဖရိုဖရဲသင်္ကေတများသည် သူ၏လက်ချောင်းထိပ်တွင် စုစည်းသွားပြီး ကမ္ဘာဦးဖရိုဖရဲလက်ချောင်းအဖြစ် ပြောင်းလဲသွား၏။

သူ၏လက်ချောင်းက ဓားရိုးကို ညွှန်ပြလိုက်ပြီး ဓားရိုးပတ်ပတ်လည်တွင် တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးများက လည်နေကြသည်။

ဒုတ်...

ခပ်သဲ့သဲ့အသံနှင့်အတူ ကပ်ဘေးဓားသည် ထိုက်ချူ၏ နောက်စေ့မှ ဖောက်ထွက်ကာ သူ့ခန္ဓာကိုယ်အား တာအိုသစ်ပင်ထဲသို့ ထိုးချိတ်လိုက်ချေပြီ။

“တကယ်ကို စွမ်းအားကြီးတာပဲ…. ငါသာ ဘိုးဘေးနန်းတော်ကို မရောက်ဖူးခဲ့ရင် မင်းကို ပြိုင်နိုင်မှာမဟုတ်ဘူး”

ထိုက်ချူက တခဏ ရုန်းကန်လိုက်သော်လည်း တာအိုသစ်ပင်ဆီမှ ရုန်းမထွက်နိုင်ပေ။ သူက ပြုံးလျက် ချီးကျူးနေသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက သခင်လေးခုနစ် ဖြစ်လာဖို့ တကယ်ကို အရည်အချင်းရှိပါတယ်…. သခင်လေးသုံး မင်းကို စိုးရိမ်နေတာ အံ့သြစရာ မရှိဘူးပဲ”

ချင်မူ့သူငယ်အိမ်များ ကျုံ့၀င်သွားပြီး သူက ကပ်ဘေးဓားကို ဆင့်ခေါ်သည်။ ကပ်ဘေးဓားသည် ထိုက်ချူ၏မျက်ခုံးနှစ်ဖက်ကြားမှ ပြန်လည် ပြေးထွက်လာ၏။

ထိုက်ချူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ တာအိုသံများ ဆူညံလာပြီး ပလ္လင်ခန်းမများစွာ ပျံထွက်လာကာ ချင်မူ့အား ဝန်းရံလိုက်သည်။

ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်၏ ပလ္လင်ခန်းမ ၂၄ ခုက ချင်မူ့ကို ဝိုင်းထားချေပြီ။

ခန်းမများထဲမှ အလွန်တရာ ကြီးမြတ်သော ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ ထိုက်ချူက သူ၏ လက်ကောက်ဝတ်ကို လှီးဖြတ်လိုက်ရာ ထိုက်ချူရှေးဟောင်းနတ်ဘုရားလမ်းစဉ် ထွက်ပေါ်လာပြီး အရိပ်များအပေါ် ကျရောက်သွား၏။

အရိပ်များ၌ အသွေးနှင့်အသားတို့ တယွယွ ဖြစ်တည်လာကြပြီး ရုပ်ခန္ဓာများ ပိုင်ဆိုင်သွားကြချေပြီ။

“သခင်လေးခုနစ်”

အမျိုးသမီးတစ်ဦးက ဖြည်းဖြည်းချင်း ခေါင်းမော့လာပြီး ချင်မူ့အား နှုတ်ဆက်သည်။ “ပြန်တွေ့ပြန်ပြီနော်”

ချင်မူက ပြေးဝင်လာနေသော ကပ်ဘေးဓားကို လက်မြှောက်၍ ဖမ်းကိုင်လိုက်၏။ ဓားရိုးကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်၍ ပတ်ဝန်းကျင်အား ဝေ့ကြည့်ကာ ပြုံးလျက်ပြောသည်။ “ခင်ဗျားတို့အားလုံးက ကျုပ် တာအိုရမှာကို တားဖို့ ရောက်လာပြန်ကြတာလား… ဒီတစ်ခါတော့ တော်ကြသားပဲ… ထိုက်ချူရဲ့ သွေးကို သုံးပြီး ရုပ်ခန္ဓာတွေ ဖွဲ့တည်လိုက်ကြပြီ…. ခင်ဗျားတို့ရဲ့ စွမ်းရည်တွေက အရင်ကထက် နည်းနည်းပိုသန်မာလာတာပဲ”

All Chapters